← Chapters

ကျောက်ယွမ်ရှန့် (ကျောက်ယွမ်စီရင်စု)

Vol. 14 Ch. 201

ကျောက်ယွမ်ရှန့် (ကျောက်ယွမ်စီရင်စု)

Vol. 14 Ch. 201

နန်းတွင်းတွင် လှိုင်းထန်နေပြီး ရန်ပွဲများ ပြည့်နှက်နေခဲ့သည်။ အရာအာလုံးက ရုန်းရင်းဆန်ခတ် ဖြစ်နေပြီး ပွင့်လင်းမြင်သာသော ပြိုင်ဆိုင်မှုများနှင့် နောက်ကွယ်မှ ဖိအားများအားလုံးကိုပါ ရင်ဆိုင်နေကြရသည်။ ဧကရာဇ်က ဝမ်မိသားစုမှ သားအဖကို ရင်ဆိုင်ရန် သူ၏အင်အားရှိသမျှကို သုံးကာ အာရုံစိုက်နေရသောကြောင့် ပုန်ကန်သော ဒုက္ခသည်များကို သုတ်သင်ရှင်းလင်းရန် အရေးတကြီး မလုပ်နိုင်‌တော့ပေ။

အမှန်တကယ်တွင် ကပ်ဘေးဒုက္ခသည်တစ်စုက ကောင်းကောင်း စားသောက်ရပြီး နွေးနွေးထွေးထွေး ဝတ်ဆင်ရလျှင် ကျေနပ်နေကြပြီ ဖြစ်သည်။ ဧကရာဇ်က ပါးနပ်သူ ဖြစ်သောကြောင့် ထိုအကြောင်းအရာကို အလျင်အမြန် နားလည်သွားခဲ့ပြီး ကပ်ဘေးကယ်ဆယ်ရေးအတွက် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းစေကာ အန်းမိသားစုကို ဦးဆောင်စေခဲ့သည်။

ကပ်ဘေးဒုက္ခသည်တွေမှာ မြင့်မားတဲ့ တောင်းဆိုမှုတွေ မရှိဘူး။ သူတို့က ငတ်ပြီး မသေသရွေ့ ပုန်ကန်မှာ မဟုတ်ဘူး။

ပြည်သူများ၏စိတ်နှလုံးကို သိမ်းပိုက်နိုင်ရန်အတွက် ဧကရာဇ်မင်းမြတ်က ကပ်ဘေးဒုက္ခသည်များကို သုတ်သင်ရှင်းလင်းရန် အမိန့်အား ပြန်ရုပ်သိမ်းပေးလိုက်သည်။ ထို့ကြောင့် ခရီးလမ်းက တော်တော်လေး အန္တရာယ်ကင်းသွားပြီး ကျိရွှေရှန့်နှင့် သူ့၏အဖွဲ့များတွင် သက်တော်စောင့်အလံနှင့် သက်တော်စောင့်လုပ်ငန်းအတွက် စာရွက်စာတမ်းများလည်း ပါနေသောကြောင့် သူတို့ထံတွင် လက်နက်များ ရှိနေသော်လည်း ချောချောမွေ့မွေ့ ခရီးဆက်နိုင်ခဲ့ကြသည်။

သူတို့ လတစ်ဝက်လောက်ကြာအောင် ခရီးဆက်လာပြီးနောက်တွင် ကိုးလပိုင်း၏အလယ်သို့ ရောက်ရှိလာခဲ့ပြီး မြောက်ဘက်သို့ ရောက်လာလေလေ ပိုအေးလေလေ ဖြစ်လာခဲ့သည်။ စူးချင်းက ထောင်ဟွားဝူမှ အမျိုးသမီးများအား ချည်သားဖိနပ် ပြုလုပ်နိုင်ရန် သင်ကြားပေးခဲ့သည်။ သူမက ချည်ဖိနပ် ပြုလုပ်နိုင်ရန် ချည်အဝတ်ထည်များကို ဆုတ်ဖြဲစေခဲ့သောကြောင့် ထောင်ဟွားဝူမှ လူများ အံသြနေရုံသာမက ချင်ဖုန်းနှင့် အမျိုးသမီးလီတို့ပင် မယုံနိုင်ဖြစ်ခဲ့ရသည်။

စူးချင်းကတော့ ထိုနည်းလမ်းဖြင့် ပိုက်ဆံ ရှာနိုင်မည်ဟုတောင် ပြောခဲ့သေးသည်။

ဘယ်သူကမှ ချည်သားအ၀တ်အစားတွေ၊ ဖိနပ်တွေကို ကိုယ်တိုင် မဝယ်ကြဘူးလေ။ ဘယ်လို ပိုက်ဆံရှာမှာလဲ?

