← Chapters

သစ္စာဖောက် (အပိုင်း ၂)

Vol. 16 Ch. 239

သစ္စာဖောက် (အပိုင်း ၂)

Vol. 16 Ch. 239

"ပြန်ထလိုက်၊ ကျွန်မကို လာမရှုပ်နဲ့"

ကျိရှောင်ယင်က ကျုံးယုံကို စိုက်ကြည့်လိုက်သည်။ သူမ၏ ပြိုင်ဆိုင်လိုစိတ်က တက်ကြွလာခဲ့ပြီး သူမက သူမ ခွန်အားရှိသမျှကို သုံးနေကာ မီးများ အစွမ်းကုန်တောက်လောင်လာအောင် ပြုလုပ်ချင်နေခဲ့သည်။

သူမ ဒီဖားဖိုကို မဆွဲနိုင်ဘူးလို့ သူမ မယုံဘူး။

ကျုံးယုံက အလွန်လိမ္မာနေပြီး အပြုံးအကြီးကြီးဖြင့် သဘောတူလိုက်သည်။

“အင်း”

စူးချင်းက သူတို့ကို ကြည့်နေပြီး ရယ်ချင်နေမိသည်။

ရှောင်ယင် ရှေ့မှာဆိုရင် ကျုံးယုံက အနိုင်ကျင့်ခံရတဲ့ ဒုတိယ​​ကလေးတစ်ယောက်လို ပြုမှုနေတက်တယ်။ မသိရင် သူက အမြဲတမ်း ဆဲဆိုကြိမ်းမောင်းခံနေရလို့ သတိထားပြီး နာခံနေရတဲ့ပုံစံပေါ့။

"ရှောင်ယင်၊ ကျုံးယုံကို ဆွဲခိုင်းလိုက်"

စူးချင်းက ကျိရှောင်ယင်ကို ကျုံးယုံထံသို့ အလုပ်လွှဲပေးခိုင်းလိုက်သည်။

တကယ်တော့ ဒါက မိန်းကလေးတွေ လုပ်နိုင်တဲ့ အလုပ် မဟုတ်ဘူး။

"မင်းတို့တွေ ပြန်သွားပြီး အ‌ဒေါ်လီနဲ့ တခြားသူတွေကို အထည် ကူချုပ်ပေးလိုက်ကြဦး"

စူးချင်းက နောက်ပိုင်းတွင် ကောင်မလေးများဆီသို့ မီးပွားများ လွင့်ပျံသွားမည်ကို စိုးရိမ်သောကြောင့် သူမတို့ကို နှင်ထုတ်လိုက်သည်။ ထို့အပြင် ဤနေရာတွင် သူမတို့က အကူအညီ မပေးနိုင်ကြပေ။ အ‌ဒေါ်လီနှင့် တခြားသူများက မနေ့က သိမ်းယူထားခဲ့သည့် တာ့ထန်လူမျိုးများ၏ စစ်၀တ်စုံများကို ပြန်ဖျက်ပြီး သာမန်လူများဝတ်ဆင်နိုင်မည့် ဝါဂွမ်းထည်များဖြစ်အောင် ပြန်ချုပ်နေကြသောကြောင့် သူမတို့ ထိုနေရာတွင် ကူညီပေးချင်းက ပိုသင့်တော်လှသည်။

တာ့ထန်စစ်သည်များက အရပ်ရှည်ပြီး ထွားကြိုင်းသောကြောင့် သူတို့၏ အဝတ်အစားများတွင် ဝါဂွမ်းအများအပြား ပါနေသည့်အပြင် သူတို့စစ်တပ်၏ အမှတ်အသားများလည်း ပါရှိနေသောကြောင့် ထောင်ဟွားဝူမှ အမျိုးသမီးများက ၎င်းတို့ကို မဝတ်နိုင်ပေ။ ထို့ကြောင့် ထိုဝါဂွမ်းပါသော စစ်ဝတ်စုံများကို ဖြတ်တောက်ပြီး သူမတို့အတွက် အံဝင်ခွင်ကျဖြစ်အောင် ပြန်ချုပ်နေကြရသည်။

“အိုး”

