← Chapters

အခန်း (၂၂၃)

Vol. 15 Ch. 223

အခန်း (၂၂၃)

Vol. 15 Ch. 223

ရှင်းမိသားစုမှ မိသားစုဝင်လေးဦးလုံး ရေချိုးပြီးကြပြီး သန့်ရှင်းသော အဝတ်အစားများကို ပြောင်းလဲဝတ်ဆင်ထားပြီးပြီ ဖြစ်သောကြောင့် နောက်ဆုံးတွင် သူတို့က လူသားများနှင့် ပြန်တူသွားပြီ ဖြစ်သည်။ လူတိုင်းက သူတို့အနားယူနေကြည့် ပစောက်ပုံစံလှိုဏ်ဂူသို့ ပြန်ရောက်လာပြီဖြစ်ကာ ရှင်းရူဟိုင်က ကျိရွှေရှန့်ကို ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

"ကျွန်တော်တို့ မိသားစုလေးယောက်ကို အသက်ရှင်ခွင့်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... စစ်သူကြီး"

"အစ်ကိုရှင်း၊ ခင်ဗျား အဲ့လောက် ယဉ်ကျေးနေဖို့ မလိုပါဘူး"

ကျိရွှေရှန့်က ရှင်းရူဟိုင်ကို သူ့လက်နှစ်ဖက်ဖြင့် တွဲပေးထားရင်း သူ့မျက်နှာပေါ်တွင် အထင်အရှား ရှိနေသည့် အပြစ်သားဟူသော စကားလုံးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ကျိရွှေရှန့်က ရှင်းရူဟိုကို ထပ်ပြောလိုက်သည်။

“ခင်ဗျားရဲ့မျက်နှာပေါ်က စကားလုံးကို ဖယ်ရှားပစ်ရမယ်။ ခင်ဗျား နည်းနည်းတော့ ဒုက္ခခံရမှာ စိုးရိမ်မိတယ်”

ရှင်းရူဟိုင်၏မျက်လုံးများတွင် ခိုင်မာပြတ်သားသည့် အရိပ်အယောင်များ ပြည့်နေပြီး မဆိုင်းမတွ ပြန်ပြောလိုက်သည်။

“အဆင်ပြေပါတယ်၊ ကျွန်တော်တို့ လမ်းတစ်လျှောက်လုံး အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရပြီးပြီ၊ ဒီလောက်ကတော့ သည်းခံနိုင်ပါတယ်"

စူးချင်း၏အဆိုအရ ရှင်းရူဟိုင်၏မျက်နှာပေါ်ရှိ စကားလုံးများကို ဖယ်ရှားရန် အသေးစား ခွဲစိတ်မှုတစ်ခု ပြုလုပ်ရန် လိုအပ်သည်။ သူ့မျက်နှာပေါ်ရှိ စကားလုံးများကို ဓားဖြင့် ခြစ်ထုတ်ပြီး အရေပြားတစ်သျှူးစများကို ဖယ်ရှားကာ အရေပြားကို ပြန်လည်မွေးဖွားစေနိုင်မည့် ဆေးဖက်ဝင်အပင်များကို သုတ်လိမ်းပေးရန် လိုအပ်သည်။ ထိုမှသာ နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားမည်ဖြစ်သည်။

အရေပြားကို ဖြတ်တောက်ရမည် ဆိုသောကြောင့် ထောင်ဟွားဝူမှ သက်ကြီးရွယ်အိုများနှင့် လူငယ်များအားလုံးက မကြည့်ဝံ့တော့ဘဲ မျက်နှာလွှဲသွားကြသည်။

လှိုဏ်ဂူက အလင်းရောင်မှိန်နေပြီး စူးချင်းအတွက် လုံလောက်သောအလင်းရောင် လိုအပ်သည်။ ထို့ကြောင့် ကျိရွှေရှန့်၊ လီတာ့နျို၊ ကျန်းလောင်ချီနှင့် ကျုံးယုံတို့က စူးချင်းအတွက် အလင်းရောင်ရစေရန် မီးတိုင်တစ်ခုစီ ကိုင်ဆောင်ပေးထားကြသည်။

