ဥစ္စာဓန ရှာဖွေခြင်း (အပိုင်း ၁)
Vol. 19 Ch. 271
ကျိရွှေရှန့်နှင့် စူးချင်းတို့၏အမူအရာများက တောင့်တင်းသွားခဲ့သည်။ သူတို့နှစ်ဦးက အင်အား အပြည့်ဖြင့် ရောက်လာကြသည့် တာ့ထန်စစ်သည်များကို လှည့်ကြည့်လိုက်ပြီး တိုက်ပွဲအတွက် အဆင်သင့်ပြင်ဆင်လိုက်ကြသည်။
ရှေ့မှ ပြေးလာနေသည့် တာ့ထန်စစ်သည်တစ်ယောက်က ကျိရွှေရှန့်ကို ထပ်အော်ပြောလိုက်သည်။
“လေးစားအပ်တဲ့ ဧည့်သည်တော်ကြီး၊ ဧည့်သည်တော်ကြီးအနေနဲ့ လူတွေ ကယ်တင်ပေးဖို့အတွက် နန်းတော်ကို လိုက်လာဖို့ ဧကရီက ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်”
ဘာတွေဖြစ်နေတာလဲ?
ကျိရွှေရှန့်တစ်ယောက် အံ့အားသင့်သွားရသည်။
သူက လူတွေကို ကယ်တင်ပေးရမှာလား? ဘယ်သူတွေကို ကယ်တင်ပေးရမှာလဲ?
သူ ပဟေဠိဖြစ်နေစဉ်မှာပင် တာ့ထန်စစ်သည်များက သူတို့၏လှည်းများကို မီလာပြီ ဖြစ်သည်။ သူတို့က စစ်မြင်းများကို အရှိန်အပြည့်ဖြင့် စီးလာကြပြီး ရုတ်တရက် ဇာက်ကြိုးဆွဲလိုက်သောကြောင့် စစ်မြင်းကြီးများက ၎င်းတို့၏ခန္ဓာကိုယ်အပေါ်ပိုင်းကို ပတပ်ရပ်ကာ ကျယ်ကျယ်လောင်လောင် ဟီလိုက်ကြသည်။
"လူကြီးမင်း၊ လူကြီးမင်းတို့ လူမှားနေတာ မဟုတ်ဘူးလား? ကျွန်တော်မျိုးက သမားတော် မဟုတ်ပါဘူး။ ကျွန်တော်မျိုးက လူတွေကို မကယ်ပေးနိုင်ဘူး"
တာ့ထန်စစ်သည်များတွင် မကောင်းသော ရည်ရွယ်ချက် မရှိသည်ကို နားလည်လိုက်သောကြောင့် ကျိရွှေရှန့်က လက်သီးအုပ်ကာ ပြန်တုံ့ပြန်လိုက်သည်။
သို့သော်လည်း သူ့၏ငြင်းဆန်မှုက အသုံးမဝင်ဘဲ တာ့ထန်စစ်သည်များက သူ့ကို ပြန်ဖိတ်သွားခေါ်ရန် ဆုံးဖြတ်ထားကြပုံရသည်။
“လူကြီးမင်း၊ အဲ့လိူမျိုး နှိမ့်ချမနေပါနဲ့။ ငါတို့နဲ့အတူ မြန်မြန် ပြန်လိုက်ခဲ့ပါ။ ဧကရီက အရမ်း စိုးရိမ်နေတယ်။ မင်းသမီးလေးကို ကယ်တင်နိုင်ရင် ဆုလာဘ်တွေက လူကြီးမင်း အတွက်ပဲ”
မင်းသမီးကို ကယ်တင်ပေးရမှာလား?
