← Chapters

တာ့ထန်ရဲ့အလှဆုံးမိန်းကလေး

Vol. 17 Ch. 247

တာ့ထန်ရဲ့အလှဆုံးမိန်းကလေး

Vol. 17 Ch. 247

"ဝူး... ဝိုး! ကူညီကြပါဦး!"

အမျိုးသမီးအသံတစ်သံ အဝေးမှ ထွက်ပေါ်နေပြီး သူမက တာတာ့တို့၏ဘာသာစကားကို အရင်ပြောလိုက်ပြီး ဟန်လူမျိုးတို့၏ဘာသာစကားဖြင့် ထပ်အော်နေခဲ့သည်။ ကျိရွှေရှန့်က သူကို ရှာဖွေတွေ့သွားမည်အား စိုးရွံ့နေသောကြောင့် အခြားသူများ၏အလုပ်တွင် ဝင်ရောက်စွက်ဖက်လိုခြင်း မရှိပေ။ သူက ရှေ့သိူ့သာ ဆက်လျှောက်လှမ်းနေခဲ့သည်။

“ကယ်ကြပါ... ဟေး... ကယ်ကြပါဦး”

တောရိုင်းဝံပုလွေငါးကောင်က အနီရောင်ဝတ်စုံဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးကို ဝိုင်းရံထားပြီး ထိုမိန်းမလှလေးက ဓားမောက်ရှည်ကို ကိုင်ကာ ဝံပုလွေများ၏အလယ်တွင် ရပ်နေပြီး တုန်ယင်နေလေသည်။ သူမ၏ပခုံးပေါ်တွင်လည်း လေးနှင့်မြှားကို ရှိနေခဲ့သည်။ သူမက ကျိရွှေရှန့်ကို မြင်သွားပြီး ကြာက်လန့်တကြား အော်ခေါ်ကာ အကူအညီ တောင်းနေခဲ့သည်။

သူမ၏အော်သံကြောင့် ဝံပုလွေများက သွားဖြဲကာ သူမဆီသို့ ပိုချဉ်းကပ်သွားကြသည်။ ထိုမိန်းကလေးက အလွန်ထိတ်လန့်နေပုံရပြီး ဓားမောက်ရှည်ကို မြှောက်ကာ လှည့်ပတ် ဝှေ့ယမ်းနေရင်း ဝံပုလွေရိုင်းများကို အော်ဟစ်နေခဲ့သည်။

“ထွက်သွား၊ ထွက်သွားကြ၊ နင်တို့တွေ ထွက်သွားဖို့ ငါ အမိန့်ပေးတယ်"

သို့သော်လည်း ဝံပုလွေအုပ်စုက ထိုတိုက်ပွဲကို အမြန်အဆုံးသတ်ချင်နေပုံရပြီး သူတို့က ကျောများကို ကိုင်းထားကာ အချိန်မရွေး တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပုံရသည့် မျက်လုံးစိမ်းများဖြင့် ထိုမိန်ခကလေးကို စိုက်ကြည့်နေကြသည်။

ကျိရွှေရှန့်က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်သော်လည်း အဆုံးတွင် သူက ထိုမိန်းကလေးကို ကယ်တင်ရန် နောက်သို့ပြန်လှည့်သွားသေးသည်။ အားနည်းသော မိန်းကလေးတစ်ဦးအား ဝံပုလွေများ ကိုက်ဖြတ်စားသောက်မည်ကို သူ မကြည့်ရက်ပေ။

သူ ခဏတဖြုတ် တုံ့ဆိုင်းနေစဥ်မှာပင် ခေါင်းဆောင်ဖြစ်ဟန်တူသည့် ဝံပုလွေက ထိုမိန်းကလေး ခုပ်အုပ်လိုက်သည်။ ထိုမိန်းကလေးက သူမ၏မျက်လုံးများကို မှိတ်ချလိုက်ပြီး သူမ၏လက်ထဲမှ ဓားမောက်ရှည်ကို ဝှေ့ယမ်းကာ အော်ဟစ်နေခဲ့သည်။ အခြားသော ဝံပုလွေများက သူမကို တိုက်ခိုက်ရန် အခွင့်အလမ်းကို ရှာတွေ့သွားခဲ့ပြီး ထိုမိန်းမလှလေးက ဝံပုလွေများ၏ပါးစပ်ထဲတွင် သေရတော့မည့် အခြေအနေသို့ ရောက်နေခဲ့သည်။

