← Chapters

သစ္စာဖောက် ထွက်ပေါ်လာခြင်း

Vol. 19 Ch. 277

သစ္စာဖောက် ထွက်ပေါ်လာခြင်း

Vol. 19 Ch. 277

သူတို့ နီးကပ်လာသည်နှင့်အမျှ စူးချင်းက ကျိရွှေရှန့်၏လှည်းပေါ်မှ တောင်းအနည်းငယ်ကို လှမ်းမြင်လိုက်ရသည်။ ထိုတောင်းများထဲတွင် ပေါက်ပြား၊ ပုဆိန်၊ ‌ဆောက်သွားနှင့် တူများကဲ့သို့သော ကိရိယာများပါရှိပြီး ကျိရွှေရှန့် လုပ်ချင်သည့်အရာကို သူမ မှန်းဆနိုင်သွားသောကြောင့် သူမ၏နှလုံးခုန်သံက မြန်ဆန်လာခဲ့သည်။

မနေ့ညက အရက်သောက်ပြီးချိန်တွင် ကျိရွှေရှန့်က အိပ်မပျော်ခဲ့ပေ။ ထို့ကြောင့် သူက ထိုကိရိယာများ ပြုလုပ်ရန် ပန်းပဲဖိုသို့သွားခဲ့ပြီး တာ့ထန်စစ်သည်များထံမှ သိမ်းဆည်းရမိသော ဓားမောက်များအားလုံးကို အရည်ကျိုခဲ့သည်။

သူတို့ တယောက်ချင်းစီက လဲလှယ်ဝတ်ဆင်ရန် အဝတ်အစားထည့်ထားပုံရသည့် အိတ်သေးသေးလေးများ လွယ်ထား‌သည်ကို တွေ့လိုက်ရသောကြောင့် ချင်ဖုန်းက သူ့မြေးကို မေးလိုက်သည်။

"မင်းတို့ ခရီးရှည်ထွက် မလို့လား?"

"ဟုတ်တယ်၊ ကျွန်​​တော်​တို့ အပြင်​ခဏ ထွက်​ရမယ်​"

ကျိရွှေရှန့်က သူ ယုံကြည်ရမည့်သူများကိုသာ ခေါ်ဆောင်လာခဲ့သော်လည်း ယန်ကျစ်၏သက်တော်စောင့်အဖွဲ့တွင် သူက အားလုံးနှင့် မရင်းနှီးဘဲ ယန်ကျစ်ကိုသာ ယုံကြည်နိုင်သည်။ ထို့ကြောင့် သူက သတိကြီးကြီးထားနေပြီး သူ ဘယ်သွားမည်ကို သူ့အဘိုးအား မပြောပြတော့ပေ။

ချင်ဖုန်းက သူ့မြေး ကျောက်မီးသွေး သွားတူးမည်ဟုသာ ထင်နေခဲ့သည်။ ထိုကျောက်မီးသွေးများအကြောင်းကို သူ သိထားပြီး သူက ထိုရွှေနက်များ ရှာဖွေတွေ့ရှိမှုနှင့်ပတ်သက်၍ ပြင်ပလူများကို သိခွင့်မပြုနိုင်ပေ။ ထို့ကြောင့် ချင်ဖုန်းက သူ့အသံကို လျှော့ချလိုက်ပြီး သူ့မြေးကို တိုးတိုးလေး ညွှန်ကြားလိုက်သည်။

"သတိ ဝီရိယရှိပစေနော်”

“ဟုတ်ကဲ့”

ကျိရွှေရှန့်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူက သူ့လှည်းများကို ယန်ကျစ်တို့ထံ ဦးတည်လိုက်သည်။

"အစ်ကိုယန်၊ ကျုပ်တို့လည်း တစ်ခုခု လုပ်စရာရှိနေလို့ ခင်ဗျားတို့နဲ့အတူ လိုက်ခဲ့မယ်"