စူးချင်းက သူမ၏အိတ်ထဲမှ ခွဲစိတ်ခန်းသုံးကိရိယာများကို ဟန်ဆောင် ထုတ်ယူခဲ့သော်လည်း အမှန်တကယ်တွင် စနစ်ထဲမှ ထုတ်ယူလိုက်ခြင်း ဖြစ်သည်။

ရှင်းရူဟိုင်၏နာကျင်မှုကို လျှော့ချပေးနိုင်ရန်အတွက် စူးချင်းက ရှောင်ချီ့ဆီမှ ထုံဆေးတောင်းထားခဲ့ပြီး ခွဲစိတ်မှု မပြုလုပ်ခင် ရှင်းရူဟိုင်၏ဒဏ်ရာကို အရင် သုတ်လိမ်းပေးလိုက်သည်။

ထုံဆေးအာနိသင်ရှိပြီးနောက် စူးချင်းက ခွဲစိတ်မှုကို စတင်ခဲ့ပြီး ကျိရွှေရှန့်က စူးချင်း၏လက်ထဲမှ ခွဲစိတ်ဓားကို စိုက်ကြည့်နေခဲ့သည်။

စူးချင်းက တစ်ယောက်ယောက်ကို ကုသဖို့ ဒီဓားကို သုံးတာကို သူ ပထမဆုံးအကြိမ် မြင်ဖူးတာပါ။

သူက ထောင်ဟွားဝူမှာ နေခဲ့ရလို့ ဗဟုသူတနည်းပြီး မသိနားမလည်တာ ဖြစ်နိုင်ပေမယ့် သူရဲ့မွေးစားအဖေလိုမျိုး နတ်ဆေးဆရာတစ်ယောက်ဆီမှာတောင် အဲ့လိုကိရိယာမျိုးတွေ မရှိဘူး။

စူးချင်းက 'အပြစ်သား' ဟူသော စကားလုံးကို ဖယ်ရှားရန် ဓားကို အသုံးပြုလိုက်ချိန်တွင် ရှင်းရူဟိုင်၏ တစ်ကိုယ်လုံးက တင်းမာလာသည်။ သူက လက်သီးများကို ကျစ်ကျစ် ဆုပ်ထားပြီး အံကြိတ်ကာ နာကျင်မှုကို သည်းခံရန် အဆင်သင့် ပြင်ဆင်ထားခဲ့သည်။

ဒါပေမယ့်…

ဘာ့ကြောင့် လုံးဝမနာရတာလဲ?

သူ့မျက်နှာပေါ်က အရေပြားက မီးလောင်ခံထားရတာကြောင့် နာကျင်မှုကို မခံစားနိုင်တော့တာလား?

သူ အံ့အားသင့်နေဆဲမှာပင် စူးချင်းက သူ့၏အသားစများကို ဖယ်ရှားပြီး ဒဏ်ရာကို ဆေးများ ပြန်ထည့်နေပြီ ဖြစ်သည်။ ထိုအချိန်အထိလည်း မည်သည့်နာကျင်မှုကိုမျှ သူ မခံစားရပေ။

စူးချင်းက သူ့၏ဒဏ်ရာကို ပတ်တီးစည်းပေးလိုက်ပြီး ယနေ့ညတွင် သူမ၏အနီးအနားတွင်သာ အိပ်ရန် ညွှန်ကြားလိုက်သည်။

သူ့၏ခြေထောက်မှ ဒဏ်ရာများကလည်း အလွန်ပြင်းထန်နေသည့်အတွက် စူးချင်းက သူတို့၏ခြေဖဝါးမျးပေါ်သို့ လိမ်းရန် အနီရောင်ဆေးများကို ထုတ်ပေးလိုက်သည်။

ဒီဆေးကို လိမ်းလိုက်တာနဲ့ မနက်ဖြန် လမ်းလျှောက်ဖို့က သူတို့အတွက် ပြဿနာ မဟုတ်နိုင်တော့ဘူး။

"ဒီကို လာပါ။ ကျွန်မ အစ်မရဲ့မျက်နှာပေါ်က ဒဏ်ရာကို ကြည့်ပေးမယ်"

ရှင်းရူဟိုင်ကို ကုသမှုပြီးသွားချိန်တွင် သူမ၏ ဆေးပညာကျွမ်းကျင်မှုက အဆင့်သေးတစ်ခု တိုးလာသည်ကို စူးချင်း သိလိုက်ရသည်။ သူမက စိတ်ကောင်းဝင်နေပြီး သူမ၏အဆင့်ကိုလည်း အမြန် မြှင့်တင်နေသောကြောင့် သူမ၏အောင်မြင်မှုကို အခွင့်ကောင်းယူကာ အမျိုသမီးရှင်းကို လှမ်းခေါ်လိုက်သည်။

"ကျွန်မရဲ့မျက်နှာက ကုသလို့ ရနိုင်သေးလို့လား?"

