← Chapters

သူမက တာ့ရှားပြည်ထောင်ရဲ့ သူလျှိုဖြစ်နိုင်လား?

Vol. 18 Ch. 266

သူမက တာ့ရှားပြည်ထောင်ရဲ့ သူလျှိုဖြစ်နိုင်လား?

Vol. 18 Ch. 266

သူမ၏တစ်ကိုယ်လုံး အပြင်းအထန် အရိုက်ခံလိုက်ရသလို နာကျင်သွားသော‌ကြောင့် ယဲ့လွီဆိုင့်ယာက စူးချင်းကို ကြည့်နေပြီး မျက်မှောင်ကြုတ်နေခဲ့သည်။ သူမ၏အရှေ့မှ နန်းတော်အစေခံတစ်ယောက်က စူးချင်းကို တွန်းထုတ်ပြီး မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်း မေးလာခဲ့သည်။

"နင့်မှာ မျက်လုံးမရှိဘူးလား?"

“...”

စူးချင်းက ထိုနန်းတော်အစေခံကို အေးစက်စွာ ပြန်ကြည့်လိုက်သည်။ သူမ၏ ငြိမ်သက်နေသော မျက်လုံးများက အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းနေသော‌ကြောင့် ထိုနန်းတော်အစေခံက သူမ၏လက်ကို ပြန်ချကာ မဝံ့မရဲ နောက်ပြန်ဆုတ်သွားခဲ့သည်။

ဒီအမျိုးသမီးရဲ့မျက်လုံးတွေက အရမ်းကြောက်စရာကောင်းတယ်။

စူးချင်းက ဘာမှဂရုမစိုက်သည့်အမူအရာဖြင့် ယဲ့လွီဆိုင့်ယာကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဒီအမျိုးသမီးကို အရင်က မြင်ဖူးတယ်။ အဲ့ဒီနေ့က ယဇ်ပူဇော်တဲ့သူကို သူမ သွားရှာတဲ့အချိန်တုန်းက သူမက တိုက်ပွဲမှာ ဝင်ပါဖို့ လူတစ်စုကို ခေါ်လာခဲ့တယ်။ ဒါပေမယ့် ဒီမိန်းခလေးက ပထမမင်းသားဘက်ကလား? ဒါမှမဟုတ် ဒုတိယမင်းသားရဲ့လူလားတော့ သူမလည်း မသိတော့ဘူး။

စူးချင်းက သက်ညှာပေးရန် တောင်းဆိုခြင်းမရှိဘဲ မကြောက်မရွံ့ဖြင့် သူမကို အပေါ်အောက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် ယဲ့လွီဆိုင့်ယာက အလွန်စိတ်မချမ်းမသာ ဖြစ်သွားခဲ့သည်။ သူမက သူမ၏နှုတ်ခမ်းများကို ဖိကပ်လိုက်ကာ စူးချင်းကို စိုက်ကြည့်နေပြီး မကျေမနပ်ဖြင့် လှမ်းမေးလိုက်သည်။

"နင် ငါ့ကို ဝင်တိုက်လိုက်တာ မဟုတ်ဘူးလား?"

"တောင်းပန်ပါတယ်"

စူးချင်းက ပြသနာ မတက်ချင်သောကြောင့် ယဲ့လွီဆိုင့်ယာကို တောင်းပန်ပြီး ချက်ချင်း လှည့်ထွက်လာခဲ့သည်။ သို့သော်လည်း ယဲ့လွီဆိုင့်ယာက စူးချင်း၏အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသေးသည်။

ဘယ်လောက်တောင် ချောမောလှပတဲ့ မိန်းမလဲ? သူမက တာ့ရှားပြည်ထောင်ရဲ့ သူလျှိုဖြစ်နိုင်လား?

