← Chapters

တစ်စုံတစ်ဦးကို ရှာဖွေခြင်း

Vol. 18 Ch. 265

တစ်စုံတစ်ဦးကို ရှာဖွေခြင်း

Vol. 18 Ch. 265

"မယ်တော်၊ ဒါက စူးသခင်မလေးပါ"

ယဲ့လွီချွမ်းက စူးချင်း၏နောက်မှ အနီးကပ် လိုက်ပါလာခဲ့သည်။ သူ့၏အရပ်ရှည်ရှည် အသွင်အပြင်ကြောင့် ခပ်သွယ်သွယ်ခပ်သေးသေး စူးချင်းနှင့် တွဲရပ်လိုက်ချိန်တွင် လိုက်ဖက်ညီနေသလို ခံစားရစေသည်။ သူက စူးချင်းကို သူ့အမေနှင့် မိတ်ဆက်ပေးနေပြီး သူ့၏လေသံတွင် ယောက်ျားနှင့် မိန်းမကြားမှ ချစ်ခင်တွယ်တာမှု အရိပ်အယောင် မရှိဘဲ ရိုသေမှုလေးစားများသာ ပြည့်နေခဲ့သည်။

"စူးမိန်းခလေး ကျေးဇူးပြုပြီး ထိုင်ပါ"

ယဲ့လွီချွမ်း၏မိခင် ကြင်ယာတော်လန်က စူးချင်းကို သူမ၏နနူးညံ့ပျော့ပျောင်းသော ဆိုဖာဘေးတွင် ထိုင်ရန် တိုးတိုးလေး ဖိတ်ခေါ်လိုက်သည်။ စူးချင်းက သူမ၏ သွေးခုန်နှုန်းကို စစ်ဆေးပေးချင်သောကြောင့် မငြင်း‌တော့ဘဲ အေးအေးဆေးဆေး ဝင်ထိုင်လိုက်သည်။ ထို့နောက်တွင် စူးချင်းက ဘာကိုမှ ဂရုမစိုက်ပုံဖြင့် ကြင်ယာတော်လန်ကို ပေါ့ပေါ့ပါးပါး ခွင့်တောင်းလိုက်သည်။

"သွေးခုန်နှုန်းကို အရင်စစ်ကြည့်ရအောင်"

စူးချင်း၏တည်ငြိမ်သော စိတ်နေသဘောထားက နာမည်ကြီးသမားတော်များနှင့် မတူပေ။ ထို့ကြောင့် ကြင်ယာတော်လန်က ဤကောင်မလေးကို ပို၍ သဘောကျနေခဲ့သည်။ သူမ သူမ၏လက်ကို ညောင်စောင်းပေါ် တင်ပေးလိုက်ရင်း စူးချင်းကို ညင်ညင်သာသာ စိုက်ကြည့်နေခဲ့သည်။

စူးချင်းက မျက်လွှာချထားပြီး သူမ၏အနီရောင်နှုတ်ခမ်းလေးများကို ခပ်တင်းတင်းစေ့ ပိတ်ထားခဲ့သည်။ သူမ၏ ထူထဲပြီး ရှည်လျားသော မျက်တောင်များက သူမ၏ အေးစက်သော်လည်း လှပနေဆဲဖြစ်သော မျက်လုံးများကို ဖုံးအုပ်ထားသောကြောင့် သူမ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အရိပ်ဖျော့ဖျော့ တစ်ခု ထင်ဟပ်နေလေသည်။ စူးချင်း၏ သွယ်လျပြီး အနည်းငယ် အေးနေသော လက်ချောင်းများက ကြင်ယာတော်လန်၏ လက်ကောက်ဝတ်ပေါ်သို့ ရောက်ရှိလာပြီး သူမ၏သွေးခုန်နှုန်းကို စစ်ဆေးကြည့်နေခဲ့သည်။ စူးချင်း၏ခန္ဓာကိုယ်မှ ယုံကြည်လောက်စေသည့် စွမ်းအားတစ်မျိုးကို ထုတ်လွှတ်ပေးနေသောကြောင့် ကြင်ယာတော်လန်က သူမကို ယုံကြည်အားကိုးမိနေပြီး တိတ်တဆိတ်သာ ကြည့်နေခဲ့သည်။

