← Chapters

အသားအကြီးကြီး ရှိတယ်

Vol. 15 Ch. 219

အသားအကြီးကြီး ရှိတယ်

Vol. 15 Ch. 219

စူးချင်းကလည်း မြက်ခင်းပြင်ထဲမှ ထွက်လာသော အသံကိုလည်း ကြားသွားခဲ့ပြီး သူမက ကျိရှောင်ယင်၏လက်ထဲမှ ဒူးလေးကို ဆွဲယူကာ မြှားတံတိုလေးကို လေးညှို့ပေါ်သို့ အဆင်သင့်တင်ထားပြီး မြက်ခင်းပြင်ထဲသို့ စိုက်ကြည့်နေခဲ့သည်။

စူးချင်းက ဒူးလေးဖြင့် သားကောင် ပစ်တော့မည်ကို မြင်လိုက်ရသောကြောင့် ကျုံးယုံတစ်ယောက် စိုးရိမ်သွားပြန်သည်။ သူက ခေါင်းယမ်းပြနေပြီး ဤသားကောင်ကို သူ့အတွက် ချန်ထားသင့်ကြောင့် အကြည့်ဖြင့် အသည်းအသန် တောင်းဆိုနေခဲ့သည်။

စူးချင်းက ကျုံးယုံ၏ ရယ်စရာကောင်းသော အကြည့်များကို မြင်လိုက်သောကြောင့် ဒူးလေးကို ပြန်ချလိုက်သည်။ မိန်းခလေးများအားလုံးက စိတ်ဓာတ်ကျသွားပြီး သူမတို့၏ခြင်းတောင်းများကို ဖြည်းဖြည်းချင်း ချကာ မတ်တတ်ထရပ်လိုက်ကြသည်။

တကယ်တော့ အမဲလိုက်ရတာက ခြင်းတောင်းရက်ရတာထက် ပိုစိတ်ဝင်စားစရာ ကောင်းတယ်လေ။

လူတိုင်း အာရုံစိုက်နေကြစဉ်မှာပင် မြက်ခင်းပြင်ထဲမှ တုံးတုံးအအပုံစံ ဒရယ်တစ်ကောင် ထွက်ပေါ်လာပြီး ၎င်း၏အပြစ်ကင်းသော မျက်လုံးကြီးများဖြင့် လူတိုင်းကို လိုက်ကြည့်နေသည်မှာ ချစ်စရာကောင်းလှသည်။ ထိုဒရယ်က စူးချင်းနှင့် တခြားသူများကို ကြည့်ရန် ခေါင်းကိုပင် တစ်ပတ်ပြည့်လုနီးပါး လှည့်ပတ်နေသေးပြီး ၎င်း၏အနက်ရောင်မျက်လုံးကြီးများက အထူးချစ်စရာ ကောင်းနေလေသည်။

မိန်းခလေးများက ထိုမျှချစ်စရာကောင်းပြီး တုံးအအပုံစံ ဒရယ်လေးကို တွေ့လိုက်ရတော့ကြောင့် မသတ်ရက်ကြတော့ပေ။

သို့သော်လည်း ထိုတုံးတုံးအအ ဒရယ်ကို မြင်လိုက်သည်နှင့် ကျုံးယုံ၏မျက်လုံးများက တောက်ပလာပြီး လျှပ်စီးလက်သလို ချက်ချင်း အော်ဟစ်လိုက်သည်။

"အသား"

ကျုံးယုံ၏အော်သံကြောင့် ဒရယ်ငတုံးက အလွန်ထိတ်လန့်သွားပြီး ခုန်တက်ကာ လှည့်ပြေးသွားတော့သည်။ ကျုံးယုံကလည်း သူ့၏သံတူကြီးနှစ်ချောင်းကို လွှဲကာ နောက်မှ ပြေးလိုက်သွားလေသည်။

ချုံပုတ်ထဲသို့ ဝင်လိုက်သည်နှင့် တပြိုင်နက် ကျုံးယုံက ဝက်ဝံအော်သံကို ကြားလိုက်ရပြီး မျက်မမြင်လူမည်းကြီးဟု အမည်ပြောင်ပေးထားသည့် ဝက်ဝံနက်ကြီးတစ်ကောင်က ကျုံးယုံကို စိုက်ကြည့်ကာ သူ့၏ကြီးမားသော လက်ကြီးဖြင့် လှမ်းရိုက်လိုက်သည်။