“အဲဒီမှာ ရပ်နေစမ်း”

ယဲ့လွီဆိုင့်ယာက စူးချင်းကို တားဆီးလိုက်သည်။ ထိုမိန်းခလေးက သူမကို နှောက်ယှက်ချင်နေကြောင်း နားလည်သွားချိန်တွင် စူးချင်းက အမြန်လှည့်ပြန်လှည့်လာပြီး ထိုမိန်ခလေးနှင့် နန်းတွင်းအစေခံတို့၏ အပ်စိုက်မှတ်များကို ဖိချလိုက်လိုက်သည်။ ယဲ့လွီဆိုင့်ယာက သူမ၏လက်ကို မြှောက်လိုက်သော်လည်း မလှုပ်နိုင်တော့သည့်အပြင် စကားလည်း မပြောနိုင်တော့ပေ။ သူမ၏မျက်လုံးများသာ လှုပ်ရှားနိုင်တော့သည်။

ယဲ့လွီဆိုင့်ယာက အလွန်ထိတ်လန့်သွားခဲ့သည်။

ဒီအမျိုးသမီးက သူမအပေါ်ကို ဘယ်လို မှော်ပညာမျိုးသုံးခဲ့တာလဲ? ဒီအမျိုးသမီးက သူမရဲ့ခန္ဓာကိုယ်ကို နှစ်ချက်ပဲ ဖိနှိပ်လိုက်ပေမယ့် သူမ ဘာကြောင့် မလှုပ်ရှားနိုင်တော့တာလဲ?

စူးချင်းက ဤအန္တရာယ်ရှိသောနေရာမှ အမြန် ပြန်ထွက်ခွာသွားခဲ့သည်။ မင်းသမီးလေးနှင့် စူးချင်းတို့ စကားပြောနေသည်ကို မြင်လိုက်ရသောကြောင့် တော်ဝင်သက်တော်စောင့်များက ရှေ့မတိုးလာကြတော့ပေ။ ခဏအကြာတွင် မင်းသမီးနှင့် နန်းတွင်းအစေခံတို့က တူညီသော ကိုယ်ဟန်အနေအထားဖြင့် တောင့်တောင့်ကြီး ရပ်နေကြသည်ကို သူတို့ တွေ့လိုက်ရသည်။ သူတု့က တစ်ခုခုမှားနေပြီကို နားလည်သွားပြီး စစ်ဆေးရန် အမြန်ရောက်လာကြသည်။

ထိုအချိန်တွင် စူးချင်းက သဲလွန်စပင် မကျန်အောင် ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ သူမက ဧကရီ၏တဲနန်းကို ရှာဖွေရန် ဆန္ဒရှိနေသေးသည်။ သူမတို့ နောက်ဆုံးတကြိမ် တွေ့ခဲ့စဥ်က ဧကရီထံတွင် အနှစ်တစ်ထောင်လင်ဇီးတစ်ခုရှိနေသည်ဟု ယဲ့လွီချွမ်းက သူမကို ပြောပြခဲ့သည်။ ဤတစ်ကြိမ်တွင် သူမက ထိုလင်ဇီးကို ရှာဖွေရန် ‌ရောက်လာခဲ့ခြင်း ဖြစ်သည်။

သိုသော်လည်း လွန်ခဲ့သော အခိုက်အတန့်က စူးချင်းက သူမကိုယ်သူမ ထုတ်ဖော်မိသွားခဲ့သည်။ ထို့ကြောင့် စူးချင်းက သွားလာရပိုမိုလွယ်ကူစေရန်အတွက် တာ့ထန်စစ်သည်များထဲမှ သူမနှင့် အရပ်အမောင်း အသွင်အပြင်တူညီသည့် တာ့ထန်စစ်သည်တစ်ဦးကို ရှာဖွေကာ ထိုလူကို ရိုက်နှက်ပြီး သူ့အဝတ်အစားများကို ချွတ်ယူလိုက်သည်။ ထို့နောက် သူမက ထိုအဝတ်အစားများကို ပြောင်းလဲဝတ်ဆင်လိုက်ပြီး သူမ ချွတ်ချလိုက်သည့်အဝတ်အစားများကို စနစ်ထဲသို့ ပြန်ထည့်လိုက်သည်။

