← Chapters

ကျားရဲတွင်းဆီသို့

Vol. 17 Ch. 245

ကျားရဲတွင်းဆီသို့

Vol. 17 Ch. 245

ယန်ကျစ်က ခေါင်းညိတ်လိုက်ပြီး "ညီလေးကျိ၊ မင်းလုပ်စရာရှိရင် သွားလို့ ရတယ်။ ငါတို့က အဆင်ပြေပါတယ်”

ကျိရွှေရှန့် ထွက်သွားပြီးနောက် ချိုးယုံခန်းက ရေနွေး အမြန်ကျိုကာ ယန်ကျစ်နှင့် သူ့ညီအစ်ကိုများ အတွက် လက်ဖက်ရည်ကို ပြင်ဆင်ပေးခဲ့သည်။ သို့သော်လည်း ယန်ကျစ်နှင့် သူ့၏ညီအစ်ကိုများက မစောင့်နိုင်ကြတော့ဘဲ ရေအေးတစ်ပန်းကန်သာ တောင်းပြီး ‌မော့သောက်နေကြသည်။

ကျိရှောင်ယင်က မနက်စာ ပြင်ဆင်နေသောကြောင့် ချိုးယုံခန်းက သူမကို နောက်ထပ် ပိုချက်ခိုင်းလိုက်သည်။ ယန်ကျစ်နှင့် သူ့လူများက အချိန်အတော်ကြာ ဆာလောင်နေခဲ့ကြသည်ကို သူ မြင်နေသောကြောင့် ချိုးယုံခန်းက သူတို့ ဗိုက်ဝစေရန် အရင်စားခိုင်းလိုက်သည်။

ချိုးယုံခန်းတစ်ယောက် ယန်ကျစ်ကို ဧည့်ခံရင်း အလုပ်ရှုပ်နေချိန်တွင် ကျိရွှေရှန့်က စူးချင်းကို ရှာရန် မြို့ပြင်သို့ အမြန်ထွက်လာခဲ့သည်။ သူတို့နှစ်ယောက်တွင် စိတ်ချင်းဆက်နွယ်မှု ရှိနေပုံရပြီး ကျိရွှေရှန့်ကလည်း အမွှေးတိုင်များ တွေ့ခဲ့သည့်နေရာသို့ တည့်တည့်သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ကျိရွှေရှန့်က ထိုနေရာသို့ အပြေးအလွှား သွားလိုက်ပြီး သူ ရောက်သွားချိန်တွင် အမွှေးတိုင်များ ရှိနေဆဲဖြစ်သည်ကို တွေ့ရှိသော်လည်း အမွှေးတိုင်အသစ်တော့ မရှိသေးပေ။

မနေ့က ဒီနေမှာကို ဘယ်သူမှ ဘာမှ မလုပ်ခဲ့ဘူး။ ဒါဆို စူးချင်းက ဘယ်ရောက်သွားတာလဲ?

စူးချင်း ဘယ်မှာလဲဆိုသည့် ပတ်သတ်သည့်မေးခွန်းနှင့်ပတ်သတ်လျှင် မနေ့ညက စူးချင်းတစ်ယောက် ထိုအမွှေးတိုင်များ ရှိနေသည့်နေရာသို့ အပြေးအလွှား ရောက်လာခဲ့ပြီး ပူဇော်ကန်တော့နေသည့် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရပေ။ သို့သော်လည်း စူးချင်းက ချက်ချင်း ပြန်ထွက်မခွာဘဲ ပုန်းအောင်းစရာနေရာ ရှာလိုက်ပြီး ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့သည်။

နောက်ဆုံးတွင် ရလဒ်အနေဖြင့် ယဇ်ပူဇော်သူရောက်လာရမည့်အစား တာ့ထန်များ ဝတ်ဆင်လေ့ရှိသည့်သာမာန် အဝတ်အစားများကို ဝတ်ဆင်ထားသည့် လူတစ်ယောက်က ည၏အမှောင်ဖုံးလွှမ်းမှုကို အခွင့်ကောင်းယူကာ တာ့ရှားပြည်ထောင်မှ တာ့ထန်ဘက်သို့ ပြေးသွားနေသည်ကို သူမ တွေ့လိုက်ရသည်။

