လူသတ်လက်နက်ကြီးများ
Vol. 16 Ch. 234
“ဟုတ်ပါတယ်၊ ကျွန်တော်မျိုးတို့ရဲ့ လူတွေ အကုန်လုံး အပိုင်းပိုင်း ကွဲထွက်ပြီး အသားနဲ့ သွေးတွေက နေရာအနှံ့ ပျံ့ကျဲသွားခဲ့တာပါ”
အောက်တွင် ဒူးထောက်နေသော စစ်သည်များက ကြောက်ရွံ့တုန်လှုပ်နေကြသည်။ စစ်မြေပြင်မှ ထွက်ပြေးခြင်းက ကြီးလေးသောပြစ်မှုတစ်ခုဖြစ်ပြီး သူတို့၏ ပထမမင်းသားကလည်း ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ သူက သွေးဆာလွန်းပြီး လူများ၏နှလုံးသားများကို စားကာ အရက်သောက်ရခြင်းကို နှစ်သက်သူ ဖြစ်သည်။ ပထမမင်းသားက သူတို့၏နှလုံးသားကို ဖောက်ယူကာ အရက်နှင့်သောက်စားလိုက်မည်ကို သူတို့ စိုးရိမ်နေကြသည်။
"တာ့ရှားမှာ ဒီလို အရည်အချင်းရှိတဲ့ လူတစ်ယောက် ဘယ်အချိန်က စပြီး ရှိနေခဲ့တာလဲ?"
ယဲ့လွီဟမ်၏ သူက လက်ချောင်းထူထူကြီးများကို အပြန်ပြန်အလှန်လှန် လှုပ်ယမ်းနေပြီး သူ၏ကျဉ်းမြောင်းသော မျက်လုံးများမှ စူးရှသော အလင်းရောင်များ လင်းလက်လာခဲ့သည်။ သူက မျက်ခုံးကို တစ်ဝက်တစ်ပျက် မြှင့်တင်ထားပြီး အပြုံးမပျက်သေးပေ။ သို့သော်လည်း သူ့မျက်လုံးများထဲမှ အလင်းရောင်က သူ့၏အစာကို ခုန်အုပ်တော့မည့် သားရဲကောင်ကဲ့သို့ စိတ်လှုပ်ရှားနေသည့်အရိပ်အယောင်များ စွန်းထင်နေခဲ့သည်။
စိတ်ဝင်စားစရာပဲ။ တကယ်လို့ သူ့မှာသာ အဲ့လိုလူသတ်လက်နက်ကြီးတွေ ရှိခဲ့ရင် သူက တာ့ထန်ပြည်ထောင်ရဲ့ ဧကရာဇ် ဖြစ်လာရုံတင်မကဘဲ တာ့ရှားပြည်ထောင်ရဲ့ ဧကရာဇ်တောင် အလွယ်တကူ ဖြစ်လာနိုင်သေးတယ်။
မြေပြင်ပေါ်တွင် ဒူးထောက်နေသော တာ့ထန်စစ်သည်များက ပထမမင်းသား၏ မရေမရာအမူအရာကို မြင်လိုက်ရပြီး ၎င်းကို မည်သို့ကိုင်တွယ်ရမည်ကို မသိတော့ပေ။ သူတို့က ကျယ်လောင်စွာပင် အသက်မရှူဝံ့ဘဲ ကြောက်လန့်တကြား နှုတ်ဆိတ်နေကြသည်။
"မင်းတို့ စစ်မြေပြင်ကို စွန့်ခွာထွက်ပြေးလာတာက ငါတို့ရဲ့ တာ့ထန် စစ်နတ်ဘုရားတွေရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေတယ်"
မျှော်လင့်ထားသည့်အတိုင်း ယဲ့လွီဟမ်က သူတို့ စစ်မြေပြင်မှ ထွက်ပြေးလာခဲ့သည်ကို သတိရသွားပြီ ဖြစ်သည်။ သူ့၏ကျဉ်းမြောင်းသော မျက်လုံးများက ရုတ်တရက် ပြူးကျယ်လာပြီး ဝက်ဝံလက်ဖဝါးကြီးကဲ့သို့သော သူ၏လက်ဖဝါးကြီးဖြင့် သူ့ရှေ့မှ စားပွဲကို ရိုက်ချိုးလိုက်သည်။
