← Chapters

စူးချင်း အကျယ်ချုပ် ကျနေတယ်

Vol. 17 Ch. 249

စူးချင်း အကျယ်ချုပ် ကျနေတယ်

Vol. 17 Ch. 249

သူတို့က တာချန်၏ အဓိကလမ်းမကြီးအတိုင်း လျှောက်လှမ်းလာခဲ့ကြပြီး တာ့ထန်ပြည်ထောင်၏ ကုန်သွယ်မှုက သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်နေရသည်။ အဓိက ကုန်စည်များမှာ သားရေနှင့် သားမွေးပစ္စည်းများ၊ နွားများ၊ သိုးများနှင့် မြင်းများ စသည်တို့ ဖြစ်ကြပြီး ချည်ထည်၊ ပိုးထည်နှင့် မီးသွေးစသည့် ကုန်စည်များလည်း ရှိနေခဲ့သည်။

ကျိရွှေရှန့်က ကျောက်မီးသွေးတွင်းကို တွေးမိသွားပြီး ဤနေရာသို့ ကျောက်မီးသွေး သယ်လာပြီး ရောင်းနိုင်လျှင် မည်သို့ ဖြစ်လာမည်ကို တွေးနေခဲ့သည်။

ကျိရွှေရှန့်က လမ်းတလျှောက် ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုနေသောကြောင့် ယဲ့လွီဆိုင့်ယာက သူ စူးစမ်းနေသည်ဟု ထင်သွားပြီး စျေး၏အခြေအနေကို မိတ်ဆက်ပေးခဲ့သည်။ သူတို စကားပြောလာကြရင်း နောက်ဆုံးတွင် သူ့ကို နန်းတော်သို့ ခေါ်သွားမည့်အကြောင်း သတိပေးလာခဲ့သည်။

“နန်းတော်က အရှေ့မှာ ရှိတယ်၊ ဧကရီကို သွားတွေ့ဖို့ ရှင့်ကို ခေါ်သွားပေးမယ်"

ကျိရွှေရှန့်က ခေါင်းညိတ်လိုက်သည်။

အောင်မြင်မှုကို အန္တရာယ်တွေကြာကနေ ရှာဖွေယူရတယ်လို ပြောကြပြီး ဘာအန္တရာယ်မှ မရှိရင် အမြတ်အစွန်းရနိုင်ဖို့ကလည်း မသေချာဘူးလေ။

ကျိရွှေရှန့်က ယဲ့လွီဆိုင့်ယာ၏နောက်မှ နန်းတော်ဝင်းထဲသို့ လိုက်ပါသွားခဲ့ပြီး ကျယ်ပြောလှသော လေ့ကျင့်ရေးကွင်းကြီးကို သူ မြင်လိုက်ရသည်။ နှစ်ဖက်စလုံးတွင် ဓားရှည်များ၊ လှံများနှင့် ဓားမောက်များတင်ထားသည့် လက်နက်စင်များရှိနေသည်။ သူ့မျက်လုံးကို အဖမ်းစားနိုင်ဆုံးအရာက စင်ပေါ်ရှိ လေးကိုင်းကြီး ဖြစ်သည်။ ၎င်းက သာမန်လေးကိုင်းများထက် အဆပေါင်းများစွာ ကြီးမားပြီး ကျင်းတစ်ထောင် ခွန်အားမရှိလျှင် ထိုလေးကိုင်းကို မတင်နိုင်မည် မဟုတ်ပေ။

တာ့ထန်လူမျိုးများက ရဲရင့်ပြီး သန်မာကာ အကြမ်းခံနိုင်သော သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့ နပန်းလုံးခြင်းနှင့် လေးပစ်ခြင်းကို အထူးနှစ်သက်ကြသည်။

လူတိုင်းက စစ်သည်ဖြစ်နိုင်ပြီး စစ်သည်တော်တိုင်းက လုံ့လဝီရိယရှိရှိ လေ့ကျင့်ထားသည်ဟု ပြောလေ့ရှိကြသည်။ စည်းမဲ့ကမ်းမဲ့ ဖြစ်နေသော တာ့ရှားပြည်ထောင်၏စစ်တပ်နှင့် နှိုင်းယှဉ်ပါက ၎င်းတို့တွင် တင်းကျပ်သော စစ်ဥပဒေများနှင့် ပြင်းထန်သော လေ့ကျင့်မှုများ ရှိနေလေသည်။