ကျုံးယုံက ထိုမျက်မမြင်လူမည်းကြီး ရုတ်တရက် ခုန်ထွက်လာမည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော်လည်း သူက မထိတ်လန့်ဘဲ သူ့၏သံတူကြီးကို မြှောက်ကာ ပြန်ရိုက်ချလိုက်သည်။

ဒီအသားက ခုန အသားထက်တောင် ပိုများသေးတယ်။

ကျုံးယုံက ဝက်ဝံနက်နှင့် တိုက်ခိုက်နေရင်း စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

“ဆရာ၊ အသားအကြီးကြီး ရှိတယ်”

ဝက်ဝံနက်ကြီးက သူ့ထက် မိုက်မဲသည့်လူနှင့် တွေ့ဆုံမည်ဟု မျှော်လင့်ထားပုံ မရပေ။ ကျုံးယုံကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ပြီး သူ့၏ရိုက်ချက်များက လွှဲချော်နေသောကြောင့် ထိတ်လန့်သွားပုံရသည်။ ဝက်ဝံနက်ကြီးက ‌အော်သံအကျယ်ကြီး ပေးလိုက်ပြီး ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးကို ဘယ်ညာလှည့်ကာ ကျုံးယုံဆီသို့ သွက်သွက်လက်လက် ခုန်ဝင်လာခဲ့သည်။ သူ့၏လှုပ်ရှားမှုများက အတော်လေး သွက်လက်သည်ဟု ဆိုနိုင်သည်။

ထိုဝက်ဝံနက်ကြီးကြောင့် ကျုံးယုံတစ်ယောက် ခဏတာမျှ အလုပ်များသွားပြီး အေးစက်သော ချွေးများဖြင့် ထွက်လာခဲ့သည်။ နောက်ဆုံးတွင် သူက ထပ်အော်လိုက်သည်။

“ဆရာ၊ ကျွန်တော် သူ့ခေါင်းကို ရိုက်ချင်ပေမယ့် သူက ရိုက်ခွင့်မပြုဘူး”

မိန်းခလေးများအားလုံးကလည်း ထိုဝတ်ဝံနက်ကြီးကြောင့် ကြောက်လန့်နေကြသည်။ ကျုံးယုံ မတော်တဆ ထိခိုက်ဒဏ်ရာရသွားမည်ကို စိုးရိမ်သောကြောင့် သူမတို့လက်ထဲမှ ဒူးလေး၏မြှားတံများကိုလည်း မပစ်ဝံ့ကြပေ။

စူးချင်းက အရိပ်တစ်ခုလို ပျံတက်သွားပြီး ကျုံးယုံ၏လက်မှ သံတူတစ်ချောင်းကို လုယူသွားခဲ့သည်။ သူမက အပေါ်သို့ ခုန်တက်သွားပြီး ဝက်ဝံနက်ကြီး၏ ဦးခေါင်းကို ရိုက်ခွဲလိုက်သည်။ ဝက်ဝံနက်ကြီး၏ ဦးခေါင်းက ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အထိခိုက်အလွယ်ဆုံး အစိတ်အပိုင်း ဖြစ်ပြီး အရိုက်ခဲလိုက်ရသည်နှင့် အော်ဟစ်ကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။

ကြီးမားသော ခန္ဓာကိုယ်ကြီး မြေပြင်ပေါ်သို့ကျလာခြင်းကပင် တုန်လှုပ်စရာကောင်းနေသော်လည်း ကျုံးယုံက ကြယ်ကဲ့သို့ တစ်လက်လက် တောက်နေသော မျက်လုံးများဖြင့် စူးချင်းကို လှမ်းကြည့်နေလေသည်။

“ဆရာ၊ ကျွန်တော် ဒီလှုပ်ရှားမှုကို သင်ယူချင်တယ်”

