← Chapters

တစ်ယောက်နှင့် လေးယောက်

Vol. 6 Ch. 571

တစ်ယောက်နှင့် လေးယောက်

Vol. 6 Ch. 571

"မိုးကြိုး တံဆိပ်တုံး ..."

ထိုရတနာ လက်နက်သည် ကောင်းကင် သခင်ဂိုဏ်း၏ ဂိုဏ်းစောင့် လက်နက် ဖြစ်သည်။ ချန်းဖန်နှင့် တိုက်ခိုက်စဉ်က ယောင်တောက်ရီသည် ထိုလက်နက်ကို သုံးကာ သေမျိုးနတ်ဘုရား၏ စွမ်းအားကိုပင် ထုတ်သုံး နိုင်ခဲ့သည်။

"ခရက် ... ခရက် ..."

အဆုံးမဲ့သော လျှပ်စီးနှင့် မိုးကြိုး စွမ်းအားများသည် မိုးကြိုး တံဆိပ်တုံးကို ဖြတ်သန်း၍ စီးဆင်းနေ၏။

ချန်းဖန်သည် ထိုရတနာကို ရရှိစဉ် အခါမှ စတင်၍ အမြဲတမ်း ပြင်ဆင် နေခဲ့ခြင်း ဖြစ်ရာ ယခု အချိန်၌ တံဆိပ်တုံးမှာ အပြည့်အဝ ပြန်လည်ကောင်းမွန် နေခဲ့ပြီ ဖြစ်သည်။

"ယောင်တောက်ရီက အရူးပဲ ... သူက လျှပ်စီးကို ဆင့်ခေါ်ဖို့လောက်ပဲ တတ်တယ် ... တကယ်ဆို အဲဒီ စွမ်းအားက ဓမ္မ ရတနာရဲ့ အဖျားအနားလောက်ပဲ ရှိတာ ..."

ချန်းဖန်က ခေါင်းကိုခါရင်း ကျင့်စဉ်အား အသက်သွင်း လိုက်သည်။

မိုးကြိုး တံဆိပ်တုံးက ကောင်းကင်တွင် လည်ပတ်ကာ ချန်းဖန်၏ စွမ်းအားများကို စုပ်ယူသည်။

မျက်စိ တစ်မှိတ်မျှ အချိန် အတွင်းမှာပင် မိုးကြိုး တံဆိပ်တုံးက စတင် တောက်ပလာပြီး တိမ်များ အတွင်းမှ လျှပ်စီး စွမ်းအားများကို ကိုယ်တိုင် စတင်ကာ စုပ်ယူ၏။

တစ်ခဏမျှ အကြာ၌ မိုးကြိုး တံဆိပ်တုံး၏ သင်္ကေတများတွင် လျှပ်စီး စွမ်းအားများ ပြည့်ဝလာကာ အရွယ်အစားမှာလည်း ပို၍ ကြီးမားလာသည်။

"သွား ..."

ချန်းဖန်က မိုးကြိုး တံဆိပ်တုံးကို အမိန့်ပေး လိုက်သည်။

"ဘုန်း ..."

ကားတစ်စီး အရွယ် ရှိနေပြီ ဖြစ်သော မိုးကြိုး တံဆိပ်တုံးက အရှိန်ပြင်းစွာ လည်ပတ်ရင်း လျှပ်စီး အလင်းအား စတင်ကာ ပစ်လွှတ်၏။

"အဲဒါက မိုးကြိုးတံဆိပ်တုံးပဲ နောက်ဆုတ်ကြဟေ့ ..."

အမှောင်မြို့စား၏ မျက်နှာက ပျက်ရွင်းသွားကာ အော်ဟစ် သတိပေးလိုက်သည်။

မိုးကြိုးတံဆပ်တုံးမှ ပစ်လွှတ်သည့် မိုးကြိုး စွမ်းအားသည် သန့်စင်သည့် ယန်စွမ်းအားကို သဘာဝ အလျောက် ပိုင်ဆိုင်သည်။ အမှောင်မြို့စားသည် သူ၏ ပြိုင်ဘက်ကင်း ပြန်လည် ကုစားနိုင်စွမ်းကို အစဉ်အမြဲ ဂုဏ်ယူခဲ့သည့်တိုင် ယခု တစ်ကြိမ်တွင်တော့ ယုံကြည်မှု မရှိချေ။

"လာစမ်း ..."

