← Chapters

လူမြင်ကွင်းမှ ယှဉ်ပြိုင်မှုများနှင့် လျှို့ဝှက်တိုက်ပွဲများ

Vol. 14 Ch. 200

လူမြင်ကွင်းမှ ယှဉ်ပြိုင်မှုများနှင့် လျှို့ဝှက်တိုက်ပွဲများ

Vol. 14 Ch. 200

"ဘယ်သူလဲ?"

အန်းကွမ်ရှင်းက သူ မည်သည့်အဝတ်အစားမှ ဝတ်မထားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ရေချိုးစည်ထဲမှ ထွက်လာပြီး ရေချိုးစည်၏ဘေးမှ ဓားကို ကောက်ကိုင်လိုက်သည်။

အနက်ရောင်ဝတ်ယောက်ျားတစ်ယောက်က အေးစက်စွာ ပြန်ဖြေလိုက်သည်။

"မင်းဘဝကို လိုချင်တဲ့သူ"

အန်းကွမ်ရှင်းက သူတို့ မတိုက်ခိုက်ခင် ခပ်မြန်မြန် အော်ဟစ်လိုက်သည်။

“ဝင်လာကြစမ်း၊ လူသတ်သမား ရှိ....”

သို့သော်လည်း သူ့စကားမဆုံးခင်မှာပင် အနက်ရောင်၀တ်လူများက သူ့ထံသို့ ပြေးဝင်လာကြပြီး သူတို့လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားပျော့ရှည်ပါးပါးလေးများမှ အပြာရောင်အလင်းတန်းများ တောက်ပလာကာ အန်းကွမ်ရှင်းပေါ်သို့ ဓားမိုးများ ရွာကျလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အန်းကွမ်ရှင်း၏ကိုယ်လုံးတီး ခန္ဓာကိုယ်တွင် သွေးထွက်နေသည့် ဓားဒဏ်ရာ တစ်ဒါဇင်ကျော် ရှိလာခဲ့သည်။ အန်းကွမ်ရှင်းက အစွမ်းကုန် ခုခံရန် သူ၏ခွန်အားရှိသမျှ အကုန်သုံးပြီး ကြိုးစားပမ်းစား တွန်းလှန်နေခဲ့သော်လည်း တစ်ဖက်က အလွန်အစွမ်းထက်နေပြီး သူ့၏ခုခံမှုများအားလုံးက အချည်းအနှီး ဖြစ်သွားရသည်။

အန်းကွမ်ရှင်း၏စစ်သည်များက သူ့၏ယာယီတဲထဲသို့ ပြေးဝင်လာချိန်တွင် အနက်ရောင်၀တ်အမျိုးသားများက တဲထဲမှ ပြန်ပြေးထွက်လာကြပြီ ဖြစ်ကာ အန်းကွမ်ရှင်း၏နဖူးအလယ်တွင် အပေါက်ဖောက်တစ်ပေါက်ရှိနေပြီး သူ့၏မျက်လုံးများက လုံးဝ ပြူးကျယ်နေလေသည်။

အပြင်ဘက်ရှိ အကျဥ်းလှည်းပေါ်တွင် ချုပ်နှောင်ထားသော ဝမ်ယွိရှန်းနှင့် ယုံဝမ်ကောက်နှံဆိုင်၏ဆိုင်ရှင်တို့ကိုလည်း ထိုအနက်ရောင်၀တ်လူများက ကယ်တင်သွားခဲ့သည်။ သူတို့ကို စစ်သည်များစွာ ဝန်းရံပြီး စောင့်ကြပ်နေခဲ့ကြသော်လည်း အနက်ရောင်ဝတ်အမျိုးသားများက လေပြင်းများကဲ့သို့ ဝင်လာပြီး လေပြင်းများကဲ့သို့ ပြန်ထွက်ခွာသွားသည်ကိုသာ မြင်လိုက်ကြရသည်။

*

ရန်ရှင်းနန်းတော်ခန်းမတွင်.....

