← Chapters

လူများကို ကယ်တင်ခြင်း

Vol. 15 Ch. 220

လူများကို ကယ်တင်ခြင်း

Vol. 15 Ch. 220

ကျုံးယုံက အလွန်ဂုဏ်ယူနေပြီး လူတိုင်းကြားအောင် အော်ပြောလိုက်သည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများ မဆိုထားနှင့် ရှောင်းဟမ်၏နောက်သို့ လိုက်ကာ စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သည့် စစ်သာဟောင်းကြီးများပင် စူးချင်းကို သဘောကျနေကြသည်။ သူတို့ကိုယ်တိုင်ပင် ကျားနှင့်ဝက်ဝံနက်တို့ကို သတ်နိုင်မည်ဟု သူတို့ကိုယ်သူတို့ မယုံကြည်ကြပေ။

ဝက်ဝံနက်တစ်ကောင်တွင် တန်ဖိုးအရှိဆုံးအရာမှာ သည်းခြေအိတ်ဖြစ်သည်။ ထို့ကြောင့် ဝက်ဝံနက်၏အရေခွံကို ခွာပြီးလျှင် ခြေသည်းကို ဖယ်ရှားရမည် ဖြစ်သည်။ ကျိရွှေရှန့်က ဝက်ဝံနက်၏သည်းခြေကို နှုတ်ယူလိုက်ပြီး စူးချင်း ဆေးအဖြစ် အသုံးပြုနိုင်ရန် သိမ်းထားပေးလိုက်သည်။

ထောင်ဟွားဝူမှလူများတွင် စားစရာများ အများကြီး ရှိနေသည့်အပြင် စခန်းချရန် နေရာကောင်းတစ်ခုကိုပါ ရှာတွေ့ထားကြသော်လည်း ပြည်နှင်ဒဏ်အပေးခံရသည့်အဖွဲ့ကတော့ သူတို့ကဲ့သို့ ကံမကောင်းနိုင်ကြပေ။

သူတို့က လေတိုက်ထဲတွင်ပင် အနားယူရန် နေရာ မရှာနိုင်သေးဘဲ ကျိရွှေရှန့်တို့အဖွဲ့နှင့် တတ်နိုင်သမျှ ဝေးဝေးသို့ ရောက်အောင် သွားချင်နေကြသည်။ မှောင်နေပြီ ဖြစ်သည်အထိ အနားမယူရသေးသောကြောင့် ပြည်နှင်ဒဏ်အပေးခံရသူများက မလှုပ်ချင်ကြတော့ပေ။ သို့သော်လည်း သူတို့ ဆက်မသွားလျှင် ရဲမက်များက သူတို့ကို ကြာပွတ်များဖြင့် ရိုက်နှက်ကြသည်။ နောက်ဆုံးတွင် သူတို့အားလုံးက သေအောင်အရိုက်ခံရလျှင်ပင် ဆက်မသွားနိုင်တော့သည့် အခြေအနေသို့ ရောက်လာခဲ့သည်။

ရဲမက်ခေါင်းဆောင်က ကူကယ်ရာမဲ့ ဖြစ်သွားပြီး လေတိုက်သည့်နေရာတွင်ပင် အနားယူရန် နေရာရှာခိုင်းလိုက်တော့သည်။

ကျိရွှေရှန့်က ရှင်းရူဟိုင်တို့ မိသားစုအတွက် အာလူးများ ပေးခဲ့ခြင်းကို ထိုအချိန်တွင် ကျန်နေခဲ့သည့်ရဲမက်က သူကို စော်ကားသည်ဟု သတ်မှတ်ပြီး ထိုမကျေနပ်မှုကို ရှင်းရူဟိုင်၏မိသားစုအပေါ်သို့ ပုံချလိုက်ကြသည်။ အထူးသဖြင့် ကလေးများ ဖြည်းညှင်းစွာ လမ်းလျှောက်လိုက်တိုင်း သူက အချိန်မရွေး ကန်ကျောက်ကာ တစ်ခါတရံ ကြိမ်ဒဏ်ပင် ပေးခဲ့သေးသည်။

သို့သော်လည်း ထူးဆန်းသည်က ကလေးများကို ရိုက်လိုက်တိုင်း သူ လဲကျသည်ဖြစ်စေ၊ သို့မဟုတ် သူ့ခေါင်းပေါ်သို့ ကျောက်ခဲများ ကျလာသည် ဖြစ်စေ ဖြစ်နေတက်သည်။ နောက်ဆုံးတွင် သူ ကြောက်ရွံ့လာပြီး ကလေးများကို ထပ်မထိရဲတော့ပေ။

