← Chapters

အခန်း (၂၁၀)

Vol. 14 Ch. 210

အခန်း (၂၁၀)

Vol. 14 Ch. 210

ကျိရှောင်ယင်က မြေပြင်မှ ထရပ်လိုက်ကာ သူမ၏လက်ထဲတွင် အနက်ရောင်ကျောက်တုံးတစ်တုံးကို ကိုင်ထားပြီး သူမ၏နာကျင်နေသော တင်ပါးကို ပွတ်သပ်နေခဲ့သည်။

ဒီကျောက်တုံးက သူမ နောက်ဆုံးတစ်ခေါက် ကောက်ယူခဲ့တဲ့ ကျောက်တုံးထက်တောင် ပိုမည်းနေပြီး နေအောက်အောက်မှာ ပိုတောက်ပနေသေးတယ်။

ကျိရှောင်ယင်က အပြင်သို့ ပြန်ထွက်လာခဲ့ပြီး သူမ၏လက်ထဲမှ ကျောက်တုံးကို တွေ့လိုက်သော စူးချင်းကတော့ အံ့သြသွားခဲ့သည်။

ဒါက ကျောက်မီးသွေးလား? ရှောင်ယင်က ကျောက်မီးသွေးကို ကောက်လာတယ်ဆိုတော့ ဒီတောင်ရဲ့ တစ်နေရာရာမှာ ကျောက်မီးသွေးတွင်း ရှိရမယ်။ ကျောက်မီးသွေးသာ တကယ်ရှိရင် သူမတို့ ကျင့်ရှီလျိုမြောင်ကို သွားတဲ့လမ်းတစ်လျှောက် အအေးဒဏ်ကို ခံရတော့မှာ မဟုတ်သလို ပိုက်ဆံနဲ့လည်း ရောင်းလို့ ရနိုင်တယ်။ ဒါက အကုန်ခန်းနိုင်တဲ့ ရတနာသိုက်ကြီးတစ်ခုပဲ။

စူးချင်းက မူလပိုင်ရှင်၏မှတ်ဥာဏ်ထဲသို့ ပြန်ရှာဖွေလိုက်သည်။

ခေတ်သစ်မှာ ဆိုရင်တော့ ပုဂ္ဂလိက ကျောက်မီးသွေးတွင်းတွေကို ပိုင်တဲ့သူရဲ့ ကြွယ်ဝချမ်းသာမှုက နိုင်ငံတစ်နိုင်ငံရဲ့ကြွယ်ဝ ချမ်းသာမှုနဲ့တောင် ယှဉ်လို့ရတယ်။ တာ့ရှားပြည်ထောင်ကတော့ ကျောက်မီးသွေးအကြောင်း မသိသေးဘူးပဲ။ သာမာန်လူတွေက အပူအတွက် ထင်းကို အသုံးပြုကြပြီး နန်းတော်မှာတော့ ရိုးရိုးမီးသွေးကို သုံးကြတယ်။

တကယ်လို့ သူမတို့ ကျောက်မီးသွေး တူးဖော်နိုင်ရင် အဲ့သတင်းကို သူမတို့ မဖြန့်သရွေ့တော့ နန်းတွင်းက သိမှာ မဟုတ်ဘူး။ သူမတို့ တူးလို့ရမယ့် ကျောက်မီးသွေးတွေကို တာ့ထန်ကို စျေးကောင်းကောင်းနဲ့ ရောင်းချ နိုင်လိမ့်မယ်။ နန်းတွင်းနဲ့ တောင်တွေ မြစ်တွေ ထောင်ပေါင်းများစွာ ဝေးကွာတဲ့ ဒီနေရာမှာ သူမတို့ လျှို့လျှို့ဝှက်ဝှက် စီးပွားရှာနေသရွေ့ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး။

စူးချင်းက သူမ၏ သွားများ ပေါ်နေအောင် ပြုံးနေရင်း တင်ပါးကို ပွတ်နေဆဲဖြစ်သော ကျိရှောင်ယင်၏လက်ထဲမှ ကျောက်မီးသွေးတစ်ပိုင်းကို စိုက်ကြည့်နေကာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူမက သူမ၏နှုတ်ခမ်းကို လှုပ်ကာ တိုးတိုးလေး ရေရွတ်နေပြန်သည်။

