← Chapters

ရန်သူများ ရောက်ရှိလာခြင်း

Vol. 6 Ch. 568

ရန်သူများ ရောက်ရှိလာခြင်း

Vol. 6 Ch. 568

မိုးရွာသော ညတစ်ည ဖြစ်သည်။

လျှပ်စီးများက ကောင်းကင်၌ ပြိုးပြိုးပျက်ပျက် လက်၍ မှောင်မည်းသော တိမ်းစိုင်များ အောက်၌ ဝှစ်စတယ်ရီယာ စံအိမ်ကြီးသည် ကမ္ဘာကြီးတွင် နောက်ဆုံး ကျန်ရစ်သော တဲအိမ်ငယ် တစ်ခု အလား အထီးကျန် နေလေ၏။

"အား ... မိုးအဆက်မပြတ် ရွာနေတာ သုံးရက်လောက် ရှိနေပြီ ... ဘယ်လောက်တောင် ဆက်ပြီး ရွာဦးမှာလဲကွာ ..."

လူအိုကြီး လိုဂန်က အိပ်ယာမှ ထ၍ မိုးကာ အင်္ကျီကို ဝတ်လိုက်ပြီး ဆီမီးအိမ်ကို ယူကာ ခြံဝင်း အတွင်း ဆင်းလာခဲ့သည်။

သူသည် ဝှစ်စတယ်ရီယာ စံအိမ်ကြီးတွင် ဆယ်စုနှစ်နှင့် ချီ၍ တာဝန် ထမ်းဆောင်ခဲ့သော သစ္စာရှိ အစောင့်ကြီး ဖြစ်သည်။ စံအိမ်ကြီး၏ ပိုင်ရှင်များ ပြောင်းလဲ သွားသည့်တိုင် လိုဂန်ကမူ ပြောင်းလဲခြင်း မရှိချေ။

"ဟီး ..."

ရုတ်တရက် မြင်းဇောင်းတွင် မြင်းများက ထကာ ဟီလိုက်သည်။

"ဟမ် ... မြင်းတွေက ဘာလို့ ဂဏာမငြိမ် ဖြစ်နေတာလဲ ... ခုညမှာ မိုးကြိုးပစ်တာ ဘာညာလည်း မရှိပါဘူး ..."

လူအိုကြီး လိုဂန်က မြင်းဇောင်းသို့ လှမ်းကြည့်ရင်း ရေရွတ် လိုက်သည်။

ထိုစဉ်မှာပင် ခွေးကလေး အန်ဒီသည် ထောင့်တစ်ခု၌ ပုန်းကွယ်ရင် ထိုးဟောင်နေသည်ကို လိုဂန် တွေ့လိုက်ရသည်။ အန်ဒီသည် တစ်စုံတစ်ခုကို ကြောက်လန့် နေပုံရသည်။

အန်ဒီ ထိုကဲ့သို့ နောက်ဆုံး ပြုမူခဲ့သည့် အချိန်က တိရစ္ဆာန် ထားရာ နေရာ၌ ကျားတစ်ကောင် ရောက်နေသည်ကို တွေ့ခဲ့ရသည်။

"တိတ်တိတ်နေစမ်း ... သခင်လေး နိုးသွားလိမ့်မယ် ..."

လူအိုကြီး လိုဂန်က ခွေးကလေး အန်ဒီ၏ အနားသို့ သွားကာ ပွတ်သပ် ပေးလိုက်သည်။ ထိုအခါ၌ အန်ဒီ၏ တစ်ကိုယ်လုံးမှာ ကြောက်လန့်မှုကြောင့် အလွန်တုန်ရီ နေကြောင်း လိုဂန် သတိပြုမိ လိုက်သည်။

"ဟမ် ... ဒီနေရာမှာ တစ်ခုခုတော့ ရှိနေပြီ ထင်တယ် ..."

လူအိုကြီး လိုဂန်က တွေးရင်း တံခါး အပြင်ဘက်သို့ လှမ်းကြည့် လိုက်သည်။

မိုးသည် သည်းထန်စွာ ရွာသွန်းနေပြီး နေရာတွင်း၌ မှောင်မိုက်နေ၏။ နှစ်မီတာတိုင်း၌ ထွန်းညှိထားသော မီးတိုင်များ၏ အလင်းရောင်များပင်လျှင် ထိုအမှောင်ထုကို တိုးမပေါက်နိုင်ချေ။

ရုတ်တရက် မီးတိုင် တစ်ခု၏ အောက်၌ လူရိပ်တစ်ခု ပေါ်လာခဲ့သည်။ ထိုလူရိပ်မှာ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာတွင် ငွေရောင် မျက်နှာဖုံး တပ်ဆင်ထား၏။

လိုဂန် ကြည့်နေစဉ်မှာပင် လူရိပ်မျာမှား ပို၍ ပို၍ တိုးလာခဲ့သည်။

"တစ် ..."