သူက ရဲမက်ခေါင်းဆောင်ကို တိတ်တဆိတ် သွားရှာခဲ့ပြီး တစ်စုံတစ်ယောက်က သူ့တို့နောက်သို့ လိုက်လာနေသည်ဟု သူ သံသယရှိနေကြောင်း ပြောပြခဲ့သည်။ ရဲမက်ခေါင်းဆောင်က သူ့၏လက်အောက်ငယ်သားများကို ခေါ်ကာ လှည့်ပတ်စစ်ဆေးခဲ့သော်လည်း မည်သူကိုမျှ မတွေ့ရခဲ့ပေ။ ထို့ကြောင့် ရဲမက်ခေါင်းဆောင်က လာပြောသော ရဲမက်ကို သူ သံသယများနေခြင်း ဖြစ်ကြောင်းနှင့် ကျောက်ခဲများက လေနှင့်ပါလာနိုင်ကြောင်း ပြန်ပြောလိုက်သည်။

သူတို့နောက်သို့ လိုက်နေသည့်လူကို မတွေ့ခဲ့သော်လည်း ရဲမက်ခေါင်းဆောင်က သတိကို မလျှော့ချရဲခဲ့ပေ။ သူက ပြည်နှင်ဒဏ်အပေးခံရသည့် အကျဉ်းသားများကို ထင်းကောက်စေပြီး မီးဖိုရန် တွန်းအားပေးခဲ့သည်။ ရဲမက်များကိုလည်း အဖွဲ့သုံးဖွဲ့ ခွဲ၍ စောင့်ကြည့်ရန် အလှည့်ကျ တာဝန်ပေးလိုက်သည်။

သူတို့ စားခဲ့ရသော အသားဟင်းရည်က အချိန်အတော်ကြာ လမ်းလျှောက်ပြီးနောက် အစာကြေသွားပြီ ဖြစ်သည်။ လူတိုင်းက အစားအစာ ရှာဖွေချင်နေပြီး လမ်းတစ်လျှောက်တွင် အခြားသော အစာရှာဖွေရန် ခက်ခဲသော်လည်း ကြွက်များကို ဖမ်းရန် အလွယ်ကူဆုံးဖြစ်သည်။

ကြွက်တွင်းများကို ရှာဖွေပြီး ရေနွေးပူပူများ လောင်းထည့်လိုက်ရုံဖြင့် ကြွက်များက ပြေးထွက်လာတက်သည်။ ရေမရှိလျှင်ပင် ကြွက်တွင်းတူးနိုင်သေးသည်။ နက်နက် တူးလိုက်လျှင် ကြွက်ကို ဖမ်းနိုင်မည်ဖြစ်ပြီး ကံကောင်းလျှင် ကြွက်တွင်းထဲတွင် စုဆောင်းထားသော အစားအစာများကိုပင် တွေ့နိုင်သေးသည်။

ရဲမက်များကတော့ ထိုကြွက်များကို ဂရုမစိုက်ကြပေ။ သူတို့၏လှည်းပေါ်တွင် စားစရာ သိပ်မကျန်တော့သော်လည်း သိမ်းဆည်းထားသည့်စားနပ်ရိက္ခာများ ရှိနေဆဲဖြစ်သည်။ ဤအကျဉ်းသားများက သူတို့အတွက်အစာအစာကို သူတို့ကိုယ်တိုင်ရှာဖွေလျှင် အကောင်းဆုံး ဖြစ်သည်။

ရှင်းရူဟိုင်ကလည်း အခြားပြည်နှင်ဒဏ်အပေးခံရသည့် အကျဉ်းသားများနှင့်အတူ ကြွက်တူးရန် လိုက်ပါသွားပြီး သူ့၏ဇနီးနှင့် သားသမီးများက သူ ပြန်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့ကြသည်။

