← Chapters

စစ်ပွဲ စတင်ခြင်း

Vol. 6 Ch. 569

စစ်ပွဲ စတင်ခြင်း

Vol. 6 Ch. 569

"ဒါက မြောက်ပိုင်းချုံး ဂိုဏ်းလား ..."

တစ္ဆေမြို့စားက ချန်းဖန်၏ အနောက်မှ ပါလာသော လူများကို ကြည့်ရင်း နှာခေါင်းရှုံ့ လိုက်သည်။

မြောက်ပိုင်းချုံး ဂိုဏ်းသည် လတ်တလော၌ အရှေ့တိုင်းအား လွှမ်းမိုးနေသည့် ဂိုဏ်းကြီး ဖြစ်သည်။ ခွန်းလွန်မှ လွဲ၍ သူတို့အား ယှဉ်နိုင်သူ မရှိချေ။

သို့သော်လည်း ရာစုနှစ်များစွာ တည်ရှိခဲ့သည့် ရှေးဟောင်း အဖွဲ့အစည်းကြီး၏ မျက်လုံးတွင်မူ မြောင်ပိုင်းချုံးဂိုဏ်း၏ ဖြစ်တည်မှုမှာ သေးငယ် လွန်းသည်။

"ချန်းပေ့ရွှမ်း ... မင်းတောင်းပန်ရင် ငါတို့ ခုံသမာဓိ ငါးယောက်က မင်း လုပ်ခဲ့တဲ့ အပြစ်တွေကို အသက်ညှာဆုံး ဖြစ်အောင် ဆုံးဖြတ်ပေးမယ် ..."

သေခြင်းနတ်ဆိုးက ဆိုလိုက်သည်။

"ဟွန့် ... တောင်းပန်ရမယ် ... အရူးထ မနေနဲ့"

အားရှို့က နှာခေါင်းရှုံ့ လိုက်သည်။

"နင်တို့ ငါ့ဆရာကို ယှဉ်ချင်ရင် နှစ်ပေါင်း ထောင်ချီကြာအောင် အရင် လေ့ကျင့်လိုက်ဦး ..."

ယူကီရှီရိုဆာကလည်း အထင်သေးစွာ ဆိုလိုက်၏။

"အတင့်ရဲလိုက်တာ ..."

ဝတ်စုံနက်ဝတ် လူများက ဒေါသတကြီး အော်ဟစ် လိုက်ကြသည်။

"ငါတို့ အမှောင်ခုံရုံးကို နင်တို့လို မရိုမသေ ပြောရဲတဲ့သူ မပေါ်တာ ကြာခဲ့ပြီ ..."

သွေးမူးမတ်က တည်ငြိမ်စွာပင် ဆိုလိုက်သည်။

"နောက်ဆုံး စော်ကား ပြောဆိုခဲ့တဲ့ သူက တောင်အမေရိကရဲ့ ဘုန်းတော်ကြီး ဗော်ဒွန်းတဲ့ ... သူရဲ့ ခေါင်းက အခုတော့ ပြတ်သွားပြီပေါ့ ... နောက်သူတင်မကဘူး ... သူ့ရဲ့ ဘုရားကျောင်း တစ်ခုလုံးက လူတစ်သောင်းလောက်လည်း မလွတ်ခဲ့ဘူးဘေ ..."

စစ်နတ်ဘုရားက အနည်းငယ် ပြုံးရင်း သွေးမူးမတ်၏ စကားကို ဆက်ကာ ရှင်းပြလိုက်၏။

အမှောင်ခုံရုံး ဆိုသော နာမည်သည် များစွာသော လူများ၏ သွေးများဖြင့် တည်ဆောက် ထားသော နာမည် ဖြစ်သည်။ ထိုနာမည်အား စော်ကားရဲသည့် မည်သူမဆို သူတင်မက သူ၏ မိသားစု အဖွဲ့အစည်း တစ်ခုလုံးပါ မျိုးပြုတ်သည် အထိ သတ်ဖြတ် ခံရမည် ဖြစ်သည်။

"သွေးရော ကြွက်လေးတွေ ..."