အမျိုသမီးရှင်းက စူးချင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေပြီး မဝံ့မရဲ ပြန်မေးလိုက်သည်။

သူမက သူမ၏စိတ်နှလုံးကို ပိုင်းဖြတ်ပြီး သူမ၏မျက်နှာကို လှီးဖြတ်ခဲ့သည့် အချိန်မှစ၍ သူမ၏နဂိုပုံပန်းသဏ္ဍာန်ကို ပြန်လည်ရရှိနိုင်မည်ဟု တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။

သူမ ဤရုပ်ဆိုးသောမျက်နှာဖြင့်သာ တစ်သက်လုံး နေရတော့မည်ဟု သူမ ထင်ထားခဲ့သည်။ ယခု စူးချင်းက သူမကို မျှော်လင့်ချက်များ ပေးနေသော်လည်း ထိုမျှော်လင့်ချက်အား ပြန်လည်ဆုံးရှုံးရမည်ကို သူမကို စိတ်ပူနေခဲ့သည်။

“အင်း”

စူးချင်းက သူမ၏စကားလုံးများကို ချွေတာတတ်သော်လည်း ဤအရာက လွယ်ကူသော အလုပ်တစ်ခုကို ပြောနေသကဲ့သို့ သူမ၏လေသံက ခိုင်မာလွန်းလှသည်။

"ကျေးဇူးတင်ပါတယ် မိန်းခလေး"

အမျိုသမီးရှင်းက စူးချင်းကို ဝမ်းသာအားရ အရိုအသေပေးလိုက်ပြီးမှ သူမ၏ရှေ့တွင် လာထိုင်လိုက်သည်။

စူးချင်းက သူမ၏ မျက်နှာပေါ်မှ ကန့်လန့်ဖြတ် အမာရွတ်များကို တစ်ချက်ကြည့်လိုက်သည်။ အချို့သော အစင်းရာများက အလွန်နက်သောကြောင့် အရိုးများကိုပင် မြင်နေရသည်။ အသားအသစ်များ ပြန်ဖြစ်နေသည့် နေရာများ ရှိနေသော်လည်း မရေမတွက်နိုင်သော ကင်းခြေများ တွားသွားနေသကဲ့သို့ ဖြစ်နေကာ အလွန်ရုပ်ဆိုးလှသည်။

စူးချင်းက အမျိုသမီးရှင်းကို သဘောကျနေပြီး တစ်ချက် ထပ်ကြည့်လိုက်သည်။

ဒီအမျိုးသမီးက အရမ်းလေးစားဖို့ ကောင်းတယ်။ သူမက နူးညံ့သိမ်မွေ့ပြီး အားနွဲ့တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် သူမရဲ့အပြစ်ကင်းစင်မှုကို ကာကွယ်ဖို့အတွက်ကျတော့ သူမကိုယ်သူမ ရက်စက်လွန်းတယ်။

သစ္စာစောင့်သိတဲ့ အမတ်တွေကို ကယ်တင်ပေးရင် သူမရဲအဆင့်တက်တာက ပိုမြန်တယ်လို့ ထင်ရတယ်၊ ဒီလိုဖြူစင်တဲ့ အမျိုးသမီးကို ကုသပေးရင် ပိုပြီး မြန်မြန် အဆင့်တက်သင့်တယ် မဟုတ်ဘူးလား?

