← Chapters

သစ္စာဖောက်ကို ရှာတွေ့ပြီ

Vol. 17 Ch. 244

သစ္စာဖောက်ကို ရှာတွေ့ပြီ

Vol. 17 Ch. 244

စူးချင်းက သူမ အပြင်မထွက်ခင် ကျိရှောင်ယင်ကို သေသေချာချာ ညွှန်ကြားခဲ့သေးသည်။

"ရှောင်ယင်၊ တံခါးကို သေချာ ပိတ်ထားဦး"

တာ့ထန်စစ်သည်တွေ ရောက်မလာနိုင်သေလို အပြင်မှာ ကင်းလှည့်နေတဲ့ စစ်သည်တွေနဲ့ သူမရဲ့အစ်ကိုကြီးလည်း ရှိနေတုန်းပါပဲ။

ထိုအတွေးကြောင့် ကျိရှောင်ယင်က စူးချင်း ပင်ပန်းနေရသည်ကို စိတ်မကောင်းဖြစ်မိသောကြောင့် သူမ၏လက်ကို ဆွဲထားပြီး လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။

“အစ်မ၊ ကျွန်မ အစ်ကိုကြီးနဲ့ တခြားသူတွေက အပြင်မှာ ကင်းစောင့်ပေးနေကြတယ်။ အစ်မ တစ်ညလောက် ကောင်းကောင်း အနားယူသင့်တယ်!"

"သွားအိပ်တော့!"

ကျိရှောင်ယင်၏စိုးရိမ်ပေးမှုက စူးချင်းအတွက် နွေးထွေးမှုကို ခံစားရစေခဲ့သော်လည်း သူမက အပြင်ထွက်ပြီး မကြည့်ရလျှင် စိတ်သက်သာရာရမည် မဟုတ်ပေ။ မနေ့ညက ကဲ့သို့ လူသားနတ်ဆိုးများ တစ်ဖန်ပြန်ဝင်လာမည်ကို သူမ စိုးရိမ်နေမိသည်။

ထို့ကြောင့် စူးချင်းက မနေ့ညက အမွှေးတိုင်များ တွေ့ခဲ့သည့်နေရာသို့ သွားကာ စောင့်ကြည့်ရန် တွေးထားခဲ့ခြင်း ဖြစ်သည်။ သို့‌သော်လည်း သူမက ကျိရွှေရှန့် သို့မဟုတ် အခြားတစ်ဦးဦးအား ထိုအကြောင်း ပြောပြမည် မဟုတ်ပေ။

သူမ၏စနစ်ထဲတွင် ကျိရွှေရှန့်နှင့် အခြားသူများ ဓားပြများထံမှ လုယူခဲ့သည့် လက်နက်များ ရှိနေသေးသည်။ ထိုစဥ်က ဤလက်နက်များအား စစ်သည်များ ရှာတွေ့သွားမည်ကို စိုးရိမ်သောကြောင့် စူးချင်းက သူမ၏စနစ်ထဲသို့ ထည့်ထားခဲ့ခြင်း ဖြစ်သည်။

သူမ ၎င်းတို့ကို စနစ်ထဲသို့ ထည့်ထားခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့ကို ပြန်ထုတ်ရန် အခွင့်အရေး မရှိခဲ့ပေ။ ယနေ့ညက ၎င်းတို့ကို ထုတ်ယူပြီး အသုံးပြုနိုင်ရန် အချိန်ကောင်း ဖြစ်သည်။

စူးချင်းက လရောင်ကို အားကိုးပြီး သူမနှင့် ကျိရွှေရှန့်တို့ မနေ့ညက မြို့မှ ထွက်ခွာခဲ့သည့်နေရာသို့ ရောက်လာခဲ့သည်။ ထိုနေရာက ဝေးလံခေါင်သီသော မြို့ရိုး၏နေရာတစ်ခု ဖြစ်ပြီး သူမ ငါးခွချိတ်ကို နံရံပေါ်သို့ ပစ်တင်လိုက်သည်နှင့် မြို့ရိုးပေါ်မှ အော်သံစူးစူးကို ကြားလိုက်ရသည်။

"ဘယ်သူလဲ?"

စူးချင်းက မျက်ခုံးပင့်လိုက်သည်။

မနေ့ညက ဒီနေရာမှာ ကင်းစောင့်နေတဲ့သူ မရှိပါဘူး။ ဒီည ဘာလို့ ဒီနေရာကို စောင့်ကြည့်နေတာလဲ?