ချန်းဖန်က အမူအရာ ကင်းမဲ့စွာဖြင့် ဆိုလိုက်သည်။

"မင်းတို့လို ကြွက်လေးတွေက ငါ့ကို တိုက်ခိုက်ဖို့ အဆင့် မမှီဘူး ... မင်းတို့ ဆရာကို ဒီကိုလာခိုင်းလိုက် ..."

"ငါတို့ သခင်ကြီးက အိပ်ပျော်နေတာ နှစ်တစ်ရာ ကျော်ပြီ ... ဒါကြောင့်မလို့ သူနိုးလာဦးမှာ မဟုတ်ဘူး ... ချန်းပေ့ရွှမ်း မင်းက ငါတို့ သခင်ကြီးရဲ့ အချစ်ဆုံး မျိုးဆက်ကို သတ်ဖြတ်ခဲ့တယ် ... ငါတို့ မင်းရဲ့ခေါင်းကို ဖြတ်ပြီး လည်ချောင်းသွေးနဲ့ သခင်ကြီးကို ပူဇော်မယ် ... မြေကမ္ဘာအဆင့် တစ်ယောက်ရဲ့ သွေးက သူ့ရဲ့ ဒေါသကို ပြေပျောက်စေဖို့ အတွက် တစ်ခုတည်းရှိတဲ့ နည်းလမ်းပဲ ..."

သွေးမူးမတ်က သူ၏ လျှာကိုသပ်ရင်း သွေးနီရောင် နှုတ်ခမ်းများကို ကိုက်လိုက်၏။ သူ၏ မိစ္ဆာဆန်သော မျက်လုံးများကမူ ချန်းဖန်အား စူးစိုက် ကြည့်နေခဲ့သည်။

ချန်းဖန်သည် သာမန် လူသားများ၏ အမြင်၌ လူသား တစ်ယောက်သာ ဖြစ်သည် သို့သော်လည်း သွေးမျိုးဆက် သွေးရောများ၏ မျက်လုံးတွင်မူ ချန်းဖန်သည် မြေကမ္ဘာအဆင့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် ပညာရှင် တစ်ယောက် ဖြစ်ကြောင်း ပြေးမလွတ်ချေ။

သွေးမျိုးဆက်များသည် သွေးကို တပ်မက်ကြသည်။ သူတို့၏ ကျင့်ကြံမှု၌ မြေကမ္ဘာ အဆင့် တစ်ယောက်၏ သွေးမှာ ပြောမပြတတ်အောင် အရေးပါသည်။

"သတ်ကြစမ်း ..."

အမှောင်မြို့စားက အော်ဟစ် အမိန့်ပေးသည်နှင့် အနက်ရောက် ဝတ်စုံနှင့် ငွေရောင် မျက်နှာဖုံးဝတ် လူများမှာ ချန်းဖန် ထံသို့ ပြေးဝင် လာကြ၏။ သူတို့၏ မျက်လုံးများက သွေးများအလား နီရဲနေပြီး ထက်ရှသော အစွယ်များက သူတို့၏ ပါးစပ်များမှ ပြူထွက်နေခဲ့သည်။

"အစီအရင် ..."

ယူကီရှီရိုဆာက အော်ဟစ်ရင်း ရှေ့ဟောင်းဓားကို ဆွဲထုတ်လိုက်သည်။

"ကလန့် ..."

သူမ၏ အမိန့်အတိုင်း မြောက်ပိုင်းချုံး ဂိုဏ်း၏ ပြည့်စုံခြင်း အဆင့် ကျင့်ကြံသူများက နေရာယူကာ အစီအရင်ကို စတင် လိုက်သည်။

ချန်းဖန်သည် ကျင့်ကြံခြင်း နည်းစနစ်များ အပြင် အစီအရင် နည်းစနစ်များကိုပါ သူတို့အား လက်ဆင့် ကမ်းခဲ့သည်။ ထိုအစီအရင်များမှာ ကျင့်ကြံခြင်း လောကမှ ဖြစ်ရာ ကမ္ဘာပေါ်ရှိ မည်သည့် အစီအရင်တိုင်းထက် မဆို အစွမ်းထက်သည်။

"ဘုန်း ..."

