သံသယဖြစ်ဖွယ် တာအိုဘုန်းကြီး
Vol. 18 Ch. 267
"ဒီဟင်းပွဲတွေနဲ့ အရက်က ရှင့် အကြိုက်နဲ့ ကိုက်ညီရဲ့လား?"
ဧကရီက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ သို့သော်လည်း ယဲ့ချန်းရှန့်၏ ယုတ်ညံ့သော အသွင်အပြင်ကို ကြည့်လိုက်မိသည့် သူမက အနည်းငယ် မျက်မှောင်ကြုတ် လိုက်ကာ သူမ၏ မျက်လုံးများမှ အထင်အမြင်သေးနေသည့် အရိပ်အမြွက်များ ထွက်ပေါ်လာခဲ့သည်။
“ဒါတွေက ကျွန်တော်မျိုး အကြိုက်နဲ့ ကိုက်ညီပါတယ်။ အရမ်းကို ကိုက်ညီတောင် လွန်နေသေးတယ်"
ယဲ့ချန်းရှန့်က သူ့မျက်နှာပေါ်မှ ချွန်ထက်သည့်သွားများ ပေါ်လွင်နေအောင် ပြုံးနေလေသည်။ သူ့မျက်နှာက ညှိုးနွမ်းခြောက်သွေ့နေသော သစ်ပင်အခေါက်ကဲ့သို့ ရှုံ့တွနေပြီး သူ့ကို မြင်နေရသည်မှာ စိတ်မသက်မသာ ခံစားရစေသည်။ ဧကရီက ကျိတ်မှိတ်သည်းခံကာ သူ့ကို ကြည့်နေခဲ့သော်လည်း နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့ဘဲ သူ့မျက်နှာမှ အကြည့်လွှဲလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။
“ဧကရီမယ်မယ်၊ လုံးဝ စိတ်မပူပါနဲ့၊ ဒီဘုန်းကြီး လုပ်ထားတဲ့ အရွယ်တင်နုပျိုဆေးက ဧကရီမယ်မယ့်ကို လုံးဝ ပြန်ပြီး ငယ်ရွယ်နုပျိုသွားစေလိမ့်မယ်"
သူ့စိတ်ကြိုက် သောက်စားပြီးနောက်တွင် တာအိုဘုန်းကြီးက ဧကရီအတွက် ဧရာမ ကိတ်မုန့်ကြီးကို ပန်းချီဆွဲပေးလိုက်သည်။ ထိုစကားကို ကြားလိုက်ချိန်တွင် ဧကရီ၏မျက်လုံးများထဲမှ အထင်သေးရိပ်များက ချက်ချင်း လျော့ပါးသွားခဲ့သည်။
(T/N: ဧရာမ ကိတ်မုန့်ကြီးကို ပန်းချီဆွဲပေးခြင်း- မဖြစ်နိုင်တဲ့အရာတွေကို စိတ်ကူးနဲ့မြင်ယောင်ဖို့ ဖြားယောင်းပြီး အာမခံပေးခြင်း)
စူးချင်းက သူမ၏မျက်လုံးများကို မသိမသာ ပင့်မော့လိုက်ပြီး ထိုတာအိုဘုန်းကြီးကို လှမ်းကြည့်လိုက်သည်။
သူကို ကြည့်ရတာ လူသေတစ်ယောက်ကို ကြည့်နေရသလိုပဲ။ သူ့ဆီမှာ လူတစ်ယောက်ရဲ့ ရုပ်ရည်ကို ပြန်လည်ကောင်းမွန်စေနိုင်တဲ့ နုပျိုဆေးရှိနေရင် ဘာလို့ သူကိုယ်တိုင် မသောက်တာလဲ?