ကျိရွှေရှန့်က သူ့လေးကို ထုတ်ကာ လေးညှို့ကို ဆွဲတင်လိုက်သည်။ ထို့နောက် သူက မြှားနှစ်စင်းကို တစ်ပြိုင်နက် ပစ်နိုင်သည့် သူ့၏အဆုံးစွန်သော စွမ်းရည်ကို အသုံးပြုခဲ့သည်။ သူ့၏မြှားတစ်စင်းက ဝံပုလွေခေါင်းဆောင်ကို ပစ်သတ်နိုင်ခဲ့ပြီး ကျန်မြှားတစ်စင်းက မိန်းမလှလေးကို အနောက်မှ တိုက်ခိုက်ချောင်းမြောင်း တိုက်ခိုက်နေသည့် မီးခိုးရောင်ဝံပုလွေတစ်ကောင်ဆီသို့ ပြေးဝင်သွားခဲ့သည်။

“အီး.......အူးးးးးးးးး”

ဝံပုလွေခေါင်းဆောင်နှင့် မီးခိုးရောင်ဝံပုလွေတို့က ချွန်ထက်သောမြှားများဖြင့် အပစ်ခံလိုက်ရပြီး ရှည်လျားစွာ အူသံနှင့်အတူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားခဲ့ကြသည်။ ကျိရွှေရှန့် ဝံပုလွေခေါင်းဆောင်အား ပစ်သတ်လိုက်သည်ကို မြင်လိုက်ချိန်တွင် အခြားဝံပုလွေသုံးကောင်က သူတို့၏ခေါင်းဆောင်ဝံပုလွေအတွက် လက်စားချေရန် ထိုမိန်းမလှလေးကို ချန်ထားခဲ့ပြီး ကျိရွှေရှန့်ကို တိုက်ခိုက်ကြတော့သည်။

ကျိရွှေရှန့်၏အမူအရာက ပြောင်းလဲမသွားဘဲ သူ၏ဘယ်ဘက်ဒူးက ရှေ့သို့ ရွေ့သွားပြီး ညာဘက်ခြေထောက်ကို နောက်သို့ ကန်ထုတ်ကာ ဟန်ချက်ညီညီ ပြန်ရပ်လိုက်သည်။ ထိုနောက် သူက မြှားနှစ်ချောင်းကို ထပ်ဆွဲထုတ်လိုက်ပြီး သူရှေ့သို့ ပြေးဝင်လာနေသည့် ဝံပုလွေနှစ်ကောင်ကို ပစ်သတ်လိုက်သည်။

ဝါးမြှားနှစ်ချောင်းက လေတိုးသံနှင့်အတူ ပြေးထွက်သွာပြီး ဝံပုလွေနှစ်ကောင်၏ ဦးခေါင်းများကို ထိုးဖောက်ကာ မြှားတစ်ချောင်းစီဖြင့် ပစ်သတ်ခံလိုက်ကြရသည်။ ကျန်ဝံပုလွေက ကျိရွှေရှန့် မည်မျှ အင်အားကြီးမားသည်ကို မြင်သွားပြီး ကြောက်လန့်တကြား လှည့်ထွက်ပြေးသွားခဲ့သည်။

ဝံပုလွေများ၏ တိုက်ခိုက်မှုကြောင့် တုန်ယင်နေခဲ့သည် အမျိုးသမီးက သူမ၏ စိတ်ဝိညာဉ်ကို ပြန်လည်ရရှိလာပြီး သူမ၏ မြှားကျည်တောက်ထဲမှ မြှားတစ်စင်းကို ဆွဲထုတ်ကာ ထိုဝံပုလွေကို ပစ်သတ်လိုက်သည်။

သူမ၏ လေးပစ်ဟန်က အလွန်မာန်ပါလှပြီး သူမဝတ်စုံ၏လည်ပင်းတစ်ဝိုက်ရှိ အဖြူရောင်မြေခွေးမွှေးများကို လေနှင့်အတူ လွင့်ပျံနေခဲ့သည်။ သူမ၏လှပသော မျက်နှာသွင်ပြင်က နေရောင်အောက်တွင် နုပျိုတောက်ပနေကာ တောက်ပမှုအပေါင်းဖြင့် လင်းလက်နေခဲ့သည်။ သူမ၏ပယင်းရောင်မျက်လုံးများကလည်း ထူးထူးခြားခြား လင်းလက်တောက်ပသော မျက်ဝန်းများ ဖြစ်နေပြန်သည်။

