← Chapters

သူက လူကောင်လား?

Vol. 14 Ch. 203

သူက လူကောင်လား?

Vol. 14 Ch. 203

"သွားကြရအောင်!"

ယဲ့လွီချွန်းတစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ဘဲ ကူကယ်ရာမဲ့ ဖြစ်သွားရသည်။

ဒီကလေးမလေးက သူမ လူသိခံလိုက်ရတာကို မကြောက်ဘဲ သူ ဘယ်လိုသိသွားလဲလို့တောင် ပြန်မေးနေသေးတယ်။ ခနနေရင် ဒီဆိုင်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတော့မယ်ဆိုတာကို သူမ မသိဘူးလား?

"သွားကြရအောင်"

စူးချင်းက ကျိရှောင်ယင်ကို ဆွဲခေါ်လိုက်ပြီး သူမတို့ ထွက်မသွားမီ ယဲ့လွီချွန်းကို တစ်ချက်စိုက်ကြည့်လိုက်သေးသည်။ တကယ်လို့ ဒီလူက သူလျှိုဖြစ်နေရင်တောင် သူက ကြင်နာတတ်တဲ့ သူလျှိုပဲဖြစ်လိမ့်မယ်။

ထိုအတွေးကြောင့် စူးချင်းက သူ့ကို လက်သီးအုပ်ကာ နှုတ်ဆက်ပြီးမှ ထွက်လာခဲ့သည်။ ယဲ့လွီချွန်း၏မျက်လုံးများထဲမှ ပြင်းထန်သော လူသတ်ရိပ်ကို သူမ မြင်နိုင်ပြီး ဤတရားမဝင်ဆိုင်က ယနေ့ အဆုံးသတ်တော့မည်ကို သူမ နားလည်လိုက်သည်။

“မသွားနဲ့ဦး။ မင်းတို့ ငွေမရှင်းရသေးဘူး!"

စားပွဲထိုးနှစ်ဦးက စူးချင်းနှင့် ကျိရှောင်ယင်တို့ကို တင်းမာသော အမူအရာဖြင့် ပိတ်ဆို့လိုက်ကြသည်။ စူးချင်းက သူတို့ကို အေးစက်စွာ ပြန်ကြည့်ကာ တိုက်ခိုက်တော့မည့်အချိန်တွင် ယဲ့လွီချွန်းက ဝင်ပြောလိုက်သည်။

“သူတို့အတွက် ငါ ပေးမယ်”

“လူကြီးမင်း၊ ဒီနေရာမှာ ဒီနေရာရဲ့စည်းကမ်း ရှိတယ်။ ဟင်းပွဲမျာသူတိုင်းက သူတို့ဘာသာငွေးပေးချေရမယ်”

ယဲ့လွီချွန်း၏စကားကို ကြားသည့်တိုင်အောင် စားပွဲထိုးနှစ်ယောက်က စူးချင်းတို့နှစ်ယောက်ကို လွှတ်ပေးရန် ရည်ရွယ်ချက်ရှိပုံမပေါ်ဘဲ သူမတို့ မထွက်ခွာနိုင်အောင် ဆက်လက် ပိတ်ဆို့ထားခဲ့သည်။

ဒါတွေအားလုံးက ဝဖြိုးတဲ့ သိုးတွေလေ။ ရေနွေးတစ်အိုးအတွက် ငွေတစ်လျန် ပေးဖို့ ဆန္ဒရှိနေတယ်ဆိုတော့ သူတို့ရဲ့အိတ်ထဲမှာ ငွေတွေအများကြီးရှိရမယ်။ ပြီးတော့ ဒီလူနှစ်ယောက်က နူးညံ့တဲ့ အသားအရည်ရှိတော့ သူတို့ရဲ့အသားကလည်း နူးညံ့မှာ သေချာတယ်။ သူ့တို့ညီငယ်လေးရဲ့ စားသောက်ဆိုင်ကို ပို့ပေးလိုက်ရင် ထိုက်သင့်တဲ့ဈေးနဲ့ ရောင်းချနိုင်မှာ သေချာတယ်။

သူတို့ရဲ့နားနေတည်းခိုဆောင်မှာ စည်းကမ်းတစ်ခု ရှိတယ်။ အမဲသားအရွတ်ကို မှာတဲ့သူတိုင်းက သူတို့ရဲ့အသက်ကို ဒီနေရာမှာ ချန်ထားခဲ့ရမယ်။