သို့သော်လည်း လူတိုင်း သိထားသည့်အတိုင်း အမျိုးသမီးများက အလှအပအတွက် အလွန်မိုက်မဲကြသည်။ အစပိုင်းတွင် စူးချင်းက ထိုတာအိုဘုန်းကြီးအား လူလိမ်လူကောက်အဖြစ်သာ သတ်မှတ်လိုက်သော်လည်း ဧကရီ၏ နောက်ဆက်တွဲစကားက သူမ၏အာရုံစူးစိုက်မှု ဖမ်းယူသွားနိုင်ခဲ့သည်။
“မော့ချန်ကကိစ္စအတွက်လည်း အာရုံစိုက်ပြီး အချိန်နည်းနည်း လောက်ပိုပေးလိုက်ပါဦး။ ကျွန်မ ရှင့်ဆီက သတင်းကောင်းကို စောင့်မျှော်နေမယ်"
ဧကရီက အနီရောင်နှင့် အစိမ်းရောင် ကျောက်မျက်ရတနာများ စီခြယ်ထားသည့် ရွှေခွက်ကို ကောက်ယူလိုက်ပြီး သူမ၏ခွက်ကို ယဲ့ချန်းရှန့်ဆီသို့ မြှောက်ပြလိုက်သည်။
"ဧကရီ၊ စိတ်ချပါ။ ဒီဘုန်းကြီးက ဧကရီရဲ့ကြင်နာမှုကို ကျေးဇူးပြန်ဆပ်ဖို့ အတတ်နိုင်ဆုံးကြိုးစားမှာပါ"
ဧကရီက သူ့ထံသို့ အရက်ခွက်မြှောက်ကာ ဂုဏ်ပြုနေသည်ပို မြင်လိုက်ရသောကြောင့် ယဲ့ချန်းရှန့်က ကမန်းကတန်း ထရပ်ကာ သူ့အရက်ခွက်ကို လက်နှစ်ဘက်ဖြင့် မြှောက်ရင်း သူ့ကိုသူ ဂုဏ်တင်လိုက်သည်။
ဧကရီက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး သူမ၏ရွှေခွက်ကို စားပွဲပေါ်သို့ ပြန်တင်လိုက်သည်။ သို့သော်လည်း သူမ၏မျက်လုံးများက မှိန်ဖျော့သွားပြီး မထီမဲ့မြင်ပြုချင်သည့် အရပ်တစ်ခု ပေါ်လာပြန်သည်။
နင်က ငါနဲ့ တွဲသောက်ဖို့ ထိုက်တန်တယ်လို့ နင် ထင်နေတာလား?
စူးချင်းကလည်း အနည်းငယ် မျက်မှောင်ကြုတ်ကာ စဥ်းစားနေခဲ့သည်။
သူတို့ ပြောနေကြတဲ့ မော့ချန်က ကိစ္စဆိုတာက ဘာလဲ?
"ကောင်းပြီ၊ ရှင် အရင်ထွက်သွားလို့ရတယ်။ ပန်ကုန်းမှာ ပြောစရာ မရှိတော့ဘူး"
ဧကရီက ယဲ့ချန်းရှန့်၏ရုပ်ဆိုးသောမျက်နှာကို ကြည့်ရန် သည်းခံနိုင်စိတ် မရှိတော့ပေ။ သူမက သူမ၏နဖူးကို ဘယ်ဘက်လက်ဖြင့် ထောက်ထားရင်း သူ ထွက်ခွာရန် ခွင့်ပြုသည့်အနေဖြင့် သူမ၏ညာလက်ကို ဝှေ့ယမ်းပြလိုက်သည်။
"ကျွန်တော်မျိုး အရင် ထွက်ခွာသွားပါတော့မယ်"