တစ္ဆေမြို့စားက တစ္ဆေချီများကို ဆင့်ခေါ်လိုက်၏။

ထိုတစ္ဆေချီများသည် မြူမီးခိုးများနှင့် သဏ္ဌာန်တူကာ အတွင်း၌ မရေမတွက် နိုင်သော သရဲတစ္ဆေများ ကူးခပ်နေ၏။ တစ္ဆေမြို့စားသည် သူ့ကိုယ်သူ အကန့်အသတ် ရောက်သည်အထိ တွန်းအား ပေးကာ သူ့တွင် ရှိသမျှ တစ္ဆေချီများအား ဆင့်ခေါ်လိုက်သည်။

သို့သော်လည်း ထိုအရာလောက်က ချန်းဖန်၏ တိုက်ခိုက်မှု အလုံးစုံကို ချေဖျက်နိုင်မည် မဟုတ်ချေ။

"ခရက် ..."

လျှပ်စီးအလင်းသည် အနက်ရောင် မြူခိုးများ အတွင်းသို့ တိုးဝင်ကာ တစ္ဆေ သရဲများကို ဖျက်ဆီး၏။ များစွာသော တစ္ဆေသရဲများက ခြောက်လှန့်ခြင်း စွမ်းအားများကို ထုတ်၍ လျှပ်စီးအလင်းကို ခုခံသော်လည်း အသုံး မဝင်ချေ။

"ခရက် ..."

လျှပ်စီး အလင်းက တဖြည်းဖြည်း ပို၍ ရှေ့သို့ တိုးလာနှင့် ခုံသမာဓိများ၏ နှလုံးများမှာလည်း တဒိတ်ဒိတ် ခုန်လာ ကြတော့သည်။ မျက်စိ တစ်မှိတ် အတွင်းတွင်ပင် လျှပ်စီး အလင်းသည် သူတို့နှင့် ဆယ်ပေခန့် အကွာအထိပင် ရောက်ရှိနေပြီ ဖြစ်သည်။

"ကလန့် ..."

ထိုအချိန်တွင်ပင် သွေးမူးမတ် ကလော့ဒီသည် သူ၏ ဓားရှည်ကို ထုတ်ယူလိုက်၏။ ဓား၏ ခန္ဓာကိုယ် တစ်ဝိုက်တွင် သွေးအလင်း တစ်ခုက ရဲရဲတောက်အောင် လင်းလက် နေသည်။ ထိုအလင်းသည် ဓား၏ ကိုယ်ပိုင် အလင်း ဖြစ်ကာ ထုထည် ဖြစ်ပေါ်ခြင်း အဆင့်သို့ပင် ရောက်နေပြီ ဖြစ်သည်။

"အထီးကျန်သွေးဓား ..."

ထိုဓားကား ပြင်သစ် တော်ဝင် မိသားစု တစ်ခု၏ လျှို့ဝှက် သိမ်းဆည်းထားသော ဒဏ္ဍာရီလာ ဓားတစ်စင်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ထောင်ချီက ခရစ်ယာန် ဘုရားကျောင်း၏ သူတော်စင် တစ်ယောက်သည် ထိုဓားကို အသုံးပြုကာ သွေးမျိုးဆက် ဘိုးဘေး တစ်ယောက်ကို သတ်ဖြတ်ခဲ့ဖူးသည်။

"သွား ..."

သွေးမူးမတ် ကလော့ဒီက အထီးကျန် သွေးဓားအား လွှဲကာ မိုးကြိုးတံဆိပ်တုံး ရှိရာသို့ ခုတ်ချလိုက်သည်။

"ဘုန်း ..."

