ကျောက်မီးသွေးတူးဖော်ခြင်း
Vol. 15 Ch. 215
"ငါ့ကိုပေး!"
စူးချင်းက သူမ၏လက်ကို ဆန့်လိုက်ပြီး ကျုံးယုံဆီမှ သစ်သားတုံးကို လှမ်းတောင်းလိုက်သည်။ ကျုံးယုံအတွက် ဤနေရာတွင် အလုပ်လုပ်ရန် မဖြစ်နိုင်ပေ။
"ကျွန်တော် လုပ်နိုင်တယ်"
ကျုံးယုံကတော့ အလွန်ခေါင်းမာနေပြီး ချက်ချင်း ပြန်ငြင်းလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူ့ဆရာက သူ လုပ်ဖို့ ညွှန်ကြားထားတဲ့ အလုပ်ကို သူ အပြီးသတ် လုပ်နိုင်ရမယ်။
စူးချင်းက သူ့ကို သဘောကျစွာ စိုက်ကြည့်နေခဲ့သည်။
သူ့ဘာသာတောင် မတ်တပ်မရပ်နိုင်တာကို သူက ဒီသစ်တုံးကို ဘယ်လို ထောက်နိုင်မှာလဲ?
ကျုံးယုံက ကုန်းထလိုက်ပြီး မြေပြင်ပေါ်တွင် ဒူးထောက်လိုက်သည်။ ထို့နောက် သူက သူ့လက်တစ်ဖက်ဖြင့် သစ်သားတုံး၏အစွန်းတစ်ဘက်ကို ဂူ၏အမိုးထိပ်သို့ လှမ်းထောက်လိုက်သည်။ ထို့နောက် သစ်သားတုံးတစ်ခုလုံး အံဝင်ခွင်ကျဖြစ်အောင် သူ့လက်သီးဖြင့် ရိုက်သွင်းလိုက်သည်။
ထက်မြက်သားပဲ!
စူးချင်းက ကျုံးယုံကို လေးလေးနက်နက် စိုက်ကြည့်နေခဲ့သည်။
ဒီကာလတစ်လျှောက်လုံးမှာ သူမက ကျုံးယုံကို စောင့်ကြည့်အကဲခတ်နေခဲ့ပြီး ကျုံးယုံက ကြင်နာတက်တဲ့အပြင် မိဘအပေါ် ရိုသေကိုင်းရှိုင်းတာကို သူမ သိခဲ့ရပြီးပြီ။ ကျင့်ရှီလျိုမြောင်ကို ရောက်တာနဲ့ သူမက ကျုံးယုံကို ဆေးကုပေးပြီး ပုံမှန်ပုံစံဖြစ်အောင် လုပ်ပေးဖို့လည်း ဆုံးဖြတ်ထားပြီးပြီ။
ဒါပေမယ့် အခုလိုမျိုး သူ့ရဲ့ အပြစ်ကင်းစင်ပြီး ချစ်ဖို့ကောင်းတဲ့ အမူအရာတွေကတော့ ရှိတော့မှာ မဟုတ်ဘူး။
စူးချင်းက သစ်တုံးကို ပိုခိုင်အောင် စစ်ဆေးလိုက်ပြီး သူမ၏အရည်အချင်းကို ထုတ်ဖော်ပြသလိုက်သည်။ သူမက ကျုံးယုံ၏ သံတူကြီးတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး ကျောက်မီးသွေးနံရံကို ရိုက်ချလိုက်သည်။ ကျောက်မီးသွေးများက ကျောက်တုံးလောက် မမာသောကြောင့် ဖြိုချရန် မခဲယဉ်းလှပေ။ ကျင်း ၁၀၀ ကျော် အလေးချိန်ရှိသည့် သံတူကြီးနှင့် သူမ၏ခွန်အားကြောင့် ကျောက်မီးသွေး အပိုင်းအစ အကြီးကြီးတစ်ခုကို ပြိုကျလာခဲ့သည်။ စူးချင်း၏မျက်လုံးများရှေ့တွင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး သူမ၏တွင်းထွက်တူးဖော်မှုစွမ်းရည်က အဆင့်နှစ်သို့ ရောက်ရှိသွားခဲ့သည်။
သူမ၏တွင်းထွက်တူးဖော်မှုစွမ်းရည် အဆင့် ၂ သို့ ရောက်ရှိသွားပြီး သူမ၏စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၃၉ သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သူမကို ပြောပြနေသည့် စနစ်၏ ချီးကျုးသံက သူမနားထဲသို့ ထပ်မံတိုးဝင်လာပြန်သည်။