ယဲ့ချန်းရှန့်က သူ့၏အရက်ခွက်ကို အမြန်ချလိုက်ပြီး ဧကရီထံသို့ ဦးညွှတ်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ဧကရီ၏တဲနန်းထဲ ထွက်သွားခဲ့သည်။
"သူ အသုံးပြုသွားတဲ့ပစ္စည်းတွေအားလုံးကို စွန့်ပစ်လိုက်တော့"
ဧကရီက ယဲ့ချန်းရှန့် ထွက်ခွာသွားသည်ကို စောင့်ဆိုင်းနေခဲ့ပြီး ယဲ့ချန်းရှန့် အသုံးပြုခဲ့သမျှ အရာအားလုံးကို စွန့်ပစ်ရန် နန်းတွင်းအစေခံများအား အမိန့်ပေးလိုက်သည်။ ထိုအချိန်အတောအတွင်းတွင် သူမ၏မျက်လုံးများက အေးစက်သောအလင်းရောင်များဖြင့် လင်းလက်တောက်ပနေလေသည်။
သူမ၏ လက်ရှိလက္ခဏာက နန်းတွင်းအစေခံတစ်ဦး ဖြစ်သောကြောင့် စူးချင်းကလည်း အခြားနန်းတွင်းအစေခံနှင့်အတူ ပစ္စည်းများ စွန့်ပစ်ရန် ပူးပေါင်းလုပ်ကိုင်နေခဲ့သည်။
နန်းတွင်းအစေခံများအားလုံး အလုပ်ရှုပ်နေကြပြီး မည်သူကမျှ စကား မပြောရဲကြပေ။ တဲနန်းထဲမှ ထွက်ခွာလာပြီးချိန်တွင်ပင် မည်သူကမျှ စကားမပြောကြပေ။
စူးချင်းက ထိုအခြေအနေကို သိချင်နေလျှင်ပင် မည်သူကိုမျှ မေးမြန်းနိုင်မည် မဟုတ်ပေ။
စွန့်ပစ်ရမည့် အရက်အိုးမှ အဖိုးတန်ကျောက်မျက်ရတနာနှစ်ခုက အလွန် အဖိုးတန်သောကြောင့် စူးချင်းက ၎င်းတို့ကို သူမ၏လက်ထဲမှာ ဆက်လက်ဆုပ်ကိုင်ထားလိုက်သည်။
ဒါတွေကို ပြန်ယူသွားပြီး လည်ဆွဲ ပြန်လုပ်လိုက်ရင် လျန်တထောင်နဲ့တောင် ရောင်းလို့ရနိုင်တယ်။
ထိုကြောင့် စူးချင်းက အရက်အိုးကို စနစ်ထဲသို့ ပစ်ထည့်လိုက်သည်။ စူးချင်း၏ အတွေးကို ကြားနေရသည့် ရှောင်ချီက အရက်အိုးကို အဆင်သင့် ဖမ်းယူကာ ပုလင်းဖောက်တံကို အသုံးပြုရင်း ထိုကျောက်မျက်ရတနာများကို အစွမ်းကုန် တူးထုတ်နေတော့သည်။ ထိုအရက်အိုးကိုလည်း အရည်အသွေးကောင်းသည့် ငွေဖြင့် ပြုလုပ်ထားသောကြောင့် မီးဖိုထဲသို့ ထည့်ကာ အရည်ကျိုပြီး ပြန်သွန်းလုပ်လိုက်လျှင် သူမ၏သခင် ဝတ်ရန် ငွေဆံထိုး ဖြစ်လာမည်ကို ရှောင်ချီက စိတ်ကူးယဥ်နေခဲ့သည်။
