ရေကန်ကို မွှေနှောက်ခြင်း
Vol. 17 Ch. 246
သံသယများ ပါဝင်နေသည့် အေးစက်စက် အမိန့်ပေးသံတစ်ခု တဲနန်းကြီးထဲမှ ထွက်ပေါ်လာပြီး သူမ ရှာဖွေခံရလျှင် ဖော်ထုတ်ခံရမည်ကို နားလည်လိုက်သောကြောင့် စူးချင်းက အလျင်အမြန် ဝင်ပြောလိုက်သည်။
"ဒုတိယမင်းသား၊ ပထမမင်းသားနဲ့ပတ်သက်တဲ့ အရေးကြီးသတင်းကို ပေးချင်ပါတယ်"
စူးချင်းထံတွင် ပထမမင်းသားနှင့်ပတ်သက်သော အရေးကြီးသည့်သတင်းရှိနေကြောင်း ကြားလိုက်ရချိန်တွင် ဒုတိယမင်းသားက သူမကို ချက်ချင်း ခေါ်ဆောင်လာရန် သူ့လူများကို အမိန့်ပေးလိုက်သည်။
တဲ၏အတွင်းပိုင်းက ပို၍ပင် အဆင့်အတန်းမြင့်နေပြီး တံခါးကို မျက်နှာမူထားသည့် စားပွဲအရှည်ကြီး တစ်လုံးရှိနေသည်။ ထိုစားပွဲ၏နောက်တွင် ကျားဖြူအရေခွံဖြင့် ဖုံးအုပ်ထားသည့် ခမ်းနားထည်ဝါသော ကုလားထိုင်တစ်ခု ရှိနေသည်။ ဤမင်းသားက ဟန်လူမျိုးတို့၏ပရိဘောဂများကို အလွန်နှစ်သက်ပုံရပြီး တဲနန်းအတွင်းရှိ ပရိဘောဂအများစုကို မဟော်ဂနီရောင်သစ်သားများဖြင့် လှလှပပစွာ ထွင်းထုပုံဖော်ထားသည်။ တံခါး၏ညာဘက်ခြမ်းမှ ရှေးဟောင်းစင်မြင့်ပေါ်တွင် အနီရောင်သန္တာကျောက်ဖြင့် ပြုလုပ်ထားသော ဘွန်ဇိုင်းပင် တစ်ပင်ရှိနေပြီး ထူးထူးခြားခြား အထက်တန်းဆန်သော အငွေ့အသက်ကို ဖော်ပြနေသည်။
ဒုတိယမင်းသားက အသက်နှစ်ဆယ့်ငါး သို့မဟုတ် နှစ်ဆယ့်ခြောက်နှစ်ခန့်ရှိပုံရပြီး မျက်နှာချွန်ချွန် ထင်ရှားသော ပါးရိုးများရှိသည်။ ထို့အပြင် ထူထဲသော မျက်ခုံးမွှေး၊ မျက်လုံးကျယ်ကျယ်များ၊ မြင့်မားသော နှာတံနှင့် နှုတ်ခမ်းပါးပါးရှိကာ သူ၏အသားအရောင်က တာတာ့လူမျိုးတို့၏အနီရင့်ရောင်ဖြစ်သည်။ သူက အလွန်အရပ်ရှည်ပြီး တိရိစ္ဆာန်အရေခွံဖြင့် ပြုလုပ်ထားသော ၀တ်ရုံရှည်ကို ၀တ်ဆင်ထားသည်။ ထိုဝတ်စုံ၏လည်ပင်းအနားစများကို အဖြူရောင်သားမွေးများဖြင့် ဖုံးအုပ်ထားပြီး အဖိုးတန်သော အဖြူရောင်မြေခွေးမွေးဖြင့် ပြုလုပ်ထားသည်ဟု ခန့်မှန်းရသည်။
သူက စားပွဲနောက်တွင် ထိုင်နေပြီး သူ့လက်နှစ်ဖက်ကို စားပွဲပေါ်သို့ တင်လိုက်ရင်း စူးချင်းကို မီးတောက်နေသောအကြည့်ဖြင့် စိုက်ကြည့်နေသည်။ သူ့လက်များက အလွန်သန်မာပုံရပြီး သူလည်း သိုင်းပညာတက်မြောက်ကြောင်း သိသာထင်ရှားနေသည်။