ဧကရာဇ်က မတည်မငြိမ် ဖြစ်နေကာ သူ့၏ရာဇအိန္ဒြေကိုပင် မထိန်းနိုင်တော့ဘဲ လက်နှစ်ဘက်နောက်ပစ်ရင်း ခန်းမဆောင်ကို ပတ်ကာ လမ်းလျောက်နေခဲ့သည်။ သူ၏မျက်ခုံးများကို လုံးဝ စုကျုံနေပြီး သူ့၏မိန်းမစိုးကြီးက သူ့၏နောက်မှ တိတ်တဆိတ် လိုက်ပါနေခဲ့သည်။

နောက်ဆုံးတွင် ဧကရာဇ်က မစောင့်နိုင်တော့ဘဲ "ရှောင်ကွေ့ဇီ၊ ဘယ်အချိန်ရှိပြီလဲ?"

"အရှင်မင်းမြတ်ကို ပြန်ကြားပါတယ်၊ ချန်ရှီကျော်နေပါပြီ"

(ချန်ရှီ- မနက် ၇ နာရီမှ ၉ နာရီအထိ)

ဤမေးခွန်းကို ဧကရာဇ်မင်းမြတ်မေးသည်မှာ ငါးကြိမ်ရှိပြီ ဖြစ်သော်လည်း မိန်းမစိုးကြီးကတော့ စိတ်ရှည်သည်းခံပြီး ပြန်ဖြေနေဆဲဖြစ်သည်။

"အန်းကွမ်ရှင်းက ဘာလို့ ပြန်မလာသေးတာလဲ?"

“အရှင်မင်းမြတ်၊ စစ်သူကြီးအန်းက အရှင်မင်းမြတ်ကို လာမတွေ့ခင် ရေချိုးသန့်စင်ရပါဦးမယ်”

"အခု ဘယ်အချိန်ရှိပြီလဲ? ဒီအန်းကွမ်ရှင်းက ဘာကို ဦးစားပေးရမယ်ဆိုတာ မသိဘူးလား?"

ဧကရာဇ်၏အမူအရာက မှောင်မိုက်သွားခဲ့သည်။

ဒီလူမိုက်တွေက အကုန်လုံးက အသုံးမကျဘူး။ ရှောင်းဟမ်သာ အသက်ရှင်နေသေးရင် အဲ့ဒီဝမ်မျိုးနွယ်တွေက ဒီလောက်မောက်မာဝံ့ပါ့မလား?

“...”

မိန်းမစိုးကြီးက ဘာမှ ပြန်မဖြေခဲ့ပေ။

ဧကရာဇ်က စိတ်အပြောင်းအလဲ မြန်တာ သူ သိနေပြီးသားလေ။ အခု သူက အန်းကွမ်ရှင်းကို ကြိမ်းမောင်းနေပေမယ့် ခနနေလို့ အန်းကွမ်ရှင်းကို တွေ့တဲ့အခါ သူက အန်းကွမ်ရှင်းကို “အိုက်ချင်း”လို့ ခေါ်ဦးမှာပဲ”

(အိုက်ချင်း- ဘုရင်က မှူးမတ်တွေကို လေးစားသမှုနဲ့ ခေါ်တဲ့ အခေါ်အဝေါ်ပါ)

သူက ဧကရာဇ်ရဲ့အနားမှာ နှစ်အတော်ကြာနေခဲ့ပြီပြီ၊ ဒီဧကရာဇ်ရဲ့စရိုက်နဲ့ သူပြောတဲ့စကားတွေက မကိုက်ညီဘူးဆိုတာ ဟိုးအရင်ကတည်းက သူ သိထားပြီပြီ။

သူက ဝမ်မိသားစုကို တွန်းလှန်ဖို့ အန်းမိသားစုကို အသုံးချချင်နေတာလေ။ အဲ့လိုမှ မဟုတ်ရင် သူက အန်းမိသားစုအပေါ် ဒီလောက် ယဉ်ကျေးနေမှာ မဟုတ်ဘူး။

(T/N: အဲ့ကုန်းကုန်းကြီးကလည်း ဧကရာဇ်ကို အသားကုန် Blame တာနော်)

"ဧကရာဇ်မင်းမြတ်ထံ သတင်းပို့ပါတယ်"

တံခါးအပြင်ဘက်မှ မိန်းမစိုးတစ်ဦး၏ သတင်းပို့သံ ထွက်ပေါ်လာသည်။ ဧကရာဇ်က စိတ်လှုပ်ရှားစွာဖြင့် “မြန်မြန် လျှောက်တင်၊ အဲ့တာကို မြန်မြန် လျှောက်တင်စမ်း”

တစ်စုံတစ်ယောက် ဝင်လာချိန်တွင် ဧကရာဇ်၏မျက်နှာပေါ်မှ အပြုံးက လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ဝင်လာသူက အန်းကွမ်ရှင်း မဟုတ်ဘဲ သူ့၏လျှို့ဝှက်သူလျှိုသာ ဖြစ်နေပြီး ဧကရာဇ်က ထိုသူလျှို ဒူးထောက် အရိုအသေပေးသည်ကိုပင် မစောင့်နိုင်ဘဲ လှမ်းတားလိုက်ပြီး အသံနက်ကြီးဖြင့် ကမန်းကတန်း မေးမြန်းလိုက်သည်။

"ဘာဖြစ်တာလဲ?"