ယခင်က အကျဉ်းသားများ အများကြီးရှိခဲ့ပြီး အမျိုးသမီးများလည်း အများကြီး ပါဝင်ခဲ့သည်။ အချိန်အတော်ကြာ ခရီးနှင်ပြီးနောက်တွင် ရမက်များထံ၌ မကောင်းသော အကြံအစည်များ ရှိလာကြသည်။ သူတို့က ငယ်ငယ်ရွယ်ရွယ်နှင့် ချောမောလှပသော အမျိုးသမီးအကျဉ်းသားများကို ချူပ်နှောင်ကာ တောထဲသို့ ဆွဲခေါ်သွားကြသည်။ စိတ်ဓာတ်သန်မာသည့်သူအချို့က အရှက်တရားအတွက် သည်းမခံနိုင်ကြဘဲ မိမိကိုယ်ကို သတ်သေကြသည်။ အချို့သော ကြောက်ရွံ့သူများက ရှင်သန်ခြင်းကို လိုလားကြပြီး အရှက်ကွဲခြင်းကိုသာ သည်းခံပြီး အသက်ရှင်ရန် ရွေးချယ်ကြသည်။

ရှင်းရူဟိုင်၏ဇနီးက အသက်လေးဆယ်နီးပါး ရှိပြီဖြစ်သော်လည်း၊ သူမက ကျန့်နန်တွင် မွေးဖွားခဲ့သောကြောင့် နူးညံ့သိမ်မွေ့သောအသားအရေ ရှိသည်။ သူမက သူမကိုယ်သူမ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းခဲ့သောကြောင့် သူမကိုကြည့်ရသည်မှာ အသက်နှစ်ဆယ်၊ သုံးဆယ်ခန့်အရွယ်နှင့် တူနေပြီး သူမက အလွန်လှပသူ ဖြစ်သည်။ မိန်းကလေးများ အရှက်တကွဲ အကျိုးနည်းဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် သူမက သူမ၏ချောမောသော မျက်နှာကို သွေးထွက်သည်အထိ ကျောက်ခဲချွန်များဖြင့် ထိုးခွဲကာ သူမ၏အပြစ်ကင်းစင်မှုကို ကာကွယ်ရန် ကြိုးစားခဲ့သည်။

သူမက အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သောကြောင့် ဆယ်ကျော်သက်လေးများလောက်တော့ မနုပျို‌တော့ပေ။ သူမ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားသည့်အချိန်တွင် ရဲမက်များက သူမအကြောင်းတွေးနေခြင်းအား ရပ်တန့်လိုက်ကြသည်။

သို့သော်လည်း လမ်းတစ်လျှောက်တွင် အမျိုးသမီးငယ်လေးများ အနိုင်ကျင့်ခံခဲ့ရပြီး အချို့က သေဆုံးကာ အချို့က မသန်စွမ်းဖြစ်သွားကြပြီး အချို့ကတော့ မိမိကိုယ်ကို သတ်သေကြသည်။ ယခုဆိုလျှင် အမျိုးသမီးများထဲတွင် ရှင်းရူဟိုင်၏ဇနီးနှင့် ငါးနှစ်အရွယ်သမီးတို့သာ ကျန်နေတော့သည်။

ကျိရွှေရှန့် လျစ်လျုရှုခဲ့သည် ရဲမက်က ဖောက်ပြန်သောလိင်စိတ်ရှိသူ ဖြစ်သည်။ သူက အမျိုးသမီးကို သုံးရက်လောက် မထိရလျှင် ဖျားနေချင်သလို ဖြစ်လာတက်သူဖြစ်သည်။

သူက ရှင်းရူဟိုင်၏ ငါးနှစ်အရွယ်သမီးလေးကို စိုက်ကြည့်နေသောကြောင့် ရဲမက်ခေါင်းဆောင်က သတိထားမိသွားပြီး သူ့ခေါင်းနောက်ကို ရိုက်ချလိုက်သည်။

"ဒီကလေးနဲ့ ပတ်သက်ပြီး ဘာအတွေးမှ မရှိနဲ့"

ရဲမက်ခေါင်းဆောင်က လူကောင်း မဟုတ်သော်လည်း သူ့က ကလေးများအပေါ်သို့ ဘယ်တော့မှ လက်မတင်ခဲ့ပေ။

အဲဒါက သားရဲထက် ပိုဆိုးတယ်။

အရိုက်ခံလိုက်ရသော ရဲမက်က စိတ်ပျက်လက်ပျက်ဖြင့် သူ့ခေါင်းနောက်ကို ပွတ်သတ်နေပြီး သူက ရှင်းရူဟိုင်၏ဇနီးကို ထပ်မံစိုက်ကြည့်နေပြန်သည်။