နောက်ဆုံးတွင် စူးချင်းက ရယ်မောလိုက်ပြီး ကျိရှောင်ယင်ကို ချီးမွမ်းလိုက်သည်။

"ရှောင်ယင်၊ မင်းက တကယ့်ကို ကံကောင်းတဲ့ ကြယ်ပွင့်လေးပဲ။ ဒါက ဘာလဲဆိုတာ မင်း သိလား? ဒီမျိုးတွေသာ အများကြီးရှိရင် ငါတို့ မအေးတော့ဘူး"

ကျိရှောင်ယင်က စူးချင်း အရမ်းပျော်နေသည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပြီး သူမက စူးချင်းကို ကြည့်နေရင်းမှ သူမ၏လက်ထဲမှ အနက်ရောင်ကျောက်တုံးကို ပြန်ငုံ့ကြည့်လိုက်ကာ စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြင့် ပြန်မေးလိုက်သည်။

"ဒါက အနက်ရောင် ကျောက်တုံးတစ်တုံးပဲ မဟုတ်ဘူးလား?"

“ဒါက သာမန်ကျောက်တုံး မဟုတ်ဘူး။ ဒီည ငါတို့ နွေးနွေးထွေးထွေး နေနိုင်ဖို့ အဲဒါကို အားကိုးရလိမ့်မယ်”

စူးချင်းက ကျိရှောင်ယင်ကို ထိုအရာက ကျောက်မီးသွေးဖြစ်ကြောင်း မရှင်းပြတော့ပေ။

သူမ ပြောပြရင်တောင် ရှောင်ယင်က နားမလည်နိုင်လောက်ဘူးလေ။ ညရောက်လို့ မီးဖိုရင် ဒါက ဘယ်လောက်ကောင်းလဲဆိုတာ ရှောင်ယင် သိသွားလိမ့်မယ်။

"ဒါက တကယ်ပဲ အဲ့လောက်မှော်ဆန်တာလား? မီးရဖို့ ကျောက်တုံးကို သုံးလို့ ရလို့လား?”

ကျိရှောင်ယင်က ထိုအနက်ရောင်ရုပ်ရုပ်ဆိုးဆိုး ကျောက်တုံးကို စူးစူးစိုက်စိုက် ကြည့်နေပြန်သည်။

သူမ ငယ်ငယ်ကတည်းက နွေးထွေးမှုပေးနိုင်တဲ့ ကျောက်တုံးရယ်လို့ တစ်ခါမှ မကြားဖူးဘူး။

“ဟုတ်တယ်၊ အချိန်အကြာကြီး မီးတောက်နိုင်တယ်။ နောက်ထပ် လိုက်ရှာကြည့်ကြမယ်"

စူးချင်းက သူမ၏ နှလုံးသားအောက်ခြေမှ ပျော်ရွှင်နေပြီး သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေခဲ့သည်။ သူမ၏ နွေဦးလေညင်းကဲ့သို့ ပေါ့ပါးသောအပြုံးက လူသူကင်းမဲ့ကာ အထီးကျန်ဆန်သောတောင်တန်းကြီးတွင်ပင် တခြားသူကို ရွှင်မြူးလာသလို ခံစားရစေခဲ့သည်။

"အစ်မ၊ အစ်မ ပြုံးလိုက်ရင် အရမ်းလှတာပဲ"

ကျိရှောင်ယင်က စူးချင်း၏ဖြူစင်လှပသော မျက်နှာလေးကို ကြည့်နေရင်း သူမအစ်မ၏အပြုံးက ပန်းကလေးများအားလုံး အရောင်ပျောက်ကွယ်သွားလောက်အောင် လှပသည်ဟု ခံစားလိုက်ရသည်။

ဒါတောင်မှ အစ်မစူးချင်းက ယောကျာ်းလေးလို ဝတ်ထားတာနော်။ အစ်မစူးချင်းသာ အမျိုးသမီး ဝတ်လှလှလေးတွေ ဝတ်ပြီး ပုလဲအဆင်တန်စာတွေ၊ တောက်ပတဲ့ ပန်းလေးတွေ ဆင်မြန်းလိုက်ရင် နန်းတော်က ကြင်ယာတော်တွေတောင် သူမလောက် လှနိုင်ကြတော့မှာ မဟုတ်ဘူး။

“မြန်မြန်သွား။ မင်း ဘောင်းဘီထဲကို ဆီးထွက်ကျမှာ မကြောက်ဘူးလား?"

