← Chapters

သူဖော်တဲ့ဆေး သူ့ကို ပြန်ပေးမယ်

Vol. 18 Ch. 270

သူဖော်တဲ့ဆေး သူ့ကို ပြန်ပေးမယ်

Vol. 18 Ch. 270

တာ့ထန်စစ်သည်ခေါင်းဆောင်က ကုန်သည်များကို လှမ်းကြည့်လိုက်သည်။ ထိုကုန်သည်များက ခါးချိတ်တံဆိပ်ပြားကိုင်ဆာင်ထားသည့် ကျိရွှေရှန့်ကို မည်သို့မျှ မစော်ကားဝံ့ကြပေ။ အားလုံးက သူတို့ကိုယ်သူတို့ ကာကွယ်ချင်နေသည့်အမူအရာဖြင့် ခေါင်းယမ်းလိုက်ကြသည်။

"ကျွန်တော်မျိုးတို့ ဘာမှ မမြင်လိုက်ပါဖူးဘူး"

ထိုလူများက သူတို့ မမြင်ဘူးဟု ပြောလိုက်သောကြောင့် လောဘကြီးသောကုန်သည်က စိုးရိမ်တကြီးဖြင့် ထပ်အော်လိုက်သည်။

"မင်းတို့က ငါ့ကို ဘာလို ဒီလိုလုပ်နေရတာလဲ? ငါ တစ်ခုခု ရလာရင် မင်းတို့က ငါ့ဆီကနေ မျှဝေပေးဖို့ တောင်းဆိုကြမှာ မဟုတ်ဘူးလား? ဒါပေမယ့် အခုလို ဖြစ်သွားတော့ ငါတစ်ယောက်တည်း တာဝန်ယူရမှာလား?”

"ဘာလဲ? ငါတို့ ပြောတာ ဘာမှားလို့လဲ? မင်းက လူတွေကို လိမ်ညာချင်တာလေ။ ငါတို့နဲ့ ဘာဆိုင်လို့လဲ?"

သူတို့ဘက်သို့ ပြသနာရောက်လာတော့မည့်အချိန်တွင် တခြားကုန်သည်များ အားလုံးက ကျိရွှေရှန့်အတွက် သက်သေထွက်ဆိုပေးကြပြီး တညီတညွတ်တည်း အော်ကြလိုက်ကြသည်။

နောက်ဆုံးတွင် စစ်သည်ခေါင်းဆောင်က သဘောပေါက်သွားခဲ့သည်။

ဒီလူမိုက်က သူတပါးရဲ့ပစ္စည်းကို ဝါးမျိုချင်နေတာပဲ။

ထို့ကြောင့် သူက ကျိရွှေရှန့် ကျေနပ်စေရန်အတွက် ထိုကုန်သည်၏ပခုံးကို ဓားဖြင့် ဖိချလိုက်ရာ ထိုလူက ကြောကလန့်တကြားဖြင့် မြေပြင်ပေါ်သို့ ထိုင်ချလိုက်သည်။

"ပစ္စည်းတွေ ပြန်ပေးလိုက်"

စစ်သည်ခေါင်းဆောင်က ထိုကုန်သည်၏မျက်လုံးကို ဓားဖျားကို ထောက်ထားပြီး ပြင်းပြင်းထန်ထန် အမိန့်ပေးလိုက်သည်။

ထိုကုန်သည်က ရှိုက်ကြီးတငင် ငိုယိုနေပြီး ဘာမှ ထပ်မပြေရဲတော့ပေ။ နောက်ဆုံးတွင် ယနေ့ သားရေလှည်းသုံးစီး ထပ်မပေးနိုင်လျှင် သူ့အသက်ဖြင့် ပေးဆပ်ရမည်ကို သူ နားလည်သွားခဲ့သည်။

သူ့ထံတွင် သားရေအများကြီး မရှိသောကြောင့် တခြားလူများဆီမှ ချေးယူလိုက်ရသည်။ အနည်းဆုံးတော့ သူ လုံလုံလောက်လောက် စုဆောင်းနိုင်ခဲ့ပြီး နာကျင်ရလွန်းသောကြောင့် သူ့နှလုံးသားပင် တဆတ်ဆတ် တုန်ယင်နေခဲ့သည်။