သူမရဲ့မျက်နှာက နည်းနည်း ပုံပျက်ပြီး ရုပ်ဆိုးနေပေမယ့် အခု မှောင်နေပြီဆိုတော့ သူမမျက်နှာကို မြင်ရတော့မှာ မဟုတ်ဘူး။

သို့သော်လည်း သူက လျှို့ဝှက် လုပ်ဆောင်ရဲခြင်း မရှိဘဲ ရဲမက်ခေါင်းဆောင်ကို တိုးတိုးလေး သွားမေးလိုက်သည်။

"သူ(မ)ဆိုရင် လုပ်လို့ရလား?"

ရဲမက်ခေါင်းဆောင်က ရှင်းရူဟိုင်၏ဇနီးကို ကြည့်ပြီး ခေါင်းညိတ်သဘောတူလိုက်သည်။ ဤရဲမက်များက သူနှင့်အတူ သေခြင်းနှင့် ရှင်ခြင်းကို အတူတကွ ဖြတ်သန်းခဲ့ကြသော သူ့၏ညီအစ်ကိုများ ဖြစ်ကြပြီး အမျိုးသမီးအကျဉ်းသူတစ်ဦးနှင့် ကစားခြင်းကလည်း ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ခဲ့ပေ။

ရဲမက်ခေါင်းဆောင်၏ခွင့်ပြုချက်ကို ရရှိပြီးနောက် ထိုရဲမက်က ပိုစိတ်အားထက်သန်လာပြီး ရှင်းရူဟိုင်၏ဇနီးဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။

ရှင်းရူဟိုင်၏ဇနီးက သူမ၏ခြေဖဝါးပေါ်ရှိ ဒဏ်ရာများကို ကူကြည့်ပေးရန် သူမ၏ကလေများကို တောင်းဆိုနေပြီး ထိုရဲမက်၏မကောင်းသောရည်ရွယ်ချက်ကို သတိမထားမိသေးပေ။ ထိုလူက သူမကို ကြက်ကလေးတစ်ကောင်လို ဆွဲမလိုက်မှသာလျှင် သူမ အလွန်ထိတ်လန့်သွားပြီး ခင်ပွန်းဖြစ်သူ၏အမည်ကို အော်ခေါ်ကာ အကူအညီတောင်းလိုက်သည်။

"ရူဟိုင်၊ ကျွန်မကို ကယ်ပါဦး"

ထိုရဲမက်တွင် ဝါသနာဆိုးတစ်ခု ရှိပြီး သူက အမျိုးသမီးများ၏ငိုသံများ ကြားရခြင်းကို ကြိုက်နှစ်သက်သသူ ဖြစ်တယ်။ အမျိုးသမီးများ ပိုဝမ်းနည်းလေလေ၊ ပိုကြောက်လေလေ၊ သူက ပို၍ စိတ်လှုပ်ရှားလေလေ ဖြစ်လာတက်သည်။ ထို့ကြောင့် သူက သူမကို သတိလစ်အောင် မလုပ်ဘဲ တောထဲသို့ ဒီအတိုင်း ဆွဲခေါ်သွားခဲ့သည်။

ရှင်းရူဟိုင်၏ဇနီးက အပြင်းအထန် ရုန်းကန်နေခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ယနေ့တွင် သူမက အာလူးစားခဲ့ရပြီး အသားစွပ်ပြုတ်အနည်းငယ် သောက်ခဲ့ရသောကြောင့် ခွန်အားအနည်းငယ်ရှိနေကာ မြေပြင်ပေါ်သို့ လဲချလိုက်ပြီး ရဲမက်၏လက်ကို သူမ၏လက်သည်းများဖြင့် ကုတ်ခြစ်လိုက်သည်။

ထိုရဲမက်က အလွန်ဒေါသထွက်သွားပြီး သူမ၏မျက်နှာကို လက်ပြန်နှစ်ချက်ရိုက်ချလိုက်သည်။ သူမ၏နှာခေါင်းနှင့် ပါးစပ်မှ သွေးများ ထွက်ကြလာပြီး မူးမေ့သွားခဲ့သည်။ ထိုရဲမက်က သူမကို တောထဲသို့ ဆွဲခေါ်သွားခဲ့သည်။