မိန်းကလေးများက ထွက်သွားရန် ဝန်လေးနေကြသည်။ သူမတို့က စူးချင်း၏ ဦးဆောင်မှုနောက်သို့ အမြဲလိုက်နေလေ့ရှိကြပြီး စူးချင်းကဲ့သို့ သန်မာကာ အစွမ်းထက်ချင်နေကြသည်။

ယခု စူးချင်းက လက်နက်များ ပြုလုပ်မည် ဖြစ်သောကြောင့် သူမတို့လည်း သင်ယူချင်နေကြသည်။

“ဒါက ယောက်ျားလေးတွေလုပ်ရမယ့် အလုပ်လေ။ မင်းတို့ထဲက တစ်ယောက်ယောက်က ဒီသံတူကို လွှဲနိုင်ရင် မင်းတို့ ဒီမှာ နေလို့ရတယ်"

စူးချင်းက မိန်းကလေးများ၏ မျက်လုံးများထဲမှ တွန့်ဆုတ်မှုကို မြင်သွားခဲ့ပြီး ပန်းပဲတူကြီးများကို ညွှန်ပြကာ သူမတို့ကို စမ်းလွှဲခိုင်းလိုက်သည်။

ရလဒ်က ထင်ရှားနေပြီး ကောင်မလေးများအားလုံး ထိုတူများကို လုံးဝ လှုပ်ယမ်းရန် ခွန်အားမရှိသောကြောင့် ဘာမှမပြောနိုင်ဘဲ ထွက်သွားကြရတော့သည်။

“ဆရာ၊ ကျွန်တော် အဲ့တူတွေကို လွှဲနိုင်တယ်”

ကျုံးယုံက မြေပြင်ပေါ်တွင် ငုတ်တုတ်ထိုင်နေရင်း စူးချင်းကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေခဲ့သည်။ သူက Husky တစ်ကောင်ကဲ့သို့ ချစ်စရာကောင်း ပြုံးပြနေပြီး ရယ်ချင်စဖွယ် ဖြစ်နေပြန်သည်။

“အင်း”

စူးချင်းက မူလကတည်းက ကျုံးယုံက တုထူခိုင်းချင်သောကြောင့် သူ့ကို နေခွင့်ပေးလိုက်သည်။

သူ့မှာ တူထုဖို့ ခွန်အားအပြည့်အဝ ရှိနေပြီး သူမအတွက် အကူအညီ ဖြစ်နိုင်တာကို ဘာကြောင့် သူ့ကို အသုံးမချဘဲ နေရမှာလဲ?

မီးဖိုထဲမှ မီးက စတင် တောက်လောင်လာပြီ ဖြစ်သောကြောင့် စူးချင်းက ကျောက်မီးသွေးများကို ဂေါ်ပြားဖြင့် ကော်ယူလိုက်ပြီး မီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။ အစပိုင်းတွင် မီးမငြိမ်းသွားစေရန် ထိုကျောက်မီးသွေးများ အားလုံးကို မီးဖိုထဲသို့ တစ်ပြိုင်နက်တည်းလောင်းချရန် မဖြစ်နိုင်ပေ။ ကျောက်မီးသွေး အနည်းငယ်ကို အရင် ထည့်ထားပြီး နောက်ထပ် ထပ်မထည့်မီ မီးရှိန်တက်လာရန် စောင့်ဆိုင်းရမည် ဖြစ်သသည်။

ကျုံးယုံက ဖားဖိုကို အစွမ်းကုန် ဆွဲနေပြီး အခြားသူများ ပင်ပင်ပန်းပန်း လုပ်ရသည့် အလုပ်က သူ့အတွက် ကစားစရာသဖွယ် ဖြစ်နေကာ အေးအေးဆေးဆေး လုပ်နေရသည်။ သို့သော်လည်း ထိုကောင်လေးက တိတ်ဆိတ်မှုကို သည်းမခံနိုင်သူ ဖြစ်ပြီး အလွန် စကားများသူ ဖြစ်သည်။ စူးချင်းက သူ့ကို လျစ်လျူရှုချင်ထားသော်လည်း ကျုံးယုံ၏ စကားပြောနိုင်လွန်းသော ပါးစပ်ကို သူမ မတားနိုင်တော့ပေ။

