← Chapters

နတ်ဘုရား စွမ်းအား

Vol. 6 Ch. 572

နတ်ဘုရား စွမ်းအား

Vol. 6 Ch. 572

သွေးမျိုးဆက် သွေးရော လေးယောက်ကား အမှန်တကယ်ပင် အစွမ်း ထက်လွန်း၏။

သန့်စင်သော သွေးမျိုးဆက် များသည် မွေးဖွားစဉ် ကတည်းကပင် မူလ သက်ရှိများ ဖြစ်နေပြီ ဖြစ်သည်။ သူတို့၏ မွေးရာပါ စွမ်းအားသည် မူလဝိညာဉ် (မြေကမ္ဘာ နတ်ဘုရား) အဆင့် ကျင့်ကြံသူများနှင့်ပင် ယှဉ်နိုင်သည်။

ထို့အပြင် သူတို့သည် ပြိုင်ဘက်ကင်း ပြန်လည် ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားရာ နျူကလိယ တိုက်ခိုက်မှုပင် အသက်ရှင် လွတ်မြောက်နိုင်စွမ်း ရှိသည်။ အမှောင်မြို့စား တို့၏ သွေးမျိုးဆက်သည် လုံးဝ သန့်စင်ခြင်း မရှိသည့်တိုင် နှစ်ရာချီ လေ့ကျင့်ပြီးနောက် မူလ သက်ရှိများ၏ စွမ်းအား တစ်စွန်းတစ်စကို ဖမ်းဆုပ်ထားနိုင်ပြီ ဖြစ်သည်။

ထို့အပြင် သူတို့၏ မြေကမ္ဘာ အဆင့်နှင့်ပင် ယှဉ်နိုင်သော ခန္ဓာကိုယ် သန့်စင်မှု များသည်လည်း ချန်းဖန်ကိုပင် အံ့အားသင့် စေသည်။ ထိုခွန်အားနှင့် ဆိုပါက သူတို့သည် တင့်ကား တစ်စီးကိုပင် လက်ချည်း သက်သက်ဖြင့် ထက်ပိုင်း ပိုင်းနိုင်ပေသည်။

ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ အဆုံးမဲ့ စွမ်းအားများ အပြင် သူတို့ တစ်ယောက်ချင်းစီသည် အစွမ်းထက် ဝိညာဉ် လက်နက်များကိုပါ ပိုင်ဆိုင် ထားသေးသည်။

သွေးမူးမတ်သည် အထီးကျန်သွေးဓားကို ပိုင်ဆိုင်ကာ သေခြင်း နတ်ဆိုးသည် နတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ်ဓားကို ပိုင်ဆိုင်သည်။ တစ္ဆေ မြို့စားသည်လည်း သေဆုံးခြင်း ရုပ်တုကို ပိုင်ဆိုင်ထားသည်။

အခြား တစ်ဖက်၌ အမှောင်မြို့စားသည် ဝိညာဉ်လက်နက် မရှိသော်လည်း သူသည် သွေးရော လေးယောက် အကြား၌ အစွမ်း အထက်ဆုံး ဖြစ်သည်။

ထိုကဲ့သို့သော အထူးစွမ်းအား၊ လက်နက်များ၏ ပေါင်းစပ်မှုတွင် သူတို့သည် ဝိညာဉ်ပင်လယ် အစောပိုင်း အဆင့် ချန်းဖန် ထက်ပင် ပိုမို အစွမ်းထက် ကြသည်။ ချန်းဖန် အနေဖြင့် ထိုသွေးရော တစ်ယောက်ချင်းစီကို ရင်ဆိုင်ရသည်က လင်းရှု့မင်ကို ရင်ဆိုင်ရ သကဲ့သို့ အန္တရာယ်ကို ခံစားရသည်။

"ဘုန်း ..."

