← Chapters

မော့ချန် (အပိုင်း ၁)

Vol. 15 Ch. 224

မော့ချန် (အပိုင်း ၁)

Vol. 15 Ch. 224

ထိုသံသယဖြစ်ဖွယ်အကျဉ်းသားများကို တွေ့သည်နှင့် မြို့စောင့်တပ်သားများက သူတို့ကို ချက်ချင်း ဖမ်းဆီးလိုက်ကြပြီး အစိုးရရုံးသို့ ပို့လိုက်ကြသည်။ ရုံးတော်မှ အရာရှိက သူတို့ကို နှိပ်စက်ရန်ပင် မလိုအပ်ပဲ တူတစ်ချက်ခေါက်လိုက်ရုံဖြင့် သူတို့က လုံးလုံးလျားလျား ဝန်ခံဖြောင့်ချက်ပေးလိုက်ကြတော့သည်။

ကံကောင်းထောက်မစွာဖြင့် ကျိရွှေရှန့်နှင့် အခြားသူများက ထိုအကျဉ်းသားများထက် ပိုမြန်အောင် လမ်းလျောက်နိုင်ခဲ့ကြသည်။ အစိုးရဘက်မှ ထိုအကျဉ်းသားများကို ရှာတွေ့သွားချိန်တွင် သူတို့က ထိုနေရာမှ ကျော်ဖြတ်သွားကြပြီး ဖြစ်သည်။

ထို့အပြင် ကံအားလျှော်စွာဖြင့် သူတို့က သူ့ကိုယ်သူ အထင်ကြီးလွန်းသော အုပ်ချုပ်ရေးအမတ်တစ်ဦးနှင့် တွေ့ဆုံခဲ့ကြသည်။ ရှင်းရူဟိုင်ကို ပြန်ပေးဆွဲသူများက ကျင့်ရှီလျိုမြောင်ထံသို့ မသွားဘဲ တောင်ဘက်သို့ ထွက်ပြေးမည်ဟု ထိုအရာရှိက စီရင်ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူက သူ့လူများကို တောင်ဘက်သို့ လိုက်ရန် စေလွှတ်ခဲ့သည်။

အသတ်ခံခဲ့ရသော ရဲမက်များကိုလည်း ပြန်တူးဖော်ထားခဲ့ပြီး အလောင်းတစ်ဒါဇင်ကျော်ကို မြေပြင်ပေါ်တွင် တန်းစီချထားခဲ့သည်။

ယင်းက တာ့ရှားပြည်ထောင်အတွက် အရေးပါသော ကိစ္စရပ်တစ်ခုဟု ယူဆနိုင်သည်။ ရှင်းရူဟိုင် ပြန်ပေးဆွဲခံရသောကြောင့် ဝမ်မိသားစုကလည်း ထိုသတင်းကို အလျင်အမြန် သိရှိသွားကြသည်။ ထို့နောက် သူတို့က ထိုကိစ္စအတွက် ဧကရာဇ်ကို အပြစ်တင်နေကြသည်။

ဧကရာဇ်က ရှင်းရူဟိုင်ကို တိတ်တဆိတ် ကယ်တင်ခဲ့ပြီး သူ့ကို ကာကွယ်ပေးလိုသောကြောင့် ရဲမက်များကို သတ်ပစ်ခဲ့သည်ဟု သူတို့ ထင်နေခဲ့ကြသည်။ ထို့ကြောင့် သူတို့က ဖမ်းဝရမ်းနှင့် ဆုငွေများကို နေရာတိုင်းသို့ ဖြန့်ဝေခဲ့ကြသည်။

