← Chapters

ပြင်းထန်သည့် ကြော်ငြာ

Vol. 57 Ch. 854

ပြင်းထန်သည့် ကြော်ငြာ

Vol. 57 Ch. 854

“ချီလီကို သောက်ပါ.. ချန်ပီယံတစ်ယောက်လို ကိုယ်ခံစားအားတွေ မြှင့်တင်လိုက်ပါ.. ဟွန်ကွမ်း ချီလီ အားကစား သမားများအတွက် သီးသန့် ထုတ်လုပ်ထားသည်..”

“ကျန်းလီပေါင်က သင့်စွမ်းအားတွေ တိုးစေပါမယ်..”

“လန်းဆန်းစေတဲ့ ချန်ပီယံတွေရဲ့ ရွေးချယ်စရာ..”

“လီဟဟ လက်ဖက်ရည်သောက်.. ရေငတ်တာတွေပျောက်..”

“ကျန်းလီပေါင်ရဲ့ လက်ဖက်ရည်နဲ့ အံ့ဩစရာတွေ အတူဖန်တီးကြရအောင်..”

************

တရုတ် အဖျော်ယမကာများအတွက် ကြော်ငြာများသည် ရုပ်သံ၊ သတင်းစာများ၊ ကြော်ငြာဆိုင်ဘုတ်များ စသည်တို့ ဖြင့် ဥရောပ၊ အမေရိကန်၊ အာဖရိက၊ အာရှနှင့် အခြားနိုင်ငံ အများအပြားတွင် ပေါ်လာသည်။

ကြော်ငြာ အရေအတွက်ကြောင့် အဖျော်ယမကာ ကုမ္ပဏီကြီး(၂)ခုပင် အံ့အားသင့်စေခဲ့သည်။

ကြော်ငြာခ မည်မျှ ကုန်ကျမည်နည်း။ တရုတ် အဖျော်ယမကာများသည် ဤကုန်ကျစရိတ် ပြန်လည်ရရှိရန် ပုလင်း/ဗူး မည်မျှ ရောင်းရမည်နည်း။ အာဖရိကတွင်ပင် ကြော်ငြာကြသည်လော။ အာဖရိကတွင် ထိုဖျော်ရည်များ သောက်နိုင်သူ မည်မျှ ရှိမည်နည်း။

ထိုကြော်ငြာ အစီအစဉ်သည် ကန်ဒေါ်လာ သန်း(၁၀၀)ကျော် ကုန်ကျကာ (၁)နှစ် ကြာပေလိမ့်မည်။ လီဟဟ၊ ကျန်းလီပေါင်နှင့် မဟာမိတ်အဖွဲ့မှ အခြားကုမ္ပဏီများသည် လာမည့် (၂)နှစ်အတွင်း နိုင်ငံခြား ဈေးကွက်မှ အမြတ်အစွန်းများ ရနိုင်မည် မဟုတ်ချေ။

ကျန်းလီပေါင်၏ အခြေအနေသည် အမေရိကန်နှင့် အရှေ့တောင်အာရှတွင် အမှတ်တံဆိပ် သိမြင်မှု အချို့ကြောင့် အနည်းငယ် ပိုကောင်းပေသည်။ လီဟဟမှာမူ ပြည်ပဈေးကွက်သို့ အသစ်ဝင်လာသူ ဖြစ်သည်။ ဖုန်းယွီသည် လီဟဟ၏ ထုတ်ကုန်များကို ကုန်တိုက်များတွင် အောင်မြင်စွာ နေရာယူနိုင်သော်လည်း ယခုအချိန်ထိ အရှုံးပေါ်နေဆဲ ဖြစ်သည်။

ယခု အချိန်တွင် ဤကုမ္ပဏီ(၂)ခု၏ အမြတ်ငွေသည် ကန်ဒေါ်လာ (၁)သန်းထက်မပိုချေ။ ဈေးကွက်ရှာဖွေရေး၌ အသုံးစရိတ်သည် အမြတ်ငွေထက် ပိုပေသည်။ ဟွေ့ယွီ၊ လီပရှစ်၊ အုန်းပင် စသည်ြဖင့် အားလုံးမှာ အနီရောင်အဆင့် ဖြစ်ပေသည်။

သို့ရာတွင် တရုတ်အဖျော်ယမကာများ၏ ရောင်းအား မြင့်တက်လာကာ အမှတ်တံဆိပ် အသိအမြင် မြင့်မားလာ မည်ဖြစ်ပြီး သစ္စာရှိဖောက်သည်များ ရှိလာနိုင်သဖြင့် နောက်လာမည့်နှစ်တွင် ပိုကောင်းလာမည်ဟု အားလုံး ယုံကြည်နေကြသည်။