ရှောင်ချီက စနစ်ထဲတွင် ရှိမနေသောကြောင့် စူးချင်းက လင်ဇီး မည်သည့်နေရာတွင် ရှိသည်ကို မမေးနိုင်တော့ဘဲ သူမကိုယ်တိုင် ရှာဖွေရတော့မည် ဖြစ်သည်။

“သခင်၊ ရှောင်ချီ ဒီမှာရှိပါတယ်”

စူးချင်း စိတ်အနှောက်အယှက်ဖြစ်နေချိန်မျာပင် ရှောင်ချီ၏နူးညံ့သော အသံလေးက သူမ၏နားထဲသို့ တိုးဝင်လာပြီး ရှောင်ချီက စနစ်ထဲမှ ခုန်ထွက်လာသည်။

“သခင်၊ ရှောင်ချီ ဒီမှာရှိပါတယ်”

စူးချင်း လှည့်ကြည့်လိုက်ချိန်တွင် ရှောင်ချီက ချိုမြိန်စွာ ပြုံးပြနေခဲ့သည်။

စူးချင်းနှင့် ကျိရွှေရှန့်တို့ ထွက်သွားပြီးနောက် ကျိရှောင်ယင်က ‌ရှောင်ချီကို မြို့ထဲသို့ ခေါ်သွားချင်ခဲ့သည်။ သို့သော်လည်း ရှောင်ချီက လှည်းပေါ်မှ ခုန်ဆင်းပြီး သူမ၏သခင်ကို ရှာဖွေရန် တာ့ထန်သို့ ပြေးလိုက်လာခဲ့သည်။

"အင်း၊ လင်ဇီးက ဘယ်မှာလဲဆိုတာ သိနိုင်အောင် ကူညီပေးပါဦး"

ရှောင်ချီကို တွေ့လိုက်သောကြောင့် စူးချင်းလည်း စိတ်သက်သာရာရသွားတော့သည်။

ရှောင်ချီနဲ့အတူဆိုရင် သူမအတွက် အချိန်ကုန်သက်သာစေလိမ့်မယ်။ မဟုတ်ရင် တဲဝိုင်းတွေ အများကြီးထဲမှာ ဧကရီရဲ့တဲနန်းကို ရှာဖို့နဲ့ ရှာတွေ့ခဲ့ရင်တောင် တဲနန်းတွေက ကြီးမားတာကြောင့် လင်ဇီးကို ရှာတွေ့ဖို့ဆိုတာက မလွယ်လှဘူး။

"ဟုတ်ကဲ့၊ ရှောင်ချီက သခင့်အတွက် ကူရှာပေးမှာပါ"

ရှောင်ချီက ချစ်စဖွယ်လေး ပြန်ပြောလိုက်ပြီး လင်းဇီး၏ တည်နေရာကို ရှာဖွေရန် စနစ်ထဲသို့ ခုန်ဝင်သွားပြီး ဖန်သားပြင်ဆီသို့ ပြန်ပြေးသွားခဲ့သည်။

အသက်တစ်ထောင်သက်တမ်းရှိနေသည့် လင်ဇီးက ဝိညာဉ်စွမ်းအား ရှိနေပြီး ဝါဖျော့ဖျော့အလင်းရောင်ကို ထုတ်လွှတ်ပေးနေသောကြောင့် ရှောင်ချီက ထိုအရာကို ချက်ချင်း ရှာတွေ့သွားခဲ့သည်။

"သခင်၊ အကြီးဆုံးတဲနန်းရဲ့ လျှို့ဝှက်ခန်းထဲမှာ"

စူးချင်းက ခေါင်းညိတ်သည်။

ဒီလောက်အဖိုးတန်တဲ့ ရတနာကို ဘယ်သူက ပေါ်ပေါ်တင်တင် ထားမှာလဲ?