သို့သော်လည်း တစ်သက်လုံး ဉာဏ်ကောင်းခဲ့သော ဝမ်မိသားစုက တခဏတာမျှ အတွေးချော်သွားပြီး ကယ်ထုတ်ခံလိုက်ရသော ရှင်းရူဟိုင်က ကျင့်ရှီလျိုမြောင်သို့ သွားနေမည်ဟုတော့ သူတို့လည်း မတွေးနိုင်ခဲ့ကြပေ။ ထို့ကြောင့် အဆိုပါ ဖမ်းဝရမ်းကို တောင်ပိုင်းမြို့များအနှံ့ကိုသာ ထုတ်ပြန်ထားခဲ့သည်။

ထောင်ဟွားဝူအဖွဲ့ကတော့ ဆယ်ရက်ကျော် ချောချောမွေ့မွေ့ ခရီးနှင်နိုင်ခဲ့သည်။ ရှင်းရူဟိုင်နှင့် သူ၏ဇနီးသည်ကလည်း ဆယ်ရက်ကြာ ဆေးကုသမှုခံယူခဲ့ရပြီး ယနေ့တွင် သူတို့၏ပတ်တီးများကို ဖယ်ရှားနိုင်ခဲ့ပြီ ဖြစ်သည်။

သူတို့ နှစ်ယောက်စလုံးက အသည်းတယားယား ဖြစ်နေခဲ့ပြီး ရှင်းရူဟိုင်က သူ့မျက်နှာပေါ်မှ အရေပြားတစ်စ ပျောက်ကွယ်နေလိမ့်မည်ဟု ထင်နေကာ အမျိုသမီးရှင်းကတော့ သူမ၏ ဒဏ်ရာအများစု ပျောက်ကင်းသွားပြီး သူမ၏မျက်နှာက ယခင်ကလောက် ကြောက်စရာ မကောင်းရန် မျှော်လင့်နေခဲ့သည်။

မှန်မရှိသေးသောကြောင့် သူတို့က သူတို့၏ကိုယ်ပိုင်မျက်နှာများကို မမြင်နိုင်သော်လည် တစ်ယောက်၏မျက်နှာကိုတော့ တစ်ယောက်က မြင်နိုင်သေးသည်။

"သခင်ကြီး၊ ရှင့်ရဲ့မျက်နှာ ပြန်ကောင်းသွားပြီ"

အမျိုသမီးရှင်းက သူမ၏ခင်ပွန်းကို အံ့သြတကြီး စိုက်ကြည့်နေခဲ့သည်။ ရှင်းရူဟိုင်က ငယ်စဉ်အခါကပင် မျက်နှာဖြူဖျော့ဖျော့ အသွင်အပြင်ရှိသည့် ပညာရှင်တစ်ဦး ဖြစ်ခဲ့ပြီး ချောမောပြေပြစ်သော လူငယ်တစ်ယောက် ဖြစ်ခဲ့ဖူးသူ ဖြစ်သည်။ အသက်ကြီးလာပြီး မုတ်ဆိတ်မွေးများပေါက်လာချိန်တွင်ပင် သူ၏နှစ်ပေါင်းများစွာ စုဆောင်းထားသည့် တိုးပွာလာသော အသိပညာများကြောင့် ထိုမုတ်ဆိတ်မွေးများက သူကို ပို၍ တည်ငြိမ်ရင့်ကျက်လာဟန်ပေါ်အောင် ပံ့ပိုးပေးခဲ့သည်။ သူက ချောမောပြေပြစ်ပြီး တည်ငြိမ်ရင့်ကျက်သော လူလတ်ပိုင်းအရွယ်ဦးလေးကြီးတစ်ယောက် ဖြစ်လာခဲ့သည်။

"ရှင်မ၊ မင်းရဲ့မျက်နှာလည်း ပြန်ကောင်းလာပြီ"

ရှင်းရူဟိုင်က ဇနီးဖြစ်သူ၏ ပြန်လည်ကောင်းမွန်လာသော မျက်နှာကို မြင်လိုက်ရသောကြောင့် သူ့မျက်လုံးများကိုပင် သူ မယုံနိုင်ဖြစ်နေခဲ့သည်။

အမာရွတ်တစ်ခုတောင် မကျန်ဘူးလား? ဒီလို နက်နဲတဲ့ ဒဏ်ရာတွေက ဘယ်လို ပြီးပြည့်စုံအောင် ကုသပေးနိုင်ခဲ့တာလဲ?