ကုမ္ပဏီများအားလုံး အကောင်းမြင်စိတ်မရှိကြသဖြင့် ပြည်ပမှ အမြတ်ငွေသည် ကန်ဒေါ်လာ သန်း(၂၀)ထက် မပိုနိုင်ဟု ယူဆနေကြသည်။

သို့ရာတွင် ယခုအချိန်တွင် ဖုန်းယွီသည် သူ့ကုမ္ပဏီ (၂)ခုအတွက် ကြော်ငြာရန် ဒေါ်လာသန်း(၁၀၀) ရင်းနှီးမြုပ်နှံ ခဲ့ပြီး ကုမ္ပဏီ(၂)ခုစလုံး၏ အကြီးအကဲများ ဤသည်ကို သဘောတူထားကြသည်။

ကုမ္ပဏီ တစ်ခုစီသည် ကန်ဒေါ်လာ သန်း(၅၀)ပေးဆောင်ရမည် ဖြစ်ပြီး၊ ထိုပမာဏမှာ သာမန် ကုမ္ပဏီတစ်ခု အတွက် ကောင်းကင်ကြီးပမာပင်။ ကုမ္ပဏီ(၂)ခုစလုံး၏ ထိပ်တန်း စီမံခန့်ခွဲရေးမှူးများမှာ အပြုံးပန်းဝေနေကြဆဲ ပင်။

ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့ ဝယ်ယူထားသည့် ပုလင်းစက်ရုံးများ စတင်လည်ပတ်ခဲ့ပြီး ယခုအချိန်တွင် လီဟဟနှင့် ကျန်းလီပေါင်တို့အတွက် ထုတ်လုပ်လျှက် ရှိသည်။ ဤစက်ရုံများသည် အခြေခံ အခကြေးငွေနှင့် အမြတ်ရာခိုင်နှုန်း အတိုင်း ကောက်ခံပေသည်။ ဆိုလိုသည်မှာ ထိုကုမ္ပဏီ(၂)ခုသည် အကျိုးအမြတ်မရှိပါက စက်ရုံများမှ အခြေခံ ကုန်ကျစရိတ်များ ပေးဆောင်ရပေလိမ့်မည်။

ဖုန်းယွီနှင့် ဖူကွမ်းကျန့်တို့သည် လူမိုက်များမဟုတ်ဘဲ ဈေးကွက်ကို ခွဲခြမ်းစိတ်ဖြာပြီးနောက် နိုင်ဂျီးရီးယာ အသင်း၏ အံ့ဖွယ်နည်းလမ်းဖြင့် အောင်ပွဲသည် ကြော်ငြာလုံလောက်သရွေ့ ရောင်းအားတိုးမည်ကို တွေ့ရှိခဲ့ကြသည်။

စားသုံးသူများအနြေဖင့် အဖျော်ယမကာ တစ်မျိုးမျိုးကို ကြိုက်သွားသည်နှင့် အခြားအမှတ်တံဆိပ် တစ်ခုခုသို့ ပြောင်းရန် ခဲယဉ်းကြသည်။

ဥပမာအားဖြင့် လူတစ်ယောက်သည် ကိုကာကိုလာ သောက်လေ့ရှိပါက အရသာတူနေသည့်တိုင် ပက်ပ်စီကို သောက်မည် မဟုတ်ချေ။

ယခုအချိန်၌ အရေးအကြီးဆုံးအချက်မှာ စားသုံးသူများအား အခြေခံ ဖောက်သည်တည်ဆောက်နိုင်ရေး ကြိုးစားရန် ဖြစ်သည်။ စားသုံးသူများသည် ၎င်းတို့ထုတ်ကုန်များကို သုံးစွဲပြီးနောက် တရုတ်အဖျော်ယမကာများသည် ဈေးကွက် ဝေစု တိုးမြင့်လာပေလိမ့်မည်။

ကျန်းလီပေါင်နှင့် လီဟဟတို့သည် လက်ရှိ ကမ္ဘာ့ထိပ်တန်း အဖျော်ယမကာ အမှတ်တံဆိပ် (၁၀)ခုတွင် မပါသော်လည်း ဈေးကွက်ရှာဖွေရေး အပြင်းအထန်ပြုလုပ်ပြီး (၁)နှစ်အကြာတွင် ထပ်တန်း(၅)ခုဝင် ဖြစ်လာလောက် ပေမည်။

