← Chapters

စောစော မဆုံဖြစ်တာ စိတ်မကောင်းစရာပဲ

Vol. 14 Ch. 207

စောစော မဆုံဖြစ်တာ စိတ်မကောင်းစရာပဲ

Vol. 14 Ch. 207

ကျိရွှေရှန့်က မီးဖိုချောင်ကို ရှာတွေ့သွားပြီး ထိုနေရာသို့ အရောက်တွင် စူးချင်းက ဇွန်းကြီးတစ်ချောင်းကို ကိုင်ကာ အိုးထဲသို့ မွှေနေသည်ကို တွေ့လိုက်ရသည်။ တည်းခိုဆောင်မှ စာဖိုးမှူးက သူမ၏နောက်သို့ ကုတ်ကုတ်လေး လိုက်ပါနေပြီး သူမထံမှ သင်ယူနေပုံရသည်။ မီးတောက်များကြောင့် သူမ၏အေးစက်သော မျက်နှာလေးတွင် မီးရှိန်ဟပ်နေပြီး စူးချင်း၏မျက်နှာလေးက နီရဲနေလေသည်။

ထိုကဲ့သို့ မီးရောင်လွှမ်းနေသော စူးချင်း၏အသွင်အပြင်က မီးရှူးမီးပန်းလေးများနှင့်တူနေပြီး ကျိရွှေရှန့်က သူမကို ပို၍ နှစ်သက်လာမိသည်။

နှစ်ယောက်သား စိတ်ချင်းဆက်နေပုံဖြင့် စူးချင်းက အပေါက်ဝသို့ လှမ်းကြည့်လိုက်ပြီး ကျိရွှေရှန့်ကို တွေ့သွားခဲ့သည်။ သူမ၏လှပသော မျက်လုံးများထဲမှ အပြုံးရိပ်တစ်ခု ထွက်ပေါ်လာပြီး သူမ၏အသံကလည်း မယုံနိုင်လောက်အောင် သာယာနေခဲ့သည်။

“မကြာခင် အဆင်သင့် ဖြစ်တော့မယ်”

"အင်း၊ ကိုယ် ဟင်းပွဲတွေ ကူသယ်ပေးမယ်"

ကျိရွှေရှန့်၏နှုတ်ခမ်းပေါ်တွင်လည်း နွေလေညင်းကဲ့သို့ ပေါ့ပါးသော အပြုံးတစ်ခု ဖြစ်ပေါ်လာပြီး သူ့အသံက ကမ္ဘာပေါ်မှ အကောင်းဆုံးတေးဂီတနှင့် ဆင်တူနေခဲ့သည်။ သူတို့က အလွန်ချစ်ခင်ကြသော စုံတွဲများနှင့်ဆင်တူနေပြန်သည်။

ထို့ကြောင့် တည်းခိုဆောင်မှ စားဖိုမှူးနှင့် စားပွဲထိုးများအားလုံး အလွန် သက်သာသွားကြသည်။ စူးချင်းက ချက်ပြုတ်ပြီး ကျိရွှေရှန့်က ဟင်းပွဲများကို တည်ခင်းပေးနေကာ နှစ်ယောက်သား ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်နေကြသည်။

ဤနားနေတည်းခိုဆောင်မှ စားဖိုမှူးများ၏လက်ရာက သာမာန်သာ ဖြစ်သော်လည်း သူတို့က ဤမျှလောက်သော ပါဝင်ပစ္စည်းများနှင့် ဟင်းချက်အမွှေးအကြိုင်များကို မည်သည့်နေရာမှ ရခဲ့သည်ကို စူးချင်းလည်း မသိနိုင်တော့ပေ။ သို့သော်လည်း သူမအတွက် အချိန်ကောင်းလေးတစ်ခုကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။