ကျိရွှေရှန့်က စူးချင်းကို လှည့်ပတ်ရှာဖွေနေပြီး သူမ မည်သည့်နေရာတွင် ရှိနေသည်ကို သိချင်နေမိသည်။

သူမက‌ရော သူလိုပဲ တာ့ထန်ရဲ့အတွင်းပိုင်းအထိ ဝင်လာခဲ့တာလား?

သူ့အတွေး မဆုံးခင်မှာပင် ယဲ့လွီဆိုင့်ယာက သူ့ကို ခမ်းနားသောတဲနန်းကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ယဲ့လွီဆိုင့်ယာက သူမ၏မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဇက်ကြိုးကို အစောင့်တစ်ယောက်ထံ ပစ်ပေးလိုက်သည်။ ထို့နောက် သူမက ‌နောက်သို့ ပြန်လှည့်လိုက်ပြီး ကျိရွှေရှန့်ကို ပြုံးပြလိုက်သည်။

“ကျွန်မကို ဒီမှာ စောင့်နေပေးပါဦး။ ကျွန်မ မယ်တော့်ကို သတင်းသွားပို့လိုက်ဦးမယ်"

ကျိရွှေရှန့်က သူ့မြင်းပေါ်တွင် မလှုပ်မယှက် ထိုင်နေဆဲဖြစ်ကာ အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ယဲ့လွီဆိုင့်ယာက ထိုနတ်ဘုရားနှင့်တူသောလူကို ကြည့်နေပြီး သူမ၏လှပသော မျက်လုံးလေးများက ကြယ်လေးများကဲ့သို့ တဖျပ်ဖျပ် လင်းလက်နေကာ သူမ၏အပြုံးက သူမ၏အရှက်သည်းမှုကို ပို ပီပြင်လာစေခဲ့သည်။

ထို့ကြောင့် သူမမယ်တော်၏တဲနန်းကြီးဆီသို့ သွားနေသည့်တချိန်လုံး သူမ၏မျက်နှာပေါ်ရှိ အပြုံးက လုံးဝ ပျောက်ကွယ်မသွားခဲ့ပေ။

အပြင်ဘက်တွင် လေအေးများ တိုက်ခတ်နေသော်လည်း အတွင်းခန်းက နွေဦးကဲ့သို့ ပူနွေးနေခဲ့သည်။ ဧကရီက ခရမ်းရောင်နန်းတွင်းဝတ်စုံကို ၀တ်ဆင်ထားပြီး သူမ၏ဆံပင်များကို နောက်သို့ ဖြည်ချထားသည်။ သူမ၏ဆံကေသာ ထိပ်ပိုင်းကိုသာ ထုံးဖွဲ့ထားပြီး သူမ၏ခေါင်းပေါ်တွင် ပျံသန်းနေသည့် ရွှေရောင်ဖီးနစ်ပုံသဏ္ဍန်ဆံညှပ်တစ်ခု ထိုးစိုက်ထားသည်။ ထိုဆံညှပ်မှ ပုလဲစေ့လေးများပါသည့် ပန်းမြိတ်ကလေးများက သူမ၏နားထင်ဘေးတွင် တွဲလောင်းကျနေသောကြောင့် သူမကို ပိုကျက်သရေရှိစေပြီး ပို၍ အထက်တန်းဆန်စေသည်။

