← Chapters

သစ္စာဖောက် (အပိုင်း ၄)

Vol. 17 Ch. 241

သစ္စာဖောက် (အပိုင်း ၄)

Vol. 17 Ch. 241

မော့ချန်၏ စီရင်စုရုံးတော်က မြို့ထဲမှ တစ်ခုတည်းသော အပြာရောင်အုတ်အိမ် ဖြစ်သည်။ အရှေ့နှင့် အနောက် ခြံဝင်းသုံးခု ရှိပြီး အပြင်ဘက်ဆုံးခြံဝင်းက စီရင်စုရုံးတော်၏ခန်းမ ဖြစ်ကာ အတွင်းခန်းတွင် ဗဟိုခန်းမဆောင် ရှိသည်။ ခြံဝင်းတစ်ခုကို ဖြတ်သွားပြီးနောက် စီရင်စုအမတ်မင်းက ဧည့်သည်များကို လက်ခံသည့်တွေ့ဆုံသည့် ဧည့်ခန်းဆောင်နေရာ ရှိသည်။ နောက်ဆုံးခြံဝင်းတွင် စီရင်စုအမတ်မင်း၏ မိသားစုများ နေထိုင်သည့် အဓိကအဆောက်အဦးများ ရှိနေခဲ့သည်။

ရုံးတော်ထဲမှ အဆောက်အဦးများအားလုံး၏ပြတင်းပေါက်များကို ဆီစိမ်စက္ကူများဖြင့် ဖုံးအုပ်ထားပြီး အများအားဖြင့် ပျက်ဆီးမှု မရှိသောကြောင့် သန့်ရှင်းရေးလုပ်ပြီးသည်နှင့် ထိုနေရာတွင် အဆင်သင့် နေနိုင်သည်။

မိသားစုသုံးစု တပြိုင်နက်တည်း နေထိုင်ရန် အိမ်ခန်းများစွာ ရှိနေသောကြောင့် ကျိရွှေရှန့်က ချန်ယွိ၏ဗဟိုကွပ်ကဲရေးစခန်းကို ရုံးတော်သို့ ရွှေ့ခိုင်းခဲ့ပြီး သူ့အဘိုးနှင့် ကျိရှောင်ယင်ကိုပါ ခေါ်ဆောင်သွားခဲ့သည်။ အရှေ့နှင့် အနောက်တောင်ပံအခန်းများတွင် ချွီတာ့နှင့် အခြားသူများကို နေထိုင်စေပြီး အခြားရွာသားများကိုတော့ မခေါ်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤအစိုးရရုံးက အနာဂတ်တွင် အန္တရာယ်အရှိဆုံးနေရာဖြစ်လာမည်ဟု သူ ခံစားမိသောကြောင့် ဖြစ်သည်။ သူက ရွာသားများကို မထိတ်လန့်စေချင်တော့ဘဲ သူတို့ဘာသာ အေးအေးချမ်းချမ်းဖြင့် ရက်အနည်းငယ် နေထိုင်စေချင်သောကြောင့် ဖြစ်သည်။

သို့သော် အချို့လူများက ထိုကဲ့သို့ မတွေးခဲ့ကြပေ။ ကျိရွှေရှန့်က သူ့၏ဘဝနောက်ကြောင်းကို သိသွားပြီး သူ့အဖေ၏လက်အောက်ငယ်သားဟောင်းများကို ရှာတွေ့သွားသောကြောင့် သူတို့နှင့် ခပ်ခွာခွာနေချင်နေသည်ဟု သူတို့ ခံစားနေကြရသည်။