"အရှင်မင်းမြတ်ကို သတင်းပို့ပါတယ်၊ စစ်သူကြီးအန်း အသတ်ခံရပြီး အကျဉ်းသားတွေ လုယူခံလိုက်ရပါတယ်"

သူလျှို၏စကားကို ကြားလိုက်ချိန်တွင် ဧကရာဇ်၏မျက်လုံးများမှ ဒေါသအရောင်များ ထွက်ပေါ်လာသော်လည်း နက်ရှိုင်းသောကြောက်ရွံ့မှုတစ်ခုကလည်း သူ့နှလုံးသားအောက်ခြေမှ ထွက်ပေါ်လာခဲ့သည်။

အန်းကွမ်ရှင်းက စစ်တပ်ထဲမှာတင် အသတ်ခံလိုက်ရပြီး ရာဇဝတ်သားတွေကလည်း စစ်တပ်ထဲကနေ လုယူခံလိုက်ရတယ်။ အဲ့ကနေတဆင့် ဝမ်ယွိလင်ရဲ့ဝမ်မိသားစုစစ်တပ် ဘယ်လောက် အင်အားကြီးမားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်တယ်။

ပြီးတော့ အခုအချိန်မှာ သူ့မှာ စာရင်းစာအုပ်ရှိနေရင်တောင် ဘယ်လိုနိုင် တော့မှာလဲ? ဘယ်သူက စာရင်းစာအုပ်ကို သက်သေခံပေးနိုင်တော့မှာလဲ? ပြီးတော့ ဝမ်မိသားစုက ကပ်ဘေးကယ်ဆယ်ရေးအတွက် စပါးတွေကို လျှို့ဝှက်ခိုးယူပြီး ပြန်ရောင်းနေတယ်ဆိုတာကို သူ သိနေရင်တောင် ဘာလုပ်နိုင်တော့မှာလဲ?

ဝမ်မိသားစုရဲ့စစ်တပ်ကို ဆန့်ကျင်နိုင်တဲ့ တခြားစစ်တပ်တစ်ခုမရှိရင် သူအတွက် အဲ့ဒီအထောက်အထားတစ်ခုခုကို ထုတ်ယူဝံ့ဖို့တာ ဖြစ်နိုင်ပါ့မလား?

သေသင့်တဲ့ ဝမ်ယွင်လင်က မြို့တော်ကို ပြန်လာဖို့ ငြင်းဆိုခဲ့တယ်။ ဝမ်မိသားစုရဲ့ လက်ထဲမှာ စစ်တပ်အာဏာ ကိုင်ဆောင်ထားသရွေ့ သူက သူတို့ကို မဝံ့ရဲဘူး။

“အရှင်မင်းကြီး၊ မကောင်းတော့ဘူး။ ဝမ်ကွေ့ရန်ရဲ့ဝမ်းတွင်းက နဂါးသန္ဓေသား ပျက်ဆီးသွားပါပြီ”

ဧကရာဇ်က ဆိုးရွားသော အခြေအနေတွင် ရှိနေစဉ်တွင် အန်း‌ကွေ့ရန်၏နန်းဆောင်မှ အစေခံတစ်ဦးက မျက်ရည်များဖြင့် သတင်းပို့ရန် ပြေးလာခဲ့သည်။

ထိုသတင်းက ဧကရာဇ်ကို နဂါးပုလ္လင်ပေါ် ဖင်ထိုင်ကျသွားစေခဲ့သည်။

သွားပြီ... သူ့ရဲ့အမွေဆက်ခံသူလည်း မရှိတော့ပြန်ဘူး။ ပြီးသွားပြီ။ အရာအားလုံး ပြီးသွားပြီ။

"ဘယ်လို ဖြစ်သွားတာလဲ?"