သူမက အရပ်ရှည်ပြီး ဖွံ့ဖွံ့ဖြိုးဖြိုး ပုံသဏ္ဍန်ဖြစ်ကာ သူမက နှင်းဆီပန်းကဲ့သို့ ရဲရဲဝင့်ဝင့် လှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ပင်ကိုယ်စရိုက်က သူမ၏အဝတ်အစားများကဲ့သို့ စွဲဆောင်မှုများ ပြည့်နေလေသည်။

သူမ အန္တရာယ်မရှိတော့သည်ကို မြင်လိုက်ရသောကြောင့် ကျိရွှေရှန့်က သူမကို စိတ်မပူတော့ရန် ဆုံးဖြတ်လိုက်သည်။ သူက သူ့အထောက်အထားကို ဖော်ထုတ်မိလိုက်သောကြောင့် တာ့ထန်သို့ မသွားနိုင်တော့ဘူးဟု တွေးကာ မော့ချန်သို့ အရင်ပြန်ရန် ဆုံးဖြတ်လိုက်သည်။

စူးချင်းက ‌မော့ချိန်ကို ပြန်ရောက်နေတာမျိုးလည်း ဖြစ်နိုင်သေးတယ်?

"ကျေးဇူးရှင်ကြီး၊ မသွားပါနဲ့ဦး"

ကျိရွှေရှန့် ပြန်ထွက်သွားသည်ကို မြင်လိုက်ချိန်တွင် ထိုမိန်းခလေးက သူ့နောက်သို့ ပြေးလိုက်လာခဲ့သည်။ သူမ၏အနက်ရောင်ဆံပင်များက လေထဲတွင် တဖျပ်ဖျပ်လွင့်ပျံနေပြီး သူမ၏အင်္ကျီမှ အဖြူရောင်မြေခွေးများက သူမ၏မျက်နှာကို ပို၍ နုပျိုလှပလာစေသည်။ သူမ၏ ပယင်းရောင်မျက်လုံးများတွင် စိုးရိမ်ရိပ်များ ပြည့်နှက်နေခဲ့သည်။

“…”

ကျိရွှေရှန့်က သူမကို လျစ်လျူရှုထားပြီး မည်းမှောင်သော မျက်နှာဖြင့် ဆက်လျှောက်လှမ်းနေကာ တံတားကို ဖြတ်ရန် ပြင်လိုက်သည်။

"ဟေ့ ရှင်က ကျွန်မကို ကယ်ခဲ့တဲ့အတွက် တစ်ခုခု ပြန်ပေးချင်တယ်"

ယဲ့လွီဆိုင့်ယာက အလွန်စိုးရိမ်နေပုံရပြီး သူမ သိုးသားရေဖိနပ် ဝတ်ဆင်ထားသည့် ခြေထောက်ကို ဆောင့်နင်းနေသောကြောင့် သူမဖိနပ်မှ ငွေခြူလေးများက လေနှင့်အတူ ယိမ်းနွဲ့ကာ ကြည်လင်သာယာသောအသံများ ထွက်ပေါ်နေသည်။

"မလိုပါဘူး"

ကျိရွှေရှန့်က နောက်သို့ပြန်မလှည့်ဘဲ တံတားပေါ်သို့ တက်နေခဲ့သော်လည်း ထိုမိန်းခလေး၏စကားများကို ကြားလိုက်သောကြောင့် သူ့ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။

“ကျွန်မက တာ့ထန်ရဲ့မင်းသမီးနော်။ ကျွန်မတို့ တာတာလူမျိုးတွေက ကျေးဇူးတရားကို ပြန်ပေးဆပ်တက်ကြတယ်။ ရှင် ကျွန်မနဲ့အတူ နန်းတော်ကို ပြန်လိုက်မယ်ဆိုရင် ရှင့်ကို ကြီးကြီးကျယ်ကျယ် ဆုချပေးဖို့ ကျွန်မအမေကို တောင်းဆိုပေးမယ်"

တာ့ထန်တိုင်းပြည်ရဲ့မင်းသမီး..... ဒါက ကောင်းကောင်းမွန်မွန် အသုံးချနိုင်တဲ့ အမှတ်အသားတစ်ခုပဲ။

ကျိရွှေရှန့်က နောက်သို့ ပြန်လှည့်ကြည့်လိုက်ပြီး ထိုမိန်းခလေးကို အလေးအနက် စိုက်ကြည့်လိုက်သည်။ သူက ဘာမှ ပြန်မပြောသော်လည်း ရဲရင့်သော အတွေးတစ်ခုက သူ့စိတ်ထဲတွင် လှည့်ပတ်နေခဲ့သည်။