တာ့ထန်စစ်သည်များက မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး ကြောက်လန့်တကြားဖြင့် အသက်ကို ချမ်းသာပေးရန် တောင်းပန်နေကြသည်။
“လာကြစမ်း၊ ဒီလူတွေကို ကြိမ်ဒဏ်အချက် ငါးဆယ်စီ ရိုက်ကြ၊ နောက်ထစ်ခါ ဒီလိုမျိုး ထပ်ဖြစ်ရင် ခေါင်းဖြတ်ခံရမယ်”
ယဲ့လွီဟမ်က သူ၏ပုံမှန်အပြုအမူကို ဆန့်ကျင်ပြီး ညှာတာကာ ပေါ့ပေါ့ပါးပါး ပြစ်ဒဏ်သာ ပေးခဲ့သည်။ ခေါင်းဖြတ်ခြင်းနှင့် နှိုင်းယှဥ်လျှင် ကြိမ်ဒဏ်ငါးဆယ်က ပေါ့ပါးလွန်းလှသည်။ ထိုတာ့ထန်စစ်သည်များက သူတို့၏ကျေးဇူးတင်မှုဖော်ပြရန် ပထမမင်းသားကို ကမန်းကတန်း အရိုအသေ ပေးလိုက်ကြသည်။
ထိုစစ်ရှုံးလာသော စစ်သည်များကို တဲထဲမှ ခေါ်ထုတ်သွားပြီးနောက် ယဲ့လွီဟမ်က သူ့ဘေးတွင် ရပ်နေသည့် စစ်မှုရေးရာအကြံပေးအရာရှိကို လှမ်းမေးလိုက်သည်။
"တတိယမင်းသား ပြန်လာပြီလား?"
"ပထမမင်းသားကို သတင်းပို့ပါတယ်၊ တတိယမင်းသားက မနေ့က တာ့ချန်ကို ပြန်ရောက်ရှိ လာပါပြီ"
စစ်မှုရေးရာအကြံပေးအရာရှိ ဖြစ်သော ယဲ့ဟယ်ချန်က ပိန်ပိန်ခြောက်ခြောက် အဘိုးကြီးတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာပေါ်မှ အရေးအကြောင်းများက လေရဟတ်ကဲ့သို့ ဖြစ်နေပြီး ထိုအရေးအကြောင်းများ၏အတွင်းဘက်က ဖြူနေကာ အပြင်ဘက်က မည်းနေသောကြောင့် သူက သစ်ခေါက်အိုကြီးကဲ့သို့ ခြောက်ကပ်နေလေသည်။ သူ့မျက်နှာတွင် မျက်ခုံးမရှိဘဲ စူးရှသောမျက်လုံးတစ်စုံ ရှိနေသောကြောင့် ရုတ်တရတ်ကြည့်လိုက်လျှင် စွန်အိုကြီးတစ်ကောင်နှင့်တူနေလေသည်။
သူက လူကြီးတစ်ယောက်၏အဝတ်အစားကို ခိုးယူဝတ်ဆင်ထားသည့် ကလေးတစ်ယောက်ကဲ့သို့ သူ့နှင့် ချောင်ကျနေသော တာအို၀တ်စုံကို ၀တ်ဆင်ထားသည်။ သူ့ပုံစံက ရယ်စရာကောင်းနေသော်လည်း သူ့မျက်လုံးများက ကြောက်စရာ ကောင်းနေသောကြောင့် မည်သူကမျှ သူ့ကို မရယ်ရဲကြပေ။
သူက တစ်ယောက်ယောက်ကို ကြည့်လိုက်လျှင် ထိုလူ၏နှလုံးသားကို ထိုးဖောက်ပြီး ထိုလူ၏အတွေးအားလုံးကို မြင်နိုင်သကဲ့သို့ ဖြစ်နေသောကြောင့် တစ်ဖက်လူ၏ဦးရေပြားများ ထုံကျင်သွားအောင် ကြောက်လန့်သွားစေနိုင်သည်။