လျှပ်စီးအလင်းနှင့် အထီးကျန်သွေး ဓားအလင်းတို့သည် လေထဲတွင်ပင် ထိပ်တိုက်တွေ့၏။

မိုးကြိုး တံဆိပ်တုံးနှင့် အထီးကျန်သွေးဓား နှစ်ခု စလုံးသည် အဆင့် တစ်ခုတွင် ရောက်နေသည့် ဝိညာဉ် လက်နက်များ ဖြစ်ကြသည်။

သို့သော်လည်း သွေးမူးမတ် ထုတ်သုံးနိုင်သော စွမ်းအားမှာ မိုးကြိုး တံဆိပ်တုံး အတွင်းရှိ အကန့်အသတ်မဲ့ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ယှဉ်နိုင်ခြင်း မရှိချေ။

လျှပ်စီး အလင်းသည် တစ်ခဏ အတွင်းမှာပင် သွေးရောင် ဓားအလင်းကို ဖြတ်ကျော်ကာ သွေးမူးမတ်ထံသို့ ဆက်လက် တိုးဝင်လာ၏။

"ပျက်စီးစမ်း ..."

သေခြင်းနတ်ဆိုးက သွေးမူးမတ်ကို ကယ်တင်ရန် အတွက် အသည်းအသန် ကြိုးစား လိုက်သည်။

သူ၏ လက်အား ဝှေ့ယမ်းလိုက်ရာ လက်ထဲရှိ ဓားမြှောင်မှ အနက်ရောင် အခိုးအငွေ့များ ထွက်ပေါ်လာသည်။ ထိုအခိုးအငွေ့များ၌ နတ်ဘုရား၏ ကျိန်စာ ဆယ့်သုံးပိုဒ် လုံးလုံး ပါဝင်နေကာ မိုးကြိုး

အလင်း၏ လမ်းကို ပိတ်ဆို့ လိုက်သည်။

မိုးကြိုးအလင်းသည် ထိုမီးခိုးများကို ကျော်ဖြတ်၍ ကျိန်စာများအား တစ်ခုပြီး တစ်ခု ဖျက်ဆီးသည်။ မိုးကြိုးအလင်းသည် ကျိန်စာ အခိုးအငွေ့များကို ကောင်းစွာ ကိုင်တွယ် နိုင်သော်လည်း ၎င်း၏ အရှိန်နှုန်းက အနည်းငယ် လျော့ကျ လာခဲ့သည်။

ထိုအချိန်မှာပင် အမှောင်မြို့စားနှင့် တစ္ဆေမြို့စားတို့က တိုက်ခိုက် လာကြပြန်၏။

အမှောင် သွေးမျိုးဆက် များသည် မူလ အမှောင်၏ ကိုယ်ပွားများ ဖြစ်ရာ အမှောင် စွမ်းအားကို မွေးရာပါ စွမ်းအား အဖြစ် ပိုင်ဆိုင်ကြသည်။ အမှောင်မြို့စားတို့ တစ်သိုက်မှာ သွေးရောများ ဖြစ်သည့်တိုင် နှစ်ရာချီ လေ့ကျင့်ပြီးနောက် အမှောင် စွမ်းအား အချို့ ပိုင်ဆိုင်ထားကြပြီး ဖြစ်သည်။

တစ္ဆေမြို့စားက လေထုကို ကုတ်ခြစ်ကာ အမှောင်အလင်းတန်း သုံးခုကို ဖိတ်ခေါ် လိုက်သည်။ ထိုအလင်းတန်း သုံးခုက မိုးကြိုး တံဆိပ်တုံးကို ဦးတည်သည်။

အမှောင်မြို့စား၏ နည်းလမ်းကမူ ပိုမိုကာ တိုက်ရိုက် ဆန်သည်။ သူက ရိုးရှင်းစွာပင် မိုးကြိုး တံဆိပ်တုံးဆီသို့ လက်သီးကို ထိုးသွင်းသည်။

သူ၏ လက်သီးချက်တိုင်းက အနက်ရောင် ဟင်းလင်းပြင် ပေါက်များကို ဖြစ်ပေါ်စေကာ မိုးကြိုး စွမ်းအားများကို စုပ်ယူ ချေဖျက်သည်။ နောက်ဆုံး၌ မိုးကြိုး တံဆိပ်တုံးပင်လျှင် သူ၏ လက်သီးချက်များကို တိုက်ရိုက် မခံယူရဲတော့ချေ။

"အချိန်ဖြုန်း မနေနဲ့တော့ ... သူ့ကို အဆုံးသတ် ပေးလိုက်ရအောင် ..."