ကျိရွှေရှန့်က သူ့မိသားစုကို စီရင်စုရုံးတော်သို့ ပြောင်းရွှေ့ပေးခဲ့ပြီး ဒဏ်ရာရနေသည့်စစ်သာ်များကို သွားကြည့်လိုက်သည်။ ထိုဒဏ်ရာရစစ်သည်များက ယမန်နေ့တွင် စူးချင်းထံမှ ခွဲစိတ်ကုသမှု ခံယူခဲ့ကြရပြီး ယနေ့တွင် အခြေအနေ ပိုကောင်းလာကြသည်။ အနည်းဆုံးအနေဖြင့် သူတို့အတွက် အသက်အန္တရာယ် မရှိတော့ပေ။

သူတို့၏သခင်လေး ရောက်လာသည်ကို မြင်လိုက်ရချိန်တွင် သူတို့အားလုံးက မျက်ရည်များကျလုနီးပါး ကျေးဇူးတင်နေကြသည်။ ကျိရွှေရှန့်က ဒဏ်ရာရစစ်သည်များကို နှစ်သိမ့်ပေးလိုက်ပြီး လီတာ့နျိုနှင့် အခြားလူများကို ခေါ်ဆောင်ကာ မြို့၏ကာကွယ်ရေးအတွက် ပြင်ဆင်စရာများ ပြင်ဆင်ရန် ထွက်သွားခဲ့သည်။ သူ အလွန်အလုပ်များနေသောကြောင့် အနားယူရန်ပင် အချိန်မရှိခဲ့ပေ။

ဆန့်ကျင်ဘက်အားဖြင့် တစ်ဖက်မှ စူးချင်းက အလွန်စိတ်အေးလက်အေး ဖြစ်နေပုံရသည်။ သူမ တူတစ်စုံ ထုပြီးနောက်တွင် သူမ၏ ပန်းပဲပညာကျွမ်းကျင်မှုက အဆင့် ၂ သို့ တိုးလာခဲ့ပြီး သူမ၏စစ်နတ်ဘုရားစွမ်းရည်ကလည်း အဆင့် ၄၅ သို့ တိုးလာခဲ့သည်။ စူးချင်းက အလွန်ကျေနပ်နေခဲ့ပြီး ယနေ့တွင် သူမ၏ပန်းပဲပညာကျွမ်းကျင်မှုကို အဆင့် ၃ ဆင့် မြှင့်တင်နိုင်ရန် ဆက်လက် ကြိုးစားလုပ်ဆောင်နိုင်မည်ဟု မျှော်လင့်နေခဲ့သည်။

ကျုံးယုံက သူ့အတွက် စူးချင်း လုပ်ပေးထားသည့် တူများကို ကိုင်ထားပြီး ကျိရွှေရှန့် သင်ထားပေးခဲ့သည့် တူထုနည်းကို သုံးကာ လမ်းပေါ်တွင် ပျော်ပျော်ရွှင်ရွှင် ကပြနေခဲ့သည်။

ဤသံတူကြီးတစ်စုံက သူ၏မူလသံတူများထက် များစွာ ပိုအဆင်ပြေနေသောကြောင့် ကျုံးယုံက အားမာန်အပြည့် ကခုန်မှုနေပြီး ကြွေကျနေသော သစ်ရွက်များပင် မြေပြင်ပေါ်မှ ပြန်မြှောက်တက်နေခဲ့သည်။

“ဆရာ၊ ဒါက အရမ်းကောင်းတယ်”

ကျုံးယုံက သူ့၏သံတူကြီးများကို ဝှေ့ယမ်းပြီး စူးချင်းကို ဝမ်းသာအားရ အော်ပြောလိုက်သည်။

စူးချင်း၏နှုတ်ခမ်းထောင့်လေးများကလည်း အနည်းငယ် ကော့တက်လာခဲ့သည်။ သူမက မီးဖိုပေါ်မှ သံချောင်း၏ထောင့်တစ်ခုကို သံညှပ်ဖြင့် ညှပ်ကာ ထုတ်ယူလိုက်ပြီး ထုနှက်နေပြန်သည်။ ယခုတကြိမ်တွင် သူမက ဓားရှည်တစ်ချောင်း ပြုလုပ်ရန် ကြိုးစားနေခဲ့သည်။