စူးချင်းက အဆင့်တက်ခြင်းကို စွဲလန်းသွားပြီး ကျောက်မီးသွေးတွင်းထဲမှ ထွက်သွားရန် တွန့်ဆုတ်နေခဲ့သည်။ သူမ၏ ဦးခေါင်း၊ မျက်နှာနှင့် အဝတ်များအားလုံးတွင်လည်း ကျောက်မီးသွေးမှုန့်များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ခြင်းတောင်းတစ်တောင်းစာ ပြည့်သွားသည်နှင့် သူမက ကျုံးယုံကို ဂူထဲမှ ဆွဲထုတ်လိုက်ပြီး ကျောက်မီးသွေးများ ပြန်ပို့ပေးရန် တောင်းဆိုလိုက်သည်။ ထို့နောက် သူမက ကျောက်မီးသွေးနံရံကြီးကို ဆက်ပြီး ထုနှက်နေခဲ့သည်။
သူမ အပြင်းအထန် ထုနှက်နေပြီးနောက် သူမ၏ တွင်းထွက်တူးဖော်မှုစွမ်းရည်က နောက်တစ်ဝက်ခန့် ထပ်တိုးလာခဲ့သည်။ ကျုံးယုံက ကျောက်မီးသွေးများ ပြန်လာပို့သောကြောင့် စူးချင်းတစ်ယောက် ကျောက်မီးသွေးလှိုဏ်ဂူတွင် ကျောက်မီးသွေးတူးနေကြောင်း ကျိရွှေရှန့် သိသွားပြီး သူမကို ကူညီရန် ရောက်လာခဲ့သည်။
ကျိရွှေရှန့်၏အကူအညီကြောင့် စူးချင်း၏အမြန်နှုန်းနှင့် ကျွမ်းကျင်မှုအမှတ်များက အလျင်အမြန် တိုးတက်လာခဲ့သည်။ ကျောက်မီးသွေးခြင်း ငါးခြင်းစာ တူးထုတ်ပြီးနောက်တွင် သူမ၏ တွင်းထွက်တူးဖော်မှုက အဆင့် ၃ သို့ တက်လာပြီး သူမ၏ စစ်နတ်ဘုရားစွမ်းရည်ကလည်း အဆင့် ၄၀ သို့ တိုးသွားခဲ့သည်။
သူမ၏ စစ်နတ်ဘုရားစွမ်းရည်က တစ်ရက်တည်းဖြင့် အဆင့်ငါးဆင့်တက်သွားသည့်အတွက် စူးချင်းတစ်ယောက် အလွန်ဝမ်းသာနေခဲ့သည်။
“ဒီလောက်ဆို လုံလောက်နေပါပြီ၊ ပြန်ကြရအောင်!"
ကျိရွှေရှန့်၏တစ်ကိုယ်လုံးတွင်လည်း မီးသွေးမှုန့်များဖြင့် ဖုံးလွှမ်းနေပြီ ဖြစ်သည်။ သူကိုယ်တိုင်လည်း ဂူထဲမှာ ဒူးထောက်ပြီး အလုပ်လုပ်ရသောကြောင့် အလုပ်လုပ်ရသည်မှာ မလွယ်ကူလှပေ။
စူးချင်း၏မျက်နှာကလည်း မည်းမှောင်နေသည်ကို မြင်လိုက်ရသဖြင့် ကျိရွှေရှန့်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်သွားကာ သူ့နှလုံးသားပင် နာကျင်လာရသည်။
"ထပ်တူးဦးမယ်၊ များများ တူးရင် လမ်းမှာ သုံးလို့ရတယ်လေ"
သို့သော် စူးချင်းက ကျောက်မီးသွေးတူးရခြင်းကို စွဲလမ်းနေခဲ့သည်။
ဒီကျောက်မီးသွေးကို အနက်ရောင်ရွှေလို့တောင် တင်စားလို့ရတယ်။ ကျင့်ရှီလျိုမြောင်ကို ရောက်ရင် အရမ်းအေးမှာ သေချာတယ်။ ကျောက်မီးသွေး လှည်းသုံးစီးစာလောက် တင်သွားရင် ရာနဲ့ချီတဲ့ လူတွေရှိနေရင်တောင် သူတို့အားလုံး အေးခဲတော့မှာ မဟုတ်ဘူး။
