ကျောက်မီးသွေးတူးဖော်ခြင်း
Vol. 15 Ch. 214
ကျောက်မီးသွေးတွင်း တူးဖို့ ပေါက်ပြားကို အသုံးပြုတာက နှေးကွေးတဲ့အပြင် သူမကိုလည်း ပင်ပန်းစေလိမ့်မယ်။ သံတူကို အသုံးပြုတာက ပိုမြန်ဆန်လိမ့်မယ်။
စူးချင်းက မငြင်းတော့ဘဲ ကျုံးယုံခေါ်ဆောင်ကာ ကျိရှောင်ယင် ရှာဖွေတွေ့ရှိထားသော လှိုဏ်ဂူဆီသို့ ဦးတည်လိုက်သည်။
ကျုံးယုံက စူးချင်းနောက်မှ လိုက်လာရင်း စူးချင်းကို ခိုးကြောင်ခိုးဝှက် ကြည့်နေခဲ့သည်။ စူးချင်းက သည်းမခံနိုင်တော့ဘဲ သူမ၏ခြေလှမ်းကို ရပ်တန့်လိုက်ပြီး အေးစက်စက် မျက်နှာဖြင့် လှမ်းမေးလိုက်သည်။
"ဘာကြည့်နေတာလဲ?"
“ကျားကို သတ်နိုင်ရင် ကျားမကြီးတစ်ကောင်ပဲ”
ကျုံးယုံက ထုံထုံအအ ပုံစံဖြင့် ပြန်ဖြေလိုက်သည်။
စူးချင်းက ကျားထက် ပိုအစွမ်းထက်တယ်လို့ သူ ချီးမွမ်းချင်ပေမယ့် ဘယ်လိုဖော်ပြရမှန်းမသိတဲ့အတွက် ကျားပေါက်လေးတွေရှိတဲ့ ကျားမကြီးတွေက ပိုမှန်ကျားထီးတွေထက် ပိုရက်စက်ကြမ်းကြုတ်တာကြောင့် သူက စူးချင်းကို ကျားမကြီးလို့ပဲ တင်စားလိုက်တာပါ။
စူးချင်းက သူ့ကို စကားတစ်ခွန်းမှ မပြောဘဲ အကြာကြီး စိုက်ကြည့်နေခဲ့သည်။
ဒီလူက ဉာဏ်မမီတဲ့လူ ဖြစ်နေလို့ တော်သေးတယ်၊ အဲ့လိုမှမဟုတ်ရင် သူက သူမကို ကြိမ်းမောင်းနေတယ်လို့ သူမ ထင်မိလိမ့်မယ်။
ကျုံးယုံက စူးချင်း ကျားခေါင်းကို လက်သီးသုံးချက်ဖြင့် ထိုးနေမည့်ပုံကို ပြန်တွေးနေရင်း သူက သူ့ခေါင်းကို အမှတ်တမဲ့ ကာကွယ်လိုက်ကာ စူးချင်းကို တောင်းပန်လိုက်သည်။
"ကျွန်တော့်ခေါင်းက ကျားခေါင်းလောက် မမာဘူး"
စူးချင်းက ခေါင်းယမ်းလိုက်သည်။ သူမက ကျုံးယုံနှင့် အချိန်မဖြုန်းချင်တော့သဖြင့် လှိုဏ်ဂူဆီသို့ အမြန်လျှောက်အောင် အရှိန်မြှင့်တင်လိုက်သည်။
စူးချင်းက သူ့ကို မရိုက်ဘူးဟု သေချာသွားချိန်တွင် ကျုံးယုံက တက်ကြွသွားပြီး စူးချင်း နောက်မှ ပြေးလိုက်လာကာ "ကျွန်တော့်ကို သင်ပေးပါ!"
စူးချင်းက မဲမှောင်နေသောအမူအရာဖြင့် သူ့ကို လျစ်လျူရှုထားလိုက်သည်။ စူးချင်းက သူ့ကို လျစ်လျူရှုနေသည်ကို မြင်လိုက်ချိန်တွင် ကျုံးယုံက စူးချင်း ရှေ့မှာ ခြေလှမ်းနှစ်လှမ်းလောက် ကျော်အောင် ပြေးသွားလိုက်ပြီး စူးချင်းရှေ့မှ နောက်ပြန်လျှောက်လာနေရင်း တောင်းပန်လိုက်သည်။
“အစ်ကိုကြီး ကျွန်တော့်ကို မသင်ပေးတော့ဘူး။ ကျွန်တော့်ကို သင်ပေးရုံလေးပါပဲ!"