"တကယ်လား?"

အမျိုသမီးရှင်းက ခင်ပွန်းဖြစ်သူ၏မျက်လုံးများထဲမှ ပျော်ရွှင်ရိပ်များကို မြင်သွားပြီး သူမကိုယ်တိုင်လည်း စိတ်လှုပ်ရှားလာခဲ့သည်။ သူမ၏မျက်နှာကို ထိကြည့်နေသော သူမ၏လက်ချောင်းများက တုန်ယင်နေခဲ့သည်။ သူမ၏မျက်နှာက အခွံခွာထားသော လိုင်ချီးသီးကဲ့သို့ ချောမွေ့နေပြီး စိုစွတ်မှုနှင့် ပျော့ပျောင်းမှုကိုလည်း ခံစားနရသည်။

“မိန်းခလေးရဲ့ ကြီးမြတ်တဲ့ မဟာကရုဏာကို ကျွန်မ ဒီတစ်သက် ပြန်မဆပ်နိုင်‌တော့ပါဘူး”

အမျိုသမီးရှင်းက မျက်ရည်များဝဲလျက် စူးချင်းထံသို့ လျှောက်လာကာ အလေးအနက် အရိုအသေပေးလိုက်သည်။

စူးချင်းက သူမကို ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်ပြီး ရုပ်သွင်ပြောင်းဆေးနှစ်လုံးကို လှမ်းပေးလိုက်သည်။

“စားလိုက်”

သူတို့၏လက်ရှိ အထောာက်အထားက တော်ဝင်ရုံးတော်မျ အမိန့်ချမှတ်ထားသော ရာဇ၀တ်ကောင်များဖြစ်ကြပြီး သူတို့ကို မည်သူကမှ မမှတ်မိနိုင်ဟုဟော အာမခံချက်မျိုး မရှိပေ။ ထို့ကြောင့် စူးချင်းက အစစအရာရာကို သတိဖြင့် ပြုမူဆောင်ရွက်ခဲ့ပြီး သူတို့၏အသွင်အပြင်ကို ပြောင်းလဲခိုင်းလိုက်သည်။

အမျိုသမီးရှင်းနှင့် ရှင်းရူဟိုင်တို့ကလည်း စူးချင်းကို အလွန်ယုံကြည်နေသောကြောင့် ဘာဆေးလဲဟုပင် မမေးဘဲ ဆေးကို ချက်ချင်း မျိုချလိုက်ကြသည်။

ခဏလေးအတွင်းမှာပင် သူတို့မျက်နှာများက မီးလောင်နေသလို ခံစားလာရပြီး နှစ်ယောက်သား တစ်ယောက်၏မျက်နှာကို တစ်ယောက် ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်ကြပြန်သည်။

"သခင်ကြီး၊ ရှင့်ရဲ့မျက်နှာ ပြောင်းသွားပြီ"

"ရှင်မ၊ မင်းရဲ့မျက်နှာလည်း ပြောင်းသွားပြီ"

သူတို့နှစ်ဦး၏အသွင်အပြင်က ယခင်ကနှင့် လုံးဝကွဲပြားသွားသည်ကို တွေ့လိုက်ရသောကြောင့် နှစ်ယောက်သား အံ့အားသင့်နေကြပြန်သည်။

"မလန့်ပါနဲ့... ဒါက ရုပ်သွင်ပြောင်းဆေးလုံးပါ”

အတွေ့အကြုံရှိနေသော ချင်ဖုန်းက သူတို့ကို အပြုံးဖြင့် နှစ်သိမ့်ပေးလိုက်သည်။ ချင်ဖုန်း၏မျက်နှာကို ပြန်ကြည့်လိုက်ပြီးနောက် ရှင်းရူဟိုင်တစ်ယောက် စိတ်သက်သာရာရသွားပြီး သူက အပြုံးဖြင့် ခေါင်းညိတ်ကာ “ကောင်းပြီ၊ ဒါက ကောင်းတယ်”

