← Chapters

သူတို့ အကုန်လုံးကိုသတ်

Vol. 6 Ch. 575

သူတို့ အကုန်လုံးကိုသတ်

Vol. 6 Ch. 575

"တစ္ဆေမြို့စား ရေဗန်စီ ..."

သူကား အမှောင်ခုံရုံး၏ ခုံသမာဓိကြီး ငါးယောက် အနက် တစ်ယောက် ဖြစ်ကာ ကမ္ဘာဦး အမှောင် သွေးမျိုးဆက် သွေးရော တစ်ယောက်လည်း ဖြစ်သည်။ သူသည် အရှေ့တိုင်းနှင့် အနောက်တိုင်းကို နှစ်ပေါင်း သုံးရာတိုင်တိုင် အုပ်စိုး နိုင်ခဲ့သူလည်း ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးကား ချန်းဖန်၏ လက်အောက်၌ သေဆုံးသွားချေပြီ ဖြစ်သည်။

"သူ ... သူက မြေကမ္ဘာ အဆင့်ကို ရောက်သွားတာလား ..."

တစ်ယောက်က ထိတ်လန့် တုန်ရီစွာ မေးလိုက်သည်။

သို့သော်လည်း မြောက်ပိုင်းချုံး ဂိုဏ်းသားများ အပါအဝင် လူတိုင်းကား ဆွံ့အ နေကြရာ သူ၏ အမေးကို ပြန်လည် မဖြေနိုင်ကြချေ။

"မဖြစ်နိုင်ဘူး ... သခင်ကြီး တစ္ဆေမြို့စားက ထာဝရ ခန္ဓာကို ပိုင်ဆိုင်ထားတာ ... သူက သတ်လို့ ရတဲ့သူ မဟုတ်ဘူး ..."

ငွေရောင် မျက်နှာဖုံးဝတ် စီရင်သူ တစ်ယောက်က ခေါင်းကို ခါလိုက်သည်။

အမှောင်ခုံရုံးမှ ပညာရှင်များသည် အမှန်တရားကို လက်ခံရန် ငြင်းဆို နေကြသော်လည်း လက်တွေ့တွင်မူ တစ္ဆေမြို့စား၏ အသက်ဓာတ်များကား လွင့်စဉ် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ယီသစ်သား မူလဝိညာဉ် မဟာ ချင်န လက်ဝါး ..."

ထိုအရာသည် ဒြပ်စင်ငါးမျိုးဂိုဏ်း၏ အထူး နည်းစနစ် တစ်ခု ဖြစ်ကာ မူလဝိညာဉ် အဆင့် ကျင့်ကြံသူများသာ အသုံးပြုနိုင်သည်။

ချန်းဖန်သည် မူလ ဝိညာဉ် အဆင့်သို့ မရောက်သေးသည့်တိုင် အလွန် နီးကပ် နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင် သူပိုင်ဆိုင်ထားသော အဇူရာ သက်ရှည် ခန္ဓာကိုယ်နှင့် အဆုံးမဲ့ ဉာဏ် အလင်းများ၏ ထောက်ပံ့မှုကြောင့် ထိုလက်ဝါးကို အသုံးပြုနိုင်ခြင်း ဖြစ်သည်။

"မင်း ... ရေဗန်စီကို သတ်လိုက်တယ် ..."

ဘား၏ မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်လာ၏။ သူက အံကို တင်းတင်းကြိတ်ရင်း ချန်းဖန်အား မုန်းတီးစွာ ကြည့်လိုက်သည်။

"ချန်းပေ့ရွှမ်း ...  ငါကျိန်တယ် ... ငါ မင်းရဲ့ လည်ချောင်းကို ဖောက် သွေးကို သောက်ပြီး ရေဗန်စီ အတွက် လက်စားချေမယ်"

ထိုစကားလုံးများကား ဘား၏ နှုတ်မှ ထွက်ပေါ်လာသော စကားများ သက်သက် မဟုတ်ချေ။ သူ၏ ပြင်းထန်သော စိတ်ဆန္ဒ၏ အဟုန်ဇောဖြင့် ထွက်ပေါ်လာသော စကားလုံးများသာ ဖြစ်သည်။

"ဘုန်း ..."

ဘားက သူ၏ စစ်ပုဆိန်ကို ခေါင်းအထက်သို့ မြှောက်တင်လိုက်၏။

စစ်ပုဆိန်မှာ သုံးမီတာခန့် ရှည်လျားပြီး သွေးရောင် အလင်းများ တောက်ပနေသည်။ ထိုအရာ၏ ခန္ဓာကိုယ်တွင်မူ ရှေးသောင်း ဘာသာ စကားဖြင့် ရေးထိုးထားသော သင်္ကေတများ ရှိ၏။

"ကလန့် ..."