စူးချင်းက ထိုအကြံအစည်ဖြင့် အမျိုသမီးရှင်း၏ မျက်နှာကို ကုသပေးနခြင်း ဖြစ်သည်။ သူမက ရှောင်ချီ့ကို သေဆုံးသွားသည့်တစ်ရှူးများကို ဖယ်ရှားရန်နှင့် အသား ပြန်လည်ဖွံ့ဖြိုးရန်အတွက် အထူးစီမံပြီး မျက်နှာပြန်လည်ပြုပြင်သည့်ခရင်မ် ပြုလုပ်ပေးရန် တောင်းဆိုလိုက်သည်။

အမျိုးသမီးရှင်း၏ဒဏ်ရာများက အရမ်း နက်လွန်းသောကြောင့် ဆေးအာနိသင်ရရှိရန် ဆယ်ရက်ခန့် ကြာမည် ဖြစ်သည်။ မြန်လွန်းလျှင် သံသယများ ပွားများလာနိုင်သောကြောင့် စူးချင်းက ဤအချိန်က မှန်ကန်သည်ဟု တွေးနေမိသည်။

ကျိရှောင်ယင်နှင့် ကျန်းယွိရန်တို့က ကလေးနှစ်ယောက်၏ခြေဖဝါးများ ပေါ်သို့ ဆီမွှေးများ လိမ်းပေးလိုက်ကြပြီး သန့်ရှင်းသော အဝတ်ဖြင့် ပတ်ထားပေးလိုက်ကြသည်။

သူမတို့က ဒဏ်ရာများကို ကုသရာတွင် အတွေ့အကြုံ ရှိနေပြီ ဖြစ်သောကြောင့် ထိုမိန်းကလေးများ၏ ပတ်တီးစည်းကျွမ်းကျင်မှုက ပြီးပြည့်စုံမှု၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျိရှောင်ယင်က မိန်းကလေးတစ်ယောက်၏ ပန်းရောင်နှလုံးသားကို ပိုင်ဆိုင်ထားပြီး ကလေးမလေး၏ ဒဏ်ရာကို ပတ်တီးပေးချိန်တွင်ပင် သူမက ပတ်တီးကို လှလှလေး ချည်နှောင်ပေးလိုက်သေးသည်။

ကလေးလေး၏ဒဏ်ရာကို ပတ်တီးစည်းပြီးနောက် ကလေးလေးက လုံးဝ အသံမထွက်ဘဲ နာကျင်မှုကို ကြိတ်မှိတ်သည်းခံရန် ကြိုးစားနေသည်ကို သူမ မြင်လိုက်ရသည်။ ကျိရှောင်ယင်၏နှလုံးသားက နာကျင်သွားပြီး သူမက ကလေးလေး၏ခေါင်းကို ပုတ်ကာ ချီးမွမ်းပေးလိုက်သည်။

“မင်းက အရမ်းသတ္တိရှိတာပဲ”

"စားလိုက်ဦး"

ကလေးများ၏ရဲစွမ်းသတ္တိအတွက် ဆုပေးရန် ကျိရှောင်ယင်က ကလေးနှစ်ယောက်အတွက် သစ်အယ်သီးနှစ်ပန်းကန် ထည့်ပေးလိုက်ပြီး ဇီးသီးများကိုလည်း ယူလာပေးခဲ့သည်။

ကလေးနှစ်ယောက်က မစားရဲသေးဘဲ သူတို့၏မိဘများကို မဝံ့မရဲ လှမ်းကြည့်လိုက်ကြသည်။ ရှင်းရူဟိုင်၏မျက်နှာ တစ်ဝက်လောက်တွင် ပတ်တီးများ ဖုံးလွှမ်းနေပြီး သူ မလှုပ်မယှက် ဖြစ်နေကာ စကားလည်း မပြောရဲပေ။ အမျိုသမီးရှင်း၏မျက်နှာကတော့ မျက်နှာတစ်ပြင်လုံး ပတ်တီးများ ဖုံးလွှမ်းနေပြီး သူမ၏ခင်ပွန်းထက်ပင် ပိုဆိုးနေသေးသည်။

ကျိရွှေရှန့်က ကလေးနှစ်ယောက်ဆီသို့ လျှောက်သွားလိုက်ပြီး ညင်ညင်သာသာ ထပ်ပြောလိုက်သည်။

“မြန်မြန်စားကြ၊ မင်းတို့ ဗိုက်ပြည့်ရင် အိပ်လို့ ရပြီ"