ချန်းဖန်သည် လက်သီးကို မြှောက်ကာ ကောင်းကင်သို့ ဦးတည်၍ ထိုးနှက် လိုက်သည်။ အဇူရာ လက်သီးချီက ကောင်းကင်သို့တက် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ရင်ဆိုင်ရင်း အဇူရာ နဂါး တစ်ကောင် အသွင် ပြောင်းလဲသည်။

ထိုနဂါးသည် အထီးကျန် သွေးဓားကို ဖယ်ရှားကာ သွေးမူးမတ်၏ ရင်ဘတ်ကို ဖောက်ထွက်သည်။ သွေးမူးမတ်မှာ နောက်သို့ ကပြာကယာ ဆုတ်ရင်း သွေးတစ်ပွက် အန်လိုက် ရသည်။ သို့သော်လည်း သူသည် ပြိုင်ဘက်ကင်း ကုသနိုင်စွမ်းကို သုံးကာ ဒဏ်ရာကို ကုစားလိုက်သည်။

ချန်းဖန် နောက်တစ်ကြိမ် မလှုပ်ရှား ရသေးခင်မှာပင် တစ္ဆေမြို့စားက သူ၏ ရုပ်တုကို ချန်းဖန် ရှိရာသို့ ညွှန်ပြရင်း ကျိန်စာ တစ်ခုကို ရေရွတ်လိုက်၏။

"အားနည်းစမ်း ..."

ထိုကျိန်စာသည် အဆိပ်က ဝေဂိုဏ်းမှ ဆင်းသက်လာသော ကျိန်စာ တစ်ခု ဖြစ်သည်။

အရူးသည် ထိုကျိန်စာကို ချန်းဖန်နှင့် တိုက်ခိုက်ရာ၌ တစ်ကြိမ် အသုံးပြုခဲ့ ဖူးသည်။ သို့သော်လည်း သူ၏ တိုက်ခိုက်မှုမှာ တစ္ဆေမြို့စား၏ တိုက်ခိုက်မှုနှင့် ယှဉ်ပါက အလွန်ပင် အားနည်း၏။

"ဟင်းဟင်း ..."

စူးရှသော ငိုညည်းသံနှင့် အတူ သေဆုံးခြင်း ရုပ်တု၏ မျက်လုံးမှ သွေးရောင် အလင်းတန်း နှစ်ခု ထွက်လာကာ ချန်းဖန်၏ ခန္ဓာကိုယ် ပေါ်သို့ ကျဆင်းသည်။ ထိုစွမ်းအားများသည် အလွန်အမင်း ပြင်းထန်ရာ ချန်းဖန်မှာ အသက်ကိုပင် ခက်ခက်ခဲခဲ ရှူလိုက်ရသည်။

သို့သော်လည်း ချန်းဖန်က သူ၏ စိတ်များကို ချက်ချင်းပင် ပြန်လည် စုစည်း၍ အခြား တိုက်ခိုက်မှု တစ်ခုကို သွေးမူးမတ်ထံ ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင်ပင် အမှောင်မြို့စားက ချန်းဖန်အား ပျက်သုဉ်းခြင်း မိစ္ဆာ လက်သီးဖြင့် ထိုးလိုက်၏။

"ဘုန်း ..."

ချန်းဖန်က ချက်ချင်းပင် ပြန်လှည့်ကာ အမှောင်မြို့စား၏ လက်သီးကို လက်သီးချင်းပင် ရင်ဆိုင်လိုက်သည်။

"လက်သီး လက်သီးချင်း ..."

ချန်းဖန်၏ အစစ်အမှန် အမတေ လက်သီးနှင့် အမှောင်မြို့စား၏ ပျက်သုဉ်းခြင်း မိစ္ဆာ လက်သီးတို့သည် ထိပ်တိုက် တွေ့ကြသည်။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

ခြောက်ကြိမ် တိုက်ရိုက် တိုက်ခိုက်မှု အပြီးတွင် အမှောင်မြို့စား၏ လက်သီးနှစ်ခု စလုံးမှာ သွေးမြူများ အဖြစ် ပေါက်ကွဲထွက်ကာ ပျက်စီးသည်။ သူကား ပြန်လည် ကုစားရန် လိုအပ်နေပြီ ဖြစ်သည်။

ချန်းဖန်က အမှောင်မြို့စားကို ဖိ၍ တိုက်ခိုက်ရန် ဟန်ပြင် လိုက်စဉ်မှာပင် သေခြင်း နတ်ဆိုးက "နတ်ဘုရားကျိန်စာ ဆယ့်သုံးပိုဒ်" ဖြင့် ချန်းဖန်ကို တားဆီးလိုက်သည်။

ထိုဓားမြှောင်သည် အနက်ရောင် ရှိကာ တစ်ချိန်တည်းတွင်ပင် ၎င်း၏ ကိုယ်ထည် ပေါ်၌ သက်တံ့ အလင်းများ လင်းလက် နေသည်။ ထိုသက်တံ့ အရောင် တစ်ခုချင်းစီသည် ကျိန်စာ တစ်ခုကို ကိုယ်စား ပြုသည်။

"ဟမ် ..."