စူးချင်းက သူမ၏အချက်အပြုတ်ကျွမ်းကျင်မှုကို အဆင့်မြှင့်တင်နိုင်ရန် ဤနေရာတွင် ရနိုင်သမျှ ပါဝင်ပစ္စည်းများနှင့် ဟင်းချက်အမွှေးအကြိုင်များကို အသုံးပြုခဲ့သည်။ ထို့ကြောင့် သူမ၏ဟင်းပွဲများအားလုံးက အရောင်အဆင်း၊ အနံ့၊ အရသာတို့ဖြင့် ပြီးပြည့်စုံကာ လှပတင့်တယ်နေခဲ့သည်။ သူမက မုန်လာဥနီဖြင့် အသက်ဝင်သော ဖီးနစ်တစ်ကောင်ကို ပုံဖော်ထားပြီး ခပ်မြင့်မြင့် မြှောက်ထားသော အတောင်တစ်စုံကိုပင် ထည့်သွင်းပုံဖော်ထားသေးသည်။ ထိုဖီးနစ်၏ဂုဏ်ယူဝင့်ကြွားနေဟန်က စူးချင်း၏အမူအရာနှင့် ထပ်တူဖြစ်နေပြန်သည်။

"အစ်ကိုကြီး ဇနီးရဲ့ဟင်းချက် လက်ရာက အရမ်းကောင်းတာပဲ"

စူးချင်း ချက်ထားသော ဝက်သားပြန်ချက်ကို မြည်းစမ်းပြီးနောက်တွင် ယဲ့လွီချွန်းက ကျိရွှေရှန့်ကို အံ့သြတကြီး လှမ်းပြောလိုက်သည်။

အရသာက ထူးခြားပြီး အရောင်ကလည်း အနီရောင် တောက်တောက် ဖြစ်နေသေးတယ်၊ အဆီများပေမယ့် မအီပဲ အရသာက လတ်ဆတ်ပြီး အစပ်အရသာကိုလည်း ခံစားနိုင်တယ်။

သူတို့တိုင်းပြည်မှ အစားအသောက်များက သိပ်ပြီး လေးလေးပင်ပင် မရှိသောကြောင့် စူးချင်း၏ဟင်းပွဲများက ယဲ့လွီချွန်းကို ဖမ်းစားနိုင်ခဲ့သည်။

"ချင်းအာရဲ့အချက်အပြုတ်ကျွမ်းကျင်မှုက ထူးချွန်အဆင့်ကို ရောက်နေပြီ"

ကျိရွှေရှန့်က နှိမ့်ချမှု လုံးဝ မရှိခဲ့ပေ။ သူ့၏စကားနှင့်အတူ သူ့၏ဂုဏ်ယူနေသောအကြည့်များက စူးချင်း၏လှုပ်ရှားမှုများ နောက်သို့ လိုက်ပါနေခဲ့သည်။

ဒါက သူရဲ့မိန်းခလေး ဖြစ်ပြီး သူမက ဘယ်သူမှ မယှဉ်နိုင်လောက်အောင် ထူးချွန်ထက်မြက်လွန်းတယ်။

စူးချင်းက နောက်ဆုံးဟင်းပွဲဖြစ်သော ရှဥ်းငါးကြင်းချိုချဥ်ပန်းကန်နှင့်အတူ မီးဖိုချောင်မှ ထွက်လာသည်။ ထိုဟင်းပွဲ၏အသွင်အပြင်က အလွန်လှပပြီး နားနေတည်းခိုဆောင်တွင် စားသောက်နေကြသော လူများအားလုံးကို ဤဟင်းဖြင့် ဆွဲဆောင်နိုင်ခဲ့သည်။

(ရှဥ်းငါးကြင်းချိုချဥ်- ကိုယ့်ဘာသာကိုယ် နာမည်ပေးလိုက်တယ်။ ဘယ်လို ခေါ်မှန်း မသိလို့ပါ၊ ငါးကြင်းကို ရှဥ့်အမွှေးလေးတွေလို ဖွားဖွားလေး ပုံဖော်ထားပြီး ငါးချိုချဥ်ပေါင်းထားတာပါ)

"ဒါကို ဘယ်လိုထင်လဲ မြည်းကြည့်ပါဦး"