စူးချင်းက စနစ်၏ကြေငြာချက်ကို ကြားနေရပြီး သူမ၏အမဲလိုက်ခြင်းစွမ်းရည်က အဆင့်သုံးအထိ မြင့်တက်သွားပြီ ဖြစ်သည်။ သူမ၏ ကာယခွန်အား၊ ဝိညာဉ်စွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအားနှင့် စစ်နတ်ဘုရားစွမ်းရည်အားလုံးက အဆင့် ၄၁ အထိ တိုးလာခဲ့သည်။ သူမ စိတ်ကောင်းဝင်နေသောကြောင့် စူးချင်းက ဤလှုပ်ရှားမှုအကြောင်း ကျုံးယုံအား ပြောပြလိုက်သည်။

" ထိုက်တောင်ကို ဖြိုခွဲခြင်း"

“ဆရာ၊ ကျွန်တော် သင်ချင်တယ်”

ကျုံးယုံက ဦးခေါင်းများ ရိုက်ခွဲရခြင်းကို အနှစ်သက်ဆုံးဖြစ်ပြီး ထို ‘ထိုက်တောင်ကို ဖြိုခွဲခြင်း' ဟူသော စကားလုံးကလည်း အလွန်တရာ ခံ့ညားနေသောကြောင့် ကျုံးယုံက စူးချင်းအား သူ့ကို သင်ပေးခိုင်းနေခဲ့သည်။

"ဝက်ဝံကို ပြန်သယ်သွားတော့!"

စူးချင်းက တိုက်ရိုက် သဘောမတူလိုက်သော်လည်း ကျုံးယုံက ဝက်ဝံနက်ကြီးကို ဝမ်းသာအားရ ကျောပေါ်တင်လိုက်သည်။

ကျုံးယုံက လေးလံသောဝက်ဝံနက်ကြီးကို အလွယ်တကူ သယ်ဆောင်သွားသည်ကို တွေ့လိုက်ရချိန်တွင် ကျန်းယွိရန်၏မျက်လုံးများတွင် ပန်းရောင်ကြယ်ပွင့်များ ပြည့်နှက်လာခဲ့သည်။ သူမ၏တောက်ပသော မျက်လုံးများက ကျုံးယုံ၏ အရပ်ရှည်ပြီး သန်မာသော အသွင်အပြင်နောက်သို့ လိုက်ပါသွားခဲ့သည်။ သူမက ဤနတ်ဘုရားနှင့်တူသော လူတစ်ဦးတည်းကိုသာ မြင်တော့ပြီး ကျန်သည့်အရာများကို ဂရုမစိုက်နိုင်တော့ပေ။

ထိုဝက်ဝံနက်ကြီးကြောင့် သူတို့ နောက်ရက်အနည်းငယ်ကြာအထိ အစာမငတ်နိုင်တော့သောကြောင့် ထောင်ဟွားဝူမှ ရွာသူရွာသားများလည်း အလွန်ပျော်ရွှင်ကြမည် ဖြစ်သည်။

စူးချင်းက ပြန်ရန် အလျင်မလိုဘဲ မိန်းကလေးများကို ခေါ်ကာ တောနက်သည့် တောင်ပေါ်ဆီသို့ ဦးတည်လိုက်သည်။ တောင်တန်းများပေါ်တွင် အဖိုးတန်ရတနာများ ရှိပြီး ထိုနေရာက တောရိုင်းတိရိစ္ဆာန်များနှင့် ဆေးဖက်ဝင် အပင်များနှင့် ပြည့်နှက်နေသောနေရာ ဖြစ်သည်။

"အစ်မစူးချင်း၊ အဲဒါကို ဘယ်လိုထင်လဲ?"

ကျိရှောင်ယင်က သူမရှေ့ရှိ ဇီးသီးပင်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြနေပြီး အနီရောင်ဇီးသီးများက ရင့်မှည့်နေပြီ ဖြစ်သည်။ လေတိုက်သည့်အခါတွင် ထိုအသီးများ ဖုံးအုပ်နေသည့် အကိုင်းအခက်များက မိန်းခလေးများကို လာကောက်ရန် လက်ယိမ်းပြနေသလို အပြန်ပြန်အလှန်လှန် လှုပ်ခတ်နေခဲ့သည်။

“သွားကောက်လေ”

စူးချင်းလည်း အလွန်ကျေနပ်နေခဲ့သည်။

ဇီးသီးက နွေးထွေးစေတော့ အသီးအဖြစ် စားသုံးနိုင်သလို ဆေးဝါးအဖြစ်လည်း အသုံးပြုနိုင်တယ်။ ဒါက ကောင်းတဲ့အရာပဲ။