ကျုံးယုံက သူ့၏ဆရာကို တစ်ချက်ကြည့်ကာ ပြုံးဖြီးနေသော မျက်နှာဖြင့် "ဆရာ၊ ဆရာသင်ပေးတဲ့ သိုင်းကွက်က အရမ်းအသုံးဝင်တယ်၊ တစ်ယောက်ယောက်ကို ရိုက်လိုက်တာနဲ့ ဘယ်တော့မှ လွဲမသွားဘူး"

စူးချင်း၏နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားသည်။

'နင့်ရဲ့ ခွန်အားနဲ့ ဆိုရင် သိုင်းကွက်တောင် မသုံးပဲ တခြားလူရဲ့ဦးခေါင်းကို ရိုက်ခွဲနိုင်တယ်။ သူခိုးတောင် လွတ်မှာ မဟုတ်ဘူး။ အဲ့တာကို ထုမလွှဲတူချက်လို့ ခေါ်သင့်တယ်’

သို့သော် စူးချင်းက ထိုစကားကို သူမ၏စိတ်ထဲတွင်သာ ညည်းညူရဲပြီး အသံကျယ်ကျယ် မပြောရဲပေ။ ထိုသို့မဟုတ်ရင် ကျုံးယုံက ပိုပြီး နှုတ်သွက်လာကာ အဆက်မပြတ် စကားပြောနေပေလိမ့်မည်။

မီးက အလုံအလောက် တောက်လောင်လာပြီ ဖြစ်သောကြောင့် စူးချင်းက ဓားမောက်များကို မီးထဲသို့ ပစ်ချလိုက်ပြီး ဓားမောက်များက တဖြည်းဖြည်း အရည်ပျော်သွားခဲ့သည်။ စူးချင်းက သူမ၏ပန်းပဲအတက်ပညာ အဆင့်တက်လာသည်ကို မြင်နေရပြီး စနစ်၏အသံက သူမ၏နားထဲသို့ ရောက်လာပြန်သည်။

[ဂုဏ်ယူပါတယ် Host။ သင့်ရဲ့ ပန်းပဲအတက်ပညာက အဆင့် ၁ ကို ရောက်ရှိသွားပါပြီ။ သင့်ရဲ့ကာယခွန်အား၊ ဝိညာဉ်စွမ်းအား၊ တိုက်ခိုက်ရေးစွမ်းအားနဲ့ စစ်နတ်ဘုရားစွမ်းရည်တွေအားလုံးက အဆင့် ၄၄ ကို ရောက်ရှိသွားပါပြီ]

“ဆုပေးဖို့ သတိရဦး”

စူးချင်းက ယခုအချိန်တွင် ဘာလိုနေမှန်း မသိသေးသောကြောင့် ဆုပေးရန်အတွက် စနစ်ကို မှတ်ထားခိုင်း လိုက်သည်။

မဟုတ်ရင် ဒီစနစ်က ဆုပေးဖို့ ငြင်းနေလိမ့်မယ်။

"သခင်က အရမ်းတော်တယ်! ကြိုးစားမယ်၊ ဆက်ပြီး ကြိုးစားကြမယ်”

ရှောင်ချီ၏ချစ်စဖွယ်အသံလေးကလည်း အချိန်ကိုက် ထွက်ပေါ်လာခဲ့သည်။ သူမ၏ ချစ်စဖွယ်အသံလေးက စူးချင်းကို အလွန်ပျော်ရွှင်စေခဲ့ပြီး စူးချင်းက ခပ်ပါးပါးလေး ပြုံးနေခဲ့သည်။

“ဆရာ၊ ကျွန်တော် တာ့ထန်ကလူတွေကို သတ်ရတာ ကြိုက်တယ်။ သူတို့ ခေါင်းကို ရိုက်ရတာက အရမ်းပျော်ဖို့ ကောင်းတယ်။ ဆရာ၊ ကျွန်တော့်ကို နောက်ထပ် သိုင်းကွက်နည်းနည်းလောက် ထပ်သင်ပေးလို့ရမလား?"