ပန်းပဲဆရာများက ခွန်အားများစွာ လိုအပ်ပြီး ပန်းပဲဆရာအများစု၏လက်များတွင် ကြွက်သားများ အပြည့်ရှိနေတက်သည်။ သူတို့က နေ့စဥ်နေတိုင်း သံတူကြီးများကို လွှဲကာ နေ့စဉ် ထုနှက်နေရသောကြောင့် လေ့ကျင့်ခန်း လုပ်ထားသလို ဖြစ်နေခဲ့သည်။

သူ့ဆရာက သံချောင်းအား ထုနှက်နေသည်ကို မြင်လိုက်ရသောကြောင့် ကျုံးယုံက သူ တူထု လေ့ကျင့်နေသည်ကို ရပ်တန့်လိုက်သည်။ ထို့နောက် သူက သူ့၏သံတူကြီးနှစ်ချောင်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး စူးချင်းကို ကူညီရန် ပြေးသွားလိုက်သည်။

စူးချင်းက ထိုပန်းပဲဖိုတွင် တစ်ရက်လုံး နေခဲ့ပြီး သံတူကြီးတစ်စုံနှင့် ဓားရှည်နှစ်ချောင်းကို ထုလုပ်နိုင်ခဲ့သည်။ သို့သော်လည်း ညမှောင်လာချိန်အထိ သူမ အဆင့်သုံးဆင့်သို့ မရောက်နိုင်သေးပေ။

စူးချင်းက ကျုံးယုံကို မီးငြိမ်းသတ်ခိုင်းလိုက်ပြီး ထမင်းချက်ရန် ပြန်လာခဲ့သည်။ သူမ အိမ်သို့ ပြန်ရောက်လာချိန်တွင် အိမ်က အလွတ်ဖြစ်နေပြီး သူမ၏မွေးစားအမေနှင့် ကျိရှောင်ယင်တို့က ဘယ်ရောက်သွားမှန်း မသိတော့ပေ။

စူးချင်းက သူမတို့ကို လိုက်ရှာနေချိန်တွင် ရှောင်ဟူလေးနှင့် ကလေးတချို့က ခုန်‌ပေါက်ကစားနေရင်း သူမတို့၏ခြံဝင်းထဲသို့ ပြေးဝင်လာကြသည်။

“အစ်မကြီးစူးချင်း၊ သူတို့က ပြောင်းသွားကြပြီ။ အစ်မရှောင်ယင်က ရုံးတော်ကို ပြောင်းရွှေ့သွားပြီလို့ ပြောခိုင်းခဲ့တယ်”

ရှောင်ဟူလေးက ထက်မြက်လွန်းပြီး စကားလုံးတိုင်းကို အမှားအယွင်း မရှိ မှန်မှန်ကန်ကန် မှတ်သားကာ ပြန်ပြောနိုင်ခဲ့သည်။ သူ၏အနက်ရောင်မျက်လုံးကြီးကြီးလေးများက ဉာဏ်ရည်ဉာဏ်သွေး အပြည့်ရှိသည့် အရိပ်အယောင်ကို ပြသနေလေသည်။

“ကောင်းပြီ၊ ကျေးဇူးပဲ”

ကလေးများကို မြင်လိုက်သည်နှင့် စူးချင်း၏မျက်နှာက ချက်ချင်း ပြုံးသွားခဲ့သည်။ သူမက သူမ၏မောင်လေး ရှောင်ချန်ကိုလည်း ရုတ်တရက် သတိရသွားခဲ့သည်။

သူမ နှုတ်မဆက်ဘဲ ထွက်လာတာကြောင့် သူမရဲ့အမေက နေမကောင်းဖြစ်နေမလား? ရှောင်ချန်ကရော အစ်မဖြစ်တဲ့ သူမကို လိုက်ရှာနေမှာလား?