သူတို့ ခရီးဆက်လာကြရင်း လမ်းပေါ်တွင် မြင်းစီးလာသည့်လူများကို မကြာခဏ တွေ့ကြရသည်။ သူတို့အားလုံးက စစ်ဝတ်စုံဝတ်ထားသည့် စစ်သည်များဖြစ်ကြသော်လည်း သူတို့ လမ်းတစ်လျှောက်တွင် ကြုံတွေ့ရသော မောက်မာရိုင်းစိုင်းသည့် စစ်သည်များနှင့် မတူဘဲ သူတို့က ပြည်သူများကို မနှောင့်ယှက်သည့်အပြင် ကပ်ဘေးရှောင်လာသော အရပ်သားများကို တွေ့သည့်အခါ ရှောင်းတိမ်းပြီး ထွက်ခွာသွားကြသည်။ ဝမ်မိသားစု၏စစ်တပ်မှ စစ်သည်များကဲ့သို့ သောင်းကျန်းခြင်းလည်း မရှိသလို လူများကိုမြင်းများဖြင့် နင်းခြေသွားခြင်းမျိုးလည်း မရှိခဲ့ပေ။

"ဒါက ဘယ်စစ်တပ်လဲ?"

ပြည်သူများကို အလေးအနက်ထားသော စစ်သည်များကို တွေ့လိုက်ရသောကြောင့် ကျိရွှေရှန့်က သူ့အဘိုးကို မေးလိုက်သည်။

“ဒီနယ်ခြားစောင့်တပ်က လူတွေက ကျိရွှေရှန့်က မင်းအဖေရဲ့လက်အောက်ခံတွေပဲ။ နောက်ပိုင်း ဧကရာဇ်က သူတို့ကို မြို့အသီးသီးက မြို့စောင့်တွေဆီကို ခွဲပို့လိုက်တယ်။ ဒီလူတွေက တစ်ချိန်က ရှောင်းမိသားစုစစ်တပ်ရဲ့ စစ်သည်တွေ ဖြစ်နိုင်မလားလို့ ငါ တွေးမိတယ်"

ချင်ဖုန်းက အဝေးသို့ ထွက်ခွာသွားသော စစ်သည်များကို ကြည့်နေပြီး သူ့မျက်လုံးများတွင် စိတ်ပျက်ခြင်း၊ ဝမ်းနည်းခြင်းနှင့် အထီးကျန်ဆန်သော အရိပ်အယောင်များ ပြည့်လျှံလာခဲ့သည်။

အတိတ်တုန်းက ရှောင်းမိသားစုစစ်တပ်က မယုံနိုင်လောက်အောင် အင်အားတောင့်တင်းခဲ့ပြီး တာ့ရှားပြည်ထောင်ကို ကျောက်တံတိုင်းကြီးသဖွယ် ကာကွယ်ပေးခဲ့ကြတယ်၊ ရှောင်းမိသားစုစစ်တပ်လို့ အသံကြားတာနဲ့ တာ့ထန်တွေက အရမ်းကြောက်ရွံ့နေတက်ကြတယ်။ ရှောင်းမိသားစုစစ်တပ်သာ ရှိနေသေးရင် သူတို့က အခု တာ့ရှားပြည်ထောင်ထဲကို ခြေတစ်လှမ်းတောင် ချရဲမှာ မဟုတ်ဘူး။