သူက နောက်ပြန် လမ်းလျှောက်နေပြီး သူ့၏ဦးခေါင်းအနောက်ဘက်တွင် မျက်လုံးများ မရှိသောကြောင့် မြေပြင်ပေါ်သို့ ထွက်ပေါ်နေသော သစ်မြစ်များကို တိုက်မိကာ ပက်လက်လန်ကျသွားတော့သည်။ သူ့၏ဦးခေါင်းက သူ့အနောက်ဘက်ရှိ အနက်ရောင်ကျောက်မီးသွေး အပိုင်းအစတစ်ခုပေါ်သို့ တည့်တည့် ပြုတ်ကျသွားခဲ့သည်။
"ဘယ်ကောင်က ငါ့ခေါင်းကို ရိုက်လိုက်တာလဲ?"
ကျုံးယုံက ပြန်ထထိုင်လိုက်ပြီး အနက်ရောင်ကျောက်မီးသွေးကို ကောက်ကိုင်ကာ သူ့၏ခေါင်းအနောက်ကို ပွတ်သတ်လိုက်သည်။ ထို့နောက် သူက ဒေါသတကြီးဖြင့် ကျောက်မီးသွေးအပိုင်း သူ့၏သံတူဖြင့် အပိုင်းပိုင်း ထုချေလိုက်သည်။
"ငါ မင်းရဲ့ခေါင်းကို ပြန်ရိုက်မယ်ကွ"
သူက ကလေးပဲ ရှိသေးတာပဲ....
စူးချင်းက ခေါင်းယမ်းလိုက်သည်။ ဒါပေမယ့် ဒီကလေးက အရပ်နှစ်မီတာထပ် ပိုမြင့်နေပြီ။
ထိုအချိန်တွင် နှစ်ယောက်သား ကျိရှောင်ယင် ကျောက်မီးသွေး ရှာတွေ့ခဲ့သည့် လှိုဏ်ဂူဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လှိုဏ်ဂူ၏အဝက တစ်မီတာခန့်သာမြင့်ပြီး ဝင်ရန် ခေါင်းငုံ့ရသည်။ စူးချင်းက ထိုနေရာသို့ လျှောက်သွားလိုက်ပြီး ဂူ၏အပြင်ဘက်တွင် ရပ်ကာ အတွင်းသို့ လှမ်းကြည့်လိုက်ပြီး "ငါ့ကို အဲ့တူတွေပေး"
ကျုံးယုံက အရပ်မြင့်လွန်းသောကြောင့် သူ ငုံ့ထားလျင်ပင် လှိုဏ်ဂူထဲသို့ ဝင်နိုင်မည် မဟုတ်သောကြောင့် စူးချင်းက သူ့၏သံတူကြီးများကိုသာ လှမ်းတောင်းလိုက်သည်။
"အစ်မ မသယ်နိုင်လောက်ဘူး"
ကျုံးယုံက မြေပြင်ပေါ်မှ ထရပ်ပြီးနေပြီ ဖြစ်ကာ စူးချင်းက သူ့၏သံတူကြီးကို တောင်းလိုက်သည်ကို ကြားသောကြောင့် သူ၏ကြီးမားသော ခေါင်းကြီးကို ခါယမ်းပြနေလေသည်။
"ငါ့ကို ပေး"
စူးချင်းက အေးစက်သော မျက်နှာဖြင့် အမိန့်ပေးလိုက်ရာ ကျုံးယုံက အလွန်ကြောက်လန့်သွားပြီး စူးချင်းက သူ့ခေါင်းကို လက်သီးသုံးချက်ဖြင့် ထိုးကာ သူ့ကို သတ်ပစ်မည်ကို ကြောက်ရွံ့သောကြောင့် သူက သူ့၏သံတူကို စူးချင်းဆီသို့ အမြန်လွှဲပေးလိုက်သည်။
ဤသံတူကြီး တစ်ခုစီက အနည်းဆုံး ကျင်းတစ်ရာလောက် အလေးချိန်ရှိပြီး မတင်ရန် အမှန်တကယ် ခက်ခဲလွန်းလှသည်။ ကံကောင်းထောက်မစွာဖြင့် စူးချင်း၏ စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၃၇ သို့ အဆင့်မြှင့်တင်ပြီး ဖြစ်နေသောကြောင့် ၎င်းကို သယ်ဆောင်ရန် မခက်ခဲတော့ပေ။