အစီအရင်က အသက် ဝင်လာသည်နှင့် ကမ္ဘာမြေ၏ စွမ်းအားများကို စတင် စုပ်ယူသည်။ ခဏ အတွင်းမှာပင် ထိုအရာများက ရေနဂါးများ၊ ရေခဲဓားများ၊ မိုးစက်များ အသွင် ဖြစ်ပေါ်လာ၏။

"အစစ်အမှန် သတ်ဖြတ်ခြင်း ခုနစ်ပါး အစီအရင် ..."

ထိုအရာကား အစစ်အမှန် သိုင်းနတ်ဘုရား ဂိုဏ်း၏ အခြေခံ အစီအရင် တစ်ခု ဖြစ်ပြီး အစီအရင်ကို အသက်သွင်းရန် အတွက် သိုင်းပညာရှင် ခုနစ်ယောက် လိုအပ်သည်။ အစီအရင်၏ စွမ်းအားက တန်ခိုးရှင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိသည်။

မြောက်ပိုင်းချုံးဂိုဏ်း၏ ပညာရှင် အယောက် နှစ်ဆယ်မှာ စုစုပေါင်း အစီအရင် သုံခုအား အသက်သွင်း လိုက်၏။ သတ်ဖြတ်ခြင်း ခုနစ်ပါး အစီအရင် တစ်ခုချင်းစီသည် အလွန် အစွမ်းထက်ရကား ဝတ်စုံနက်ဝတ် စီရင်သူ ငါးယောက်ကိုပင် ယှဉ်နိုင်စွမ်း ရှိသည်။

"သေစမ်း ..."

အားရှို့၊ ယုဝမ်ကျင်းနှင့် ကျိုးကျင်းရီ တို့သည် အစီအရင် တစ်ခုချင်းစီကို ဦးဆောင်ကာ ဝတ်စုံနက်ဝတ် လူများဆီသို့ တိုးဝင်ကာ တိုက်ခိုက် လိုက်ကြ၏။ သူတို့သည် တန်ခိုးရှင် အဆင့် စီရင်သူ သုံးယောက်၏ အကူအညီ မရခင် အထိ အစီအရင်များကို ခုခံနိုင်စွမ်း မရှိခဲ့ချေ။

ထိုအချိန်ထိ ယူကီရှီရိုဆာမှာ စတင် လှုပ်ရှားရသေခြင်း မရှိသေးချေ။ သူမကား ချန်းဖန်၏ နောက်၌ ထုံရှန်းနှင့် အတူ မားမားမတ်မတ် ရပ်ကာ ခုံသမာဓိ ငါးယောက်ကို ရင်ဆိုင်ရန် အသင့် ဖြစ်နေခဲ့သည်။

"စိတ်ဝင်စား စရာပဲ ..."

သွေးမူးမတ်၏ မျက်လုံးများက သွေးရောင် တလက်လက် တောက်ပနေ၏။

"ငါတို့ လူတွေက သွေးမျိုးဆက်ကနေ ဆင်းသက်လာတဲ့ လူတွေ ... သူတို့ရဲ့ အစွမ်းက အထွတ်အထိပ် အဆင့် တစ်ယောက်ကို လွယ်လွယ်လေး အနိုင်ယူနိုင်တယ် ... သူတို့မှာ လူက အယောက် နှစ်ဆယ်ပဲ ရှိတာဆိုတော့ အချိန်ကြာလာတဲ့ ငါတို့ လူတွေ အရေးသာ လာမှာပဲ ... ငါတို့ စိတ်ပူရမှာက ချန်းပေ့ရွှမ်းရဲ့ နောက်မှာ ရပ်နေတဲ့ လူသန်ကြီးပဲ ... သူက တန်ခိုးရှင် အဆင့် ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ယောက် ဖြစ်နိုင်တယ် ... သူ့ကို ရင်ဆိုင်ဖို့က ခက်ခဲမှာ ကျိန်းသေတယ်"

တစ္ဆေမြို့စားက မျက်မှောင်ကြုတ် လိုက်၏။

"ငါသွားလိုက်မယ် ..."