စူးချင်းက မျက်ခုံးပင့်လိုက်ပြီး နောက်ဆုံးတွင် သူတို့ ကျိရွှေရှန့်ကို အဘယ်ကြောင့် လာရှာနေကြသည်ကို သူမ သဘောပေါက်သွားခဲ့သည်။
သူမက မင်းသမီးရဲ့အပ်စိုက်မှတ်ကို နှိပ်ထားခဲ့တယ်။ ဒါပေမယ့် တာ့ထန်လူမျိုးသမားတော်တွေက အပ်စိုက်ကုထုံးတွေကို နားမလည်တာကြောင့် ဘယ်လို ကုသရမယ်ဆိုတာကို မသိကြဘူး။ သူတို့က သူတို့ မင်းသမီးကို မကုသပေးနိုင်တာကြောင့် ဟန်လူမျိုးတွေဆီကို အပြစ်ဖို့ လိုက်ပုံပဲ။
နောက်ဆုံးတကြိမ်တုန်းက ရွှေရှန့်က ဒုတိယမင်းသားကို ကယ်တင်ပေးခဲ့တာကြောင့် ဧကရီက သူ ဆေးပညာတက်မြောက်တယ်လို့ တွေးထင်သွားတာ ဖြစ်နိုင်တယ်။ ပြီးတော့ သူက ဟန်လူမျိုးတစ်ဦးလည်းဖြစ်နေတာကြောင့် ဧကရီက သူ့အပေါ် မျှော်လင့်ချက်ထားနေပုံပါပဲ။
ရွှေရှန့် တာ့ထန်ကို စီးပွားရေးလုပ်ဖို့ ရောက်နေတာကို ဧကရီ သိသွားတာကြောင့် မင်းသမီးကို ကယ်တင်ရန် သူ့ကို လူလွှတ်ပြီး ရှာခိုင်းလိုက်တာ ဖြစ်နိုင်တယ်။
ဒါက ငွေရှာနိုင်မယ့် အလုပ်ပဲ။
တကယ်တော့ နှစ်ရှီးခန်(လေးနာရီ)လောက်ကြာပြီးရင် မင်းသမီးလေးရဲ့အပ်စိုက်မှတ်က သူ့ဘာသာသူ အလိုအလျောက် ပြန်ဖွင့်သွားမှာလေ။ အခုတော့ ရွှေရှန့် သူတို့နဲ့အတူ ပြန်လိုက်သွားရမယ်လို့ သူမ ခန့်မှန်းသွားပြီ။ ဒါက အလကားရမယ့် ပိုက်ဆံငို သွားကောက်တာနဲ့ ညီမျှတယ်လေ။
သိုသော်လည်း ကျိရွှေရှန့်က ထိုအခြေအနေကြောင့် အကျပ်ရိုက်နေခဲ့သည်။
ဧကရီက သူ့ကို ဖိတ်ခေါ်ဖို့ လူလွှတ်လိုက်ပြီး သူက လိုက်မသွားခဲ့ရင် အနာဂတ်မှာသူ တာ့ထန်မှာ စီးပွားရေးလုပ်ဖို့ မေ့ပစ်ရတော့မှာ သေချာတယ်။ ဒီတာ့ထန်စစ်သည်အုပ်စုက အခု အရမ်းယဉ်ကျေးနေပေမယ့် သူက သူ မလိုက်ဘူးလို့ ငြင်းလိုက်တာနဲ့ ဒီလူတွေရဲ့သဘောထားက ချက်ချင်း ပြောင်းလဲသွားမှာ သေချာတယ်။
သူ လိုက်သွားရင်လည်း စူးချင်းက လှည်းတွေကို တစ်ယောက်တည်း ပြန်မမောင်းနိုင်မှာကို သူ စိုးရိမ်နေသေးတယ်။
သူက စူးချင်းကို ပြန်လှည့်ကြည့်လိုက်ရာ စူးချင်းက သူ့ကို ခေါင်းညိတ်ပြနေသည်ကို သူ တွေ့လိုက်ရသည်။
သူမက သူ လိုက်သွားဖို့ သဘောတူတယ်လား?