"နှစ် ..."

"သုံး ..."

တစ်ခဏ အတွင်း စုစုပေါင်း ဝတ်စုံနက်ဝတ် လူဦးရေမှာ ဆယ်ယောက် တိတိ ဖြစ်လာ၏။ သူတို့သည် လူစုံသည်နှင့် တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြရင်း တံခါးကို ညင်သာစွာ ဖွင့်၍ အတွင်းသို့ ဝင်လာ ခဲ့ကြသည်။

"ဝှစ် ..."

သူတို့သည် သရဲတစ္ဆေများ ကဲ့သို့ မြေပြင်ကို ခြေထောက်နှင့် မထိပဲ လွင့်မျော နေကြ၏။ ထို့အပြင် ရွာသွန်းနေသော မိုးရေစက်များသည် သူတို့ အနားသို့ ရောက်သည်နှင့် တစ်စုံတစ်ခုကို တွေ့သည့် အလား ဘေးသို့ ဖယ်ကြလေသည်။

ဝတ်စုံနက်ဝတ် လူများသည် လိုဂန်အား ဖြတ်ကျော်ကာ ဆက်လက် လွင့်မြောသွား၏။ သူတို့သည် လိုဂန်ကို တစ်ချက်မျှ လှည့်ကြည့် မသွားခဲ့ချေ။

"ဒီလူတွေက လွန်ခဲ့တဲ့ ရက်ပိုင်းက သခင်လေး ဆီကို လာကြတဲ့ လူတွေမလား ... သူတို့က ဘာလို့ ထပ်လာကြတာလဲ ..."

လိုဂန်မှာ ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်နေခဲ့၏။

သူသည် သူ၏ သခင်လေးကို အော်ဟစ်ကာ သတိပေးချင်ခဲ့သည်။ သို့သော်လည်း သူ၏ လည်ချောင်းများက ခြောက်ကပ်နေရာ အသံ တစ်ခုတစ်လေမျှပင် ထွက်မလာခဲ့ချေ။

ဝတ်စုံနက်ဝတ် လူများသည် ချန်းဖန် နေထိုင်ရာ အဆောက်အဦသို့ ဦးတည်ကာ သွားနေခဲ့သည်။ ထို့နောက် သူတို့က လေ့ကျင့်ထားသော စစ်သားများ ကဲ့သို့ မိုးရေထဲ၌ ရပ်ကာ တစ်စုံတစ်ခုအား စိတ်ရှည်စွာ စောင့်နေခဲ့သည်။

တစ်ခဏ အကြာ၌ လူငါးယောက် ရောက်လာခဲ့သည်။ ထိုလူငါးယောက်သည် အနီရောင် ဇာပန်းထိုးထားသော အနက်ရောင် ဝတ်ရုံခြုံထည်များကို ဝတ်ဆင်ထား၏။

သူတို့၏ မျက်နှာများက သွေးဆုတ် ဖြူရော်နေ၏။ သူတို့၏ အမူအရာက ရှေးခေတ် တော်ဝင်ပုဂ္ဂိုလ်များ အလား လူကြီးလူကောင်း ဆန်သော်လည်း သူတို့၏ မျက်လုံးများကမူ ရဲရဲနီနီ နေသည်။

အမှောင်ခုံရုံး၏ ခုံသမာဓိ ငါးယောက်ကား ရောက်ရှိချေပြီ ဖြစ်သည်။

တောက်ပသော အနီရောင် လက်အိတ်များ ဝတ်ဆင်ထားသော လူကြီးက အနည်းငယ် ပြုံးရင်း ပြောလိုက်သည်။

"ငါတို့ ဒီကို ရောက်နေတာ ချန်းပေ့ရွှမ်း သိမှာပဲ ..."