ဧကရီက လူလတ်ပိုင်းအရွယ်ရောက်နေပြီ ဖြစ်သော်လည်း သူမက သူမကိုယ်သူမ ကောင်းမွန်စွာ ထိန်းသိမ်းထားပုံရသည်။ သူမ၏ အသားအရေက ဆောင်းနှင်းများကဲ့သို့ ဖြူဖွေးနေပြီး သူမ၏လှပသော မျက်လုံးများတွင် မာန်မာနများ မရှိဘဲ ခံ့ညားသော ရောင်ဝါများသာ ရှိနေခဲ့သည်။ ယဲ့လွီဆိုင့်ယာ၏အသွင်အပြင် ခုနစ်ဆယ်ရာခိုင်နှုန်းက သူမနှင့်ဆင်တူနေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဧကရီက နို့လက်ဖက်ရည်ဖျော်ရန် မီးဖိုရှေ့တွင် ရှိနေပြီး ရွှေဇွန်းတစ်ချောင်ကို ကိုင်ထားခဲ့သည်။ တွန့်လိမ်နေသည့်အငွေ့များက တရှိန်ရှိန် လွင့်ပျံနေပြီး သူမ၏ဖြူဖွေးနေသော ပါးပြင်များကို နီရဲလာစေသည်။ သူမက နို့လက်ဖက်ရည်ကို နှစ်သက်ပြီး အခြားသူများက သူမအတွက် လုပ်ပေးခြင်းကိုတော့ မကြိုက်ပေ။

ယဲ့လွီဆိုင့်ယာတစ်ယောက် တဲနန်းထဲသို့ အေးအေးဆေးဆေး ဝင်လာသည်ကို မြင်လိုက်ချိန်တွင် ဧကရီ၏မျက်လုံးများတွင် ဒေါသရောင်များသန်းလာပြီး သူမကို ကဲ့ရဲ့ရှုတ်ချကာ ပြစ်တင်လိုက်သည်။

"ဆိုင့်ယာ... သမီးတော်က ဘာလို့ အခုမှ မယ်တော့်ကို ဂါရဝပြုဖို့ ရောက်လာရတာလဲ?"

ယဲ့လွီဆိုင့်ယာက သူမ၏ပန်းနုရောင်နှုတ်ခမ်းလေးကို စူလိုက်ပြီး သူမမိခင်၏လက်မောင်းနားပေါ်သို့ သူမနားရွက်ထိမိသည်အထိ အမေဖြစ်သူ၏ပခုံးပေါ်သို့ မှီချလိုက်ကာ ဝမ်းပမ်းတနည်း ရေရွတ်လိုက်သည်။

"မယ်တော်၊ ဆိုင့်ယာက မယ်တော်ကို မတွေ့ရတော့ဘူးလို့ ထင်ခဲ့မိတာ"

"ဘာတွေဖြစ်ခဲ့တာလဲ?"

သူမ၏အဖိုးတန်သမီးလေးဆီမှ စကားကို ကြားလိုက်ရချိန်တွင် ဧကရီ၏မျက်နှာပေါ်မှ တည်ငြိမ်မှုက ပျောက်ကွယ်သွားခဲ့သည်။

"ဆိုင့်ယာက ခမည်းတော်ကို ကုသပေးဖို့ သမားတော် ရှာချင်တာကြောင့် တာ့ရှားပြည်ထောင်ကို သွားခဲ့တာပါ။ လမ်းမှာ ဝံပုလွေတစ်အုပ်နဲ့ တွေ့မယ်လို့တော့…”

ထို့နောက် ယဲ့လွီဆိုင့်ယာက သူမ ဝံပုလွေများ၏တိုက်ခိုက်ခြင်း ခံခဲ့ရပြီး ကျိရွှေရှန့်က သူမကို ကယ်တင်ခဲ့သည့်အကြောင်း မိခင်ဖြစ်သူကို ပြောပြလိုက်သည်။ ထိုစကားကို ကြားပြီးနောက် ဧကရီ၏မျက်နှာက ဖြူဖျော့သွားကာ သူမ၏ဒေါသက အစေခံမိန်းကလေး တုကျွမ့်ဆီသို့ ကူးပြောင်းသွားပြီး သူမ၏ မျက်လုံးများက စူးရှလာခဲ့သည်။

"တုကျွမ့်က မင်းကို ဘယ်လိုခစားနေတာလဲ? မင်းကို အဲ့လိုအန္တရာယ်တောထဲ ဝင်ခိုင်းခဲ့တာလား?"

“မယ်တော်၊ တုကျွမ့်ကို အပြစ်မတင်ပါနဲ့။ သမီးတော်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်သူက တားနိုင်မှာလဲ?”