သူမတို့က မိသားစုဖြစ်နေသောကြောင့် စိတ်ချင်းဆက်နေခြင်း ဖြစ်ကောင်းဖြစ်နိုင်ပြီး စူးချင်း စိတ်ပူနေသည့် ယန်ရုရွှယ်က သူမ၏အိပ်ခန်းထဲတွင် ထိုင်နေကာ သမီးဖြစ်သူ၏ခြူလေးကို ကိုင်ထားရင်း တိတ်တိတ်လေး ငိုနေခဲ့သည်။

သူမက စူးချင်း စိတ်ပူနေသလိုမျိုး ပြန်ရူးသွပ် မသွားခဲ့သော်လည်း သူမက သူမ၏သမီးလေးကို လေးလေးနက်နက် လွမ်းဆွတ်နေဆဲဖြစ်သည်။

"ရုရွှယ်"

ထိုအချိန်တွင် စူးဟန်ရွှမ်က တည်ငြိမ်သော ခြေလှမ်းများဖြင့် အိပ်ခန်းထဲသို့ ဝင်လာခဲ့သည်။

သူ ဆိုင်မှာ တစ်ရက်လုံး အလုပ်တွေ ရှုပ်နေခဲ့ပေမယ့် သူ့ရဲ့စိတ်အခြေအနေက အရင်နဲ့ မတူတော့ဘူး။ အရင်တုန်းကဆိုရင် လူရော စိတ်ရော ပင်ပန်းနွမ်းနယ်နေတက်ပေမယ့် အခုတော့ ဘယ်လိုပင်ပန်းရမှန်းတောင် မသိတော့သလို ခွန်အားတွေ ပြည့်နေခဲ့တယ်။

သူက သူ့ဇနီးအတွက် အထည်ဆိုင်က အသစ်ထုတ်တဲ့ပိုးထည်တွေလည်း ပြန်ယူလာခဲ့သေးတယ်။ သူ့ဇနီးက သူတို့သမီးလေးအတွက် ၀တ်စုံအသစ်တွေ ချုပ်ပေးချင်တယ်လို့ ပြောခဲ့တယ်လေ။ ရှောင်ရှီက ဗီရိုထဲက အဝတ်အစားတွေကို မကြိုက်ဘူးတဲ့။

စူးဟန်ရွှမ်က အတွင်းခန်းထဲသို့ ဝင်လာခဲ့ပြီး သူ့ဇနီးက သူတို့ သမီးလေး၏ခြေကျင်းမှ ခြူလေးအား ကိုင်ကာ တိတ်တိတ်လေး ငိုနေသည်ကို သူ တွေ့လိုက်ရသည်။ သူမက သူတို့သမီးလေးအား လွမ်းနေပြန်ပြီ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

"အစ်ကိုဟန်ရွှမ်၊ ဘာသတင်းကြားသေးလဲ?"

ခင်ပွန်းဖြစ်သူ ပြန်ရောက်လာသည်ကို မြင်လိုက်ချိန်တွင် ယန်ရုရွှယ်က သူမ၏မျက်လုံးထောင့်မှ မျက်ရည်များကို အမြန်သုတ်လိုက်ပြီး ခင်ပွန်းဖြစ်သူကို မျှော်လင့်တကြီး မော့ကြည့်လိုက်သည်။

“ခုထိတော့ မကြားသေးဘူး၊ ဒါပေမယ့် ရှင်မ စိတ်မပူပါနဲ့။ ကိုယ် ကျန့်ယွမ်သက်တော်စောင့်လုပ်ငန်းက ခေါင်းဆောင်ယန်ကို ပြောထားပြီးပါပြီ၊ သူကို ရှီအာကို ပြန်ခေါ်လာပေးဖို့ တောင်းဆိုထားပြီးပြီ”