အစောင့်လေးယောက်က စူးချင်း၏နောက်မှ လိုက်လာပြီး သူမကို အလယ်တွင် ထားကာ လေးဘက်လေးလံမှ ပိတ်ဆို့ထားသည်။ သူတို့က ဒုတိယမင်းသား လုပ်ကြံသတ်ဖြတ်ခံရခြင်းမှ ကာကွယ်နေသော အနေအထား ဖြစ်သည်။
စူးချင်းက တာ့ထန်ပြည်ထောင်၏ဦးညွှတ်ပုံအတိုင်း သူမ၏ဘယ်လက်သီးကို သူမ၏ဘယ်ဘက်ရင်အုံပေါ်သို့ တင်လိုက်ပြီး ဒုတိယမင်းသားဆီသို့ ဦးတည်ကာ သူမ၏ဦးခေါင်းကို အနည်းငယ်ညွှတ်လိုက်ရင်း လေးလေးစားစား နှုတ်ဆက်လိုက်သည်။
ဒုတိယမင်းသားက စူးချင်းကို စူးရှသောအကြည့်ဖြင့် စိုက်ကြည့်နေပြီး သူက သူမကို ဖောက်ထွင်းမြင်ချင်နေပုံရသည်။ စူးချင်းက သူ့ကို အေးအေးဆေးဆေး ကြည့်ခွင့်ပေးထားခဲ့သည်။ သက်တော်စောင့်လေးယောက်က သူမကို ဝိုင်းရံထားသော်လည်း စူးချင်းကတော့ လုံးဝ ဂရုမစိုက်ပေ။ သူမက ဤနေရာမှ အန္တရာယ်ကင်းကင်း လွတ်မြောက်နိုင်ကြောင်း သူမကိုယ်သူမ ယုံကြည်ထားပြီးသား ဖြစ်ျသည်။
“ပြော!”
စူးချင်း၏တည်ငြိမ်နေသည့် အသွင်အပြင်ကြောင့် ဒုတိယမင်းသားက သူမကို ဖိအားပေးခြင်းက အလုပ်မဖြစ်ကြောင်း နားလည်သွားပြီး သူ သူမအပေါ်သို့ ဖိနှိပ်ထားသော အကြည့်ကို ဖယ်ရှားလိုက်ကာ စူးချင်းကို စကားပြောခွင့်ပေးလိုက်သည်။
"ဟုတ်ကဲ့၊ ပထမမင်းသားက ဒုတိယမင်းသားကို လုပ်ကြံဖို့ ကြံစည်နေတာကို ကျွန်တော်မျိုး သိခဲ့ရပါတယ်၊ ဒါကြောင့် သတင်းပို့ဖို့ ဒီကို ရောက်လာခဲ့တာပါ"
စူးချင်းက သွေးခွဲရန် စတင်လိုက်သည်။
ပထမမင်းသားလေးရဲ့လူတွေက သူမကို လိုက်ဖမ်းဖို့ ဒုတိယမင်းသားရဲ့နယ်မြေထဲကို မလိုက်လာရဲကြဘူး။ အဲ့တာကြောင့် သူမ သွေးထိုးလှုံဆောင်နိုင်မည်မယ်ဆိုတာ အရမ်း သေချာနေပြီ။ ဒုတိယမင်းသားကလည်း သူမ သတင်းပို့စရာ ရှိတယ်လို့ ပြောလိုက်တာနဲ့ လုံးဝ မစောင့်နိုင်တော့ဘဲ သူမကို ချက်ချင်းဝင်ခွင့်ပေးခဲ့တယ်။ ဒါက ညီအစ်ကိုတွေကြားထဲမှာ မပြေလည်မှုတွေ ရှိနေတာကို သက်သေပြနေတယ်။