အန္တရာယ် တစ်ခုကို ခံစားမိသည်နှင့် ချန်းဖန်၏ အာရုံသည် အနိုးကြားဆုံး အခြေအနေသို့ ရောက်ရှိသွားသည်။

ချန်းဖန်သည် ထိုနတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ်ကို တိုက်ရိုက် ရင်ဆိုင်လိုခြင်း မရှိချေ။ ထိုအရာသည် ဝိညာဉ်လက်နက် တစ်ခု ဖြစ်ရာ သူ၏ ခန္ဓာကိုယ်ကိုပင် ထိခိုက်စေနိုင်စွမ်း ရှိသည်။

ထိုဓားမြှောင်သည် နတ်ဘုရား တစ်ပါး၏ အရိုးဖြင့် ဖန်တီးထားခြင်း ဖြစ်သည့် အပြင် ကြောက်မက်ဖွယ် ကျိန်စာများကိုလည်း ပိုင်ဆိုင် ထားသေးသည်။ ထိုအရာကို တိုက်ရိုက် ရင်ဆိုင်လိုက်ပါက ချန်းဖန် အတွက် ပြန်လည် ကုစားရန် တစ်ဆယ် စက္ကန့်လောက် အထိ လိုပေလိမ့်မည်။

တစ်ဆယ်စက္ကန့်သည် သာမန်လူများ အတွက် တိုတောင်းသော အချိန်တစ်ခုသာ ဖြစ်သော်လည်း ထိုအချိန်မှာ သွေးရော လေးယောက် အတွက် သူ့ကို သတ်ရန် လုံလောက်ပေသည်။

ဝိညာဉ်လက်နက်များသည် နတ်ဘုရားများကို သတ်ရန် ထွင်းထုထားခြင်း ဖြစ်သည်။ ထို့အတူ ကျိန်စာများမှာလည်း ကမ္ဘာ၏ အအိုမင်းဆုံး မူလ စွမ်းအားများ ဖြစ်သည်။

"ဟူး ... ဟူ ..."

သေခြင်းနတ်ဆိုးသည် အနက်ရောင် အရိပ် တစ်ခု အသွင် ပြောင်းလဲကာ ချန်းဖန်၏ နံဘေးသို့ ရောက်လာခဲ့သည်။ ထို့နောက် သူက ဓားမြှောင်အား ဆွဲကိုင်ကာ ချန်းဖန်အား အဘက်ဘက်က တိုက်ခိုက်လိုက်သည်။

ချန်းဖန်သည် သူ၏ လက်နှစ်ချောင်းကို ဆန့်ထုတ်ကာ ဓားတစ်ချောင်းကို ဆင့်ခေါ်လိုက်သည်။ သူက ထိုဓားကို ဝှေ့ယမ်း၍ ရန်သူအား နောက်ဆုတ်ရန် ဖိအား ပေးသည်။

သို့သော်လည်း သေခြင်း နတ်ဆိုးက နောက်ဆုတ်ပြီးသည်နှင့် ချန်းဖန်ဆီသို့ ချက်ချင်းပင် ပြန်လည် တိုးဝင်ကာ တိုက်ခိုက်သည်။

ယခုတစ်ကြိမ်တွင်မူ ချန်းဖန်က မိုးကြိုး တံဆိပ်တုံးကို အသုံးပြု၍ လျှပ်စီး အလင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။

"ခရက် ..."