ကျုံးယုံက ခရားရေလွှတ် ဆက်ပြောနေသေးသည်။ သူ့ဆရာ၏အပြုံးကို မြင်လိုက်ချိန်တွင် သူက ပို၍ စိတ်အားထက်သန်လာပြီး စူးချင်းအား သိုင်းကွက်အသစ်များ သင်ပေးရန် တောင်းဆိုနေပြန်သည်။

"မင်းရဲ့တူက လေးတယ်လို့ မင်း ထင်လား?"

စူးချင်းက ကျုံးယုံ၏မေးခွန်းကို မဖြေဘဲ အမေးဖြင့် တုံ့ပြန်လိုက်သည်။

“အရမ်းပေါ့တယ်”

ကျုံးယုံ၏မျက်နှာပေါ်တွင် အထင်အမြင်သေးနေသည့်ဟန်များ ရှိနေပြီး ဓားပြခေါင်းဆောင်ထံမှ သူလုယူခဲ့သည် ထိုသံတူကြီးနှစ်ချောင်းက သူ့အတွက် မသင့်လျော်သလို သူ ခံစားနေရကြောင်း သိသာနေသည်။

"ငါ မင်းအတွက် တူတစ်စုံ ထပ်လုပ်ပေးမယ်"

စူးချင်းက ပထမဆုံးလက်နက်ကို ကျုံးယုံအတွက် ပြုလုပ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ဒီကောင်လေးက ဉာဏ်မမီပေမယ့် သစ္စာရှိတယ်။ သူက သူသစ္စာခံထားတဲ့သူကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ဘူး။

အဲ့ဒါအပြင် ကျုံးယုံက အရမ်း အပင်ပန်းခံနိုင်ပြီး သန်မာသလို ရဲလည်း ရဲရင့်တယ်။ သူက ရွှေရှန့်ရဲ့ ညာလက်ရုံး ဖြစ်လာနိုင်ပြီး သူ့ကို သူနဲ့ သင့်တော်တဲ့ လက်နက်တစ်စုံ ပေးလိုက်ရင် သူက စစ်မြေပြင်မှာ ပိုပြိး အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်လာနိုင်လိမ့်မယ်။

ကျုံးယုံက အလွန်ပျော်ရွှင်သွားခဲ့သည်။

သူ့ဆရာက သူ့အတွက် တူတစ်စုံ ပေးချင်နေတယ်။

ထိုအခိုက်အတန့်တွင် ကျုံးယုံက ကျိရှောင်ယင်တစ်ယောက် စူးချင်း၏လက်မောင်းကို ကိုင်ထားပြီး ကလေးလို ပြုမှုကာ သူ့ဆရာအား ကျေနပ်စေသည်ကို ပြန်တွေးမိသွားသည်။

ထို့ကြောင့် သူက ကျိရှောင်ယင်ကို တုပကာ မတ်တပ်ထရပ်လိုက်ပြီး စူးချင်း၏လက်မောင်းကို ကိုင်ကာ သူ့ခေါင်းကြီးကို သူမပခုံးပေါ်၌ မှီချလိုက်သည်။ သူ့၏ အရပ်ရှည်သော ခန္ဓာကိုယ်ကြီးက ပုဇွန်တစ်ကောင်ကဲ့သို့ ‌ကွေးညွှတ်နေပြီး သူ့မျက်နှာပေါ်တွင် မြှောက်ပင့်သော အပြုံးတစ်ခုလည်း ရှိနေသေးသည်။

"ဆရာက အရမ်းတော်တယ်"

ကျိရွှေရှန့်နှင့် ဦးလေးချန်တို့က မြွေကို တွင်းထဲမှ ဆွဲထုတ်မည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြပြီး ကျိရွှေရှန့်က စူးချင်းကို ရှာရန် ရောက်လာခဲ့သည်။ သူ ပန်းဖဲဖိုထဲသို့ ဝင်လိုက်သည်နှင့် ကျုံးယုံ၏ကပေါက်တိကပေါက်ချာ အသွင်အပြင်ကို တွေ့လိုက်ရပြီး သူ့မျက်နှာက ချက်ချင်း မည်းမှောင်သွားတော့သည်။