စူးချင်းကတော့ နန်းတွင်းအစေခံများနှင့်အတူ တဲနန်းကြီးထဲသို့ ပြန်ဝင်သွားရပြန်သည်။ တဲနန်းကြီးထဲသို့ ပြန်ရောက်သွားသည်နှင့် နန်းတွင်းအစေခံများက ဧကရီဘုရင်မထံ ခစားနေကြပြီး ဧကရီက ဤအချိန်တွင် နေ့တိုင်း တရေးအိပ်နေလေ့ရှိသည်။
စူးချင်းလည်း ဘာမှ မတက်နိုင်ဘဲ ဧကရီ၏ဘေးတွင် အများနည်းတူ မတ်တပ်ရပ် ခစားနေရတော့သည်။ ဧကရီက သူမ၏ လက်တစ်ဖက်ကို သူမ၏နားထင်ပေါ် ထောက်ထားရင်း ညောင်စောင်းပေါ်တွင် ဘေးတစ်စောင်း လဲလျောင်းနေသည်ကို သူမ တွေ့လိုက်ရသည်။ ဧကရီက သူမ၏မျက်လုံးများကို မှတ်ထားသော်လည်း သူမ၏စိတ်က မငြိမ်မသက် ဖြစ်နေပုံရကာ မျက်မှောင်ကြုတ်နေခဲ့သည်။ တခါတရံတွင် ပိတ်ထားသည့် မျက်ခွံများအောက်မှ မျက်ဆံများက အပြန်ပြန်အလှန်လှန် လှုပ်ရှားနေသေးသည်။
“ဧကရီကို သတင်းပို့ပါတယ်၊ မင်းသမီးလေးက ပထမမင်းသားရဲ့တဲစခန်းမှာ တိုက်ခိုက်ခံခဲ့ရပါတယ်”
စူးချင်းတစ်ယောက် ဧကရီနှင့် နန်းတွင်းအစေခံများအား မည်ကဲ့သို့ ဖယ်ရှားရမည်ကို တွေးတောကြံစည်နေချိန်မှာပင် နန်းတော်အပြင်ဘက်မှ စစ်သည်တစ်ဦး၏အရေးတကြီး သတင်းပို့သံကို ကြားလိုက်ရသည်။ ဧကရီက ရုတ်တရက် မျက်လုံးဖွင့်ကာ ညောင်စောင်းပေါ်မှ ထထိုင်လိုက်ရင်း ချက်ချင်း အမိန့်ပေးလိုက်သည်။
“သူ့ကို အထဲ ခေါ်လာခဲ့”
နန်းတွင်းအစေခံတစ်ယောက်က တဲနန်း၏အပြင်သို့ ထွက်သွားပြီး သတင်းလာပို့သည့် စစ်သည်ကို တဲနန်းတော်ကြီးထဲသို့ ပြန်ခေါ်လာခဲ့သည်။ စူးချင်းက သူမ၏မျက်လုံးများကို အောက်စိုက်ထားရင်း အပြင်သို့ ထွက်ရန် ကြံစည်နေခဲ့သည်။
"ဘာဖြစ်တာလဲ?"
ဧကရီက သူမရှေ့မှ စစ်သည်ကို မည်းမှောင်သောအမူအရာဖြင့် စိုက်ကြည့်ကာ ချက်ချင်း မေးခွန်းထုတ်လိုက်သည်။
ကြောက်စရာကောင်းတဲ့ လူသားနတ်ဆိုးက နောက်တစ်ကြိမ် လုပ်ကြံသတ်ဖြတ်ဖို့ ရောက်လာတာဖြစ်နိုင်မလား? သူမက အကြီးဆုံးမင်းသားနဲ့ သူရဲ့အကြွင်းအကျန်တွေကို အကြောက်ဆုံးပဲ။
“ပထမမင်းသားရဲ့စခန်းအပြင်ဘက်မှာ အမျိုးသမီးတစ်ဦးက မင်းသမီးလေးနဲ့ မင်းသမီးလေးရဲ့အစေခံကို တိုက်ခိုက်သွားခဲ့ပါတယ်၊ တိုက်ခိုက်ခံရပြီးတဲ့နောက်မှာ မင်းသမီးလေးရဲ့တစ်ကိုယ်လုံးက အေးခဲသွားသလို တောင့်တင်းသွားပြီး မလှုပ်မယှက် ဖြစ်နေပါတယ်”
