← Chapters

ဧရာမရေဘဝဲကြီး၏ ကျူးကျော်မှု

Vol. 13 Ch. 170

ဧရာမရေဘဝဲကြီး၏ ကျူးကျော်မှု

Vol. 13 Ch. 170

ဖန့်ရန်၏ အရှေ့တွင် ဧရာမသားရဲကြီးတစ်ကောင် ရွေ့လျားနေသည်။ ၎င်းသည် ဧရာမရေဘဝဲကြီးတစ်ကောင် ဖြစ်၏။

သေချာစစ်ဆေးကြည့်ပြီးနောက် ဖန့်ရန်သည် ၎င်းသားရဲက အာကာသလမ်းကြောင်းရှေ့တွင် သူနှင့် တိုက်ခိုက်ခဲ့သော သန္ဓေပြောင်း ရေဘဝဲ ဖြစ်မှန်း သဘောပေါက်သွားသည်။

ဖန့်ရန် သူ၏ အရောင်ပြောင်း ဖုံးကွယ်ခြင်း စွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်သည်။ ထိုအခါ သူသည် ပတ်ဝန်းကျင်ပင်လယ်ရေနှင့် ပေါင်းစပ်သွားပြီး ပုံရိပ်ယောင် ဖြစ်လာ၏။ ထိုနောက် သူသည် ရေဘဝဲကြီး၏ အနောက်ကို ဖြည်းညင်းစွာ လိုက်ပါလာခဲ့သည်။

"ကြည့်ရတာ အရင်ကထက် ပိုကြီးလာပုံပဲ.."

ဖန့်ရန် သူ့ရှေ့မှ ရေဘဝဲကြီးကို အကဲခတ်နေခဲ့သည်။ သူတို့သည် အတော်အတန် ဝေးကွာနေသော်လည်း ၎င်း၏ ပုံပန်းသဏ္ဍာန်ကို အကြမ်းဖျဉ်း မြင်တွေ့နေရဆဲ ဖြစ်သည်။ သူ့အမြင်တွင် ရေဘဝဲကြီးက အမှန်ပင် ပိုကြီးလာခဲ့ခြင်း ဖြစ်၏။

သူသည် ၎င်းနောက် ဆက်လက်လိုက်ပါလာရင်း ရေတိမ်ပိုင်းဒေသသို့ တဖြည်းဖြည်း ချည်နင်းဝင်ရောက်လာခဲ့ကြသည်။ သူတို့သည် ယခုအခါ မီတာ (၁၀၀) ခန့် အနက်တွင် ရှိနေခဲ့ခြင်း ဖြစ်၏။

ဖန့်ရန်သည် ပင်လယ်အနက်ပိုင်းထဲက ဆက်လက် ကူးခတ်နေဆဲဖြစ်သော်လည်း သန္ဓေပြောင်း ရေဘဝဲကြီးသည် ရေမျက်နှာပြင်အနီးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

"အခုမှ စဉ်းစားကြည့်မိတယ်။ ငါအခု ဘယ်နေရာ ရောက်နေတာလဲ.."

ဖန့်ရန်သည် ခဏတာမျှ တွေးတောလိုက်ပြီး သူသည် ပစိဖိတ်သမုဒ္ဒရာ မြောက်ပိုင်းတွင် ရှိနေခြင်း ဖြစ်ရမည်ဟု ခန့်မှန်းလိုက်၏။ သို့သော် သူ၏ တိကျသော တည်နေရာကိုမူ သူမသိပေ။

"ဟွာရှလား... ဂျပန်နိုင်ငံလား ဒါမှမဟုတ် တခြားနေရာတစ်ခုခုလား"

ဖန့်ရန်သည် သူ၏ စိတ်ထဲတွင် နိုင်ငံအမည်များ တစ်ခုပြီးတစ်ခုကို တွေးနေမိ၏။ တစ်ချိန်တည်းတွင် သူ့အနေဖြင့် လူသားများကို မြင်တွေ့ရအုံးမည်လား ဆိုသည်ကို တွေးတောမိခဲ့ပေသည်။

သူသည် ဧရာမရေဘဝဲကြီးကို တိတ်ဆိတ်စွာ ကြည့်ရင်း ၎င်းအား မည်သို့သတ်ပစ်ရမည်ကို စဉ်းစားနေခဲ့သည်။ စနစ်၏ အသိပေးချက်အရ ၎င်းဧရာမရေဘဝဲကြီးသည် ယခင်က စနစ်အမှတ် (၂၀၀၀၀၀) သာ တန်ခဲ့သော်လည်း ယခုတော့ စနစ်အမှတ် (၃၀၀၀၀၀) အထိ တိုးလာခဲ့၏။ စနစ်အမှတ် တန်ဖိုးမြင့်လာခြင်းသည် ၎င်းရေဘဝဲကြီးက ပိုမိုအားကောင်းလာသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလား။

"အင်း... မိုးကြိုးဒိုမိန် (နယ်မြေ) ကို အသုံးပြုသင့်လားပဲ.."