အမှောင်မြို့စားက ချန်းဖန်ကို စူးစိုက် ကြည့်ရင်း အသံ၏ အမြန်နှုန်းကို ချိုးဖောက်လိုက်သည်။ ထို့နောက် သူက ချန်းဖန်ဆီသို့ တိုးဝင်ကာ လက်သီးဖြင့် ထိုးလိုက်သည်။

"ပျက်သုဉ်းခြင်း မိစ္ဆာ လက်သီး ..."

ထိုလက်သီးကျင့်စဉ်သည် အရှေ့တိုင်းနှင့် အနောက်တိုင်း၏ များစွာသော ထိပ်တန်း ကျင့်စဉ်များကို ပေါင်းစည်း၍ သွေးမျိုးဆက်များ၏ အမှောင် စွမ်းအားနှင့် လိုက်ဖက်အောင် ပြင်ဆင်ထားခြင်း ဖြစ်သည်။ နှစ်ရာချီအောင် လေ့ကျင့်ပြီး နောက်၌ အမှောင်မြို့စားသည် ထိုကျင့်စဉ်နှင့် တစ်သားတည်းပင် ဖြစ်နေပြီ ဖြစ်သည်။

အမှောင်မြို့စား၏ လက်သီးက မီတာဝက်ခန့် ရှိသော အနက်ရောင် အပေါက် တစ်ပေါက်ကို ဖြစ်ပေါ်လာစေသည်။ ခဏအတွင်းမှာပင် ထိုအပေါက်ထဲမှ များစွာသော ပျက်သုဉ်းခြင်း မိစ္ဆာများ ထွက်ပေါ်လာ၏။

"တော်တယ် ..."

ထိုတိုက်ခိုက်မှုအား မြင်သည်နှင့် ချန်းဖန်၏ တိုက်ခိုက်လိုစိတ်မှာ ပြင်းထန် လာခဲ့သည်။

နောက်ဆုံး၌ တန်ခိုးရှင် ကျင့်ကြံခြင်း လောက၏ ကျင့်စဉ် ကဲ့သို့ အစွမ်းထက်သော ကျင့်စဉ် တစ်ခုနှင့် သူထိပ်တိုက် ရင်ဆိုင်ရချေပြီ ဖြစ်သည်။ ကျင့်ကြံခြင်း ပါရမီရှင်များဟု ဆိုနိုင်သည့် အိုလက်၊ လင်းရှု့မင် တို့ပင်လျှင် ယခု ကဲ့သို့ အစွမ်းထက်သော ကျင့်စဉ်အား နားလည် ဆင်ခြင်နိုင်စွမ်း မရှိခဲ့ချေ။

"ဟူး ..."

ချန်းဖန် တိုက်ရိုက်ပင် ရှေ့သို့ တက်ကာ အမှောင်မြို့စား၏ လက်သီးကို ရင်ဆိုင်လိုက်၏။

အနက်ရောင် အပေါက်က ချန်းဖန်ကို အဆင်သင့် ဆီးကြိုကာ ချန်းဖန်၏ လက်သီးကို ဝါးမျိုရန် ကြိုးစားသည်။

သို့သေည်လည်း ချန်းဖန်၏ လက်သီးချက် အောက်၌ အနက်ရောင် အပေါက်သာလျှင် ပေါက်ကွဲ ပျက်စီးရသည်။

"ဘုန်း ..."

အနက်ရောင် အပေါက် ပျက်စီးသည်နှင့် အမှောင်မြို့စား၏ လက်တစ်ဖက်မှာလည်း ပေါက်ကွဲ၏။ သို့သော်လည်း အမှောင်မြို့စားကား ဒဏ်ရာကို စိတ်ပူဟန် မရချေ။ သူက အခြားလက် တစ်ဖက်ဖြင့် တိုက်ခိုက်သည်။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

သူတို့ နှစ်ယော်ကသည် မျက်နှာချင်းဆိုင် ရပ်ကာ တစ်ယောက်ကို တစ်ယောက် အပြင်းအထန် တိုက်ခိုက်နေကြ၏။

ထိုတိုက်ခိုက်မှု တစ်ကြိမ်စီတိုင်း၌ အမှောင်မြို့စား၏ ခန္ဓာကိုယ်မှာ အနည်းငယ်စီ တုန်ရီ နေခဲ့သည်။ ချန်းဖန်ကမူ အဇူရာ သက်ရှည် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရာ အေးဆေးစွာပင် ရှိနေသေးသည်။

"ငါ ကူညီပေးမယ် ..."