"မင်းတို့ အရင် ထွက်သွားလိုက်ကြ"

ယဲ့လွီချွန်းက စူးချင်းကို လက်ဟန်ပြလိုက်ပြီး သူ့ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ သူ ဓားကို ဆွဲထုတ်လိုက်သည်နှင့် နဂါးဟိန်းသံကဲ့သို့ အသံတစ်ခု ထွက်လာပြီး ဤသည်မှာ မရေမတွက်နိုင်သော လူများ၏ သွေးများ စွန်းထင်းခဲ့သည့် ဓားတစ်လက်ဖြစ်ကြောင်း အတည်ပြုနိုင်စေခဲ့သည်။

စူးချင်းက ထိုဓားကို တစ်ချက်ကြည့်လိုက်သည်။ ဤအဖိုးတန်ဓားက ကျိရွှေရှန့် ဆုံးရှုံးခဲ့ရသော လွမ်တောင်နှင့်ပင် နှိုင်းယှဉ်နိုင်သည်ကို သူမ တွေ့လိုက်ရသည်။

သူ ထွက်သွားခိုင်းလိုက်သည့် အမျိုးသမီးက သူ့ဓားကို အာရုံကျနေမှန်း ယဲ့လွီချွန်းက မသိခဲ့ပေ။ လက်ရှိအချိန်တွင် သူက စားပွဲထိုး၏လည်ပင်းပေါ်သို့ သူ့ဓားကို တင်ထားပြီး သူ၏ အေးစက်သော အသံတွင် သတ်ဖြတ်ရိပ်များ သယ်ဆောင်လာပြီ ဖြစ်သည်။

"အခု ထွက်သွားလို့ရပြီလား?"

“ရပါတယ်၊ ရပါတယ်၊ သူတို့ ထွက်သွားလို့ ရတယ်။ ဒီကလူကြီးမင်းက ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့”

ဆိုင်ရှင်က လက်ရှိအခြေအနေကို ချောချောမွေ့မွေ့ ကျော်ဖြတ်နိုင်အောင် အမြန်ပြေးလာပြီး ဝင်ဖြေလိုက်သည်။ အဲ့နှစ်ယောက်က ဆူဖြိုးတဲ့သိုးတွေ ဆိုပေမယ့် သူ့ရှေ့က သခင်လေးနှစ်ယောက်လောက်တော့ မဆူဖြိုးဘူးလေ။ ပြီးတော့ သူတို့ ဒီနေရာကနေ ထွက်သွားနိုင်ရင်တောင် ကျောက်ယွမ်စီရင်စုကနေ ထွက်ခွာနိုင်မှာ မဟုတ်ဘူး။

“ထိုင်ပါ၊ သောက်ကြပါဦး။ ဒီအရက်ပုလင်းက ဧည့်သည်နှစ်ယောက်ကို တောင်းပန်တဲ့အနေတဲ့ လက်ဆောင်ပေးတာပါ”

ဆိုင်ရှင်က လုံးဝ အပြုံးမပျက်ဘဲ သစ်သီးနီအရက်အိုးကို ယူလာပြီး ယဲ့လွီချွန်းအတွက် အရက်ဖြည့်ပေးလိုက်သည်။

သူက အရက် ထည့်ပေးနေရင်း တခြားစားပွဲတွင် အရက်သောက်နေသည့် လူတချို့ကို လှမ်းကြည့်လိုက်သည်။ ထိုလူများက ချက်ချင်း သဘောပေါက်သွားပြီး ခွေးခြေပေါ်တွင် တင်ထားသည့် သံမဏိဓားများကို ကောက်ကိုင်ကာ ထွက်သွားရန် ပြင်လိုက်ကြသည်။

“အဲဒီမှာ ရပ်နေကြစမ်း”

ယဲ့လွီချွန်းက ဆိုင်ရှင် ယူလာပေးသော အရက်အိုးကို ကောက်ကိုင်လိုက်ပြီး နှင့်အတူ တံခါးဆီသို့ လျှောက်သွားကာ ပြေးထွက်ရန် ပြင်နေသည့် ပိန်ပိန်ပါးပါးလူကို ရိုက်ချလိုက်သည်။

