← Chapters

ဥရောပ ယူနီယံ (EU) ၏ ပါတီ

Vol. 6 Ch. 564

ဥရောပ ယူနီယံ (EU) ၏ ပါတီ

Vol. 6 Ch. 564

"ဟမ့် ..."

ချန်းဖန်တို့ ပျောက်ကွယ်သွားပြီ ဖြစ်သော်လည်း ရစ်ချက်ကား ဒေါသ ထွက်နေတုန်း ဖြစ်သည်။ သူသည် မိသားစု နာမည်ကို သုံး၍ ချန်းဖန်တို့ အရှေ့၌ မော်ကြွားချင် ခဲ့သော်လည်း ချန်းဖန်တို့ကား သူ့ကို တစ်စက်ပင် အရေးမလုပ်ခဲ့ချေ။

"လင်ဒါ ... သူ့ကို ဂရုမစိုက်နဲ့တော့ ... EU ရဲ့ လူကြီး တစ်ယောက်က ပါတီပွဲတစ်ခု ကျင်းပဖို့ ကြေညာထားတယ် ... အဲဒီ ပါတီပွဲကို ကျော်ကြားတဲ့ ဒါရိုက်တာတွေ သရုပ်ဆောင်တွေ တက်ရောက်မယ် ကြားတယ် ... ကိုယ့်မှာ အဲဒီ ပါတီပွဲ အတွက် လက်မှတ်တွေ လက်ဆောင် ရထားတာ ရှိတယ် ... အဲဒါ လင်ဒါ ကိုယ်နဲ့ လိုက်ဖို့ ဆန္ဒရှိလား ..."

ရစ်ချက်က နူးညံ့စွာ မေးလိုက်သည်။

သူ၏ အကြည့်များကမူ လီရှင်းရု၏ သေးသိမ်သော ခါးပေါ်သို့ တစ်ချက်ချက် ဝေ့ဝဲ နေခဲ့၏။ လီရှင်းရုကား သူတွေ့ဖူးသမျှ မိန်းကလေးများထဲ၌ ဆွဲဆောင်မှု အရှိဆုံး တစ်ယောက် ဖြစ်သည်။

"ဥရောပ အထက်တန်း ပါတီ တက်ခွင့်က သူ့ထက် အသာရဖို့ အခွင့်အရေး တစ်ခုပဲ ..."

ဖိတ်ခေါ်မှုအား ကြားသည်နှင့် လီရှင်းရု၏ မျက်လုံးများက တောက်ပ လာသည်။

သူမသည် တရုတ်တွင် နာမည်ကျော် ရုပ်ရှင် စတား တစ်ယောက် ဖြစ်သော်လည်း ကမ္ဘာနှင့် ယှဉ်လျှင်မူ သူမက သာမန်လူ တစ်ယောက်သာ ဖြစ်သည်။ ပါတီပွဲသည် ကမ္ဘာကျော် ဒါရိုက်တာများ၊ ရုပ်ရှင် စတားများနှင့် ဆက်သွယ်ခွင့် ရရန် သူမ အတွက် အခွင့်အရေး ဖြစ်သည်။

"ဒါပေမဲ့ ..."

လီရှင်းရုက တုန့်ဆိုင်းစွာဖြင့် ချန်းဖန် ထွက်ခွာ သွားရာဘက်သို့ လှည့်ကြည့် လိုက်သည်။

သူမသည် ချန်းဖန်နှင့် လွန်ခဲ့သည့် သုံးနှစ်က တစ်ခါသာ ဆုံခဲ့ဖူးသည်။ သို့သော်လည်း ချန်းဖန်၏ အာဏာနှင့် စွမ်းအားကို ယနေ့အထိ သူမ မေ့မရခဲ့ချေ။ ထိုနေ့တွင် ချန်းဖန်သည် သခင်လေး နင်းကို သတ်ကာ နင်းယွမ်ဟူကို ဒူးထောက် စေခဲ့သည်။

လီရှင်းရုသည် သုံးနှစ် အတွင်း ချန်းဖန်၏ အကြောင်းကို အချိန်ရတိုင်း စုံစမ်းခဲ့ရာ ချန်းဖန်မှာ စစ်တပ်၏ ဗိုလ်ချုပ် တစ်ယောက် ဖြစ်ကြောင်း သိလာခဲ့သည်။ အကယ်၍ ချန်းဖန်၏ ကာကွယ်မှုသာ ရရှိပါက သူမ၏ အနာဂတ်မှာ စိတ်ပူစရာ မရှိတော့ချေ။