ကျိရွှေရှန့်က လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး တာ့ထန်စစ်သည်များဆီသို့ လက်သီးအုပ်ကာ "ကျွန်တော်မျိုးရဲ့မိတ်ဆွေကို စကားခဏပြောခွင့်ပြုပါ"
"ကောင်းပြီလေ၊ မြန်မြန်လုပ်"
ခေါင်းဆောင်ဖြစ်ဟန်တူသည့် တာ့ထန်စစ်သည်က ခေါင်းညိတ်လိုက်သည်။ သူက ကျိရွှေရှန့်အတွက် ခက်ခဲအောင် လုပ်ချင်ပုံမရသော်လည်း သူ့အမူအရာအရ သူ အလွန်စိုးရိမ်နေမှန်း သိသာနေသည်။
ကျိရွှေရှန့်က ခေါင်းညိတ်လိုက်ပြီး စူးချင်းဆီသို့ ဧရာမခြေလှမ်းများဖြင့် လျှောက်သွားလိုက်သည်။ သူက စူးချင်း၏လှည်းရှေ့တွင် ရပ်လိုက်ပြီး ပူပန်နေဟန်ဖြင့် "မင်းတစ်ယောက်တည်း လှည်းတွေကို မောင်းသွားနိုင်လား?"
"ပြဿနာ မရှိဘူး"
စူးချင်းက ခေါင်းညိတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် သူမက ရှောင်ချီရဲ့အကူအညီကို ယူလို့ရတယ်လေ။
စနစ်ထဲမှ ရှောင်ချီက စူးချင်း၏အတွေးများကို ကြားသွားပြီး စနစ်ထဲတွင် စိတ်လှုပ်ရှားစွာ ကခုန်နေလေသည်။
သခင်က ရှောင်ချီ့အကြောင်း တွေးနေပြန်ပြီ။
"ကျွန်မ မင်းသမီးရဲ့ ဆွံအစေတဲ့ အပ်စိုက်မှတ်နဲ့ ခန္ဓာကိုယ် မလှုပ်ရှားစေနိုင်မယ့် အပ်စိုက်မှတ်ကို နှိပ်ထားခဲတယ်၊ ရှင် အဲဒီကို ရောက်သွားရင် အဲ့တာတွေကို ပြန်ဖွင့်ပေးလိုက်လို့ ရတယ်။ သူတို့ကို လှည့်စားဖို့ ဆေးနှစ်လုံးလောက် သုံးလိုက်ရင် လုံလောက်ပြီ"
စူးချင်းက ကျိရွှေရှန့်အား သာမာန်အစာကျေဆေးလုံး နှစ်လုံး လှမ်းပေးလိုက်ပြီး သူမတို့နှစ်ယောက်တည်း ကြားနိုင်မည့် အသံဖြင့် ပြောပြလိုက်သည်။
“ကောင်းပြီ”
ကျိရွှေရှန့်က မျက်တောင်ပင် မခတ်ဘဲ ဆေးနှစ်လုံးကို တည်တည်ငြိမ်ငြိမ် လှမ်းယူကာ သူ့လက်ထဲတွင် ဖွတ်ထားလိုက်သည်။ သူ၏တောက်ပသော မျက်လုံးများက စူးချင်း၏ မျက်လုံးများကို စိုက်ကြည့်နေပြီး “ကိုယ် ပြန်လာတာကို စောင့်နေနော်။ ကိုယ် မကြာခင် ပြန်လာခဲ့မယ်"
“အင်း”
စူးချင်းက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ကျိရွှေရှန့်နှင့် တာ့ထန်စစ်သည်များ တာ့ချန်သို့ ပြန်သွားသည်ကို ကြည့်နေခဲ့သည်။ သူတို့ အဝေးသို့ ရောက်သွားမှသာ သူမက ရှောင်ချီကို ထွက်လာခွင့်ပြုလိုက်သည်။