ထိုစစ်သည်၏အော်သံက လူတိုင်းကို စွဲဆောင်နိုင်သည်။ မြို့ထဲတွင် သူလျှို ရှိနေဆဲဖြစ်သောကြောင့် စူးချင်းက သူမကို မည်သူမျှ မတွေ့သွားစေချင်ခဲ့ပေ။ ထို့ကြောင့် သူမက သူမ၏ငါးခွချိတ်ကို ပြန်ဆွဲချလိုက်ပြီး ည၏အ‌မှောင်အောက်တွင် ဖုန်းကွယ်ကာ မြို့ထဲကို ပြန်ဝင်လာခဲ့သည်။

သူမ ခြေလှမ်းအနည်းငယ် ပြေးလွှားပြီးနောက်တွင် သူမ၏ရှေ့မှ အထိတ်တလန့် ပြေးလွှားနေသည့် အနက်ရောင် အရိပ်တစ်ခုကို စူးချင်းက တွေ့သွားခဲ့သည်။ စူးချင်းက သူ့နောက်မှ တိတ်တဆိတ် လိုက်လာပါလာခဲ့ပြီး တစ်ဖက်လူက မော့ချန်၏မြေမျက်နှာသွင်ပြင်နှင့် အလွန်ရင်းနှီးနေပုံရသည်။ သူက မြို့ရိုးဘက်မှ ပြေးလာပြီး လမ်းကြားတစ်ခုထဲသို့ ပြေးဝင်သွားခဲ့သည်။ စူးချင်းက အိမ်ခေါင်မိုးတစ်ခု၏အပေါ်သို့ ခုန်တက်လိုက်ပြီး အပေါ်မှနေ၍ ထိုလူ၏နောက်သို့ လိုက်ပါသွားခဲ့သည်။

"မင်း ဘာလုပ်တာလဲ?"

ကင်းလှည့်နေသည့် တပ်သားနှစ်ဦးက ရုန်းရင်းဆန်ခတ်ဖြစ်သံကို ကြားလိုက်ကြပြီး အနက်ရောင်အရိပ်ဆီသို့ ပြေးလာကာ သူတို့၏ဓားများကို ချိန်ရွယ်လိုက်ကြသည်။

ထိုအနက်ရောင်အရိပ်က လမ်းကြားထဲမှ ထွက်လာပြီး တစ်ဖက်မှ တပ်သားများကို ပြုံးပြရင်း ပြန်ပြောလိုက်သည်။

"ငါပါ လျိုဟုန်"

တပ်သားနှစ်ယောက်က သူတို့၏ဓားများကို ပြန်ဖယ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်မေးလိုက်သည်။

"ညနက်နေပြီ၊ မင်းက ဘာလို့ မအိပ်သေးဘဲ လျောက်သွားနေတာလဲ?"

လျိုဟုန်က ခါးသီးသောအမူအရာဖြင့် သူ့ဗိုက်ကို ဆုပ်ကိုင်ထားကာ “ငါ ဗိုက်နာနေလို့... ဝမ်းပျက်နေတာ ထင်တယ်"

“အဲ့တာဆိုရင် သခင်မလေးစူးကို သွားရှာလေ။ သူ(မ)ရဲ့ဆေးတွေက အရမ်း ထိရောက်တယ်”

စူးချင်းက သူမကို ချီးကျူးနေသည့် တပ်သားနှစ်ယောက်၏စကားကို ကြားလိုက်ရသည်။ ထိုစစ်သည်များက သူမ၏ဆေးပညာ ကျွမ်းကျင်မှုကို ယုံကြည်ထားကြပုံပေါ်သည်။

“ညနက်သန်းခေါင် တခြားသူကို နှောင့်ယှက်တာက မကောင်းဘူး။ မနက်ဖြန်မှ ငါတို့ ဒီကိစ္စကို ပြောကြမယ်"

လျိုဟုန်က ဆင်ခြေရှာလိုက်ပြီး ထိုတပ်သားနှစ်ယောက်ကို လေးလေးနက်နက် ပြန်ပြောလိုက်သည်။

“မင်းတို့လည်း မြန်မြန်သွားပြီး ကင်းလှည့်ကြတော့။ မင်းတို့ရဲ့တာဝန်ကို မလစ်ဟင်းစေနဲ့”