"အဲဒါက အရမ်းကောင်းတယ်"

ကျိရွှေရှန့်က သူတို့နှင့် လိုက်ပါမည်ဖြစ်သောကြောင့် ယန်ကျစ်က ပို၍ ကျေနပ်နေမိသည်။

လူတိုင်း စကားစမြည်ပြောရင်း ရယ်ရယ်မောမော ခရီးထွက်ရတာက အချိန်အကုန် မြန်တယ်လေ။ ပြီးတော့ ကျိရွှေရှန့်နဲ့ သူ့လူတွေပါလာတာက ကုန်ပစ္စည်းတွေအတွက် ပိုအန္တရာယ်ကင်းစေလိမ့်မယ်။

သူ့အနေနဲ့ ပြောရရင်တော့၊ ဒီခရီးကနေ ပိုက်ဆံရှာရတာ အရမ်းလွယ်နေတာ မဟုတ်ဘူးလား?

ကျိရွှေရှန့်၊ ယန်ကျစ်နှင့် အခြားသူများ ထွက်ခွာသွားချိန်တွင် တစ်စုံတစ်ယောက်က သံသယများလုံးများဖြင့် သူတို့၏ကျောပြင်ကို စိုက်ကြည့်နေခဲ့သည်။ ထို့နောက် သူက ကျိရွှေရှန့် သိုးနှင့် နွားများကို မည်သည့်နေရာမှ ရခဲ့သည်ကိုပင် မေးမြန်းစူးစမ်းနေခဲ့သည်။

ညဘက်တွင် အနက်ရောင်အရိပ်တစ်ခုက မြို့ရိုးဆီသို့ တိတ်တဆိတ် ချဥ်းကပ်လာပြီး ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုအကဲခတ်ပြီးနောက် ငှက်ခေါ်သံကို တုပပကာ အကြိမ်အနည်းငယ် အော်မြည်လိုက်သည်။ ထို့နောက် သူက အပြင်မှ အသံကို ဂရုတစိုက် နားထောင်နေခဲ့သည်။ သိပ်မကြာခင်မှာပင် အသံတစာစာ အော်မြည်နေသည့် ခိုတစ်ကောင်က သူ့ခြေရင်းဆီသို့ ပြေးဝင်လာသည်။

ထိုအနက်ရောင်အရိပ်က ခိုကို လှမ်းဖမ်းလိုက်ပြီး သူ့လက်ထဲမှ စာရွက်ပါးပါးအလိပ်ကလေးကို ခို၏ခြေထောက်၌ ချည်နှောင်ကာ ခိုကို ပြန်လွှတ်ပေးလိုက်သည်။

ထိုအရာကို ပြုလုပ်ပြီးနောက သူက ဂုဏ်ယူစွာ လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ငွေရောင်အပ်တစ်ချောင်းက လေထဲတွင် ထွက်ပေါ်လာပြီး ထိုအပ်က ခိုဆီသို့ ပြေးဝင်သွားကာ ခိုက ချက်ချင်း အောက်ပြုတ်ကျသွားခဲ့သည်။ အနက်ရောင်အရိပ်က ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း မြို့ရိုး စောင့်ရှောက်နေသည့် ချန်ယွိထံတွင် ဖမ်းဆီးခံလိုက်ရသည်။

စူးချင်းက ခိုကို မြေကြီးပေါ်မှ ကောက်ယူလိုက်ပြီး ခို၏ခြေထောက်မှ စာလိပ်လေးကို ဖြုတ်ယူကာ ချန်ယွိအား လှမ်းပေးလိုက်သည်။ အဆိုပါစာတွင် ကျိရွှေရှန့်က မော့ချန်မှ ထွက်ခွာသွားခဲ့ပြီး အမည်မသိနေရာတစ်ခုသို့ သွားနေကြောင်းနှင့် လူသတ်လက်နက်များ ဝှက်ထားသည့်အကြောင်း ဖော်ပြထားသည်။ ထိုလက်နက်များ ဝှက်ထားသည့်နေရာကို ရှာမတွေ့သေးသဖြင့် သူ့အတွက် အချိန်ပိုပေးရန် တစ်ဖက်လူအား တောင်းဆိုထားသည်။