စူးချင်းက ဂူထဲသို့ မဝင်မီ ခဏရပ်နေလိုက်သည်။ သူမ ကျောက်မီးသွေးကို ပြင်းပြင်းထန်ထန် ဖြိုခွဲရန် မဖြစ်နိုင်ပေ။ ဂူပြိုကျရင် အန္တရာယ်ရှိလာမည် ဖြစ်သည်။
"အဲဒီသစ်ပင်ကို သွားဆွဲလာခဲ့"
ထို့ကြောင့် စူးချင်းက လှည့်ပတ်ကြည့်ရှုလိုက်သည်။ မနီးမဝေးတွင် အမျိုးသမီးတစ်ဦး၏ခါးနီးပါး လုံးပတ်ရှိပြီး ဖြောင့်စင်းသော ပေါ့ပလာပင်တစ်ပင် ရှိနေပြီး ထိုအပင်က ကျောက်မီးသွေးလှိုဏ်ဂူ၏ထောက်တိုင်အဖြစ် အသုံးပြုရန် သင့်လျော်သည်ကို သူမ တွေ့လိုက်ရသည်။ ထို့ကြောင့် ကျုံးယုံတစ်ယောက် သူ၏စွမ်းရည်ကို ပြသခွင့်ရသွားခဲ့သည်။
စူးချင်းက သူ့ကို အလုပ်ခိုင်းသောကြောင့် ကျုံးယုံက အလွန်ပျော်ရွှင်သွားပြီး ဝမ်းသာအားရ သဘောတူလိုက်ကာ ထိုသစ်ပင်ဆီသို့ ပြေးသွားခဲ့သည်။ သူက သစ်ပင်၏ပင်စည်ကို သူ့လက်နှစ်ဘက်ဖြင့် ပွေ့ဖက်ထားပြီး လုကျစ်ရှန့် မိုးမခပင်ကို ဆွဲနှုတ်သကဲ့သို့ သူကလည်း ထိုသစ်ပင်ကို ဆွဲနှုတ်နေတော့သည်။
(T/N: မင်မင်းဆက်၏ဂန္ဒဝင်ဇာတ်လမ်းတပုဒ်ထဲမှ ဇာတ်ကွက်)
ကျုံးယုံတစ်ယောက် သစ်ပင်ကို ဆွဲနှုတ်နေသည်ကို မြင်လိုက်ရသော စူးချင်းက ကျုံးယုံ၏ခွန်အားကြောင့် သက်ပြင်းချလိုက်သည်။
ဒီကောင်လေးရဲ့ခွန်အားက ကျင်းတစ်ထောင်ထက်တောင် ကျော်နေပြီလား?
ထိုသစ်ပင်က အလွန်ရှည်နေသောကြောင့် တစ်မီတာခန့်သာ မြင့်သော ဂူထဲသို့ သွင်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဖြတ်တောက်ရမည်ဖြစ်ပြီး ထိုအလုပ်က မလွယ်ကူလှပေ။
"ကျွန်တော် ခုတ်ပေးရမလား??"
ကျုံးယုံက ကလေးတစ်ယောက်၏ ဥာဏ်ရည်ဥာဏ်သွေးသာ ရှိသော်လည်း စူးချင်း အဘယ်ကြောင့် စိတ်ပူနေသည်ကို နားလည်နိုင်ပြီး သူမကို လှမ်းမေးလိုက်သည်။
“အင်း”
စူးချင်းက ခေါင်းညိတ်လိုက်ပြီး သူမဘာမှ ပြောစရာမလိုဘဲ ကျုံးယုံက ခုတ်စရာ ယူရန် ချက်ချင်း ပြန်သွားခဲ့သည်။ ကျုံးယုံ ပုဆိန် သွားယူနေချိန်အတွင်း စူးချင်းက ဂေါ်ပြားဖြင့် ကျောက်မီးသွေးတူးရန် စတင်ပြင်ဆင်နေခဲ့သည်။
"တွင်းထွက်ပစ္စည်းတူးဖော်ခြင်းကို အသက်သွင်းမယ်"
စူးချင်းက သူမ၏ ယခင်သင်ခန်းစာကို မှတ်သားထားခဲ့ပြီး သူမ အလုပ်မစမီတွင် သူမ၏ ကျွမ်းကျင်မှုစွမ်းရည်ကို အသက်သွင်းလိုက်သည်။
စနစ်က ဘာမှ မပြောဘဲ ကျွမ်းကျင်မှုစွမ်းရည်ကို တိတ်တဆိတ် ဖွင့်ပေးလိုက်သည်။
ဒီလို ရက်စက်ကြမ်းတမ်းပြီး ဉာဏ်ရည်ထက်မြက်တဲ့ Host တစ်ယောက်ရှိတာက ကောင်းတာလား? ဒါမှမဟုတ် ဆိုးတာလား?