ဧကရာဇ်နဲ့ ဝမ်မိသားစုစစ်တပ်ကလည်း ဒီသဘောတရားကို ကောင်းကောင်း သိနေခဲ့ကြတယ်။ အဲ့ဒါကြောင့် သူတို့က ရှောင်းမိသားစုစစ်တပ်ရဲ့ တပ်သားတစ်ဝက်နီးပါးကို ကျင့်ရှီလျိုမြောင်နဲ့ မြောက်ပိုင်းက နယ်စပ်မြို့တွေမှာ တပ်စွဲဖို့ အမိန့်ပေးထားခဲ့တယ်။ ကျင့်ရှီလျိုမြောင်ရဲ့မြို့ရိုးပေါ်မှာဆိုရင် ရှောင်းမိသားစုရဲ့ စစ်တပ်အလံကို အခုထိ ချိတ်ဆွဲထားနိုင်တုန်းပဲ။

အဲ့ဒီစစ်အလံတစ်ခုတည်းကတောင် တာ့ရှားပြည်ထောင်ရဲ့ လုံခြုံရေးကို ဆယ်နှစ်ကျော်ကြာအောင် အာမခံချက်ပေးနိုင်ခဲ့တယ်။

ကျိရွှေရှန့်၏အမူအရာတွင်လည်း စိတ်ပျက်ဝမ်းနည်းနေသည့်အရိပ်အယောင်များ ပြည့်နှက်နေခဲ့သည်။

တကယ်လို့ သူ့အဖေသာ အသက်ရှင်နေသေးရင် သူကိုယ်တိုင် လေ့ကျင့်ပေးထားတဲ့ စစ်သည်တွေ မြို့စောင့်တပ်သားဖြစ်နေတာကို မြင်ရက်ပါမလား?

နောက်ထပ် ငါးရက် သို့မဟုတ် ခြောက်ရက်ခန့် အားသွန်ခွန်စိုက် လမ်းလျှောက်လာခဲ့ကြသော်လည်း သူတို့က ကျင့်ရှီလျိုမြောင်နှင့် လီရာဂဏန်းလောက်အကွာသို့သာ ရောက်ရှိနိုင်ခဲ့ကြသည်။ အရုဏ်တက်ချိန်ရောက်လာလျှင်ပင် အေးနေဆဲဖြစ်ကာ ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ ဖြစ်သည်။ ဂွမ်းချည်အင်္ကျီများကို ၀တ်ဆင်ထားသည့်သူများက အဆင်ပြေနေသေးသော်လည်း ဂွမ်းချည်အင်္ကျီနှင့် ဂွမ်းချည်ဖိနပ်များမပါသည့် ရွာသူရွာသားများကတော့ အေးခဲနေကြပြီ ဖြစ်သည်။

ကျိရွှေရှန့်နှင့် လူငယ်များက ယောက်ျားသားများ ဖြစ်ကြသောကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများအား ဂွမ်းချည်သားအဝတ်အစားများနှင့် ဖိနပ်များကို ဦးစားပေး ဝတ်ဆင်စေခဲ့သည်။ သူတို့ယောက်ျားလေးများများက သူတို့၏ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်ကို မှီခိုအားထားရင် ခရီးဆက်ကြရသည်။

နောက်ဆုံးတွင် ကျိရွှေရှန့်က ရိက္ခာဝယ်ရန် မြို့ထဲသို့ ဝင်မည်ဟု ဆုံးဖြတ်လိုက်သည်။ သူတို့ အရှေ့တွင် ရောက်တော့မည့်မြို့ကို မော့ချန်(မော့မြို့)ဟု ခေါ်ပြီး ကျင့်ရှီလျိုမြောင်သို့ သွားရာလမ်းတွင် နောက်ဆုံးတွေ့ရမည့် အတော်လေး ကြီးမားသောမြို့တစ်မြို့ ဖြစ်သည်။