သွေးမူးမတ်က အော်ဟစ်ရင်း အမှောင်မြို့စားနှင့် လာရောက် ပူးပေါင်းသည်။

ချန်းဖန်ကမူ ရန်သူ ထပ်တိုးလာခြင်း အတွက် စိုးရိမ်စိတ် မဖြစ်မိချေ။ သူက သွေးမူးမတ်၏ အထီးကျန် သွေးဓားကို လက်ဝါးဖြင့်ပင် ရိုက်ကာ တိုက်ရိုက် ရင်ဆိုင်သညါ။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

ချန်းဖန်သည် နှစ်ယောက် တစ်ယောက် တိုက်ခိုက် နေရသည့်တိုင် အသာရနေဆဲ ဖြစ်သည်။

သူ၏ ကန်ချက်တိုင်းနှင့် လက်သီးချက် တိုင်းသည် ပြင်းထန်သော အင်အားကို သယ်ဆောင်ကားရာ သွေးမူးမတ်နှင့် အမှောင်မြို့စားတို့ အတွက် ရင်ဆိုင်ရ ခက်ခဲစေသည်။ သူတို့ နှစ်ယောက် စလုံးသည် သွေးရောများသာ ဖြစ်ကြရာ သူတို့၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ချန်းဖန်နှင့် ယှဉ်နိုင်ခြင်း မရှိချေ။

မည်သို့ပင် ဆိုစေ ချန်းဖန် သည်လည်း သူ၏ ရန်သူများကို ကြည့်ကာ အံ့အားသင့် နေရသည်။ ထိုလူများကား သွေးဝံပုလွေ ဘုရင် အိုလက်ထက်ပင် ပိုမို သန်မာ နေသေးသည် မဟုတ်ပါလား။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

သူတို့ သုံးယောက်သည် လူရိုင်းများ ကဲ့သို့ အရူးအမူး တိုက်ခိုက်နေကြ၏။ မိနစ် စက္ကန့် တစ်ခုချင်းစီ တိုင်းကား ကြောက်မက်ဖွယ် တိုက်ခိုက်မှုများနှင့် ပြည့်နှက်နေရာ ဂရုသာ မစိုက်မိပါက ချက်ချင်း သေဆုံးသည် အထိ ထိုးနှက် ခံရနိုင်သည်။

သူတို့၏ လှုပ်ရှားမှုများကား အလွန်ပင် လျင်မြန်လှရာ မည်သူမျှ ကွဲကွဲပြားပြား မမြင်နိုင်ချေ။ သွေးရောင် အရိပ် နှစ်ခုနှင့် အဇူရာ အရိပ် တစ်ခု လုံးထွေး နေသည်ကိုသာ မြင်တွေ့ရသည်။

ထိုကဲ့သို့သော တိုက်ခိုက်မှု စွမ်းအားက လူအများကို ဆွံ့အစေသည်။ ကြောက်မက်ဖွယ် အမြန်နှုန်းနှင့် အဆုံးမဲ့ စွမ်းအားများ။ ထိုအရာသည် သေမျိုးများ အကြားမှ တိုက်ပွဲ တစ်ခု မဟုတ်တော့ချေ။

"မင်းက ငါတို့ထက် ဘာလို့ ပိုပြီး အစွမ်းထက် နေတာလဲ ..."

သွေးမူးမတ်က မယုံကြည်နိုင်စွာ မေးလိုက်သည်။ ခန္ဓာကိုယ် သန့်စင်မှု စွမ်းအားသည် သွေးမျိုးဆက်များ၏ ဂုဏ်ယူရသော အရာ ဖြစ်သည်။ အမှောင်သွေး မျိုးဆက်သည် ကမ္ဘာဦး သက်ရှိ မျိုးစိတ် တစ်ခုဖြစ်ရာ သူတို့၏ ခန္ဓာကိုယ်မှာ လူသားများထက် များစွာ ပိုမို၍ သန်မာသည်။ ထို့ကြောင့်ပင် သွေးမျိုးဆက် များသည် သူတို့ထက် ပိုမို သန်မာသော ချန်းဖန်၏ ခန္ဓာကိုယ်ကို အံ့အားသင့်နေခြင်း ဖြစ်သည်။

"မင်းနဲ့ မဆိုင်ဘူး ..."