စူးဟန်ရွှမ်က ခေါင်းယမ်းလိုက်ပြီး သူ ယူလာသည့် ပိုးထည်များကို စားပွဲပေါ်တင်လိုက်သည်။ ထိုပိုးသားအထည်များက အရောင်ဖျော့ဖျော့လေးများ ဖြစ်ပြီး အကောင်းဆုံးပစ္စည်းများ ဖြစ်သည်။

"ကျွန်မတို့ ဘာလို့ သမီးလေးကို သွားမရှာရမှာလဲ? ဒီမြို့မှာနေပြီး ရှီအာကို ထိုင်စောင့်မနေနိုင်ဘူး၊ ဒါကြောင့် သမီးလေးကို တွေ့ဖို့ ကျင့်ရှီလျိုမြောင်ကို လိုက်သွားကြရအောင်"

ခင်ပွန်းဖြစ်သူကို ကြည့်နေသည့် ယန်ရုရွှယ်၏မျက်လုံးများက ရုတ်တရက် တောက်ပလာသော်လည်း စူးဟန်ရွှမ်က တုံ့ဆိုင်းသွားသည်။

ကျင့်ရှီလျိုမြောင်က အရမ်းအေးစက်ပြီး ရာသီဥတု ကြမ်းတမ်းတဲ့နေရာတစ်ခုပဲ။ အများအားဖြင့် အမှားလုပ်မိတဲ့ အရာရှိတွေ သူတို့ရဲ့ပြစ်ဒဏ်အတွက် ပြန်ပေးဆပ်ဖို့ စေလွှတ်ခံရတဲ့နေရာပဲ။ ကျင့်ရှီလျိုမြောင်က တာ့ထန်နဲ့ဘေးမှာ ရှိနေပြီး တာ့ထန်လူမျိုးတွေရဲ့ ကြမ်းကြုတ်မှုကိုလည်း လူတိုင်း သိထားကြတယ်။ သူတို့က လူတွေရဲ့အသားကို စားပြီး လူသွေးကို သောက်တယ်ဆိုတဲ့ သတင်းတွေကြောင့် မထိတ်လန့်တဲ့လူ မရှိဘူး။

ပြီးတော့ အခု အပြင်ဘက်မှာ မငြိမ်းချမ်းဘူး။ မရေမတွက်နိုင်တဲ့ ဒုက္ခသည်တွေ ရှိနေပြီး ဆာလောင်ငတ်မွတ်မှုက လူတွေကို ရူးသွပ်စေခဲ့တယ်။ သူ့ယောက်ဖရဲ့ စကားတွေအရဆိုရင် ကပ်ဘေးဒုက္ခသည်တွေက ပုန်ကန်မှုတွေကိုတောင် လုပ်နေကြပြီ။ သူတို့က အစိုးရရုံးတွေကို တိုက်ခိုက်ပြီး လုယက်ရုံသာမက လူတွေကိုပါ သတ်ဖြတ်နေကြတယ် တဲ့။ နန်းတွင်းက သူတို့ကို နှိမ်နှင်းခဲ့ပြီး လမ်းပေါ်က ဒုက္ခသည်တွေကိုလည်း သတ်ပစ်ခဲ့ကြတယ်လို့ သူ ကြားခဲ့သေးတယ်။ တချို့ဓားပြတွေကလည်း ဒီအခြေအနေကို အခွင့်ကောင်းယူပြီး လုယက်နေကြပြန်တယ်။ လမ်းခရီးမှာ ဘေးကင်းမက်းဆိုတာကို မသိနိုင်သေးဘူး။

သို့သော် သူက သူ့အတွေးများကို သူ့၏ဇနီးအား မပြောပြနိုင်ပေ။ ထိုသို့မဟုတ်လျှင် သူမက ပို၍ပင် စိတ်ပူနေပေလိမ့်မည်။

"အမေ.... အဖေ"