တော်ဝင်မိသားစုက ညီအစ်ကိုတွေကြားထဲမှာ ညီအစ်ကိုအရင်းဆိုတာမျိုး မရှိပေ။ ပြီးတော့ သူမရှေ့က ဒုတိယမင်းသားကလည်း အခြားသူကို လက်အောက်ခံနိုင်မယ့်ပုံစံမျိုး မဟုတ်ဘူး။ ဒါကြောင့် သူမက ဒုတိယမင်းသား သူမရဲ့စကားကို ယုံကြည်မယ်လို့ လောင်းကြေးထပ်ခဲ့တာပါ။
စူးချင်း၏စကားကို ကြားနေရသော်လည်း ဒုတိယမင်းသား၏မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။ သူက စူးချင်းကို မှိုင်းညို့နေသော မျက်နှာဖြင့် စိုက်ကြည့်နေဆဲဖြစ်ကာ “မင်းက ငါတို့ ညီအစ်ကိုတွေကြားထဲမှာ သွေးခွဲဖို့ ကြိုးစားနေတာပဲ”
"ဒုတိယမင်းသားက ကျွန်တော်မျိုးကို မယုံရင် ကျွန်တော်မျိုးလည်း ဘာမှ မတက်နိုင်တော့ပါဘူး"
စူးချင်းက အငြင်းအခုံ မလုပ်ဘဲ စိတ်ပျက်ဟန်ဆောင်လိုက်သည်။
“ကျွန်တော်မျိုးက ဒီကိုလာပြီး သတင်းပို့ဖို့ ကျွန်တော်မျိုးရဲ့အသက်ကိုတောင်မမူပဲ စွန့်စားခဲ့ရတာပါ။ ပထမမင်းသားက သူ့ရဲ့လျှို့ဝှက်စကားတွေကို ကျွန်တော်မျိုး ခိုးနားထောင်နေတာကို သိသွားပြီး သူ့လူတွေက ကျွန်တော်မျိုးကို ဖမ်းဖို့ ဒီနေရာအထိ လိုက်လာကြတယ်။ ဒါတောင်မှ ဒုတိယမင်းသားက ကျွန်တော်မျိုးကို မယုံကြည်နိုင်သေးဘူးလား?”
ဒုတိယမင်းသားယဲ့လွီတက သူ့မျက်ခုံးကို ပင့်ကာ စူးချင်းကို စိုက်ကြည့်နေပြန်သည်။ စူးချင်းက သူမ၏စိတ်ဓာတ်ကျနေပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသည့်အမူအရာအား သူ့ကို မြင်ခွင့်ပေးထားခဲ့သည်။
ဒုတိယမင်းသားက သူ့လက်ကို မြှောက်လိုက်ပြီး စူးချင်းကို ခေါ်လာခဲ့သည့် စစ်သည်ကို ခေါ်လိုက်သည်။ ထို့နောက်က ဘာဖြစ်ခဲ့သည်ကို အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။ ထိုစစ်သည်က ပထမမင်းသား၏တပ်သားများက စူးချင်းကို လိုက်ဖမ်းနေကြောင်းနှင့် ယခုချိန်ထိ သူမကို ဖမ်းရန် အပြင်တွင် စောင့်နေကြသေးကြောင်း အလျင်အမြန် သတင်းပို့လိုက်သည်။
ယဲ့လွီတ၏မျက်နှာတွင် ဘာအမူအရာမှ မရှိသေးသော်လည်း သူက သူ့လက်တစ်ဖက်ကို ကုလားထိုင်၏လက်တင်ပေါ်သို့ တင်လိုက်ပြီး စူးချင်းကို နက်မှောင်သောမျက်လုံးများဖြင့် စိုက်ကြည့်နေရင်း ထပ်မေးလိုက်သည်။
"ပြောစမ်း၊ ပထမမင်းသားက ငါ့ကို ဘယ်လို သတ်ချင်နေတာလဲ?"