သူတို့၏မိခင်အား ဆွဲခေါ်သွားသည်ကို မြင်လိုက်သော ကလေးနှစ်ယောက်က အော်ဟစ်ငိုယိုနေရင်း နောက်မှ လိုက်လာခဲ့သော်လည်း အခြားရဲမက်များက သူတို့ကို ဖမ်းဆီးကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။ ကလေးများက လဲကျသွားပြီး ချက်ချင်း ပြန်မထနိုင်တော့ပေ။ သူတို့က မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး ရဲမက်ခေါင်းဆောင်ကို ရှိခိုးကန်တော့ကာ အကူအညီတောင်းနေကြသည်။

“ဦးလေး အမေကို ကယ်ပါဦး။ အမေ့ကို ကယ်တင်ပေးဖို့ တောင်းပန်ပါတယ်”

ကလေးများ၏ငိုသံနှင့် ရှင်းရူဟိုင်၏ဇနီးဆီမှ အော်ဟစ်သံများက အလွန်သနားစရာကောင်းသော်လည်း ရဲမက်ခေါင်းဆောင်၏နှလုံးသားကို မပျော့ပျောင်းစေခဲ့ပေ။ သူက သူတို့ကိုပင် လှည့်မကြည့်ဘဲ ထင်းကို ကောက်ကာ မီးပုံထဲသို့ ပစ်ထည့်လိုက်သည်။

ရှင်းရူဟိုင်က သူ့ဇနီးနှင့် သားသမီးများ၏ ငိုသံကို ကြားသွားပြီး သံကြိုးကြီးကို ဆွဲမကာ ပြန်ပြေးလာခဲ့သည်။ သူ့မိန်းမကို တောထဲသို့ ဆွဲခေါ်သွားသည်ကို မြင်လိုက်ချိန်တွင် အမြဲတစေ တည်ငြိမ်နေတက်သော ရှင်းရူဟိုင်က ရူးသွပ်သွားခဲ့ပြီး သူ့မျက်လုံးများ နီရဲလာကာ ထိုရဲမက်နောက်သို့ လိုက်သွားချင်နေသော်လည်း တခြားရဲမက်များက သူ့ကို ချုပ်နှောင်ထားလိုက်ကြသည်။ ရှင်းရူဟိုင်က လုံးဝ မလှုပ်ရှားနိုင်တော့ဘဲ မျက်လုံးများ ကျွတ်ထွက်မတက် အော်ဟစ်ဆဲဆိုနေခဲ့သည်။

"သားရဲတွေ၊ မင်းတို့ အားလုံးက သားရဲတွေပဲ။ မင်းတို့ သတ္တိရှိရင် ငါ့ကို လာသတ်ကြစမ်း။ လူကြီးလူကောင်းတစ်ယောက်က အသေပဲခံမယ်၊ အရှက်အကွဲ မခံဘူးကွ”

"ရှင်းရူဟိုင်၊ ဒါက မင်း ဝန်ကြီးချုပ်ကို စော်ကားတဲ့အတွက် ဖြစ်လာတဲ့ မင်းရဲ့ကံကြမ္မာပဲ။ မင်းက ဘုန်းအသရေနဲ့ စည်းစိမ်ဥစ္စာကို မလိုချင်ပေမယ့် ဝန်ကြီးချုပ်ကိုတော့ ဆန့်ကျင်ချင်နေတယ်”

ရဲမက်ခေါင်းဆောင်က ရှင်းရူဟိုင်ကို မှုန်ကုပ်ကုပ်အကြည့်ဖြင့် ကြည့်နေခဲ့သည်။ ရှင်းရူဟိုင်ကို လမ်းတစ်လျှောက်လုံး ညှဉ်းပန်းနှိပ်စက်နိုင်သော်လည်း ရှင်းရူဟိုင် မသေစေရန် ဝန်ကြီးချုပ်က သူတို့ကို အမိန့်ပေးခဲ့သည်။ သူတို့က ရှင်းရူဟိုင်ကို ညှဉ်းပန်းနှိပ်စက်ပြီး အရှက်ရခြင်းပေါင်းမျိုးစုံကို ခံစားခိုင်းရမည်ဖြစ်သည်။