စူးချင်း နောက်သို့ ပြန်လှည့်ကြည့်လိုက်ချိန်တွင် အရက်အိုးက ထိုလူကြီး၏ခေါင်းပေါ်သို့ ကျလာပြီး ခေါင်းကွဲသွားသည်ကို တွေ့လိုက်ရတယ်။ ​ထိုလူက သူ့ခေါင်းကို ကိုင်ကာ ​အော်ဟစ်နေပြီး သွေးနှင့် အရက်များက သူ့မျက်နှာအနှံ့ စီးကျလာသည်။ ထိုအရည်များက သူ့မျက်လုံးများကို အလွန်ပူလောင်သွားစေပြီး မျက်လုံးပင် မဖွင့်နိုင်တော့ပေ။

"သူတို့လည်း ငွေမပေးရသေးဘူး!"

ယဲ့လွီချွန်း၏ ခပ်တိုးတိုး ရေရွတ်သံကို ကြားလိုက်သည်နှင့် ဆိုင်ရှင်၏အမူအရာက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

ယနေ့ရောက်လာသည့် ဤဆူဖြိုးသောသိုးက ကိုင်တွယ်ရခက်သည်ဟု ခံစားမိလိုက်သောကြောင့် သူက အံကြိတ်လိုက်ပြီး သန်မာသောယောက်ျားကြီးများကို ကြည့်ကာ လှမ်းအော်လိုက်သည်။

"လူကြီးမင်းတို့ ကျေးဇူးပြုပြီး ငွေပေးချေပါ"

အရိုက်ခံလိုက်ရသည်သူက နာကျင်မှုကြောင့် ဒေါသထွက်နေပြီး ယဲ့လွီချွန်းကို ဓားဖြင့် လှမ်းခုတ်လိုက်သည်။

"မင်းက ငါ့ခေါင်းကို ရိုက်ရဲတယ်ပေါ့... ငါ မင်းကို သတ်ပစ်မယ်"

သို့သော်လည်း သူက တစ်ဖက်လူ၏အနားသို့ပင် မကပ်နိုင်ဘဲ ယဲ့လွီချွန်း၏ကန်ချက်ဖြင့် လွင့်ပျံသွားပြီး သတိလစ်သွားခဲ့သည်။

စူးချင်းက ယဲ့လွီချွန်းကို တစ်ချက်ကြည့်လိုက်သည်။ သူမ မျှော်လင့်ထားသည့်အတိုင်း ဤလူက သိုင်းပညာတွင် အလွန်ကျွမ်းကျင်လှသည်။

"အစ်မ၊ သူက အရမ်းတော်တယ်!"

ကျိရှောင်ယင်က ယဲ့လွီချွန်း တခြားလူကို ရိုက်နှက်နေသည်အား စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ လူတွေကို ရိုက်နှက်တဲ့နေရာမှာ သူမရဲ့အစ်ကိုကြီးကလွဲရင် ဒီလူက ကြည့်အကောင်းဆုံးပဲ။

"သွားကြရအောင်!"

စူးချင်းက သူတို့က တာ့ထန်လူမျိုးများဖြစ်ကြောင်း ကျိရှောင်ယောင်ကို မပြောပြတော့ပေ။ ဤနေရာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ပေါ်ပေါက်လာမည်ဖြစ်သောကြောင့် သူမနှင့် ကျိရှောင်ယင်တို့က ထိုပြဿနာထဲသို့ ဝင်ပါပြီး ဒုက္ခရောက်မည်ကို သူမ မလိုလားပေ။

“ကောင်းပါပြီ”

ကျိရှောင်ယင်က စူးချင်း၏စကားကို သဘောတူလိုက်သော်လည်း သူမက ခြေလှမ်းတိုင်းတွင် သုံးခါလောက် ပြန်လှည့်ကြည့်နေသေးသည်။

ဒီခပ်မိုက်မိုက်သူရဲကောင်းက လူတိုင်းကို အနိုင်ယူတာပဲ။

"ငါတို့ ဒီနေရာကနေ မြန်မြန် ထွက်သွားရမယ်"

စူးချင်းက ကျောက်ယွမ်စီရင်စုက မလုံခြုံတော့သည်ကို ခံစားမိလိုက်ပြီး ကျန်နေသည့် နားနေတည်းခိုဆောင်များသို့လည်း မဝင်ချင်တော့ပေ။

အဲ့ဆိုင်တွေအားလုံးကလည်း ဒီလိုတရားမဝင်ဆိုင်တွေ ဖြစ်နိုင်တယ်။

လမ်းဘေးတွင် အသားမုန့်ပေါင်း(ပေါက်ဆီ)နှင့် မုန့်ပေါင်း(မန်ထို)များရောင်းနေသော ဆိုင်များကို တွေ့ရချိန်တွင်ပင် စူးချင်းက မုန့်ပေါင်းဝယ်ရန် အတော်စဥ်းစားနေရသည်။

ဒါတွေကိုလည်း လူ့အသားနဲ့ လုပ်ထားရင် ဘယ်လို လုပ်မလဲ?