သူက မျက်နှာရှည်ကြီးဖြင့် သားရေ လှည်းသုံးစီးကို ကျိရွှေရှန့်ထံသို့ သွားပေးခဲ့ပြီး သူက လှည်းပေါ်မှ သားရေများကို အောက်ချပေးရန် ပြင်ဆင်လိုက်သော်လည်း ကျိရွှေရှန့်က လှည်းသုံးစီးကိုပါ ယူထားလိုက်သည်။

(T/N: ဝမ်းနည်းစိတ်ပျက်နေသောမျက်နှာ)

ဒါက သူဆိုတဲ့ ကျိရွှေရှန့်က ​​လောဘကြီးတာ မဟုတ်ပါဘူး၊ အဲ့ဒိကုန်သည်မှာ ကြောက်စရာကောင်းတဲ့ ရည်ရွယ်ချက် ရှိနေခဲ့လို့ ဒီလို ဖြစ်လာခဲ့တာပါ။

သူ့ဆေးကို သူ့ကို ပြန်ပြီး မြည်းစမ်းခိုင်းလိုက်တာဆိုတော့ ဘာပဲဖြစ်ဖြစ် သူ့(ကျိရွှေရှန့်)ကို အပြစ်မတင်သင့်ဘူးလေ။

သူက သူ့ပစ္စည်းတွေကို ပြန်ပေးဖို့ ငြင်းဆန်ခဲ့တဲ့ လောဘကြီးတဲ့ ကုန်သည်ကို သူ့နှလုံးသားကနေ သွေးစိမ်းရှင်ရှင် ထွက်အောင် ခံစားရစေချင်တာပါ။ သားရေလှည်းသုံးစီးစာနဲ့ လှည်းသုံးစီးဆိုတာက အဲ့ဒီလူ နှစ်နှစ်လောက် စုဆောင်းထားရတဲ့ ငွေတွေအားလုံးကို တစ်နေ့တည်းနဲ ဆုံးရှုံးလိုက်ရတာပါ။

“တရားမျှတမှု ရှာဖွေပေးလို့ ကျေးဇူးတင်ပါတယ်”

ကျိရွှေရှန့်က လက်ခုပ်အုပ်လိုက်ပြီး စစ်သည်ခေါင်းဆောင်ကို ကျေးဇူးတင်လိုက်သည်။ ထိုခေါင်းဆောင်ငယ်လေးကတော့ ကျိရွှေရှန့်ကို ခယယ ပြန်ပြုံးပြနေခဲ့သည်။

"ဒါက ကျွန်တော့်ရဲ့တာဝန်ပါ။ လူကြီးမင်းမှာ တခြားညွှန်ကြားစရာ ရှိသေးလား?"

“မရှိတော့ပါဘူး၊ ဒီကအရာရှိရဲ့ကြိုးစားအားထုတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ အရာရှိမင်းတို့ကို လက်ဖက်ရည်နဲ့ ဧည့်ခံဖို့ ငွေစအနည်းငယ် ပေးပါရစေ"

ကျိရွှေရှန့်က အပြုံးဖြင့် နှုတ်ဆက်စကား ပြန်ပြောလိုက်သည်။ သူက သူ့၏အင်္ကျီလက်ထဲမှ ငွေငါးလျန်ကို ထုတ်ယူလိုက်ပြီး စစ်သည်ခေါင်းဆောင်ငယ်ထံသို့ လွှဲပေးလိုက်သည်။ စစ်သည်ခေါင်းဆောင်ငယ်က လက်မခံဝံ့ဘဲ ငြင်းဆိုရန် သူ့လက်ကို အမြန်ဝှေ့ယမ်းလိုက်သည်။

"ရပါတယ်၊ ကျွန်တော့်နာမည်က ယဲ့ဟယ်ကျန်းပါ၊ ကျေးဇူးပြုပြီး ကျွန်တော်အတွက် စကားကောင်းလေး ပြောပေးပါ"

ဧကရာဇ်မင်းမြတ်နှင့် ဧကရီ၏ရှေ့တွင် သူ့အတွက် ကောင်းမွန်သော စကားတစ်ခု ပြောပေးရန် ကျိ‌ရွှေရှန့်အား တိုက်ရိုက်မတောင်းဆိုဝံ့သောကြောင့် ထိုစစ်သည်ခေါင်‌ဆောင်က သူ့၏အမည်ကို ပြောပြပြီး ယောင်ဝါးဝါးသာ ထပ်ပြောရဲခဲ့သည်။ ကျိရွှေရှန့်က ချက်ခြင်းနားလည်သွားပြီး ချက်ချင်းပြုံးလိုက်ပြီး လက်သီးအုပ်လိုက်ပြီး "ကောင်းပြီ၊ အခွင့်အရေးရရင် ခင်ဗျားအတွက် စကားကောင်းလေးတွေ ပြောပေးမယ်"