သူမက အသက်ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်ခန့်သာရှိသေးပြီး သူမထံတွင် နက်မှောင်သော မျက်ခုံးမွှေးနှင့် တောက်ပသော မျက်လုံးများ ရှိနေကာ သူမ၏ အသားအရေက နှင်းကဲ့သို့ဖြူစင်နေသော်လည်း အေးစက်သော စိတ်ထားက အပြည့်အဝ ပေါ်လွင်နေခဲ့သည်။ သူမက တည်ငြိမ်လွန်းသဖြင့် သူမ၏အသက်အရွယ်နှင့် လုံးဝ ခြားနားသော အေးဆေးတည်ငြိမ်မှုမျိုး ရှိနေခဲ့သည်။

ကြင်ယာတော်လန်က သူမ၏သားတော်ကို ချစ်စနိုး လှမ်းကြည့်လိုက်ပြန်သည်။

အခု လောလောဆယ်မှာတော့ သူမရဲ့သားတော်က စူးမိန်းခလေးကို စိုးရိမ်တကြီးနဲ့ ကြည့်နေခဲ့တယ်။ အခု သူမရဲ့သားတော်က နှစ်ဆယ့်နှစ်နှစ် ဆိုတော့ ထိမ်းမြားလက်ထပ်ဖို့ အရွယ်တောင် လွန်နေပြီ။ သူက သူမရဲ့ရောဂါကြောင့် ဘယ်သူကမှ သူ လက်ထပ်ဖို့ မဆွေးနွေးပေးခဲ့ကြဘူး။

ကြင်ယာတော်လန်က သူမ၏သားနှင့် စူးချင်းကို အောင်သွယ်ပေးချင်နေသော်လည်း သူမက စူးချင်း၏အခြေအနေကို အရင်ဆုံး နားလည်အောင် လုပ်ရန် တွေးမိသွားခဲ့သည်။ သူမက အပြုံးဖြင့် စူးချင်းကို မေးလိုက်သည်။

“မိန်းမပျိုလေးက အသက်ဘယ်လောက်ရှိပြီလဲ?”

"ဆယ့်ရှစ်"

စူးချင်းက သူမကို ဂရုမစိုက်ဘဲ ပြန်ပြန်လိုက်သော်လည်း တစ်ချက်တော့ ပြန်ကြည့်လိုက်သေးသည်။

သူမက ငယ်ရွယ်လွန်းတာကြောင့် သူမရဲ့ ဆေးပညာကျွမ်းကျင်မှုကို မယုံကြည်နိုင်ဖြစ်နေတာလား?

"မိသားစုထဲမှာ ဘယ်သူတွေ ရှိလဲ?"

အသက်အရွယ် ကိုက်ညီနေကြောင်း သိလိုက်ရချိန်တွင် ကြင်ယာတော်လန်၏မျက်နှာပေါ်ရှိ အပြုံးက ပို၍ပင် စိတ်အားထက်သန်လာပုံရသည်။

"ဒါက ရှင့်ရဲ့ရောဂါနဲ့ ဘာမှ မဆိုင်ဘူး"

စူးချင်း၏အမူအရာက အေးစက်သွားခဲ့သည်။

ဒီလူနာက စကားများလွန်းတယ်။ သူမ စိတ်မရှည်တော့လို့ ခပ်ပြတ်ပြတ်ဘဲ ပြန်ဖြေလိုက်တယ်။

ကြင်ယာတော်လန်၏ အမူအရာက အဆင်မပြေ ဖြစ်လာပြီး သူမ ရှက်ရွံ့သွားပုံရသည်။ စူးချင်းကြောင့် သူမ အလွန်ထိတ်လန့်သွားပြီး မေးခွန်းများ ထပ်မမေးရဲတော့ပေ။ သူမက သူမ၏သားတော်ကို မော့ကြည့်လိုက်ပြန်သည်။

ဒီကောင်မလေးက ဒေါသကြီးလွန်းတယ်။ သူမရဲ့သားတော်က ဒီမိန်းခလေးကို ထိန်းချုပ်နိုင်ပါ့မလား?