ဒါက တာ့ထန်တော်ဝင်မိသားစုနဲ့ နီးစပ်ဖို့ အကောင်းဆုံးအခွင့်အရေးပဲ။ သူတို့နဲ့ နီးကပ်အောင် ချဉ်းကပ်နိုင်ရင် တာ့ထန်စစ်သည်တွေက ဘာကြောင့် မော့ချန်ကို တိုက်ခိုက်တယ်ဆိုတာကို သူ စုံစမ်းနိုင်လိမ့်မယ်။

ကျိရွှေရှန့်က ရပ်သွားသည်ကို မြင်လိုက်ချိန်တွင် ယဲ့လွီဆိုင့်ယာက သူ့ကို ပြုံးပြလိုက်သည်။ သူမ ပြုံးလိုက်သောအခါတွင် သူမ၏ပါးစပ်ထဲမှ သွားဖြူဖြူလေးများ ပေါ်လာပြီး သူမ၏မျက်လုံးများက မီးရောင်ကဲ့သို့ တောက်ပနေကာ သူမ၏တစ်ကိုယ်လုံးက ပန်းပွင့်လေးကဲ့သို့ လှပနေသည်။

သူမက ကျိရွှေရှန့်အား ရွှင်မြူးနေသည့်လေသံဖြင့် လှမ်းမေးလိုက်သည်။

"ကျေးဇူးရှင်ကြီး၊ ရှင့်နာမည်ဘယ်လိုခေါ်လဲ?"

"ကျိရွှေရှန့်"

ကျိရွှေရှန့်က သူ့နာမည်ကို ပြန်ပြောပြလိုက်သည်။ ဤအမည်က အလွန်အသုံးများလှပြီး အခြားသူများ သိသွားမည်ကို ကြောက်နေရန် မလိုအပ်တော့ပေ။ တာ့ထန်မှ လူများကတော့ ထိုအမည်ကို ကြားဖူးမည်မဟုတ်ကြောင်း သူ ယုံကြည်နေခဲ့သည်။

"ကျိရွှေရှန့်? ရှင့်ကို ရေထဲမှာ မွေးတာလား?"

ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့်ကို စူးစူးရဲရဲ စိုက်ကြည့်နေသည်။ သူမ သိထားသည့် ဟန်လူမျိုများ၏အမည်များက နားထောင်၍ ကောင်းလှပြီး များသောအားဖြင့် ထိုအမည်များ၏နောက်ကွယ်တွင် အဓိပ္ပာယ်များ ရှိနေတက်သည်။ ထို့ကြောင့် ကျိရွှေရှန့်က ရေထဲတွင် မွေးဖွားလာသည်ဟု သူမ ခန့်မှန်းလိုက်သည်။

“…” ကျိရွှေရှန့်တစ်ယောက် ပြောစရာ စကားမဲ့သွားတော့သည်။

တကယ်တော့ ဒါက တော်တော်လေး ဆက်စပ်မှုရှိတယ်လို့ ပြောနိုင်တယ်။ အဲ့တုန်းက သူတို့တွေ ရေထဲကို ခုန်ချပြီး ထွက်ပြေးလွတ်မြောက်နိုင်ခဲ့တာကြောင့် သူ့မွေးစားအဖေက သူ့ကို ရွှေရှန့်လို့ နာမည်ပေးခဲ့တာပါ။

"ရှင် ကျွန်မကို နန်းတော်ထဲရောက်အောင် ပြန်ပို့ပေးရင် ရှင်ကို ရွှေလျန်တစ်ရာနဲ့ သိုးသားရေဆယ်လိပ် ဆုပေးမယ်"

ကျိရွှေရှန့်က တိတ်ဆိတ်နေသည်ကို မြင်လိုက်ရသောကြောင့် ယဲ့လွီဆိုင့်ယာက သူ့အကြောင်းကို ပို၍ပင် သိချင်လာခဲ့သည်။ ထို့အပြင် သူမ၏မြင်းက ထွက်ပြေးသွားသောကြောင့် ဝံပုလွေအုပ်နှင့် နောက်ထပ် ထပ်တွေ့မည်ကို သူမ စိုးရိမ်နေမိသည်။ သူမကို ‌စောင့်ရှောက်ပေးရန် တစ်စုံတစ်ယောက် လိုအပ်နေသောကြောင့် သူမက တန်ဖိုးကြီးကြီးဖြင့် ကမ်းလှမ်းလိုက်သည်။