ဖန့်ရန် ခဏမျှ တုံ့ဆိုင်းနေခဲ့၏။

သို့သော် ဧရာမရေဘဝဲကြီးသည် ရင်ဆိုင်ရ ခက်ခဲသော သားရဲဖြစ်ခြင်းကြောင့် ၎င်းအား တိုက်ခိုက်ရန် ထိုနည်းလမ်းကိုသာ ဖန့်ရန် နောက်ဆုံးမှာ ရွေးချယ်လိုက်သည်။

သို့သော် ဖန့်ရန်သည် သူ့အား တုံ့ဆိုင်းစေသည့် အရာတစ်ခုကို မြင်လိုက်ရသည်။ ထိုကြောင့် သူသည် ရေဘဝဲကြီးနောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့ပြီး တိုက်ခိုက်နိုင်မည့် အခွင့်အရေးကို စောင့်ကြည့်နေခဲ့သည်။

...

"ဒီး"

"ဒီး"

"ဒီး"

"အရေးပေါ် သတိပေးချက်!!"

"ဒုန်းချန်ဆိပ်ကမ်းရဲ့ တောင်ဘက် ၃၀ ကီလိုမီတာခန့် အကွာတွင် သံသယဖြစ်ဖွယ် ရင်းမြစ်တစ်ခုကို ယခုပင် တွေ့ရှိခဲ့သည်။ ရေဒါ၏ ထောက်လှမ်းချက်အရ ၎င်းသည် ပင်လယ်ဘုရင်ဖြစ်သော ခရာကန် (Kraken) ဖြစ်သည်"

လမ်းမတစ်ခုထက်၌ အရေးပေါ် အချက်ပေးသံများ မြည်လာခဲ့၏။ သို့သော် လမ်းမထက်၌ လမ်းလျှောက်နေကြသော လူအုပ်သည် ထိတ်လန့်ခြင်း မရှိဘဲ စနစ်တကျ ခိုလှုံရာနေရာသို့ လျှောက်လှမ်းသွားကြ၏။

လူအုပ်ထဲတွင် ရှောင်လန် (ရှောင်ယီ) ရှိနေခဲ့ပြီး သူမသည် လူအုပ်နောက် လိုက်ပါလာရင်း စိတ်လှုပ်ရှားနေခဲ့၏။ ဘွဲ့ရရှိပြီးနောက် သူမသည် ဒုန်းချန်မြို့သို့ အလုပ်လုပ်ရန်အတွက် စေလွှတ်ခြင်း ခံခဲ့ရသည်။ သို့သော် ကံမကောင်းစွာဖြင့် သူမသည် သားရဲများ ပေါ်ပေါက်လာချိန်နှင့် တိုက်ဆိုင်နေခဲ့၏။

အချို့သူများသည် သူမ ကံမကောင်းကြောင်း ပြောဆိုကြ၏။ သို့သော် သူမသည် အထက်အမိန့်အား မငြင်းဆန်ဘဲ ဤမြို့သို့ အလုပ်လုပ်ရန်အတွက် လာခဲ့သည်။

သိပ်မကြာမီ သူမ မြေအောက်စခန်းသို့ ရောက်လာခဲ့၏။ အလုံပိတ် ဤနေရာနှင့် လူအုပ်ကြီးသည် သူမအား လုံခြုံမှု ခံစားရစေသည်။

သူမ သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး မျက်နှာကျက်တွင် ချိတ်ဆွဲထားသော ဖန်သားပြင်ကို ကြည့်လိုက်သည်။ ဖန်သားပြင်သည် လက်ရှိအပြင်ဘက်မြင်ကွင်းကို ပြသနေသည်။

