← Chapters

စူးချင်း ကူညီပေးခြင်း

Vol. 17 Ch. 252

စူးချင်း ကူညီပေးခြင်း

Vol. 17 Ch. 252

"ယဲ့လွီဟမ် မင်းရဲတင်းလှချီလား?!"

ဧကရီက ယဲ့လွီဟမ်၏ရှေ့တွင် ရပ်ကာ ‌အော်ဟစ်လိုက်သော်လည်း အမှန်တကယ်တွင် သူမ အလွန်စိုးရိမ်နေပြီ ဖြစ်သည်။ ယဲ့လွီဟမ်ထံတွင် ဧကရာဇ်မင်းမြတ်ကို တွေ့ရသလို သတ်မှတ်နိုင်သော သင်္ကေတတစ်ခု ရှိနေပြီး သူက သူ အလိုရှိသည့် မည်သည့်နေရာကိုမဆို သွားလာနိုင်သည်။ ထိုသင်္ကေတကို မြင်‌နေရလျှင် တော်ဝင်သက်တော်စောင့်များက သူ့ကို တားဆီးရဲမည် မဟုတ်ပေ။ သူမ သား၏အသက် သေခြင်း ရှင်ခြင်းနှင့် ပတ်သတ်နေသောကြောင့် သူမက အလျှော့မပေးဘဲ ယဲ့လွီဟမ်ကို တားဆီးရန် သူမ၏ဧကရီဟူ‌သော အထောက်အထားကို အသုံးပြုချင်နေခဲ့သည်။

"မယ်တော်၊ ဒီသားတော်က တိုင်းပြည်အကျိုးအတွက် မယ်တော့်ကို စော်ကားမိပါတယ်"

ယဲ့လွီဟမ်၏ အေးစက်သော မျက်လုံးများတွင် မထီမဲ့မြင်မှုများ ပြည့်နှက်နေပြီး သူက ဧကရီထံသို့ လက်ဟန်ဖြင့် ဦးညွှတ်လိုက်ကာ စခန်းထဲသို့ဝင်ရန် သူမကို လှည့်ပတ်သွားလိုက်သည်။

“ပထမမင်းသားက အရမ်းလွန်နေပြီ။ သူနဲ့ တိုက်ကြရအောင်"

ထိုအခိုက်အတန့်တွင် ဒုတိယမင်းသား၏တပ်ဖွဲ့ထဲမှ အမည်မသိစစ်သည်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်သည်။ မူလတွင် ဒုတိယမင်းသား၏ စစ်သည်များက အကျပ်ရိုက်နေခဲ့သော်လည်း တစ်စုံတစ်ဦးက စတင်အော်ဟစ်လိုက်သောအခါတွင် သူတို့အားလုံး ဒေါသပိုထွက်လာကြသည်။

ပထမဆုံး လုပ်ကြံဖို့ လူလွှတ်တယ်၊ အခုတော့ တံခါးကို ပိတ်ဆို့ပြီး အနိုင်ကျင့် အရှက်ခွဲတယ်၊ ပထမမင်းသားက အရမ်းလွန်နေပြီ မဟုတ်လား?

ဒုတိယမင်းသား၏ သက်တော်စောင့်များက ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ်စေမည့်အသံများဖြင့် ကြွေးကြော်လိုက်ကြသည်။ ပထမမင်းသားက သူ “ဧကရာဇ်ကိုယ်တိုင် ‌ရောက်လာသကဲ့သို့” ဟူသည့် ခါးချိတ်တံဆိပ်ပြားကို ထုတ်ပြီးနောက် မည်သူမျှ သူ့ကို တားရဲမည်မဟုတ်ဟု တွေးထားသောကြောင့် အံ့အားသင့်သွားခဲ့သည်။

ဒုတိယမင်းသားရဲ့လူတွေက တကယ်ကို ရဲရင့်ကြတယ်။ သူ ဒီလူတွေကို မဖြစ်မနေ ဖယ်ရှားပစ်ဖို့ လိုအပ်နေပြီ။

သူတို့မှာ သူ့ကို တားဖို့ သတ္တိရှိရင် ပုန်ကန်တယ်ဆိုတဲ့ အကြောင်းပြချက်ကို အသုံးချပြီး သူတို့ကို ဖယ်ရှားပစ်နိုင်လိမ့်မယ်။