ဧကရာဇ်က အမုန်းတရားများဖြင့် ပြည့်နှက်နေသော ထိုစကားလုံးများကို သူ၏သွားကြားထဲမှ ညှစ်ထုတ်လိုက်သည်။ နန်းတွင်းအစေခံက အလွန်ထိတ်လန့်ကြောက်ရွံ့သွားပြီး တုန်တုန်ယင်ယင်အသံဖြင့် ပြန်လျှောက်တင်လိုက်သည်။

"ဝမ်ကွေ့ဖေးက အန်းကွေ့ရန်ကို ကိုယ်ဝန်ဖျက်ကျစေမယ့်ဆေးတစ်ခွက် တိုက်ကျွေးခဲ့ပြီး အန်းကွေ့ရန်ရဲ့နဂါးသန္ဓေသားက ပျက်ဆီးသွားခဲ့ပါတယ်"

"အယုတ်တမာမ၊ ကျန်း သူ့ကို အပိုင်းပိုင်းဖြတ်ဖို့ မစောင့်နိုင်တော့ဘူး!"

ဧကရာဇ်က သူ့‌ရှေ့မှ စားပွဲကို ကြမ်းပြင်ပေါ်သို့ လှန်ချလိုက်ပြီး ရက်စက်လွန်းသော တော်ဝင်ကြင်ယာတော်ဝမ်ကို ကြိမ်းမောင်းနေခဲ့သည်။ သူ့၏ကြိမ်းမောင်းသံ အဆုံးတွင် ချိုမြိန်သော အသံတစ်ခု ထွက်ပေါ်လာပြီး “အရှင်မင်းမြတ်က ချန်ချဲ့ကို ကြိမ်းမောင်းနေတာလား?"

(ချန်ချဲ့ - မိဖုရားနဲ့ ကြင်ယာတော်တွေက ဘုရင်တို့ မယ်တော်ကြီးတို့ ရှေ့မှာ သုံးတဲ့ အာလုပ်စကားပါ။ မိဖုရားနဲ့ ကြင်ယာတော်တွေ့ရင်လည်း ကြင်ယာတော်က သူ့ကိုသူ ချန်ချဲ့လို့ သုံးရပါတယ်)

ထိုအသံကို ကြားလိုက်သည်နှင့် ဧကရာဇ်၏မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များက ချက်ချင်း ပျောက်ကွယ်သွားပြီး ရန်ရှင်းနန်းတော်ခန်းမထဲသို့ လမ်းလျှောက်ဝင်လာနေသော တော်ဝင်ကြင်ယာ‌တော်ဝမ်ကို ပြုံးပြလိုက်သည်။

"ကျန်းရဲ့အိုက်ဖေးကို ဆဲဆိုကြိမ်းမောင်းဖို့က ကျန်းအတွက် ဘယ်လို ဖြစ်နိုင်မှာလဲ?!"

(အိုက်ဖေး- ချစ်ရတဲ့ ကြင်ယာတော်)

ယနေ့တွင် တော်ဝင်ကြင်ယာ‌တော်ဝမ်က နူးညံ့သိမ်မွေ့ပုံရသော အဝါရောင်နန်းတွင်းဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ နှင်းဖြူလည်ပင်းတွင် တောက်ပနေသော ပုလဲလည်ဆွဲတစ်ကုံး ရှိနေခဲ့သည်။ ထိုလည်ဆွဲက အထူး တောက်ပကာ ပြိုးပြိုးပြက်ပြက် လက်နေပြီး အလယ်တွင် ပန်းရောင်ပုလဲကြီးတစ်လုံးရှိနေကာ အပြင်ဘက်တွင် ပုလဲသေးသေးလေးဖြင့် ပြုလုပ်ထားသည့် ပန်းပွင့်လွှာလေး သုံးခု ရှိနေသည်။ ထိုအရာများကြောင့် တော်ဝင်ကြင်ယာ‌တော်ဝမ်၏လည်ပင်းပေါ်တွင် ပန်းဆီရောင်ပန်းတစ်ပွင့် ပွင့်နေသကဲ့သို့ ဖြစ်နေပြီး သူမ၏ နဂိုပြေပြစ်သော အသွင်အပြင်ကို ပို၍ တင့်တယ်လှပစေသည်။