ရှောင်ချန်က အပြာရောင်ပိုးသားဝတ်စုံကို ၀တ်ဆင်ထားပြီး သူက သူ့အင်္ကျီလေး၏အရှေ့ခြမ်းကို မြှောက်တင်လိုက်ပြီး သူ့၏ခြေထောက်တိုတိုလေးများဖြင့် တံခါးခုံကို လှမ်းတက်လိုက်သည်။ သူ့၏မျက်နှာလေးပေါ်တွင် ချိုမြသော အပြုံးလေးတစ်ခု ရှိနေပြီး သူ့၏မျက်လုံးကြီးကြီးလေးများဖြင့် သူ့၏မိဘများကို ပြုံးပြလိုက်သည်။ သူ့အသံလေးက နူးညံ့လွန်းသဖြင့် မိခင်ဖြစ်သူ၏နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။

သူမ၏သမီးကို ရှာတွေ့ပြီးကတည်းက ယန်ရုရွှယ်က သားဖြစ်သူကို မိန်းကလေးအဝတ်အစားများ မဝတ်ပေးတော့ပေ။ သို့သော် ရှောင်ချန်က ရုပ်ရည်အလွန်ကြည့်ကောင်းပြီး ယောက်ျားလေးဝတ်စုံဖြင့်ပင် ချောမောနေသေးသည်။

"ရှောင်ချန်"

စူးဟန်ရွှမ်က ခေါင်းငုံ့လိုက်ပြီး သူ့၏ဖွံ့ဖွံ့ထွားထွား သားလေး ကောက်ပွေ့လိုက်သည်။ ရှောင်ချန်က တခစ်ခစ် ရယ်မောနေပြီး သူ့အဖေ၏ပါးကို ပြန်နမ်းလိုက်သည်။

"အက္ခရာသုံးလုံးဂန္ထဝင်ကို မှတ်မိပြီလား?"

စူးဟန်ရွှမ်က သားဖြစ်သူ၏စာပေလေ့လာမှုကို အာရုံစိုက်ထားခဲ့ပြီး နေ့တိုင်း သူ အိမ်ပြန်ရောက်လာလျှင် သူ့သားလေး၏လေ့လာမှုကို ပြန်စမ်းစစ်တက်သည်။

“သား အဲဒါကို ကျက်ပြီးပြီ။ အဖေ နားထောင်ချင်လား?"

ရှောင်ချန်က တောက်ပနေသော မျက်လုံးလဲ့လဲ့ကြီးများဖြင့် သူ့အဖေကို ကြည့်နေပြီး သူက သူ့ကိုယ်သူ အလွန်ဂုဏ်ယူနေကာ ယုံကြည်မှုရှိနေပုံရသည်။

“ရွတ်ကြည့်ပါဦး”

စူးဟန်ရွှမ်က ဇနီးဖြစ်သူကို တစ်ချက်လှမ်းကြည့်လိုက်ပြီး သားဖြစ်သူကို ပြုံးပြုံးလေး ကြည့်နေသည့် သူမ၏မျက်လုံးများတွင် မိခင်မေတ္တာများ ပြည့်နှက်နေသည်ကို သူ တွေ့လိုက်ရသည်။ စူးဟန်ရွှမ်က ရှောင်ချန်ကို သူ့ဇနီးဆီသို့ ခေါ်သွားလိုက်သည်။

"ရုရွှယ်၊ ကိုယ်တို့သားလေး အက္ခရာသုံးလုံးဂန္ထဝင် ရွတ်ဆိုတာကို နားထောင်ကြည့်ပါဦး"