စစ်သည်ခေါင်း‌ဆောင်က ကျိရွှေရှန့်အား တောင်းဆိုနေသည်ကို မြင်လိုက်ရချိန်တွင် ဘေးမှကုန်သည်များက ကျိရွှေရှန့်ထံတွင် ခိုင်မာသည့်ကျောထောက်နောက်ခံရှိနေသည်ကို နားလည်သွားခဲ့ပြီး သူတို့ အချိန်မီ ရပ်လိုက်သည့်အတွက် ဝမ်းသာနေခဲ့သည်။

အဲ့လိုမှ မဟုတ်ရင် သူတို့လည်း အားလန်လို ကံမကောင်းဖြစ်သွားလိမ့်မယ်။

ကျိရွှေရှန့်က စစ်သည်များကို နှုတ်ဆက်လိုက်ပြီး သူ့နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ မုတ်ဆိတ်မွေးကောက်နေသည့် ကုန်သည်က သူ့အား ပြုံးပြနေသည်ကို သူ တွေ့လိုက်ရသည်။ ထိုအပြုံးတွင် အဓိပ္ပါယ်များစွာ ပါဝင်နေပြီး ချီးမွမ်းခြင်းအနည်းငယ်၊ နှစ်သက်ခြင်း အနည်းငယ်နှင့် နောက်ပြောင်လိုခြင်း အနည်းငယ်ပါဝင်နေခဲ့သည်။

ကျိရွှေရှန့်က သူ့ကို ပြန်ပြုံးပြလိုက်ပြီး "ညီအစ်ကို၊ ငါတို့ သီးသန့် စကားသွားပြောရအောင်"

"ကောင်းပြီလေ၊ မင်းက ဒီလောက်လေးစားဖို့ ကောင်းနေမှတော့ မင်း ပြောတာကို ငါ နာခံပါ့မယ်"

ထိုကုန်သည်က သူ့၏ဘယ်ဘက်မျက်ခုံးကို ပင့်လိုက်ပြီး ကျိရွှေရှန့်နောက်မှ အပြုံးဖြင့် လိုက်ပါသွားခဲ့သည်။

လမ်းပေါ်တွင် ရှုပ်ထွေးနေဆဲဖြစ်ကာ တာ့ထန်စစ်သည်များက နေရာတိုင်းတွင် ရှိနေပြီး အမျိုးသမီးငယ်လေးကို ဖမ်းခေါ်နေသောကြောင့် မူလက စည်ကားနေသည့် လမ်းများတွင် လူဦးရေကျဲပါးလာခဲ့သည်။

လမ်းမများပေါ်တွင် ဖမ်းခေါ်ရန် မိန်းကလေးများ မရှိတော့သောကြောင့် တာ့ထန်စစ်သည်များက အိမ်တိုင်းကို ရှာဖွေနေကြပြီး ကြီးမားသော ရုန်းရင်းဆန်ခတ်များ ဖြစ်စေခဲ့သည်။

သူတို့ ရောက်လာချိန်တွင် လှည်းငါးစီးသာ ပါလာခဲ့သော်လည်း ပြန်သောအခါ လှည်းရှစ်စီး ရှိနေခဲ့သည်။ ထို့အပြင် နွားသုံးကောင်နှင့် သိုးငါးကောင်ကိုလည်း ရရှိခဲ့သေးသည်။ ကျိရွှေရှန့်က ဆူဖြိုးသော သိုးငါးကောင်ကို လှည်းပေါ်ပစ်တင်လိုက်ပြီး ကြိုးများဖြင့် ချည်နှောင်လိုက်သည်။

လိမ်လည်လှည့်စားခဲ့သော ကုန်သည်က မြေကြီးပေါ်တွင် ထိုင်နေကာ သူ့မိဘများ သေဆုံးသွားသလိုမျိုး ရင်ဘတ်စည်းတီး ငိုကြွေးနေလေသည်။