အသက်သုံးဆယ်အရွယ် တော်ဝင်ကြင်ယာ‌တော်ဝမ်က ယခင်က တစ်ခါမျှ ကလေး မမွေးဖူးသောကြောင့် သူမ၏ပုံပန်းသဏ္ဍာန်က သွယ်လျနေဆဲဖြစ်ပြီး သူမ၏မျက်နှာက ပန်းနုရောင် ဖြစ်ကာ သူမ၏ပါးပြင်များက မက်မွန်သီးလေးများသဖွယ် ဖြစ်နေခဲ့သည်။ သူမ၏မျက်လုံးလေးများကလည်း ချစ်စရာကောင်းနေသည့်အပြင် သူမ၏လမ်းလျှောက်ပုံကပင် အလှတရားများကို ပိုင်ဆိုင်နေဆဲ ဖြစ်သည်။

"ဟမ့်၊ ချန်ချဲ့က အရှင့်ရဲ့အချစ်ဆုံးမောင်းမလေးကို ကိုယ်ဝန်ပျက်စေခဲ့တယ်လေ။ အရှင်က ချန်ချဲ့ကို မမုန်းဘူးလား?"

တော်ဝင်ကြင်ယာ‌တော်ဝမ်၏လက်ချောင်းများက ဧကရာဇ်၏ရင်ဘတ်အနှံ့ရွေ့လျား နေပြီး သူမ၏ ချိုမြိန်သော အသံက ဧကရာဇ်မင်းမြတ်၏ နှလုံးသားကို တုန်လှုပ်စေသော ငှက်မွေးတစ်ပင်ကဲ့သို့ ဖြစ်နေခဲ့သည်။ သူမက နန်းတော်သို့ ဝင်ရောက်လာသည်မှာ ကြာနေပြီ ဖြစ်သောကြောင့် ဧကရာဇ်၏ခန္ဓာကိုယ်ကို ကောင်းစွာ သိထားသူ ဖြစ်သည်။

ဧကရာဇ်က သူ့၏ကြင်ယာ‌တော်ကို မင်းသမီးလေးလို ပွေ့ချီသွားပြီး နဂါးသလွန်ပေါ်သို့ တင်လိုက်သည်။ တော်ဝင်ကြင်ယာ‌တော်ဝမ်က တခစ်ခစ် ရယ်မောနေပြီး ဧကရာဇ်၏လည်ပင်းကို သိုင်းဖက်ထားသည်။ သူမက သူမ၏ထွက်သက်ဝင်သက်ကို ဧကရာဇ်၏နားထဲသို့ ညင်ညင်သာသာ မှုတ်ထုတ်နေရင်း သူမ၏ချောမွတ်ပြီး နူးညံ့နေသောပါးပြင်လေးကို ဧကရာဇ်၏မျက်နှာနှင့် ဖိကပ်လိုက်သည်။

ဧကရာဇ်၏မျက်လုံးများက အမုန်းတရားများကြောင့် တောက်ပနေပြီး သူက တော်ဝင်ကြင်ယာ‌တော်ဝမ် ဝတ်ထားသည့် တန်ဖိုးကြီးအဝတ်အစားအသစ်ကို ဆုတ်ဖြဲကာ သူမ၏ခန္ဓာကိုယ်ကို သူ့အောက်တွင် ဖိထာလိုက်သည်။

ဖြစ်နိုင်မယ်ဆိုရင် သူ့သားအတွက် သူမကို တိုက်ရိုက်သတ်ပစ်လိုက်ချင်တယ်။

*

အန်းမိသားစုတွင်....

အန်းမိသားစုခေါင်းဆောင်၏မျက်လုံးများက သွေးထွက်လာလုနီးပါး နီရဲနေပြီး သူ့၏ဒေါသကြောင့် သူတို့အိမ်တော်ရှိ ကြွေထည်ပရိဘောဂများအားလုံး အပိုင်းပိုင်း ကွဲသွားနေပြီး ကြမ်းပြင်တစ်ခုလုံး ရှုပ်ပွနေလေသည်။

တနေ့တည်းမှာ သူ့အတွက် ပြင်းထန်တဲ့ ထိုးနှက်ချက်နှစ်ခုကို ခံစားလိုက်ရတယ်။ သားဖြစ်သူ သေဆုံးခဲ့ရတဲ့အပြင် သမီးဖြစ်သူကလည်း ကိုယ်ဝန်ဖျက်ချဆေး သောက်လိုက်ရတယ်။ သူ့ရဲ့အစီအစဥ်တွေ အားလုံးက တခဏအတွင်း ပြိုကျပျက်ဆီးသွားပြီ။