“ပထမမင်းသားက လူတစ်ရာကို တစ်ယောက်တည်း ယှဥ်ပြိုင်တိုက်ခိုက်နိုင်တဲ့ လူသားနတ်ဆိုးအုပ်စုကို လျှို့ဝှက်လေ့ကျင့်ပေးထားခဲ့ပါတယ်။ ပထမမင်းသားက အရှင့်ကို လုပ်ကြံဖို့ အဲ့လူသားနတ်ဆိုးတွေကို အသုံးပြုဖို့ ပြင်ဆင်နေတယ်"
စူးချင်းက ထိုအကြောင်းအရာများကို တမင်ဖန်တီးပြောဆိုနေခြင်း မဟုတ်ဘဲ ထိုလူသားနတ်ဆိုးများက အကြီးဆုံးမင်းသားနှင့် ဆက်နွှယ်နေသည်ဟု သူမ သံသယဖြစ်မိသောကြောင့် ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
သူတို့အချင်းချင်း ယှဥ်ပြိုင်ကြရင် မင်းညီမင်းသားတွေက တစ်ဖက်စီကို သူလျှိုတွေ လွှတ်ထားတက်ကြတယ်။ အဲ့တာမှ တစ်ဖက်လူရဲ့လှုပ်ရှားမှုတွေကို သူတို့ သိနိုင်လိမ့်မယ်။
အဲ့ဒါကြောင့် အဲ့ဒိလူသားနတ်ဆိုးတွေရဲ့တည်ရှိမှုကို ဒုတိယမင်းသားက သိနေမယ်လို့ သူမ ခန့်မှန်းနိုင်တယ်။
ဒုတိယမင်းသားက မျက်ခုံးပင့်လိုက်သည်။ သူအနေဖြင့် လူသားနတ်ဆိုးများ၏အကြောင်းကို များများစားစား မသိသော်လည်း ပထမမင်းသားဘက်တွင် လူသတ်သမားတစ်စု လျှို့ဝှက်လေ့ကျင့်ပေးထားကြောင်း သူ သိထားပြီး ဖြစ်သည်။ ထို့အပြင် မနေ့ညက သူ့စခန်းထဲသို့ အနက်ရောင်ဝတ်လူတစ်ယောက် ဝင်ရောက်လာခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူက မနေ့ညက မိန်းကလေးတစ်ဦးကို ရှာဖွေရန် ထွက်သွားခဲ့ပြီး တဲနန်းအတွင်းတွင် ရှိမနေသောကြောင့် ထိုဘေးဥပဒ်မှ လွတ်မြောက်နိုင်ခဲ့သည်။ သို့သော်လည်း သူ့၏အစောင့်သုံးယောက် အသတ်ခံခဲ့ရသောကြောင့် စူးချင်း၏ပြောနေသည့်စကားများက မှန်ကန်သည်ဟု သူ ယုံကြည်သွားခဲ့သည်။
သို့သော် ဒုတိယမင်းသားက သံသယအလွန်များသူ ဖြစ်ပြီး သူ့စိတ်ထဲတွင် ယုံကြည်နေသော်လည်း သူက ချက်ချင်း ဝန်မခံသေးပေ။ သူက သူ့မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်လိုက်ပြီး ပျင်းတိပျင်းတွဲဖြင့် စူးချင်းကို ထပ်မေးလိုက်သည်။
"မင်းပြောတဲ့ လူသားနတ်ဆိုးဆိုတာက ဘာကိုဆိုလိုတာလဲ?"