သူ့အသံကို ကြားရသည်မှာလည်း အလွန် စိတ်ညစ်ညူးဖွယ်ဖြစ်သည်။ သူ့အသံက အလွန်စူးရှလွန်းသဖြင့် လည်ပင်းညှစ်ခံထားရသော မိန်းမစိုးတစ်ယောက်၏ အသံနှင့် ဆင်တူနေသည်။ သို့သော်လည်း ထိုလူက အလွန်အစွမ်းထက်ပြီး သူက စုန်းအတတ်ပညာကို ကျွမ်းကျင်သည့်အပြင် ဓားများ၊ လှံများဖြင့် မထိုးဖောက်နိုင်သော သံမဏိကဲ့သို့ သန်မာသည့် လုပ်ကြံသတ်ဖြတ်သူအဖွဲ့တစ်ဖွဲ့ကို ပြုစုပျိုးထောင်ထားခဲ့သည်။ ဤနှစ်များတစ်လျှောက်တွင် သူက ပထမမင်းသားအတွက် အတိုက်အခံများကို ဖယ်ရှားပေးရန် ကူညီပေးခဲ့သောကြောင့် ပထမမင်းသားက သူ့ကို အလွန်နှစ်သက်သဘောကျပြီး မျက်နှာသာပေးထားခဲ့သည်။
“တတိယညီတော်က သူ့ရဲ့အကြောသေနေတဲ့အမေကို ကုသဖို့ နေရာတိုင်းက သမားတော်တွေကို လိုက်ရှာနေတယ်။ အဲဒါက ပြဿနာမဟုတ်ဘူး။ ဒါပေမယ့် ဒုတိယညီတော်ကို ပိုပြီး သတိထားဖို့ လိုလိမ့်မယ်။ ဒီကလေးက အမြဲတမ်း မရိုးသားဘူး”
ယဲ့လွီဟမ်က သူ့၏လက်ချောင်းများကို ခပ်မြန်မြန် လှုပ်ယမ်းကာ စကားပြောနေပြီး သူ့၏ကျဉ်းမြောင်းသော မျက်လုံးများတွင် ရည်မှန်းချက်များ ပြည့်နှက်နေခဲ့သည်။
“ဟိုအဘိုးကြီးကလည်း မသေသေးဘူး။ သူ မသေသေးရင် ငါက တာ့ထန်ရဲ့ အုပ်စိုးရှင် အစစ်အမှန် ဖြစ်လာမှာ မဟုတ်ဘူး”
“အကြီးဆုံးမင်းသား၊ မင်းသားက အဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။ လာမယ့် လပြည့်ညက ဧကရာဇ်မင်းမြတ် ကောင်းကင်ဘုံသို့ တက်ရောက်ရမယ့်အချိန်ပါ”
ယဲ့ဟယ်ချန်က သုံးခါလောက် ရယ်မောလိုက်ပြီး ယဲ့လွီဟမ်ကို နှစ်သိမ့်ပေးလိုက်သည်။ သူ၏စူးရှသော အသံကြီးက ယဲ့လွီဟမ်၏ နားထဲတွင် ကြည်နူးစရာ ကောင်းနေခဲ့သည်။ ယဲ့လွီဟမ်က ယဲ့ဟယ်ချန်ကို ကျယ်လောင်စွာ ပြန်ရယ်မောပြလိုက်ပြီး "ဟား ဟား၊ မင်း ကြိုးကြိုးစားစား လုပ်ခဲ့တယ်၊ အတိုင်ပင်ခံကြီး"
“လာကြစမ်း၊ ငါတို့ ဖမ်းထားတဲ့ ဟန်အမျိုးသမီးတွေကို အတိုင်ပင်ခံရဲ့တဲထဲကို ခေါ်သွားပေးလိုက်ကြ”
ယဲ့ဟယ်ချန်က အမျိုးသမီးများကို နှစ်သက်သော်လည်း သူမတို့က အပျိုစင် ဖြစ်ရမည် ဖြစ်ကာ သူက သူမတို့နှင့်အတူ ယင်-ယန်ကျင့်စဥ်ကို လေ့ကျင့်လေ့ရှိသည်။
"ကျေးဇူးအများကြီးတင်ပါတယ်... အကြီးဆုံးမင်းသား"
ယဲ့ဟယ်ချန်၏မျက်နှာက ဂန္ဓမာပန်းကြီးတစ်ပွင့်ကဲ့သို့ ပြုံးနေပြီး သူ့၏သိမ်းငှက်မျက်လုံးများက စိတ်အားထက်သန်မှုအပြည့်ဖြင့် တောက်ပနေလေသည်။
ယဲ့လွီဟမ်က ထိုအဘိုးကြီး၏ပျော်ရွှင်မှုကို အခွင့်ကောင်းယူပြီး သူ့၏တောင်းဆိုမှုကို မြှင့်တင်လိုက်သည်။
“အတိုင်ပင်ခံကြီး၊ ကျုပ် အဲ့ဒီလူသတ်လက်နက်ကြီးတွေကို လိုချင်တယ်။ ရအောင် ကူညီပေးနိုင်မလား?"