ထိုလူက အလွန်သတိရှိပုံပေါ်ပြီး သူက တာ့ရှားပြည်ထောင်၏စစ်သည်များကို ရှောင်တိမ်းနေရုံသာမကပဲ တစ်ဖက်တွင်လည်း တာ့ထန်ပြည်ထောင်၏စစ်သည်များကိုပါ ရှောင်တိမ်းနေခဲ့သည်။

သူ့၏လုပ်ရပ်များက သံသယဖြစ်စရာကောင်းလွန်းသည်ဟု ခံစားမိသောကြောင့် စူးချင်းက ထိုလူ ဘာလုပ်မည်ကို သိနိုင်ရန် ထိုလူ၏နောက်သို့ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။

သူက လျူဟောင်နဲ့ တွေ့ဆုံဖို့ မြို့ထဲကို လာခဲ့တဲ့သူလား?

ဤပုဂ္ဂိုလ်က တာ့ထန်စစ်သည်များ၏ လှည့်ကင်း လမ်းကြောင်းများနှင့် အချိန်တို့ကို အလွန် ရှင်းရှင်းလင်းလင်း သိနေပုံပေါ်ပြီး ကင်းလှည့်နေသည့်စစ်စည်တို့ကို အတိအကျ ရှောင်ရှားနိုင်ခဲ့သည်။ စူးချင်းက အနာဂတ်တွင် စစ်ဘက်ဆိုင်ရာ အချက်အလက်များ စုံစမ်းရာ၌ အဆင်ပြေစေရန် ဤလမ်းကြောင်းများကို တိတ်တဆိတ် မှတ်သားလိုက်သည်။

စူးချင်းက ညသန်းခေါင်မှ နံနက်စောစောအထိ ထိုလူ့နောက်မှ လိုက်ပါသွားခဲ့ပြီး နှစ်နိုင်ငံနယ်စပ်မှ တာ့ထန်၏မြို့တော်ဖြစ်သော တာချန်သို့ နာရီအနည်းငယ်ကြာအောင် လမ်းလျှောက်ခဲ့ရသည်။

စူးချင်းက ဟန်လူမျိုးအဝတ်အစားကို ၀တ်ဆင်ထားသောကြောင့် သူမက တာ့တန်တွင် ထင်ပေါ်နေမည် ဖြစ်သည်။ ထို့ကြောင့် မနက်မိုးလင်းသည်နှင့် စူးချင်းက သူ့နောက်သို့ ဆက်လိုက်နိုင်တော့မည် မဟုတ်ပေ။ ကံကောင်းထောက်မစွာဖြင့် ထိူလူ သွားမည့်နေရာသို့ ရောက်ရှိသွားခဲ့ပြီး အလွန်ကြီးမားသော ဇိမ်ခံတဲကြီးတစ်ခုဆီသို့ ရောက်လာခဲ့သည်။

ဤတဲက တာ့ထန်၏အဆင့်မြင့်အရာရှိကြီးတစ်ဦး နေထိုင်သည့် နေအိမ်ဖြစ်ဟန်တူပြီး တာ့ထန်စစ်သည်များစွာက ထိုတဲကြီး၏အဝင်ဝကို စောင့်ကြပ်နေကြသည်။ ထိုလူတစ်စုက သူ ပြန်လာသည်ကို တွေ့သွားပြီး တဲထဲသို့ အမြန် ဝင်သွားကာ သတင်းပို့နေပုံရသည်။ ခဏအကြာတွင် အစောင့်ခေါင်းဆောင်က ထိုလူကို အတွင်းထဲသို့ ခေါ်သွားခဲ့သည်။

စူးချင်းက သူတို့ပြောနေသည့်စကားများကို နားထောင်ချင်သော်လည်း ထိုတဲ၏အပြင်တွင် တာ့ထန်စစ်သည်များစွာ ရှိနေသောကြောင့် သူမ အနားမကပ်နိုင်ဘဲ အဝေးမှသာ ကြည့်နေနိုင်သည်။