"ကောင်းပြီလေ၊ ဒါဆို မင်းလည်း စောစော အနားယူလိုက်ဦး"

တာဝန်ကျစစ်သည်နှစ်ဦးက စိုးရိမ်သည့် စေသနာစကားကို ပြောပြီးနောက် ဆက်ထွက်ခွာသွားကြသည်။

လျိုဟုန်က သူတို့ ထွက်သွားသည်ကို စောင့်ကြည့်နေပြီး မည်သူမျှ သူ့နောက်ကို လိုက်မလာကြောင်း သေချာစေရန် စစ်ဆေးပြီးမှ သူလည်း ပြန်ထွက်ခွာသွားခဲ့သည်။

စူးချင်းကလည်း အိမ်ခေါင်မိုးများပေါ်မှ ခုန်ကျော်ရင်း လျိုဟုန်နောက်သို့ ဆက်လိုက်သွားခဲ့သည်။

မြို့ရိုး၏တစ်ဖက်တွင်လည်း တစ်ယောက်ယောက်က မောင်းထုကာ အော်ဟစ်နေခဲ့သည်။

"တစ်ယောက်ယောက် ဝင်လာပြီ။ အားလုံး မြန်မြန်ရှာကြ"

လျိုဟုန်က သူ့၏ခြေလှမ်းများကို ရပ်လိုက်ပြီး မြို့ရိုးဘက်သို့ ပြန်မော့ကြည့်လိုက်သည်။ သူ့၏မျက်လုံးများတွင် မသေချာမှုများ ပြည့်နှက်နေပြီး သူက မကျေမနပ်ဖြင့် သူ့ခြေထောက်ကို ဆောင့်နင်းပြီးမှ ခြေလှမ်းပြန်စလိုက်သည်။

စူးချင်းက ရန်သူကို သတိပေးလိုခြင်း မရှိဘဲ သူက မည်သူနှင့် အဆက်အသွယ် ရှိနေပြီး သူ့နောက်ကွယ်တွင် မည်သူရှိနေသည်ကို သူမ သိချင်နေမိသည်။ ထို့ကြောင့် မနေ့ညက အမွှေးတိုင်ထွန်းသည့်သူ ပေါ်လာခြင်း ရှိ မရှိ သူမ သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

စူးချင်းက အစောင့်အရှောက်ကင်းမဲ့နေသည့် မြို့ရိုးတစ်နေရာကို ရှာတွေ့သွားပြီး သူမ၏ငါးခွချိတ်ကို မြို့ရိုးပေါ်သို့ ပစ်တင်လိုက်သည်။ သူမက မြို့ရိုးပေါ်သို့ မတက်မီ လုံခြုံမှုရှိစေရန် ကြိုးကို အကြိမ်ပေါင်းများစွာ ဆွဲချကြည့်ပြီးမှ မြို့ရိုးပေါ်သို့ တက်သွားခဲ့သည်။ ထို့နောက်မှသာ မြို့​ထဲမှ စစ်သည်များက အထိတ်တ​လန့်ဖြင့် မြို့​တံခါးဆီသို့ ပြေးလာနေကြသည်။ သို့သော်လည်း မည်သူကမျှ စူးချင်းကို သတိမပြုမိခဲ့ပေ။

စူးချင်းက သူမ၏ငါးခွချိတ်ကို အသုံးပြုရင်း မြို့ပြင်ဘက်သို့ ခုန်ဆင်းသွားကာ မနေ့ညက အမွှေးတိုင်များ တွေ့ခဲ့သည့်နေရာဆီသို့ ပြေးသွားလိုက်သည်။

ကျိရွှေရှန့်နှင့် သူ့လူများက မော့ချန်ထဲတွင် တစ်ညတာလုံး စောင့်ကြည့်နေခဲ့သည်။ သူတို့က အဓိကသံသယရှိနေသည့်သူများ နောက်သို့ လိုက်နေခဲ့ကြသော်လည်း ယနေ့ည ထိုလူများက စစ်တပ်စခန်းမှ မထွက်ခွာဘဲ စခန်းတွင်သာ အိပ်နေခဲ့ကြသည်။ လူတိုင်းကို စိတ်အနှောက်အယှက်ဖြစ်စေသူများကလည်း ယနေ့ညတွင် ပေါ်မလာခဲ့ပေ။

သူတို့ရဲ့သံသယတွေက မှားနေပြီလား?