စူးချင်းထံမှ ခွင့်ပြုချက်ရသည်နှင့် တပြိုင်နက် မိန်းကလေးများက ဝမ်းသာအားရ ပြေးသွားကြသည်။ ယခု သူတို့ မြင့်မြတ်သောမိသားစုမှ အမျိုးသမီးများကဲ့သို့ ရဲရင့်နေပြီ ဖြစ်သည်။ ယောက်ျားအဝတ်အစားများကို အချိန်အတော်ကြာ ဝတ်ဆင်ပြီးနောက် သူမတို့၏ပင်ကိုယ်စရိုက်များက သိသိသာသာ ပြောင်းလဲလာကြသည်။

ကျန်းယွိရန်နှင့် လီရွှမ်းအာတို့နှစ်ဦးစလုံးက သစ်ပင်တက်နိုင်ကြသည်။ သူမတို့က သူမတို့၏ဘောင်းဘီအနားများကို ကြိုးချည်လိုက်ပြီး သစ်ပင်ပေါ်သို့ တက်သွားကြသည်။ ကျိရှောင်ယင်က သစ်ပင်မတက်နိုင်ဖြစ်နေပြီး သူမ၏မျက်နှာများ နီလာသည်အထိ ကြိုးစားနေသော်လည်း သစ်ပင်ပေါ်သို့ မတက်နိုင်သေးပေ။

နောက်တစက္ကန့်တွင် သူမတစ်ကိုယ်လုံး မြောက်တက်သွားလိုက်သလို သူမ ခံစားလိုက်ရသောကြောင့် ကျိရှောင်ယင်က ထိတ်လန့်တကြားဖြင့် သူမ၏မျက်လုံးများကို အမြန်မှိတ်ချလိုက်သည်။ သူမ မျက်လုံး ပြန်ဖွင့်ကြည့်လိုက်ချိန်တွင် သူမ သစ်ပင်ပေါ်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။

"အစ်မစူးချင်း၊ အစ်မက အံ့သြဖို့ကောင်းအောင် တော်လွန်းတယ်"

ကျိရှောင်ယင်က စူးချင်းကို စိတ်လှုပ်ရှားစွာ လှမ်းပြောလိုက်သည်။ စူးချင်းက ပြုံးနေပြီး ပြန်မဖြေဘဲ ဇီးသီးများ ခူးဆွတ်ရန်သာ အာရုံစိုက်နေခဲ့သည်။

သူမတို့လေးယောက် ပူးပေါင်းလိုက်ချိန်တွင် စူးချင်း၏ခူးဆွတ်ခြင်းစွမ်းရည်က အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ ဤသစ်ပင်ပေါ်ရှိ ဇီးသီးများအားလုံးကို ခူးဆွတ်ပြီးလျှင် သူမ အဆင့်တစ်ဆင့် မြင့်တင်နိုင်မည်ဟု စူးချင်းက ခန့်မှန်းထားခဲ့သည်။

စူးချင်းက ​​အလုပ်အလွန်ကြိုးစားနေပြီး ကောင်မလေးများကလည်း သူမနှင့်အလားတူဖြစ်သည်။ သူမတို့က ဆယ်မိနစ်မပြည့်ခင်မှာပင် သစ်ပင်ပေါ်မှ ဇီးသီးအားလုံးကို ခူးဆွတ်လိုက်ကြသည်။

စူးချင်းက သစ်ပင်ပေါ်မှ ရပ်ကြည့်နေရင်း သစ်အယ်ပင်တစ်ပင်ကို လှမ်းတွေ့လိုက်သည်။

ဒါကလည်း ကောင်းတဲ့အရာပါ။ လမ်းမှာ စားလို့ရတယ်။

သူမက သစ်အယ်သီး ကောက်ရန် ကောင်မလေးများကို ခေါ်ခါနီးတွင် စိတ်လှုပ်ရှားစွာ အော်လိုက်သည့် လီရွှမ်းအာ၏အသံကို ကြားလိုက်ရသည်။

"ဟိုမှာ သစ်အယ်ပင်တစ်ပင် ရှိတယ်" "ကျွန်မ ပြန်မဆင်းနိုင်တော့ဘူး"