စူးချင်းကလည်း သူမ၏ ဟင်းချက်လက်ရာလည်း သူမဘာသာ ပြန်သဘောကျနေခဲ့သည်။ ဆော့ မရှိသောကြောင့် ခရမ်းချဉ်သီးကို အသုံးပြုပြီး သူမကိုယ်တိုင် ဆော့ ပြုလုပ်ခဲ့ရသည်။ ထိုရှဉ့်ငါးကြင်းချိုချဥ်ဟင်းပွဲကို ပြုလုပ်ပြီးနောက် သူမ၏ဟင်းချက်ကျွမ်းကျင်မှုက အဆင့်တက်လာခဲ့သည်။ ဟင်းချက်ကျွမ်းကျင်မှုက အဆင့်ရှစ်သို့ ‌ရောက်သွားပြီး အမြင့်ဆုံးအဆင့်သို့ ‌ရောက်လုနီးပါးဖြစ်နေပြီ ဖြစ်သည်။ သူမ၏ရုပ်ပိုင်းဆိုင်ရာ ခွန်အား၊ ဝိညာဉ်စွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအားနှင့် စစ်နတ်ဘုရားစွမ်းရည်တို့အားလုံးကလည်း အဆင့် ၃၅ အထိ တိုးလာခဲ့သည်။ သူမက ပိုမိုခွန်အားရှိလာသောကြောင့် သူမ၏ မျက်လုံးနှင့် နားများကလည်း ပို၍ အာရုံခံစားလွယ်လာပြီး သူမကိုယ်တိုင်လည်း ပို၍ တက်ကြွလာသည်ဟု သူမ ခံစားနေမိသည်။

"အမ်း...ကျွန်တော် ဒါကို မစားရက်တော့ဘူး"

ယဲ့လွီချွန်းက လှပသော ရှဉ့်ငါးကြင်းကြီးကို ကြည့်နေပြီး မစားရက်သလို ဖြစ်နေသောကြောင့် သူ၏တူကို ‌ရွှေ့လျားရန် တုံ့ဆိုင်းနေမိသည်။

"ငါလည်း ဒါကို ပထမဆုံး အကြိမ် စားရမှာပဲ"

ကျိရွှေရှန့်က စူးချင်းကို အပြုံးဖြင့် စိုက်ကြည့်နေခဲ့သည်။

သူမက အမြဲတမ်း သူ့အတွက် အံ့အားသင့်ဖွယ်တွေနဲ့ တုန်လှုပ်ချောက်ချားမှုတွေကို ယူဆောင်လာတက်တယ်။ ဒီလို ဇနီးတစ်ယောက် ရနိုင်ရင် သူမရဲ့ခင်ပွန်းက ဘယ်အရာ ထပ်ပြီး တောင်းဆိုပါတော့မလဲ?

"အရသာကလည်း အံ့မခန်းပဲ"

ယဲ့လွီချွန်းက ငါးအသားတစ်ပိုင်းကို ကောက်ယူကာ ဝါးစားလိုက်ပြီး ချက်ချင်းပင် ချီးကျူးလိုက်သည်။

အရောင်က တောက်ပတယ်၊ ငါးရဲ့အသားက နူးညံ့ပြီး လတ်ဆတ်တယ်၊ အနံ့က မွှေးတယ်။ အရသာက ချိုမြိန်သလို အချဉ်အရသာလည်း ရှိနေတာကြောင့် အရသာခံဖုလေးတွေအတွက် နှစ်ဆပျော်စရာ ဖြစ်စေတယ်။

သူတို့ စားသောက်ပြီးကြသည်အထိ ယဲ့လွီချွန်းက စူးချင်းကို ချီးကျူးနေဆဲဖြစ်သည်။

သူမက ဆေးပညာကို တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့အပြင် သူမရဲ့ဟင်းချက်စွမ်းရည်ကလည်း ထူးခြားနေသေးသည်။ ကမ္ဘာပေါ်မှာ ဒီလို ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက် ဘယ်လို ရှိလာနိုင်တာလဲ?

“အစ်ကိုကြီး၊ အစ်ကိုကြီးက ဒီလိုဇနီးကောင်းတစ်ယောက်နဲ့ လက်ထပ်တာကို ကျွန်တော် မနာလို ဖြစ်မိတယ်”

အရက်သောက်ထားသောကြောင့် ယဲ့လွီချွန်းက ထိန်းထိန်းသိမ်းသိမ်း မရှိတော့ပေ။ သူက ကျိရွှေရှန့်၏ပုခုံးကို ဖတ်ထားပြီး သူ မနာလိုဖြစ်နေသည့်အကြောင်း ပြောပြနေခဲ့သည်။

"ချင်းအာနဲ့ ငါနဲ့က လက်မထပ်ရသေးပါဘူး။ ငါတို့ လက်ထပ်တဲ့အခါ ညီလေးယဲ့လွီကို မင်္ဂလာပွဲတက်ဖို့ ဖိတ်လိုက်မယ်”