စူးချင်းက ကျိရှောင်ယင်ကို အပြုံးဖြင့် နောက်ပြောင်လိုက်သည်။

သူမကို ပျော်ရွှင်စေတဲ့ တစ်ယောက်က ကျိရှောင်ယင်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ရှောင်-ဖက်တီးလေး-ချီပဲ။ သူမက သူတို့ဆီက မြှောက်ပင့်သံကို အရမ်းနှစ်သက်တယ်။ တခြားတစ်ယောက်ယောက်က သူမကို ဒီလို စကားမျိုး ပြောလာရင် သူမက သူတို့ကို အေးစက်တဲ့မျက်နှာတစ်ခု ပြန်ပေးမိမှာ သေချာတယ်။ သူမက လှပတယ်လို့ ချီးမွမ်းခံရတာကို ဘယ်တော့မှ ဂရုမစိုက်ဘူး။

ကျိရှောင်ယင်က အပေါ့သွားရန် ဂူထဲသို့ ပြေးဝင်သွားပြန်သည်။ သူမ ဆီးသွားပြီးချိန်တွင် ထိုနေရာရှိ မြေကြီးများက မျောပါသွားပြီး အနက်ရောင်ကျောက်တုံးများ ထွက်ပေါ်လာခဲ့သည်။

“အစ်မ၊ ဒီအောက်မှာ အဲ့လိုကျောက်တုံးတွေ ရှိနေတယ်”

ကျိရှောင်ယင်က စူးချင်းကို ပြောပြရန် စိတ်လှုပ်ရှားစွာ ပြန်ပြေးထွက်လာခဲ့သည်။ သူမ၏စိတ်လှုပ်ရှားမှုကြောင့် ဖြစ်နိုင်ပြီး ကလေးမလေး၏မျက်လုံးများက တောက်ပလာကာ သူမ၏ မျက်နှာကလည်း နီရဲနေလေသည်။

“ကျောက်မီးသွေးတွင်းကိုတောင် ရှာတွေ့ခဲ့တာလား?”

စူးချင်းက သူမ၏သတ္တုတူးဖော်ရေးစွမ်းရည်ကို ပြန်တွေးနေမိသည်။

ဒီ​နေ့​တော့ သူမရဲ့​ ဒီကျွမ်းကျင်​မှုကို စတင်လို့ ရပြီ။ ရှောင်ယင်က သူမအတွက် ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ သူမ အပေါ့တစ်ခါ သွားတာက ကျောက်မီးသွေးတွင်းကိုတောင် ရှာနိုင်ခဲ့တယ်။

"သခင်၊ ဒီတောင်အောက်မှာ အရမ်းကြီးတဲ့ ကျောက်မီးသွေးတွင်းကြီး ရှိတယ်!"

စနစ်ထဲမှ ရှောင်ချီကလည်း စူးချင်းကို စိတ်လှုပ်ရှားစွာ လှမ်းပြောလိုက်သည်။ ရှောင်ချီက သူမ၏သခင်အတွက် ဝမ်းသာနေခဲ့သည်။

သူမရဲ့သခင်က ကျောက်မီးသွေးတွင်းပိုင်ရှင် ဖြစ်လာပြီး မကြာခင် ချမ်းသာကြွယ်ဝလာတော့မယ်။ သခင်ကတော့ ပျော်နေတော့မယ်။

သူမ မျှော်လင့်ထားသည်ထက်ပင် စူးချင်းက ပို၍ ပျော်ရွှင်နေခဲ့ပြီး သူမက ထိုပျော်ရွှင်မှုအကြောင်းကို ကျိရွှေရှန့်အား အမြန်ဆုံး ပြောပြချင်နေခဲ့သည်။

သို့သော်လည်း သူမ ခြေလှမ်းနှစ်လှမ်းမျှသာ လှမ်းရသေးချိန်တွင် သစ်ကိုင်းကျိုးကျသံတစ်ခု ကြားလိုက်ရပြီး ညှီစို့စို့လေပြင်းတစ်ချက်နှင့်အတူ ကောင်းကင်မှ ဧရာမသတ္တဝါကြီးတစ်ကောင် ဆင်းသက်လာခဲ့သည်။