ဧကရီက အလွန်စိုးရိမ်နေပြီး သူမ၏မျက်နှာပင် ဖြူဖျော့လာပြီ ဖြစ်သည်။ သူမက နောက်သို့ ပြန်လှည်းလိုက်ပြီး ဒုတိယမင်းသား၏စစ်သည်များကို တားဆီးရန် ပြန်ဆင်လိုက်သော်လည်း သူတို့အားလုံး၏ တိုက်ချင်ခိုက်ချင်စိတ်က အဆုံးစွန်အထိ မြင့်မားနေသည်ကို သူမ မြင်လိုက်ရသည်။

အခုနေ အဲ့စိတ်ဓာတ်တွေကို ချိုးနှိမ်က်ရင် နောက်တစ်ခါ တိုက်ပွဲဝင်တဲ့အခါ အပြတ်အသတ် ရှုံးနိမ့်ရလိမ့်မယ်။

အတွေးပေါင်းများစွာကြောင့် ဧကရီက သူမ၏နှလုံးသားထဲမှ အပြင်းအထန် လွန်ဆွဲနေခဲ့သည်။

သူမဘက်မှာ လူ နည်းနည်းပဲ ရှိပြီး ဒုတိယမင်းသားကတော့ သူမထက် လူပိုများတယ်။ အရင်က သူမတို့မှာ တော်ဝင်သက်တော်စောင့်တပ်ဖွဲ့ ရှိနေပေမယ့် အခု ခါးချိတ်တံဆိပ်ပြားကြောင့် တော်ဝင်သက်တော်စောင့်တပ်က ငြိမ်သက်နေပြီး လုံးဝ မလှုပ်ရဲကြတော့ဘူး။

ပြီးတော့ ပထမမင်းသားက သူမတို့ ပုန်ကန်တယ်လို့ စွပ်စွဲမှာလား?

"ငါ့ကို တားဆီးဖို့ သတ္တိရှိတဲ့ ဘယ်သူမဆို တိုင်းပြည်ကို ပုန်ကန်မှုနဲ့ ကွပ်မျက်ခံရလိမ့်မယ်"

ပထမမင်းသားလေး၏ မျက်လုံးများက စူးစူးရဲရဲ တောက်ပလာပြီး သူ့က သူ့ကိုးကွင်းဓားကို မြှောက်ကာ ဒုတိယမင်းသား၏တပ်ဖွဲ့ကို ‌အော်ဟစ်နေပြီး သူ့၏အသံတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေလေသည်။

"ပထမမင်းသားက ဒုတိယမင်းသားကို ဒုက္ခပေးချင်တာပဲ၊ သူတို့ကို တိုက်ကြ"

ပထမဆုံးအော်ဟစ်ခဲ့သည့် ဒုတိယမင်းသား၏လူက ထပ်အော်လိုက်သောကြောင့် ဒုတိယမင်းသား၏လူများအားလုံး နှိုးဆော်ခံလိုက်ရကာ “အကုန် တိုက်ကြ၊ ငါလည်း တိုက်မယ်၊ တိုက်မယ်၊ တိုက်ကြမယ်” စသည်ဖြင့် ကြွေးကြော်နေကြတော့သည်။

ဝှီး...

တိမ်ကို ဖောက်တော့မလို ဖြစ်နေသည့် မြှားတစ်စင်းက ယဲ့လွီဟမ်ဆီသို့ ပြေးဝင်သွားပြီး လေသံနှင့်အတူ ယဲ့လွီဟမ်၏မျက်နှာဆီသို့ ပျံသန်းသွားသည်။ အင်အားပြင်းလွန်းပြီး အရှိန်က လျင်မြန်လွန်းသောကြောင့် ယဲ့လွီဟမ်တစ်ယောက် ရှောင်တိမ်းရန် အချိန်မရတော့ပေ။

"အား"

ပထမမင်းသားက အလွန်ထိတ်လန့်သွားပြီး ချွေးအေးများ ထွက်လာကာ ယနေ့ သူ ဤနေရာတွင် သေရတော့မည်ဟု ထင်သွားခဲ့သည်။