ထိုစစ်သည်က အလွန်ကြောက်လန့်နေသော်လည်း သတင်းပို့ရန် သူ့၏သတ္တိကို စုဆောင်းနိုင်ဆဲဖြစ်သည်။
ဧကရီက နူးညံ့သိမ်မွေ့သော်လည်း သူမက အရက်စက်ဆုံးလူသား ဖြစ်သည်။ ထိုစစ်သည်က သူ့ခေါင်းပြတ်သွားမည်ကိုပင် စိုးရိမ်နေခဲ့ပြီး သူ မျှော်လင့်ထားသည့်အတိုင်း သူ သတင်းပို့ပြီးသည်နှင့် ဧကရီက စားပွဲပေါ်ရှိ နို့လက်ဖက်ရည်အိုးကို ကောက်ကိုင်ကာ သူ့ခေါင်းဆီကို ကောက်ပေါက်ချလိုက်သည်။
"အမှိုက်ကောင်"
နွားနို့လက်ဖက်ရည်အိုး သူ့ဆီသို့ လွင့်ပျံ့လာသည်ကို မြင်နေရသော်လည်း ထိုစစ်သည်က လုံးဝ မရှောင်တိမ်းရဲဘဲ ထိုနို့လက်ဖက်ရည်အိုးကိုသာ ကူကယ်ရာမဲ့ ကြည့်နေခဲ့ရသည်။ ရလဒ်အနေဖြင့် သူ့ခေါင်းက ချက်ခြင်း အထုနှက်ခံလိုက်ရပြီး သွေးများ ထွက်ကျလာခဲ့သည်။
စူးချင်းက မျက်ခုံးပင့်လိုက်သည်။
သူမက ဧကရီကို ဘယ်လို မောင်းထုတ်ရမလဲဆိုပြီး စိတ်ပူနေခဲ့တာလေ။ အခုတော့ ရမ်းကားတဲ့ မင်းသမီးက သူမကို အများကြီး အထောက်အကူ ပေးခဲ့တယ်။
ဧကရီက နူးညံ့သောညောင်စောင်းပေါ်မှ ထထိုင်လိုက်သည်။ နန်းတွင်းအစေခံများက သူမအတွက် ဖိနပ်စီးပေးရန် အလောတကြီး ရှေ့တိုးသွားကြသည်။ ထိုအချိန်တွင် ဘေးနားတွင် ရပ်နေပြီး လှုပ်စိလှုပ်စိ လုပ်နေသည့် စူးချင်းက မသိမသာ ပေါ်လွင်နေခဲ့သည်။ သူမက အလုပ်တစ်ခုခု ရှာလုပ်ရန် တွေးနေခဲ့သော်လည်း သူမ ယခင်က မည်သူ့ကိုမျှ အလုပ်အကျွေး မပြုဖူးသောကြောင့် ဘာလုပ်ရမှန်း မသိဖြစ်နေခဲ့သည်။
သူမဘေးနားမှ နန်းတွင်းအစေခံတစ်ယောက်က သူမကို သတိပေးလိုက်သည်။
"ဟုန်ကျု၊ ဧကရီမယ်မယ်ရဲ့ဝတ်ရုံကို အမြန်သွားယူတော့လေ"
စူးချင်းက ထိုဝတ်ရုံကို သွားရှာခဲ့သော်လည်း ချက်ချင်း ရှာမတွေ့ခဲ့ပေ။
သူမကို သတိပေးခဲ့သည့် နန်းတွင်းအစေခံက သူမပါ ရောယောင်အပြစ်ပေးခံရမည်ကို ကြောင့်ရွံ့သည့်အတွက် ခန်းဆီး၏နောက်သို အမြန်ညွှန်ပြကာ တိုးတိုးလေး ထပ်ပြောလိုက်သည်။
“မြန်မြန်သွား!”