"မင်းတို့လူမျိုးတွေက ငါ့ကို သတ်မှာကို ငါ ကြောက်တယ်"

ကျိရွှေရှန့်က အေးအေးဆေးဆေး ပြန်ဖြေလိုက်ပြီး ဤမင်းသမီးလေးက သူမတို့၏စစ်သည်များ မော့ချန်ကို တိုက်ခိုက်ခဲ့ခြင်းအား သိ မသိ စမ်းသပ်လိုက်သည်။

“မကြောက်ပါနဲ့။ ကျွန်မ ရှင့်ကို ကာကွယ်ပေးနိုင်တယ်"

ယဲ့လွီဆိုင့်ယာက သူမ၏ရင်ဘတ်ကို ပုတ်လိုက်ပြီး ခံ့ညားသော ပုံစံဖြင့် ကျိရွှေရှန့်ကို ပြန်ပြောလိုက်သည်။

တာ့ထန်ပြည်ထောင်တွင် မင်းသားများစွာ ရှိသော်လည်း သူမက တစ်ဦးတည်းသော မင်းသမီးဖြစ်သောကြောင့် သူမက ငယ်စဉ်ကတည်းက အမြဲတမ်း အလိုလိုက်ခံရသူ ဖြစ်သည်။ သူမက ရာဇပလ္လင်အတွက် တိုက်ပွဲတွင် မပါဝင်သောကြောင့် သူမ၏ခမည်းတော်နှင့် မယ်တော်တို့က သူမကို ချစ်မြတ်နိုးကြပြီး တော်ဝင်အစ်ကိုတော်များက သူမကို အလွန်အလိုက်သောကြောင့် သူမက တာ့ထန်နိုင်ငံတော်တွင် မာနထောင်လွှားပြီး ဥပဒေမဲ့နေထိုင်နိုင်လောက်သည်အထိ အထောက်အပံ့ရရှိထားသူ ဖြစ်သည်။

"ကောင်းပြီ ဒါဆို ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်"

ကျိရွှေရှန့်က သူမကို ကတိပေးလိုက်ပြီး သူမအား တာချန်သို့ ပြန်ပို့ပေးရန် သဘောတူလိုက်သည်။

ယဲ့လွီဆိုင့်ယာက အလွန်ပျော်ရွှင်သွားပြီး ပန်းလေးတစ်ပွင့်ကဲ့သို့ ပြုံးနေကာ ကျိရွှေရှန့်ကို စိုက်ကြည့်နေပြီး မြေပြန့်လွင်ပြင်မှ ယောက်ျားများက အလွန်ချောမောသည်ဟု တွေးနေခဲ့သည်။

ကျိရွှေရှန့်က စူးချင်း၏ မျက်လုံးများထဲတွင် သူ့၏ရုပ်ဆိုးနေသည့် မျက်နှာကို မရှိစေချင်ပေ။ ရုပပ်ဆိုးနေသည့် မျက်နှာဖြင့်လည်း စကားမပြောချင်ပေ။ ထို့ကြောင့် ရုပ်သွင်ပြောင်းဆေးကို သောက်ပြီးနောက်တွင် ကျိရွှေရှန့်က ကြမ်းတမ်းသောလူ မဟုတ်တော့ပေ။ ထိုအစား သူက ကောင်းမွန်သော အနားသတ်များရှိသည့်မျက်နှာနှင့် ထူထဲသောမျက်ခုံးအောက်ရှိ ကျားမျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။ မြင့်မားသော နှာခေါင်းနှင့် နှုတ်ခမ်းပါးပါးတို့က သူ့၏တင်းမာသော စိတ်ထားနှင့် လိုက်ဖက်ညီနေပြီး သူက အလွန်ဆွဲဆောင်မှုရှိနေဆဲဖြစ်သည်။

ယဲ့လွီဆိုင့်ယာကလည်း တာ့ထန်အမျိုးသမီးများထဲတွင် အလှဆုံးမိန်းကလေးအဖြစ် လူသိများသူ ဖြစ်သည်။ သူမ၏လက်အောက်မှ မျိုးနွယ်စုခေါင်းဆောင်များနှင့် အခြားတိုင်းပြည်ငယ်လေးများမှ မင်းသားများက သူမ၏အလှကို သဘောကျကြပြီး လက်ထပ်ခွင့်တောင်းရန် တာ့ထန်သို့ ရောက်လာတက်ကြသည်။