"ဝမ်ရှန့်ချန်၊ မင်းနဲ့ ငါက တူညီတဲ့ ကောင်းကင်အောက်မှာ နေဖို့ မဖြစ်နိုင်တော့ဘူး"

ရန်ရှင်းနန်းတော်ခန်းမတွင် ဧကရာဇ်မင်းက သူ့စိတ်ထဲမှ ဒေါသများကို ဖြေဖျောက်ပြီးနောက် နဂါးသလွန်ပေါ်ရှိ ဆွဲဆောင်မှုရှိသော တော်ဝင်ကြင်ယာ‌တော်ဝမ်ကို စိုက်ကြည့်နေခဲ့သည်။ သူက စိတ်မြန်လက်မြန်ဖြင့် သူမ၏လည်ပင်းကို ညှစ်သတ်လုနီးပါး ဖြစ်သွားခဲ့ရသေးသည်။

“အိုက်ဖေး... နန်းဆောင်ကို အရင် ပြန်လိုက်ဦးနော်။ ကျန်းက အန်းကွေ့ရန်ကို သွားတွေ့ပေးရဦးမယ်”

ဧကရာဇ်က သူ့၏နဂါးဝတ်ရုံကို ပြန်၀တ်ဆင်လိုက်ပြီး သူ့၏ရာဇအိန္ဒြေကို ပြန်ထိန်းလိုက်သည်။ သို့သော်လည်း တော်ဝင်ကြင်ယာ‌တော်ဝမ်က ရင်ဆိုင်ရန် လွယ်ကူသူ မဟုတ်ဘဲ သူမက ကိုယ်လုံးတီးဖြင့် ထထိုင်ကာ သူမ၏ခန္ဓာကိုယ်ကို ဧကရာဇ်မင်း၏ ခန္ဓာကိုယ်ပေါ်တွင် ညင်ညင်သာသာ လှဲချလိုက်သည်။

“အရှင်မင်းမြတ်၊ အန်းကွေ့ရန်က ချန်ချဲ့ကို ကျိန်ဆဲနေတယ်၊ အရှင်က ချန်ချဲ့အတွက် တရားမျှတမှု ရှာပေးရမယ်နော်!"

“အိုက်ဖေး၊ တော်ပါတော့။ ဒီနန်းတော်ထဲမှာ အန်းကွေ့ရန်က အိုက်ဖေးကို ဘယ်လို ကျိန်ဆဲနိုင်မှာလဲ?”

ဧကရာဇ်၏အမူအရာက အေးခဲသွားသည်။

ဒီမြွေမက သူ့ရဲ့နဂါးသန္ဓေသားကို ထိခိုက်စေခဲ့တဲ့အပြင် အန်းကွေ့ရန်ကိုပါ သတ်ချင်နေတာလား?

"ဘာလို့ မဖြစ်နိုင်ရမှာလဲ? သူ(မ)က ချန်ချဲ့ကို ဒီနန်းတော်ထဲမှတင် နေ့တိုင်း ကျိန်စာတိုက်နေတာလေ။ သူ့ရဲ့နန်းတော်ထဲမှာ ချန်ချဲ့ရဲ့နာမည်ကို ရေးထားတဲ့ လူရုပ်လေးတစ်ရုပ်ကို ရှာတွေ့ခဲ့တယ်။ အဲဒီအရုပ်ပေါ်မှာ ချန်ချဲ့ရဲ့မွေးဇာတာတွေတောင် ရှိနေသေးတယ်။ သူ(မ)က ချန်ချဲ့ကို ကျိန်ဆဲရုံတင်မကဘဲ သေပါ သေစေချင်တာ ဖြစ်မယ်။ အရှင်က ချန်ချဲ့အတွက် တရားမျှတမှု ရှာပေးရမယ်!"