သူမ၏မယ်တော်က တုကျွမ့်အား စိတ်ဆိုးနေသည်ကို မြင်လိုက်ရသောကြောင့် ယဲ့လွီဆိုင့်ယာက သူမဘာသာတာဝန်ယူရန် ကမန်းကတမ်း ဖြေရှင်းလိုက်သည်။ တုကျွမ့်က သူမကို တားရန် ကြိုးစားလိုက်သော်လည်း ယဲ့လွီဆိုင့်ယာ၏ ကြာပွတ်သံကြောင့် သူမ ဘာမှ မတတ်နိုင်ဘဲ ကြောက်လန့်ကာ နောက်ဆုတ်သွားရသည်။

“မင်း... မင်း ဒီမယ်တော်ကို စိတ်မပူအောင် မနေနိုင်ဘူးလား?”

ဧကရီက သူမ၏ သွယ်လျသော ကျောက်စိမ်းလက်ချောင်းကို ဆန့်ထုတ်လိုက်ပြီး သမီးဖြစ်သူ၏နဖူးကို လှမ်းပုတ်လိုက်သည်။ သူမ၏မျက်လုံးများထဲတွင် ပြစ်တင်ကဲ့ရဲ့ခြင်းနှင့် အကူအညီမဲ့မှုများ ပြည့်နှက်နေခဲ့သည်။

"မင်းကို ကယ်တင်ခဲ့တဲ့ ဟန်လူမျိုးက ဘယ်မှာလဲ? သူ့ကို ဝင်ခွင့်ပြုလိုက်၊ သူက မင်းအသက်ကို ကယ်ပေးခဲ့တဲ့အတွက် မယ်တော်က သူ့ကို ကျေးဇူးတင်ချင်တယ်"

“သူ နန်းတော်အပြင်မှာ စောင့်နေတယ်။ မယ်တော် သူ့ကို ကောင်းကောင်း ဆုချရမယ်နော်"

ကျိရွှေရှန့်အကြောင်း စကားစလာချိန်တွင် ယဲ့လွီဆိုင့်ယာ၏မျက်နှာက တောက်ပလာပြီး သူမ၏မျက်လုံးထဲမှ ချစ်ခြင်းမေတ္တာအရိပ်အယောင်များကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

“သူက အရမ်းသန်မာတယ်။ ပြီးတော့ သူက မြှားနှစ်စင်းကိုတောင် တစ်ပြိုင်တည်း ပစ်ခတ်နိုင်တယ်၊ သူရဲ့မြားပစ်စွမ်းရည်ကလည်း အရမ်းကောင်းတယ်။ သမီးတော်တို့ရဲ့ တာ့ထန်ကရဲ့ အစွမ်းထက်ဆုံး သူရဲကောင်းတောင် သူကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

ဧကရီက ကျိရွှေရှန့်အပေါ်ထားနေသည့် သူမသမီး၏ အလွန်အမင်း အထင်ကြီးမှုကို နားလည်သွားခဲ့ပြီး သူမက ထိုလူငယ်ကို ပို၍ပင် တွေ့ဆုံချင်လာခဲ့သည်။

ယဲ့လွီဆိုင့်ယာက တော်ဝင်မိသားစုတွင် မွေးဖွားခဲ့ပြီး မောက်မာသောစရိုက်နှင့် သူမကိုယ်သူမ အထင်ကြီးနေသည့်ကိုယ်ရည်ကိုယ်သွေးရှိသူ ဖြစ်သည်။ မိခင်တစ်ယောက်အနေဖြင့် သူမက သူမ၏သမီးကို ကောင်းကောင်းနားလည်နေပြီး သာမာန်အမျိုးသားတစ်ဦးက သူမ၏သမီးထံမှ ဤမျှမြင့်မားသောအကဲဖြတ်မှုကို မရရှိနိုင်ကြောင်း သူမ အသိဆုံးဖြစ်သည်။

ထိုလူ့အကြောင်း ပြောနေချိန်တွင် ယဲ့လွီဆိုင့်ယာ၏မျက်လုံးများက တောက်ပလာသောကြောင့် သမီးဖြစ်သူက ထိုလူကို ချစ်မိသွားကြောင်း ဧကရီက သဘောပေါက်နိုင်ခဲ့သည်။