သူတို့ ကျောက်ယွမ်စီရင်စုသို့ ရောက်လာချိန်တွင် သူတို့အဖွဲ့၏ဆန်နှင့် ဆားတို့ ပြတ်လပ်သွားသည်မှာ ရက်အတော်ကြာနေပြီ ဖြစ်သည်။ သူတို့က သူတို့၏ အစားအစာနှင့် အဝတ်အထည်များကို ထိန်းသိမ်းရန်အတွက် ကျိရွှေရှန့်နှင့် အခြားသူများ အမဲလိုက်သည့်အပေါ်တွင်သာ နေ့စဉ်မှီခို အားထားနေရသည်။ မကြာခင် စားနပ်ရိက္ခာ ထပ်မဝယ်နိုင်လျှင် လမ်းတလျှောက်၌ အစာငတ်၍ သေသွားပေလိမ့်မည်။

(T/N :ဒီမှာ အဝတ်တွေကို ထိန်သိမ်းတယ်ဆိုတာက အဝတ်အသစ်တွေ ညစ်ပတ်သွားရင် ဒုက္ခသည်တွေနဲ့ ပြန်တူသွားမှာ စိုးရိမ်လို့ လူတိုင်း တောထဲဝင်ပြီး ရှာဖွေစားသောက်တာမျိုး မလုပ်နိုင်တာထင်တယ်)

မြောက်ဘက်သို့ ရောက်လာလေလေ မြို့များကြားမှ အကွာအဝေးက သိသိသာသာ ကွာဝေးသွားနေဖြစ်ပြီး မြောက်ဘက်မှ မြို့များ၏အကွာအဝေးက တောင်ဘက်မှ မြို့များ၏အကွာအဝေးထက် နှစ်ဆကျော်ပိုဝေးနေလေ့ရှိသည်။ မြေနေရာ ကျယ်ဝန်းပြီး လူဦးရေကျဲပါးသောကြောင့် ပစ္စည်းများ ဝယ်ရန် မလွယ်ကူတော့ပေ။

ထို့ကြောင့် ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ခရီးမဆက်မီ ရိက္ခာအလုံအလောက်ဝယ်ရန် ကျောက်ယွမ်စီရင်တွင် ခတ္တရပ်နားမည်ဟု ဆုံးဖြတ်လိုက်ကြသည်။

စူးချင်းကလည်း ဝါဂွမ်းနှင့် အထည်စများ ထပ်ဝယ်ရန် မြို့ထဲသို့ သွားချင်နေသေးသည်။ သူမက ဖိနပ်အရံ ၃၀ ခန့်သာ ချုပ်နိုင်ခဲ့ပြီး လုံလောက်ရန် ဝေးကွာနေသေးသည်။

ဤကာလများအတွင်းတွင် စူးချင်းက သူမ၏ချုပ်လုပ်ခြင်းစွမ်းရည်ကို အဆင့်နှစ်ဆင့် မြှင့်တင်နိုင်ခဲ့ပြီး သူမ၏ချုပ်လုပ်ခြင်းစွမ်းရည်က အဆင့်ငါးသို့ ရောက်ရှိသွားခဲ့သည်။ ယခုအချိန်တွင် စူးချင်း၏ပန်းထိုးလက်ရာက ပိုကျွမ်းကျင်လာပြီဖြစ်ကာ သူမ ပန်းထိုးထားသော ပန်းပွင့်ပုံများက အသက်ဝင်လွန်းသဖြင့် ပန်းထိုးကျွမ်းကျင်သော အမျိုးသမီးလီပင် သူမနှင့် မယှဉ်နိုင်တော့ပေ။