သို့‌သော်လည်း အနက်ရောင်အရိပ်တစ်ခု လွင့်ပျံလာပြီး သူ့ရှေ့တွင် ပိတ်ဆို့ထားခဲ့သည်။ ပထမမင်းသားထံသို့ ပြေးဝင်လာသည့်မြှားက အနက်ရောင်ဝတ်လူ၏ရင်ဘတ်ကို ထိမှန်သွားသော်လည်း ထိုလူက ဘာမှမဖြစ်သကဲ့သို့ မြေပြင်ပေါ်သို့ ပြန်ကျလာခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်သော ဒုတိယမင်းသားက မနေ့ညက သူ့ကို လုပ်ကြံရန် ရောက်လာခဲ့သည့်လူကို သတိရသွားခဲ့သည်။ သူက လုံးဝ သည်းမခံနိုင်ပြီးသွားပြီး မခံမရပ်နိုင်ဖြစ်သွားခဲ့သည်။

“မယ်တော်၊ အစ်ကိုတော်က မနေ့ညက သားတော်ကို လုပ်ကြံဖို့ ဒီလူကို စေလွှတ်လိုက်တယ်”

ဒုတိယမင်းသားက ထိုအနက်ရောင်ဝတ်လူကို လက်ညိုးထိုးပြလိုက်ပြီး အော်ဟစ်လိုက်သည်။ ယဲ့လွီဟမ်၏အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်တည်ငြိမ်သွားကာ သူ့မျက်လုံးများထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လာခဲ့သည်။

သူက ကိုးကွင်းဓားကို မြှောက်ကာ အော်ဟစ်အမိန့်ပေးလိုက်သည်။

“ဘာကိုမှ မငဲ့ညှာပဲ သတ်ပစ်ကြ”

သူ၏အော်သံ ဆုံးသွားသည်နှင့်တပြိုင်နက် နောက်ထပ်မြှားတစ်စင်းက သူ့ဆီသို့ ပြေးဝင်သွားပြန်သည်။ ယခုတကြိမ်တွင် ယဲ့လွီဟမ်က အဆင်သင့်ဖြစ်နေပြီ ဖြစ်ကာ လေတိုးသံထွက်လာသည်နှင့် ဧကရီ၏ဘေးတွင် ပုန်းနေလိုက်သည်။ အနက်ရောင်ဝတ်လူကလည်း ပျံတက်လာပြီး မြှားကို ခုတ်ချရန် သူ့လက်ထဲမှ မြွေပုံသဏ္ဍာန်ဓားကို အသုံးပြုခဲ့သည်။ သို့သော် ပြေးဝင်လာသည့်မြှား၏အင်အားက ပြင်းထန်လွန်းသောကြောင့် သူ့မျက်နှာကို ထိမှန်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအနက်ရောင်ဝတ်လူ၏နဖူးတွင် မြှားတန်းလန်း စိုက်ဝင်နေသော်လည်း ထိုလူက ဘာမှမဖြစ်ခဲ့သလို မတ်တပ်ရပ်နေဆဲပြီး မြှား၏အမြီးရှိ ငှက်မွေးများက လှုပ်ခါနေဆဲဖြစ်သည်။ ထိုမြင်ကွင်းက ထူးဆန်းလှပြီး ဘဝမုန်တိုင်းကြီးများကို ဖြတ်ကျော်ခဲ့သော ဧကရီပင် အံ့အားသင့်နေခဲ့သည်။

"ယဲ့လွီဟမ်၊ မင်းက စုန်းအတတ်ကို သုံးတယ်ပေါ့။ ဧကရာဇ်မင်းမြတ်က မင်းကို စုန်းအတတ် အသုံးမပြုဖို့ အကြိမ်ကြိမ် အမိန့်ပေးခဲ့တယ်။ အားလုံး အမိန့်နာခံကြ၊ ယဲ့လွီဟမ်ကို မြင်းပေါ်ကနေ ဆွဲချကြစမ်း!"

ဧကရီက အလွန်ဒေါသထွက်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ တော်ဝင်သက်တော်စောင့်များကို ပြင်းပြင်းထန်ထန် အမိန့်ပေးခဲ့သည်။

ဒီတစ်ခါတော့ သူမမှာ ခိုင်လုံတဲ့အကြောင်းပြချက်တစ်ခု ရှိနေပြီ။ တော်ဝင်သက်စောင့်တွေကလည်း ဧကရာဇ်မင်းမြတ်က ယဲ့လွီဟမ်ကို အဲ့လိုမျိုးအမိန့်ပေးခဲ့တာကို သိထားကြတယ်။

တော်ဝင်သက်တော်စောင့်များကလည်း သူတို့၏ဓားများနှင့် လှံများကို ယဲ့လွီဟမ်ဆီသို့ တစ်ဖန် ချိန်ရွယ်လိုက်ကြပြန်သည်။