ယဲ့လွီချွမ်းက စူးချင်း၏ ပင်ကိုယ်စရိုက်ကို သိထားသောကြောင့် သူ့၏မယ်တော်ကို အကြည့်ဖြင့် နှစ်သိမ့်ပေးလိုက်သည်။

ကြင်ယာတော်လန်၏သွေးခုန်နှုန်းကို စစ်ဆေးပြီးနောက် စူးချင်းက မတ်တပ်ထရပ်ကာ ရိုးရိုးရှင်းရှင်းသည့် ဒဲ့တိုးပုံစံဖြင့် ပြောလိုက်သည်။

“အဆိပ် အများစုက ရှင်းလင်းသွားပြီ။ ​ဆေး​သောက်​ပြီး ​ပေါ့​ပေါ့ပါးပါး အစားအစာတွေကို စားလို့ရတယ်"

ထိုသို့ပြောပြီးနောက် စူးချင်းက ကြင်ယာတော်လန်ကို နောက်တစ်ကြိမ် မကြည့်ဘဲ ထွက်ခွာရန် ထရပ်လိုက်သည်။

ကြင်ယာတော်လန်က စူးချင်းနှင့် စကားမပြောဝံ့တော့ပေ။

ဒီမိန်းကလေးက လူတွေကို လုံးဝ မျက်နှာသာမပေးဘဲ ပေါင်းသင်းဆက်ဆံဖို့ ခက်ခဲလွန်းတယ်။

"မယ်တော်၊ ကောင်းကောင်း အနားယူပါ"

ယဲ့လွီချွမ်းက သူ့မယ်တော်ကို အနားယူရန် မှာလိုက်ပြီး သူ အပြင်သို့ မထွက်ခင် သူမ စောင်ခြုံနိုင်ရန် ကူညီပေးခဲ့သည်။

ယဲ့လွီချွမ်းက စူးချင်းကို ဧည့်ခန်းမဆောင်သို့ ဖိတ်ခေါ်လိုက်ပြီး အစေခံများကို အမိန့်ပေးလိုက်သည်။

“လက်ဖက်ရည် တည်ခင်းပေးကြစမ်း”

စူးချင်းက တာ့ထန်၏နို့လက်ဖက်ရည်ကို နှစ်ငုံခန့်သောက်လိုက်ပြီး အရသာကို မကြိုက်သောကြောင့် သူမ လက်ထဲမှ လက်ဖက်ရည်ခွက်လှလှလေးကို ပြန်ချလိုက်ပြီး ယဲ့လွီချွမ်းကို လှမ်းကြည့်ကာ စကားစလိုက်သည်။

“ကျွန်မ ကျောက်မီးသွေးကို ယူလာခဲ့ပြီ။ တတိယမင်းသားဘက်က သားရေနဲ့ သိုးနွားတွေ အဆင်သင့်ဖြစ်ပြီလား?”

ယဲ့လွီချွမ်းက ကမန်းကတန်း ပြန်ပြောလိုက်သည်၊

"ငါဘက်က အဆင်သင့်ဖြစ်နေပြီ၊ မင်း ရောက်လာမှဦကို စောင့်နေခဲ့တာ"

စူးချင်းက ခေါင်းညိတ်လိုက်ပြီး “ရွှေရှန့်က ဈေးထဲမှာ အရောင်းအဝယ် လုပ်ဖို့ စောင့်နေပြီ။ ရှင့်ကိုယ်တိုင် ထွက်လာဖို့ မလိုဘူး”

“ကျောက်မီးသွေးတွေ သယ်လာပြီးပြီလား”

ယဲ့လွီချွမ်းက အံ့သြထိတ်လန့်သွားပြီး စူးချင်းကို စိုက်ကြည့်နေပြန်သည်။ သူတို့နယ်စပ်မှာ ကုန်သွယ်မှုလုပ်ဖို့ သဘောတူထားတာ မဟုတ်ဘူးလား?

တာ့ထန်ကို သံတံတိုင်းတွေနဲ့ ကာရံထားစတာ မဟုတ်ပေမယ့် ပေါ်ပေါ်ထင်ထင် ဝင်လာဖို့က အရမ်းလွယ်နေတာတော့ မဟုတ်ဘူးလေ။ ဒီသခင်မလေးစူးရဲ့ မှော်အစွမ်းက အဲ့လောက်တောင် အစွမ်းထက်တာလား?