သူမ၏ရက်လုပ်ခြင်းနှင့် ချုပ်လုပ်ခြင်းတို့ကို အဆင့်မြှင့်တင်နိုင်ခဲ့သော်လည်း အချက်အပြုတ်စွမ်းရည်ကိုတော့ အချိန်အတော်ကြာအောင် အဆင့်မြှင့်တင်နိုင်ခြင်း မရှိခဲ့ပေ။ အဆင့်ပိုမြှင့်လာလေလေ၊ အဆင့်မြှင့်တင်ရန် ခက်ခဲလေလေ ဖြစ်နေခဲ့သည်။

ဤခရီးစဥ်အတွင်း စူးချင်း၏ရက်လုပ်မှုစွမ်းရည်က အဆင့်လေးသို့ အဆင့်မြှင့်တက် သွားခဲ့သည်။ ချုပ်လုပ်မှုစွမ်းရည် မြှင့်တက်ခြင်းနှင့် ထပ်ပေါင်းလျှင် အဆင့်သုံးဆင့် တိုးလာသောကြောင့် သူမ၏စစ်နတ်ဘုရားစွမ်းရည်ကိုလည်း အဆင့် ၃၄ သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။

ယခုအချိန်တွင် စူးချင်းက သတ္ထုသွန်းလောင်းခြင်းကို လေ့ကျင့်ချင်နေပြီး သူမတို့ထံတွင် သံရိုင်းသတ္တုတွင်း တစ်ခုရှိနေသောကြောင့် သူမအတွက် သတ္ထုသွန်းလောင်းခြင်းစွမ်းရည်ကို အဆင့်မြှင့်တင်ရန် မခက်ခဲနိုင်ပေ။

သို့သော်လည်း သံရိုင်းသတ္တုတွင်း၏နေရာက ဝေးလွန်းလှသည်။ ကျိရွှေရှန့်၏ ဆန္ဒအတိုင်း ရွာသားများကို ကျင့်ရှီလျိုမြောင်သို့ ဘေးကင်းစွာ ပို့ဆောင်ပြီးနောက်တွင် သူက ချွီတာ့၊ ကျန်းချမ်နှင့် အခြားလူများကို သတ္တုတွင်းတူးရန် ခေါ်ဆောင်သွားမည် ဖြစ်ပြီး သူတို့အတွက် လိုအပ်သော လက်နက်များကို ပြုလုပ်ကြမည် ဖြစ်သည်။

စူးချင်းက အချိန်တန်လျှင် ကျိရွှေရှန့်နှင့် လိုက်သွားရန် ဆုံးဖြတ်ထားခဲ့သည်။ သူမက ကျိရွှေရှန့်အတွက် သူ၏လက်စားချေမှုကို တတ်နိုင်သမျှ အမြန်ဆုံး အပြီးသတ်နိုင်စေရန် အကြံဥာဏ်များပေးနိုင်ပြီး အဆင့်မြင့်နည်းပညာနှင့် လမ်းညွှန်မှုများကို ကူညီပံ့ပိုးပေးနိုင်သည်။ တစ်ချိန်တည်းမှာပင် သူမက သူမ၏ သတ္တုသွန်းလောက်ခြင်း စွမ်းရည်နှင့် သတ္တုတူးဖော်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုကိုလည်း မြှင့်တင်နိုင်မည် ဖြစ်သည်။

လွန်ခဲ့သည့် လဝက်အတွင်းတွင်လည်း စူးချင်းက ကျိရွှေရှန့်နှင့်အတူ တောနက်များထဲသို့ လိုက်ပါသွားခဲ့သည်။ သူမက သူမ၏အမေအတွက် အနှစ်တစ်ထောင်လင်ဇီးကို ရှာဖွေခဲ့သော်လည်း ထိုလင်ဇီးမျိုးက ရရှိရန် ခက်ခဲလှသည်။ သို့သော်လည်း သူမပင်လျှင် လမ်းတစ်လျှောက်၌ ထိုလင်ဇီးမျိုးနှစ်ခု သုံးနိုင်ခဲ့သေးသည်။ ထို့ကြောင့် သူမက အနှစ်တစ်ထောင်လင်ဇီး အများအပြား ရှိနိုင်မည်နေရာကို တွေးတောနေခဲ့သည်။