စူးချင်းကို ဘယ်သူပဲ ချဉ်းကပ်နေပါစေ သူ ပျော်မှာ မဟုတ်ဘူး။

“ဖယ်စမ်း”

ကျုံးယုံ၏ ပေါတောတော အပြုအမူကြောင့် စူးချင်းက သူမတစ်ကိုယ်လုံး ယားယံလာသလို ခံစားလိုက်ရသည်။

ဒီလိုကြီးကောင်ကြီးမားကြီးက ရှောင်ယင်လိုမျိုး ကနွဲ့ကလျ ပြုမူနေတာလား? သူ ဘာတွေ တွေးနေတာလဲ?

ကျုံးယုံက မကျေမနပ်ဖြစ်နေကာ နှုတ်ခမ်းဆူလိုက်သည်။

ရှောင်ယင်က ဆရာ့နားကပ်ပြီး အဲ့လို ပြုမူရင် ဆရာက အမြဲတမ်း ကျေနပ်နေတာလေ။ ပြီးရင် ဆရာက ရှောင်ယင်လိုချင်သမျှ အရာရာကို သဘောတူပေးတက်တယ်။ သူကိုကျတော့ ဆရာက ဘာလို စူးစူးစိုက်စိုက် ကြည့်နေပြီး ဆူပူကြိမ်းမောင်းချင်နေရတာလဲ?

ကျုံးယုံတစ်ယောက် ရုတ်တရက် အေးစက်လာသလို ခံစားလိုက်ရပြီး လှည့်ကြည့်လိုက်ချိန်တွင် သူ့အစ်ကိုကြီးက မည်းမှောင်သော မျက်နှာအမူအရာဖြင့် သူ့အား စိုက်ကြည့်နေသည်ကို သူ တွေ့လိုက်ရသည်။ ကျုံးယုံက ခေါင်းကုတ်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး နောက်တစ်လှမ်းပင် ထပ်ဆုတ်လိုက်သည်။

ဒီတစ်ခါတော့ သူ့အစ်ကိုကြီးက သူ့ကို စိုက်ကြည့်နေတာ သေချာသွားပြီ။

“အစ်ကိုကြီး”

ကျုံးယုံက မဝံ့မရဲဖြင့် “အကိုကြီး”ဟု လှမ်းခေါ်လိုက်သည်။

သူ ဘာအမှားလုပ်မိသွားလဲ သူ မသိသေးဘူး။ အစ်ကိုကြီးက သူ့ကို ဘာကြောင့် စိတ်ဆိုးနေတာလဲ?

"အလုပ်ဆက်လုပ်တော့"

ကျိရွှေရှန့်က ကျုံးယုံကို ဒေါသတကြီး အမိန့်ပေးလိုက်ပြီး အနောက်သို့ ဆွဲခေါ်လိုက်ကာ စူးချင်းနှင့် ခွဲထုတ်ရန် သူ့ခန္ဓာကိုယ်ဖြင့် စူးချင်းကို ကာထားလိုက်သည်။

စူးချင်းက ကျိရွှေရှန့်၏ မနာလိုမှုကို မြင်လိုက်ရပြီး ရယ်ချင်နေခဲ့သည်။ သူမ၏မျက်လုံးများတွင် အပြုံးအရိပ်အယောင်များ ရှိနေသော်လည်း ကျိရွှေရှန့်က သူမကို မှုန်မှုန်မှိုင်းမှိုင်း ပြန်စိုက်ကြည့်နေခဲ့သည်။

သူမ ဘယ်လို ရယ်နိုင်သေးတာလဲ?

စူးချင်းက သူမ၏မျက်ခုံးကို ပင့်လိုက်ပြီး ကျိရွှေရှန့်ကို ရှားရှားပါးပါး စနောက်နေခဲ့သည်။ ကျိရွှေရှန့်က သူမကို ကူကယ်ရာမဲ့ ကြည့်နေပြီးမှ သူမ၏နှာခေါင်းလေးကို ဆွဲညစ်ရန် သူ့လက်ကို မြှောက်လိုက်ပြီး "ရယ်နေသေးတာလား?"