လှည်းတန်း၏ အနေအထားက ပြောင်းလဲသွားခဲ့သည်။ စူးချင်းက ရှောင်ချီကို နောက်ဆုံးလှည်းဆီသို့ သွားခိုင်းလိုက်ပြီး သူမက အရှေ့ဆုံးမှ လှည်းကို မောင်းနှင်လာခဲ့သည်။
စူးချင်းက လှည်းငါးစီးကို မော့ချန်သို့ မောင်းနှင်လာခဲ့ပြီး သူမ မော့ချန်သို့ ပြန်ရောက်လာချန်တွင် မြို့စောင့်တပ်သားများက တာ့ထန်တစ်ယောက် ချဉ်းကပ်လာသည်ကို တွေ့သွားကြပြီး ချက်ချင်းပင် သတိအနေအထား ဖြစ်သွားကြသည်။
“အနားကပ် မလာနဲ့၊ မဟုတ်ရင် ကရုဏာမထားဘဲ ချက်ချင်း သတ်ပစ်မယ်”
"ငါပါ စူးချင်း"
စူးချင်းက သူမ၏ကိုယ်ပိုင်အသံဖြင့် မြို့ရိုးထိပ်မှ ကြားနိုင်အောင် အော်ပြောလိုက်သည်။
ဒီစစ်သည်တွေက တခြားသူတွေကို မသိပေမယ့် သူတို့အသက်ကို ကယ်တင်ခဲ့တဲ့ စူးချင်းကိုတော့ ရင်းနှီးနေပြီးသားပါ။
သို့သော်လည်း သူမက မုတ်ဆိတ်မွေးရှိသည့်တာ့ထန်တစ်ယောက် ဖြစ်နေသည့်အကြောင်းကိုတော့ သူတို့ နားမလည်နိုင်ကြပေ။
သို့သော်လည်း သူတို့က စူးချင်းအတွက် တံခါးဖွင့်ပေးရန် အောက်ဘက်မှ တပ်သားများကို ပြန်အော်ပြောပေးလိုက်ကြသည်။
ရှောင်-ဖက်တီးလေး-ချီက နောက်ဆုံး လှည်းပေါ်တွင် ထိုင်နေပြီး အနေအထားမှန်မှန် လှည်းမောင်းလာသည်ကို မြင်လိုက်ချိန်တွင်တို့ စစ်သည်များအားလုံး ထိတ်လန့်သွားကြသည်။
အဲဒါ ဘယ်လိုတိရစ္ဆာန်မျိုးလဲ?
ယုန်နဲ့တူလား? ကြောင်နဲ့တူလား? ခွေးနဲ့များ တူနေတာလား? အတိအကျကတော့ ဘာနဲ့မှ ချွတ်စွပ်တူမနေဘူး။ ဒါပေမယ့်လည်း ကြောင်တွေ ခွေးတွေထက် ပိုပြိး ချစ်စရာကောင်းတယ်။ ဝတုတ်လုံးဝိုင်းနေပြီး အမွေးဖြူမြေခွေးလေးထက်တောင် ပိုလှနေသေးတယ်။ ပယင်းရောင်မျက်လုံးလေးတွေကလည်း ဝိုင်းစက်နေပြီး သူတို့ကို ပြုံးပြနေသလိုမျိုးပဲ။ လေတိုက်တဲ့အခါ လွင့်လာတဲ့ နှင်းပွင့်ဖြူဖြူလေးတွေလို ချစ်စရာကောင်းလွန်းတယ်။
နေပါဦး၊ အကောင်ငယ်လေးက ပြုံးပြနေတာလား?
သေသေချာချာ ပြန်ကြည့်လိုက်တော့ ပြုံးပြနေတာ ဖြစ်နိုင်ပုံရတယ်။ အကောင်ငယ်လေးရဲ့ပါးစပ်လေးက ပြန့်ကားနေပြီး မျက်လုံးလေးတွေက ကွေးညွတ်နေတယ်။ အဲ့တာအပြင် သူတို့ကိုတောင် လက်ပြနှုတ်ဆက်နေသေးတာလား?