သိုသော်လည်း အချိန်ကြာလာသည်နှင့်အမျှ စူးချင်းက ပိုပိုပြီး စိုးရိမ်လာခဲ့သည်။ အသက်တစ်ရာသက်တမ်းရှိသော လင်ဇီးက သူမအမေ၏အသက်ကို တစ်နှစ်ခန့်သာ ထိန်းပေးနိုင်မည် ဖြစ်သည်။ ထို့ကြောင့် သူမ တက်နိုင်သမျှ နှစ်တစ်ထောင်လင်ဇီးကို မြန်မြန် ရှာဖွေရမည် ဖြစ်သည်။

စူးချင်း မြို့ထဲသို့ မ၀င်ခင် ကျိရှောင်ယင်က သူမကို မျှော်လင့်တကြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျောက်ယွမ်စီရင်စုက မြို့တော်နှင့် ဝေးကွာလှပြီး သတင်းကွာဟနေသောကြောင့် မြို့၏အဝင်ဝတွင် ဖမ်းဝရမ်းများကို မထုတ်ပြန်ထားခဲ့ပေ။ မြို့စောင့်တပ်သားများကလည်း အလွန်ပေါ့ပေါ့လျော့လျော့ ဖြစ်နေကြပြီး မြို့ထဲသို့ ဝင်လာသောလူများကိုပင် မစစ်ဆေးကြပေ။

ထိုသို့ပေါ့လျှော့နေခြင်းက ကျောက်ယွမ်စီရင်စုတွင် ထိခိုက်မှု တစ်စုံတစ်ရာမရှိသောကြောင့် ဘေးဒုက္ခသည် အများအပြားက ဤနေရာတွင် သွားလာနေခြင်း မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

ကျိရှောင်ယင်၏ သူမ၏အစ်မစူးချင်း အနားမှ စိတ်လှုပ်ရှားစွာ လိုက်ပါလာသည်။

သူမ မြို့ထဲကို မရောက်တာ ကြာနေပြီ။ သူမ မြို့ထဲကို နောက်ဆုံးအကြိမ် ဝင်ရောက်ခဲ့တာကို သူမ မမေ့နိုင်သေးဘူး။ မြို့ထဲမှာ နေထိုင်ရတဲ့ဘဝနဲ့ ကပ်ဘေးကနေ ရှောင်တိမ်း ထွက်ပြေးနေရတဲ့ဘဝက ကောင်းကင်ဘုံနဲ့ ငရဲလို သိသိသာသာ ကွာခြားလွန်းတယ်။

ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့၏ ပန်းတိုင်က ရှင်းလင်းပြီး သူတို့က စားစရာ၊ ဆားနှင့် မရှိမဖြစ်လိုအပ်သည့်အရာများကို ဝယ်ယူရန် ရည်ရွယ်ထားကြသည်။

ကံကောင်းထောက်မစွာဖြင့် စူးချင်းက မိန်းကလေးများကို ဦးဆောင်ကာ ဆေးဖက်ဝင်အပင်များ ရှာဖွေခဲ့သောကြောင့် လမ်းခရီးတွင် ဆေးမလုံလောက်ခြင်းမျိုး မရှိခဲ့ပေ။ လမ်းတွင် ဖျားနာ၍ သေဆုံးသူလည်း မရှိခဲ့ပေ။

"ရွှေရှန့်၊ ရှင်တို့တွေ ရိက္ခာ အရင်သွားဝယ်ကြတော့။ ကျွန်မ ရှောင်ယင်ကို အရသာရှိတဲ့ စားစရာ တစ်ခုခု စားဖို့ ခေါ်သွားပေးလိုက်မယ်"

စူးချင်းက ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။ တကယ်တော့ သူမလည်း ကောင်းကောင်းစားချင်တယ်။ သူမတို့က တချိန်လုံး အမိုးအကာမရှိတဲ့ နေရာတွေမှာ နေထိုင်ခဲ့ရပြီး ဆားမပါတဲ့ လုံးဝ အရသာမရှိတဲ့ တောကောင်သားတွေကိုပဲ စားခဲ့ရတယ်။