အနှစ်တစ်ထောင်သက်တမ်းရှိ လင်ဇီး၏တည်နေရာကို အတည်ပြုပြီးသွားသောကြောင့် စူးချင်းက အထင်ရှားဆုံးတဲနန်းကြီးဆီသို့ လျှောက်သွားလိုက်သည်။

ဒါက ဧကရီရဲ့တဲနန်းဖြစ်ဖို့ ထိုက်တန်တယ်။ မျှော်စင်လိုမြင့်မားတဲ့ ရွှေအမိုးခုံးကြီးနဲ့တဲနန်းက တခြားတဲနန်းတွေကြားထဲမှာ မယုံနိုင်လောက်အောင် ခံ့ညားနေတယ်။ ရှာနေဖို့တောင် မလိုအပ်တော့ဘူး။

ပစ်မှတ်က သူမတို့ရှေ့တွင် ရှိနေသည်မှာ အမှန်ဖြစ်သော်လည်း အနီးသို့ တိုးသွားရန်က မလွယ်လှပေ။ ဧကရီက ပထမမင်းသား၏လက်အောက်ငယ်သားများ လာလက်စားချေမည်ကို ကြောက်ရွံ့နေပြီး သူမ၏တဲနန်းကြီးကို တင်းတင်းကြပ်ကြပ် စော့င်ကြပ်စေရန် အမိန့်ပေးထားခဲ့သည်။ တောက်ပသောဓားများနှင့် လှံများကိုင်ဆောင်ထားသော တော်ဝင်သက်တော်စောင့်များက တဲနန်းကြီးကို ဝန်းရံထားခဲ့သည်။

စူးချင်းပင်လျှင် အနည်းငယ် စိုးရိမ်နေမိသည်။

သူမ ဘယ်လို ကျော်ဖြတ်သွားရမှာလဲ? သူမက ဒီလောက်များပြားတဲ့လူတွေကို ဘယ်သူမှ မရိပ်မိအောင် ခဏအတွင်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။

သူမ သူတို့ကို မူးမေ့သွားအောင် ရိုက်နှက်ပြီး ဖယ်ရှားလိုက်ရင်တောင် ရုတ်တရက် ဧကရီရဲ့တဲနန်းအပြင်ဘက်မှာ စစ်သည်တစ်ယောက်မှ မရှိတော့တာက သံသယတွေကို ဖြစ်ပေါ်လာစေမှာ မဟုတ်ဘူးလား?

ထိုအချိန်တွင် တာ့ထန်အဝတ်အစားများ ၀တ်ဆင်ထားသည့် နန်းတွင်းအစေခံတစ်ဦးက ထိုတဲနန်းကြီးနန်းတော်မှ ထွက်ခွာလာခဲ့သည်။ သူမနှင့် အရပ်အမောင်း တူညီနေသည့် ထိုအစေခံကို မြင်လိုက်ချိန်တွင် စူးချင်းက အကြံတစ်ခု ရသွားခဲ့သည်။

စူးချင်းက ထိုနန်းတွင်းအစေခံကို စိုက်ကြည့်နေခဲ့ပြီး သူမ ထွက်သွားသည့်ဘက်သို့ လိုက်လျှောက်လာခဲ့သည်။ စူးချင်း၏နောက် မနီးမဝေးတွင် သူတို့ အစားအစာ ချက်ပြုတ်လေ့ရှိပုံရသည့် မီးဖိုချောင်တစ်ခု ရှိနေခဲ့သည်။ ထို့ကြောင့် ထိုနန်းတွင်းအစေခံက အစားအစာ သယ်ယူရန် သွားနေသည်ဟု စူးချင်းက မှန်းဆလိုက်သည်။