ကလေးနှစ်ယောက်က ကျိရွှေရှန့်၏ ကယ်တင်ပေးမှုကို နားလည်နေပြီး သူ့၏ကြင်နာမှုကို ခံစားနိုင်ကာ စားကောင်းမည့်ပုံရသော အစားအစာများကို နှိုက်ယူလိုက်ပြီး သူတို့၏ပါးစပ်ထဲသို့ သတ္တိရှိရှိ ထည့်လိုက်ကြသည်။ စားပြီးသည်နှင့် သူတို့၏မျက်လုံးလေးများက တောက်ပလာပြီး မျက်ရည်များ ဝဲလာကြသည်။ ကလေးနှစ်ယောက်က သူတို့နောက်တစ်ကြိမ် ကြာပွတ်ဖြင့် အရိုက်မခံရတော့မည်ကို တွေးကာ ပျော်ရွှင်နေကြသည်။

စူးချင်း ရှင်းရူဟိုင်၏မိသားစုကို ဆေးကုသပေးပြီးချိန် သန်းခေါင်ကျော်နေပြီဖြစ်သည်။ စူးချင်းက သူမ၏ ဆေးပညာနှင့် ကုသိုလ်ကောင်းမှုဘားတန်းများကို လှမ်းကြည့်လိုက်သည်။ သူမ ထိုလင်မယားနှစ်ယောက်ကို ကုသခြင်းဖြင့် အဆင့်သေးနှစ်ဆင့် မြှင့်တင်နိုင်ခဲ့သည်။ သိုသော်လည်း သူမ ယခင်က အဆင့်မြှင့်ထားခဲ့သော အဆင့်သေးတစ်ဆင့်ကို ပေါင်းထည်လျှင်ပင် အဆင့်ကိုးသို့ ရောက်ရန် နောက်ထပ် အဆင့်သေးခုနစ်ဆင့် မြှင့်တင်ရန် လိုအပ်နေသေးသည်။ အမှန်တကယ် ရှည်လျားသော လုပ်ငန်းစဥ်တစ်ခု ဖြစ်နေခဲ့သည်။

စူးချင်းကိုယ်တိုင်လည်း ပင်ပန်းနေသောကြောင့် အလျင်အမြန် အိပ်ပျော်သွားခဲ့သည်။ မီးက တစ်ညလုံး တောက်လောင်နေပြီး လေဝင်လေထွက်လည်း ရှိနေသောကြောင့် မီးခိုးအဆိပ်သင့်မည်ကိုလည်း စိုးရိမ်စရာ မလိုပေ။

နောက်တစ်နေ့တွင် စူးချင်း နိုးလာချိန်တွင် သူမက လူတိုင်းအတွက် ဝက်ဝံအသားကို စတင်ချက်ပြုတ်တော့သည်။ တတ်နိုင်သမျှ အမြန်ဆုံး အဆင့်မြှင့်တင်နိုင်ရန်အတွက် စူးချင်းက ဝက်ဝံ၏ခြေလက်လေးဘက်စလုံးကို အချိန်အနည်းငယ် ပိုပေးလိုက်သည်။ သူမက ပထမတန်းစား ဝက်ဝံလက်ဟင်းပွဲကို ဖန်တီးချင်သော်လည်း သူမတို့တွင် ပါဝင်ပစ္စည်းအလုံအလောက် မရှိသောကြောင့် ထိုအကြံကို စွန့်လွှတ်လိုက်ရသည်။

နောက်ဆုံးတွင် သူမက ဝက်ဝံလက်ပေါင်းကိုသာ ပြုလုပ်နိုင်သည်။ ထိုဝက်ဝံလက်ဖဝါးပေါင်းကလည်း ကျော်ကြားသော ဟင်းတစ်မျိုးလည်းဖြစ်သည်။ ထိုဟင်းကို ချက်ပြုတ်ရန် ဝက်ဝံ၏ညာဘက်လက်ဖဝါးကို အသုံးပြုရသည်။ ဝက်ဝံများက ၎င်းတို့၏ ညာဘက်လက်ဖဝါးကို မကြာခဏ လျှာဖြင့် ရက်လေ့ရှိသောကြောင့် ထိုလက်ဖဝါးက ပို၍ ကြီးထွားလေ့ရှိသည်။ ငါးအဆီပေါင်းနှင့် ဝက်ဝံလက်ဖဝါးတို့က ရှေးခတ်၏ရတနာ ရှစ်ပါးစာရင်းတွင် ပါဝင်ခဲ့သောကြောင့် စူးချင်းက ထိုဟင်းချက်ပွဲကို ချက်ပြုတ်ရန် ရွေးချယ်လိုက်ပြီး ဝက်ဝံနက်ကြီး၏ညာဘက်လက်ဖဝါးကို အသုံးပြုရန် ပြင်ဆင်လိုက်သည်။