“နာကြည်းမှုတွေနဲ့ ရုတ်တရတ် သေဆုံးသွားတဲ့လူတွေရဲ့အတွင်းအင်္ဂါတွေကို ထုတ်ပစ်ပြီး နှလုံးကို ချန်ထားခဲ့တယ်။ ပြီးတော့ လူသားနတ်ဆိုးတွေ ဖန်တီးပြီး ဓား၊လှံလက်နက်တွေကို ခုခံကာကာကွယ်နိုင်အောင် လေ့ကျင့်ပေးထားတယ်။ အဲ့ဒါကြောင့် သိုင်းပညာမြင့်မားတဲ့သူတွေတောင် သူတို့ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး”
စူးချင်းက လူသားနတ်ဆိုးအကြောင်း သူမ သိသမျှကို ရှင်းပြလိုက်သည်။ သူမ၏ရှင်းပြချက်က အလွန်အသေးစိတ်ကျနေပြီး သူ သိထားသည့် လုပ်ကြံသတ်ဖြတ်သူများနှင့် ထပ်တူဖြစ်နေသောကြောင့် ဒုတိယမင်းသားက သူမကို ယုံကြည်သွားခဲ့သည်။
စူးချင်းက ဒုတိယမင်းသား၏မျက်လုံးများကို မသိမသာ စောင့်ကြည့်အကဲခတ်နေခဲ့ပြီး သူ့၏မျက်လုံးများက အနည်းငယ် ကျုံ့သွားပြီး အံကြိတ်နေသည်ကို သူမ မြင်လိုက်ရသောကြောင့် သူ သူမကို ယုံကြည်သွားကြောင်း စူးချင်း နားလည်သွားခဲ့သည်။
ဒုတိယမင်းသားက စူးချင်း၏စကားကို ယုံကြည်သော်လည်း စူးချင်းအပေါ်ရှိနေသည့် သူ့၏သံသယကိုတော့ လုံးဝ မဖြေလျှော့နိုင်သေးပေ။ သူက သူမ၏မျက်လုံးများကို စိုက်ကြည့်နေရင်း ထပ်မေးလိုက်သည်။
"မင်းက ဘာကြောင့် ငါ့ကို ကူညီနေရတာလဲ?"
“ကျွန်တော်မျိုး ငယ်ငယ်တုန်းက ဒုတိယမင်းသားတဆီကနေ ကြင်နာမှုအနည်းငယ် ရရှိခဲ့ပါတယ်”
စူးချင်းက ဖြောင့်မတ်လွန်ူသည့်အမူအရာဖြင့် ပြန်ဖြေလိုက်ပြီး ကျေဇူးတင်နေသည့် မျက်ဝန်းများဖြင့် ဒုတိယမင်းသားကို ကြည့်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူမက ဒုတိယမင်းသားကို အပြည့်အဝ လှည့်စားနိုင်ခဲ့သည်။
"မင်းနာမည် ဘယ်လိုခေါ်လဲ?"