မိုးကြိုး တံဆိပ်တုံးက တိမ်များ အကြား၌ လည်ပတ်ရင်း ပတ်ဝန်းကျင်မှ လျှပ်စီး စွမ်းအားများကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် အားကောင်းသော လျှပ်စီး အလင်း တစ်ခုကို ပစ်လွှတ်ကာ သေခြင်း နတ်ဆိုးအား ပျက်စီးစေသည်။

ထိုအချိန်တွင်ပင် အမှောင်မြို့စားသည် အပြည့်အဝ ပြန်လည် ကောင်းမွန်ကာ တိုက်ခိုက်ရန် အဆင်သင့် ဖြစ်လာပြန်၏။ တစ်ချိန်တည်း၌ သေခြင်းနတ်ဆိုးမှာမူ ဒဏ်ရာရနေရာ ပြန်လည် ကုသရန် လိုအပ်နေပြီ ဖြစ်သည်။

"သေစမ်း ..."

ချန်းဖန်က သူ၏ လက်ကို ရင်ဘတ်ရှေ့၌ ထား၍ ချိပ်တံဆိပ် တစ်ခုကို ဖန်တီးလိုက်သည်။ ထိုချိပ်တံဆိပ်တွင် နေနှင့် လတို့ ဖြစ်ပေါ်လာကာ အချင်းချင်း ပေါင်းစပ်သွားသည်။

ချန်းဖန်သည် ရန်သူလေးယောက် အနက် ကြောက်မက်ဖွယ် ဝိညာဉ်လက်နက် ပိုင်ဆိုင်ထားသော သေခြင်းနတ်ဆိုးအား ကြောက်စရာ အကောင်းဆုံး အဖြစ် သတ်မှတ်မိသည်။ နတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ်သည် နတ်ဘုရား အရိုးဖြင့် ပြုလုပ်ထားသော လက်နက်ဖြစ်ရာ သူ၏ အဇူရာ သက်ရှည်ခန္ဓာကိုယ်ကိုပင် ဒဏ်ရာ ရစေနိုင်သည်။

"နှေးကွေးခြင်း ကျိန်စာ ..."

"အိုမင်းခြင်း ကျိန်စာ ..."

"အမြင်ကွယ်စေခြင်း ကျိန်စာ ..."

တစ္ဆေမြို့စားက သူ၏ သေဆုံးခြင်း ရုပ်တုကို သုံး၍ ချန်းဖန်ဆီသို့ ကျိန်စာ သုံးခု ပစ်လွှတ်လိုက်၏။

ပထမ ကျိန်စာက ချန်းဖန်အား သိသိသာသာ နှေးကွေးသွားစေသည်။

ဒုတိယ ကျိန်စာက ချန်းဖန်၏ ဆံပင်များအား မီးခိုးရောင် သမ်းသွားစေသည်။

တတိယ ကျိန်စာကမူ ချန်းဖန်၏ မျက်လုံးမှ မီးတောက်ကို မှေးမှိန်သွားစေ၏။

သို့သော်လည်း ချန်းဖန်သည် ထိုကျိန်စာ သုံးခုကို တစ်စက္ကန့်မျှ မကြာသော အချိန်တွင်ပင် ဖျက်ဆီး ပစ်လိုက်သည်။

သို့သော်လည်း ထိုအချိန်တွင်ပင် သေခြင်း နတ်ဆိုးသည် ချန်းဖန်၏ "နေလ စက်ဝိုင်း" တိုက်ခိုက်မှုမှ ရှောင်လွှဲ၍ နောက်သို့ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့၏။ သူ၏ နေရာကိုမူ သွေးမူးမတ်က အစားဝင်ကာ ချန်းဖန်အား တိုက်ခိုက်သည်။

သွေးမျိုးဆက် သွေးရော လေးယောက်ကား လိုက်ဖက်ညီစွာ တိုက်ခိုက်နေကြရာ ချန်းဖန် အတွက် အဆုံးသတ်ရန် ခက်ခဲနေ၏။

"ဒီအတိုင်း ဆက်ပြီး တိုက်ခိုက်နေရရင် ငါ့အတွက် မလွယ်ဘူး ... သူတို့ အထဲက တစ်ယောက်ကို အရင်ဆုံး မြန်မြန် အဆုံးသတ် ရမယ် ..."