သူကား သွေးမူးမတ် ကလော့ဒီ ဖြစ်သည်။

ကောလာဟလများ အရ သူ၏ အသက်မှာ သုံးရာ ငါးဆယ်နှစ်ခန့် ဖြစ်ပြီး သူသည် တစ်ခါတစ်ရံ ဥရောပသို့ သွားရောက်ကာ သတ်ဖြတ်တတ်သည်။ သူ၏ လက်အောက်၌ များစွာသော အာဖရိက ပညာရှင်ဂိုဏ်းများ အပါအတင် တန်ခိုးရှင် သုံးယောက် ကျဆုံးပြီး ဖြစ်၏။

"အဲဒီတော့ ဘာဖြစ်လဲ ... ဘယ်သူမှ သတ်ရန် အမိန့်ကနေ မလွတ်မြောက် နိုင်ဘူး ..."

တော်ဝင် လူကြီးမင်း ဝတ်ဆုံဝတ် အသက်လတ် လူကြီးက ယုံကြည်ချက် ရှိစွာ ပြောလိုက်သည်။ သူ၏ ခန္ဓာကိုယ် ပတ်ဝန်းကျင်၌ သွေးဆုတ်ဖွယ် ဝိညာဉ်ချီများက ပြန့်ကား ထွက်နေကာ မိုးရေများကို တားဆီးနေ၏။

သူကမူ တစ္ဆေမြို့စား ရေဗန်စီ ဖြစ်သည်။

"ချန်းပေ့ရွှမ်းကို အထင်မသေးနဲ့ ... သူ့လက်အောက်မှာ သေခဲ့ရတဲ့ တန်ခိုးရှင်တွေ မနည်းဘူး ... အရှေ့တိုင်းရဲ့ သေမျိုး နတ်ဘုရား နှစ်ယောက်တောင် သူ့လက်အောက်မှာ သေခဲ့ဖူးတယ် ..."

အမှောင်မြို့စားက သူ၏ လူများကို သတိပေး လိုက်သည်။

"ဟမ့် ... အဲဒီတော့ရော ဘာဖြစ်လဲ ... ငါတို့ သတ်ဖူးတဲ့ အန်တိုနီယို ဆိုလည်း သူ့လို ပြန်ပြီး မွေးဖွားလာတဲ့ သူတော်စင် တစ်ယောက်ပဲလေ ..."

သေခြင်း နတ်ဆိုး အင်ဒရီနိုက နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။

သူသည် ဥရောပ တစ်ခွင်၌ များစွာသော လူများ၏ ဝိညာဉ်များကို နှုတ်ယူခဲ့သော သေမင်း ဖြစ်သည်။ သူရောက်ရှိသည့် နေရာတိုင်း၌ အလောင်းများဖြင့် အထပ်လိုက် ဖြစ်သွား တတ်သည်မှာ ဓမ္မတာသာ ဖြစ်သည်။

"သူ့ကို သတ်မယ် ..."

စစ်နတ်ဘုရား ဘားက အေးစက်စွာ ဆိုလိုက်၏။ သူ၏ မျက်နှာ တစ်ခုလုံးသည် ရဲရဲနီသော မျက်လုံးများကို ဖော်ထားသည်က လွဲ၍ အနက်ရောင် အရိုး မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။

အမှောင်ခုံရုံး၏ ခုံသမာဓိ ငါးယောက်သည် ချန်းဖန် ရှိနေသည့် အဆောက်အဦအား လှမ်းကြည့် လိုက်သည်။ သူတို့သည် ချန်းဖန်ကို မမြင်ရသည့်တိုင် အမှောင်ထဲ၌ ကြယ်အလား တစ်လက်လက် တောက်ပနေသော စွမ်းအား တစ်ခုကိုမူ ခံစား၍ ရနေခဲ့၏။

"ချန်းပေ့ရွှမ်း ... အမှောင်ခုံရုံး ဆိုတဲ့ နာမည်နဲ့ မင်းရဲ့ သေခြင်းကို ငါတို့ လာယူတယ် ..."

အမှောင်မြို့စားက ချန်းဖန် တည်ရှိရာဘက်သို့ လှည့်ကာ အော်ဟစ်လိုက်၏။

"သေ ... သေ ..."

သွေးမူးမတ်၊ တစ္ဆေမြို့စား၊ သေခြင်းနတ်ဆိုး နှင့် စစ်နတ်ဘုရား တို့က ထိုစကားကို လိုက်လံ ရေရွတ်၏။

"သေ ... သေ ... သေ ..."