စူးချင်းက ကျိရှောင်ယင်ကို ချက်ချင်း ဖမ်းဆွဲလိုက်ပြီး ဧရာမကျောက်ဆောင်ကြီးတစ်ခုပေါ်သို့ ခုန်တက်လိုက်သည်။ ထိုကျောက်ဆောင်ကြီးက နှစ်ထပ်အဆောက်အဦးတစ်လုံးလောက် မြင့်မားနေသောကြောင့် ကျိရှောင်ယင်က အံ့သြနေခဲ့သည်။

အစ်မစူးချင်းက ဒီအပေါ်ကို ရောက်အောင် ဘယ်လို ခုန်တက်လိုက်တာလဲ?

ထို့နောက်တွင် ကျိရှောင်ယင်က ကျောက်ဆောင်အောက်ရှိ ဧရာမသတ္တဝါကြီးကို တွေ့သွားပြီး ထိတ်လန့်တုန်လှုပ်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။

"ကျား၊ အစ်မ၊ အဲ့ဒါက ကျား"

အနက်ရောင်အစင်းကြောင်းများနှင့် ရွှေရောင်အမွေးများရောနှောနေသော မန်ချူးကျားက အရက်စက်ဆုံး တိရစ္ဆာန်များထဲမှ တစ်ကောင်ဖြစ်ပြီး ၎င်း၏မျက်လုံးများက စူးရှကာ ခြေလက်များကလည်း သန်မာလွန်းလှသည်။ ၎င်း၏နဖူးပေါ်တွင် ဘုရင်ပုံစံ အစင်းကြောင်းတစ်ခု ရှိပြီး ၎င်း၏ချွန်ထက်သော ခြေသည်းများက လူတစ်ယောက်၏အူများကို အလွယ်တကူ ဖြတ်တောက်နိုင်စွမ်းရှိသည်။

သူ့၏အလစ်တိုက်ခိုက်မှုက လွဲချော်သွားပြီး သူ့၏သားကောင်းကို လွတ်သွားသောကြောင့် ကျားကြီးက ဒေါသထွက်သွားပုံရသည်။ ထိုကျားကြီးက ညှိုးနွမ်းနေသော သစ်ခြောက်ပင်ကြီးတစ်ပင်ကို သူ့၏ခြေသည်းများဖြင့် ကုတ်ဖဲ့နေပြီး ကျယ်လောင်သော ကျားဟန်းသံကို ဖွင့်ထုတ်လိုက်သည်။

ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်အများ တောက်ပနေသည့် မျက်လုံးဝိုင်းဝိုင်းကြီးများက ကျောက်ဆောင်ကြီးဆီသို့ ရောက်ရှိလာပြီး စူးချင်းနှင့် ကျိရှောင်ယင်ကို စိုက်ကြည့်နေခဲ့သည်။ သူက သူ့၏ ရှေ့ခြေနှစ်ချောင်းဖြင့် မြေကြီးကို ရှပ်နေကာ သူ့ပါးစပ်မှ ခြိမ်းချောက်နေရသည့်အသံကို ထုတ်လွှတ်နေခဲ့သည်။

"အစ်မ"

ကျိရှောင်ယင်က အလွန်ကြောက်လန့်နေပြီး သူမ၏အသံကပင် တုန်ရီနေပြီ ဖြစ်သည်။ သူမက တောင်တန်းများပေါ်တွင် ကြီးပြင်းလာခဲ့သော်လည်း ယခုအကြိမ်က ကျားတစ်ကောင်ကို အနီးကပ်မြင်ဖူးသည့် ပထမဆုံး အကြိမ်ဖြစ်သည်။ ထို့အပြင် ဤကျားကြီးက သူမကို သားကောင်အဖြစ် သဘောထားနေခြင်း ဖြစ်သည်။

“အဲဒီမှာနေ၊ မလှုပ်နဲ့”

စူးချင်းကတော့ အလွန်တည်ငြိမ်နေခဲ့သည်။

ဒီကျားကို သတ်နိုင်ရင် သူမရဲ့အမဲလိုက်စွမ်းရည် မြင့်မားလာမှာ သေချာတယ်။ အဆင့်နှစ်ဆင့်လောက်တောင် တက်သွားနိုင်တယ်။