စစ်နတ်ဘုရား ဘားက ရေရွတ်ရင်း ရှေ့သို့ ထွက်လာခဲ့သည်။

သူသည် ခုံသမာဓိ ငါးယောက် အနက် အရပ် အရှည်ဆုံး ဖြစ်ပြီး အရိုးမျက်နှာဖုံးကို ဝတ်ဆင်ထား၏။ ဘားသည် အမှောင်ခုံရုံး၏ အစွမ်း အထက်ဆုံး စစ်သည် တစ်ယောက် ဖြစ်ကာ သူ၏ လက်သီးကို စစ်မြေပြင်၌သာ အသုံးပြုသည်။

"ထုံရှန်း ..."

ချန်းဖန်က ရေရွတ်လိုက်ရာ ထုံရှန်းသည် ရှေ့သို့ တက်လာ၏။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

သူသည် သုံးမီတာခန့် အမြင့်ရှိသည့် လူသန်ကြီး ဖြစ်သည်။ သူ၏ ခြေလှမ်းတိုင်း၌ ကမ္ဘာမြေကြီးသည် တုန်ခါကာ မိုးကြိုးကဲ့သို့ ပေါက်ကွဲသံများကို ထုတ်လွှတ်သည်။ သူ၏ အရေပြားသည် ကြေးရောင် သန်းနေကာ သံမဏိ အင်္ကျီကို ဝတ်ဆင်ထားသည့် စက်ရုပ်ကြီးနှင့်ပင် တူနေသေး၏။

"ဘုန်း ..."

သူတို့ နှစ်ယောက်သည် မည်သည့် စကားမျှ မဆိုခဲ့ချေ။ ထို့အစား အနက်ရောင် အရိပ် နှစ်ခု အဖြစ် ပြောင်းလဲ၍ ထိပ်တိုက် အပြင်းအထန် တိုက်ခိုက်ကြ၏။

ဘားသည် ထုံရှန်းနှင့် ယှဉ်လျှင် သေးငယ်သည် ဆိုသော်လည်း သူ၏ အင်အားကမူ အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

သူတို့ သုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက် ခန္ဓာကိုယ် သီးသန့်ဖြင့် သုံးကြိမ် အထိ တိုက်ခိုက် လိုက်ကြသည်။

ကျားမိစ္ဆာ ခန္ဓာကိုယ်ကို ရရှိပြီးချိန်မှ စ၍ ထုံရှန်း၏ ခန္ဓာကိုယ်သည် ကမ္ဘာပေါ်၌ ချန်းဖန် ပြီးနောက် ဒုတိယ အသန်မာဆုံး ဖြစ်လာခဲ့သည်။ ယခုမူ အံ့အားသင့်စွာပင် ဘား၏ ခွန်အားမှာ သူနှင့် များစွာ ကွာဟခြင်း မရှိခဲ့ချေ။

"နောက်တစ်ကြိမ် ..."

ဘား၏ ဆံပင်ရှည်များကား သူ၏ နောက်ကျော၌ ပြေလျော့ ကျနေပြီ ဖြစ်သည်။

"ဘုန်း ..."

ရုတ်တရက် ဘား၏ အင်္ကျီများက ရုတ်တရက် ပေါက်ကွဲထွက်ကာ အရိုးစု ကဲ့သို့ ခန္ဓာကိုယ် ထွက်ပေါ်လာသည်။

ဘားသည် အလွန်အမင်း ပိန်လှီသည်။ သူ၏ ခန္ဓာကိုယ်ပေါ်၌ ကြွက်သား သူ၍မရှိ သလောက်ပင် ဖြစ်သည်။ သူ၏ လက်ချောင်း များမှာလည်း ရှည်လျား ခြောက်ကပ် နေရာ အရိုးလက်ချောင်းများ ဟုပင် ထင်ရ၏။

သို့သော်လည်း ထိုအရိုး တစ်ခုချင်းစီက အလွန် အမင်း မာကျောကာ စတီးထက်ပင် ဆယ်ဆခန့် ပိုမို မာကျောသည်။

"ဘုန်း ..."