သူမတို့ သစ်ပင်ပေါ်သို့ တက်ချိန်တွင် သူမတို့ဘာသာတက်နိုင်ခဲ့သည်။ ထိုအချိန်တုန်းက သူမတို့က ခြင်းတောင်းအလွတ်ကို သယ်လာထားရပြီး ယခု သစ်ပင်ပေါ်မှ ပြန်ဆင်းရန် ခက်ခဲနေခဲ့သည်။ သို့သော်လည်း ခြင်းတောင်းများကို ပစ်ချလိုက်လျှင် ဇီးသီးများ ပြန့်ကျဲပြီး ပြန်ကောက်ရမည်ကို စိုးရိမ်သောကြောင့် တောင်းကိုလည်း အရင် ပစ်မချရဲပေ။

စူးချင်းက အရင် ခုန်ဆင်းလိုက်ပြီး သူမ၏တောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထို့နောက် သူမက မိန်းကလေးများအား သူမတို့၏ခြင်းတောင်းများကို ပစ်ချပေးရန် လှမ်းပြောလိုက်သည်။

"အစ်မစူးချင်း၊ အစ်မကို ထိခိုက်မိမှာ မဟုတ်ဘူးလား?"

ကျိရှောင်ယင်က စူးချင်းကို ထိခိုက်မိမည်အား စိုးရိမ်နေပြီး ပစ်မချဝံ့ပေ။

စူးချင်းက သူမကို ထပ်အော်ပြောလိုက်သည်။

“ပစ်ချ လိုက်ပါ”

ကျိရှောင်ယင်က သူမ၏ခြင်းတောင်းကို ဂရုတစိုက် ပစ်ချလိုက်သည်။ စူးချင်းက လွယ်လွယ်ကူကူ ဆီးဖမ်းလိုက်ပြီး ကျန်းယွိရန်နှင့် လီရွှမ်းအာတို့၏ခြင်းတောင်းများကို ပစ်ချပေးရန် တောင်းဆိုလိုက်သည်။

လေးလံသော ဝန်ထုပ်ဝန်ပိုး မရှိတော့ချိန်တွင် လီရွှမ်းအာနှင့် ကျန်းယွိရန်တို့က သစ်ပင်မှ အလွယ်တကူ ပြန်ဆင်းလာကြသည်။ သူမတို့က သစ်ပင်၏ပင်စည်ကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ကာ ပြန်ဆင်းလာကြသည်။ ကျိရှောင်ယင်တစ်ယောက်က‌တော့ တွေဝေနေခဲ့သည်။ သူမ တက်လည်းမတက်နိုင်သလို ဆင်းလည်းမဆင်းနိုင်‌ပေ။ အောက်ကို ငုံ့ကြည့်ရုံဖြင့် ခေါင်းမူးနေပြီ ဖြစ်သည်။

"ခုန်ဆင်းလိုက်"

စူးချင်းက ကျိရှောင်ယင်ကို ကြောက်နေကြောင်း သိသွားပြီး သူမကို လှမ်းပြောလိုက်သည်။

ကျိရှောင်ယင်က ကြောက်လန့်တကြားဖြင့် သူမ၏လက်သီးများကို ဆုပ်ကာ အော်ဟစ်လိုက်သည်။

"အား!"

ထို့နောက် သူမက မျက်လုံးမှိတ်ကာ ခုန်ဆင်းလိုက်သည်။

လီရွှမ်းအာနှင့် ကျန်းယွိရန်တို့က အမှတ်တမဲ့ လက်လှမ်းလိုက်သော်လည်း စူးချင်းက ကျိရှောင်ယင်ကို အမြန်လှမ်းဖမ်းလိုက်ပြီး မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်သည်။

မြေပြင်ပေါ်သို့ အခိုင်အမာ ရပ်ပြီးမှသာ ကျိရှောင်ယင်က သူမ၏မျက်လုံးများကို ဖွင့်ရန် သတ္တိရှိသွားခဲ့သည်။ သူမ ဘေးကင်းစွာ ဆင်းလာနိုင်သည်ကို မြင်လိုက်မှ သူမက ရင်ဘတ်ရှေ့တွင် လက်သီးများကို ဆုပ်ထားပြီး စူးချင်းကို လေးလေးနက်နက် ကြည့်လိုက်သည်။

"အစ်မစူးချင်း၊ အစ်မက အံ့သြစရာပဲ!"