တုတ်တုတ်ဖောင်းဖောင်း ခြေလက်ကလေးတွေက ကလေးသေးသေးလေးရဲ့ လက်သေးသေးလေးတွေနဲ့ တူနေပြန်တယ်။ တိုတိုတုတ်တုတ်နဲ့ နှင်းဖြူရောင်ဖွေးဖွေး လက်ချောင်းလေးတွေက ချစ်စရာကောင်းလွန်းတကြောင့် ဖမ်းကိုက်ချင်တဲ့ ခံစားချက်ကို ပေးနေခဲ့တယ်။
ရှောင်ချီကတော့ ထိုစစ်သည်များ၏ ထိတ်လန့်တုန်လှုပ်သော အကြည့်များအောက်တွင် သူတို့ကို ပျော်ပျော်ရွှင်ရွှင် နှုတ်ဆက်ပြီး မြို့ထဲသို့ ဝင်ရောက်သွားခဲ့သည်။
လူတွေ အများကြီးက သူမကို ကြိုဆိုနေကြတယ်။ သူမက ဘယ်လောက်နာမည်ကြီးလဲဆိုတာ ကြည့်လိုက်စမ်းပါဦး။
ရှောင်ချီက သူမ၏နောက်ကွယ်တွင် ကြွားလုံးထုတ်နေသည်ကို စူးချင်းက မသိခဲ့ပေ။ သူမက ယန်ကျစ်နေထိုင်သည့် ဝင်းအဝင်ပေါက်ဆီသို့ လှည်းများကို တန်းတန်းမတ်မတ် မောင်းနှင်သွားခဲ့သည်။ သူမက လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး မြင်းကို အဝင်ပေါက်ရှိ သစ်ပင်တွင် ချည်နှောင်လိုက်သည်။
ယန်ကျစ်နှင့် သူ့လူများက ခြံဝင်းထဲတွင် ကိုယ်ခံပညာ လေ့ကျင့်နေကြသည်။ ယနေ့တွင် သူတို့က မြို့ရိုးပေါ်သို့ အလုပ်လုပ်ရန် သွားခဲ့ကြသော်လည်း ဘာမှ လုပ်ဆောင်စရာ မတွေ့ခဲ့ကြပေ။ ပြုပြင်ရန် လိုအပ်သည့် နေရာများအားလုံးကို ပြန်ပြင်ထားပြီး ဖြစ်သည်။ ဤရက်ပိုင်းတွင် သူတို့က အများကြီး ကူညီပေးခဲ့ကြပြီး ဖြစ်သည်။
စူးချင်းနှင့် သူတို့ သဘောတူထားသည့်အချိန်က နှစ်ရက်ကျန်နေသေးသောကြောင့် သူတို့ ရုတ်တရက် ဘာမှ လုပ်စရာမရှိတော့ဘဲ ထိုနေရာတွင် နေရခြင်းက အဆင်မပြေ ဖြစ်နေခဲ့သည်။ ထို့ကြောင့် အချိန်ကုန်လွယ်စေရန် ခြံဝင်းထဲတွင် ရိုးရိုးရှင်းရှင်း လေ့ကျင့်ရေးဆင်းနေခဲ့ကြသည်။
"အစ်ကိုယန်"
စူးချင်းက တံခါးကို တွန်းဖွင့်ပြီး ခြံထဲသို့ ဝင်လာခဲ့သည်။ ရာသီဥတုက အလွန်အေးစက်နေပြီ မြောက်လေက လူတို့၏မျက်နှာကို ဓားနှင့်ခြစ်နေသည်ဟု ခံစားရစေသည်။ သို့သော်လည်း ထိုအမျိုးသားများက ရင်ဘတ်ဗလာဖြင့် ကိုယ်ခံပညာ လေ့ကျင့်နေကြပြီး သူတို့တစ်ကိုယ်လုံးချွေးများ ဖုံးလွှမ်းနေလေသည်။
"ပြန်လာပြီလား?"