ကျိရွှေရှန့်က ပြုံးနေပြီး သူ့ကို ပြန်ပြောလိုက်သည်။ အတူတူ အရက်သောက်ပြီးနောက်တွင် ယဲ့လွီချွန်းက ရိုးရိုးရှင်းရှင်းနှင့် ရိုးသားသူဖြစ်ကြောင်း သူ သိလိုက်ရသည်။

ယဲ့လွီချွန်းက ရှောင်ယင်ကို ကယ်တင်ပေးခဲ့ပြီး လွမ်တောင်ကိုလည်း နှမြောမနေဘဲ ချက်ချင်း ပြန်ပေးခဲ့တယ်။ အဲ့တာကြောင့် သူနဲ့ မိတ်ဖွဲ့ထိုက်တယ်။ တာ့ထန်မှာ လူကောင်းတွေလည်း ရှိနေသေးတယ်။

သူဆိုတဲ့ ကျိရွှေရှန့်ကလည်း သမာရိုးကျ တစ်သတ်မတ်တည်း ကန့်သတ်တက်တဲ့သူ မဟုတ်ဘူး။ မိတ်ဆွေဖွဲ့နိုင်သရွေ့ သူက တခြားလူရဲ့ကိုယ်ပိုင်လက္ခဏာကို ဂရုမစိုက်တက်ဘူး။

"လာမှာပေါ့၊ သေချာပေါက် ပွဲတက်မယ်"

ယဲ့လွီချွန်းက သူ့၏အရက်ပန်းကန်ကို ချက်ချင်း မြှောက်လိုက်ပြီး “ဂုဏ်ယူပါတယ်”

သူတို့ လုံလုံလောက်လောက် စားသောက်ပြီးနောက်တွင် ယဲ့လွီချွန်းက စူးချင်းကို သူနှင့်အတူ တာ့ထန်သို့ ပြန်ခေါ်သွားရန် မစောင့်နိုင်တော့ပေ။

သူတို့ မြန်​မြန်​ပြန်သွား​လေ သူ့​အ​မေရဲ့​ရောဂါ​က မြန်​မြန်​ပြန်​ကောင်း​လာနိုင်​လေ​ပဲ။

အခုတော့ သူ့မှာ စူးချင်းအပေါ်ကို နားမလည်နိုင်တဲ့ ယုံကြည်မှုတစ်ခု ရှိနေပြီ။ ဒီအမျိုးသမီးက သူ့အမေရဲ့ရောဂါကို ကုသပေးနိုင်မယ်လို့ ပြောရင် သူမ တကယ် ကုသပေးနိုင်လိမ့်မယ်။ ဒီအမျိုးသမီး မလုပ်နိုင်တဲ့အရာ ဘာမှ မရှိနိုင်ဘူး။

“ညီလေး၊ အဲ့လောက် စိတ်မပူပါနဲ့။ ငါတို့က ငါတို့ရဲ့မျိုးနွယ်စုဝင်တွေ ဘေးကင်းစေဖို့ ကျင့်ရှီလျိုမြောင်ကို အရင် သွားရဦးမယ်။ ပြီးတာနဲ့ ချင်းအာနဲ့ ငါ မင်းကို ရှာဖို့ တာ့ထန်ပြည်ထောင်ကို လာခဲ့မယ်"

ကျိရွှေရှန့်က ချက်ချင်း သဘောမတူနိုင်ခဲ့ပေ။ သူ့ပခုံးပေါ်မှာ တာဝန်တွေ ရှိနေတုန်းပဲ။ စူးချင်းကိုလည်း တာထန့်ကို တစ်ယောက်တည်း သွားခွင့်မပြုနိုင်တဲ့အတွက် ရက်အနည်းငယ် ရွှေ့ဆိုင်းဖို့ပဲ တက်နိုင်တော့တယ်။

"ကောင်းပါပြီ၊ ဒါပေမယ့် မြန်မြန်တော့ လာခဲ့နော် အစ်ကိုကြီး"

တဖက်လူတွင် တာဝန်များရှိနေသေးကြောင်း ကြားသိလိုက်ရသောကြောင့် ယဲ့လွီချွန်းကလည်း သူတို့ကို အတင်းအကြပ် ဖိအားမပေးတော့ပေ။ သို့သော်လည်း သူက သူ့အမေကို ကုသပေးရန် စူးချင်း တာထန့်သို့ အမြန်ရောက်လာဖို့ မျှော်လင့်နေခဲ့သည်။