မြေပုံတစ်ခုကို ပြသနေသော နောက်ထပ် ဖန်သားပြင်တစ်ခုလည်း ရှိ၏။ ထိုမြေပုံပေါ်တွင် အနီရောင်အစက်လေးတစ်ခု ရှိနေသည်။ ရှောင်လန်နှင့် စခန်းရှိ လူအုပ်ကြီးရဲ့ အာရုံစိုက်မှုအောက်တွင် အနီရောင်အစက်လေးက ဖြည်းညှင်းစွာ ရွေ့လျားနေသည်။

"ဧရာမရေဘဝဲကြီး ရောက်လာပြန်ပြီ။ သူ့မှာ ဘာမှလုပ်စရာမရှိဘူးလား မသိဘူး။ ခဏခဏ ငါတို့ကို လာလာနှောင့်ယှက်တာ စိတ်ပျက်စရာပဲ..."

"မင်းပြောတာ မှန်တယ်။ အစိုးရက ဒီသားရဲကို ဘယ်တော့များမှ သတ်နိုင်မှာလည်း မသိဘူး။ ဒီသားရဲသာ ရှေးဟောင်း သားရဲတွေကို စုပြီး မြို့ကို တိုက်ခိုက်တာဆို အသစ်တည်ဆောက်ထားတဲ့ ဆိပ်ကမ်းလည်း ထပ်ဖျက်ဆီးခံရဦးမယ် ထင်တယ်..."

ရှောင်လန် ပတ်ဝန်းကျင်မှ စကားပြောဆိုသံများကို နားထောင်ရင်း ခေါင်းငုံ့နေခဲ့သည်။

ခရာကန် ပထမဆုံး ပေါ်လာခဲ့စဉ်က အရှေ့ဘက်ဆိပ်ကမ်း မြို့တစ်မြို့ကို တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် စူပါမိုဆာဆောရပ်စ်နှင့် သန္ဓေပြောင်း ညံ့ တို့၏ တိုက်ခိုက်မှုတို့ကြောင့် အစိုးရသည် ကြိုတင်ပြင်ဆင်ထားခဲ့၏။ ထိုကြောင့် ခရာကန် မြို့ကို တိုက်ခိုက်လာပြီး မကြာခင်မှာပင် စစ်တပ်က ၎င်းအား အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့သည်။

ထိုအချိန်မှစ၍ ၎င်းသားရဲသည် သူတို့နိုင်ငံရှိ ကမ်းရိုးတန်းမြို့များကို လှည့်ပတ်သွားလာနေခဲ့သည်။ ၎င်းသည် တစ်ခါတစ်ရံ ဆိပ်ကမ်းများကို တိုက်ခိုက်တတ်ပြီး တစ်ခါတစ်ရံ ဖြတ်သွားဖြတ်လာ သင်္ဘောများကို တိုက်ခိုက်တတ်၏။

လွန်ခဲ့သော သုံးလအကြာ ၎င်းသားရဲ ပထမဆုံးအကြိမ် တိုက်ခိုက်လာချိန်တွင် ထိခိုက်မှုအနည်းဆုံးဖြင့် ဒုန်းချန်ကို ကာကွယ်နိုင်ခဲ့သည်။ သို့သော် လွန်ခဲ့သော လဝက်အကြာက ၎င်းသည် ဒုန်းချန်ကို ဒုတိယအကြိမ် ထက်မံတိုက်ခိုက်လာခဲ့။

ထိုတစ်ကြိမ်တွင် ၎င်းသားရဲက ရှေးဟောင်း သားရဲများစွာကို ဦးဆောင်လာခဲ့ပြီး ဆိပ်ကမ်းကို ဖျက်ဆီးခဲ့ကာ သေဆုံးမှုများအပြင် ထိခိုက်ဒဏ်ရာရရှိသူများစွာကို ဖြစ်ပေါ်စေခဲ့သည်။

လွန်ခဲ့သော တစ်နှစ်အကြာက ရုတ်တရက် သန္ဓေပြောင်း သားရဲများနှင့် ရှေးဟောင်း သားရဲများ ပေါ်ပေါက်လာခဲ့ပြီး လူသားများအား မထင်မှတ်ထားသော ဘေးအန္တရာယ်များ ဖြစ်ပွားစေခဲ့သည်။

၎င်းကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လုပ်ငန်းများတွင် ကြီးမားသော ဆုံးရှုံးမှုနှင့် အသေအပျောက် သောင်းနှင့်ချီ ရှိခဲ့ပြီး မိသားစုများစွာ ပြိုကွဲခဲ့ရသည်။