ဘားသည် သူ၏ ခန္ဓာကိုယ်ကို အသံ၏ အမြန်နှုန်း အထိ မြှင့်တင်ကာ ထုံရှန်းဆီသို့ တိုးဝင်၍ လက်သီးဖြင့် ထိုးလိုက်သည်။

"ဝေါင်း ..."

ထုံရှန်းသည် ကျားကဲ့သို့ ဟိန်းဟောက် လိုက်၏။

အသံလှိုင်းများက သူ၏ ပါးစပ်မှ ထွက်ပေါ်လာကာ လေထုအား မြူနှင်းများ အဖြစ် ပြောင်းလဲသည်။ ထိုခဏတွင်ပင် ကျားမိစ္ဆာက သူ၏ အနောက်တွင် ပေါ်လာကာ ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်သည်။

ထိုကျားမိစ္ဆာက လျင်မြန်စွာပင် ထုံရှန်း၏ ခန္ဓာကိုယ် အတွင်း ဝင်ရောက်ကာ ဘားကို လက်သည်းချွန်များဖြင့် တိုက်ခိုက်လိုက်သည်။

"ဘုန်း ... ဘုန်း ..."

သူတို့သည် အကန့်အသတ်မဲ့ စွမ်းအားများကို အသုံးပြုကာ ရှေးဟောင်း သားရဲများ အလား ပြင်းထန်စွာ တိုက်ခိုက်ကြသည်။ ခြံဝင်းကြီး အတွင်းရှိ များစွာသော အဆောက်အဦများ၊ သစ်တောများမှာ သူတို့ နှစ်ယောက်၏ ချီလှိုင်းများ ရိုက်ခတ်မှု အောက်၌ ပျက်စီးကုန်သည်။

မကြာခင်မှာပင် ထုံရှန်းနှင့် ဘားတို့မှာ တိုက်ခိုက်ရင်း ချန်းဖန် တို့နှင့် တဖြည်းဖြည်း ကွာဝေး သွားသည်။

"ငါတို့ အလှည့်ရောက်ပြီ ..."

သစ္ဆေမြို့စားက ချန်းဖန်ကို အေးစက်စွာ ကြည့်ရင်း ဆိုလိုက်သည်။

အခြားသော လူများကမူ စကား တစ်ခွန်းမှ မဆိုပဲ ယုံကြည်မှု ရှိစွာ ရပ်နေခဲ့၏။ သူတို့ ခုံသမာဓိများ၏ လက်အောက်မှ မည်သူမျှ လွတ်မြောက်သည့် သမိုင်းကြောင်း မရှိခဲ့ချေ။

သူတို့ သွေးရော သွေးမျိုးဆက် လေးယောက်သည် အလွန် အစွမ်းထက်ကာ ကမ္ဘာ၏ သေမျိုး နတ်ဘုရားများနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ယူကီရှီရိုဆာသည် သူတို့နှင့် ရင်ဆိုင်ရန် အတွက် စိတ်ပူပန် နေမိသည်။

"သွား ... အားရှို့နဲ့ အခြားလူတွေကို ကာကွယ်ချေ ... သူတို့ ခေါင်းတွေကို ဖြတ်ဖို့က ငါ့တာဝန် ထားလိုက် ...."

ချန်းဖန်က ယူကီရှီရိုဆာကို ညင်သာစွာ ပြောရင်း ဓားအားဖြည့် ကျောက်မျက်ကို ထိလိုက်သည်။

"ကလန့် ..."

ရွှေရောင် ဓားအလင်းက ကျောက်မျက် အတွင်းမှ ထွက်ကာ လျှပ်စီး အလား ကောင်းကင်သို့ ရောက်၏။

စစ်ပွဲကား စတင်ချေပြီ။

***

All Chapters