"ကောင်းပြီလေ၊ ကိုယ်တို့ မင်းတို့ကို စပါးဆိုင်မှာ စောင့်နေမယ်"

ကျိရွှေရှန့်က အလွယ်တကူ သဘောတူလိုက်ပြီး ချိုးယုံခန်းနှင့်အတူ အရင် ထွက်သွားခဲ့သည်။

ကျိရှောင်ယင်က မြို့တွင်းရှိ အဆောက်အဦးများကို စူးစူးစိုက်စိုက် လိုက်ကြည့်နေသည်။ တောင်ဘက်နှင့်မတူဘဲ ဤအိမ်အများစုကို ရွှံ့ဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ အစည်ကားဆုံး လမ်းမကြီးပေါ်တွင်ပင် သစ်သားအဆောက်အဦး အများကြီး မရှိခဲ့ပေ။ ၎င်းတို့ထဲမှ အများစုကို ရွှံ့ဖြင့် တည်ဆောက်ထားကြသည်။ လမ်းပေါ်တွင် သွားလာ‌နေသော လူများ၏အဝတ်အစားများကလည်း သူမတို့နှင့်အလွန်ကွာခြားနေသည်။

တိရစ္ဆာန်သားရေရောင်းချသော ဈေးသည်များ အများကြီး ရှိနေပြီး လူတော်တော်များများက တိရစ္ဆာန်သားရေနှင့် ချုပ်ထားသော အဝတ်အစားများကို ၀တ်ဆင်ထားကြပြီး သူတို့၏ခေါင်းပေါ်မှာ ငှက်မွေးများ တပ်ဆင်ရသည်ကို နှစ်သက်ပုံပေါ်ကြသည်။

အမျိုးသားများက အရပ်ရှည်ကာ သန်မာပြီး ကြမ်းတမ်းပုံပေါ်သည်။ အမျိုးသမီးကလည်း တောင်ပိုင်းမှ အမျိုးသမီးများကဲ့သို့ နူးညံ့သိမ်မွေ့ခြင်း မရှိပေ။

ဤနေရာတွင် သီးသန့်စားသောက်ဆိုင်ကြီးများ မရှိသော်လည်း နားနေတည်းခိုဆောင်များ အများအပြား ရှိနေခဲ့သည်။ ၎င်းတို့က အာဏပိုင်များမှ ဖွင့်လှစ်ထားသော နားနေတည်းခိုဆောင်များ မဟုတ်ဘဲ ပုဂ္ဂလိကပိုင်များ ဖြစ်သည်။ ထိုနားနေတည်းခိုဆောင်များ၏ မြေညီထပ်ကို စားသောက်ဆိုင်များအဖြစ် ဖွင့်လှစ်ပေးထားပြီး အပေါ်ထပ်ကို တည်းခိုရန် နေရာထိုင်ခင်းအဖြစ် အသုံးပြုထားကြသည်။ သူတို့၏လုပ်ငန်းက အလွန်အဆင်ပြေပုံရသည်။

စူးချင်းက အချိန်အတော်ကြာအောင် လိုက်ကြည့်နေပြီးမှ ထိုလမ်းပေါ်မှ အကြီးဆုံး တည်းခိုဆောင်တစ်ခုကို ရှာဖွေနိုင်ခဲ့သည်။ ထိုတည်းခိုဆောင်တွင် ထူးဆန်းသော အမည်တစ်ခုရှိပြီး “ကျောင်းဝမ်ရှန့်ရှမာ” ဟု ကမ္ဗည်းရေးထိုးထားသည်။

(ကျောင်း-မှာယူခြင်း၊ ဝမ်- ဂုဏ်သတင်း။ ရှန့်-မွှေးရနံ သင်းပျံခြင်း၊ ရှမာ - တည်းခိုဆောင်)

ဤစိတ်ဝင်စားစရာကောင်းသောနာမည်ကြောင့် စူးချင်းက သူတို့၏ဟင်းလျာများ မည်မျှ မွှေးကြိုင်မည်ကို စူးစမ်းချင်နေခဲ့သည်။