ယဲ့လွီချွန်းရဲ့အမေကို သွားကြည့်တဲ့အခါကျရင်လည်း စမ်းရောင်းကြည့်ဖို့ ကျောက်မီးသွေး တစ်လှည်းလောက် ဆွဲသွားချင်သေးတယ်။ ကျောက်မီးသွေးသာမက ဒူလာလိမ်းဆေးဆီကိုလည်း ယူသွားရမယ်။ နှစ်ခုစလုံးက ငွေရမြန်ပြီး အမြတ်အစွန်းများတဲ့ လုပ်ငန်းနှစ်ခု ဆိုတော့ ဒီနှစ်ခုကို အရင်ဆုံး ပြင်ဆင်ထားရမယ်။ လက်ရှိမှာ ရှားပါးတဲ့အရာတွေကို အလျင်အမြန် လုပ်ဆောင်ဖို့ လိုအပ်တယ်။
ရွှေရှန့်က ကြီးကျယ်တဲ့အရာတွေကို လုပ်ချင်ရင် သူ့ကို ကူညီဖို့ အဆုံးမဲ့ငွေကြေးပံ့ပိုးမှုတွေ လိုအပ်လိမ့်မယ်။ သူမတို့ အခုလုပ်ရမယ့် ပထမဆုံးအရာက ရန်ပုံငွေစုဆောင်းဖို့ပဲ။
ကျောက်မီးသွေးလှိုဏ်ဂူထဲမှ တူးထုတ်ထားပြီးသော ကျောက်မီးသွေးများ အားလုံးကို စုဆောင်းပြီး သူတို့ ပြန်ထွက်လာချိန်တွင် သူတို့ ရေချိုးခဲ့သည်က ဘာမှ မရာမထင်တော့ကြောင်း တွေ့လိုက်ရသည်။ သူတို့နှစ်ယောက်လုံး မည်းတူးနေပြီ ဖြစ်သည်။
သူတို့ အနားယူသည့်နေရာသို့ ပြန်ရောက်သောအခါ ထောင်ဟွားဝူမှလူများအားလုံး အံ့အားသင့်နေကြသည်။ မျက်လုံးနှင့် သွားများသာ ဖြူနေတော့သည့် ဤလူနှစ်ယောက်က စူးချင်းနှင့် ကျိရွှေရှန့်တို့ ဖြစ်နေသည်ကိုပင် သူတို့ မမှတ်မိနိုင်ကြတော့ပေ။
“အစ်မစူးချင်း၊ ရေချိုးခန်းထဲ မြန်မြန်သွားပြီး ရေချိုးလိုက်ပါလား? ကျွန်မ ရေနွေး လာပို့ပေးမယ်"
ကျိရှောင်ယင်က အမြန်ပြေးထွက်လာခဲ့သည်။ သူမက ရေချိုးပြီးစဖြစ်ပုံရကာ သူမ၏ ဆံပင်များပင် စိုရွှဲနေသေးသည်။ သူမ၏အစ်မစူးချင်း မဲတူးနေသဖြင့် သူမက ရေအမြန်ချိုးရန် တိုက်တွန်းလိုက်သည်။
ကျိရွှေရှန့်က ကြီးမားထူထဲသော သစ်လုံးများများ၊ နွယ်ပင်များနှင့် အကိုင်းအခက်များကို အသုံးပြုကာ ရေချိုးခန်းနှစ်ခန်းကို တည်ဆောက်ထားခဲ့သည်။ အမျိုးသားများနှင့် အမျိုးသမီးများ သီးသန့်စီ ခွဲခြားထားပြီး တစ်နေရာနှင့်တစ်နေရာကို အကွာအဝေးတစ်ခုခြားကာ တည်ဆောက်ထားခဲ့သည်။
သူတို့ ရေချိုးရသည့် ပတ်ဝန်းကျင်က ကြမ်းတမ်းလွန်းပြီး ကျောက်ပြားကြီးတစ်ခုပေါ်တွင် အရွယ်အစားသေးငယ်သော သစ်သားအင်တုံကြီးတစ်ခုသာ ချထားခဲ့သည်။ ၎င်း၏ဘေးတွင် ရေနွေးပုံးတစ်ပုံးကို ထားရှိပေးပြီး ရေကို မဖြုန်းတီးနိုင်သောကြောင့် လူတစ်ဦးစီတွင် ရေတစ်ပုံးသာ ရရှိမည် ဖြစ်သည်။
သို့သော် စူးချင်းက ညစ်ပတ်လွန်းသော အခြေအနေတွင် ရှိနေပြီး ရေတစ်ပုံးဖြင့် ဆေးကြောသန့်စင်ပြီးသည့်တိုင်အောင် သစ်သားအင်တုံ၏အောက်ခြေတွင် အနက်ရောင်မီးသွေးအမှုန့်များဖြင့် ပြည့်နေခဲ့သည်။
ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့က စူးချင်း မထွက်လာမီ နောက်ထပ်ရေနှစ်ကျော့ ထပ်သွားပေးခဲ့ရသည်။ ကျိရှောင်ယင်က စူးချင်းအတွက် သန့်ရှင်းသော အဝတ်တစ်စုံကို အဆင်သင့်ပြင်ဆင်ပေးထားပြီး ဖြစ်ကာ စူးချင်း အဝတ်လဲပြီး ရေချိုးခန်းမှ ထွက်လာချိန်တွင် သူမ၏ညစ်ပတ်နေသော အဝတ်များကို လျှော်ဖွပ်ရန် စမ်းချောင်းဆီသို့ ထွက်သွားရန် ပြင်လိုက်သည်။
"အစ်မစူးချင်း၊ အစ်မရဲ့အဝတ်အစားတွေကို ကျွန်မတို့ လျှော်ပေးမယ်"
ကျန်းယွိရန်နှင့် လီရွှမ်းအာတို့က စူးချင်းလက်ထဲမှ ညစ်ပေနေသောအဝတ်များကို လုယူရန် ပြေးလာကြပြီး စူးချင်း ငြင်းဆန်ရန် အခွင့်အရေးမပေးဘဲ အမြန် ပြန်ပြေးထွက်သွားကြသည်။
စူးချင်းက ကျောက်မီးသွေးတောင်းများကို တစ်ချက်ကြည့်လိုက်ပြီး အလွန် မျက်စီဖမ်းစားနိုင်ကြောင်း နားလည်လိုက်သည်။
သူများတွေ မြင်ရင် ဒုက္ခရောက်နိုင်တယ်။
“တာ့နျို၊ ဒီတောင်းတွေကို ဖုံးဖို့ မြက်ပင်တွေနဲ့သစ်ကိုင်းတွေ ယူလာခဲ့” စူးချင်းက လီတာ့နျိုကို ညွှန်ကြားလိုက်သည်။
ချိုးယုံခန်းက စူးချင်း၏ စေ့စပ်သောချာသော အသေးစိတ်လုပ်ကိုင်ပုံကို သတိပြုမိသွားပြီး သက်ပြင်းချလိုက်သည်။
အခု သူတို့က လမ်းမကြီးနဲ့ အရမ်းနီးနေပြီ၊ တယောက်ယောက်က ကျောက်မီးသွေးတွေ အများကြီးတူးလာတာကို တွေ့ရင် လူတိုင်းက သိချင်ကြလိမ့်မယ်။ စကားတွေ ပြန့်ကုန်ရင် အစိုးရရဲ့အာရုံစိုက်မှုကို ဆွဲဆောင်မိသွားလိမ့်မယ်။ အဲ့တာကြောင့် သတိထားတာက ပိုကောင်းတယ်လေ။
ချိုးယုံခန်းက ထောင်ဟွားဝူမှ လူငယ်များကို ဦးဆောင်ကာ မြက်နှင့် သစ်ကိုင်များ သွားယူရန် ထွက်သွားခဲ့သည်။ ထို့နောက် ကျောက်မီးသွေးတောင်းများကို ထိုအရာများဖြင့် ဖုံးထားလိုက်ကြပြီး အပြင်မှ ကြည့်လျှင် မြက်ခြောက်တောင်းများနှင့် ဆင်တူသွားပြီ ဖြစ်သည်။ မသိသူများအတွက်ကတော့ လမ်းတွင် မြင်းများ အစာကျွေးရန် မြက်များ ယူလာသည်ဟုသာ ထင်သွားပေလိမ့်မည်။
စီစဉ်စရာများကို ညွှန်ကြားပြီးသည်နှင့် စူးချင်းက နောက်ထပ် ဂရုမစိုက်တော့ဘဲ ချက်ပြုတ်ရန် ထွက်သွားခဲ့သည်။
အဒေါ်တချို့က အာလူးများကို ပြုတ်ထားပြီး ဖြစ်သည်။ လူတိုင်း ဗိုက်ဆာနေသည့်အတွက် ရိုးရိုးရေဖြင့် ပြုတ်ထားသော အာလူးကိုပင် အရသာ ကောင်းသည်ဟု သတ်မှတ်ကာ စားနိုင်ကြသည်။