ဒုတိယမင်းသား၏ လေသံက ပျော့ပျောင်းသွားခဲ့ပြီ ဖြစ်ကာ သူထံတွင် ရာဇ၀တ်သားကို စစ်ဆေးမေးမြန်းနေကဲ့သို့ ရန်လိုနေခြင်းမျိုး မရှိတော့ပေ။ သူက စူးချင်းကို ကြည့်ကာ အမည်ကိုပင် မေးနေခဲ့သည်။
"ကျွန်တော်မျိုးနာမည်က အားလူပါ"
စူးချင်းသည် ယဲ့လွီချွမ်း၏နောက်လိုက်က အားလူဖြစ်သည်ကို မှတ်မိနေပြီး သူမကိုယ်သူမ အားလူဟု မိတ်ဆက်လိုက်သည်။
"ကောင်းပြီ၊ အားလူ၊ မင်း အခုက စပြီး ငါ့ဆီမှာ နေလို့ရတယ်၊ အဲ့နေရာကို ပြန်သွားစရာ မလိုတော့ဘူး။ တစ်ယောက်လောက် လာစမ်း၊ သူ့ကို ရွှေတစ်တုံး ဆုချလိုက်”
ဒုတိယမင်းသားက စူးချင်းကို လုံးဝ လွှတ်ပေးလိုက်ခြင်းမျိုး မရှိပေ။ သူက သူမကို သူ့ထံတွင် နေနိုင်သည်ဟု ပြောခဲ့သော်လည်း သူမကို စောင့်ကြည့်ရန် တစ်ယောက်ယောက်ကို စေလွှတ်မည်မှာ သေချာနေသည်။
သူက သူမကို သိပ်မယုံသေးဘူး။
ဒါပေမယ့် သူက သူမ သတင်းလာပို့ပေးတဲ့အတွက် ဆုချဖို့ ရွှေတုံးတစ်တုံး ယူဆောင်လာပေးဖို့တော့ အမိန့်ပေးလိုက်သေးတယ်။
"ကျေးဇူးတင်ပါတယ် ဒုတိယမင်းသား"
စူးချင်း၏အမူအရာတွင် ကျေးဇူးတင်မှုများ၊ မြှောက်ပင့်မှုများဖြင့် ပြည့်နှက်နေသောကြောင့် ဒုတိယမင်းသား၏သံသယများက အနည်းငယ် လျော့ပါးသွားခဲ့သည်။
"သူ့ကို ပြန်ခေါ်သွားပြီး အနားယူခိုင်းလိုက်ကြ"
စူးချင်းက ဒုတိယမင်းသားကို ကျေးဇူးတင်ကြောင်း ထပ်ပြောလိုက်ပြီး ဦးညွှတ်ကာ ရွှေတုံးတစ်တုံးနှင့်အတူ ပြန်ထွက်လာခဲ့သည်။
တော်ဝင်မိသားစုတွေက တကယ်ချမ်းသာတယ်။ သူတို့ ဆန္ဒရှိရင် အချိန်တိုင်း ရွှေတောင်ပေးနိုင်ကြတယ်။ ဒီတစ်ခေါက်လာရတာ တန်တယ်။ သူတို့ကြားထဲက သဘောထားကွဲလွဲမှုတွေ ပိုများလာအောင် လုပ်နိုင်ရုံသာမကဘဲ ရွှေတစ်တုံးလည်း ရခဲ့သေးတယ်။
(T/N: ရွှေတုံးဆိုတာလေ တရုတ်ကားတွေထဲမှာ ပါတဲ့ ပိုက်ဆံအဖြစ်သုံးတဲ့ လှေခွက်လေးလို ရွှေတုံးကို ပြောတာဖြစ်မယ် ထင်တယ်)
ဒုတိယမင်းသား၏လူများက စူးချင်းကို တဲငယ်တစ်ခုဆီသို့ ခေါ်ဆောင်သွားကြပြီး ဒုတိယမင်းသား၏ ကြီးမားလှသောပြီး ဇိမ်ခံတဲနန်းကြီးနှင့် နှိုင်းယှဉ်ပါက ထိုတဲငယ်လေးက အထူးညံ့ဖျင်းလှသည်။
စူးချင်းက အထဲသို့ လှမ်းကြည့်လိုက်ရာ တဲအတွင်းပိုင်က ပို၍ ရိုးရှင်းပြီး ကြမ်းတမ်းပုံရသည်။ အထဲတွင် မီးလည်းမရှိဘဲ အတော်အေးမည့်ပုံပေါ်သည်။
“ဒီမှာ အနားယူ လို့ရတယ်၊ လျောက်မသွားနဲ့”
စူးချင်းကို လိုက်ပို့ပေးသော တာ့ထန်စစ်သည်က တဲ၏အတွင်းဘက်သို့ လက်ညှိုးထိုးပြလိုက်ပြီး သူမ အနားယူနိုင်ကြောင်း ပြောလိုက်သည်။ အပြင်ဘက်တွင် စစ်သည်နှစ်ဦး စောင့်ကြပ်နေသောကြောင့် စူးချင်းအနေဖြင့် သူမကို အကျယ်ချုပ်ချလိုက်ကြောင်း အတပ်သိနိုင်လေသည်။
စူးချင်းက တဲထဲသို့ လှမ်းဝင်လိုက်ရင်း တာ့ထန်စစ်သည်အား “ငါ ဗိုက်ဆာတယ်။ စားဖို့ တစ်ခုခု ယူလာပေးနိုင်မလား?"