ထိုမှန်းဆချက်ကြောင့် စူးချင်းက သူမ၏အကြံအစည်အတိုင်း တဲနောက်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

နန်းတွင်းအစေခံက မီးဖိုချောင်ထဲသို့ ဝင်သွားပြီး ခဏအကြာတွင် ငွေလင်ဗန်းတစ်ချက်ကို ကိုင်ကာ ပြန်ထွက်လာခဲ့သည်။ ထိုလင်ဗန်းပေါ်တွင် ပန်းကန်လုံးလှလှနှစ်လုံးနှင့် အရက်အိုးတစ်အိုးတို့ ရှိနေလေသည်။ သူမက ထိုလင်ဗန်းကို ဧကရီ၏တဲနန်းသို့ သယ်ဆောင်သွားနေခြင်း ဖြစ်သည်။

စူးချင်းက သူမနောက်သို့ ကပ်လိုက်လာခဲ့ပြီး ဆေးမှုန့်များ သုတ်လိမ်းထားသည့် လက်ကိုင်ပုဝါကို ထုတ်ယူကာ နောက်ထပ်ခြေလှမ်းထပ်တိုးလိုက်သည်။ ထိုအစေခံ၏လက်ထဲမှ လင်ဗန်း ပြုတ်ကျသွားချိန်တွင် ရှောင်ချီက သူမ၏သခင်အတွက် ကူညီပေးခဲ့ပြီး အချိန်ကိုက် လှမ်းဖမ်းပေးလိုက်သည်။

"ဘယ်တဲက လွတ်နေလဲ"

စူးချင်းက ရှောင်ချီကို ထပ်မေးလိုက်သည်။ ရှောင်ချီက မနီးမဝေးမှ တဲတစ်တဲကို အမြန်ညွှန်ပြလိုက်ပြီး "သခင်၊ အဲဒီထဲမှာ ဘယ်သူမှ မရှိဘူး"

စူးချင်းက နန်းတွင်းအစေခံကို ထိုတဲအလွတ်ထဲသို့ ဆွဲခေါ်လာခဲ့သည်။ အထဲသို့ ဝင်ပြီးသည်နှင့် သူမက သူမ၏အဝတ်အစားများကို ချွတ်ကာ နန်းတွင်းအစေခံ၏အဝတ်နှင့် ခေါင်းစွပ်ကို ပြန်ဝတ်ဆင်လိုက်သည်။ သူမ၏မျက်နှာအသွင်အပြင်မှလွဲ၍ သူမက ထိုအစေခံနှင့် အရပ်ရော ကိုယ်လုံးကိုယ်ပေါက်ပါ ဆင်တူသွားပြီ ဖြစ်သည်။

"ရှောင်ချီ ရုပ်သွင်ပြောင်ဆေး"

စူးချင်းက ရှောင်ချီဆီမှ ရုပ်သွင်ပြေးဆေး ထပ်တောင်းလိုက်သည်။

သူမကို ဘယ်သူမှ မမှတ်မိအောင် သေသေချာချာ လုပ်ရမယ်။ မိတ်ကပ်လိမ်းဖို့ အချိန် အများကြီးယူရတော့ မြန်မြန်ဆန်ဆန် အသွင်ပြောင်းနိုင်မယ့် ရုပ်သွင်ပြောင်းဆေးကို သောက်လိုက်တာက အကောင်းဆုံးပဲ။

ရှောင်ချီက အလွန်တော်သော ကလေးတစ်ယောက်ဖြစ်ပြီး သခင်ဖြစ်သူက ဘာမှမပြောရသေးခင် သူမက လူ့အရေပြားမျက်နှာဖုံးတစ်ခု ပြုလုပ်နိုင်ရန် နန်းတွင်းအစေခံ၏အသွင်အပြင်ကို ကွန်ပျူတာထဲသို့ ထည့်ပြီးပြီ ဖြစ်သည်။