သူမသမီးလေး၏နှလုံးသားကို လှုပ်ရှားစေနိုင်သည့် အမျိုးသားတစ်ယောက်က သာမန်မဟုတ်နိုင်ဟု သူမ ခန့်မှန်းလိုက်သည်။

"သူ့ကို ဝင်ခွင့်ပြုလိုက်ပါ၊ ဘာလုပ်ရမယ်ဆိုတာကို မယ်တော် သိတယ်"

ဧကရီက ယဲ့လွီဆိုင့်ယာကို ခေါင်းညိတ်ပြလိုက်ပြီး အစေခံမိန်းကလေးတစ်ယောက်အား သူမ၏နို့လက်ဖက်ရည်ကို လှပသောငွေအိုးတစ်လုံးထဲသို့ ထည့်ခိုင်းသည်။ ဧည့်သည်ရောက်လာလျှင် ဧည့်ခံရန် ပို့ပေးဖို့လည်း အမိန့်ပေးလိုက်သည်။

ယဲ့လွီဆိုင့်ယာက ရွှင်မြူးနေသော ပျံလွှားငှက်ကလေးတစ်ကောင်ကဲ့သို့ ပြေးထွက်သွားခဲ့သည်။ သမီးဖြစ်သူ၏နောက်ကျောကို ကြည့်နေရင်း မိဖုရား၏မျက်နှာပေါ်ရှိ အပြုံးက ပြန်မှိန်ဖျော့သွားခဲ့သည်။

ကျိရွှေရှန့်တစ်ယောက် တာ့ထန်ပြည်ထောင်၏နန်းတော်ထဲသို့ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်လာစဉ်တွင် စူးချင်းက ခြံဝန်းငယ်လေးတစ်ခု၌ အကျယ်ချုပ် ကျနေခဲ့သည်။ ဒုတိယမင်းသားက သူမကို ညှဉ်းပန်းနှိပ်စက်ခြင်း မပြုဘဲ နေအိမ်အကျယ်ချုပ်သာာ ချထားရန် အမိန့်ပေးခဲ့သည်။ သူမ၏အစားအသောက်အတွက်လည်း ကောင်းမွန်စွာ စီမံပေးထားခဲ့သည်။

ဤအခိုက်အတန့်တွင် စူးချင်းက သိုးသငယ်လေး၏ခြေထောက်တစ်ပိုင်းကို ကိုင်ထားရင်း ခြံထဲတွင် ထိုင်နေခဲ့သည်။ ဒုတိယမင်းသားက သူမကို ကောင်းကောင်းဂရုစိုက်ပေးသည်ဟု ယူဆနိုင်ပြီး သူမအတွက် အရက်ပို့ပေးရန်ပင် သူ့လူများအား အမိန့်ပေးခဲ့သည်။

စူးချင်းက သူမအတွက် ဒုတိယမင်းသား ဆုပေးခဲ့သည့် ရွှေတုံးကို စားပွဲပေါ်တင်ထားသောကြောင့် အစားအစာနှင့် သောက်စရာများကို ယူဆောင်လာပေးရသည့် အစောင့်များက အဝင်အထွက်တိုင်း ထို‌ရွှေတုံးကို မြင်နိုင်ပြီး သူတို့က သူမကို အလွန်မနာလို ဖြစ်နေကြသည်။

စူးချင်းတစ်ယောက် ဒုတိယမင်းသား၏ ဦးစားပေး ဆက်ဆံခြင်းကို ခံနေရစဉ် ပထမမင်းသားက သူ၏လက်အောက်ငယ်သားများထံမှ အစီရင်ခံမှုကို မှုန်မှိုင်းသောအမူအရာဖြင့် နားထောင်နေခဲ့သည်။ အစီရင်ခံနေသည့်သတင်းများကို နားထောင်ပြီးနောက်တွင် သူက သူ့မျက်လုံးများကို မှိတ်ချလိုက်ပြီး အေးစက်စက်အသံဖြင့် ပြန်မေးလိုက်သည်။

"အဲဒီလူက ဒုတိယမင်းသားရဲ့ သူလျှိုလို့ မင်းတို့ ပြောနေတာလား?"