တကယ်တော့ အဖွဲ့ထဲမှာ ပုန်းနေတဲ့ သူလျှိုတွေကို ရှာဖို့က မလွယ်ဘူး။ ဒါပေမယ့် ညဘက်မှာ လူတစ်ယောက်က မြို့ရိုးဆီကို ပြေးလာပြီး ငါးခွချိတ်ကို ပစ်တင်တယ်လို့ ပြန် သိခဲ့ရတယ်။ အဲ့လူက မြို့ပြင်ကို ထွင်သွားပြီး သူတို့ရဲ့လူတွေကို အကြောင်းသွားကြားတာလား?

ထိုညတွင် ကျိရွှေရှန့်က ရုံးတော်သို့ ပြန်မအိပ်ဘဲ မနက်မိုးလင်းသည်နှင့် ထိုကိစ္စကို ဆွေးနွေးရန် ချန်ယွိကို သွားရှာခဲ့သည်။

သူ ရုံးတော်သို့ ပြန်‌ရောက်လာချိန်တွင် ကျိရှောင်ယင်က သူမ၏အစ်ကိုကြီး ပြန်ရောက်လာသည့်အကြောင်းကို ကြားလိုက်ပြီး သူ့ကို ရှာရန် အပြေးရောက်လာခဲ့သည်။

"အစ်ကိုကြီး၊ အစ်မစူးချင်း ဘယ်မှာလဲ?"

"သူ(မ) အိမ်မှာ အိပ်နေတာ မဟုတ်ဘူးလား?"

သူ့ညီမလေး၏မေးခွန်းကြောင့် ကျိရွှေရှန့်တစ်ယောက် အံ့အားသင့်သွားပြီး သူ့နှလုံးခုန်သံများလည်း မြန်ဆန်လာခဲ့သည်။

"အစ်မက အစ်ကိုကြီးကို သွားရှာမယ်လို့ ပြောသွားတယ်"

စူးချင်းက သူမ၏အစ်ကိုကြီးနှင့်အတူ ရှိမနေသည်ကို သိလိုက်ရသောကြောင့် ကျိရှောင်ယင်လည်း ထိတ်လန့်သွားခဲ့သည်။

မနေ့ညက အစ်မစူးချင်းက ဘယ်ကို သွားခဲ့တာလဲ?

"ငါ သူ့(မ)ကို သွားရှာလိုက်မယ်"

ကျိရွှေရှန့်က မနေ့ညက မြို့တံတိုင်းပေါ်သို့ ငါးခွချိတ်ပစ်တင်ခဲ့သူကို ရုတ်တရက် တွေးမိသွားသည်။

အဲ့တာက စူးချင်းဖြစ်နိုင်လား?

နောက်ဆုံးတွင် ကျိ‌ရွှေရှန့်တစ်ယောက် မနက်စာပင် မစားနိုင်တော့ဘဲ ဦးလေးချန်ကို အကြောင်းကြားပြီးနောက် စူးချင်းကို လိုက်ရှာရန် စိုးရိမ်တကြီး ထွက်သွားခဲ့သည်။

နေ့ခင်းကြောင်တောင်ဖြစ်နေသောကြောင့် မြို့ရိုးပေါ်မှ ခုန်ချရန် မလိုအပ်တော့ဘဲ ကျိရွှေရှန့်က မြို့တံခါးမှ အေးအေးဆေးဆေး ထွက်လာခဲ့သည်။ သူ မြို့တံခါးမှ ထွက်လိုက်သည်နှင့် အဝေးမှ မော့ချန်ဆီသို့ လာနေသော အဖွဲ့တစ်ဖွဲ့ကို လှမ်းမြင်လိုက်ရသည်။ အဝါရောင်အလံများက လေထဲတွင် လှုပ်ယမ်းနေလေသည်။

ကျိရွှေရှန့်က သူ့၏ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သူ့၏မျက်ခုံးပေါ်သို့ လက်ဖြင့် အုပ်ကာ အဝေးမှ ထိုအဖွဲ့ကို သေသေချာချာ လှမ်းကြည့်လိုက်သည်။