“အင်း”
စူးချင်းက သူမကို ခေါင်းညိတ်ပြလိုက်ပြီး ခန်းဆီး၏နောက်သို့ အမြန်လျှောက်သွားလိုက်သည်။ ကြိုးတန်းပေါ်တွင် ရွှေရောင်ဖီးနစ် တစ်ကောင်ကို ပန်ူထိုးထားသည့် အဝါရောင်ဝတ်ရုံတစ်ထည်ရှိနေပြီး ထိုဝတ်ရုံ၏လည်ပင်းတစ်ဝိုက်ကို အဖြူရောင်မြေခွေးမွေးများဖြင့် အနားကွပ်ထားပြီး အလွန်မွန်မြတ်ပုံပေါက်နေခဲ့သည်။
စူးချင်းက ထိုရွှေဖီးနစ်ပန်းထိုးနည်းပညာကို အလွန်စိတ်ဝင်စားနေခဲ့သော်လည်း အရေးတကြီးအချိန်ဖြစ်နေသောကြောင့် ၎င်းကို လေ့လာရန် အချိန်မရှိခဲ့ပေ။ သူမ ဝတ်ရုံနှင့်အတူ ပြန်ထွက်လာချိန်တွင် ဧကရီက စိတ်မရှည်တော့ဘဲ သူမကို စိုက်ကြည့်နေပြီ ဖြစ်သည်။
"ဟုန်ကျူ၊ မြန်မြန်လာ"
ဧကရီ ဒေါသထွက်နေပြီကို နားလည်လိုက်သောကြောင့် ဧကရီ၏အနီးကပ်အစေခံက စူးချင်းကို အမြန် လှမ်းခေါ်လိုက်သည်။ စူးချင်းက သူမ၏အရှိန်ကို မြှင့်တင်လိုက်ပြီး ဧကရီ၏ဝတ်ရုံ ကူညီဝတ်ဆင်ပေးလိုက်သည်။
မိဖုရားကြီးက မြတ်လေးရနံ့ကို အသုံးပြုထားပြီး သူမတစ်ကိုယ်လုံး သင်းပျံ့နေလေသည်။
ဧကရီ၏ဝတ်ရုံကို ကူညီဝတ်ဆင်ပေးပြီးနောက် စူးချင်းက မူလနေရာတွင် မတ်တပ်ပြန်ရပ်နေခဲ့သည်။ သူမ လိုက်မသွားချင်ခဲ့ပေ။
ကံကောင်းထောက်မစွာဖြင့် ဧကရီက သူမကို ဂရုစိုက်ရန် အချိန်မရှိဘဲ သူမ၏ဝတ်ရုံကို ဝတ်ဆင်ကာ အလျင်အမြန် ထွက်သွားတော့သည်။ သူမ၏အနီးကပ် ကိုယ်ပိုင်အစေခံနှစ်ယောက်က သူမနောက်မှ အနီးကပ်လိုက်ပါသွားသောကြောင့် စူးချင်းနှင့် တခြားအစေခံနှစ်ယောက်သာ တဲနန်ကြီးထဲတွင် ကျန်ရစ်နေခဲ့သည်။
ဧကရီ၏တဲနန်းကြီးတွင် တင်းကျပ်သော စည်းကမ်းများ ရှိနေခြင်း ဖြစ်နိုင်ပြီး ဧကရီ ရှိမနေလျင်ပင် အစခံအများက အချင်းချင်း တီးတိုးပြောဆိုရဲခြင်း မရှိကြပေ။ တခြားအစေခံနှစ်ယောက်က နူးညံပျော့ပျောင်းသော သလွန်ကို တိတ်တဆိတ် သန့်ရှင်းရေး လုပ်နေကြပြီး အမွေးနံသာမှုန့်များ ပြန်ဖြန်းနေကြသည်။ စူးချင်းက ထိုတာအိုဘုန်းကြီး၏အကြောင်း မေးချင်နေသော်လည်း ထိုလူနှစ်ယောက်က စက်ရုပ်များကဲ့သို့ အလုပ်လုပ်ကြပြီး ဘာသတင်းအချက်အလက်မှ မရခဲ့ပေ။
ဧကရီက အချိန်မည်မျှကြာကြာ အပြင်ထွက်နေမည်ကို မသိနိုင်သောကြောင့် စူးချင်းက အမြန်လှုပ်ရှားလိုက်သည်။ ရှောင်ချီက သူမအတွက် ဆေးမှုန့်တစ်ထုပ် ထုတ်ယူပေးခဲ့ပြီး သူမက ထိုဆေးမှုန့်များကို အမွှေးနံ့သာအိုးထဲသို့ လောင်းထည့်လိုက်သည်။