သို့သော်လည်း သူမက မုန့်ပေါင်းများကို ဝယ်ချင်နေသောကြောင့် ဆိုင်ရှင်သူဌေးကို လှမ်းမေးလိုက်သည်။

"သူဌေး၊ ဒီမုန့်ပေါင်းက ဘယ်လောက်လဲ?"

"တစ်လုံးကို ဝမ်တစ်ရာ"

မုန့်ပေါင်းရောင်းသူက သူ့၏လက်ချောင်းတစ်ချောင်းကို ထောင်ပြလိုက်ပြီး ကျိရှောင်ယင်ကို အလွန်ထိတ်လန့်သွားစေပြန်သည်။

ဒီမြို့က မှောင်ခိုမြို့ပဲ၊ အဲ့တာကြောင့် ဒီနေရာက လမ်းဘေးဈေးသည်ကတောင် သူမတို့ကို လုရက်ချင်နေတာပဲ။

“ပေါင်မုန့်ဆယ်လုံးအတွက် ငွေတလျန်ပေါ့။ ငါ အလုံးတစ်ရာ လိုချင်တယ်"

စူးချင်းက တွက်ချက်မှုအချို့ ပြုလုပ်ခဲ့သည်။ တာ့ရှားရဲ့ငွေကြေးတွက်ချက်မှုအရ မုန့်ပေါင်း ဆယ်လုံးအတွက် ဝမ်တစ်ထောင်ဆိုတော့ အဲ့တာက ငွေတစ်လျန်ပေါ့၊ ငွေဆယ်လျန်ဆိုရင် မုန့်ပေါင်းတစ်ရာ ဝယ်နိုင်မယ်။ ရေတစ်အိုးကို ငွေတလျန်နဲ့ ရောင်းတဲ့ဆိုင်နဲ့ ယှဉ်ရင် ဈေးသက်သာတယ် ပြောရမယ်။

ရောင်းသူက ဖောက်သည်ကြီးတစ်ဦးနှင့် တွေ့ဆုံရန် မမျှော်လင့်ထားခဲ့ပေ။ ယနေ့တွင် သူ့၏မုန့်ပေါင်းများ အကုန် မရောင်းရမည် စိတ်ပူနေခဲ့ပြီး ယခုအချိန်တွင် သူက မုန့်ပေါင်းများကို ပျော်ပျော်ရွှင်ရွှင် ထုပ်ပိုးပေးလိုက်ပြီး စူးချင်း မုန့်ပေါင်းများ ထည့်နိုင်ရန် သူ့၏ခြင်းတောင်းကိုပင် လက်ဆောင်ပေးလိုက်သေးသည်။

ကျိရှောင်ယင်၏နှလုံးသားကတော့ နာကျင်ခြင်းကိုသာ ခံစားနိုင်‌တော့သည်။

ငွေဆယ်လျန်ဆိုရင် စပါးရှီလေးဆယ်ဝယ်နိုင်တယ်။ ဒီမုန့်ပေါင်းတွေက ဘာလို့ ဒီလောက်စျေးကြီးရတာလဲ?

ကျိရှောင်ယင်က ငွေအတွက် စိတ်ဆင်းရဲနေချိန်တွင် ချိုးယုံခန်းကလည်း စပါးနှင့် ဆားစျေးကို သိလိုက်ရပြီး အလွန်စိတ်ဓာတ်ကျနေခဲ့သည်။

ဒီမှာ ဈေးတွေက အရမ်းကြီးလွန်းတယ်။ ငွေတစ်လျန်ရှိရင် ဆန်လုံးညိုနှစ်ရှီပဲ ဝယ်လို့ ရတော့တယ်။ ကပ်ဘေးမဖြစ်ခင်က ငွေတစ်လျန်ကို ဆန်လုံးညိုခြောက်ရှီရနိုင်တယ်။