သို့သော်လည်း အခြား တစ်ဖက်၌ ရစ်ချက်၏ ဖိတ်ခေါ်မှုက သူမ တစ်သက်တွင် တစ်ခါသာ ရသည့် အခွင့်အရေး ဖြစ်သည်။ ထို့အပြင် တေမွန် မိသားစုသည် ဖျော်ဖြေရေး နယ်ပယ်၌ အလွန်အမင်း လွှမ်းမိုးမှု ရှိသည်။

သူမသာ ထိုလူများနှင့် ကောင်းမွန်သော ဆက်ဆံရေး တစ်ခု တည်ဆောက် နိုင်ပါက ကမ္ဘာကျော် စတား တစ်ယောက် ဖြစ်ရန် အခွင့်အရေး ရလာနိုင်သည်။

နောက်ဆုံးတွင် လီရှင်းရုက ခေါင်းကိုသာ ညိတ်ရင်း ပါတီပွဲ တက်ရန် လက်ခံလိုက်၏။

***

ချန်းဖန်နှင့် အိုလက်တို့သည် စားသောက်ဆိုင်မှ ထွက်လာပြီးနောက် EUက လာရောက် ကြိုသော ကားထဲသို့ ဝင်လိုက်၏။

"မစ္စတာချန်း ခင်ဗျာ ... ပါတီပွဲပြီးတာနဲ့ ကျွန်တော်တို့ အကြားမှာရှိတဲ့ နားလည်မှု လွဲတာလေးတွေကို မေ့ပစ်နိုင်ဖို့ မျှော်လင့်ပါတယ် ..."

ကောင်စီလူကြီး ချားလ်က ချန်းဖန်ကို တံခါးဝ၌ ကြိုဆိုသည်။

သူသည် ဩစတြီးယား၏ လက်ထောက် ဝန်ကြီးချုပ်ဟောင်း တစ်ယောက် ဖြစ်သည်။ ယခု အချိန်၌ ချားလ်သည် အလုပ်မှ အငြိမ်းစား ယူခဲ့ပြီ ဖြစ်သော်လည်း ဥရောပ နိုင်ငံရေး စင်မြင့်၌ အရေးပါသော ပုံရိပ် တစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

"နားလည်မှု လွဲတာ ..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။ ထိုအပြုအမူကြောင့် ချားလ်၏ မျက်နှာက အနည်းငယ် ဖြူရော်သွား၏။ သို့သော်လည်း သူက ချက်ချင်းပင် စိတ်ကို စုစည်းရင်း ...

"ကျုပ်တို့ရဲ့ အရာရှိ အချို့ ဒမွန်ကြောင့် ရူးမိုက်တဲ့ အလုပ်တွေကို လုပ်မိတယ် ဆိုတာတော့ ကျုပ်ဝန်ခံပါတယ် ... ဒါပေမဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေကို ခံစားရတာလည်း ကျုပ်တို့ပါပဲ ... ကျုပ်တို့ရဲ့ မြေထဲပင်လယ် ရေတပ် ပျက်စီးရသလို နိုင်ငံခေါင်းဆောင် အချို့လည်း ညဘက်တွေတောင် ကောင်းကောင်း မအိပ်နိုင်တော့ပါဘူး ..."

မြေထဲပင်လယ် ရေတပ် ပျက်စီးမှုသည် ဥရောပ၏ အကြီးမားဆုံး ဂုဏ်သိက္ခာ စွန်းထင်းမှု ဖြစ်သည်။

အစိုးရသည် သတင်းများကို ရနိုင်သလောက် ပိတ်သိမ်းရန် ကြိုးစားခဲ့သည်။ သို့သော်လည်း မြန်မာ သူတော်စင် ဥရောပသို့ ရောက်လာကာ ဥရောပ ယူနီယံ စစ်တပ်ကို တိုက်ခိုက်ခဲ့သည် ဆိုသော ကောလာဟလများက ထိန်းမရ သိမ်းမရ ပြန့်နှံ့နေခဲ့သည်။

မြန်မာနိုင်ငံ၌ ဖြစ်ပွားခဲ့သော မဟာကဝေနှင့် တိုက်ပွဲ အပြီးမှ စ၍ "မြန်မာ သူတော်စင်" ဆိုသော နာမည်သည် ချန်းဖန်၏ ကမ္ဘာကျော် အမှတ်သညာ တစ်ခု ဖြစ်နေခဲ့ပြီ ဖြစ်သည်။

"မင်းတို့လူတွေက ငါ့ကို အကြောင်းပြချက် မရှိပဲ အရင် တိုက်ခိုက်ခဲ့တာလေ ... အဲဒီကိစ္စ အတွက် EU အနေနဲ့ ငါ့ကို အကြောင်းပြချက် ကောင်းကောင်း ပေးမှရမယ် ..."