ထိုနန်းတွင်းအစေခံနှစ်ယောက်က အလုပ်ရှုပ်နေရင်း သူမတို့၏မျက်ခွံများ လေးလံလာသည်ကို ခံစားလိုက်ရချိန်တွင် သူမတို့၏အမြင်အာရုံများ မည်းမှောင်လာပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီ ဖြစ်သည်။ သူမတို့ မူးမေ့မသွားခင်တွင် နံ့သာအိုး၏ရှေ့တွင် ရပ်နေပြီး သူတို့ကို ကြည့်နေသည့် စူးချင်းကို ဝိုးတဝါး လှမ်းမြင်လိုက်ကြရသည်။
စူးချင်းက သူမတို့ကို စမ်းသပ်ရန် သွားခဲ့ပြီး သူမတို့အားလုံး သတိလစ်သွားကြောင်း အတည်ပြုပြီးနောက် သူမက သူမတို့ကို ပြန်တွဲထူကာ နံရံထောင့်တွင် မှီရပ်နေစေခဲ့သည်။ ကင်းသမားများ လှမ်းကြည့်မည်ဆိုလျှင်ပင် သူမတို့ ထိုနေရာတွင် မတ်တပ်ရပ်နေသည်ဟုပင် ထင်သွားကြပေလိမ့်မည်။
ထိုနန်းတွင်အစေခံနှစ်ယောက်ကို စီစဉ်ပြီးနောက်တွင် စူးချင်းက လျှို့ဝှက်ခန်းသို့ အမြန်သွားလိုက်သည်။ ဧကရီ၏လျှို့ဝှက်ခန်းက တဲနန်းကြီး၏အနောက်ဘက်ရှိ ဘုရားကျောင်းဆောင်တွင် ရှိနေခြင်း ဖြစ်ပြီး ဤသည်မှာ စနစ်ထဲမှ ရှောင်ချီ ရှာဖွေပေးခဲ့ခြင်း ဖြစ်သည်။
စူးချင်းက အထဲသို့ ဝင်သွားပြီး အကဲခတ်ကြည့်လိုက်ရာ သာမာန်ဘုရားဆောင်တစ်ခုအနေဖြင့်သာ မြင်လိုက်ရသည်။ အလယ်ပိုင်းလွင်ပြင်ရှိ ဘုရားဆင်းထုများနှင့်မတူဘဲ ပလ္လင်ပေါ်တွင် ထူးဆန်းသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ရှိနေခဲ့သည်။ ၎င်းက လက်ရာကောင်းမွန်သည့် အဋ္ဌဂံပုံသဏ္ဍာန် ဦးထုပ်တစ်လုံးကို ဆောင်းထားကာ အနည်းငယ် ကြမ်းတမ်းပုံပေါက်နေကာ ၎င်း၏လက်ထဲတွင် လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။
ပူဇော်ပုလ္လင်ပေါ်တွင် သစ်သီးဝလံများ လှူဒါန်းထားပြီး နံ့သာအိုးတစ်အိုးကို ပူဇော်ထားသည်။ ထိုပုလ္လင်၏ရှေ့မှ ကြမ်ပြင်ပေါ်တွင် ဒူးထောက်ထိုင်နိုင်သည့် ရွှေဖျာတစ်ချပ် ရှိနေပြီး ထိုဘေးတွင် ဗုဒ္ဓဘာသာကျမ်းစာမျိုးစုံ ပါဝင်သည့် စာအုပ်စင်တစ်ခု ရှိသည်။ ထိုအရာမှလွဲ၍ တခြား ဘာမှ မတွေ့ရပေ။
"ရှောင်ချီ... လင်ဇီးက ဘယ်မှာလဲ?"
လင်ဇီးကို ရှာမတွေ့သောကြောင့် စူးချင်းက ရှောင်ချီကို ထပ်မေးလိုက်သည်။ သူမရှောင်ချီကို မေးပြီးသည်နှင့် အပြင်ဘက်မှ တစ်ယောက်ယောက်၏စကားပြောသံကို ကြားလိုက်ရသည်။