"အစ်ကိုကြီးတို့ တာ့ထန်ကို ရောက်တဲ့အခါ ဒီတံဆိပ်ပြားကို ပြလိုက်ပါ။ တစ်ယောက်ယောက်က ကျွန်တော်ကို တွေ့ဖို့ ခေါ်သွားပေးလိမ့်မယ်"

ယဲ့လွီချွန်းက အနက်ရောင်တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ပြီး ထိုတံဆိပ်ပြားပေါ်တွင် ကျိရွှေရှန့်နှင့် စူးချင်းတို့ နားမလည်နိုင်သော မွန်ဂိုစကားလုံးများ ပါရှိနေခဲ့သည်။ ထိုတံဆိပ်ပြားက ကျိရွှေရှန့်၏နှလုံးခုန်သံ စောင့်တက်သွားစေခဲ့သည်။

တာ့ထန်ပြည်ထောင်မှာ ဒီလူရဲ့အဆင့်အတန်းက မနိမ့်လောက်ဘူး။ သာမန်လူတစ်ယောက်မှာ ဘယ်လိုလုပ်ပြီး တံဆိပ်ပြားရှိနိုင်မှာလဲ?

စူးချင်းက ယဲ့လွီချွန်း၏မိခင် ခံစားနေရသော ရောဂါနှင့် သူမ၏ခံစားနေရသော လက္ခဏာများကို အသေးစိတ် မေးမြန်းလိုက်ပြီး သူမ၏အခြေအနေ ပိုဆိုးမသွားစေရန်နှင့် နာကျင်မှုသက်သာစေရန် အဘွားအို သောက်နိုင်မည့် ဆေးများကို ညွှန်းကြားပေးလိုက်သည်။

ယဲ့လွီချွန်းက အားလူနှင့် ပြန်ထွက်ခွာမသွားမီ သူမကို ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ပြောခဲ့သည်။

ယဲ့လွီချွန်းနှင့် လမ်းခွဲပြီးနောက် ကျိရွှေရှန့်နှင့် စူးချင်းတို့က သူတို့ အထည်ဆိုင်သို့ မသွားရသေးကြောင်း သတိရသွားပြီး အတူတူ သွားလိုက်ကြသည်။

"သခင်လေး၊ မင်း အဆင်ပြေနေသေးတယ်လား?"

စူးချင်း ဘေးကင်းစွာ ပြန်ရောက်လာသည်ကို တွေ့လိုက်ရသောကြောင့် ဆိုင်ရှင်က အံ့သြနေပုံရသည်။

"အင်း၊ ကျုပ် မှာခဲ့တာတွေ ပြင်ဆင်ပြီးပြီလား?"

စူးချင်းက ခေါင်းညိတ်ပြ လိုက်သည်။

ဆိုင်ရှင်ရဲ့ကြင်နာတဲ့ သတိပေးချက်က သူမ ကောင်းဖို့အတွက်ပါ။ အဲ့တာကြောင့် သူမက သူ့ရဲ့စကားတွေကို ဗွေမယူတော့ဘူး။ သူမက သူမ မှားထားတဲ့ ပစ္စည်းတွေကို ယူပြီး ထွက်သွားချင်ရုံပဲ ရှိတယ်။

“ချက်ချင်း၊ အခု ချက်ခြင်း ပြင်ပေးမယ်နော်”

ဆိုင်ရှင်က အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။ သူက ဒီသခင်လေး ပြန်မလာတော့ဘူးလို့ ထင်ထားတဲ့အတွက် ဆိုင်အကူကို မထုတ်ပိုးဖို့ ညွှန်ကြားခဲ့တာလေ။

"မင်းရဲ့အချိန်ကို နှောင်နှေးစေမိတဲ့အတွက် လျော်ကြေးအနေနဲ့ စျေးနှုန်းကို ဆယ်ပုံတစ်ပုံ လျှော့ပေးပါ့မယ်"

ဆိုင်ရှင်က စကားပြောရ လွယ်ကူသူ ဖြစ်ပြီး တောင်းပန်သည့်အနေဖြင့် စျေးနှုန်းကို စိတ်လိုလက်ရ လျှော့ချပေးလိုက်သည်။