ချန်းဖန်က တွေးရင်း တိုက်ပွဲ၏ အခြားတစ်ဖက်သို့ ကြည့်လိုက်သည်။

ထိုနေရာတွင် တိုက်ခိုက်နေသာ မြောက်ပိုင်းချုံးဂိုဏ်း အစီအရင် သုံးခုနှင့် အမှောင်ခုံရုံး၏ စီရင်သူများ အပြင်းအထန် တိုက်ခိုက် နေကြဆဲ ဖြစ်သည်။ ထိုတိုက်ပွဲ၌ မြောက်ပိုင်းချုံးဂိုဏ်းမှာ အထက်စီးမှ ဖိ၍ တိုက်ခိုက်နေရာ အရေးသာ နေပုံ ပေါ်သည်။

သို့သော်လည်း ထုံရှန်းမှာမူ အရေးနိမ့် နေခဲ့လေ၏။

"ထုံရှန်းက ကျားမိစ္ဆာ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို ကျင့်တယ် ဆိုပေမဲ့ သူက သွေးရောတွေထက် အားနည်းတုန်းပဲ ... မဟုတ်ရင် သူလင်းရှု့မင်ဆီမှာ ရှုံးနိမ့်ခဲ့မှာ မဟုတ်ဘူး ... စစ်နတ်ဘုရားက သူနဲ့ ယှဉ်ရင် အရမ်းကို အစွမ်းထက်လွန်းတယ် ... သူ့အနေနဲ့ နောက်ထပ် သုံးမိနစ်ပဲ တောင့်ခံနိုင်တော့မယ်"

ထိုအတွေးဖြင့် ချန်းဖန်က တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန် ပြင်လိုက်သည်။ အကယ်၍ ဘားသာ တိုက်ပွဲသို့ ဝင်လာပါက သူ့အတွက် ပို၍ ခက်ခဲ သွားပေလိမ့်မည်။

"အမှောင်ခုံရုံးက ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့တာ အံ့ဩစရာ မရှိဘူးပဲ ... မြေကမ္ဘာ အဆင့် တစ်ယောက်တောင် သူတို့ကို ကိုင်တွယ်နိုင်ဖို့ မလွယ်ဘူး ..."

အဇူရာ အလင်းက ချန်းဖန်၏ မျက်လုံးတွင် ပေါ်လာ၏။

ရုတ်တရက်ပင် သူ၏ ခန္ဓာကိုယ်က ကျောက်စိမ်း တစ်ခု အလား ကြည်လင် သန့်ရှင်းလာပြီး နတ်ဘုရား အလင်း တစ်ခုကို ထုတ်လွှတ်သည်။ ထိုအလင်းက အသက် စွမ်းအားများဖြင့် ပြည့်နှက်နေပြီး အမှောင်တိမ်တိုက်များကို ဘေးသို့ တွန်းဖယ်သည်။

"ဘုန်း ..."

ချန်းဖန် အမှောင်မြို့စားနှင့် ရင်ဆိုင် နေချိန်တွင်ပင် သွေးမူးမတ်က ချန်းဖန်အား အလစ်ဝင်ကာ တိုက်ခိုက်လိုက်၏။ ထိုတိုက်ခိုက်မှုက ချန်းဖန်၏ နတ်ဘုရား အလင်းကိုပင် ချိုးဖျက်ကာ ချန်းဖန်၏ ခန္ဓာကိုယ် အပေါ်သို့ ကျဆင်းသည်။

"ဘုန်း ..."

ချန်းဖန်၏ ကျော၌ သုံးစင်တီမီတာ ရှည်လျားပြီး စင်တီမီတာ တစ်ဝက်ခန့် နက်သော ဒဏ်ရာ တစ်ခု ဖြစ်လာခဲ့၏။ ချန်းဖန်သည် မြေထဲပင်လယ် ရေတပ်၊ လင်းရှု့မင် တို့နှင့် တိုက်ခိုက်စဉ်ကပင် ထိုသို့သော ဒဏ်ရာ မရခဲ့ဖူးချေ။

"ဆရာ ဒဏ်ရာ ရသွားပြီ ..."

ဘေးမှ ကြည့်နေသော ယူကီရှီရိုဆာ၊ အားရှို့တို့၏ မျက်နှာများ၌ စိုးရိမ်မှုများက အထင်းသား ပေါ်လာခဲ့သည်။

အမှောင်ခုံရုံး၏ လက်နက်များကား အစစ်အမှန်ပင် အစွမ်းထက် လွန်းသည်။ ထိုလက်နက် တစ်ခုချင်းစီက ချန်းဖန်ကို ဒဏ်ရာ ရစေနိုင်သည် အထိ အစွမ်းထက်သည်။

"သောက်ချီးပဲ ..."