"ဟုတ်ပါတယ်၊ သူ ဒုတိယမင်းသားရဲ့စစ်သည်တွေနဲ့ စကားပြောနေတာကို ကျွန်တော်မျိုးတို့ရဲ့မျက်လုံးနဲ့ မြင်ခဲ့တာပါ၊ ပြီးတော့ ဒုတိယမင်းသားက သူ့ကို အထဲဝင်ခိုင်းတယ်"

"မင်းတို့ အရင်ထွက်သွားလို့ရပြီ!"

ပထမမင်းသားက မည်းမှောင်သောအမူအရာဖြင့် ရှိနေဆဲဖြစ်ကာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး တဲနန်းထဲမှ လူအားလုံးကို မောင်းထုတ်လိုက်သည်။ ထို့နောက် သူက သူ့ဘေးနားတွင် ထိုင်နေပြီး နို့လက်ဖက်ရည်သောက်နေသည့် စစ်ရေးအတိုင်ပင်ခံကို လှမ်းကြည့်လိုက်သည်။

"အတိုင်ပင်ခံကြီး...ခင်ဗျား ဘယ်လိုထင်လဲ?"

"မင်းသားရဲ့လူတွေနဲ့ ဒုတိယမင်းသားဆီကို သွားပြီး လုပ်ကြံသတ်ဖြတ်သူကို ထုတ်ပေးဖို့ တောင်းဆိုလို့ရတယ်"

ထိုသို့ပြောပြီးနောက် စစ်ရေးအတိုင်ပင်ခံက နွားနို့လက်ဖက်ရည်ကို အေးအေးဆေးဆေး မော့သောက်နေခဲ့သည်။

မနေ့ညက သူက ပထမမင်းသား ပို့ပေးခဲ့တဲ့ အလှလေးတွေနဲ့ သူ့ရဲ့ ယင်-ယန်ကျင့်စဥ်ကို အဆင့်မြှင့်နိုင်ခဲ့တယ်။ အဲ့ဒါကြောင့် ဒီနေ့ တစ်နေ့လုံး တောက်ပနေသလို သူ ခံစားနေရတယ်။

ပထမမင်းသားက မျက်ခုံးပင့်လိုက်ရင်း “ကောင်းပြီလေ၊ ငါတို့ အဲ့ကိုသွားပြီး ဒုတိယညီတော်နဲ့ ရင်ဆိုင်ကြတာပေါ့”

စစ်ရေးအတိုင်ပင်ခံရဲ့စကားက သူ အလိုရှိနေတဲ့အရာနဲ ကွက်တိပဲ။ အခု တာ့ထန်က သူ့လက်ထဲမှာ ရှိနေပြီး သူ ဖမ်းချင်တဲ့သူမှန်သမျှကို ဖမ်းဆုပ်နိုင်တယ်။

ပြီးတော့ သူမှာ ပိုပြီး သင့်တော်တဲ့ အကြောင်းပြချက်ကောင်းတစ်ခုလည်း ရှိနေသေးတယ်။

ပထမမင်းသားက စူးချင်းကို သွားဖမ်းရန် ပြင်ဆင်နေချိန်တွင် ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့်ကို ဧကရီ၏နန်းတော်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ဧကရီက စားပွဲနောက်တွင် ထိုင်နေကာ ဂုဏ်သိက္ခာအပြည့်ရှိသည့်အမူအရာဖြင့် ကျိရွှေရှန့်ကို အကဲခတ်နေခဲ့သည်။ သူမ၏သမီးနှင့် ရင်ဆိုင်နေချိန်တွင် သူမက သမီးကို ချစ်ခင်အလိုလိုက်သည့် မိခင်တစ်ယောက်ဖြစ်နေခဲ့သော်လည်း တခြားသူများနှင့် တွေ့ဆုံသည့်အခါ ဂုဏ်သိက္ခာအပြည့်ဖြင့် ဝင့်ဝါနေတက်သည်။ သူမ၏မျက်လုံးများက အရာရာကို လျစ်လျူရှုထားသလို အထက်စီးဆန်လှပြီး လူအများက သူမကို မကြည့်ရဲနိုင်လောက်သည့် အရှိန်အဝါရောင် ထုတ်ဖော်ထားခဲ့သည်။