စူးချင်းက သူ့အတွက် ခက်ခဲစေမည့်အရာများကို မဖန်တီးတော့ဘဲ ထုတ်ပိုးသည်ကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။

ဆိုင်ရှင်က ကတိတည်သူဖြစ်သည်။ သူ ရောင်းချပေးသောစျေးက လောချန်ထက် နှစ်ဆခန့် မြင့်မားနေသောလည်း ကျောက်ယွမ်စီရင်စုအနေဖြင့် စျေးသက်သာနေပြီဟု ဆိုရပေမည်။

စူးချင်းကလည်း ဈေးထပ်မစစ်တော့ပေ။ ဤနေရာသို့ သယ်ယူပို့ဆောင်ရမည့် စရိတ်စကများက အလွန်မြင့်မားနိုင်ပြီး သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်အတွင်း အခြားသူများကလည်း အလွယ်တကူ လုယူသွားနိုင်သေးသည်။ ထိုအရာများအားလုံးကို အရင်းအနှီး၏ကုန်ကျစရိတ်အဖြစ် ထည့်တွက်သင့်ပေသည်။

အရေးကြီးဆုံးအချက်က လူတစ်ဦးချင်းထံ ရောင်းချရန် ကန့်သတ်ထားသော လောချန်နှင့်မတူဘဲ ဤနေရာတွင် ဝါဂွမ်းများကို လွတ်လပ်စွာ ဝယ်ယူရောင်းချနိုင်ခြင်း ဖြစ်သည်။

စူးချင်းက ပစ္စည်းအများကြီး ဝယ်ထားတာကြောင့် ကျိရွှေရှန့်က လှည်းတစ်စီးကို ငှားယမ်းလိုက်သည်။ ထိုသို့ မဟုတ်လျှင် သူတို့နှစ်ယောက်တည်း သယ်သွားရန် မဖြစ်နိုင်ပေ။

သူတို့က အချိန်အတော်ကြာ စားသောက်ပြီး ဈေးဝယ်နေကြချိန်တွင် ချိုးယုံခန်းနှင့် ချွီတာ့တို့က သူတို့ကို ကယ်တင်ရန် မြို့ထဲသို့ ဝင်ဖို့ပင် အလွန်စိတ်အားထက်သန်နေကြပြီ ဖြစ်သည်။

စူးချင်းနှင့် ကျိရွှေရှန့်တို့က လှည်းတစ်စီးခေါ်ကာ ပစ္စည်းများနှင့်အတူ ပြန်ရောက်လာကြသည်ကို တွေ့လိုက်သောအခါ သူတို့က ထိုနှစ်ယောက်ကို ကြိုဆိုရန် အမြန် ပြေးသွားလိုက်ကြသည်။ သူတို့အားလုံးက လှည်းပေါ်မှ ပစ္စည်းများကို အမြန် ဝိုင်းချပေးလိုက်ကြပြီး လှည်းသမားကို ပြန်လွှတ်လိုက်ကြသည်။

ထိုနောက် သူတို့က သူတို့၏ခရီးကို အမြန် ပြန်စလိုက်ကြသည်။ ချိုးယုံခန်းက သူတို့ ဝယ်ခဲ့သော မုန့်ပေါင်းများကို လူတိုင်းအတွက် ဝေငှပေးခဲ့ပြီး ဖြစ်သည်။ မြို့ထဲမှ မထွက်လာခင် သူက ရေတစ်ပုံးကိုလည်း ဝယ်ယူခဲ့သေးသည်။ လူတိုင်းက သူတို့စိတ်နှလုံးအထိ ပြည့်ဝအောင် ရေမသောက်နိုင်သော်လည်း အနည်းဆုံးတော့ လည်ချောင်းကို စိုစွတ်စေနိုင်ခဲ့သည်။

ညတာ ရှည်လျှင် အိပ်မက်ဆိုးများ မက်တက်သောကြောင့် သူတို့က မတော်တဆမှု မဖြစ်ပွားစေရန် ချက်ချင်း ထွက်သွားခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် သူတို့က ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ခဲ့ပြီး သူတို့ ထွက်သွားပြီး တရက်မပြည့်ခင်မှာပင် ကျောက်ယွမ်စီရင်စုသို့ တခြားလူများ ရောက်ရှိလာခဲ့သည်။