လိမ္မော်ရောင်တောက်ပနေသည့် နေရောင်ခြည်က သူတို့နောက်တွင် ရှိနေပြီး ထိုအဖွဲ့က အလင်းရောင်ကို ကျောပေးထားသောကြောင့် သူတို့ နီးကပ်လာသည့်အချိန်မှ သက်တော်စောင့်အဖွဲ့မှ ခေါင်းဆောင်ယန်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သို့သော် ဤလူများက အလွန်ဖရိုဖရဲ ဖြစ်နေကြပြီး သူတို့၏မျက်နှာများတွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေကာ သူတို့၏မျက်နှာများက မူလထက် ချောင်ကျနေသည်။ သူတို့ခြေထောက်ပေါ်ရှိ အနက်ရောင်ဖိနပ်များကလည်း မီးခိုးရောင်သို့ ပြောင်းနေပြီဖြစ်ကာ တချို့လူများ၏ ခြေချောင်းများက ဖိနပ်ထိပ်ကို အပေါက်နှစ်ပေါက် ဖောက်ထားကြသည်။ သူတို့အားလုံး မောပန်းနွမ်းနယ်နေပုံရသည်။

လှည်းခြောက်စီး လိုက်ပါလာခဲ့ပြီး လှည်းငါးစီးမှာ ကုန်ပစ္စည်းများ ပြည့်နှက်နေကာ နောက်ဆုံးလှည်းတွင် လူတစ်ဒါဇင်ကျော်အတွက် နေ့စဉ်သုံးပစ္စည်များနှင့် ပြည့်နေသည်။

ကျိရွှေရှန့်က လက်သီးအမြန်အုပ်ကာ နှုတ်ဆက်လိုက်သည်။

"အစ်ကိုယန်"

"ညီလေးကျိလား?"

ယန်ကျစ်က မော့ချန်တွင် ကျိရွှေရှန့်နှင့်တွေ့ဆုံရန် မမျှော်လင့်ထားခဲ့ပေ။ သူ ရေမသောက်ရသည်မှာ နှစ်ရက်ရှိပြီဖြစ်သောကြောင့် သူ့နှုတ်ခမ်းများ ခြောက်သွေ့အက်ကွဲ နေပြီး သူ စကားပြောလိုက်ချိန်တွင် သွေးများ စိမ့်ထွက်လာသည်။

ကျိရွှေရှန့်ကို တွေ့လိုက်ရသောကြောင့် သူ အလွန်ဝမ်းသာနေခဲ့ပြီး သူက ကျင့်ရှီလျိုမြောင် ရောက်ပြီးမှသာ ကျိရွှေရှန့်နှင့် ပြန်တွေ့နိုင်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

"အစ်ကိုယန်က ဘယ်လိုတွေ ဖြစ်လို့ ဒီလောက်မြန်မြန်ရောက်လာတာလဲ?"

ကျိရွှေရှန့်က ယန်ကျစ်ကို အပြုံးဖြင့် လှမ်းမေးလိုက်သည်။ သူတို့ ထွက်ခွာပြီး ခုနစ်ရက်အကြာမှ ကုန်ပစ္စည်းများ ပို့ဆောင်ရန် တောင်းဆိုခဲ့ပြီး သူတို့နှင့် ယန်ကျစ် လမ်းတွင် တွေ့ဆုံမည်ကို စိုးရိမ်သောကြောင့် ထိုသို့စီစဥ်ခဲ့ခြင်း ဖြစ်သည်။

သူတို့က လမ်းပေါ်တွင် နှစ်ရက်လောက် နှောင့်နှေးနေခဲ့ပြီး မော့ချန်သို့ ရောက်သည်မှာ နှစ်ရက်သာ ရှိသေးသည်။ စုစုပေါင်း လေးရက်သာ ရှိသေးသောကြောင့် ယန်ကျစ်နှင့် သူ့အဖွဲ့က သုံးရက်စောပြီး ထွက်ခွာလာခဲ့သည်ဟု ခန့်မှန်းရသည်။

“သခင်ကြီးစူးက ပစ္စည်းတွေ အားလုံး ပြင်ဆင်ပေးပြီး ညီလေးကျိဆီကို ချည်အဝတ်အစားတွေကို စောစောပို့ပေးစေချင်တယ်တဲ့၊ ဒါကြောင့် နှစ်ရက်စောပြီး ထွက်လာခဲ့တာ”

ယန်ကျစ်က သူ့၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ရင်း ကျိရွှေရှန့်ကို ပြန်ဖြေလိုက်သည်။