စားသုံးသူများသည် အဖျော်ယမကာ သုံးစွဲပြီးသည်နှင့် ဆိုင်များတွင် အဖျော်ယမကာ တစ်ပုလင်း ဝယ်ချင်တိုင်း ၎င်းတို့ ရင်းနှီးပြီးသား အမှတ်တံဆိပ်ကိုသာ ကိုင်စွဲကြပေလိမ့်မည်။

ဖုန်းယွီ လိုချင်သည်မှာ ထိုကုမ္ပဏီ(၂)ခု၏ အဖျော်ယမကာ အမှတ်တံဆိပ် သတိပြုမိစေရန်နှင့် ဈေးကွက်ဝေစု ရယူရန်ပင်။ ဈေးကွက်ဝေစု ရပြီးသည်နှင့် ရောင်းအား တိုးလာကာ ရင်းနှီးမြုပ်နှံထားသည်များ ပြန်ရပေလိမ့်မည်။

ကန်ဒေါ်လာ သန်း(၁၀၀)သာ ဖြစ်ပြီး ကုမ္ပဏီ (၂)ခုစလုံး၏ အချိုရည်များသည် ၎င်းတို့၏ ဈေးကွက်ဝေစု (၁)ရာခိုင်နှုန်း တိုးနိုင်လျှင်ပင် နောင်အခါ၌ ကြော်ငြာခများ ပြန်လည်ရရှိမည်သာပင်။

ယခုနှစ် သို့တည်းမဟုတ် နောက်နှစ်တွင် ပြန်ရမည်မှာ အသေအချာဖြစ်သည်။ အမြတ်မှာမူ တတိယ နှစ်မှ ပြန်လည် ရရှိပေလိမ့်မည်။

အဖျော်ယမကာများသည် အဆင့်မြင့် နည်းပညာသုံး ထုတ်ကုန်များ မဟုတ်သော်လည်း ကုမ္ပဏီကြီး(၂)ခုသည် ကမ္ဘာ့ဈေးကွက်ဝေစု (၅၀)ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားသည်။ ဖုန်းယွီသည် သမားရိုးကျ အရောင်းဗျူဟာများ အတိုင်း လုပ်နေပါက ကုမ္ပဏီများ၏ အမှတ်တံဆိပ် သိနိုင်မှုနှင့် အရောင်းမြှင့်တင်ရေးမှာ သူ့အတွက် မဖြစ်နိုင်ချေ။

ယခုမူ လွန်ကဲသည့် နည်းဗျူဟာ တစ်ခု ဖြစ်သော်လည်း အသုံးဝင်ပေသည်။ အမှတ်တံဆိပ်အတွက် သံတမန် ကောင်းများ လိုအပ်သည် ဤနည်းဗျူဟာကို အခြားကုမ္ပဏီများ အသုံးချမည် မဟုတ်ချေ။

ကြော်ငြာတစ်ခု၏ အောင်မြင်မှုသည် ပြောရေးဆိုခွင့်ရှိသူနှင့် အမှတ်တံဆိပ် ဆောင်ပုဒ်ပေါ်တွင် တော်တော်များများ မူတည်ပေသည်။ ကြော်ငြာအရေအတွက် တိုးမြှင့်ခြင်း တစ်ခုတည်းဖြင့် မအောင်မြင်နိုင်ချေ။

************

“မင်းဘာပြောတယ်.. နည်းပြအပါအဝင် နိုင်ဂျီးရီးယား ဘောလုံးအသင်း တစ်သင်းလုံး တရုတ်အဖျော်ယမကာနဲ့ စာချုပ် ချုပ်ထားတာလား.. အားကစားသမား တစ်ချို့ကို ငါတို့ရဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ရွေးဖို့ မင်းတို့ကို ပြောတုန်းက ဘယ်လိုတွေ တွေးနေလိုက်ကြတာလဲ..”

ခရုစ် ဟောက်နေပေသည်။ သူ့ငယ်သားများမှာ အသံတိတ်နေပြီး စိတ်ထဲမှ ငြီးတွားနေကြသည်။ သူကိုယ်တိုင် ထိုအားကစားသမားများကို လိုချင်နေခြင်းဖြစ်ပြီး ချန်ပီယံဖလား ဆုံးရှုံးရလိမ့်မည်ဟု မည်သူမျှော်လင့်ထားသနည်း။

လောင်းကစား ကုမ္ပဏီများသည်ပင် နိုင်ဂျီးရီးယား အနိုင်ရလိမ့်မည်ဟု အမျှော်လင့်ကြချေ။ နိုင်ဂျီးရီးယာအား လောင်းကြေးကြီးကြီး ဖွင့်ခဲ့သဖြင့် ဖလားရသွားသည့်အခါ အများစု ဆုံးရှုံးမှုကြီးကြီး တွေ့လိုက်ရသည်။

ထိုသို့သော ကျွမ်းကျင်သူများပင်လျှင် နိုင်ဂျီးရီးယာ အနိုင်ရလိမ့်မည်ဟု မျှော်လင့်မထားချေ။

“ကျုပ်တို့တွေ အဲ့အားကစားသမားတွေရဲ့ တခြား အောင်မြင်မှုတွေကို အသုံးချပြီး ကြော်ငြာလို့ရပါတယ်.. ဥပမာ ပြောရရင် ယူရို ရလဒ်…….”