တော်ဝင်ကြင်ယာ‌တော်ဝမ်၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး သူမ၏မျက်ရည်များက မိုးရွာချိန်တွင် ကြွေကျလာသော သစ်တော်သီးပွင့်ကဲ့သို့ ဖြစ်နေပြီး သူမက ပြင်းပြင်းထန်ထန် ငိုကြွေးနေပြန်သည်။ ထို့အပြင် သူမ၏ပန်းနုရောင် လက်သီးသေးသေးလေးများက ဧကရာဇ်၏ခန္ဓာကိုယ်ပေါ်သို့ ညင်ညင်သာသာ ကျရောက်နေခဲ့သည်။

"အိုက်ဖေး အရင်ပြန်သွားလိုက်ပါ၊ ကျန်း ဆုံးဖြတ်ချက် ချပေးပါ့မယ်”

ဧကရာဇ်က မတုန်မလှုပ် ဖြစ်နေသေးပြီး သူ့ရင်ခွင်ထဲမှ အမျိုးသမီးကို အေးစက်စွာ ကြည့်နေခဲ့သည်။

သူမရဲ့မျက်လုံးထောင့်တွေက ရှုံတွနေတာပဲ၊ အဲ့တာတွေကို ဖုံးဖိဖို့ မျက်နှာချေအမှုန့်တွေ ဘယ်လောက်လိမ်းထားလဲ မသိဘူး။ ငိုလိုက်တာနဲ့ သိသာတဲ့ အရေးအေကြာင်းတွေ ပေါ်လာပြီ။ ထွန်ခြစ်ကြီး နှစ်ကြောင်းကျနေတာပဲ။

သူ့ရဲ့အန်းကွေ့ရန်က အသက်ဆယ့်ရှစ်နှစ်ပဲ ရှိသေးတော့ ပန်းလေးတစ်ပွင့်လို လှပနေဆဲပဲ။ သူမရဲ့အသားအရေလေးတွေက ချောမွေ့နူးညံ့နေတဲ့အပြင် သူမရဲ့ခန္ဓာကိုယ်က မွှေးကြိုင်တဲ့ရနံ့ကိုတောင် သယ်ဆောင်လာပေးနိုင်တယ်။ သူမနဲ့ အတူရှိနေတဲ့အချိန်က ကောင်းကင်ဘုံကို ရောက်နေသလို ခံစားရစေတယ်။ ဒီ ကောက်ကျစ်တဲ့ ကြေးနီအရုပ်လို မိန်းမယုတ် ဝမ်ကွေ့ဖေးကတော့ အဲ့လို မဟုတ်ဘူး၊ မျက်နှာချေတွေ လိမ်းထားလိုက်တာမှ အနံ့နဲ့တင် အသက်ရှူကြပ်နေပြီ။ သူမနဲ့ အတူရှိနေရင် သေချင်သလိုတောင် ခံစားရတယ်။ သူ သူမနဲ့အတူ ဆက်နေရဖို့ ဝမ်မိသားစုကို သုတ်သင်ဖို့ တွေးတောရတော့မယ်။

“အရှင်မင်းမြတ် နန်းတက်တုန်းက ချန်ချဲ့ကို ကတိပေးခဲ့တယ်လေ။ ချန်ချဲ့ကို ဧကရီရာထူး ပေးမယ်လို့ ပြောခဲ့ပေမယ့် နှစ်တွေကြာလာတော့ အရှင်က အရှင့်ရဲ့ကတိကို မေ့သွားပြီလား? လူသစ်တွေရဲ့ အပြုံးကိုပဲ မြင်ပြီး လူဟောင်းတွေ မျက်ရည်ကိုတော့ မမြင်ချင်ဘူးလို့ မပြောပါနဲ့"

ဧကရာဇ်က အန်ကွေ့ရန်ကို ကွပ်မျက်ရန် သဘောမတူကြောင်း တွေ့လိုက်ရသောကြောင့် တော်ဝင်ကြင်ယာ‌တော်ဝမ်က သူမ၏ ကြောင်သေးကဲ့သို့ မျက်ရည်များကို ထပ်မံညှစ်ထုတ်လိုက်သည်။ သူမက သူမ၏ ခေါင်းကို ငုံ့ကာ မျက်ရည်သုတ်နေပြီး အကယ်၍ သူမသာ မော့ကြည့်ခဲ့မည် ဆိုလျှင် ဧကရာဇ်၏ မျက်နှာက ပိုဆိုးပြီးရင်း ပိုရုပ်ဆိုးလာကာ မည်းမှောင်လွန်းသောကြောင့် မှင်ရောင်အရည်များ ထွက်ကျလာနိုင်သည်ကို သူမ မြင်နိုင်ခဲ့မည် ဖြစ်သည်။

.......။......။.......

All Chapters