“ဒါက ကိုင်တွယ်ဖို့ လွယ်ကူပါတယ်။ အကြီးဆုံးမင်းသားက ဒီလို လုပ်မယ်ဆိုရင်….”
ယဲ့ဟယ်ချန်၏အသံက ပိုတိုးသွားပြီး ၎င်းကို နားထောင်ပြီးချိန်တွင် ယဲ့လွီဟမ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
“အတိုင်ပင်ခံကြီးက တကယ်ပဲ ကျုပ်ရဲ့ ကံကောင်းစေတဲ့ကြယ်ပွင့်ပဲ။ ခင်ဗျား အနားမှာ ရှိနေရင် ကျုပ် ရဲ့ကြီးကျယ်မြင့်မြတ်တဲ့ အရာတွေ မအောင်မြင်မှာကို စိတ်ပူနေစရာလား?"
စူးချင်းက သူမ ပစ်မှတ်ထားခံရသည်ကို မသိသေးပေ။ သူမနှင့် မိန်းကလေးများက တစ်ညလုံး အလုပ်လုပ်ခဲ့ကြပြီး ဖောက်ခွဲရေးကိရိယာ ငါးတွဲ ပြုလုပ်နိုင်ခဲ့ကြသည်။ သူမတို့က များများ ပြုလုပ်ချင်သော်လည်း နောက်ထပ်လုပ်စရာ ပစ္စည်းများ မရှိတော့ပေ။ မနက်ဖြန်တွင် ရွှံ့ညွန်များ ရှာဖွေရန်မြို့မှ ထွက်ခွာပြီး ယမ်းစိမ်းများရအောင် ရှာဖွေရတော့မည် ဖြစ်သည်။
သူမတို့၏အိမ်ထဲတွင် ဒဏ်ရာရစစ်သည်များ ပြည့်နှက်နေပြီး အခြားမိန်းကလေးများက သူမတို့ အိမ်သို့ ပြန်အိပ်နိုင်ကြသော်လည်း ကျိရှောင်ယင်နှင့် စူးချင်းကတော့ အနားယူစရာ နေရာ မရှိသေးပေ။
ကျိရှောင်ယင်က အလွန်အိပ်ငိုက်နေပြီး ထပ်ခါတစ်လဲလဲ သမ်းဝေနေကာ စူးချင်းကလည်း အနည်းငယ် ပင်ပန်းနေသလို ခံစားနေရသည်။
"အစ်မ ဘယ်မှာ သွားအိပ်ကြမှာလဲ?"
ကျိရှောင်ယင်က စူးချင်းကို မေးနေရင်း သမ်းဝေနေပြန်သည်။ သူမ၏ မျက်လုံးကြီးနှစ်လုံးက မျက်ရည်ကြည်များကြောင့် ရေဆေးထားသော စပျစ်သီးများကဲ့သို့ ရွှန်းစိုနေခဲ့သည်။
"စူးချင်း၊ ရှောင်ယင်"
ကျိရွှေရှန့်က အပြင်မှ အိမ်ထဲသို့ ပြန်ဝင်လာခဲ့ပြီး မီးဖိုကြောင့် အတွင်းက အပြင်ထက် ပိုနွေးနေသည်ကို ခံစားလိုက်ရသည်။ ညဘက်တွင် မော့ချန်က အရမ်းအေးလွန်းနေပြီး အေးစက်သောလေက အရိုးများကို ထိုးဖောက်ဝင်ရောက်ကာ သွေးများကို အေးခဲစေတော့မယောင် ခံစားရစေသည်။
ကျိရွှေရှန့်က အေးစက်သော ခန္ဓာကိုယ်ဖြင့် အိမ်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသဖြင့် ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးအတွက် ရေနွေးတစ်ပန်းကန် အမြန် သွားယူပေးလိုက်သည်။
ဒဏ်ရာရနေသည့်သူများ ရှိနေသောကြောင့် အချိန်မရွေး သောက်နိုင်ရန်နှင့် လိုအပ်လျှင် အသုံးပြုနိုင်ရန် ရေနွေးအိုးကြီးတစ်လုံးကို အမြဲတမ်း ကျိုထားခဲ့သည်။
"ယုံခန်းက မင်းတို့ အတွက် သီးသန့်အိမ်လေးတစ်လုံး ရှာပေးထားတယ်။ အခု ခန်ကို အပူပေးနေတယ်၊ ငါ မင်းတို့ကို လာခေါ်တာ”
ကျိရွှေရှန့်က သူမတို့ကို လာကြိုခြင်း ဖြစ်ပြီး အမျိုးသမီးလီက ထိုအိမ်သို့ ရောက်နှင့်နေကာ သူမတို့ကို စောင့်နေပြီ ဖြစ်သည်။
“ဟုတ်ကဲ့”
စူးချင်းက သူမ၏ တောင့်တင်းနေသော လည်ပင်းကို တစ်ချက်လှည့်လိုက်သည်။ ကျိရွှေရှန့်က သူမ၏လှုပ်ရှားမှုကို မြင်သွားပြီး စိုးရိမ်တကြီးဖြင့် "ပင်ပန်းနေပြီလား?"