ဝက်ဝံအသားများက များလွန်းသောကြောင့် အိုးကြီးလေးလုံးခွဲကာ ပြုတ်ထားရပြီး တစ်ဝက်ကို ဝက်ဝံအသားနှပ် ပြုလုပ်ပြီး ကျန်တစ်ဝက်ကို စီချွမ်စတိုင်ဝက်ဝံအသားပေါင်း ပြုလုပ်လိုက်သည်။ ကျန်နေသည့် ဝက်ဝံလက်ဖဝါးနှင့် ခြေဖဝါးအားလုံးတို့ကို နှပ်ထားလိုက်ပြီး အရသာပိုကောင်းအောင် ငရုတ်သီးအများကြီး ထည့်ထားလိုက်သည်။

ဝက်ဝံအသားကို ချက်ပြုတ်ပြီးချိန်တွင် သူမ၏ ဟင်းချက်ကျွမ်းကျင်မှုစွမ်းရည် တိုးတက်လာခဲ့ပြီး အဆင့် ၉ သို့ တိုက်ရိုက်တက်သွားခဲ့သည်။ သူမ၏ ကာယခွန်အား၊ ဝိညာဉ်စွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအားနှင့် စစ်နတ်ဘုရား စွမ်းရည်အားလုံးက အဆင့် ၄၃ သို့ ရောက်ရှိလာခဲ့သည်။

စနစ်၏ကြေငြာချက်က စူးချင်းနားထဲတွင် တဝဲလည်လည် ဖြစ်နေပြီး စူးချင်းက သူမအတွက် ဆုလာဘ်ကို သတိရရန်နှင့် မေ့မပစ်ရန် ပြန်ပြောလိုက်သည်။ စနစ်က အသံပျော့လေးဖြင့် သဘောတူလိုက်သည်။

ငြင်းမငြင်းနိုင်တာ သဘောတူရတော့မှာပေါ့.... ဒီHost ကို ကိုင်တွယ်ရတာက အရမ်း ခက်ခဲလွန်းတယ်။

ထိုဝက်ဝံနက်ကြောင့် သူတို့အားလုံး ထိုနေရာတွင် တစ်ရက်ထပ်နေခဲ့ကြသည်။ ထိုသို့ ဆုံးဖြတ်လိုက်ခြင်းက ရှင်းမိသားစုမှ မိသားစုဝင်လေးယောက်အတွက် အနားယူရန် အချိန်ပေးသောကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

ကျိရွှေရှန့်ကတော့ ထိုတစ်ရက်ကိုပင် အလဟသ မဖြုန်းတီးခဲ့ပေ။ ကျောက်မီးသွေး၏ အားသာချက်များကို သိသွားပြီဖြစ်သောကြောင့် သူက သူ၏လူများကို ကျောက်မီးသွေးများ ထပ်တူးဖော်ရန် ဦးဆောင်နေခဲ့သည်။ အရန်အခြေအနေအတွက် နောက်ထပ် ကျောက်မီးသွေးများ ယူဆောင်သွားရန် သူ ဆုံးဖြတ်ပြီး ဖြစ်သည်။

စူးချင်းနှင့် မိန်းခလေးများထံတွင် ဘာမှ လုပ်စရာ မရှိသောကြောင့် သူမတို့က ကျောက်မီးသွေးထည့်ရန် ခြင်းတောင်းများ ရက်လုပ်ပေးကြပြီး နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်နေကြသည်။

နောက်ထပ် ကျောက်မီးသွေး လှည်းသုံးစီးစာ တူးခဲ့ကြပြီး မူလက လှည်းပေါ်တွင် ထိုင်နေသူများက လမ်းလျှောက်ရတော့မည် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်းက လမ်းတစ်လျှောက် လုံလောက်စွာ အနားယူခဲ့ကြပြီး လွန်ခဲ့သော နှစ်ရက်အတွင်း ကျားသားနှင့် ဝက်ဝံအသားကို စားခဲ့ရသောကြောင့် သူတို့၏ခန္ဓာကိုယ်များက ပိုကြံ့ခိုင်လာပြီ ဖြစ်သည်။ ထို့ကြောင့် လမ်းလျှောက်ရခြင်းက သူတို့အတွက် မခက်ခဲတော့ပေ။