စူးချင်းက သူမ၏မျက်လုံးများကို မှိတ်ထားပြီး ခဏမျှ စဉ်းစားနေခဲ့သည်။ ထို့နောက် သူမက ထိုလက်ရေးကို တုပကာ အခြားစာတစ်စောင် ထပ်ရေးပြီး ထိုခို၏ခြေထောက်တွင် ချည်လိုက်သည်။ သူမက ခိုကို ပစ်ရန် မေ့ဆေးအပ်ကိုသာ ခိုက မော့မျောနေခြင်းသာ ဖြစ်ပြီး မသေသေးပေ။

ထို့နောက် စူးချင်းက ခိုကို ရေအေးဖြင့် ပက်ကာ ပြန်နှိုးလိုက်ပြီး ၎င်း၏ အမွေးများပေါ်ရှိ ရေစက်များကို သုတ်ပေးကာ ပြန်လွှတ်ပေးလိုက်သည်။

ကဲ အုတ်ဂူကတော့ အဆင်သင့်ဖြစ်သွားပြီ၊ တစ်ဖက်က ခုန်ဝင်လာတာကို စောင့်နေဖို့ပဲ လိုတော့တယ်။

စူးချင်းက တခြားသူအတွက် ကျင်းတူးနေချိတ်တွင် ကျိရွှေရှန့်က ယန်ကျစ်နှင့်အတူ လော့ချန်သို့ ခရီးနှင်နေခဲ့သည်။

သူတို့ ငါးရက်ခန့် ခရီးနှင်လာခဲ့ပြီး လောချန်အနီးသို့ ရောက်လာသည့်တိုင် ကျိရွှေရှန့်က သူ့နောက်သို့ လိုက်နေသေးကြောင်း သိလိုက်ရသောကြောင့် ယန်ကျစ်က စူးစမ်းချင်လာပြီး "ညီလေးကျိ၊ မင်းတို့ ဘယ်ကိုသွား မလို့လဲ?"

"ကျွန်တော် တစ်ခုခု လုပ်စရာရှိလို့ ကျင့်ချန်ကို သွားမှာပါ"

ကျိရွှေရှန့်က ယောင်ဝါးဝါးသာ ပြန်ပြောလိုက်ပြီး သူ လုပ်မည့်အလုပ်ကိုတော့ ရှင်းရှင်းလင်းလင်း မပြောခဲ့ပေ။

"ကျင့်ချန်က မငြိမ်းချမ်းဘူးလို့ ငါ ကြားထားတယ်။ အရင်ကဖြစ်ခဲ့တဲ့ ဒုက္ခသည်တွေရဲ့ပုန်ကန်မှုကြောင့် အကျိုးဆက်တွေ ကျန်နေပြီး လှိုင်းထန်နေတုန်းပဲ၊ မင်း သတိပြုသင့်တယ်”

ယန်ကျစ်က ကျိရွှေရှန့်ကို စိတ်ပူသွားပြီး သတိပေးလိုက်သည်။

"ကျွန်တော် သိပါပြီ။ ဒါဆို ဒီသားရေတွေကို ရောင်းပြီး စပါး ပြန်ဝယ်ဖို့ အစ်ကိုယန်ကိုပဲ ဒုက္ခပေးရတော့မယ်”

ကျိရွှေရှန့်က လက်ခုပ်လိုက်ပြီး ယန်ကျစ်ကို နှုတ်ဆက်လိုက်သည်။

ယန်ကျစ်က ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး “ဒါတွေကို ငါ့နဲ့ စိတ်ချလက်ချ ထားခဲ့ပါ”