ကျိရွှေရှန့်က စိတ်နှလုံးကြေကွဲနေသော ချိုးယုံခန်းကို မြင်သွားပြီး သူ့၏ပခုံးကို ပုတ်ကာ လှမ်းပြောလိုက်သည်။

"ဝယ်လိုက်ပါ"

သူ အန်းကွမ်ရှင်းဆီကနေ ရလာတဲ့ ငွေလျန်ငါးရာနဲ့ဆိုရင် စားနပ်ရိက္ခာတွေ အများကြီး ဝယ်လို့ရသေးတယ်။ ပြီးတော့ ဒီလို ကပ်ဘေးတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ အစားအစာက ငွေထက် ပိုအရေးကြီးတယ်။ စားစရာရှိမှ ရှင်သန်နိုင်မယ်။ စားစရာ မဝယ်ဘဲ ငွေကိုပဲ သိမ်းထားနေရင် ငတ်သေသွားလိမ့်မယ်။

ချိုးယုံခန်းကလည်း ထိုအရာကို နားလည်နိုင်သူ ဖြစ်သည်။ သို့သော်လည်း သူ၏စိတ်ထဲတွင်တော့ နာကျင်နေဆဲပင်။

သူတို့က စပါးလှည်းသုံးစီးစာနှင့် ဆားအမြောက်အမြားကို ဝယ်ယူခဲ့သည်။ ငွေဒါဇင်ပေါင်းများစွာ ကုန်ကျခဲ့ပြီး ငွေစက္ကူများကို လွှဲပေးနေရချိန်တွင် ချိုးယုံခန်းက အလွန်စိတ်မကောင်း ဖြစ်နေပြီး ထိုငွေစက္ကူများကို ပြန်လုယူချင်နေမိသည်။

စားနပ်ရိက္ခာများ ဝယ်ယူပြီးနောက် သူတို့က စူးချင်းနှင့် ကျိရှောင်ယင်တို့ ပြန်လာမည့်အချိန်ကို စောင့်နေခဲ့ကြသည်။ စပါးဆိုင်မှ ဆိုင်အကူက သူတို့၏စပါးအိတ်များကို လှည်းပေါ်တင်‌ပေးနေပြီး ကြိုးဖြင့် သေသေချာချာ ချည်ပေးနေခဲ့သည်။ သူက မည်သည့်နေရာသို့ လိုက်ပို့ရမလဲ ဟုပင် မေးနေသေးသည်။

ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က ဝိုးတဝါးပြန်ဖြေလိုက်ပြီး အမှန်တရားကို မပြောခဲ့ကြပေ။

စူးချင်းနှင့် ကျိရှောင်ယင်တို့က မုန့်ပေါင်းအချို့ကို ဝယ်ယူပြီး ချက်ချင်းပြန်လာခဲ့ကြသည်။ သူမတို့နှစ်ယောက်လည်း ဆားလောင်နေသောကြောင့် လမ်းလျှောက်ရင်း မုန့်ပေါင်းများ စားလာကြသည်။ လတ်လတ်ဆတ်ဆတ် ပေါင်းထားပုံရသော မုန့်ပေါင်းများက အရသာရှိပြီး ဒီအတိုင်း စားလျှင်ပင် အရသာ ရှိနေခဲ့သည်။

(T/n: မုန့်ပေါင်း(မန်ထို)က အထဲမှာ အစာမပါတော့ ပုံမှန်ဆို အသားဟင်းတို့ စွတ်ပြုတ်တို့နဲ့ တွဲစားတာပါ)

ကျိရွှေရှန့်တို့က စပါးများကို လှည်းပေါ်တင်ထားပြီး ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် စူးချင်းက ကျိရှောင်ယင်ကို ထိုနေရာသို့ ခေါ်ဆောင်လာခဲ့သည်။

"အားလုံး ဝယ်ပြီးပြီလား?"