ကျုံးယုံက စူးချင်း သတ်ခဲ့သည့် ကျားကြီးကို အရေခွံခွာထားပြီး ဖြစ်သည်။ ထိုကျားသားရေတွင် ထိခိုက်ပျက်စီးမှု မရှိသလို အသားစလေးတစ်စမျှပင် ကပ်နေခြင်း မရှိပေ။ လက်ရှိတွင် အခြောက်ခံရန် ကျောက်ဆောင်ကြီးတစ်ခုပေါ်သို့ပင် တင်ထားပြီး ဖြစ်သည်။
ကျား၏အသားများကိုလည်း အပိုင်းပိုင်း လှီးဖြတ်ထားပြီး ဖြစ်သည်။ အဒေါ်များက ထိုကျားသားများကို သန့်စင်အောင် ဆေးကြောပြီး စူးချင်း ပြန်လာသည်ကို စောင့်နေကြခြင်း ဖြစ်သည်။
လူက များလွန်းသဖြင့် သူမတို့က ဘာမှ မလုပ်နိုင်သောကြောင့် ထိုကျားသားအားလုံးကို စူးချင်းလက်သို့ အပ်ရန်ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။
ပိုက်ဆံရှိရင်တောင် အရသာရှိတဲ့ ကျားအသားကို မရနိုင်ဘူးလေ။
စူးချင်းက ကျားအရိုးများကို သူမ၏ခြင်းတောင်းထဲသို့ ထည့်ပေးရန် လီတာ့နျိုကို အမိန့်ပေးလိုက်သည်။ သူမက ထိုအရာများကို လိုအပ်ပြီး ရှောင်ချီထံသို့ ပေးရန် အခွင့်အရေး ရှာရမည် ဖြစ်သည်။
စူးချင်းက ကျားကို သတ်ခဲ့သူ ဖြစ်သောကြောင့် သူမထံတွင် ဘာမဆို တောင်းပိုင်ခွင့် ရှိပြီး အခြားသူများက ကန့်ကွက်စရာ အကြောင်းမရှိပေ။ သူတို့က သူမ ဘာကြောင့် ကျားအရိုး လိုချင်သည်ကိုပင် မမေးကြပေ။
စူးချင်းက မပြောချင်ဘူးဆိုရင် သူတို့သွားမေးလည်း ဘာမှ အသုံးမဝင်ဘူးလေ။
စူးချင်း ချက်ပြုတ်နေစဉ် ကျိရွှေရှန့်က ဆေးကြောသန့်စင်ပြီး ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ သူ၏ရှည်လျားသော ဆံပင်များတွင် ရေများစိုရွဲနေပြီး သူ့အဝတ်အစားများကလည်း စိုစွတ်နေကာ သူ့၏ခန္ဓာကိုယ်တွင် ကပ်နေသောကြောင့် သူ့၏တောင့်တင်းသော ကြွက်သားများ ထွက်ပေါ်နေခဲ့သည်။ သူက နေရောင်ဘက်သို့ ကျောပေးထားပြီး သူ၏ တကိုယ်လုံးတွင် အရိုင်းဆန်မှုများ ပြည့်နှက်နေကာ သူ့မျက်လုံးများက စူးရှနေပြီး သူ့၏ထက်မြက်မှုနှင့် ဆုံးဖြတ်ချက်ခိုင်မာမှုတို့အပြင် ရန်လိုမှုကိုလည်း ဖော်ပြနေခဲ့သည်။
စူးချင်း ဟင်းချက်နေသော မီးဖိုက သူမ ဆောက်ခိုင်းသည့်ပုံစံအတိုင်း ကျိရွှေရှန့်က ဆောက်ပေးထားခြင်း ဖြစ်သည်။ ကျောက်အခေါင်းတိုင်က သိပ်အသုံးမဝင်သလို နေရာတိုင်းမှာ မီးခိုးနည်းနည်းရှိနေသော်လည်း မီးရှိန်ကတော့ အရမ်းကောင်းမွန်လှသည်။ စူးချင်းက ကျုံးယုံကို အိုးကြီးအား မခိုင်းလိုက်ပြီး ကျောက်မီးသွေးများကို ထိုမီးရှိန်ပြင်းပြင်းထဲသို့ လောင်းထည့်လိုက်သည်။
စူးချင်းက အနက်ရောင်ကျောက်တုံးများကို မီးဖိုထဲသို့ အဘယ်ကြောင့် လောင်းချလိုက်သည်ကို မသိကြသောကြောင့် လူတိုင်း အံ့သြနေကြသည်။
မီးငြိမ်းသွားမှာကို မကြောက်ဘူးလား?