အခြားသော ကုန်သည်များကတော့ ထိုဘေးဥပဒ်မှ ရှောင်လွှဲလိုက်နိုင်သည့်အတွက် တိတ်တိတ်လေး ပျော်ရွှင်နေကြသည်။ သူတို့အားလုံးက ကျိရွှေရှန့် ကျေနပ်စေရန်အတွက် သူ၏ကုန်ပစ္စည်းများကို လှည်းပေါ်သို့ ဝိုင်းတင်ပေးနေကြသည်။ ကျိရွှေရှန့်တွင် သိုးများ ချည်ရန် ကြိုးလိုအပ်နေကြောင်း တွေ့လိုက်ရချိန်တွင် သူတို့က ကျိရွှေရှန့်အတွက် ကြိုးယူသွားရန် အမြန် ပြေးသွားကြပြန်သည်။

နွားသုံးကောင်ကို လှည်းများနောက်မှ ဖြည်းဖြည်းချင်း ဆွဲခေါ်သွားရမယ် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤနွားများက အလွန်နာခံပြီး လှည်းနောက်မှ နာနာခံခံ လိုက်လာကြသည်။

သူတို့၏နှလုံးသားများထဲတွင် တာ့ရှားပြည်ထောင်သို့ သွားရခြင်းက သူတို့အတွက် ပိုကောင်းသည်ဟု ထင်နေကြပေလိမ့်မည်။ တာ့ရှားပြည်ထောင်တွင် နွားများကို သတ်ခွင့်မပြုဟု သတ်မှတ်ထားခဲ့သည်။ သူတို့က လယ်ကွင်းများတွင်သာ အလုပ်လုပ်ရန် လိုအပ်ပြီး အသားအတွက် အသတ်ခံရမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

ကျိရွှေရှန့်က ပထမလှည်းပေါ်တွင် ထိုင်နေပြီး မုတ်ဆိတ်မွေးကုန်သည်ကို လှမ်းကြည့်လိုက်ကာ "ညီအစ်ကိုလည်း ဒီလှည်းပေါ်မှာပဲ ထိုင်လိုက်ပါတော့"

"နောက်ဆုံးက လှည်းကို သွားမယ်"

သို့သော်လည်း မုတ်ဆိတ်မွေးကုန်သည်က အရှေ့တွင် ထိုင်ရန် ငြင်းဆန်လိုက်သည်။ သူက နောက်ဆုံးလှည်းဆီသို့ လျှောက်သွားပြီး ၎င်းပေါ်တွင် ထိုင်ကာ ကြာပွတ်ကို ကျွမ်းကျင်စွာ ကောက်ယူလိုက်သည်။

ဈေးထဲမှ ကုန်သည်များက သူ့ကို စိုက်ကြည့်နေကြသည်။

ဒီလူကို ကြည့်ရတာ သိပ်မရင်းနှီးဘူး၊ သူက ဘာလူမျိုးလဲ? ဘာလို့ သူ့ကို အရင်က မမြင်ဖူးတာလဲ?

မုတ်ဆိတ်မွေးကုန်သည်က ဤလူများ၏ အတွေးကို ဂရုမစိုက်ပေ။ သူက လှည်းပေါ်တွင် အေးအေးဆေးဆေး ထိုင်နေပြီး ကြာပွတ်ကို ညင်ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ မြင်းက နာခံမှုအပြည့်ဖြင့် ရှေ့မှ လှည်းများနောက်သို့ လိုက်ပါသွားတော့သည်။

သူတို့၏လှည်းတန်းက လမ်းများပေါ်တွင် အလွန် မျက်စိဖမ်းစားနိုင်ခဲ့သည်။ လမ်းတစ်လျှောက်တွင် တာ့ထန်စစ်သည်များက သူတို့ကို အကြိမ်ကြိမ် စစ်ဆေးခဲ့ကြသည်။ အချိန်တိုင်းတွင် ကျိရွှေရှန့်က ထိုကျောက်စိမ်းခါးချိတ်တံဆိပ်ပြားကို ထုတ်ယူခဲ့သောကြောင့် တွေးစရာပင် မလိုဘဲ အလျင်အမြန် ဖြတ်ကျော်နိုင်ခဲ့ကာ တာချန်ထဲမှ အတားအဆီး မရှိ ထွက်ခွာလာနိုင်ခဲ့ကြသည်။

ကျိရွှေရှန့်တို့ တာ့ချန်မှ ထွက်ခွာသွားပြီး မကြာမီတွင် တော်ဝင်သက်တော်စောင့်အဖွဲ့တစ်ဖွဲ့က သူ့ကို ရှာဖွေရန် စျေးသို့ အပြေးအလွှား ရောက်လာကြသည်။ အကြောင်းစုံကို မေးမြန်းပြီးနောက် ကျိရွှေရှန့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင် သူတို့က မြင်းများဖြင့် အပြေးလိုက်သွားကြသည်။