ကျိရွှေရှန့်တို့ကို နှုတ်ဆက်ပြီးနောက် ယန်ကျစ်က လော့ချန်မြို့ထဲသို့ ဝင်သွားခဲ့သည်။ သူက သူ့၏သက်တော်စောင့် လုပ်ငန်းသို့ ပြန်သွားရမည့်အစား စူးမိသားစု၏ အထည်ဆိုင်သို့သွားပြီး စူးဟန်ရွှမ်ကို အရင်သွားရှာလိုက်သည်။

သို့သော် သူ ဆိုင်ထဲသို့ ဝင်သွားသည်နှင့်တပြိုင်နက် ဆိုင်အကူများက ကြောက်လန့်တကြားဖြစ်နေပုံဖြင့် တိတ်ဆိတ်နေသည်ကို တွေ့လိုက်ရသည်။ ဆိုင်ထဲမှလေထုက အဆင်မပြေ ဖြစ်နေပုံရသည်ကို နားလည်လိုက်သောကြောင့် ယန်ကျစ်က ဒုတိယသခင်ကြီးစူး ဆိုင်တွင် ရှိ မရှိ မေးလိုက်သည်။

“ဒုတိယသခင်ကြီးရဲ့မိသားစုမှာ တစ်ခုခု ဖြစ်သွားတယ်”

ဆိုင်တာဝန်ခံနှင့် ဆိုင်အကူများက စူးဟန်ရွှမ်နှင့် ဆက်ဆံရေးကောင်းမွန်သော ယန်ကျစ်ကို ကယ်တင်ရှင်အး မြင်လိုက်ရသလိုမျိုး အားကိုးတကြီး ကြည့်နေကြသည်။

"သခင်ကြီးယန် ကျေးဇူးပြုပြီး ကျွန်တော်တို့သခင်ကြီးကို သွားကြည့်ပေးပါဦး!"

ယန်ကျစ်ကလည်း အခြေအနေ မမှန်သည်ကို သိမြင်နိုင်ပြီး သူ၏ သားရေများကိုပင် လှည်းပေါ်မှ မချနိုင်ဘဲ စူးအိမ်တော်သို့ ပြေးသွားခဲ့သည်။

ယန်ကျစ်တစ်ယောက် စူးဟန်ရွှမ်ကို ရှာဖွေရန် စူးအိမ်တော်သို့ သွားနေစဉ် ကျိရွှေရှန့်က ချွီတာ့နှင့် အခြားသူများကို ကျူရှန်တောင်သို့ ခေါ်ဆောင်လာခဲ့သည်။

လမ်းတလျှောက်တွင် ဆာလောင် ငတ်မွတ်ကာ သေသွားကြရသည့် ကပ်ဘေးဒုက္ခသည်များ၏အလောင်း အများအပြားကို တွေ့ခဲ့ရသည်။ ၎င်းတို့ကို သားရဲတိရိစ္ဆာန်များက စားသောက်ခဲ့ကြပုံရပြီး သူတို့၏မျက်နှာများကို မှတ်မိနိုင်ခြင်း မရှိလောက်အောင် ကြောက်မက်ဖွယ်ကောင်းနေပြီ ဖြစ်သည်။

ထိုကဲ့သို့ သာမန်ပြည်သူများ၏ သနားစရာကောင်းသည့် အခြေအနေကို မြင်တွေ့နေရခြင်းက ကျိရွှေရှန့်၏နှလုံးသွေးကို ပွက်ပွက်ဆူစေပြီး သူ့တစ်ကိုယ်လုံး ဒေါသကြောင့် လောင်မြိုက်နေရသည်။

သူ့အဖေနဲ့ သူ့အဖေရဲ့ စစ်သည်တွေက ဒီမင်းဆက်ကို သူတို့ရဲ့ အသက်တွေ၊ သွေးတွေနဲ့ ကာကွယ်ပေးခဲ့ကြတယ်။ အခု သာမန်ပြည်သူတွေ အများအပြား ငတ်ပြီး သေကုန်ကြပြီ။ နန်းတွင်းမှာ ရှိနေတဲ့သူတွေရဲ့နှလုံးသားတွေက အဲ့လောက်တောင် မည်းနက်နေတာလား?