သွေးမူးမတ်သည် အောင်ပွဲခံရန် အချိန် မရခင်မှာပင် လက်သီး တစ်ခုက သူ၏ ပခုံးထက်သို့ ကျလာခဲ့သည်။ ထို တိုက်ခိုက်မှုက သွေးမူးမတ်၏ ပခုံးရိုးများကို ကျိုးကျေကာ နောက်သို့ လွင့်စဉ် သွားစေသည်။

သို့သော်လည်း ပြိုင်ဘက်ကင်း ကုသနိုင်စွမ်းဖြင့် သူက အလျင်အမြန် ပြန်လည် ထနိုင်လာခဲ့သည်။ စက္ကန့်ပိုင်း အတွင်းမှာပင် များစွာသော တိုက်ခိုက်မှုများ အကြား၌ ချန်းဖန်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများ အစီအရီ ပေါ်လာခဲ့သည်။

ဝိညာဉ်လက်နက်များသည် မူလဝိညာဉ် အဆင့် ဓမ္မ လက်နက်များ ဖြစ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ချန်းဖန်၏ ခန္ဓာကိုယ်ကိုပင် ထိခိုက် စေနိုင်သည်။

ချန်းဖန်သည် ထိုဒဏ်ရာများကို လျင်မြန်စွာ ကုစားနိုင်သည်။ သို့သော်လည်း ထိုအခိုက်အတန့် အတွင်း ကျိန်စာများ၏ ထပ်မံ ကျဆင်းလာမှု၌ ချန်းဖန်၏ ခန္ဓာကိုယ်ကို နှေးကွေးသွားစေ၏။

"သူ တဖြည်းဖြည်း နှေးလာပြီဟေ့ ... ဖိပြီး တိုက်ခိုက်ထားကြ ... ဘားရောက်လာတာနဲ့ ငါတို့ သူ့ကို အဆုံးသတ် ကြမယ် ..."

အမှောင်မြို့စားက စိတ်တက်ကြွစွာ အော်ဟစ် လိုက်သည်။

ထိုခဏတွင်ပင် ထုံရှန်း၏ နာကျင် ဒဏ်ရာရနေသော အော်ဟစ်သံကြီးက ပျံ့လွင့်၍ လာ၏။

"သေချင်နေကြတာပဲ ..."

ချန်းဖန်၏ စိတ်များကား ဆူပွက်၍ နေပြီ ဖြစ်သည်။

သွေးရော တစ်ယောက်ချင်းစီသည် လင်းရှု့မင် ကဲ့သို့ အစွမ်းထက် လှသည်။ ထို့အပြင် သူတို့၏ လက်နက်များက သူတို့၏ တိုက်ခိုက်မှုကို အဆများစွာ တိုးမြှင့် ပေးနိုင်သည်။

"ပွင့်စမ်း ..."

ချန်းဖန်က ဓားအားဖြည့် ကျောက်မျက်ကို ထိရင်း ဓားများကို ဆင့်ခေါ် လိုက်သည်။ ထိုဓားများက တစ္ဆေမြို့စား၏ တိုက်ခိုက်မှုကို တားဆီးနေသည့် တစ်ချိန်တည်းတွင်ပင် ချန်းဖန်၏ မျက်လုံး၌ မီးတောက် နှစ်ခု ထွက်ပေါ်လာ၏။

ထိုမီးတောက် နှစ်ခုက လေထဲတွင်ပင် တဖြည်းဖြည်း ကြီးမားလာကာ ရွှေရောင် နဂါး နှစ်ကောင် အသွင်ဖြင့် တစ္ဆေမြို့စားထံ တိုးဝင်၏။

"ရွှေရောင် မီးတောက် မျက်လုံး ..."

ချန်းဖန်ကား သူ၏ နတ်ဘုရား စွမ်းအားကို ဆင့်ခေါ်လိုက်ပြီ ဖြစ်တော့၏။

***

All Chapters