ထိုအချိန်တွင် တာ့ထန်စစ်သည်နှစ်ယောက် လမ်းလျှောက်လာသောကြောင့် စူးချင်းတစ်ယောက် သူမ၏ဘေးမှ တဲထဲသို့ ဝင်ပုန်းရန်မှတပါး ရွေးစရာ မရှိတော့ပေ။ သူမ ဝင်ပုန်းလိုက်သည့်တဲက တာ့ထန်တပ်သားများ၏တဲစခန်းဖြစ်ကြောင်း သူမ သဘောပေါက်လိုက်သည်။ သူတို့က လေ့ကျင့်ရေးနေခြင်း ဖြစ်နိုင်ပြီး မည်သူမျှ မရှိပေ။

လျှော်ဖွတ်ထားသော စစ်ဝတ်စုံများကို နံရံတွင် ချိတ်ဆွဲထားသောကြောင့် စူးချင်းက ထိုနေရာသို့ လျှောက်သွားလိုက်ပြီး သူမ၏ခန္ဓာကိုယ်နှင့် သင့်‌တော်သော စစ်ဝတ်စုံတစ်စုံကို ရှာယူလိုက်သည်။

တာ့ထန်လူမျိုးများသည် ယေဘုယျအားဖြင့် တာလီနှင့် ကြံ့ခိုင်ကြသည်။ အလယ်အလတ်အရွယ် ကလေးတစ်ယောက်သည် ဤစစ်ဝတ်စုံကို ၀တ်ထားပေမည်။ အခြားစစ်တပ်ယူနီဖောင်းများသည် စူးချင်းနှင့် လိုက်ဖက်လွန်းလှသည်။

ထိုစစ်ဝတ်စုံကို ဝတ်ပြီးနောက် စူးချင်းက တာ့ထန်စစ်သည်များ ဆောင်းရ စစ်ဦးထုပ်တစ်လုံးကို ထပ်ရှာလိုက်ပြီး ယူဆောင်းလိုက်သည်။ သူမက မှန်ထဲမှ သူမကိုယ်သူမ ပြန်ကြည့်လိုက်ပြီး သူမ၏အသွင်အပြင်မှ လွဲ၍ ကျန်သည့်အရာများအားလုံးက တာ့ထန်လူမျိုးများနှင့် ဆင်တူသွားသည်ကို တွေ့လိုက်ရသည်။

စူးချင်းက ရှောင်ချီထံမှ ရုပ်သွင်ပြောင်းတစ်လုံးတောင်းယူပြီး ချက်ချင်း ဝါးစားလိုက်သည်။ သူမ မျက်နှာပေါ်ရှိ အရေပြားက ပူလောင်လာပြီး အဆင်မပြေ ဖြစ်လာသော်လည်း လိုအပ်သော လုပ်ငန်းစဉ်တစ်ခုဖြစ်သောကြောင့် ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။ ခဏအကြာတွင် မှန်ပြန်ကြည့်လိုက်ရာ သူမ၏အသွင်အပြင်က ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။ သူမ၏မျက်ခုံးနှင့် နှာတံတို့က ပိုမြင့်လာပြီး သူမ၏မျက်လုံးက ပိုချိုင့်သွားကာ တာတာလူမျိုးများနှင့်အနည်းငယ် ဆင်တူသွားခဲ့သည်။

စူးချင်းက ထိုတဲထဲတွင် ကြာကြာမနေဘဲ အဝတ်အစား လဲပြီးသည်နှင့် ချက်ချင်း ပြန်ထွက်လာခဲ့သည်။ သူမက တာ့ထန်ဝတ်စုံကို ၀တ်ဆင်ထားပြီးပြီ ဖြစ်သောကြောင့် တာ့ထန်စစ်သည်များကို ပုန်းရှောင်နေစရာ မလိုတော့ပေ။ စူးချင်းက တဲကြီးဆီသို့ လွတ်လွတ်လပ်လပ် လျှောက်သွားလိုက်သည်။

“ဝူး… ဝါး”

စူးချင်း ချဥ်းကပ်သွားချိန်တွင် တံခါးစောင့်တပ်သားများက သူမကို လှမ်းအော်ကို လှမ်းအော်လိုက်သည်။ စူးချင်းက သူတို့ပြောနေသည့်စကားကို နားမလည်သောကြောင့် စနစ်ထဲမှ ရှောင်ချီကို ဘာသာပြန်ခိုင်းလိုက်သည်။

“သခင်၊ သူတို့က ပထမမင်းသားရဲ့တဲနန်းကို မချဉ်းကပ်ဖို့ နောက်ဆုတ်ဖို့ ပြောနေတာပါ”

ဒါဆို ဒါက ပထမမင်းသားရဲ့တဲလား?