“အင်း”

စူးချင်းက ရှင်းပြရန် ဆန္ဒမရှိပုံဖြင့် ပြန်ဖြေလိုက်ပြီး မတ်တပ်ထရပ် လိုက်သည်။

“အရောင်းအဝယ် လုပ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်ပေးလိုက်။ ကျွန်မ ရှင့်အမေကို အပ်စိုက်ပေးလိုက်ဦးမယ်"

ယဲ့လွီချွမ်းက သူမတို့ ထိုကျောက်မီးသွေးများကို တာ့ထန်သို့ မည်ကဲ့သို့ သယ်ယူလာနိုင်ခဲ့သည်ကို စူးချင်းအား မမေးတော့ပေ။

ဒီမိန်းကလေးက အကြောင်းအရာတွေကို ရှင်းပြရတာ မကြိုက်သလို သူမကို မေးခွန်းထုတ်တာကိုလည်း မကြိုက်ဘူး။

“ကျောက်မီးသွေး လှည်းငါးစီး ပါလာတယ်”

သူ ထွက်သွားတော့မည်ကို မြင်လိုက်မှတော့ စူးချင်းက သူမ ကျောက်မီးသွေးလှည်းနှစ်စီးစာသာ သဘောတူထားခဲ့ကြောင်း သတိရသွားခဲ့သည်။ ယဲ့လွီချွမ်းတွင် သူမတို့နှင့် လဲလှယ်ရန် ကုန်ပစ္စည်းများ အဆင်သင့်မရှိနိုင်ကြောင်း သူမ တွက်ဆလိုက်သောကြောင့် စူးချင်းက ဆက်ပြောလိုက်သည်။

"ရှင် အရင် ယူထားလိုက်ပြီး နောက်တစ်ကြိမ်မှ ပြန်ပေးလို့ ရတယ်"

ယဲ့လွီချွမ်းကလည်း စူးချင်းတွေးမိသည့်အတိုင်း အကျပ်ရိုက်နေခဲ့သည်။

သူက သူ မှာထားတဲ့ ကျောက်မီးသွေး လှည်းနှစ်စီးစာ လဲလှယ်ဖို့ အဖိုးတူညီတဲ့ ကုန်ပစ္စည်းတွေကို ပြင်ဆင်ထားပြီးသားပါ။ စူးချင်းက ကျောက်မီးသွေးလှည်းငါးစီးစာ ယူဆောင်လာမယ်လို့တော့ သူ မမျှော်လင့်ထားခဲ့ဘူး။ သူ့မှာ လဲလှယ်ဖို့ ကုန်ပစ္စည်း လုံလုံလောက်လောက် မရှိသေးဘူး။ အဲ့ဒါတွေအပြင် ကျောက်မီးသွေးလို့ခေါ်တဲ့ ဒီအရာအတွက် စျေးကွက်က ဘယ်လိုရှိမယ်ဆိုတာကိုလည်း သူ မသိနိုင်သေးဘူး။

စူးချင်း၏အကြံပြုချက်က သူ လိုချင်သည့်အတိုင်း အတိအကျ ဖြစ်နေသောကြောင့် ယဲ့လွီချွမ်းက ချက်ချင်း သဘောတူလိုက်သည်။

“ကောင်းပါပြီ”

စူးချင်းက ယဲ့လွီချွမ်း၏မိခင်အား အပ်စိုက်ကုသပေးရန် ထိုနေရာတွင် နေရစ်ခဲ့သည်။ ယဲ့လွီချွမ်းက အချိန်မဆိုင်းဘဲ ကျိရွှေရှန့်ထံမှ ကျောက်မီးသွေးများနှင့် လဲလှယ်ရန် သားရေပစ္စည်းကောင်းကောင်း လှည်းနှစ်စီးစာ ယူသွားရန် သူ့လူများကို အမိန့်ပေးလိုက်သည်။

စူးချင်းက ကြင်ယာတော်လန်ကို အပ်စိုက်ကုသပေးနေခဲ့ပြီး ကြင်ယာတော်လန်က သူမကို စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။

ဒီကောင်မလေးက အရမ်းအေးစက်ပြီး လူတွေနဲ့ ခပ်ဝေးဝေးမှာ တသီးတသန့်နေတက်တယ်။ သူမကို ဘယ်သူမှ နှောင့်ယှက်ရဲမှာ မဟုတ်ဘူး။

"လေအေးတွေကြောင့် အအေးမမိဖို့ သတိထားပါ"

အပ်စိုက်ကုထုံးပြီးသွားချိန်တွင် စူးချင်းက ကြင်ယာတော်လန်ကို မော့ကြည့်ကာ ညွှန်ကြားချက်ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် မိန်းခလေး"

စူးချင်းက မတ်တပ်ထရပ်ပြီး ထွက်ခွာခါနီးတွင် ကြင်ယာတော်လန်က သူမကို ကမန်းကတန်း တားဆီးလိုက်သည်။