သူတို့၏စားနပ်ရိက္ခာများ ပြတ်လပ်သွားသည်မှာ ကြာပြီ ဖြစ်ကာ လမ်းတစ်လျှောက်တွင် တွေ့ခဲ့ရသည့် မြေအများစုက ခြောက်သွေ့သောသဲမြေများ ဖြစ်ကြသည်။ အနီးနားပတ်ဝန်းကျင်တွင် ရေရှာမတွေ့သောကြောင့် ရေဝယ်ရန် မြို့ထဲသို့ သွားရတော့မည် ဖြစ်သည်။ ထို့ကြောင့် သူတို့က လှည်းသုံးစီးကို အမြန် မောင်းနှင်ကာ မြို့ဆီသို့ ဦးတည်လိုက်ကြသည်။ ယခုတစ်ကြိမ်တွင် ကျုံးယုံက ကျိရွှေရှန့်နှင့် လိုက်နိုင်ရန် တောင်းဆိုမှု အောင်မြင်နိုင်ခဲ့သည်။

ကျုံးယုံက သူ့၏အင်္ကျီစကို ဆွဲကာ သနားစဖွယ် တောင်းဆိုနေသောကြောင့် ကျိရွှေရှန့်က ဧရာမသတ္တဝါကြီးတစ်ကောင်ကဲ့သို့ အရပ်ရှည်သော ကျုံးယုံကို တစ်ချက်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့ သဘောတူလိုက်ရသည်။

ကျိရွှေရှန့်က ချိုးယုံခန်းအား ရွာသားများကို ချွီတာ့တို့နှင့်အတူ ကာကွယ်ရန် ချန်ထားရစ်ခဲ့သည်။ စူးချင်းကလည်း သူတို့နှင့်အတူ လိုက်သွားခဲ့သည်။

သူမလည်း ပစ္စည်းတွေ အများကြီး ဝယ်ချင်စရာ ရှိတယ်။ သူမရဲ့ပိုက်ဆံတွေကို မသုံးရင်တောင် ဒီပိုက်ဆံတွေက ပွားလာမှာ မဟုတ်ဘူးလေ။

ကျိရှောင်ယင်ကလည်း သူမ၏ ရွှမ်းစိုနေသော မျက်လုံးကြီးများဖြင့် စူးချင်းကို မျှော်တလင့်တကြီး လိုက်ကြည့်နေခဲ့သည်။

မြို့ကို သွားရတာက အန္တရာယ်ရှိပေမယ့် ဒီမှာနေခဲ့ရတာထက် ပိုပျော်ဖို့ ကောင်းတယ်။

ပြီးတော့ သူမက အခု အရင်ကလို ဟန်ဆောင်ပန်ဆောင် လှုပ်ရှားနိုင်တာ မဟုတ်တော့ဘူး။ အစ်မစူးချင်းဆီကနေ အချိန်အတော်ကြာ သင်ကြားခဲ့ရတာကြောင့် အခု သူမက ကောင်းကောင်း တိုက်ခိုက်နိုင်နေပြီ။

"သွားကြရအောင်!"

စူးချင်းက သူမ၏အသနားခံနေသော မျက်လုံးများကို မကြည့်ရက်သောကြောင့် သူမကို ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။

"အစ်မစူးချင်း၊ ကျွန်မကို မြို့ထဲကို ခေါ်သွားလို့ရမလား?"

ကျန်းယွိရန်က စူးချင်းကို ရှာရန် ရောက်လာခဲ့သည်။ သူမက ဤကဲ့သို့ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုမျိုးကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။ စူးချင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး ကျန်းယွိရန်၏မျက်လုံးများမှ မျှော်လင့်ခြင်းနှင့် သူမ သဘောမတူမည်ကို စိုးရိမ်နေသည့် ကြောက်ရွံ့မှုတို့ကို မြင်နိုင်ခဲ့သည်။

“အင်း”

စူးချင်းက ခေါင်းညိတ်သဘောတူလိုက်သည်။ ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့ စူးချင်းနှင့်အတူ မြို့ထဲသို့ လိုက်နိုင်မည်ကို မြင်သောအခါ လီရွှမ်းအာနှင့် အခြားမိန်းကလေးများအားလုံးက အလွန်ပင် မနာလိုဖြစ်သွားကြသည်။