တာ့ချန်မှ ထွက်လာပြီးနောက် ကျိရွှေရှန့်က လှည်းကို တတ်နိုင်သမျှ အမြန်မောင်းနေခဲ့သည်။ သူ့နောက်မှ မုတ်ဆိတ်မွေးကုန်သည်က ရယ်မောရင်း လှမ်းအော်လိုက်သည်။

"ဘာလို့ ဒီလောက်မြန်မြန်ပြေးနေတာလဲ?"

မုတ်ဆိတ်မွေးနှင့် ယောက်ျားကြီး၏ ပါးစပ်ထဲမှ ကြင်လင်ချိုသာ အမျိုးသမီးအသံ ထွက်ပေါ်လာပြီး လုံးဝကို မဆီမဆိုင် ဖြစ်နေခဲ့သည်။

"မင်း ဘာတွေ လုပ်ခဲ့တာလဲ? တာ့ထန်စစ်သည်တွေက ဘာလို့ မင်းကို နေရာတိုင်း လိုက်ရှာနေတာလဲ?"

ကျိရွှေရှန့်က နောက်သို့ လှည့်လိုက်ပြီး စူးချင်းကို အပြုံးဖြင့် ပြန်မေးလိုက်သည်။

တကယ်တော့ သူက ဘာမှ မဟုတ်ဘဲ စိတ်ပူနေခဲ့တာပါ။ ဘာပဲဖြစ်နေဖြစ်နေ စူးချင်းကို ဘယ်သူမှ ဖမ်းနိုင်မှာ မဟုတ်ဘူး။

"ကျွန်မ မင်းသမီးကို ပြသနာ ရှာခဲ့တယ်"

စူးချင်း၏လက်ထဲမှ နှင်တံက လေထဲတွင် ယိမ်းထိုးနေခဲ့သော်လည်း မြင်းကိုတော့ လုံးဝ မထိပေ။ သူမက စိတ်အေးလက်အေးနှင့် ပျင်းပျင်းရိရိ ဖြစ်နေပုံရပြီး သူမ၏အသံတွင် ငြီးငွေ့မှုနှင့် မောက်မာမှုများ ပြည့်နှက်နေလေသည်။

"မင်းသမီးကို တိုက်ခိုက်ခဲ့တာလား?"

စူးချင်းက 'မင်းသမီး'ဟု ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် ကျိရွှေရှန့်က ယဲ့လွီဆိုင့်ယာ အကြောင်းကို တွေးလိုက်မိသည်။

သူမ ဖြစ်နိုင်လား?

စူးချင်းက ခေါင်းညိတ်လိုက်ပြီး “သူ(မ)က ကျွန်မရဲ့လမ်းကို ပိတ်ဆို့ထားလို့ သူ့(မ)ရဲ့ အပ်စိုက်မှတ်နှစ်ခုကို နှိပ်ထားခဲ့တာ"

"ဟား ဟား အဲ့ဒါပဲလား?"

ကျိရွှေရှန့်က ရယ်မောလိုက်သည်။ စူးချင်းက ကရုဏာထားခဲ့ပြီး မင်းသမီး၏အသက်ကို ချမ်းသာပေးခဲ့သည်။

ကျိရွှေရှန့်က နောက်သို့ လှည့်ပြီး စူးချင်းကို ထပ်မေးလိုက်သည်။

"မင်း ဘယ်ကို သွားခဲ့လို့ သူ(မ)က မင်းရဲ့လမ်းကို လာပိတ်ရတာလဲ?"

"ကျွန်မက ပထမမင်းသားရဲ့တဲစခန်းကို သွားပြီး နောက်ကွယ်က လူကို သွားရှာခဲ့တာ"

စူးချင်းက ကျိရွှေရှန့်ထံမှ ဘာကိုမျှ ဖုံးကွယ်မထားဘဲ သူမ သွားသည့်နေရာနှင့် သူမ၏ ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။

"တွေ့ခဲ့လား?"

ထိုစကားကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်၏အမူအရာက လေးနက်လာခဲ့သည်။

တကယ်လို့ ဒီလူကို မဖယ်ထုတ်နိုင်ခဲ့ရင် သူ့နှလုံးသားထဲမှာ အမြဲတမ်း ပြဿနာကြီးတစ်ခု အဖြစ် ကျန်နေလိမ့်မယ်။

"မတွေ့ခဲ့ဘူး၊ အဲ့မင်းသမီးက စိတ်အနှောင့်အယှက် အရမ်းပေးတယ်"

စူးချင်းက ခေါင်းယမ်းလိုက်သည်။ တွေးကြည့်တော့လည်း မင်းသမီးကြောင့် မဟုတ်ရင်တောင် ဘာမှ ထူးလာမှာ မဟုတ်ဘူး။ အဲ့လူက အပုန်းကောင်းလွန်းတယ်။

“အကြီးဆုံးမင်းသား ကွယ်လွန်သွားပြီဆိုတော့ ဧကရီနဲ့ ဒုတိယမင်းသားက သူတို့ကို သတ်ချင်နေတဲ့ လူသားနတ်ဆိုးတွေကို လက်လွှတ်မှာ မဟုတ်ဘူး၊ ဖြစ်နိုင်တာက သူ ထွက်ပြေးသွားလောက်ပြီ”

ကျိရွှေရှန့်က အတွေးဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

သူက ဧကရီကို တစ်ကြိမ်သာ တွေ့ဖူးခဲ့သော်လည်း ထိုအမျိုးသမီးကို သတ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူက သူ့၏အနာဂတ်တွင် ဒုက္ခဖြစ်စေနိုင်မည့် မည်သည့်အရာကိုမှ ချန်ထားမည် မဟုတ်ပေ။

စူးချင်းက ဘာမှတ်ချက်မှ ထပ်မပေးဘဲ အလွယ်တကူ လက်ခံလိုက်သည်။

“ဒါလည်း ဖြစ်နိုင်တယ်”

အဲ့လူက ပထမမင်းသားရဲ့စခန်းမှာ မရှိတော့ရင်တောင် သူက တာ့ချန်မှာတော့ ရှိနေနိုင်သေးတယ်။ ဒါပေမယ့် သူ သစ္စာခံဖို လိုအပ်တဲ့ ပထမမင်းသား မရှိတော့ဘူးဆိုတော့ သူက မော့ချန်ကို တိုက်ခိုက်ဖို့ လူသားနတ်ဆိုးတွေကို ဆက်သုံးနေဦးမှာလား?

စူးချင်းက ဧကရီ၏တဲနန်းကြီးတွင် တွေ့ခဲ့သည် တာအိုဘုန်းကြီးအား ရုတ်တရက် သတိရသွားပြီး ကျိရွှေရှန့်အား တပ်ပြောလိုက်သည်။

“ဟုတ်သားပဲ၊ ဧကရီရဲ့တဲနန်းမှာ တာအိုဘုန်းကြီးတစ်ပါးကို တွေ့ခဲ့တယ်။ သူတို့က မော့ချန်အကြောင်း ပြေနေကြတယ်။ ကျွန်မ စုံစမ်းမေးမြန်းချင်ပေမယ့် သဲလွန်စ မရခဲ့ဘူး”

'တာအ်ုဘုန်းကြီး' ဟူသော စကားလုံးကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်၏နှလုံးခုန်သံ မြန်ဆန်လာခဲ့သည်။

သူက စူးချင်းကို ပြန်မေးလိုက်သည်။

"တာအိုဘုန်းကြီးလား? သူက နောက်ကွယ်ကလူ ဖြစ်နိုင်မလား?"

"မဖြစ်နိုင်ဘူး၊ ဧကရီက သူ့အပေါ် အရမ်းယဉ်ကျေးလွန်းတယ်”

စူးချင်းက အသေအချာ ပြန်ဖြေလိုက်သည်။

ဧကရီရဲ့ ဒေါသနဲ့ စရိုက်အရဆိုရင် သူမက သူမကို သတ်ချင်နေတဲ့သူကို ဂုဏ်သိက္ခာရှိဧည့်သည်အဖြစ် ဘယ်သောအခါမှ ဧည့်ခံနေမှာ မဟုတ်ဘူး။

"ရှေ့ကလူတွေ... ရပ်လိုက်ကြစမ်း"

သူမတို့ စကားပြောနေချိန်မှာပင် တော်ဝင်သက်တော်စောင့်များက သူတို့နောက်မှ ပြေးလိုက်လာကြသည်။

All Chapters