ကျိရွှေရှန့်ကလည်း သူ့၏မနာလိုမှုက အနည်းငယ် ယုတ္တိမရှိသည်ကို သူကိုယ်တိုင် ခံစားနေမိသည်။

ကျုံးယုံမှာက ငါးနှစ် ခြောက်နှစ်အရွယ် ကလေးတစ်ယောက်ရဲ့အသိဥာဏ်ပဲ ရှိတယ်။ သူ့မှာ ညစ်ညမ်းတဲ့ အတွေးတွေ မရှိဘူး၊ ဒါပေမယ့် သူကတော့ တခြားယောက်ျားတွေက စူးချင်းကို ထိတာ မကြိုက်ဘူး။

"အဲဒါက အခြေအနေဘယ်လိုလဲ? ကိုယ် မင်းအတွက် အဲ့ဒါကို ကူလုပ်ပေးဖို့ လိုသေးလား?"

ကျိရွှေရှန့်က စူးချင်း၏မျက်လုံးများထဲမှ ညစ်ကျယ်ကျယ်အကြည့်ကို မြင်နေရပြီး သူ အနည်းငယ် ရှက်နေသောကြောင့် စကားလမ်းကြောင်းပြောင်းကာ အလုပ်အကြောင်းကို စပြောလိုက်သည်။

သူတို့မှာ သံသတ္တုရိုင်းတွေ ရှိနေတော့ပြီး သူတို့ လက်နက် လုပ်နိုင်တာနဲ့ သွားတူးလို့ ရပြီ။ အခု သူတို့ အလိုအပ်ဆုံးက လူအင်အားပဲ။

မော့ချန်ရဲ့မြို့စောင့်တပ်က မော့ချန်ကို ကာကွယ်ဖို့တောင် မလုံလောက်ဘူး၊ သူနဲ့ သတ္တုတွင်းကို လိုက်ပြီး သတ္တုရိုင်းတွေ ကူသယ်ပေးဖို့ ဘယ်သူမှာမှ အချိန်မရှိသေးဘူး။

"မလိုပါဘူး။ ရှင် ဦးလေချန်နဲ့ စကားသွားပြောတာကရော ဘယ်လိုလဲ?"

စူးချင်းက ကျိရွှေရှန့်ကို အကူအညီ မတောင်းချင်ပေ။

သူ့မှာ ပိုအရေးကြီးတာတွေ လုပ်ဖို့ ရှိနေသေးတယ်။

“ဦးလေးချန်ကတော့ သတင်းထပ်ပေါက်စေပြီးမှ ဘယ်သူက သတင်းပေးလဲဆိုတာကို စောင့်ကြည့်ချင်နေတယ်”

ကြီးလေးသော ကိစ္စများ ရှိနေသေးသောကြောင့် ကျိရွှေရှန့်က သူ၏မနာလိုစိတ်ကို ဖယ်ထုတ်လိုက်ပြီး စူးချင်းကို လေးနက်သော အမူအရာဖြင့် ပြောပြလိုက်သည်။

သူက ရှောင်းမိသားစုစစ်တပ်ထဲမှာ သူလျှိုတွေ မပေါ်လာစေချင်ဘူး။ ဒီလူတွေကို သူ့အဖေ ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးခဲ့တာလေ၊ ဒါပေမယ့် ဘယ်သူမှ သတင်းမပေးဘူးဆိုရင် အနက်ရောင်၀တ်လူတွေက ဖောက်ခွဲရေးပစ္စည်းတွေရဲ့တည်နေရာကို အတိအကျ လာရှာနိုင်မှာ မဟုတ်ဘူး။

“သူလျှိုကို ရှာမတွေ့ခင်မှာ ကျွန်မတို့ရဲ့ အစီအစဉ်အကြောင်း ဘယ်သူ့ကိုမှ မပြောနဲ့တော့။ လူတွေရဲ့နှလုံးသားက ခန့်မှန်းရခက်တယ်... ဦးလေးချန်ကိုတောင်မှ စမ်းသပ်ကြည့်သင့်တယ်"

All Chapters