ရှင်းမိသားစုမှ မိသားစုဝင်လေးဦးကတော့ ဒဏ်ရာများ ရှိနေသည့်အတွက် စူးချင်းက သူမ၏ရထားလုံးကို သူတို့အတွက် ပေးသုံးလိုက်သည်။ သူမက ရထားထိန်းအဖြစ် လိုက်ပါလာပြီး ရထားခုံပေါ်တွင် ထိုင်နေကာ ကြာပွတ်ကို လှုပ်ယမ်းနေခဲ့သည်။ တာ့ဟေးက ကြာပွတ်ဖြင့် ရိုက်ရန် လုံးဝ မလိုအပ်သည်အထိ အလွန်ဉာဏ်ကောင်းလှပြီး မှန်ကန်သောလမ်းကြောင်းကို ရွေးချယ်နိုင်သောကြောင့် ရထားလုံးက တည်ငြိမ်နေပြီး အဖုအထစ်များပေါ်သို့ ရောက်သွားခြင်း မရှိပေ။

ချင်ဖုန်းက ရှင်းရူဟိုင်တို့မိသားစုနှင့်အတူ ရထားလုံးထဲတွင် ရှိနေခဲ့ပြီး ချင်ဖုန်းက သူ့၏အထောက်အထားကို ဖုံးကွယ်မထားတော့ပေ။

ဤအဘိုးအိုက အမှန်တကယ် ချင်ဖုန်း ဖြစ်နေသည်ကို သိလိုက်ရချိန်တွင် ရှင်းရူဟိုင်က အလွန်စိတ်လှုပ်ရှားသွားခဲ့သည်။ သူက ရုံးတော်မှ အရာရှိတစ်ယောက်ဖြစ်ပြီး ထိုအဘိုးအိုကို အလွန်လေးစားသူ ဖြစ်သည်။ လမ်းတစ်လျှောက်တွင် သူတို့နှစ်ဦးက အဆုံးမရှိသော အကြောင်းအရာများကို ဆွေးနွေးလာခဲ့ကြသည်။

နောက်ဆုံးတွင် သူတို့အဖွဲ့က ယမန်နေ့က ချွီတာ့တို့အဖွဲ့ ရဲမက်များကို သတ်ခဲ့သည့်နေရာသို့ ရောက်ရှိလာကြသည်။ ချွီတာ့က ထိုနေရာကို သေသေချာချာ ပြန်စစ်ဆေးလိုက်ပြီး ရဲမက်များ၏အလောင်းများက သေသေချာချာ မြှုပ်နှံခံထားရဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ပြန်တူးထားသည့် အရိပ်အယောင်များကို မတွေ့ရသောကြောင့် ရဲမက်များ သတ်ဖြတ်ခံရပြီး အကျဉ်းသားများ လုယက်ခံခဲ့ရကြောင်း မည်သူမျှ မတွေ့ရှိသေးပုံရသည်။

သို့သော် သူက လွတ်မြောက်လာသော အကျဉ်းသားများကို မေ့သွားခဲ့သည်။ သံကြိုးများနှင့် သံခြေကျင်းများ မရှိတော့သည့်နောက်တွင် ထိုပြည်နှင်ဒဏ်အပေးခံရသူများက သူတို့ အသက်ရှင်နေထိုင်ရန် လူများသည့်နေရာများသို့ သွားခဲ့ကြသည်။ သူတို့ထံတွင် ပိုက်ဆံလည်းရှိနေသောကြောင့် အစားအသောက်နှင့် အဝတ်အစားများ ဝယ်ရန် မြို့ထဲသို့ပင် သွားခဲ့ကြပြီး မြို့ထဲရောက်သည်နှင့် သူတို့မျက်နှာပေါ်မှ အပြစ်သားဟူသော စကားလုံးက သူတို့၏အထောက်အထားကို ပေါ်သွားစေခဲ့သည်။

All Chapters