"မိန်းခလေး... မင်းက ငါ့အသက်ကို ကယ်တင်ပေးခဲ့တယ်၊ ဒါကြောင့် ဒီကြင်ယာတော်က မိန်းခလေးကို ကျေးဇူးတင်ကြောင်းဖော်ပြဖို့ ထမင်းတစ်နပ်လောက် ကျွေးချင်ပါတယ်"

စူးချင်းက စည်းမျဥ်းစည်းကမ်းများကိုပင် ဂရုမစိုက်ဘဲ ထိုဖိတ်ခေါ်ချက်ကို တိုက်ရိုက်ပယ်ချလိုက်သည်။

"မလိုပါဘူး၊ ကျွန်မမှာ လုပ်စရာတွေ ရှိသေးတယ်”

ထိုစကားကို ပြောပြီးနောက် စူးချင်းက သူမ၏အေးစက်စက်နောက်ကျောကို ချန်ထားရစ်ခဲ့သည်။ ကြင်ယာတော်လန်က တဲနန်းတံခါးကို ကြည့်နေရင်း သက်ပြင်းချလိုက်သည်။

ဒီမိန်းမပျိုလေးက ထူးထူးဆန်းဆန်း မာနကြီးလွန်းပေမယ့် သူမက သိမ်မွေ့နေပြီး နန်းဆန်နေသေးတယ်။ သူမတို့လို တော်ဝင်မိသားစုဝင်တွေတောင် သူမနဲ့ရင်နှီးနိုင်ဖို့ ခက်ခဲနေသေးတယ်။

ကြင်ယာတော်လန်၏တဲနန်းမှ ထွက်ခွာလာပြီးနောက်တွင် စူးချင်းက ဈေးသို့ တိုက်ရိုက်မသွားခဲ့ပေ။

ရွှေရှန့် အဲ့နေရာမှာ စီးပွားရေးလုပ်နေမှတော့ သူမ စိတ်သက်သာရာ ရနေပြီလေ။ သူမက နောက်ကွယ်ကနေ လူသားနတ်ဆိုး ဖန်တီးနေတဲ့လူကို ရှာချင်သေးတယ်။

သူမက သူမအတွက် အဆင်ပြေစေရန် တာ့ထန်၏အမျိုးသမီးဝတ်စုံတစ်စုံကို ဝယ်ယူခဲ့ပြီး ၎င်းတို့ကို လဲဝတ်ခဲ့သည်။ သူမက တာ့ထန်၏ဦးထုပ်များကို အလွန်နှစ်သက်သောကြောင့် အဖြူရောင်မြေခွေးသားမွေးဦးထုပ်ကို အထူးတလည် ရွေးချယ်ဝယ်ယူ ဝတ်ဆင်ထားခဲ့သည်။

သူမက သဘာဝအလှတရားများဖြင့် မွေးဖွားလာခဲ့ပြီး သူမ၏အသားအရေက နှင်းများကဲ့သို့ဖြူစင်နေခဲ့သည်။ ထိုဦးထုပ်ကို ဆောင်းလိုက်သောအခါ သူမက ပို၍ပင် လှပလာသောကြောင့် ဆိုင်ပိုင်ရှင်က သူမကို စိုက်ကြည့်နေခဲ့သည်။

ဒီကောင်မလေးက ပန်းချီကားထဲက ထွက်လာသလိုပဲ အရမ်း လှပလွန်းတယ်။

စူးချင်းက သူမ၏အဝတ်ဟောင်းများကို ဆိုင်ပိုင်ရှင်အား ပြန်ထုတ်ပိုးခိုင်းလိုက်ပြီး ထွက်သွားလာခဲ့သည်။ အပြင်သို့ ပြန်ထွက်လာပြီးနောက် လူရှင်းသည့်နေရာတွင် သူမက သူမ၏အဝတ်ဟောင်းများကို စနစ်ထဲသို့ ပစ်ချလိုက်ပြီး လက်ဗလာဖြင့် တာ့ထန်၏လမ်းမကြီးအတိုင်း လျှောက်လှမ်းနေခဲ့သည်။