ကျားအရေခွံကလည်း ကောင်းတဲ့အရာပဲ။ တန်ဖိုးကြီးကြီးနဲ့ ရောင်းချနိုင်တယ်။ မရောင်းရရင်တောင် အနွေးထည်အဖြစ် သုံးလို့ ရသေးတယ်။ ကျားရဲ့အသားကလည်း စားလို ရတယ်။ ပြီးတော့ ကျားရဲ့အစွယ်(သွား)တွေကို ကလေးငယ်တွေအတွက် လည်ဆွဲလေးတွေ လုပ်လို့ရမယ်၊ ကျားရိုးကတော့ အရမ်းကို အဖိုးတန်တဲ့ ဆေးဖက်ဝင်ပစ္စည်းပဲ။

ကျောက်ဆောင်အောက်တွင် စောင့်နေသော ကျားကြီးက သူ့၏ကျောရိုးအောက်ခြေမှ အေးစက်လာသလို ခံစားလိုက်ရသည်။

ဒီသားကောင်က ဘာလို့ ငါ့ကို သတ်ဖြတ်ချင်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတာလဲ?

သို့သော်လည်း ကျားကြီးက သူ့၏ကျားဂုဏ်သိက္ခာ မထိခိုက်စေရန် စူးချင်းကို ခြိမ်းချောက် ဟိန်းဟောက်လိုက်ပြီး စူးချင်းကို စတင်တိုက်ခိုက်တော့သည်။ ၎င်းက အလွန် ပါးနပ်လွန်းပြီး သုံးမီတာထပ်ပိုမြင့်သော ကျောက်တုံးကြီးပေါ်သို့ တစ်ခါတည်း မခုန်နိုင်သောကြောင့် စူးချင်းကို ကုန်းစောင်းပေါ်မှ တိုက်ခိုက်ရန် ၎င်း၏ဘေးရှိ တောင်စောင်းဆီသို့ ပြေးသွားခဲ့သည်။

“ဒီမှာနေ၊ လုံးဝ မလှုပ်နဲ့”

စူးချင်းက ကျိရှောင်ယင်ကို ထပ်ညွှန်ကြားလိုက်ပြီး ရှောင်ချီ့ကို သူမအတွက် သံမဏိဓားတစ်ချောင်းက ထုတ်ပေးခိုင်းလိုက်သည်။ နောက်ဆုံးတစ်ကြိမ် စစ်တပ်မှ သူမတို့ကို ရှာဖွေစဥ်အတွင်း သူမက အဆိုပါဓားများကို စနစ်ထဲတွင် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ သူမ၏စနစ်ထဲတွင် ထိုဓားမျိုး ဒါဇင်နှင့်ချီ ရှိနေပြီး တစ်ခါတရံ စနစ်ထဲတွင် လုပ်စရာ အလုပ်မရှိသည့်အချိန်၌ ရှောင်ချီက ထိုဓားများ တောက်ပြောင်ပြီး ထက်ရှနေသည်အထိ ဓားသွေးနေတက်သည်။

ကျိရှောင်ယင်က ကျားကို အလွန်ကြောက်နေသောကြောင့် သူမ၏ခြေထောက်များ အားနည်းသွားသလို ခံစားနေရသည်။ စူးချင်းက ကျားနှင့် တိုက်ခိုက်ရန် ရှေ့တိုးသွားသည်ကို မြင်လိုက်ချိန်တွင် သူမကိုယ်တိုင် ကြောက်ရွံ့တုန်လှုပ်နေသော်လည်း သူမ တစ်သက်တည်းတော့ ထွက်မပြေးချင်ခဲ့ပေ။

သူမက တုန်ရီနေသောလက်များဖြင့် သူမ၏ဒူးလေးကို ထုတ်ယူလိုက်ပြီး ကုန်းစောင်းပေါ်သို့ ပြေးတက်နေသော ကျားကြီးကို ချိန်ရွယ်လိုက်သည်။ ထူးဆန်းသည်မှာ ဒူးလေးကို ကိုင်လိုက်ပြီးနောက်တွင် သူမ မကြောက်တော့ပေ။ သူမက ကျားကြီး၏မျက်လုံးကို အေးအေးဆေးဆေး ချိန်ရွယ်ပြီး မြှားတိုလေးကို ပစ်လွှတ်လိုက်သည်။