သို့သော် ၎င်းတို့ပေါ်ပေါက်လာခြင်းသည် ဘေးအန္တရာယ်များသာ ယူဆောင်လာခြင်း မဟုတ်ပေ။ လူအချို့သည် ၎င်းသားရဲများ၏ အသား၊ အသွေးသည် လူ့ခန္ဓာကိုယ်ကို အားကောင်းစေနိုင်တယ်ဆိုတာ တွေ့ရှိခဲ့သည်။ ထို့အပြင် ၎င်းသားရဲများ၏ အရိုးကို အလွန်ကောင်းမွန်သော မြေသြဇာအဖြစ် အသုံးပြုနိုင်ပြီး၊ သီးနှံများ၏ ကြီးထွားမှုကို များစွာ မြှင့်တင်ပေးနိုင်မှန်း သိခဲ့ကြသည်။

ဟွာရှသည် ၎င်းအား အရေးတကြီးသတ်မှတ်ကာ လေ့လာခဲ့သည်။ သန္ဓေပြောင်း သားရဲများ၏ အရိုးကို ကြိတ်ခြေပြီး အခြားပါဝင်ပစ္စည်းအချို့ ထည့်သွင်းကာ လယ်ယာမြေများအပေါ် အာဟာရဖြည့်စွတ်ရန် အသုံးပြုနိုင်သည်။ အရိုးမှုန့် အနည်းငယ်မျှဖြင့် လယ်ယာမြေအများအပြားကို ရေသွင်းကာ စိုက်ပျိုးနိုင်သည်။

အကယ်၍ ယင်းရှာဖွေမှုကြောင့်သာ မဟုတ်လျှင် ဟွာရှသည် စားနပ်ရိက္ခာ ပြတ်လတ်ပြီး အကျပ်အတည်းတစ်ခုသို့ ေကျရောက်သွားနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စားသောက်ကုန် အများစုကို ပြည်ပမှ တင်သွင်းခြင်းဖြစ်ပြီး လက်ရှိ ပင်လယ်ရေကြောင်း ကုန်သွယ်ရေး အခြေအနေကြောင့် ဒုက္ခရောက်သွားနိုင်၏။

ထို့အပြင် သန္ဓေပြောင်း သားရဲများသည် ဆေးပညာ ဖွံ့ဖြိုးမှုကို မြန်ဆန်စေခဲ့သည်။ များမကြာမီက သန္ဓေပြောင်း သားရဲများ၏ ခန္ဓာကိုယ်အတွင်းရှိ အချို့သော အင်္ဂါအစိတ်အပိုင်းများသည် အမျိုးမျိုးသော ထိခိုက်ဒဏ်ရာများနှင့် ရောဂါများကို ကုသနိုင်သည့် အာနိသင်ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

"ကြည့်စမ်း! အဲ့တာ ငါတို့ ရေတပ်ပဲ..."

ရှောင်လန် ကြမ်းပြင်အား ငေးကြည့်နေစဉ် ရုတ်တရက် အာမေဋိတ်သံတစ်ခုပေါ်လာပြီး သူမကို နိုးထစေခဲ့သည်။ ရှောင်လန်သည် ဖန်သားပြင်ပေါ်က ရေတပ်အား လျင်မြန်စွာ ကြည့်လိုက်သည်။

၎င်းသည် ရဟတ်ယာဉ်ဖြင့် ထုတ်လွှင့်နေသောကြောင့် ရေတပ်အား အပေါ်စီးမှ မြင်နေရသည်။

ရေတပ်တွင် စစ်သင်္ဘောသုံးစီး ပါဝင်ပြီး မြှားပုံသဏ္ဍာန်ဖြင့် ရွေ့လျားနေသည်။ ရှေ့ဆုံးမှ တစ်စီးသည် အကြီးဆုံးနှင့် အထင်ရှားဆုံး ဖြစ်သည်။

ကင်မရာသည် ရုတ်တရက် ချဲ့သွားပြီး စစ်သင်္ဘောပေါ်က မြင်ကွင်းအား အနီးကပ်ပြသလိုက်သည်။ ကုန်းပတ်ပေါ်တွင် ရှိနေသော လူများအား သူတို့ အနီးကပ် မြင်နေရသည်။

ကုန်းပတ်ပေါ်တွင် လူဆယ်ယောက်မက ရှိနေပြီး မီးခိုးရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့သည် လက်ထဲတွင် ဦးထုပ်စီအား ကိုင်ဆောင်ထားပြီး သူတို့အရှေ့မှ သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို ကြည့်နေကြသည်။

ရှောင်လန်၏ အကြည့်သည် ထိုစစ်သားများအပေါ် ဖြတ်သန်းသွားစဥ်တွင် ဆံပင်တိုတိုနှင့် မိန်းမချောတစ်ယောက်အပေါ်မှာ ရပ်တန့်သွားသည်။

"အဲ့တာ ကပ္ပတိန်ကျောက်နန်ပဲ.."