စူးချင်းက သူတို့ကို ခေါင်းညိတ်ပြပြီး ပြန်လှည့်ထွက်သွားခဲ့သည်။

တဲနန်းကြီးထဲမှ ပထမမင်းသားယဲ့လွီဟမ်က သတင်းပို့ရန် ရောက်လာသည် သူလျှိုကို မှုန်ကုပ်ကုပ် ကြည့်နေကာ အေးစက်ပြီး ဒေါသများ ပြည့်နှက်နေသည့် အသံဖြင့် "အမှိုက်ကောင်"

အောက်တွင် ဒူးထောက်နေသည့်လူများအားလုံး အလွန်ထိတ်လန့်တုန်လှုပ်နေကြပြီး အသက်ပင် ကျယ်ကျယ် မရှူဝံ့ကြပေ။

အပြင်မှာ စစ်သည်များ၏အော်ဟစ်သံကို ကြားလိုက်ချိန်တွင် ပထမမင်းသား၏အမူအရာက ပို၍မည်းမှောင်သွားပြီး ခပ်မာမာ လှမ်းမေးလိုက်သည်။

"အဲဒီမှာ ဘာတွေ ဖြစ်နေတာလဲ?"

“ပထမမင်းသားကို သတင်းပို့ပါတယ်၊ စစ်သည်ငယ်လေး တစ်ဦးပါ”

တံခါးအပြင်ဘက်တွင် ရပ်နေသည့် တာ့ထန်စစ်သည်များက အစီရင်ခံရန် တဲနန်းထဲသို့ ကမန်းကတန်း ပြေးဝင်သွားကြသည်။ ပထမမင်းသားက စိတ်ဆိုးနေသောကြောင့် ဒေါသတကြီး အမိန့်ပေးလိုက်သည်။ “သူ့ကို ဖမ်းပြီး ဒုတိယမင်းသား လွှတ်လိုက်တဲ့ သူလျှိုဟုတ်မဟုတ် စစ်မေးလိုက်”

“သခင်၊ ဒီကနေ မြန်မြန်ထွက်သွားတော့။ အဲ့ဒီနှာခေါင်းကောက်ကောက်က သခင့်ကို ဖမ်းချင်နေပြီ"

ရှောင်ချီက တဲနန်းကြီးထဲမှ ပထမမင်းသား၏အသံကို ကြားသွားပြီး သူမ၏သခင်ကို အမြန် သတင်းပို့လိုက်သည်။ သူမက စနစ်အတွင်းတွင် ရှိနေသော်လည်း တဲနန်းထဲမှ ပုံပန်းသဏ္ဍာန်များကို မြင်နိုင်သောကြောင့် ပထမမင်းသားကို “နှာခေါင်းကောက်‌ကောက်” ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။

စူးချင်းက သူမ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်သောကြောင့် အနောက်မှ တာ့ထန်စစ်သည်များက လှမ်းအော်လိုက်ကြသည်။

"ဝူး... ဝိုး.... ဝါး!"

“သခင်၊ သူတို့က ရပ်ခိုင်းနေတယ်”

ရှောင်ချီ၏ဘာသာပြန်ပေးမှုကို ကြားလိုက်ချိန်တွင် စူးချင်းက သူမ၏အရှိန်ကို ပိုမြှင့်လိုက်ပြီး နောက်မှ လိုက်လာသူများကို ရှောင်ရှားနိုင်ရန် လှည့်ပတ် ပြေးလွှားနေခဲ့သည်။ ရလဒ်အနေဖြင့် သူမ မသိလိုက်ဘဲ ဒုတိယမင်းသား၏နယ်မြေထဲသို့ ပြေးဝင်သွားမိတော့သည်။

သူမ နောက်မှ လိုက်လာသူများက စူးချင်း ဒုတိယမင်းသား၏တဲစခန်းသို့ ပြေးသွားသည်ကို တွေ့လိုက်သော်လည်း သူမနောက်သို့ မလိုက်ဝံ့တော့ပေ။ ထို့ကြောင့် သူတို့က အနောက်မှ စိုက်ကြည့်နေကြသည်။

"ဘယ်သူလဲ?"