ဒီလိုအုပ်ချုပ်သူတွေကို ဘာလို့ ထပ်ထားနေရမှာလဲ? အခု လူတွေက ဆင်းရဲတွင်းနက်သနက် ပိုနက်လာပြီး လမ်းပေါ်မှတောင် ငတ်ပြတ်သေဆုံးသူ‌တွေ ရှိလာပြီ၊ သူတို့က ပြင်ပကမ္ဘာ(တခြားတိုင်းပြည်)ကို မတွန်းလှန်ရဲတဲ့ လူညံ့လူဖျင်းတွေ ဖြစ်နေပေမယ့် အတွင်းပိုင်းမှာကျတော့ ပြည်သူတွေ ဖိနှိပ်အမြတ်ထုတ်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲသာသာ လူတွေပဲ။

အစပိုင်းတွင် ကျိရွှေရှန့်က သူ့အဖေအတွက် လက်စားချေချင်ရုံသာ ဖြစ်ပြီး ယခုအချိန်တွင် သူ့အတွေးများ ပြောင်းလဲသွားပြီ ဖြစ်သည်။ သူက သာမန်ပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်နှင့် တော်ဝင်ရုံးတော်နှင့် နန်းတွင်း၏ ဖိနှိပ်ခံရခြင်း မရှိစေရန်သာ လိုလားတော့သည်။

ဒါပေမယ့် ဒီအကြံအစည်ကို အကောင်အထည်ဖော်ဖို့က ဝမ်မိသားစုကို သတ်ပစ်ရုံနဲ့ မလုံလောက်တော့ဘူး။ လက်ရှိမင်းဆက်ကိုပါ ပြောင်းလဲပစ်ရတော့မယ်။

ထိုအတွေးများကြောင့် ကျိရွှေရှန့်၏မျက်လုံးများတွက် ဆုံးဖြတ်ချက်ခိုင်မာမှုမှတဆင့် ထွက်ပေါ်လာသည့် စူးရှရှ အလင်းရိပ်များ တောက်ပလာခဲ့သည်။

သူတို့ တောင်ပေါ်သို့ မတက်မီ ပို၍လုံခြုံစေရန် ကျိရွှေရှန့်က သူ၏လူများနှင့် လှည်းများအား တောင်ပေါ်သို့ မတက်ခိုင်းခင် ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးပြီးမှ သူတို့ကို ခရီးဆက်စေခဲ့သည်။

ထိုတောင်တက်လမ်းများပေါ်တွင် မြင်းလှည်ကို အသုံးမပြုနိုင်သောကြောင့် လှည်းမှ ပျဉ်ပြားများကို ဖယ်ရှားပြီး သူတို့ ယခင်က အသုံးပြုဖူးသည့် တစ်ဘီးလက်တွန်းလှည်းများအဖြစ် ပုံစံပြောင်းခိုင်းလိုက်သည်။ အားလုံးက တိတ်တိတ်ဆိတ်ဆိတ် အလုပ်လုပ်နေကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။

တစ်ဘီးလှည်းများကို တပ်ဆင်ပြီးနောက် ကျိရွှေရှန့်က လူတိုင်းကို သံရိုင်းတွင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ သူ တည်ဆောက်ထားခဲ့သော ယန္တရားများက ပျက်ဆီးနေခြင်း မရှိသောကြောင့် ဤနေရာကို မည်သူမျှ ရှာမတွေ့သေးကြောင်း သိသာနေခဲ့သည်။

“ဦးလေးချွီ၊ ကျွန်တော့်ကို ခဏစောင့်ပေးပါဦး၊ ကျွန်တော် ယန္တရားတွေ သွားပိတ်လိုက်ဦးမယ်"