စူးချင်းက စနစ်၏ အတွေးကို ဂရုမစိုက်ပေ။ တွင်းထွက်ပစ္စည်းတူးဖော်သည့်ကျွမ်းကျင်မှုကို အသက်သွင်းပြီးချိန်မှ စ၍ သူမက ဂူဝင်ပေါက်တွင် ရပ်နေကာ ပေါက်ပြားကို သုံးရင်း ကျောက်မီးသွေးများကို စတင်တူးထုတ်နေပြီ ဖြစ်သည်။
ကျွမ်းကျင်မှုအားလုံးက ကနဦးအဆင့်တွင် အဆင့်တက်ရန် အလွယ်ကူဆုံးဖြစ်သည်။ သူမ လက်သီးအရွယ်ရှိ ကျောက်မီးသွေးတစ်တုံးကို တူးဖော်လိုက်သည်နှင့် သူမ၏ မျက်လုံးရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမ၏သတ္တုတူးဖော်မှုစွမ်းရည်က အဆင့်တက်လာပြီ ဖြစ်သည်။
[ဂုဏ်ယူပါတယ် Host။ တွင်းထွက်ပစ္စည်းတူးဖော်ခြင်းစွမ်းရည်က အဆင့် ၁ ကို ရောက်ရှိသွားပါပြီ။ သင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာခွန်အား၊ ဝိညာဉ်စွမ်းအား တိုက်ခိုက်ရေးစွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေအားလုံးကို အဆင့် ၃၈ အထိ မြှင့်တင်ပေးလိုက်ပါပြီ”
ရွှေရောင်အလင်းတန်းများနှင့်အတူ စနစ်၏အသံ ထွက်ပေါ်လာပြီး ရှောင်ချီ့၏ ချိုမြိန်သော အသံလေးလည်း ထွက်ပေါ်လာသည် ။
“သခင်၊ သခင်က အရမ်းတော်တယ်။ သခင်က အဆင့်တက်သွားပြန်ပြီ!"
ရှောင်ချီက စူးချင်း၏မြှောက်ပင့်မှုကို သဘောကျနေခဲ့သည်။
သူမ ကျောက်မီးသွေး အပိုင်းအစလေးတစ်ခုကို တူးဖော်ခဲ့တာက အရမ်းတော်တာလား? ရှောင်ချီရဲ့နှလုံးသားထဲမှာ သူမ တုနှိုင်းမဲ့ ဖြစ်နေခဲ့တာလား? သူမ ဘာပဲလုပ်လုပ် ရှောင်ချီက သူမ အတော်ဆုံးလို့ အမြဲတမ်း တွေးနေတာလား?