ဧကရီက ယဲ့လွီဟမ်ကို စိုက်ကြည့်နေခဲ့သည်။

ယဲ့လွီဟမ်က ထီးနန်းအတွက် ဘာမဆို လုပ်ဖို့ ဆုံးဖြတ်ထားပုံပဲ၊ သူက သူမရဲ့သားတော်ကို သတ်ဖို့ စိတ်ကူးထားပြီး မနေ့ညက လုပ်ကြံမှု မအောင်မြင်တဲ့အတွက် နောင်မှာလည်း ထပ်ကြိုးစားဦးမှာပဲ။ သူက ရာဇပလ္လင်ကြောင့် သူ့ညီတော်ကို ဖယ်ရှားဖို့ ဘာမဆို လုပ်တော့မယ်။

ပြီးတော့ အခု ယဲ့လွီဟမ်က သူမရဲ့သားတော်ကို တိုင်းပြည်ပုန်ကန်မှုဆိုတဲ့ ရာဇ၀တ်မှုနဲ‌တောင် စွဲချက်တင်ထားခဲ့တယ်။ ဒီကောင်က သူမရဲ့သားတော်ကို မသတ်ရမချင်း ဒီအရာကို လက်လွှတ်တော့မှာ မဟုတ်ဘူး။

ဒီလိုဖြစ်နေမှတော့ သေတဲ့အထိ ပြန်တိုက်ပြီး သူမရဲ့သားတော်ကို အရင်ကာကွယ်ပေးလိုက်တာက ပိုကောင်းလိမ့်မယ်။

“ဟား ဟား၊ ဧကရီမယ်မယ်၊ မယ်တော်က ဒီသားတော်ကို ချောက်ချဖို့ စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းမျိုးစုံကို သုံးနေတယ်ပေါ့။ ခင်ဗျားက အမေနဲ့ သားကြားက ဆက်ဆံရေးကို ဂရုမစိုက်မှတော့ ကျုပ်က ခင်ဗျားကို စော်ကားမိဖို့ပဲ တက်နိုင်တော့တယ်။

ယဲ့လွီဟမ်က သူ့ခေါင်းကို မော့ထားပြီး ကျယ်လောင်စွာရယ်မောနေကာ သူက ဧကရီကို မောက်မောက်မာမာ ကြည့်နေပြီး အပေါ်ယံ လေးစားမှုကို ဆက်ထိန်းလိုစိတ် မရှိတော့ပေ။ သူက သူ့လက်ထဲမှ ကိုးကွင်းဓားကို မြှောက်ကာ နောက်တစ်ခါ အော်ဟစ်မိန့်ပေးလိုက်ပြန်သည်။

“သတ်!”

သူ အော်သံဆုံးသွားသည်နှင့်တပြိုင်နက် နောက်ထပ် တိမ်ဖောက်မြှားတစ်ချောင်းက သူ့ဆီသို့ ပြေးဝင်လာပြန်သည်။ နောက်ဆုံးတွင် ယဲ့လွီဟမ်က သူ ဓားကို မြှောက်လိုက်လျှင် မြှားတစ်စင်းက သူ့ဆီသို့ ပြေးဝင်လာမည်ကို သဘောပေါက်သွားခဲ့သည်။

သူက သူ့ကို ပစ်ဖို့ အမိန့်ပေးနေမိတာလား?

အနက်ရောင်ဝတ်လူက မြှားကို ပိတ်ဆို့ရန် ဒိုင်းသဖွယ်ထပ်မံ ပြုမူလိုက်သည်။ စူးချင်းက ထိုတပ်ဖွဲ့၏နောက်မှ တောင်ကုန်းမြင့်ပေါ်တွင် ရပ်နေပြီး သူတို့အားလုံးကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

ထိုအနက်ရောင်လူက မော့ချန်ကို တိုက်ခိုက်ခဲ့သူများ ဖြစ်ကြောင်း သူမ အတည်ပြုနိုင်ခဲ့ပြီး ပထမဆုံးအော်ဟစ် လိုက်သူက သူမသာ ဖြစ်သည်။ စူးချင်းက ဒုတိယမင်းသားနှင့် ပထမမင်းသားတို့၏ကြားမှ ရန်ပွဲကို ထပ်မံနှိုးဆော်လိုခြင်းဖြစ်ပြီး၊ ထိုအနက်ရောင်ဝတ်လူများ၏နောက်ခံကို အတည်ပြုချင်သောကြောင့် မီးစာ ထပ်ထည့်ပေးလိုက်ခြင်း ဖြစ်သည်။