ဝတ်စုံနက်ဝတ် လူများကလည်း သရဲတစ္ဆေများ အလား လိုက်လံ ရေရွတ်သည်။

"သေ ... သေ ... သေ ..."

ခဏ အတွင်းမှာပင် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်သည် ကြက်သီးဖွယ် ရေရွတ်သံများဖြင့် ပြည့်နှက် သွားတော့၏။

"စစ်ပွဲက ဖြစ်တော့မှာပဲ ..."

ဝှစ်စတယ်ရီယာ စံအိမ်ကြီး အနား၌ လူရိပ် တစ်ချို့ ပေါ်လာခဲ့၏။ သူတို့သည် ထိုစစ်ပွဲကို လွန်ခဲ့သည့် ရက်များ ကတည်းက လာရောက် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

ထိုစစ်ပွဲသည် ချန်းပေ့ရွှမ်းနှင့် အမှောင်ခုံရုံတို့၏ သေခြင်း၊ ရှင်ခြင်းကိုသာ တိုက်ပွဲမျှသာ မဟုတ်ပေ။ အရှေ့တိုင်းနှင့် အနောက်တိုင်းတို့၏ အားပြိုင်မှုလည်း ဖြစ်သည်။

အမှောင်ခုံရုံးသည် အနောက်တိုင်းကို ကိုယ်စားပြုပြီး ချန်းပေ့ရွှမ်းကမူ အရှေ့တိုင်းကို ကိုယ်စားပြုသည်။ အကယ်၍ အမှောင်ခုံရုံးသာ အနိုင်ရပါက တစ်ကမ္ဘာလုံး၏ အမှောင် လောကမှာ အနောက်တိုင်း၏ လက်အောက်သို့ ကျရောက် သွားမည် ဖြစ်သည်။

အကယ်၍ တိုက်ပွဲ၌ ချန်းပေ့ရွှမ်းသာ အနိုင်ရခဲ့လျှင်မူ ...

သူသည် အရှေ့တိုင်းနှင့် အနောက်တိုင်း၏ အစွမ်း အထက်ဆုံး ပညာရှင် ဖြစ်လာ ပေလိမ့်မည်။ ကမ္ဘာကြီး၏ အစစ်အမှန် အုပ်စိုးသူ နေရာကို တက်လှမ်း နိုင်ပေလိမ့်မည်။

များစွာသော လူရိပ်များသည် စံအိမ်ကြီး၏ အနီးတစ်ဝိုက်၌ အစီအရီ ထွက်ပေါ်လာကာ ဖြစ်ပေါ်လာတော့မည့် တိုက်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြ၏။

"ခရက် ..."

ရုတ်တရက် အဆောက်အဦ၏ တံခါးက ညင်သာစွာ ပွင့်ဟ လာသည်။

ထို့နောက် တံခါးဝမှ ချန်းဖန် ညင်သာစွာ ထွက်လာခဲ့၏။ သူ၏ နောက်တွင်မူ ယူကီရှီရိုဆာ၊ အားရှို့၊ ယုဝမ်ကျင်း၊ ကျိုးကျင်းရီတို့ အပါအဝင် မြောက်ပိုင်းချုံး ဂိုဏ်း၏ တပည့်များ လိုက်ပါလာ၏။

ထိုအုပ်စု၏ နောက်ဆုံးမှ လိုက်ပါလာသော လူမှာမူ သုံးမီတာခန့် ရှည်လျားသော လူ့ဘီလူးကြီး တစ်ဖြစ်လည်း ထုံရှန်း ဖြစ်သည်။

မြော်ပိုင်းချုံးဂိုဏ်းသည် ချန်းဖန်အား ကူညီရန် တန်ခိုးရှင် အဆင့် တစ်ယောက်နှင့် အထွတ်အထိပ် အယောက် နှစ်ဆယ်ကို စေလွှတ်ခဲ့သည်။

ချန်းမိသားစုအား ကာကွယ်ရန် အတွက် တရုတ်တွင် ကျန်ရစ်ခဲ့သော ဟွာရန်ဖန်း တစ်ယောက်မှ လွဲ၍ မြောက်ပိုင်းချုံး၏ ပညာရှင်တိုင်း လိုလိုမှာ ချန်းဖန် ရှိရာသို့ ရောက်လာခဲ့သည်။

စစ်ပွဲကား စတင်ချေတော့မည်။

***

All Chapters