စူးချင်းကို ဤနေရာသို့ လိုက်ပို့ပေးသည့် တာ့ထန်စစ်သည်က မျက်မှောင်ကြုတ်လိုက်သည်။ သတင်းပေးရန် ရောက်လာသည့် ဤကလေးက သူ့ကိုယ်သူ မာန်တက်လွန်းနေသည်ဟု သူ ခံစားလိုက်ရသည်။
ဒီကောင်လေးက သတင်းလေး တစ်ခုပေးရုံနဲ့ အောင်မြင်နိုင်မယ်လို့ ထင်နေတာလား? ဒုတိယမင်းသားက အရမ်းသံသယများတက်ပြီး ပထမမင်းသားရဲ့လူကို သြဇာကြီးမားတဲ့ရာထူးတစ်ခု ပေးမှာမဟုတ်ဘူး။
သို့သော်လည်း ထိုစစ်သည်က သူ့အတွေးများကို သူ့စိတ်ထဲတွင်သာ မျိုသိပ်ထားလိုက်ပြီး ထုတ်မပြခဲ့ပေ။ သူက အလွယ်တကူ သဘောတူလိုက်ပြီး ပြန်ထွက်သွားခဲ့သည်။
စူးချင်းက လှည့်ပတ်ကြည့်ရှုလိုက်ပြီး ထိုတဲငယ်လေး မြေပြင်ပေါ်မှ တစ်ဆယ်စင်တီမီတာကျော်ကျော်မြင်သော သစ်သားပြားများ ဝန်းရံကာ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။ အိပ်ရာကို ဝံပုလွေသားရေနှင့် သိုးသားရေများဖြင့် ဖုံးအုပ်ထားသည်။ တိရစ္ဆာန်အရေခွံများပေါ်ရှိ အမွေးများက ကြေမွကာ ညစ်ပတ်နေပုံရသောကြောင့် အချိန်အကြာကြီး အသုံးပြုခဲ့ပြီးကြောင်း သိသာနေသည်။
စူးချင်းက ဤတိုင်းပြည်တွင် တိရိစ္ဆာန်အရေခွံများကို အဝတ်အစားအဖြစ် ဝတ်ဆင်ကာ ၎င်းတို့၏ အိပ်ရာများကိုလည်း တိရိစ္ဆာန်အရေခွံများကို ဖုံးအုပ်လေ့ရှိကြောင်း နားလည်လာခဲ့သည်။
သူတို့ခန္ဓာကိုယ်မှာ ညှီနံ့တွေရနေတာ အံ့သြစရာ မရှိတော့ပါဘူး။
စူးချင်းတစ်ယောက် တာ့ထန်၏ရေကန်ကို မွှေနှောက်နေချိန်တွင် ကျိရွှေရှန့်က တိုင်းပြည်နှစ်ခုကို ပိုင်းခြားထားသည့် တံတားကို ဖြတ်၍ တာ့ထန်အတွင်းသို့ ဝင်ရောက်လာတော့မည် ဖြစ်သည်။ သူ တံတားကို ဖြတ်ကျော်ကာ လီအနည်းငယ် အကွာအဝေးသို့ ရောက်လာခဲ့သော်လည်း အရေးပေါ်အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။