စူးချင်းက ရှောင်ချီ သူမကို ပေးလာသည့် မျက်နှာဖုံးကို မြင်သွားပြီး ကောင်မလေး၏ခေါင်းကို မပွတ်သပ်ဘဲ မနေနိုင်တော့ပေ။

ရှောင်ချီက သိတက်လွန်းတယ်။

အပြည့်အဝ ၀တ်စားပြင်ဆင်ပြီးနောက် စူးချင်းက သနားစရာကောင်းသော နန်းတွင်းအစေခံကို ထိုတဲအတွင်းရှိ သစ်သားသေတ္တာထဲသို့ ထည့်လိုက်သည်။ မူလက သစ်သားသေတ္တာထဲတွင် နန်းတွင်းအစေခံများ၏အဝတ်အစားများ ပြည့်နေခဲ့သော်လည်း စူးချင်းက ၎င်းတို့ကို သူမ၏စနစ်ထဲသို့ ထည့်ကာ သိမ်းဆည်းထားလိုက်သည်။ သူမက ထိုနန်းတွင်းအစေခံ အသက်ရှုကြပ်မည်ကို စိုးရိမ်သဖြင့် သေတ္တာကို အလုံပြန်မပိတ်ဘဲ အဟလေးတစ်ခုကို ချန်ထားပေးခဲ့သည်။

အရာအားလုံး ဖြေရှင်းပြီးနောက် စူးချင်းက လင်ဗန်းတချပ်နှင့်အတူ ထိုတဲထဲမှ ပြန်ထွက်လာပြီး ဧကရီ၏တဲနန်းဆီသို့ ဦးတည်လိုက်သည်။ သူမက ရဲရင့်ပြီး ဂရုတစိုက် လုပ်ကိုင်တက်သောကြောင့် သူမ၏အမူအရာက တည်ငြိမ်နေလေသည်။ သူမ ကင်းလှည့်နေသော တာ့ထန်စစ်သည်များက အပြောင်းအလဲတစ်ခု ရှိနေသည်ကို သတိပင်မထားမိပေ။ မည်သူကမျှ သူမကို မတားဆီးဘဲ ဧကရီ၏တဲနန်းထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည်။

တဲနန်းကြီးထဲသို့ ဝင်လိုက်သည်နှင့် နွေဦးကဲ့သို့ နွေးထွေးမှုကို စူးချင်း ခံစားလိုက်ရပြီး မွှေးပျံ့သောသင်းရနံ့အများက သူမ၏နှာခေါင်းပေါက်များဆီသို့ တိုးဝင်လာခဲ့သည်။ အခန်းအတွင်းရှိ ပရိဘောဂများက အဆင့်အတန်းမြင့်မြင့်နှင့် တန်ဖိုးကြီးမှန်ူသိသာနေကာ ခန်ညားလွန်းနေခဲ့သည်။ ထိုတဲနန်းကြီးကပင် ကြင်ယာတော်လန်၏တဲနန်းထက် နှစ်ဆခန့် ပိုကြီးနေလေသည်။

ဧကရီ၏အဆင့်အတန်းအတိုင်း ၀တ်ဆင်ထားသည့် မိန်းမကြီးက တင့်တယ်ပြီး မွန်မြတ်သည့်အသွင်ကို ဖော်ပြနေခဲ့သည်။ သူမက စားပွဲနောက်တွင် ထိုင်နေကာ စားပွဲ၏ရှေ့ထိုင်နေသည့် တာအိုဘုန်းကြီးတစ်ပါးကို အေးစက်သောအမူအရာဖြင့် စိုက်ကြည့်နေခဲ့သည်။

ထိုတာအိုဘုန်းကြီးက ပိန်ပိန်ပါးပါး ဖြစ်သော်လည်း သူ့အသွင်အပြင်က ထူးဆန်းလှသည်။ သူ၏လင်းယုန်မျက်လုံးများဖြင့် လှည့်ပတ်ကြည့်နေပုံက တခြားလူများကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။