ယခင်က သူ့၏ညီအစ်ကိုများက အသက်ကြီးပြီး ရုပ်ဆိုးသော ရှင်းအမျိုးသမီးကို မကြိုက်ခဲ့ကြသောကြောင့် သူမကို ဘာမှ လုပ်ချင်စိတ် မရှိခဲ့ကြပေ။ ထို့ကြောင့် ယနေ့အချိန်အထိ သူမကို ထိန်းသိမ်းထားခဲ့ကြသည်။ ရဲမက်ခေါင်းဆောင်က ရှင်းရူဟိုင်၏ ဝမ်းနည်းပူဆွေးပြီး ကူကယ်ရာမဲ့ဖြစ်နေသော အမူအရာကို သဘောကျနေပြီး အလွန်ဂုဏ်ယူနေဟန်ဖြင့် ပြုံးနေခဲ့သည်။

အခြားအကျဉ်းသားများကလည်း ဒေါသထွက်နေသည့်တိုင် ဘာမှ ဝင်မပြောရဲကြပေ။

သူတို့မိသားစုထဲက အမျိုးသမီးတွေကိုလည်း ဒီရဲမက်တွေက မုဒိမ်းကျင့်ပြီး သတ်ပစ်ခဲ့ကြတယ်။ အခုအချိန်မှာ သူတို့ ဘယ်လိုမျက်နှာမျိုးနဲ့ အသက်ရှင်နေရလဲဆိုတာ သူတို့ အသိဆုံးပါပဲ။

သူတို့က ရှင်းရူဟိုင်နှင့် သူ့၏မိသားစုဝင်များကို စာနာသနားပေးရုံသာ တက်နိုင်ကြတော့သည်။ တစ်ချို့လူများကတော့ သူတို့မိန်းမများအကြောင်း တွေးနေကြသည်။

ငါတို့ရဲ့ ဇနီးမယားတွေ အနိုင်ကျင့်ခံရမှတော့ မင်းဇနီးလည်း အကောင်းအတိုင်း ကျန်ပါဦးမလား?

ရှင်းရူဟိုင်က ကောင်းကင်ကို မော့ကာ အော်ဟစ်ကြိမ်းမောင်း နေပြီး သူ့အသံက စိတ်ပျက်အားငယ်နေမှန်း သိသာနေသည်။ ကလေးများ၏ အော်ဟစ်ငိုယိုသံများကလည်း ကြားနေသူများအား သနားကြင်နာစိတ် ဖြစ်ပေါ်စေခဲ့သည်။

တစ်ဖက်မှ တောထဲတွင်လည်း ရဲမက်က ရှင်းအမျိုးသမီးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သူ့၏ခါးပတ်ကြိုးကို ဖြည်ချလိုက်သည်။ ကံမကောင်းစွာဖြင့် သူ သူ့ခါးပတ်ကို မဖြည်နိုင်သေးခင်မှာပင် သူ့၏ပါးစပ်ကို ဖုံးအုပ်ခံလိုက်ရပြီး ထက်ရှသော သံမဏိဓားတစ်ချောင်းက သူ၏နောက်ကျောမှ ထိုးဖောက်ဝင်ရောက်လာကာ သူ့နှလုံးကို ဖောက်ဝင်သွားခဲ့သည်။

ထိုရဲမက်၏မျက်လုံးများက ပြူးကျယ်သွားပြီး အသတ်မခံရခင် အကူအညီတောင်းရန် အခွင့်အလမ်းပင် မရှိသွားခဲ့ပေ။

ချွီတာ့နှင့် ကျန်းချမ်ကလည်း ဒေါသထွက်သွားနေပြီ ဖြစ်သည်။ သူတို့က ထိုသားရဲထက်ဆိုးသော ရဲမက်ကို သတ်လိုက်ကြပြီး သူတို့ နှစ်ယောက် ခဏလောက် ဆွေးနွေးလိုက်ကာ အခြားရဲမက်များကိုပါ သတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

တိရစ္ဆာန်တွေထက် ပိုဆိုးတဲ့ ဒီရဲမက်တွေကို အခုပဲ သတ်ပစ်လိုက်တော့မယ်။

တောထဲတွင် အကြာကြီး လှုပ်ရှားမှု မရှိသောကြောင့် ရဲမက်ခေါင်းဆောင်က သူ့လူတစ်ယောက်ကို သွားကြည့်ဖို့ အမိန့်ပေးလိုက်သည်။

"ဆဌမညီလေးက လေဖြတ်သွားတာလား? သွားကြည့်စမ်း... သူက ဘာလို့ ထွက်မလာသေးတာလဲ?"

All Chapters