“ဒီနှစ်က အိုလံပစ် အားကစားပွဲလေ.. ဘယ်လို ဈေးကွက်ပေါက်ဈေးပဲ ဖြစ်ဖြစ် ပြိုင်ပွဲထဲက အားကစားသမားတွေ ပါပဲ.. ကိုယ်တွေရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို အိုလံပစ် ချန်ပီယံလို့ ကြော်ငြာဖို့ပဲလိုတာလေ.. သူတို့တွေ ကျုပ်တို့ အတွက် ပိုတောင် ထက်မြက်လာအုံးမယ်.. ဘောလုံးသမားတွေကို ခနထားပြီး တခြား အားကစားက ရွှေတံဆိပ် ဆုတွေကို သုံးလို့ရတယ်..”

“မစ္စတာခရုစ်.. နောက်ထပ် ပြောဖို့ တစ်ခုရှိသေးတယ်.. အဲ့တရုတ် အဖျော်ယမကာတွေက အိုလံပစ် အားကစားပွဲ ချန်ပီယံတွေကို သုံးတဲ့ သူတို့ကြော်ငြာတွေ တိုးလာတယ်.. တချို့ ကုန်တိုက်တွေဆို အမှာစာတွေတောင် တိုးလာတယ်တဲ့.. သာမာန် စတိုးဆိုင်တွေမှာလဲ သူတို့ ထုတ်ကုန်တွေ စရောင်းနေပြီ..”

ခရုစ် အံ့ဩသွားသည်။ ကုန်တိုက်များကြောင့် တရုတ်အဖျော်ယမကာ ရောင်းအား မြင့်တက်လာပြီး ၎င်းတို့ ထုတ်ကုန်များ လက်လီဆိုင်များတွင် စတင်ပေါ်လာပါက စားသုံးသူအများစု လက်ခံကြလာကြသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ ထို အဖျော်ယမကာသည် မကြာမီကမှ အနောက်နိုင်ငံ ဈေးကွက်သို့ ဝင်ရောက်လာခြင်းဖြစ်သည်။ လက်လီဆိုင်များ မည်သို့ ဖွင့်နိုင်မည်နည်း။ ကြော်ငြာအစီအစဉ် အပြင်းအထန် ဆောင်ရွက်ခြင်းဖြင့် ကြော်ငြာများ ထိရောက်မှုရှိလျှင်ပင် ရလဒ်များ ဤမျှ မြန်ဆန်စွာ ပေါ်လာမည် မဟုတ်ချေ။

“အရင်ကတည်းက အဲ့လက်လီဆိုင်အသေးစားတွေနဲ့ ဆက်သွယ်ထားပြီး ကံစမ်းမဲလိုမျိုး ဆွဲဆောင်မှုရှိတဲ့ အရောင်းမြှင့်တင်ရေးတွေလဲ ရှိနေတုန်းပဲ.. အခု သူတို့ ကံစမ်းမဲဆုတွေမှာ နိုင်ဂျီးရီးယာ ဘောလုံးအသင်းရဲ့ ပိုစတာတွေ.. လက်မှတ်တွေ အဲ့လိုမျိုး ပါတော့ ဘောလုံးပရိတ်သတ်တွေက အဲ့ဆုတွေ ရအောင် စွတ်ဝယ်ချင် နေကြတော့တာပေါ့..”

“ဒီကောင်တွေ အဲ့လက်လီဆိုင်တွေနဲ့ အဆက်အသွယ်လုပ်တဲ့ကိစ္စ ငါဘာလို့မသိရတာလဲ.. မင်းတို့ လာလုပ် နေကြတာလဲ.. သွား.. သွား.. အခုချက်ချင်း ငါ့ရှေ့က ထွက်သွားစမ်း..”

ခရုစ် ခေတ္တငြိမ်သွားပြီးနောက် ဖုန်းကောက်ကိုင်လိုက်သည်။ သူသည် ကိုကာကိုလာနှင့် ထပ်မံ လက်တွဲရန် လိုနေပုံပင်။

--------**$$^$$**--------

All Chapters