သို့သော် လူတိုင်း၏ စိုးရိမ်ပူပန်မှုက မလိုအပ်သောအရာဖြစ်ပြီး မီးက မငြိမ်းသွားသည့်အပြင် ပိုတောက်လောင်လာခဲ့သည်။ ထိုအနက်ရောင် ကျောက်ခဲများတွင် အဆီများနှင့် အနီရောင်မီးတောက်များ ထွက်ပေါ်လာပြီး လူများကို ချွေးပို ထွက်လာစေပုံရသည်။
“ဘယ်လောက်တောင် မှော်ဆန်တာလဲ? ကျောက်တုံးတွေ မီးလောင်နိုင်တယ်လား?”
လူတိုင်းက တုန်လှုပ်နေပြီး စူးချင်းကို ချီးမွန်းနေကြသည်။
စူးချင်း သူတို့အနားမှာ ရှိနေရတာက သူတို့အတွက် တကယ်ကို အတွေ့အကြုံအများကြီး ရစေတယ်။
ကျိရွှေရှန့်က အပူချိန်ကို စမ်းသပ်ရန် လက်လှမ်းလိုက်သော်လည်း မနီးမကပ်နိုင်မီ လက်ပြန်ချလိုက်ရသည်။
အရမ်းအသုံးဝင်တယ်လို့ စူးချင်း ပြောခဲ့တာ အံ့သြစရာ မရှိတော့ဘူး။ သံသတ္တုရိုင်းတွေကို အရည်ကျိုဖို့ ဒါတွေကို သုံးလိုက်ရင် အားထုတ်မှု တဝက်နဲ့ ရလဒ် နှစ်ဆ ရနိုင်လိမ့်မယ်။ သူရဲ့လွမ်တောင်လို အဖိုးတန်တဲ့ ဓားတွေကို သွန်းလုပ်ဖို့က ပြဿနာ မဟုတ်တော့ဘူး။
စူးချင်းကတော့ သူမဘေးနားရှိ ကျိရွှေရှန့်၏များပြားလှသော အတွေးများကို လျစ်လျူရှုထားခဲ့သည်။ သူမက သူမ၏ချက်ပြုတ်ခြင်းနှင့် လက်ရှိ ရှိနေသည့် ပါဝင်ပစ္စည်းများဖြင့် အရသာရှိသော အစားအစာတစ်ခု ဖန်တီးရန်ကိုသာ အာရုံစိုက်ထားခဲ့သည်။
အသားများကို ပြုတ်ထားစဉ်အတွင်း စူးချင်းက လီတာ့နျိုနှင့် အခြားသူများကို သူမ ယခင်က သင်ကြားခဲ့သည့် နည်းလမ်းအတိုင်း အာလူးများကို ရွံ့မံရန် တောင်းဆိုလိုက်ပြီး အပေါ်မှ ရေနွေးကို ကျိုကာ အောက်ခြေတွင် အာလူးဖုတ်ရန် ပြင်ဆင်လိုက်သည်။
ကလေးများက သူမနောက်မှ လိုက်နေကြပြီး ထိုကလေးများက သူမကို သူတို့၏ကြည်လင်သော မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေသည်ကို စူးချင်း တွေ့လိုက်ရသည်။ ထို့ကြောင့် စူးချင်းက ကလေးများ၏ မျှော်လင့်ချက်များ အတွက် အရသာရှိသော အစားအစာတစ်ခု ပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။