သူမက ဒုတိယမင်းသား၏စခန်းကို အရင်လေ့လာအကဲခတ်ရန် ရောက်လာခဲ့သည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ခဲ့သော ပြင်းထန်သည့် တိုက်ပွဲက တာ့ထန်၏ အသက်ဝင်မှုကို သိသိသာသာ ပျက်စီးစေခဲ့သည်။ ဒုတိယမင်းသား၏ဘေးပတ်လည်ကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ထားပြီး ကင်းသမားများအား တယောက်ပြီး တယောက် လှည့်လည်နေစေကာ အနားယူရန်ပင် အချိန်မထားခဲ့ဘဲ အပြန်ပြန်အလှန်လှန် စောင့်ကြပ်နေစေခဲ့သည်။

စူးချင်းက ဒုတိယမင်းသား၏စခန်းကို ဖြတ်ကျော်လာခဲ့ပြီး ပထမမင်းသား၏စခန်းသို့ ရောက်လာပြန်သည်။

လူသားနတ်ဆိုးတွေကို ပျိုးထောင်နေတဲ့သူက ပထမမင်းသားရဲ့လူဆိုတော့ သူက ပထမမင်းသားရဲ့စခန်းမှာ ပုန်းနေတာမျိုးလည်း ဖြစ်နိုင်တယ်။

စူးချင်း ထိုတဲစခန်းသို့ ရောက်လာချိန်တွင် ဝင်ပေါက်တွင် စောင့်ကြပ်နေသည့် စစ်သည်တစ်ယောက်ပင် ရှိမနေခဲ့ပေ။ အရင်က စူးချင်း ဤနေရာသို့ ရောက်လာချိန်တွင် ဤနေရာ၏အစောင့်အကြပ်က ထူထပ်လွန်းပြီး စောင့်ကြပ်နေသည့် စစ်သည်များကလည်း သာမာန်သည့်သူများသာ ဖြစ်နေခဲ့ဖူးသည်။ ယခုအချိန်တွင်‌တော့ လူသူ ကင်းမဲ့နေပြီ ဖြစ်သည်။

ပထမမင်းသား၏နယ်မြေရှိ သာမန်လူများက အလွန်ထိတ်လန့်နေပုံရသည်။ ဝင်ထွက်သွားလာနေသည့် လူများအားလုံးက ထိုနေရာတွင် အကြာကြီး မနေရဲကြဘဲ အလျင်စလို လှုပ်ရှားသွားလာနေကြသည်။

တော်ဝင်အစောင့်တပ်မှ လူများကတော့ ထိုနေရာကို လောဘတကြီး စိုက်ကြည့်နေကြသည်။ ပထမမင်းသား၏တဲနန်းအပြင်ဘက်တွင် သူ လုယူထားခဲ့သော ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများ ရှိနေပြီး တော်ဝင်သက်တော်စောင့်များက ၎င်းတို့ကို ရေတွက်ပြီး သေတ္တာများအတွင်းသို့ ထည့်နေကာ သယ်ယူသွားရန် အဆင်သင့်ဖြစ်နေပုံရသည်။

စူးချင်း လိုက်ရှာနေသည့်လူက သူတို့ထဲတွင် မရှိပေ။ တာ့ထန်၏သာမာန်ပြည်သူများက အရပ်ရှည်ပြီး ထွားကြိုင်းကြသော်လည်း သူတို့က အလွန်ရိုးသားပုံရသည်။ တော်ဝင်အစောင့်တပ်သားများကတော့ တင်းမာသည့်အကြည့်များ ရှိနေပြီး ၎င်းတို့၏မျက်လုံးများက စူးရှနေကာ စစ်သည်တစ်ဦး၏ ရက်စက်ကြမ်းကြုတ်သောအသွင်အပြင်ကို အပြည့်အဝ ဖော်ပြနေကြသည်။ သူတို့၏စိတ်နေစိတ်ထားအရ တခြားသူများက သူတို့ကို အလွယ်တကူအမိန့်ပေးနိုင်ပုံမရပေ။

စူးချင်းက ပထမမင်းသား၏တဲစခန်းအပြင်ဘက်တွင် အကြာကြီးရပ်နေခဲ့သည်။ တော်ဝင်သက်‌တော်စောင့်များက သူမကို သံသယဝင်လာပြီး လက်နက်များကိုင်ဆောင်ကာ သူမဆီသို့ လျှောက်လာကြသည်။

စူးချင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမက မည်သည့်ပြသနာကိုမှ မဖြစ်စေလိုသောကြောင့် ပြန်လှည့်ထွက်လိုက်ချိန်တွင် သူမ၏နောက်မှ အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိသွားတော့သည်။

"နင် ဘယ်လိုလုပ်လိုက်တာလဲ?"

All Chapters