ကျိရွှေရှန့်က နောက်သို့ ပြန်လှည့်လိုက်ပြီး ချွီတာ့နှင့် တခြားသူများကို ညွှန်ကြားလိုက်သည်။ ချိုင့်ဝှမ်းထဲတွင် မြူခိုးများဝေနေပြီး ထိုမြူခိုးများက အလွန်ထူထပ်နေသဖြင့် သူတို့၏ရှေ့ လက်တစ်ကမ်းအကွာကိုပင် ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ ထိုမြူခိုးအခင်းအကျင်းဖွဲ့စည်းပုံက ပြင်ပလူများအနေဖြင့် အဆိပ်အတောက်အတားအဆီးဟု လွဲမှားထင်မြင်သွားပြီး မဝင်လာစေရန် ကျိရွှေရှန့် စတင်ပြင်ဆင်ထားခဲ့သည့် အတားအဆီးသာ ဖြစ်သည်။

ထူထပ်သော ထိုမြူများထဲတွင် သူ ထားရှိခဲ့သည့် ပထမဆုံးယန္တရားက ဧရာမကျောက်တုံးကြီးများ ‌ရွှေ့လျားလာနိုင်ခြင်း ဖြစ်သည်။ ထိုယန္တရားက အလွန်အားကောင်းလှပြီး နောက်ဆုံးအကြိမ်တွင် ဝမ်မိသားစု၏စစ်တပ်မှ လူများအားလုံး ထိုကျောက်တုံးကြီးဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်။

သူတို့က တစ်ဘီးတွန်းလှည်းများကို တွန်းရမည့်အပြင် မြင်းများကိုလည်း ဆွဲခေါ်ရမည့်ဖြစ်သောကြောင့် ထိုယန္တရားကို အသက်သွင်းမိစေရန် လွယ်ကူလွန်းလှသည်။ ထို့ကြောင့် ဘေးကင်းလုံခြုံစေရန် ယန္တရားများကို အရင်ပိတ်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

“ကောင်းပါပြီ”

ချွီတာ့နှင့် အခြားသူများကလည်း ထိုထောင်ချောက်များက ဟာသမဟုတ်မှန်း သိနေသောကြောင့် ထိုနေရာတွင် ကျိရွှေရှန့်ကို စောင့်နေရန် သဘောတူလိုက်ကြသည်။

ကျိရွှေရှန့်က မြူခိုးများထဲသို့ တိုးဝင်သွားပြီး ခဏတာမျှ အလုပ်ရှုပ်နေပြီးမှ တခြားသူများကို ဦးဆောင်ပေးရန် ပြန်‌ရောက်လာခဲ့သည်။ ကျိရွှေရှန့်က သူ၏ ခုနစ်စဥ်ကြယ်နှင့် ရှစ်ထောင့်ဖွဲ့စည်းပုံထဲသို့ ခြေချလိုက်ပြီး လမ်းကို သေသေချာချာ ဦးဆောင်ပေးနေခဲ့သော်လည်း သူ့နောက်မှ လူများက အမှားတစ်ခုပင် မကျူးလွန်ဝံ့ဘဲ သူ့နောက်မှ အနီးကပ်လိုက်ပါလာကြသည်။

မကြာခင်မှာပင် ပထမအဆင့်ကို ကျော်လွန်လာခဲ့ပြီး သူတို့ နောက်သို့ မည်သူမျှ မလိုက်နိုင်စေရန်အတွက် ကျိရွှေရှန့်က ပထမဆုံးယန္တရား၏ဗဟိုကို ပြန်ဖွင့်လိုက်သည်။