"နည်းနည်း"
စူးချင်းက အမှန်အတိုင်း ပြောလိုက်သည်။ သူမက အဓိကလူ ဖြစ်ပြီး ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရန် ခေါင်းကို တစ်ချိန်လုံး ငုံ့ထားရသည်။ ယခုအချိန်တွင် သူမ၏လည်ပင်းက သံပြားကဲ့သို့ တောင့်တင်းနေပြီဖြစ်ကာ အလွန် မသက်မသာ ခံစားနေရသည်။
"ကိုယ် နှိပ်ပေးမယ်"
ကျိရွှေရှန့်က သူမဆီသို့ လျှောက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ ထို့နောက် သူက သူ့၏ သန်မာသော လက်နှစ်ဘက်ကို အသုံးပြုပြီး စူးချင်း၏ပခုံးနှင့် လည်ပင်းတို့ကို နှိပ်နယ်ပေးနေခဲ့သည်။ သူက သူ့၏မွေးစားဖခင်ထံမှ ဆေးပညာာအပြင် အနှိပ်ပညာကိုလည်း သင်ယူခဲ့ရသောကြောင့် ထိုသို့နှိပ်နယ်ပေးရခြင်းက သူ့အတွက် မုန့်တစ်ခုကို ဖဲ့ရသလို လွယ်ကူလွန်းလှသည်။
စူးချင်းက အလွန်သက်တောင့်သက်သာဖြစ်သွားသည်ဟု ခံစားလိုက်ရပြီး သူ့၏နွေးထွေးပြီး အားမာန်ပါသောလက်များက သူမ၏ တောင့်တင်းသော ကြွက်သားများကို စည်းချက်ညီညီ ဖိညှစ်ပေးနိုင်ရန် သူမ၏ခေါင်းလေးကို အလိုက်သင့်စောင်ငဲ့ပေးနေခဲ့သည်။ ကျိရှောင်ယင်က သူမတို့ကို ဘေးမှ ကြည့်နေပြီး ပြုံးနေခဲ့သည်။
သူမရဲ့အစ်ကိုကြီးက အဲ့လိုမျိုး နူးညံ့သိမ်မွေ့တဲ့ မျက်လုံးတွေနဲ့ တခြားအမျိုးသမီးတွေကို တစ်ခါမှ မကြည့်ဖူးဘူး။
အစ်မစူးချင်းကလည်း အစ်ကိုကြီးရဲ့အရှေ့မှာဆိုရင် သူမရဲ့အေးစက်တဲ့ အငွေ့အသက်တွေကို ဖယ်ရှားထားတက်ပြီး အန္တရာယ်မရှိတဲ့ ယုန်ဖြူလေးတစ်ကောင်နဲ့ အရမ်းတူတယ်။
ကျိရှောင်ယင်က သူမ၏အစ်ကိုကြီးနှင့် အစ်မစူးချင်းအတွက် သီးသန့်အချိန်လေးကို ဖန်းတီးပေးချင်သော်လည်း အပြင်ဘက်တွင် မှောင်မဲနေပြီး လေတိုက်သံကလည်း ကလေးငိုသည်းနေသကဲ့သို့ ဖြစ်နေလေသည်။ သူမက အပြင်သို့ မထွက်ရဲသောကြောင့် ဒဏ်ရာရနေသူများကို ဝင်ကြည့်ရန်သာ တက်နိုင်တော့သည်။
"တစ်ယောက်ယောက်က ရေတောင်းနေတာ ကြားလိုက်သလားလို့..."