ဒုတိယမင်းသား၏ စစ်သည်များက စူးချင်းကို သတိပြုမိသွားပြီး သူမကို ဓားကောက်ရှည်များဖြင့် ချိန်ရွယ်ထားလိုက်ကြသည်။

စူးချင်းက ပထမမင်းသား၏ ကိုယ်ရံတော်ဝတ်စုံကို ၀တ်ဆင်ထားသောကြောင့် သူတို့က သူမကို မတိုက်ရဲကြဘဲ သတိဖြင့် စောင့်ကြည့်နေကြသည်။

"သခင်၊ သူတို့က ဘယ်သူလဲလို့ မေးနေကြတာပါ"

ရှောင်ချီက သူမ၏သခင်အတွက် အမြန်ဘာသာပြန်ပေးနေခဲ့သည်။ အကောင်ငယ်လေးက သူမ၏သခင်အား ဆုံးရှုံးရမည်ကို ကြောက်ရွံ့နေပြီး လက်သီးလေးများကို ထိတ်လန့်တကြား ဆုပ်ထားခဲ့သည်။

သခင်က အန္တရာယ်ရှိတာနဲ့ သူမက သခင်ကို ကာကွယ်ဖို့ ပြေးထွက်တော့မှာ။

"ပထမမင်းသားရဲ့လူ"

စူးချင်းက ထိုစာကြောင်းကို ရှောင်ချီအား ပြောလိုက်ပြီး ရှောင်ချီက တာတာ့ဘာသာစကားဖြင့် ချက်ခြင်း ဘာသာပြန်ကာ သခင်ဖြစ်သူကို ပြန်ပြောပြလိုက်သည်။ စူးချင်းက ထိုတာတာ့စကားကို သူမ၏ပါးစပ်ဖြင့် ပြန်ပြောလိုက်သည်။

ထိုအရာက အလုပ်သိပ် မဖြစ်ဘဲ ဘာသာပြန်ရန် အချိန်အများကြီးယူရမည် ဖြစ်ပြီး သူမကိုယ်သူမ ဖော်ထုတ်မိရန် လွယ်ကူလှပေသည်။

စူးချင်းက သူမကိုယ်တိုင် တာတာ့ဘာသာစကားကို နားလည်ပြီး သွက်လက်စွာ ပြန်ပြောနိုင်ရန် စနစ်အား တောင်းဆိုလိုက်သည်။

စနစ်က စူးချင်းအတွက် ဆုပေးရန် ကျန်နေသေးသောကြောင့် စူးချင်း၏တောင်းဆိုမှုကို ဖြည့်ဆည်းပေးခဲ့ပြီး သူမအတွက် ဘာသာပြန်ဆော့ဖ်ဝဲလ်တစ်ခု ပေးခဲ့သည်။ ထိုဆော့ဖ်ဝဲလ်က သူမအား တာ့ထန်စစ်သည်များ၏စကားကို နားလည်စေနိုင်‌ပြီး သူမ၏စကားလုံးများကို တာတာဘာသာစကားသို့ အလိုအလျောက် ပြန်ဆိုပေးမည် ဖြစ်သည်။ ၎င်းက အနာဂတ်မှ အဆင့်မြင့်ဆော့ဖ်ဝဲတစ်ခု ဖြစ်သည်။

ထိုဆော့ဖ်ဝဲလ်ကို လက်ခံရရှိလိုက်သောကြောင့် စူးချင်းက ယုံကြည်ချက် ပိုရှိလာပြီး ဖော်ထုတ်ခံရမည်ကိုလည်း စိုးရိမ်နေခြင်း မရှိတော့ပေ။