ကျိရွှေရှန့်ကို ဒီမှာတွေ့တာ အရမ်းကောင်းတယ်။ ဒီနေရာမှာဘဲ ကုန်ပစ္စည်းတွေ လွှဲပေးလိုက်လို့ ရပြီ။ ရေနဲ့ စားနပ်ရိက္ခာ မရှိတော့တာကြောင့် သူ့ရဲ့ညီအစ်ကိုတွေက တောင့်မခံနိုင်ကြတော့ဘူး။

"လမ်းမှာ အန္တရာယ်တစ်ခုခု ကြုံခဲ့တာလား?"

ကျိရွှေရှန့်က စိုးရိမ်စိတ်ဖြင့် မေးလိုက်ပြီး ယန်ကျစ်က ခေါင်းပြန်ယမ်းပြလိုက်သည်။ “ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ စစ်သည်တော်တော်များများက အခု လမ်းပေါ်ရောက်နေပြီ၊ ဓားပြတွေက အပြင်ကို မထွက်ရဲကြဘူး”

“မြန်မြန် အနားယူဖို့ မြို့ထဲကို ဝင်လာခဲ့ပါ”

ကျိရွှေရှန့်က ယန်ကျစ်နှင့် သူ့၏အဖွဲ့ကို မြို့ထဲသို့ ဖိတ်ခေါ်လိုက်သည်။ မြို့ထဲသို့ ဝင်လာပြီးနောက် ကုန်ပစ္စည်းများ လွှဲယူရန် သူတို့ကို စီရင်စုရုံးတော်သို့ ခေါ်ဆောင်သွားခဲ့သည်။

"ညီလေးကျိ? မင်းက ဘာလို့ စီရင်စုရုံးတော်မှာ နေနေတာလဲ?"

ကျိရွှေရှန့်က သူတို့အား ရုံးတော်သို့ ခေါ်လာသောကြောင့် ယန်ကျစ်က စူးစမ်းနေပြီး သေချာအောင် မေးမြန်းလိုက်သည်။

သူ ရုံးတော်ထဲကို ဝင်လာခဲ့ပေမယ့် ရဲမက်တစ်ယောက်မှ မတွေ့ခဲ့ဘူး။

“စီရင်စုအမတ်က တာ့ထန်စစ်သည်တွေကို ကြောက်လို့ ထွက်ပြေးသွားပြီ။ ကျွန်တော်တို့ ဒီမှာ ရက်အနည်းငယ်လောက် နေရဦးမယ်"

ကျိရွှေရှန့်က ယန်ကျစ်ကို ဘာမှ ဖုံးကွယ်မထားခဲ့ပေ။

ချိုးယုံခန်းက ကျိရွှေရှန့်နှင့်ကိစ္စအချို့ ဆွေးနွေးရန် ရောက်ရှိလာခဲ့ပြီး ယန်ကျစ်နှင့် သူ့လူများကို တွေ့လိုက်ရသောကြောင့် သူက သူတို့ကို ဝမ်းသာအားရ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်သည်။

"ယုံခန်း၊ အစ်ကိုယန်နဲ့ ငါတို့ရဲ့ ညီအစ်ကိုတွေကို ဂရုစိုက်လိုက်ပါဦး"

ကျိရွှေရှန့်က စူးချင်းကို ရှာဖွေရန် အလျင်လိုနေသောကြောင့် ချိုးယုံခန်းအား အစ်ကိုယန်ကို ဧည့်ခံစေခဲ့သည်။ ချိုးယုံခန်းက လူမှုဆက်ဆံရေးကိစ္စများတွင် အလွန် ထူးချွန်လှပြီး သူက လူတိုင်းကို အိမ်သို့ ပြန်ရောက်သွားသလို ခံစားရစေခဲ့သည်။

ကျိရွှေရှန့်က လက်သီးအုပ်ကာ ယန်ကျစ်ကို တောင်းပန်လိုက်သည်။

“အစ်ကိုယန်၊ ခင်ဗျားနဲ့ ညီအစ်ကိုတွေ ကောင်းကောင်း အနားယူလိုက်ကြပါဦး။ ကျွန်တော်မှာ အရေးတကြီး လုပ်စရာ ရှိနေသေးလို့ နောက်မှ စကားပြောကြရအောင်"

All Chapters