တောင်ပိုင်းနှင့် မတူသည်က ဤနေရာမှ စားပွဲထိုးများက တောင်ပိုင်းမှ စားပွဲထိုးများလောက် မဖော်ရွေကြပေ။ သူမတို့ကို ကြိုဆိုရန် မည်သူမျှ ထွက်မလာဘဲ တစ်ခုခု မှာယူချင်လျင် စားပွဲထိုးများကို လှမ်းခေါ်ရမည့်ပုံ ရှိသည်။

စူးချင်းနှင့် ကျိရှောင်ယင်တို့က မြေညီထပ်ရှိ ပြတင်းပေါက်နားတွင် ဝင်ထိုင်ကြသည်။ ထိုနေရာမှစားပွဲက အတော်လေး သပ်ရပ်သန့်ရှင်းနေသော်လည်း ဓားခုတ်ရာအချို့ ရှိနေခဲ့သည်။

ထိုသို့ ပြောရခြင်းမှာ အခြားစားပွဲအများအပြားက စားပွဲထောင့်များ မရှိတော့ခြင်း သို့မဟုတ် စားပွဲခုံ၏ခြေထောက်များ ကျိုးပဲ့နေခြင်းတို့ကြောင့် ကျောက်တုံးများဖြင့် ခုထားရခြင်းမျိုး ရှိနေသောကြောင့် ဖြစ်သည်။

ထိုအရာများကသာမက ဆိုင်၏အလှဆင်မှုကလည်း ပို၍ပင် သည်းမခံနိုင်စရာ ဖြစ်နေခဲ့သည်။ နံရံများကို ရွှံ့နှင့် ကောက်ရိုးများဖြင့် ပြုလုပ်ထားပြီး ထုံးဖြူဖြူပင် သုတ်ထားရန် ဆန္ဒ မရှိပုံမပေါ်ဘဲ နံရံများအားလုံးက မူရင်းအတိုင်းသာ ဖြစ်သည်။

စူးချင်းနှင့် ကျိရှောင်ယင်တို့ ရောက်ရှိလာသည့်အချိန်က လူအများ စားသောက်ကြသည့် အချိန်မျိုး မဟုတ်သေးသော်လည်း စားသောက်ဆိုင်တွင် လူပြည့်နေသော စားပွဲများသာ ရှိနေခဲ့သည်။ သူတို့က လက်ရာမြောက်စွာ ထုစစ်ထားသော အရက်ခွက်သေးသေးလေးများဖြင့် အရက်သောက်လေ့ရှိကြသော တောင်ပိုင်းသားများနှင့် မတူဘဲ လူတိုင်းက ပန်းကန်လုံးကြီးများဖြင့် အရက်သောက်နေကြသည်။ တစ်ခုခုကြောင့် ပျော်ရွှင်သွားလျှင် သူတို့က ခွေးခြေများပေါ် ခြေတစ်ချောင်းတင်ကာ မတ်တပ်ရပ်လိုက်ကြသေးသည်။ အချင်းချင်း ကျယ်ကျယ်လောင်လောင် နှုတ်ဆက်နေကြပြီး လက်ဟန်ခြေဟန်အပြည့်ဖြင့် စကားပြောနေကာ တံတွေးများက နေရာတိုင်းသို့ လွှင့်ပျံနေသည်။ အလွန်အလွန့် အသက်ဝင်သောလူစုလူဝေး တစ်ခု ဖြစ်နေခဲ့သည်။

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဒီစားသောက်ဆိုင်ရဲ့အခြေအနေက တံခါးအပြင်ဘက်က ဆွဲဆောင်မှုရှိတဲ့ ကမ္ဗည်းပြားနဲ့ ဘာမှ မဆိုင်ဘူး။

"စားပွဲထိုး၊ ကျေးဇူးပြုပြီ ငါတို့ကို လက်ဖက်ရည်တစ်အိုး ပြင်ဆင်ပေးပါ"

စားပွဲထိုးတစ်ယောက်မှ ရောက်မလာသည်ကို မြင်လိုက်သောကြောင့် ကျိရှောင်ယင်က စားပွဲထိုးဆီသို့ သွားလိုက်ပြီး ရေတောင်းရုံသာ တတ်နိုင်တော့သည်။ သူမတို့ ရေမသောက်ရတာ နှစ်ရက်ရှိပြီဆိုတော့ ရေအရင်သောက်ရမယ်။

စားပွဲထိုးက သူမ လက်ဖက်ရည်တောင်းနေသည်ကို ကြားသွားပြီး ကျိရှောင်ယင်ကို မျက်လုံးပြူးဖြင့် ပြန်စိုက်ကြည့်နေခဲ့သည်။

“ရိုးရိုးရေပူပဲ ရမယ်၊ တစ်အိုးကို ငွေတစ်လျန်”

"ရိုးရိုးရေပူအတွက် ငွေတစ်လျန်လား?"