ကျိရွှေရှန့်နှင့် သူ့အဖွဲ့က မရပ်မနား ခရီးဆက်ခဲ့ကြပြီး ဆားနှင့် အစေ့အဆန်များ ဝယ်ယူနိုင်ခဲ့သောကြောင့် သူတို့၏ဘဝက ပိုကောင်းလာပြီဟု ဆိုနိုင်သော်လည်း ရေအတွက် စိုးရိမ်နေရဆဲ ဖြစ်သည်။

သူတို့ ရှေ့သို့ ခရီးဆက်လာလေလေ ပို၍ ဝေးလဲခေါင်သီလာလေ ဖြစ်နေပြီ ဖြစ်သည်။ လေတိုက်လျှင် အဝါရောင်သဲများက ကောင်းကင်ယံသို့ လွင့်ပျံ့သွားပြီး လေပွေနှင့် လေဆင်နှာမောင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။ ပါးလွှာသောအဝတ်များက ထိုနေရာ၏အအေးဒဏ်ကို မခံနိုင်တော့ပေ။

စူးချင်းက မိန်းကလေးများကို သူမ ဝယ်လာသော ချည်ထည်နဲ့ ဝါဂွမ်းကို သုံးကာ အ၀တ်အစားများ လုပ်တတ်အောင် သင်ပေးနေခဲ့သည်။ ထောင်ဟွားဝူ၏ အဒေါ်များ၊ ချင်ဖုန်းနှင့် ကျိရွှေရှန့်တို့ အပါအဝင် အခြားသူများက စူးချင်းဘာလုပ်နေသည်ကို နားမလည်နိုင်ကြပေ။

သူမက ချည်သားဖိနပ်တွေပြုလုပ်ဖို့ ချည်သားအ၀တ်အစားတွေကို ဖျက်ဆီးခဲ့တယ်၊ အခု ချည်သားအ၀တ်အစားတွေ ပြုလုပ်ရန် ချည်ထည်နှင့် ဝါဂွမ်းကို ဝယ်ခဲ့ပြီး အထည်တွေ ပြန်ချုပ်နေပြန်ပြီ။ အရင်က သူမ ဘာကြောင့် ဒီလောက် ကြိုးစားခဲ့ရတာလဲ?

စူးချင်းက လူတိုင်း၏အတွေးကို ဂရုမစိုက်ပေ။ ချည်သားအ၀တ်အစားများနှင့် ဝါဂွမ်းသွပ်ထားသည့် ဖိနပ်များကို ပြုလုပ်ခြင်းက သူမ၏ချုပ်လုပ်ခြင်း အတွေ့အကြုံကို တိုးမြင့်စေသည်။ ထိုအတွက် အနည်းငယ် အလုပ်များကာ ဒုက္ခရောက်ခဲ့လျှင်ပင် ဤရှည်လျားလှသော လမ်းခရီးတွင် ဘာမှ လုပ်စရာ မရှိပေ။ အချိန်ဖြုန်းနိုင်ရန် ကိုယ်တိုင်လုပ်ဆောင်ရခြင်းက ပိုကောင်းမည်ဟုသာ သူမ တွေးလိုက်မိသည်။

သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များက အအေးဒဏ်ကို ခံနိုင်ရည် မရှိကြသောကြောင့် သူမတို့က သက်ကြီးရွယ်အိုများနှင့် ကလေးများအတွက် အ၀တ်အစားများကို အရင် ပြုလုပ်ပေးခဲ့ကြသည်။ အမျိုးသမီးများ များများဝိုင်းကူလေလေ အလုပ်က ပိုမြန်လေလေဖြစ်ပြီး သူမတို့က တစ်နေ့ကို အထည်ဆယ်စုံထက် မနည်း ချုပ်နိုင်ခဲ့ကြသည်။

ရေအတွက် ဖြေရှင်းရန်ကလည်း မလွယ်ကူလှပေ။ လူတိုင်း၏ နှုတ်ခမ်းများက ခြောက်သွေ့နေပြီး သွေးများပင် ထွက်နေပြီ ဖြစ်သည်။ မိန်းကလေးများ၏မျက်နှာလေးများကလည်း ခြောက်သွေ့ကြမ်းတမ်းနေပြီ ဖြစ်ကာ ယခင်ကကဲ့သို့ အစိုဓာတ် မတော့ပေ။

ရေကို အရေးတကြီး ရှာဖွေရန် လိုအပ်နေပြီ ဖြစ်သည်။

All Chapters