ချန်းဖန်က မတုန်မလှုပ် ဆိုလိုက်၏။

"ဟုတ်ကဲ့ ... ဖြစ်စေရပါမယ် ..."

ချားလ်က လုပ်ယူထားသော အပြုံးဖြင့် ပြုံးပြရင်း ခေါင်းညိတ် လိုက်သည်။

***

ပါတီပွဲကို WYN နိုင်ငံတကာ စင်တာရှိ တော်ဝင် ခန်းမကြီး၌ ကျင်းပမည် ဖြစ်သည်။

ချားလ်သည် ချန်းဖန်နှင့် အိုလက်တို့ကို ခေါင်းဆောင်၍ ပါတီပွဲ ကျင်းပရာ ခန်းမ အတွင်းသို့ ခေါ်လာခဲ့သည်။

နာတာရှာသည် ခေါင်းကို ချာချာလည် လှည့်ကာ မီးရောင်များဖြင့် ခမ်းနားနေသည့် ခန်းမကြီး တစ်ခုကို ငေးမော နေခဲ့၏။ ထိုနေရာ၌ များစွာသော နာမည်ကျော် ရုပ်ရှင် စတားများစွာကိုပင် သူမ မြင်တွေ့ရသည်။

နာမည်ကျော် သူဌေးကြီးများ၊ ရုပ်ရှင် စတားများမှာ ခေတ်ပေါ် ဘရန်းများကို အပြိုင်အဆိုင် ဝတ်၍ ပါတီခန်းမ အတွင်း၌ စကားစမြည် ပြောနေကြသည်။ ထိုပါတီပွဲကား EU လူကြီး တစ်ယောက်မှ ဦးစီး ကျင်းပခြင်း ဖြစ်ရာ ပါတီပွဲ တက်ရောက်ရခြင်းက သူတို့ အတွက် ဂုဏ်ယူစရာ တစ်ခု ဖြစ်သည်။

"ဆယ်လီတွေ အများကြီး ရောက်နေပါလား ..."

နာတာရှာက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

"မိန်းကလေး စိတ်ဝင်စားရင် သူတို့ အထဲက ဘယ်သူနဲ့မဆို ကျွန်တော် မိတ်ဆက် ပေးနိုင်ပါတယ် ..."

ချားလ်က နွေးထွေးသော အပြုံးဖြင့် နာတာရှာအား ပြောလိုက်သည်။

"ရပါတယ်ရှင် ... ကျေးဇူးပါ ..."

နာတာရှာက ခေါင်းကို ခါရင်း ငြင်းပယ် လိုက်သည်။ သူမ၏ အသက်အရွယ်က အိုင်ဒေါများနှင့် အရူးထရန် မသင့်လျော်တော့ချေ။

တစ်ခဏမျှ အကြာ၌ ချားလ်က ချန်းဖန်တို့ကို စားပွဲ တစ်ခု၌ နေရာချကာ ထွက်သွားသည်။ သူသည် ပါတီ၏ အဓိက လူကြီး ဖြစ်ရာ ကိုယ်ထင် ထွက်ပြရန် လိုသည်။

သူသည် ချန်းဖန်နှင့် အိုလက်တို့ကို သူနှင့် အတူလိုက်ပါရန် ဖိတ်ခေါ် ခဲ့သော်လည်း ချန်းဖန်တို့က ငြင်းပယ်ခဲ့သည်။

"ကျုပ်တော့ ဒီလို ပကာသနတွေ များလွန်းတဲ့ နေရာကို မရောက်တာ ဆယ်စုနှစ်နဲ့ ချီခဲ့ပြီ ထင်တယ် ..."

အိုလက်က စိတ်ပျက်စွာ ခေါင်းခါရင်း ပြောလိုက်သည်။ ချန်းဖန်ကမူ မည်သို့မျှ ပြန်မပြောပဲ ပြုံးရုံသာ ပြုံးနေခဲ့၏။

"ဆရာ ... ခင်ဗျား အမှောင်မြို့စားတို့ တစ်သိုက် အတွက် စိတ်မပူဘူးလား ..."

အိုလက်က စကားလမ်းကြောင်း ပြောင်းကာ မေးလိုက်၏။

"မပူဘူး ..."