ဒါက ဦးနှောက်မဲ့ ကိုးကွယ်မှုဖြစ်ပေမယ့် သူမ နှစ်သက်မိတယ်။
စူးချင်းက ထိုအရာကို ဂရုမစိုက်နိုင်သေးဘဲ ကျောက်မီးသွေးတွင်းတူး လုပ်သားအဖြစ် ဆက်လက်လုပ်ကိုင်နေခဲ့သည်။ သူမ တစ်နေရာသို့ တူးလိုက်တိုင်း မီးသွေးမှုန်များက နေရာအနှံ့သို့ တဖွားဖွား ပျံ့လွင့်လာတော့သည်။ သူမ၏ကျွမ်းကျင်မှုဘားကလည်း အလျင်အမြန် တိုးတက်လာခဲ့သည်။
"ကျွန်တော် ယူလာခဲ့ပြီ"
ကျုံးယုံက သူ၏ရှည်လျားသော ခြေတံရှည်ကြီးများဖြင့် ပြန်ပြေးလာပြီး အလွန် မောဟိုက်နေပုံရသည်။ သူက ထောင်ဟွားဝူအဖွဲ့မှ ပိုင်ဆိုင်သော ဓားရှည်ကြီးတစ်လက်ကို ကိုင်ဆောင်ထားသည်။ တောင်ပေါ်ရှိလူများတွင် ဓားမရှိသည့်မိသားစုဟူ၍ မရှိပေ။ သူတို့အားလုံးက ဆောင်းရာသီအတွက် ထင်းခုတ်ရန် တောင်ပေါ်သို့ တက်ရလေ့ရှိသည်။
စူးချင်းက သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျုံးယုံက သူမကို သူ့၏ဆရာအဖြစ် အသိအမှတ် ပြုထားပြီးပြီ ဖြစ်သည်။ ကျောက်နံရံကို ပေါက်ပြားဖြင့် တူးနေသည့် စူးချင်းကို မြင်လိုက်ချိန်တွင် ကျုံးယုံက သူ့ခေါင်းကို ကုတ်ကာ စိတ်ရှုပ်နေသည့်အမူအရာဖြင့် လှမ်းမေးလိုက်သည်။
"ဆရာ ဘာတွေလုပ်နေတာလဲ"
"ကျောက်မီးသွေးတူးနေတာ"
အဆင့်တက်သွားသောကြောင့် စိတ်ကောင်းဝင်နေသော စူးချင်းက ကျုံးယုံကို စိတ်ရှည်လက်ရှည် ပြန်ဖြေပေးလိုက်သည်။
"ဘာလို့ တူးနေတာလဲ?"
ကျုံးယုံက ဆက်မေးချင်သော်လည်း စူးချင်းက သူနှင့် ပေါက်ကရ မပြောခင်တော့ပေ။ သူမက သစ်ပင်ပင်စည်ပေါ်တွင် အမှတ်အသား ဆွဲရန် ပေါက်ပြားကို အသုံးပြုလိုက်ပြီး ကျုံးယုံကို ညွှန်ကြားလိုက်သည်။
"ဒီကနေဖြတ်"
“အိုး”
ကျုံးယုံက နာနာခံခံဖြင့် သစ်ပင်ပင်စည်ကို ဓားဖြင့် ခုတ်နေတော့သည်။ သူက အလွန်သန်မာသော်လည်း ဓားက ပုဆိန် မဟုတ်သောကြောင့် သူခုတ်နေသည့် အရှိန်က အလွန်နှေးကွေးနေသေးသည်။
စူးချင်းကလည်း သူ့ကို အလျင်စလို မလုပ်ခိုင်းပေ။
ဘာပဲဖြစ်ဖြစ် ပေါက်ပြားနဲ့ တူးနေလည်း ကျွမ်းကျင်မှု စွမ်းရည်က တက်နေတာပဲလေ၊ နည်းနည်းလေးတော့ နှေးတာပေါ့။
သိုသော်လည်း ကျုံးယုံက စိတ်မရှည်သူ ဖြစ်သည်။ အကြိမ်အနည်းငယ် ခုတ်ပြီးနောက်တွင် သစ်ပင်ကြီး မပြတ်သွားမည်ကို သူက စိုးရိမ်သွားပြီး ထိတ်လန့်ဖွယ်ကောင်းအောင် အော်ဟစ်လိုက်သည်။ ထိုနောက် သူက သူ့လက်မောင်းကို အဆက်မပြတ် လှုပ်နေပြီး ဓားချက်များက မိုးရေစက်များကဲ့သို့ ကျဆင်းလာတော့သည်။ ပြင်းထန်သော ခုတ်ချက်များ၏အောက်တွင် သစ်တုံးကို အမှန်တကယ် ပြတ်တောက်သွားပြီ ဖြစ်သည်။
"ဆရာ၊ ကျွန်တော် ခုတ်ပြီးပြီ"
ကျုံးယုံက ဝမ်းသာအားရဖြင့် သစ်တုံးတစ်ပိုင်းကို ကောက်ကိုင်ကာ စူးချင်းဆီသို့ ပြေးသွားခဲ့သည်။
"မဆိုးဘူး"