လှပသော ပုံရိပ်အား ကြည့်ရင်း ရှောင်လန် အနည်းငယ် ပျော်ရွင်သွားခဲ့၏။ ဤသည်မှာ သူမ လေးစားရသော စံပြပုဂ္ဂိုလ် (အိုင်ဒေါ့) ပင် ဖြစ်သည်။

သူမသည် ကမ်းခြေစောင့် တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ကာ စစ်တပ်က အရာရှိတစ်ယောက်လည်း ဖြစ်သည်။ ရှောင်လန်သည် သူမ စစ်သင်္ဘောဖြင့် ပတ်ဝန်းကျင်ရေပြင်ကို ကင်းလှည့်နေသည်အား မကြာခဏ မြင်တွေ့ဖူးသည်။

"အဒါ ကပ္ပတိန် ကျောက်နန်ပဲ။ ကမ်းခြေစောင့်တပ်ဖွဲ့ နောက်ဆုံးရိုက်ကူးထားတဲ့ စစ်သားစုဆောင်းရေး ဗီဒီယိုမှာ သူ့ကို ငါမြင်ဖူးတယ်"

"သူမက တကယ်လှတာပဲ။ သူမမှာ ရည်းစားရှိလား မသိဘူး"

"လွန်ခဲ့တဲ့ လဝက် ခရာကန်ရောက်လာတုန်းကဆို သူပဲ စစ်သင်္ဘောတစ်စီးကို ဦးစီးပြီး တိုက်ခိုက်ခဲ့တာ..."

"ကြည့်လိုက်! သူတို့တွေ တိုက်ခိုက်ဖို့ ပြင်နေကြပြီ..."

နောက်ဆုံးသော စကားအား ကြားလိုက်ချိန်တွင် ရှောင်လန် မျက်လုံးအဝိုင်းသားဖြင့် ဖန်သားပြင်ကို ကြည့်လိုက်သည်။

ဖန်သားပြင်ကြီးပေါ်တွင် သတ်လတ်ပိုင်းအရွယ် အမျိုးသားက လက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ကျောက်နန်နှင့် အခြားသူများသည် လျင်မြန်စွာ လူခွဲသွားပြီး သတ်ဆိုင်ရာ နေရာသို့ သွားလိုက်ကြသည်။

ရှောင်လန်သည် ကျောက်နန်နှင့် အမျိုးသားတစ်ယောက် (၀၁) တံဆိပ်ကပ်ထားသော ရဟတ်ယာဉ်သို့ ပြေးသွားသည်ကို ကြည့်နေခဲ့၏။

ရဟတ်ယာဉ်ပေါ်သို့ တတ်ရောက်ပြီးနောက် ဒလက်များ လှည့်လာပြီး ရဟတ်ယာဉ်သည် ကောင်းကင်သို့ ပျံတက်သွား၏။

ရဟတ်ယာဉ်သုံးစီး အသီးသီး ကောင်းကင်ပေါ်သို့ တက်လာပြီးနောက် ရဟတ်ယာဉ်အစီးတိုင်းဟာ စစ်သင်္ဘောတစ်စီးစီ၏ အပေါ်တွင် ကင်းလှည့်နေသည်။

ဤသို့ဖြင့် စက္ကန့်များစွာ ကုန်လွန်သွားခဲ့ပြီး ငါးမိနစ်ကျော်လာခဲ့၏။

ဤအချိန်တွင် ရုတ်တရက် ရေမျက်နှာပြင်တွင် ကြီးမားသော အမည်းရောင်အရိပ်တစ်ခု ပေါ်လာခဲ့၏။ မြေအောက်စခန်းထဲက စောင့်ကြည့်နေကြသော လူအုပ်ဟာ ထိုအရိပ်ကို မြင်ပြီးနောက် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

ခရာကန် ပေါ်လာခဲ့ပြီ ဖြစ်၏။

.....

All Chapters