သူ လှည့်ကြည့်လိုက်ချိန်တွင် စူးချင်းကို တွေ့လိုက်ရသောကြောင့် ယန်ကျစ်က ဝမ်းသာသွားခဲ့သည်။ သူက သူ့ခါးတွင် ချည်ထားသော အဝတ်အစားများကို အမြန် ပြန်ဝတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူမက မိန်းကလေးတစ်ယောက်ပါပဲ။ သူတို့က အပေါ်ပိုင်း တစ်ဝက်လောက် အဝတ် မဝတ်ထားတာက သူမအတွက် မသင့်တော်ဘူးလေ။
စူးချင်းကို ခေါင်းဆောင်ယန်ကို အိမ်ထဲဝင်ရန် ပြောလိုက်ပြီး သူတို့ ထိုင်ပြီးသည်နှင့် သူမက စကားစလိုက်သည်။
"အစ်ကိုယန်၊ ကျွန်မ ကုန်ပစ္စည်းတွေ ပြန်ယူလာပြီးပြီ။ ကျေးဇူးပြုပြီး အဲ့ကုန်စည်တွေကို လော့ချန်ကို ပြန်သယ်သွားပေးပြီး ရောင်းချဖို့ ဒုတိယသခင်ကြီးစူးကို အကူအညီတောင်း ပေးပါ။ အခကြေးငွေကို အရင်နဲ့ အတူတူ ပေးပါ့မယ်။ အချိန်တန်ရင် ကုန်ပစ္စည်းဖိုကနေ နုတ်ယူလို့လဲ ရတယ်၊ ပြန်ရလာတဲ့ ငွေတွေအားလုံးကို ကျွန်မတို့အတွက် အစေ့အဆန်တွေ ဝယ်ခဲ့ပေပါ။ ဆန်လုံးညို နည်းနည်းပဲ ဝယ်လို့ရတယ်ဆိုရင်တော့ ပဲပိစပ်တွေ ဝယ်လာခဲ့ပါ"
စူးချင်းက အဓိကအကြောင်းအရာကိုသာ တည့်တည့် ပြောလိုက်ပြီး လူတိုင်း၏အချိန်ကို မဖြုန်းချင်ခဲ့ပေ။
“ကောင်းပါပြီ”
ယန်ကျစ်ကလည်း စူးချင်း၏ ထိုဂရုမစိုက်တက်သော စိတ်ဓာတ်ကို သဘောကျနေခဲ့သည်။
သူမက ဓားတွေ လှံတွေ အောက်ကနေ အဲ့နေရာကို သွားပြီး ပြန်လာမယ်လို့ ပြောခဲ့သလို တကယ်လည်း ပြန်လာနိုင်ခဲ့တယ်။
သို့သော် သူက အကျည်းတန်သော စကားလုံးများကို အရင် ပြောထားလိုက်သည်။
“အစိုးရက လူတစ်ဦးချင်းစီကို ကောက်နှံအမြောက်အမြား ဝယ်ယူသယ်ဆောင်ခွင့် မပြုထားဘူး။ သယ်လို့မရရင် ဘယ်လိုလုပ်မလဲ?”
“ဒါက ကိုင်တွယ်ရတာ လွယ်ပါတယ်။ တစ်ဦးချင်းစီ အရောင်းအဝယ်ကို ခွင့်မပြုပေမယ့် ကောက်နှံဆိုင်တွေကတော့ ကုန်ပစ္စည်း ဝယ်ယူသယ်ဆောင်ခွင့်ရနိုင်တယ်။ ကျွန်မ ရုံးတော်ကို သွားပြီး စပါးဆိုင်အတွက် လိုအပ်တဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တရားဝင်စာရွက်စာတမ်းတွေ ပြန်ယူပေးမယ်၊ အစိုးရရဲ့ ခွင့်ပြုချက်ပါသွားရင် လာမှာ လာစစ်လည်း အဆင်ပြေတယ်”
စူးချင်းကလည်း ထိုအကြောင်းကို စဉ်းစားခဲ့မိပြီး ပြဿနာအတွက် အဖြေကိုပင် တွေးထားပြီးသား ဖြစ်သည်။