စူးချင်းက သူမ ပထမမင်းသား၏လူဖြစ်ကြောင်း ဝန်ခံလိုက်သော်လည်း တာ့ထန်စစ်သည်များက သူမကို လွယ်လွယ်ကူကူ မထိဝံ့ကြပေ။ သို့သော်လည်း ဒုတိယမင်းသားထံမှ ညွှန်ကြားချက်တောင်းရန် လူတယောက်ကို စေလွှတ်လိုက်သည်။ ကျန်နေသည့်သူများက စူးချင်းကို ရှေ့တစ်လှမ်းပင် တိုးခွင့်မပေးဘဲ သားကောင်ကို ချောင်းနေသည့် ကျားများကဲ့သို့ စိုက်ကြည့်နေကြသည်။

ပထမမင်းသား၏စစ်သည်တော်များကလည်း ဒုတိယမင်းသား၏တဲစခန်းအပြင်ဘက်မှ စောင့်ကြည့်နေကြပြီး ထွက်ခွာသွားခြင်း မရှိကြပေ။ သူတို့က စူးချင်းကို စောင့်ကြည့်နေကြပြီး ဒုတိယမင်းသား၏လူများနှင့် သူမတို့ ဘာပြောနေသည်ကိုတော့ သူတို့ မကြားနိုင်ကြပေ။ မကြာခင်မှာပင် ဒုတိယမင်းသား၏လူများက စူးချင်းကို ဒုတိယမင်းသားနှင့် တွေ့ရန် ခေါ်သွားပေးခဲ့သည်။

“မြန်မြန် ပြန်သွားပြီး ပထမမင်းသားကို သတင်းပို့ လိုက်တော့။ အဲဒီလူက ဒုတိယမင်းသား လွှတ်လိုက်တဲ့ သူလျှိုပဲ”

စူးချင်းအား ဒုတိယမင်းသား၏တဲနန်းထဲသို့ ခေါ်ဆောင်သွားသည်ကို တွေ့လိုက်ရသောကြောင့် အပြင်ဘက်မှ စောင့်ကြည့်နေသော ပထမမင်းသား၏စစ်သည်များက အလျင်အမြန် ပြန်သတင်းပို့ကြတော့သည်။

စူးချင်းက ဒုတိယမင်းသား၏တဲနန်းသို့ လိုက်သွားခဲ့သည်။ အပြင်ဘက်မှ ကြည့်လျှင် ထိုတဲနန်းက အကြီးဆုံးမင်းသား၏တဲနန်းကြီးထက်ပင် ပိုခမ်းနားပြီး ပို၍ ဇိမ်ရှိပုံပေါ်သည်။

စူးချင်းက ထိုနေရာတွင် စစ်သည်အများအပြား သွားလာနေသည်ကို သတိပြုမိနေခဲ့သည်။ ကင်းလှည့်နေသည့်အဖွဲ့တစ်ဖွဲ့ကို ကျော်သွားသည်နှင့် နောက်ကင်းအဖွဲ့တစ်ဖွဲ့က ချက်ချင်းရောက်လာတက်သည်။ ကြားထဲတွင် နားချိန်မရှိသောကြာင့် ထိုစခန်းကို အစောင့်အကြပ် ထူထပ်စွာချထားကြောင်း သိသာထင်ရှားနေသည်။

ထိုတဲနန်း၏တံခါးဝတွင် ဓားမောက်ရှည်များ ကိုင်ထားသော အစောင့်လေးယောက်ရှိပြီး အကြည့်တစ်ချက်ဖြင့်ပင် သူတို့က ကိုယ်ခံပညာ အလွန်ကျွမ်းကျင်ကြောင်း ပြောနိုင်သည်။ စူးချင်း ဝင်လာသည်ကို မြင်လိုက်သည်နှင့် သူတို့က သားကောင်ကို စောင့်ကြည့်နေသော ကျားရဲများကဲ့သို့ သူမကို စိုက်ကြည့်နေကြပြီး သူတို့၏မျက်လုံးများက စူးရဲတောက်ပနေသည်။

စူးချင်းကို ထိုနေရာသို့ ခေါ်ဆောင်လာသည့် တာ့ထန်စစ်သည်က တဲနန်းထဲသို့ သတင်းပို့လိုက်သည်။

"ဒုတိယမင်းသားကို သတင်းပို့ပါတယ်၊ သူ့ကို ဒီကို ခေါ်လာခဲ့ပါပြီ"

"သူ့ရဲ့ခန္ဓာကိုယ်ကို ရှာကြည့်ကြ"

All Chapters