စူးချင်းက ကျုံးယုံ၏ ရွှင်မြူးသော မျက်နှာကို တစချက်ကြည့်လိုက်ပြီး သူက ကလေးတစ်ယောက်လို ပျော်ရွှင်နေကာ သူ့၏မျက်လုံးများတွင် အညစ်အကြေးများ ကင်းစင်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူ့မျက်နှာတွင် အလိုဆန္ဒနှင့် တပ်မက်စိတ်များ ကင်းစင်နေသော်လည်း လူကြီးများထံမှ ချီးမွမ်းမှုကို စောင့်မျှော်နေသော ကလေးတစ်ယောက်၏အမူအရာကို တွေ့လိုက်ရသောကြောင့် စူးချင်းက သူ့ကို လေးလေးနက်နက် ချီးမွမ်းပေးလိုက်သည်။
“အဲ့တာကို ယူလာခဲ့”
စူးချင်းက ဂူထဲသို့ အရမ်းနက်သည်အထိ မဝင်ရသေးပေ။ လှိုဏ်ဂူ၏အောက်ဘက်သို့ ဦးတည်သွားလိုက်လေလေ အတွင်းက မှောင်နေလေလေ ဖြစ်နေသောကြောင့် အတွင်းပိုင်းတွင် အလုပ်လုပ်ရန် အဆင်မပြေသေးပေ။
သို့သော်လည်း အတွင်းသို့ ပိုနက်လေလေ ကျောက်မီးသွေး၏အရည်အသွေးက ပိုမိုကောင်းမွန်လေဖြစ်သည်။ အထက်အလွှာတွင် ကျောက်မီးသွေးများ ရှိနေသေးသော်လည်း စူးချင်းက အောက်သို့ ငုံ့လိုက်ပြီး အတွင်းသို့ ဝင်ကြည်လိုက်သည်။ ရှောင်ချီက သူမအတွက် မီးတိုင်တစ်တိုင် ထုတ်ပေးခဲ့ပြီး စူးချင်း၏ဂူ၏အလယ်သို့ လျှောက်သွားလိုက်သည်။
တစ်ဖက်တွင် ကျုံးယုံက အလွန်သနားစရာကောင်းနေခဲ့သည်။ သူက အရပ်ရှည်လွန်းသောကြောင့် ဒူးထောက်လျှင်ပင် အဆင်မပြေဖြစ်နေကာ မြေပြင်ပေါ်တွင် တွားသွားမှသာ ရှေ့သို့ တိုးနိုင်ခဲ့သည်။
စူးချင်းက သူ့ကို ထားခဲ့မည်ကို သူ စိုးရိမ်နေပြီး သူ့အဝတ်အစားများ ညစ်ပေမည်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ စူးချင်းက မီးတိုင် ထုတ်လိုက်သည်ကို မြင်လိုက်ချိန်တွင် သူက အော်မေးလိုက်သည်။
“ဆရာ၊ မီးတိုင်ကို ဘယ်ကနေ ရတာလဲ?”
"နံရံပေါ်က"
စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ပြီး သူမလက်ထဲမှ ရေနံဆီမီးတိုင်ကို ဂူနံရံပေါ်တွင် ထိုးစိုက်လိုက်သည်။ အလင်းရောင်အောက်တွင် သူမ အပြင်ဘက်တွင် တူးထားသည့် ကျောက်မီးသွေးများထက် အရည်အသွေးမြင့်မားသော ကျောက်မီးသွေးများ ပြည့်နေသည့် ကျောက်နံရံကြီးကို မြင်လိုက်ရသည်။
သူမ အပြင်ဘက်မှ တူးထားသော ကျောက်မီးသွေးကို အဆင့် ၃ အဖြစ် အဆင့်သတ်မှတ်ပါက ယခုကျောက်မီးသွေးများကို အဆင့် ၁ ကျောက်မီးသွေးအဖြစ် သတ်မှတ်နိုင်သည်။
"အဲ့ပင်စည်ကို ဒီအနေအထားအတိုင်း နေရာချထားလိုက်"
စူးချင်က လိုဏ်ဂ၏၏အလယ်တွင် ထောက်မရန် နေရာတစ်ခုကို ရှာလိုက်ပြီး သစ်သားတုံးကို နေရာချရန် ကျုံးယုံကို ညွှန်ကြားလိုက်သည်။ ထိုအချိန်မှသာ သူမ ကျုံးယုံကို လိုက်ကြည့်လိုက်ပြီး သူက မြေပြင်ပေါ်တွင် တွားသွားနေသည်ကို တွေ့လိုက်ရပြီး သူ့၏အဝတ်အစားများက ကျောက်မီးသွေးများကဲ့သို့ မည်းနက်နေပြီ ဖြစ်သည်။