သို့သော်လည်း လူများများ မလိုက်နိုင်မှန်းလည်း သူမတို့လည်း နားလည်နေသောကြောင့် သူမတို့ လိုက်ချင်နေသော်လည်း နောက်ဆုတ်နေလိုက်ကြသည်။

လူငါးယောက်က လှည်းသုံးစီးဖြင့် မြို့ထဲသို့ ဝင်လာခဲ့ကြသည်။ ဤမြို့ကို စောင့်ကြပ်နေသော မြို့စောင့်တပ်က ကျောက်ယွမ်ကောင်တီရှိ မြို့စောင့်တပ်သားများထက် ပိုတင်းကြပ်သည်။ သူတို့က မြို့တွင်းသို့ ဝင်ရောက်လာသူတိုင်း၏ အထောက်အထားကို ဂရုတစိုက် စစ်ဆေးနေကြပြီး လေထုက အနည်းငယ် တင်းမာနေခဲ့သည်။

"မင်းတို့ ဒီကို ဘာလာလုပ်တာလဲ?"

ကျိရွှေရှန့်တို့အဖွဲ့တွင် လူငါးယောက်ရှိနေပြီး ကျုံးယုံက အရပ်အလွန်ရှည်ကာ သန်မာထွာကြိုင်းလွန်းသောကြောင့် တခြားသူများ၏မျက်လုံးများကို အလွယ်တကူ ဖမ်းစားနိုင်ခဲ့သည်။ ထို့ကြောင့် မြို့တံခါးကို စောင့်နေသော တပ်သားများက သတိမပေါ့ဝံ့ဘဲ တင်းတင်းကြပ်ကြပ် စစ်ဆေးမေးမြန်းနေကြသည်။

"လူကြီးမင်းကို အကြောင်းပြန်ပါတယ်၊ ကျွန်တော်မျိုးတို့က စားစရာနဲ့ ရေဝယ်ဖို့ မြို့ထဲကို သွားချင်တာပါ"

ကျိရွှေရှန့်က အလျင်အမြန် ဦးညွှတ်လိုက်ပြီး ခေါင်းဆောင်နှင့် စစ်သည်များ ကြည့်ရှုရန် ခရီးသွားလက်မှတ်နှင့် စာရွက်စာတမ်းများကို ထုတ်ပေးလိုက်သည်။

“ကျွန်တော်မျိုးတို့က ကျောက်ယွမ်သက်တော်စောင့်လုပ်ငန်းကပါ။ ကျင့်ရှီလျိုမြောင်ကို ကုန်ပစ္စည်းတစ်သုတ် ပို့ဆောင်ဖို့ ခရီးထွက်လာကြတာပါ"

ချိုးယုံခန်း၏စာရွက်စာတမ်းအတုများက အလွန်ယုံကြည်စရာ ကောင်းလှသည်။ စစ်သည်များက စာရွက်စာတမ်းကို သေသေချာချာ စစ်ဆေးပြီး အပြစ်အနာအဆာကင်းသည်ကိုသာ တွေ့နေရသောကြောင့် ခေါင်းညိတ်ကာ သူတို့ကို လွှတ်ပေးလိုက်သည်။

မော့ချန်က ကျောက်ယွမ်ကောင်တီလောက် မချမ်းသာပေ။ ပထမတစ်ချက်အကြည့်မှာပင် မြေသားအိမ်နိမ့်နိမ့်လေးများ ပြည့်နေသည်ကို မြင်နေရသည်။ ကုန်သည်အနည်းငယ်ကသာ စီးပွားရေး လုပ်နေကြပြီး လမ်းမပေါ်တွင် လူမရှိသလောက်ပင်။

မြို့ထဲသို့ ဝင်လာသည့်လူများကို တွေ့လိုက်ရသည့်အချိန်တွင် သူတို့အားလုံးက တုန်လှုပ်ပြီး သတိအပြည့်ဖြစ်သွားကြသည်။

All Chapters