ချန်းဖန်က အေးဆေးစွာပင် အဖြေပေးလိုက်သည်။

သူဥရောပတွင် ဆက်လက် နေရသည့် အကြောင်းရင်းမှာ အမှောင် မြို့စားတို့ အဖွဲ့နှင့် ပြဿနာကို အပြီးသတ်ချင်၍ ဖြစ်သည်။ သို့မဟုတ်ပါက အာရှသို့ သူပြန်သွားလောက်ပြီ ဖြစ်သည်။

ချန်းဖန်တို့ သုံးယောက် တန်ဖိုးကြီး ဝိုင်ကိုသာ ဖိ၍ သောက်နေချိန်၌ အံ့အားသင့်စွာ ခေါ်သည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ချန်းဖန်က အသံလာရာသို့ ကြည့်လိုက်ရာ လီရှင်းရုနှင့် တေမွန် မိသားစုမှ ရစ်ချက်တို့ကို တွေ့ရသည်။ ရစ်ချက်မှာ ချန်းဖန်တို့ကို တွေ့သည်နှင့် ချက်ချင်းပင် သုန်မှုန် သွား၏။

သို့သော်လည်း လီရှင်းရုက ပျော်ရွှင် စိတ်လှုပ်ရှားစွာဖြင့် ချန်းဖန်တို့ ရှိရာဆီသို့ အပြေးကလေး လှမ်းလာခဲ့သည်။

"တိုက်ဆိုင်လိုက်တာနော် ..."

လီရှင်းရုက နှုတ်ဆက်ရင်း ချန်းဖန်၏ နံဘေး၌ ဝင်ထိုင် လိုက်သည်။ သူမကား ပါတီပွဲ တစ်လျှောက်လုံး ချန်းဖန်၏ နံဘေးမှ ခွာတော့မည့်ပုံ မရချေ။

"လင်ဒါ ... မင်းဒီနှစ်ရဲ့ အကောင်းဆုံး ဆုရ ဒါရိုက်တာကို တွေ့ချင်လား ... ကိုယ်မိတ်ဆက်ပေးမယ်လေ ..."

ရစ်ချက်က လီရှင်းရုကို ချန်းဖန်တို့ နံဘေးမှ ခွာထုတ်ရန် အကြောင်းပြချက် အမျိုးမျိုးဖြင့် ဆွဲဆောင်သော်လည်း လီရှင်းရုက ငြင်းပယ်ခဲ့သည်။

အကြိမ် အနည်းငယ် အငြင်းခံရပြီးနောက် ရစ်ချက်ကား မျက်နှာ တစ်ခုလုံး နီရဲသည် အထိ ဒေါသထွက်လာခဲ့တော့သည်။

"ခွေးမ ... ဒီပွဲလာဖို့ လက်မှတ် ဘယ်က ရလဲ ဆိုတာ နင်မေ့နေပြီလား ..."

"မစ္စတာ ရစ်ချက် ... မရိုင်းပါနဲ့ရှင် ..."

လီရှင်းရုက အေးစက်သော အကြည့်ဖြင့် ပြန်ပြောလိုက်သည်။

"ဟဟ ... နင့်ကိုနင် ဘာထင်နေတာလဲ ... အိပ်ယာပေါ်လောက်ပဲ အသုံးကျတဲ့ ဟာမကများ ... နင်သာ ပြည့်တန်ဆာ မဟုတ်ရင် ငါ ဖိတ်ခေါ်တုန်းက နင် ဘာလို့ မငြင်းနဲ ..."

ရစ်ချက်က မိန်းကလေးကို လက်ညိုးထိုး၍ ညစ်ပတ် ရိုင်းစိုင်းစွာ ဆိုလိုက်၏။

ထိုစကားများကြောင့် လီရှင်းရု၏ မျက်နှာကား ဖြူရော် နေချေပြီ ဖြစ်သည်။ သူမသည် ရှက်ရွံ့မှုကြောင့် ရစ်ချက်၏ စကားကို ပြန်ချေပရန် ခွန်အား မရှိတော့ချေ။

ရစ်ချက်က လီရှင်းရုကို အတင်းဝင်ဆွဲကာ ခေါ်လိုက်၏။ သူမမှာ ရုန်းကန်ရန် ကြိုးစာသော်လည်း အရာ မထင်ချေ။

သူမသည် တရုတ်၏ နံမည်ကျော် စတား တစ်ယောက် ဖြစ်သော်လည်း ဥရောပတွင်မူ အကူအညီမဲ့နေခဲ့ပြီ ဖြစ်တော့သည်။

မည်သို့မျှ မတတ်နိုင်သည့် အဆုံး၌ လီရှင်းရုက ချန်းဖန်အား အားကိုးတကြီး လှမ်းကြည့်လိုက်သည်။

"တော်လောက်ပြီ ..."

ချန်းဖန် ဝင်မပြောရသေးခင်မှာပင် နာတာရှာက ရစ်ချက်အား တားလိုက်၏။

***

All Chapters