“မယ်တော်၊ ဒါက သမီးတော်ရဲ့ကျေးဇူးရှင်ပါ။ သူ့နာမည်က ကျိရွှေရှန့်ပါ"

ယဲ့လွီဆိုင့်ယာက ကျိရွှေရှန့်ကို မိခင်နှင့် ပျော်ရွှင်စွာ မိတ်ဆက်ပေးနေခဲ့သည်။ ကျိရွှေရှန့်က သူ့မျက်လုံးများထဲမှ အမုန်းတရားနှင့် ရန်လိုစိတ်များကို ဖယ်ရှားလိုက်ပြီး ရိုးသားဟန်ဆောင်လိုက်ကာ လက်ခုပ်ပြီး ဧကရီကို အရိုအသေပေးလိုက်သည်။

"ဧကရီကို နှုတ်ခွန်းဆက်သပါတယ်"

"ဆိုင့်ယာ ပြောတာက မင်းက သူ့(မ)ကို ဝံပုလွေတွေလက်ထဲကနေ ကယ်တင်ပေးခဲ့တယ်တဲ့ အဲ့ဒါ အမှန်ပဲလား?"

ဧကရီက ကျိရွှေရှန့်၏နှုတ်ဆက်ခြင်းကို လက်ခံသည့်ပုံစံဖြင့် အနည်းငယ် ခေါင်းညိတ်ပြလိုက်သော်လည်း သူမ ပြန်မေးလိုက်သည့်အသံကတော့ ခံစားချက်မဲ့နေခဲ့သည်။

"မင်းသမီးကို တွေ့တဲ့ ဘယ်သူမဆို ကျွန်တော်လိုမျိုး ကယ်တင်ပေးမှာပါပဲ"

ကျိရွှေရှန့်က ဘာမှ မထူးခြားသလို ပုံစံဖြင့် ပြန်ဖြေလိုက်ပြီး သူက နှိမ့်ချခြင်းလည်း မရှိသလို သူ့ကိုယ်သူ အမွန်းတင်နေခြင်းလည်း မရှိပေ။

ဧကရီက ကျိရွှေရှန့်၏ သူ့ကိုယ်သူ မြှောက်ပင့်မနေသည့် အမူအရာကို မြင်သွားသောကြောင့် သူမက သူ့ကို အနည်းငယ် အထင်ကြီးသွားခဲ့သည်။

ထို့ကြောင့် သူမက ကျိရွှေရှန့်ကို ထပ်ပြီး အကဲခတ်လိုက်သည်။

သူက အရပ်ရှည်တယ်၊ သန်မာပြီး အရည်အချင်းရှိတဲ့သူဆိုတာလည်း မြင်သာနေတယ်။ သူရဲ့အသွင်အပြင်က သူမ မြင်ဖူးတဲ့ တာ့ရှားပြည်ထောင်ရဲ့ အရပ်ဘက် အရာရှိတွေနဲ့ မတူဘဲ ပိုပြီး သူရဲကောင်းဆန်တယ်။ တာရှားရဲ့အရပ်ဘက်အရာရှိတွေ အားလုံးက နူးညံ့သိမ်မွေ့တယ်လို့ ထင်ရပေမယ့် သူတို့အားလုံးက လူမဆန်တဲ့သူတွေ ဖြစ်နေကြတယ်။

ကျိရွှေရှန်းကို သေသေချာချာ အကဲခတ်ပြီးနောက်တွင် ဧကရီ၏ ကျိရွှေရှန့်အပေါ် ဖြစ်ပေါ်လာသည့် အထင်အမြင်က အနည်းငယ် ပိုတိုးတက်လာခဲ့သည်။

သူ့မှာ မြင့်မြတ်တဲ့ အဆင့်အတန်းတစ်ခု ရှိနေရင် သူမရဲ့သမီးတော်နဲ့ ထိမ်းမြားပေးဖို့ စဉ်းစားပေးနိုင်တယ်။

All Chapters