သို့သော် ယဲ့လွီဆိုင့်ယာက ၎င်းတို့ထဲမှ တစ်ဦးကိုမျှ သဘောမကျခဲ့ပေ။ အထူးသဖြင့် အနံ့အသက်ဆိုးများ ရှိနေသည့် လူမျိုးစုခေါင်းဆောင်များတွင် ညိုမည်းနီရဲနေသော မျက်နှာများနှင့် မုတ်ဆိတ်မွေးများ အပြည့်ရှိနေတက်သည်။ ထို့အပြင် သူတို့က ရိုင်းရိုင်းစိုင်းစိုင်းနှင့် ကြမ်းကြမ်းတမ်းတမ်း ပြောဆိုတက်သောကြောင့် သူမက ထိုမျိုးနွယ်စုခေါင်းဆောင်များကို လုံးဝ မကြိုက်ပေ။

ယဲ့လွီဆိုင့်ယာက တာ့ရှားပြည်ထောင်သို့ အကြိမ် အနည်းငယ် ရောက်ဖူးခဲ့ပြီး တာ့ရှားပြည်ထောင်မှ အမျိုးသားများက အလွန်သန့်ရှင်းလန်းဆန်းကြောင်း သိထားခဲ့သည်။ သူတို့တွင် သိုးသားရေအနံ့များ မရှိသလို ပြေပြစ်သောပုံစံဖြင့် ပြောဆိုတက်ကြသည်။ သူတို့က တာ့ထန်မှ ယောက်ျားများထက် ပိုကောင်းသည်ဟု သူမ ခံစားခဲ့ရသည်။

သို့သော် သူတို့က အလွန်အားနည်းသည်ဟုလည်း သူမ ခံစားခဲ့ရပြီး ထိုပိန်လှီသောခန္ဓာကိုယ်က သူတို့၏အမျိုးသမီးများကို ကာကွယ်နိုင်ပါ့မလားဟု သူမ တွေးတောမိခဲ့သည်။

ယနေ့ ကျိရွှေရှန့်ကို တွေ့လိုက်ရချိန်တွင် ယဲ့လွီဆိုင့်ယာက စိတ်လှုပ်ရှားသွားခဲ့သည်။ သူက သူမ စိတ်ကူးယဉ်ထားသည့် ကြင်ယာတော်နှင့် အတိအကျ တူနေပြီး သူက ငယ်ရွယ်နုနယ်သည့် သခင်လေး မဟုတ်ဘဲ သန်မာပြီး သိုင်းပညာကျွမ်းကျင်သော သူရဲကောင်းတစ်ဦး ဖြစ်သည်။

တာ့ထန်တွင် အရေးကြီးဆုံးအရာက လေးပစ်ကျွမ်းကျင်ခြင်း ဖြစ်သည်။ ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့်၏မြားပစ်စွမ်းရည်ကို အထူးသဘောကျနေခဲ့သည်။ သူမတို့ တိုင်းပြည်တွင် နှစ်စဉ် သူရဲကောင်းများ ရွေးချယ်တက်ပြီး လေးပစ်ကျွမ်းကျင်သူများက ထိုသူရဲကောင်းညီလာခံတွင် ပါဝင်နိုင်သည်။

သို့သော် တာ့ထန်၏သူရဲကောင်းညီလာခံမှ အကောင်းဆုံးလေးပစ်သမားပင် မြှားနှစ်စင်းကို တပြိုင်တည်း ပစ်ခတ်ပြီး ထိုမြှားနှစ်စင်းလုံး ပစ်မှတ်ကို ထိနိုင်မိမည်ဟု အာမ,မခံနိုင်ပေ။ ထို့ကြောင့် ကျိရွှေရှန့်၏မြားပစ်စွမ်းရည်က တာ့ထန်မှ သူရဲကောင်းများ၏မြှားပစ် စွမ်းရည်ထက် ပိုမြင့်မားသည်ဟု ပြောနိုင်သည်။

မိန်းကလေးအားလုံးက သူရဲကောင်းများကို အထူးနှစ်သက်ကြသည်။

ယဲ့လွီဆိုင့်ယာက သူမ၏ ကိုယ်ပိုင်အတွေးများကြောင့် ကျိရွှေရှန့်ကို တာ့ထန်သို့ အရင် ခေါင်ဆောင်သွားနိုင်ရန် အရင် လှည့်စားခဲ့ခြင်း ဖြစ်သည်။

All Chapters