ယဲ့လွီဟမ်ကို သတ်ပစ်နိုင်ရင် ပိုကောင်းလိမ့်မယ်။ ဒီလူက ခက်ထန်တဲ့ မျက်နှာရှိပြီး စစ်သွေးကြွနေတဲ့ သူပဲ။ သူ့ကို မဖြစ်မနေ ဖယ်ထုတ်ပစ်ရမယ်။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ယဲ့လွီဟမ်က ပထမဆုံးသင်ခန်းစာမှ သင်ယူထားခဲ့ပြီး သူ့၏အသေခံစစ်သည်တော်များကို သူ့ရှေ့မှ ပိတ်ဆို့ကာကွယ်ထားစေခဲ့သည်။

စူးချင်း၏မျက်လုံးများတွင် ရှုတ်ချမှုများ ပြည့်နှက်နေခဲ့သည်။

ဒီကောင်က အတော်လေး လိမ္မာပါးနပ်ပေမယ့် တကယ်ကို သူရဲဘောကြောင်လွန်းတယ်။

သူမ ဘယ်လို ထွက်လာခဲ့တယ်ဆိုတာကို ပြောပြရရင်တော့ ဒီစစ်သည်တွေက သူမကို ဖမ်းဖို့ ရောက်လာကြတာလေ။ ပထမမင်းသားက သူမကို သတ်ချင်တယ်လို့ ကြားနေတာကို သူမက သေခြင်းတရားကို ငြိမ်ငြိမ်လေး ထိုင်စောင့်နေရမှာလား?

သူမအတွက်တော့ လွယ်လွန်းတာပေါ့၊ တံခါးနားက အစောင့်ကို ရိုက်ပြီး ဒုတိယမင်းသားရဲ့လူတွေ ဝတ်တဲ့ ဝတ်စုံကို လဲဝတ်လိုက်တယ်။ ပြီးတော့ ရုပ်သွင်ပြောင်းဆေးနဲ့ သူမမျက်နှာကို ပြောင်းလိုက်တာနဲ့ ဒုတိယမင်းသားရဲ့စစ်တပ်ထဲသို့ အလွယ်တကူ ရောနှောလိုက်ရုံပဲ။

သူမက တစ်ချိန်လုံး ပွဲကြည့်နေခဲ့တာလေ။ ဧကရီက ယဲ့လွီဟမ်ကို နှိမ်နင်းနိုင်မယ်လို့ သူမ ထင်ထားခဲ့ပေမယ့် နောက်ဆုံးမှာ ဒီရည်မှန်းချက်ကြီးတဲ့ ပထမမင်းသားကို သူမ မထိန်းချုပ်နိုင်ဘူး။

အဲ့ဒါကြောင့် သူမက မီးထဲကို လောင်စာထည့်တဲ့အနေနဲ့ အနောက်ကနေ အော်ဟစ်လိုက်တာပါ။ အဲ့ဒါမှ ဒီအတွင်းရေးပဋိပက္ခကို မြန်မြန် စတင်နိုင်ပြီး ယဲ့လွီဟမ်ကို သတ်ပစ်နိုင်လိမ့်မယ်။ ဒါပေမယ့် ဒိကိစ္စကနေ အနက်ရောင်ဝတ်လူတွေကို ဆွဲဆောင်မိပြီး အကြီးဆုံးမင်းသားက ဒီလူတွေကို ပျိုးထောင်းပေးထားမယ်လို့တော့ သူမလည်း မမျှော်လင့်ထားခဲ့ဘူး။

သူက သူမတို့အတွက် နံပါတ်တစ် ရန်သူဖြစ်ပြီး သူ့ကို မဖြစ်မနေ ဖယ်ရှားပစ်ရတယ်။

သုံးကြိမ်ဆက်တိုက် အပစ်ခံရပြီးနောက်တွင် ယဲ့လွီဟမ်၏ရက်စက်ကြမ်းကြုတ်သော နှလုံးသားကလည်း နိုးကြားလာခဲ့သည်။

“ဘာမှ မငဲ့ညှာပဲ သတ်ကြ၊ ဘယ်သူ့ကိုမှ အသက်လျက် လွတ်မသွားစေနဲ့"