စူးချင်းက ဘေးပတ်လည်ကို လုံးဝ မကြည့်ဘဲ လင်ဗန်းနှင့်အတူ လျှောက်သွားလိုက်သည်။ ဧကရီက သူမ ပြန်ရောက်လာသည်ကို မြင်သွားပြီး တာအိုဘုန်းကြီး၏စားပွဲကို မေးငေါ့ပြကာ အမိန့်ပေးလိုက်သည်။

"တာအိုဆရာတော်ချန်းရှန့်အတွက် အရက်ငဲ့ပေးလိုက်"

“ဟုတ်ကဲ့”

စူးချင်းက ရှေ့သို့ လျှောက်လာခဲ့ပြီး လင်ဗန်းထဲမှ အရက်အိုး ကောက်ယူလိုက်ပြီး တာအိုဘုန်းကြီးဘေးမှ အရက်ပန်းကန်လုံးထဲသို့ လောင်းထည့်ပေးလိုက်သည်။ တာအိုဘုန်းတော်ကြီး၏မျက်လုံးများမှ ရွံရှာဖွယ်ကောင်းသော အကြည့်က သူမ၏မျက်နှာဆီသို့ ကျရောက်လာခဲ့သည်။ စူးချင်းက ထိုမျက်လုံးများကို ဖောက်ထုတ်ချင်နေပြီး သူမစိတ်ကို မနည်းထိန်းချုပ်နေရသည်။

သူမ ထိုကံသို့ တကယ်လုပ်နိုင်သော်လည်း သူမက ဤဘုန်းကြီး၏ဝိသေသကို သိချင်နေသေးသည်။ သူမ ခိုးဝင်ရန် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသောကြောင့် သူမက ဘာကိုမှ မယူရသေးဘဲ ပြန်ထွက်မသွားနိုင်ပေ။

ထို့ကြောင့် သူမ သည်းခံရုံသာ တက်နိုင်တော့သည်။ အရက် ထည့်ပေးပြီးနောက် သူမက အရက်အိုးနှင့် ပန်းကန်လုံးနှစ်လုံးကို စားပွဲပေါ်တင်လိုက်ပြီး အခြားနန်းတွင်း အစေခံများနှင့်အတူ မတ်တပ်ရပ်နေရန် ပြန်သွားလိုက်သည်။

တာအိုဘုန်းတော်ကြီးက အရက် တစ်ငုံ မော့သောက်လိုက်ပြီး သူ့ခေါင်းကို ခါယမ်းကာ ပြုံးလိုက်ပြီးနောက် ချီးကျူးလိုက်သည်။ “ကောင်းလိုက်တဲ့ အရက်၊ အရက်ကောင်းပဲ”

သူ ပါးစပ် ဖွင့်လိုက်သည်နှင့် စူးချင်းက သူမ၏လက်မောင်းပေါ်မှ အမွှေးများအားလုံး ထောင်မတ်သွားသလို ခံစားလိုက်ရသည်။ စူးစူးရှရှ စူးစူးရှရှ နားရွက်ကို ပိတ်ဆို့ချင်လာသည်။

ကောင်းကင်မှာ ကျီးကန်းအကောင်တစ်သောင်း အော်ဟစ်နေသလိုမျိုး ကြားရတာ စိတ်မသက်မသာဖြစ်ပြီး လူတွေက သူတို့ရဲ့နားရွက်တွေကို ချက်ချင်းပိတ်ချင်သွားလောင်အောင် ဆိုးရွားလွန်းတယ်။

စူးချင်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိုတာအိုဘုန်းကြီးကို အကဲခတ်လိုက်သည်။

သူက ဘယ်သူလဲ? ဧကရီက သူ့ကို ဘာကြောင့် ဒီလောက် တန်ဖိုးထားနေရတာလဲ?

All Chapters