စူးချင်းက ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။

“ကိုယ်တို့ ဝယ်ပြီးပြီ။ မင်း လိုအပ်တာတွေ ဝယ်ပြီး ပြန်လို့ရပြီ”

"အစ်ကိုကြီး၊ အစ်ကိုယုံခန်း၊ မုန့်ပေါင်း နည်းနည်း စားပါဦး"

ကျိရှောင်ယင်က သူမ၏ခြင်းတောင်းထဲမှ မုန့်ပေါင်းပူပူလေးများကို ထုတ်လိုက်ပြီး သူမအစ်ကိုနှင့် ချိုးယုံခန်းအား လှမ်းပေးလိုက်သည်။ ချိုးယုံခန်းက မုန့်ပေါင်းကို လှမ်းယူလိုက်ပြီး ကျိရှောင်ယင်၏တောက်ပသော မျက်လုံးလေးများကို ကြည့်ကာ အပြုံးဖြင့် ပြန်မေးလိုက်သည်။

"ရှောင်ယင်‌ရော စားပြီးပြီလား?"

"အင်း​ ကျွန်မ နှစ်ခုတောင် ​စားခဲ့တယ်​"

ကျိရှောင်ယင်က သူမ၏ကြက်သွန်မြိတ်လေးကဲ့သို့ သေးသွယ်ပြီး လှသော လက်ချောင်းနှစ်ချောင်းကို ထောင်ပြကာ ချိုးယုံခန်းကို အပြုံးဖြင့် ပြန်ပြောလိုက်သည်။

တကယ်တော့ သူမ နှစ်လုံးလောက် ထပ်စားနိုင်သေးတယ်ဆိုပေမယ့် ထပ်မစားတော့ဘူး။ သူမက ဒါတွေကို ထောင်ဟွားဝူက ရွာသူရွာသားတွေအတွက် ပြန်ယူသွားချင်သေးတယ်။

“ကျွန်မ အပ်ချည်နဲ့ အထည်တွေ ဝယ်ဖို့ ကျန်နေသေးတယ်။ ကျွန်မကို ခဏ စောင့်ပေးဦး"

စူးချင်းက ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့ကို လှမ်းပြောလိုက်ပြီး ကျိရှောင်ယင်ကို သူမ၏နောက်သို့ မလိုက်စေဘဲ သူမဘာသာသူမ တစ်ယောက်တည်း သွားဝယ်မည်ဟု ပြောလိုက်သည်။

ကျိရှောင်ယင်က နာခံစွာ ခေါင်းညိတ်လိုက်သော်လည်း စူးချင်းက သူမကို ထပ်မှာနေသေးသည်။

“အစ်ကိုကြီးရဲ့အနားမှာပဲ နေနော်။ ဒီမြို့က မလုံခြုံဘူး”

ကျိရှောင်ယင်က နာနာခံခံ ခေါင်းငြိမ့်လိုက်ပြီး သူမကို စိတ်မပူရန် ပြန်ပြောလိုက်သည်။

ထိုမှသာ စူးချင်းက စိတ်အေးအေးဖြင့် ထွက်ခွာသွားခဲ့သည်။ ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးကို နားနေတည်းခိုဆောင်မှ အဖြစ်အပျက်များအား ပြန်ပြောပြနေခဲ့သည်။

“အစ်ကိုကြီး၊ ကျောင်းဝမ်ရှန့်ရှမာဆိုတဲ့ နေရာက လူအသားတွေ ရောင်းတဲ့ မှောင်ခိုဆိုင်ပဲ။ အစ်မစူးချင်းနဲ့ ညီမလေးတောင် အပြင်ကို မနည်းပြန်ထွက်လာရတယ်”

"ဟုတ်လား? သူတို့ လူတွေရဲ့အသားကို ရောင်းတာကို မင်းတို့ ဘယ်လို သိခဲ့တာလဲ?"

ကျိရွှေရှန့်က လူ၏အသားများကို အသားမုန့်‌ပေါင်း၏အစာအဖြစ် သုံးကာ တရားမဝင်ရောင်းချသည့်ဆိုင်များ ရှိသည်ကို ကြားဖူးသော်လည်း ၎င်းက တခြားသူများ၏အပြောကို ကြားဖူးရုံသာဖြစ်သည်။ ထိုကဲ့သို့တရားမဝင်ဆိုင်မျိုးက အမှန်တကယ် ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“အဲ့ဒါက…”

ကျိရှောင်ယင်က သူမ၏ပါးစပ်ကို ဖွင့်လိုက်ချိန်တွင် သွေးများ ဖုံးလွှမ်းနေသော လူတစ်ဦးက သူတို့ဆီသို့ ဦးတည်ကာ ပြေးလာနေသည်ကို တွေ့လိုက်ရသည်။

All Chapters