ကျိရှောင်ယင်က မယုံကြည်နိုင်စွာဖြင့် သူမ၏လက်ညှိုးလေးကို ဆန့်ထုတ်လိုက်သည်။

ဘာကြောင့် ဒီလောက်ဈေးကြီးရတာလဲ? ငွေတစ်လျန်က ရေစည်လှည်းတစ်စီး ဝယ်ဖို့ လုံလောက်နေပြီလေ။

"ဒီနေရာက ဘယ်‌နေရာလဲ? ရေက ဆီထက် ဈေးကြီးတယ်”

စားပွဲထိုးက ကျိရှောင်ယင်ကို ​​အရူးတစ်ယောက်လို ကြည့်နေပြီး မျက်လုံးပြူးပြလိုက် ပြန်သည်။

“ရတယ်၊ ‌ငွေတစ်လျန်က အဆင်ပြေတယ်”

စူးချင်းက ကျိရှောင်ယင်ကို လှမ်းတားလိုက်သည်။

ဒီနေရာမှာ ရေပြတ်လပ်မှု ရှိပုံပဲ။ ရေသယ်ယူစရိတ်က မြင့်မားတော့ ကုန်သည်တွေက ဈေးတင် ရောင်းကြတယ်။ ရေသောက်ချင်ရင် ဒီငွေနည်းနည်းလေးကို လက်လွတ်ခံရမှာပဲ၊ ဘာမှ မဖြစ်ဘူး။

ကျိရှောင်ယင်က စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ခုံပေါ်တွင် ပြန်ထိုင်လိုက်သည်။

“ငွေတစ်လျန်က စပါးလေးရှီကို ဝယ်လို့ ရတယ်”

"ရှားပါးတဲ့အရာတွေက ပိုတန်ဖိုးရှိတယ်"

စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။ သူမက မြို့ထဲသို့ မဝင်လာခင်ကတည်းက ပတ်ဝန်းကျင်ကို လေ့လာ လာခဲ့ပြီး ဤမြို့တဝိုက်တွင် လယ်မြေများ သိပ် မရှိကြောင်း တွေ့ခဲ့ပြီး ဖြစ်သည်။ သူမ တွေ့မြင်ခဲ့ရသော လယ်မြေများပင်လျှင် စွန့်ပစ်ခံထားရသည်။

ဘယ်သူကမှ လယ်မလုပ်ရင် ဘာနဲ့ စားမှာလဲ? ကုန်စည်တွေအားလုံးကို တောင်ပိုင်းကနေ တင်သွင်းနေရင် ဈေးနှုန်းကလည်း နည်းမှာ မဟုတ်ဘူး။

စားပွဲထိုးက ရေနွေးတစ်အိုး ယူလာပေးပြီး ရေနွေးအိုးက အလွန်ကြီးမားသည်။ တောင်ဘက်ပိုင်းမှ လက်ဖက်ရည်အိုးလှလှလေးများထက် အဆပေါင်းများစွာ ပိုကြီးပြီး ရေခွက်ကလည်း အရက်သောက်နေသူများကဲ့သို့ ပန်းကန်လုံးကြီးများကို အသုံးပြုရမည် ဖြစ်သည်။

ကျီရှောင်ယင်က ရေနှစ်ပန်းကန်ကို လောင်းထည့်လိုက်ပြီး နာကျင်စွာ ဖွင့်ဟလိုက်သည် ။

"ဆီကို သောက်ရတာထက်တောင် ပိုစျေးကြီးသေးတယ်"

စူးချင်းက သူမ၏စကားကို ပြန်မဖြေဘဲ တံခါးအပြင်ဘက်မှ ဝင်လာသည့် အရပ်ရှည်ရှည် လူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

All Chapters