ကျိရှောင်ယင်က အကြောင်းပြချက် ရှာလိုက်ပြီး အိမ်ထဲသို့ မဝင်မီ ရေနွေးပန်းကန်ကို လှမ်းယူလိုက်သည်။ နောက်ဆုံးတွင် စူးချင်းနှင့် ကျိရွှေရှန့်တို့သာ အပြင်ခန်းတွင် ကျန်နေခဲ့ပြီး စူးချင်းက ကျိရွှေရှန့်၏ သန်မာသော လက်မောင်းများကို မှီထားလိုက်သည်။ ကျိရွှေရှန့်၏လက်က သူမ၏ပခုံးပေါ်မှ အောက်သို့ ရွေ့သွားပြီး သူမ၏ခေါင်းကို သူ့ပခုံးပေါ်သို့ မှီနိုင်စေရန် သူမကို သူ့ရင့်ခွင်ထဲသို့ ညင်သာစွာ ဆွဲယူလိုက်သည်။ သူက ခေါင်းငုံ့ထားပြီး စူးချင်း၏ပါးကို သူ့ပါးနှင့် ဖိကပ်ထားလိုက်သည်။
သူမ၏အသားအရေက ပိုးသားကဲ့သို့ ချောမွေ့နေပြီး အနည်းငယ် အေးမြသော ခံစားမှုကို ပေးနေခဲ့သည်။ ကျိရွှေရှန့်က သူမပါးပြင်လေးများ ပူနွေးလာစေရန် သူ့ပါးဖြင့် သူမ၏ပါးပြင်ပေါ်သို့ ဖြည်းညှင်းစွာ ပွတ်သပ်ပေးနေရင်း ဆွဲဆောင်မှုရှိသော အသံတိုးတိုးဖြင့် သူမ၏နားထဲတွင် တီးတိုးပြောဆိုလိုက်သည်။
"မင်းရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်"
သူ၏ ကျေးဇူးတင်မှုက သူ့နှလုံးသားထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း သူ့၏မုတ်ဆိတ်မွေးများက အခုမှ ပြန်ပေါက်ကာစဖြစ်နေပြီး ကြမ်းရှရှ ဖြစ်နေသောကြောင့် သူမ၏ပါးပြင်ပေါ်သို့ ညင်ညင်သာသာ ပွတ်တိုက်နေချိန်တွင် စူးချင်းက သူမ၏အရေပြားတစ်ခုလုံး ဓာတ်လိုက်သလို ထုံကျင်မှုကို ခံစားလိုက်ရသည်။
သူမ သူကို ပထမဆုံးစတွေ့တဲ့ အချိန်တုန်းက သူက ဘယ်လိုပုံစံလည်းဆိုတာကို သူမ မှတ်မိနေသေးတယ်။ သူ့မှာ မုတ်ဆိတ်မွေးတွေ အများကြီး ရှိပြီး ယောကျာ်းဆန်ဆန်နဲ့ ကြမ်းတမ်းတဲ့ ပုံစံမျိုပဲ။ သူ့မျက်လုံးတွေထဲမှာ အဆုံးမရှိတဲ့ အတွေးတွေ ရှိနေပြီး အမုန်းတရားတွေကို ဖုံးကွယ်ထားတာကြောင့် သူ့ကို ကြည့်ရတာ နက်ရှိုင်းတဲ့ပင်လယ်ကြီးနဲ့ တူတယ်။
အခုတော့ သူက ပိုရင့်ကျက်ပြီး ပိုတည်ငြိမ်လာပြီ။ သူမတို့ ပထမဆုံး စတွေ့တုန်းကလို လူမိုက်ကြီး မဟုတ်တော့ဘူး။ သူ့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိလာပြီး သူမက သူ့ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ ကူညီပေးနိုင်တဲ့သူ ဖြစ်ချင်တယ်။
"ရွှေရှန့်... ငါ မင်းကို ရှာတွေ့ပြီ"