"သစ်အယ်သီးတွေ သွားကောက်ရအောင်"

စူးချင်းက ပြုံးလိုက်ပြီး သစ်အယ်သီးကောက်ရန် မိန်းကလေးများကို လောဆော်လိုက်သည်။

"ဇီးသီးတွေကို ပေါင်းထည့်ရအောင်?!"

သူမတို့၏ခြင်းတောင်းလေးလုံးတွင် ဇီးသီးတစ်ဝက်ကျော် ပြည့်နေသောကြောင့် သစ်အယ်သီးများကို သိုလှောင်ရန် အပိုနေရာ မရှိတော့ပေ။ ထို့ကြောင့် ကျန်းယွိရန်က ခြင်းတောင်းလေးလုံးကို နှစ်တောင်းပေါင်းထည့်ပြီး သစ်အယ်သီးများကို ထည့်ရန် တောင်းအလွတ်နှစ်လုံးကို ချန်ထားရန် အကြံပြုလိုက်သည်။

သစ်အယ်သီးများကို ကောက်ယူပြီးနောက် စနစ်၏ကြေညာချက်ကို သူမ ထပ်ကြားလိုက်ရသည်။ “အဆင့်ငါးဆင့်အထိ တက်လှမ်းနိုင်ခဲ့တဲ့အတွက် Host ကို ဂုဏ်ပြုပါတယ်။ သင့်ရဲ့စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၄၂ အထိ တိုးသွားပါပြီ။ ကျေးဇူးပြုပြီး ဆက်ကြိုးစားပါ"

"ဆု"

စူးချင်းက ချက်ချင်း ဆုပေးရန် တောင်းဆိုလိုက်သည်။ သူမ၏အမဲလိုက်စွမ်းရည်ကိုပါ ထည့်တွက်လျှင် ယခု သူမ လက်ဆောင်နှစ်ခု တောင်းနိုင်မည် ဖြစ်သည်။

" Host က ဘာလိုချင်လို့လဲ?"

စနစ်က အားကိုးရာမဲ့ ဖြစ်နေခဲ့သည်။ ဒီ Host က ဘယ်နည်းနဲ့မှ သူ့ဘက်ကနေ အနစ်နာခံမှာ မဟုတ်ဘူး။

“နင် ငါ့ကို ဆုနှစ်ခုပေးရမယ်။ ငါ လိုချင်တာကို တွေးမိတဲ့အခါ နင့်ကို လာရှာမယ်"

စူးချင်းက သူမ၏ခွဲတမ်းကို လုံးဝ မဖြုန်းတီးနိုင်ပေ။

သူမ လိုအပ်တာဆိုရင်တော့ အရေးတကြီး လိုအပ်မှ တောင်းမှာပေါ့။

“...” စနစ်ကတော့ ပြောစရာစကားမဲ့သွားပြီ ဖြစ်သည်။

စူးချင်းက မိန်းကလေးများနှင့်အတူ ပျော်ပျော်ပါးပါး ရိတ်သိမ်းနေချိန်တွင် ကျိရွှေရှန့်က ညဘက်စခန်းချရန် နေရာတစ်ခုကို ရှာတွေ့သွားပြီ ဖြစ်သည်။

လမ်းမကြီး၏မနီးမဝေးတွင် တောင်ဘက်သို့ မျက်နှာမူထားသော ပစောက်ပုံသဏ္ဍန် တောင်စောင်းတစ်ခု ရှိသည်။ ထိုနေရာတွင် အရှေ့၊ အနောက်နှင့် မြောက်အရပ်မှ လေများကို ပိတ်ဆို့ထားသောကြောင့် စခန်းချရန် နေရာကောင်းတစ်ခု ဖြစ်သည်။

ကျိရွှေရှန့်က သူ့လူများကို ပြန်လာခေါ်ချိန်တွင် ကျုံးယုံက ဝက်ဝံနက်ကြီး တစ်ကောက်ကို ကျောပေါ်တင်လာရင်း သူ့ပါးစပ်ကြီးကို ဖြဲကာ အော်နေသည်ကို သူ တွေ့လိုက်ရသည်။

“အသားအကြီးကြီး ရှိတယ်။ ငါ့ဆရာက သတ်လိုက်တာ..."

All Chapters