တစ်ဦးချင်း စပါးဝယ်ရောင်းခွင့် မပြုထားပေမယ့် စပါးဆိုင်တွေကတော့ စပါးအမြောက်အများ ဝယ်ယူနိုင်တယ်။ ယခု မော့ချန်ရဲ့စီရင်စုအမတ်က မရှိတော့ သူမတို့က အစိုးရရုံးတော်ကို တာဝန်ယူထားတယ်လေ။ စပါးဆိုင်ဖွင့်ဖို့ ခွင့်ပြုချက်နဲ့ စာရွက်စာတမ်းဆိုတာက သူမတို့အတွက် လွယ်ကူလွန်းတယ်။
"အဲ့လို ဆိုရင်တော့ အဆင်ပြေတယ်၊ စပါးဆိုင်အတွက် ခွင့်ပြုချက်နဲ့ လုပ်ထုံးလုပ်နည်းစာရွက်စာတမ်းတွေ ရှိနေသရွေ့ စပါး သယ်ယူလို့ ရတယ်”
ယန်ကျစ်က သူ့ခေါင်းကို သူ့လက်ဖြင့် ပြန်ပွတ်နေမိသည်။
ကောင်မလေးတစ်ယောက်က ဒီလောက်အထိ လိမ္မာပါးနပ်နေမယ်လို့ သူ မမျှော်လင့်ထားမိဘူး။
“ပြီးတော့ ဒုတိယစခင်ကြီးစူးရဲ့ဇနီးကို ကုသပေးမယ်လို့ ကျွန်မ ကတိပေးခဲ့တယ်။ အခုဆေးပင်က အဆင်သင့်ဖြစ်ပြီဆိုတော့ ကျွန်မ ပြန်သွားပြီး ဆေးဖော်လိုက်ဦးမယ်။ အဲဒါကို စူးသခင်မအတွက် ပြန်ပို့ပေးဖို့လည်း အစ်ကိုယန်ကိုပဲ ဒုက္ခပေးရဦးမယ်”
စူးချင်းက ယန်ကျစ်ကို ထပ်ပြောလိုက်သည်။
ဒီလူက သူမဖခင်ရဲ့မိတ်ဆွေကောင်းတစ်ဦးဖြစ်နေတော့ ယုံကြည်စိတ်ချနိုင်မယ့်ပုံပါပဲ။ ဆေးကို သူနဲ့အတူ ပေးလိုက်ရင် စိတ်ချရနိုင်တယ်။
အစောပိုင်းတွင် စူးချင်းက ဆေးကို သူမ၏မိခင်ဆီသို့ သူမကိုယ်တိုင် ပြန်ပို့ပေးချင်ခဲ့သော်လည်း ယခုအခါ သူမက အလိုရှိနေသည့် ရာဇ၀တ်သားဖြစ်နေခဲ့သည်။ သူမက သူမ၏မိဘများ ပတ်သက်ဆက်နွယ်လာမည်ကို စိုးရိမ်နေသောကြောင့် ဆေးပြန်ယူသွားရန် အစ်ကိုယန်အား ကူညီတောင်းရုံသာ တက်နိုင်တော့သည်။
“ကောင်းပါပြီ”
ယန်ကျစ်က အလွယ်တကူ ခေါင်းညိတ်သဘောတူလိုက်သည်။ ပြောစရာ အလုပ်ကိစ္စများ ကုန်သွားသည်နှင့် စူးချင်းက ထထွက်သွားတော့သည်။
“အစ်ကိုယန်၊ ဒီည အားလုံးကို နှုတ်ဆက်ဖို့ အစားအသောက်နဲ့ အရက်တွေ ပြင်ဆင်ထားပါ့မယ်”
"ကျေးဇူးတင်ပါတယ်"
ယန်ကျစ်ကလည်း မတ်တပ်ထရပ်လိုက်ပြီး စူးချင်းကို ကျေးဇူးတင်စကားဆိုကာ နှုတ်ဆက်လိုက်သည်။ စူးချင်းက အစားအသောက်နှင့် အရက်ဟု ပြောလိုက်ချိန်တွင် သူက တစ်စုံတစ်ခုကို တွေးလိုက်မိသေးသည်။
မော့ချန်မှာ အသားနဲ့ ဟင်းသီးဟင်းရွက်တွေ ရှိလို့လား? ဘယ်နေရာမှာ ဝယ်လို့ရတာလဲ?