မြှားတံက မြန်သော်လည်း ထိုကျားကြီးက ပိုမြန်နေပြီး ကျားကြီးက မြှားတံကို ရှောင်တိမ်းကာ စူးချင်းဆီသို့ ခုန်ဆင်းသွားခဲ့သည်။

ကျိရှောင်ယင်က နောက်ထပ်မြှားတံတစ်ချောင်းကို ချိန်ရွယ်လိုက်သော်လည်း ပစ်ဝံ့တော့ပေ။ စူးချင်းက ကျားကို ပိတ်ဆို့ထားပြီး ကျိရှောင်ယင်က သူမ ပစ်လိုက်လျှင် စူးချင်းအား ထိသွားမည်ကို စိုးရိမ်နေခဲ့သည်။

"ကူညီကြပါဦး! ဒီမှာ ကျားတစ်ကောင် ရောက်နေတယ်!”

မြှားတံကို ထပ်မပစ်နိုင်တော့သည်အတွက် ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးနှင့် အစ်ကိုကျုံးယုံတို့ သူမ၏အသံကို ကြားသွားပြီး အစ်မစူးချင်းကို ကယ်တင်ပေးနိုင်ရန် မျှော်လင့်ကာ သူမ အင်အားရှိသမျှ အသားကုန် အော်ဟစ်ပြီး အကူအညီတောင်းလိုက်သည်။

စူးချင်းက သူမ၏ သံမဏိဓားရှည်ဖြင့် ကျားကို ရင်ဆိုင် တိုက်ခိုက်နေခဲ့သည်။ သူမ၏စစ်နတ်ဘုရား စွမ်းရည်က အဆင့် ၃၅ သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူမက ဤကျားကို အလျင်အမြန် ကိုင်တွယ်ဖြေရှင်းနိုင်နေပြီ ဖြစ်သည်။ သူမက ဘေးသို့ ခုန်‌ကာ ကျားကြီး၏ ခြေသည်းနှင့် အစွယ်များကို ရှောင်တမ်းလိုက်ပြီး သူမလက်ထဲမှ သံမဏိဓားက ကျားကြီး၏မျက်လုံးဆီသို့ တိုးဝင်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် ကျားအရေခွံကိုတော့ အပျက်အစီး မခံနိုင်ဘုးလေ။ မဟုတ်ရင် သင့်တော်တဲ့စျေးနဲ့ ရောင်းချနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျားရဲ့မျက်လုံးက သူရဲ့အထိခိုက်နိုင်ဆုံးအပိုင်းပဲ။ မျက်စိကွယ်သွားရင်လဲ ကျားအရေခွံကတော့ ပျက်စီးမှာ မဟုတ်ဘူး။

သို့သော် ကျားက သားရဲတို့၏ဘုရင် ဖြစ်ပြီး လေထဲမှာ မည်သို့ရှောင်တိမ်းရမည်ကိုပင် သိနေခဲ့သည်။ သံမဏိဓား ဝင်ရောက်လာသည်ကို မြင်လိုက်သည်နှင့် ကျားကြီးက စူးချင်း၏ခေါင်းပေါ်ကို ခုန်ပျံကာ ရှောင်တိမ်းလိုက်သည်။ စူးချင်းက ကျား၏ဝမ်းဗိုက်ကို ဓားဖြင့် ထိုးခွဲလိုက်သည်။

သို့သော်လည်း ကျားကြီးက လျင်မြန်လွန်းနေပြီး စူးချင်း၏ခေါင်းပေါ်မှ ပျံသန်းပြီးနောက် လုံးဝ မရပ်ဘဲ ကျောက်တုံးပေါ်တွင် ရပ်နေသော ကျိရှောင်ယင်ဆီသို့ တည့်တည့် တိုးဝင်သွားခဲ့သည်။

ကျားကြီးက တိုက်ခိုက်ရေးတွင် အင်အားနည်းသော ကျိရှောင်ယင်ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။

ဒီသားကောင်က အောက်က ရက်စက်ကြမ်းကြုတ်တဲ့ သားကောင်ထက် ဖမ်းဖို့ ပိုလွယ်ကူတယ်။ ဘာပဲဖြစ်​ဖြစ်​အကုန်​လုံးက အသားတွေပဲ.....

All Chapters