ဒုတိယအဆင့်က မြှားတစ်သောင်းဖြင့် တစ်ပြိုင်နက် ပစ်ခတ်ခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်က ကျွမ်းကျင်ထက်မြက်သည့် ပညာရှင်ဖြစ်ခဲ့လျှင်ပင် ကောင်းကင်မှ ပျံသန်းလာမည့်မြှားများကို ရှောင်လွှဲနိုင်မည် မဟုတ်ပေ။ ထို့အပြင် ထိုမြှားများကို အဆိပ်များ သုတ်လိမ်းထားပြီး တစ်နေရာကို ထိမိသွားသည်နှင့် တစ်ကိုယ်လုံး ပုပ်ပွသွားစေနိုင်သည်။ ကံကောင်းထောက်မစွာဖြင့် မြှားပစ်ခံရ၍ မသေလျှင်ပင် အရေပြားကို တစ်ချက်လေးခြစ်မိသွားရုံဖြင့် သေခြင်းမှ လွတ်မြောက်ရန် ခက်ခဲသွားပေလိမ့်မည်။

ကျိရွှေရှန့်က ဦးလေးချွီနှင့် တခြားသူများကို ထပ်စောင့်ခိုင်းလိုက်ပြီး သူက ထောင်ချောက်များကို ပိတ်ရန် အရင်သွားလိုက်သည်။ ချွီတာ့နှင့် အခြားလူများက ကြည့်နေရင်း ထိတ်လန့်နေပြီ ဖြစ်သည်။

လမ်းပြပေးနေတဲ့ သခင်လေးကြောင့်သာ မဟုတ်ရင် လူတွေ ဘယ်လောက်ပဲ ရောက်လာ ရောက်လာ သုတ်သင်ခံရမှာ အသေအချာပဲ။

တတိယအဆင့်က မြေပြင်ပေါ်မှ ထောင်ချောက်များ ဖြစ်သည်။ ခြေဆယ်လှမ်းတိုင်းတွင် တွင်းတစ်ခု ရှိနေပြီး တွင်းထဲတွင် ဝါးချွန်များ ပြည့်နေလေသည်။ ထိုဝါးချွန်များ၏ ထိပ်ချွန်များက ချွန်ထက်နေပြီး မတော်တဆ တွင်းနေရာကို နင်းမိပြီး ပြုတ်ကျသွားပါက ထိုလူက ဖြူကောင်ကဲ့သို့ ထိုးဖောက်ခံရမည် ဖြစ်သည်။

ချွီတာ့က သူ့၏နဖူးမှ ဟီးကျလာသော ချွေးအေးများကို တိတ်တဆိတ် သုတ်နေခဲ့သည်။

ဒီလောက် လိမ္မာပါးနက်ပြီး သိုဝှက်နိုင်လွန်းတဲ့ ယန္တရားတွေကို ဘယ်သူက တည်ဆောက်ထားခဲ့တာလဲ? သေချာတာကတော့ အဲ့လူက သာမာန်မဟုတ်ဘဲ လောကဓာတ်ပညာတွေမှာ တစ်ဖက်ကမ်းခပ်အောင် ပေါက်မြောက်နေတဲ့သူပဲ ဖြစ်နိုင်တယ်။

နောက်ဆုံးတွင် သူက သူ့၏သိချင်စိတ်ကို လုံးဝ မထိန်းနိုင်တော့ဘဲ ကျိရွှေရှန့်ကို လှမ်းမေးလိုက်သည်။

"သခင်လေး၊ ဒီအခင်းအကျင်းကို ဘယ်သူ တည်ဆောက်ထားတာလဲ?"

“ဒီယန္တရားတွေကို ကျွန်တော်တပ်ဆင်ထားတာ၊ ဒါပေမယ့် သေသေချာချာ တပ်ဆင်ဖို့ အချိန်မရဘဲ အလျင်စလို လုပ်ထားခဲ့တာ”

ကျိရွှေရှန့်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။ ချွီတာ့က သူ့နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး သူ့ရှေ့မှ မြင်မားသောတောင်တန်းကြီးကို စူးစူးရဲရဲ စိုက်ကြည့်နေလေသည်။

All Chapters