ယန်ရုရွှယ်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူမက သမီးဖြစ်သူ ပြန်လာချိန်ကို စောင့်ဆိုင်းနေရင်း သူမ၏ခန္ဓာကိုယ်ကို ဂရုစိုက်နေခဲ့သောကြောင့် သူမ ပိန်ပါးနေဆဲဖြစ်သော်လည်း ယခင်ကလောက် အားနည်းမနေတော့ပေ။ သူမ၏ပါးပြင်များက ယခင်ကကဲ့သို့ ဖြူဖျော့နေသေးသော်လည်း အနည်းငယ် အသားပြည့်လာပြီ ဖြစ်ကာ သူမ၏နှုတ်ခမ်းများကတော့ ပန်းနုရောင်သန်းလာပြီ ဖြစ်သည်။ သူမ ပြုံးလိုက်သည့်အချိန်တွင် သူမက ပန်းလေးတစ်ပွင့်လို နူးညံ့သိမ်မွေ့နေသောကြောင့် စူးဟန်ရွှမ်က သူမကို ပထမဆုံးတွေ့ခဲ့သည့်အချိန်ကို ပြန်တွေးမိသွားခဲ့သည်။

ဇနီးဖြစ်သူ၏ အပြုံးကို မြင်လိုက်ရသောကြောင့် စူးဟန်ရွှမ်ကလည်း လိုက်ပြုံးနေခဲ့ပြီး သူတို့စုံတွဲက တစ်ယောက်နှင့် တစ်ယောက် ကြည့်နေကြကာ ချစ်ခြင်းမေတ္တာများ ပြည့်နှက်နေသည့် မျက်ဝန်းနှစ်စုံက မပျက်မယွင်း ရှိနေဆဲ ဖြစ်သည့် သူတို့၏ဆက်ဆံရေးကို သိသာထင်ရှားစေခဲ့သည်။ သို့သော်လည်း ရှောင်ချန်၏အသံလေးက သူတို့၏ ချစ်ကြည်နူးနေသည့်အကြည့်များကို အနှောင့်အယှက် ပေးလိုက်သည်။

"အဖေ၊ ရှောင်ချန်က စာဖတ်ပြီးပြီဆိုတော့ ဆုတစ်ခု လိုချင်တယ်"

စူးဟန်ရွှမ်က စိတ်ကောင်းဝင်နေပြီး သူ့သားလေး၏စကားကို ကြားလိုက်ချိန်တွင် စိတ်ဆိုးသွားခြင်း မရှိပေ။ သူက သူ့သားလေး၏ကိုယ်ပေါ်မှ နို့ရနံ့သင်းသင်းလေးကို အနံ့ခံလိုက်ရင်း သူကိုယ်သူ မထိန်းနိုင်တော့ဘဲ သူ့သား၏မျက်နှာဖောင်းဖောင်းလေးကို နမ်းလိုက်မိသည်။ ထို့နောက် သူက အပြုံးဖြင့် "ကောင်းပြီ ရှောင်ချန်က ဘာဆုလိုချင်လဲ?"

ယခင်က သူက ရှောင်ချန်အပေါ် အလွန်တင်းကြပ်ခဲ့သော်လည်း ယခုအခါ ပြောင်းလဲသွားခဲ့သည်။ သူ့သားလေးအတွက် ကလေးဘဝကို ဖြတ်သန်းရန် နှစ်အနည်းငယ်သာ ရှိတော့ပြီး သူ့သမီးလေး ကြီးပြင်းလာသည်ကို မမြင်လိုက်ရသော နော်တမျိုးကို သူ့သားလေးအပေါ် မချန်ထားချင်တော့ပေ။ ထို့ကြောင့် ယခုအချိန်တွင် စူးဟန်ရွှမ်က ရှောင်ချန်ကို အလွန်စိတ်ရှည်နေပြီ ဖြစ်သည်။

ရှောင်ချန်က သူ့၏မျက်လုံးတောက်တောက်လေးများဖြင့် သူ့အဖေကို ကြည့်နေပြီး မဝံ့မရဲ တောင်းဆိုလိုက်သည်။

"ရှောင်ချန် စာဖတ်ပြီးသွားပြီ... အဖေက ရှောင်ချန်ကို အစ်မနဲ့ ကစားခွင့်ပေးမှာလား?"

All Chapters