ဘာပဲဖြစ်ဖြစ် သူ့ခမည်းတော် နတ်ရွာစံဖို့က ရက်အနည်းငယ်ပဲ လိုတော့တယ်။ ဒီနေ့ ဖုံးကွယ်ထားတဲ့ ဒီလျှို့ဝှက်အန္တရာယ်ကို ဖယ်ရှားနိုင်ရင် မနက်ဖြန် သူ ထီးနန်းကို သိမ်းပိုက်နိုင်လိမ့်မယ်။ ဘယ်သူက သူ့ကို တားဆီးနိုင်တော့မှာလဲ?

ဒုတိယမင်းသားကလည်း သူ့တပ်ဖွဲ့ကို အော်ဟစ်အမိန်ပေးလိုက်သည်။

“ပထမမင်းသားက ပုန်ကန်နေပြီ။ သူ့ကိုသတ်ကြ"

ဒုတိယမင်းသားက ဆင်ခြေရှာနည်းကို သိသော်လည်း ပထမမင်းသားက ဘာမှ ထပ်မပြောနိုင်ခဲ့ပေ။ သူက အမှောင်ထဲတွင် ပုန်းအောင်းနေပြီး မြှားပစ်နေသည့်လူကို ရှာမတွေ့သည့်အတွက် ဦးဆောင်ပြီး ပြေးလွှားလာရဲခြင်းလည်း မရှိပေ။ သူက သူ့၏အသေခံစစ်သည်များနောက်တွင် ပုန်းအောင်းနေရန်သာ သတ္တိရှိပြီး အမိန့်ပေးနေခဲ့သည်။

ပထမမင်းသားက ထိုခံစားချက်ကို မုန်းတီးပြီး သူ့၏စစ်သူကြီးများကို လှမ်းအော်လိုက်သည်။

“မြှားပစ်တဲ့သူကို ရှာကြစမ်း။ ငါ သူ့ရဲ့နှလုံးသားကို စားချင်တယ်"

“ဝှီး”

သူ အော်လိုက်သည်နှင့် မြှားတစ်စင်း ပြေးဝင်လာပြန်သည်။ ပထမမင်းသားကို ပိတ်ဆို့ကာကွယ်ပေးထားသူက မြင်းပေါ်မှ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။

ပထမမင်းသားက အလွန်ထိတ်လန့်သွားပြီး ချွေးအေးများ ထွက်လာပြန်သည်။ သူက သူ့မြင်း၏ဇတ်ကြိုးကို ကမန်းကတန်း ဆောင့်ဆွဲလိုက်မိသည်။ အခြားအသေခံတပ်သားများက လွတ်သွားသောနေရာ အမြန် ပြန်ဖြည့်ကာ ပိတ်ဆို့လလိုက်ကြပြီး ပထမမင်းသား၏သေခြင်းတရားကို ကာကွယ်ပေးထားကြသည်။

ဒုတိယမင်းသား၏စစ်တပ်က ပထမမင်းသား၏စစ်တပ်ထက် များစွာ လူအင်အားနည်းနေပြီး တော်ဝင်သက်တော်စောင့်တပ်များ ပါ၀င်လာခဲ့သော်လည်း ပထမမင်းသား၏ ရဲရင့်လွန်းပြီး တိုက်ပွဲအတွက် အထူး ပြင်ဆင်ထားသည့်စစ်တပ်ကို မတားဆီးနိုင်ပေ။ ဒုတိယမင်းသား၏စစ်တပ်က အရေးနိမ့်နေပြီး လုံးလုံးလျားလျား ပျက်သုန်းပျောက်ကွယ်တော့မည် ဖြစ်သည်။

စူးချင်းက မျက်မှောင်ကြုတ်လိုက်သည်။ ဒုတိယမင်းသားရဲ့ခွန်အားက အရမ်းကို အားနည်းလွန်းတယ်။ သူ့ကို ကူညီဖို့ နည်းလမ်းကို သူမ စဉ်းစားရမယ်... ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ?

နောက်ဆုံးတွင် စူးချင်းက ပထမမင်းသား၏စစ်တပ်ကြီး ကမောက်ကမ ဖြစ်သွားအောင် ပြုလုပ်နိုင်မည့် နည်းလမ်းတစ်ခုကို စဉ်းစားမိသွားခဲ့သည်။

All Chapters