ချန်းဖန်က နှာခေါင်းရှုံ့ရင်း အထီးကျန် သွေးဓားကို နောက်တစ်ကြိမ် တိုက်ခိုက် လိုက်သည်။

သူ၏ လက်ဝါးက ဖန်ခွက်တစ်ခွက် အလား ကြည်လင်ကာ နူးညံ့နေ၏။ သို့သော်လည်း အံ့အားသင့်စွာပင် ထိုလက်ဝါးသည် အထီးကျန် သွေးဓားနှင့် တိုက်ရိုက်ပင် ရင်ဆိုင်နိုင်စွမ်း ရှိနေခဲ့သည်။

ထိုအရာကား စကြဝဠာ၏ အစွမ်း အထက်ဆုံး အဇူရာ သက်ရှည် ခန္ဓာကိုယ် ဖြစ်သည်။

ချန်းဖန်သည် အဇူရာ သက်ရှည် ခန္ဓာ စဦး အောင်မြင်ခြင်း အဆင့်သာ ရောက်သေးသော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ မြေကမ္ဘာ အဆင့်များကိုပင် ယှဉ်နိုင်စွမ်း ရှိနေပြီ ဖြစ်သော်။ ထိုခန္ဓာကိုယ်ဖြင့် ဆိုလျှင် ကျင့်ကြံခြင်း လောကမှ အဆင့်တူ ကျင့်ကြံသူများပင် သူ့ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

တိုက်ပွဲကား အထွတ်အထိပ်သို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ထိုအတောအတွင်း ချန်းဖန်သည် အမှောင်မြို့စား၏ လက်ကို ခြောက်ကြိမ် တိုင်တိုင် ဖျက်ဆီး နိုင်ခဲ့သည်။ အကြိမ်တိုင်းတွင်လည်း အမှောင်မြို့စားက လက်များကို ပြန်လည် ဖွဲ့စည်း နိုင်ခဲ့သည်။

သို့သော်လည်း ပြန်လည် ဖွဲ့စည်းသည့် အကြိမ် တစ်ခုချင်းစီက အမှောင်မြို့စားကို အနည်းငယ် အားနည်း စေသည်။ ထို့ကြောင့် သူ၏ တိုက်ခိုက်မှု များသည်လည်း အနည်းငယ် အားပျော့ လာခဲ့၏။

"သူတို့တွေ အကန့်အသတ်ကို နီးလာနေပြီ ..."

သေခြင်း နတ်ဆိုးက ပြောလိုက်သည်။

"ချန်းပေ့ရွှမ်းက တကယ်ပဲ အစွမ်းထက်ပြီး ပါရမီပါတဲ့ လူပဲ ... သူသာ စောစောစီးစီး သေသွားရင် နှမြောစရာကြီး ... တကယ်ဆို ငါတို့ရဲ့ သခင်လေးကို သူ မသတ်ခဲ့သင့်ဘူး"

တစ္ဆေမြို့စားက အမှောင်စွမ်းအားများ အကြားတွင် ရပ်ရင်း ရေရွတ်လိုက်၏။ သူ၏ မျက်လုံးများကမူ အခိုး အငွေ့များကို ဖြတ်သန်း၍ သွေးနီရောင် တောက်ပနေခဲ့သည်။

"ချန်းပေ့ရွှမ်းရဲ့ သွေးနဲ့ ငါတို့ ပြန်လာပြီ ဖြစ်တဲ့ အကြောင်း ကမ္ဘာကြီးကို ကြေညာ လိုက်ရအောင်ဟေ့ ..."

အော်ဟစ်ရင်း အမှောင်သခင်ကြီး နှစ်ယောက်မှာ တိုက်ပွဲအတွင်း ဝင်ရောက် ပူးပေါင်း လိုက်သည်။

"ဘုန်း ..."

ချန်းဖန်ကား တစ်ယောက်နှင့် လေးယောက် တစ်ဖက်သတ် တိုက်ပွဲကို ရင်ဆိုင် နေရချေပြီ ဖြစ်တော့သည်။

***

All Chapters