သွေးရောင်စဉ်များက မိုးကုပ်စက်ဝိုင်း အထိပင် ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းတွက်ပင် သုံးမီတာ ရှည်သော ပုဆိန်ကြီးက အသံ၏ အမြန်နှုန်းကို ချိုးဖောက်ကာ ချန်းဖန်ထံသို့ တိုးဝင်သည်။

များစွာသော ပွဲကြည့် ပရိသတ်များ၏ မျက်နှာများကား ဖြူရော် နေချေပြီ ဖြစ်သည်။

စစ်နတ်ဘုရား ဘား၏ စစ်ပုဆိန်၏ ဒဏ္ဍာရီများကို သူတို့ မနည်းမနော ကြားခဲ့ဖူးသည်။ ထိုပုဆိန်ကြီးသည် တင့်ကား တစ်စီးကိုပင် တစ်ချက်တည်းနှင့်  ပြားပြားဝပ်သွားသည် အထိ ထုနှက်နိုင်စွမ်း ရှိသည်။

"အသုံးမကျလိုက်တာ ..."

ချန်းဖန်ကမူ တိုးဝင်လာသော တိုက်ခိုက်မှုကို ဂရုစိုက်ခြင်း မရှိချေ။ သူ၏ မျက်နှာက မည်သည့် စိတ်ခံစားမှုကိုမျှ ထုတ်ဖော် ပြသထားခြင်း မရှိပဲ တည်ငြိမ်၍ နေ၏။

ချန်းဖန်က လက်ချောင်းများကို ဖြည်းညင်းစွာ ဆုပ်ကိုင်ရင်း လက်သီးတစ်ချက်ကို ထိုးလိုက်သည်။

"ဘုန်း ..."

လက်သီးက ကောင်းကင် ပေါက်ကွဲ မတတ် ဆူညံသံကြီးကို ဆယ်ဆောင်ကာ ထွက်ပေါ်လာ၏။ ထိုလက်သီးက အရှိန်က ပတ်ဝန်းကျင် ကီလိုမီတာ အချို့ သို့ပင် ပျံ့နှံ့ကာ လောကအား သိမ်းပိုက်သည်။

"ဘုန်း ..."

ထိုလက်သီးမှ မျက်စိကျိန်းလောက်သော အဇူရာ အလင်းများ ပြန့်ကွဲ ထွက်လာ၏။

ထိုအလင်းများကား ချန်းဖန်၏ လက်သီးချက်၌ ပါဝင်နေသော ချီအမတေများ ဖြစ်သည်။ ထိုအရာများက ပြန့်ကား၍ ပတ်ဝန်းကျင်ရှိ ချီစွမ်းအားများကို စုပ်ယူကာ ပိုမို သန်မာလာသည်။

"ကလန့် ..."

စစ်ပုဆိန် အပေါ်တွင် ထွန်းလင်းနေသော သွေးရောင် အလင်းများသည် အဇူရာ ချီများနှင့် ထိပ်တိုက်တွေ့ကာ ပျက်စီးရ၏။ ထို့ကြောင့် အဇူရာ လက်သီးမှာ စစ်ပုဆိန်ကြီးပေါ်သို့ တန်းတန်းမတ်မတ်ပင် ကျရောင်တော့သည်။

"ဘယ်လို ဖြစ်နိုင်မှာလဲ ..."

ဘားကား စစ်ပုဆိန်ကို ဖြတ်သန်း၍ သူ့အပေါ်သို့ ကျရောက်လာသော အဇူရာ အလင်းကို ငေးကြည့် နေမိသည်။ သူ၏ မျက်နှာတွင်မူ မယုံကြည်နိုင်မှုများက အထင်းသား စွန်းထင်းနေ၏။

"ဘုန်း ..."

အဇူရာလက်သီး ဖြတ်သန်းသွားပြီး နောက်၌ ဘား၏ ခန္ဓာကိုယ် အတွင်းမှ ခရမ်းရောင် သွေးများ ပန်းထွက်လာသည်။ ထိုခဏတွင်ပင် သူ၏ ရုပ်ခန္ဓာသည်လည်း အပိုင်းပိုင်း အစစ ပေါက်ကွဲသွားလေ၏။

ချန်းဖန်ကား စစ်နတ်ဘုရား ဘားကို လက်သီးချက် တစ်ချက်ဖြင့် အဆုံးသတ် လိုက်ပြန်ပြီ ဖြစ်သည်။

"အစစ်အမှန် သိုင်းနတ်ဘုရား လက်သီး ..."

ထိုလက်သီးကား အစစ်အမှန် သိုင်းနတ်ဘုရားဂိုဏ်းကို စကြဝဠာ၏ အထွတ်အထိပ်သို့ ရောက်စေခဲ့သော လက်သီး ဖြစ်သည်။

အစစ်အမှန် သိုင်းနတ်ဘုရား လက်သီးသည် အစစ်အမှန်သိုင်း သုံးဆယ့် ခြောက်ကွက်ထက် တစ်ဆင့် ပိုမို မြင့်မားသော အဆင့်အတန်း၌ ရှိကာ အဆင့်တူသည့် မည်သည့် နတ်ဘုရား စိတ်ဝိညာဉ်ကို မဆို ဖျက်ဆီးနိုင်စွမ်း ရှိ၏။

ဘားသည် ပြိုင်ဘက်ကင်း ကုသနိုင်စွမ်းကို ပိုင်ဆိုင်ထားသည်။ သို့သော် ထာဝရ ခန္ဓာကိုယ်ပင်လျှင် နတ်ဘုရား စိတ်ဝိညာဉ် မရှိပဲ ပြန်လည် ကုစားနိုင်မည် မဟုတ်ချေ။

"စစ်နတ်ဘုရား ဘား ... သူ သေသွားတာလား ..."

"ချန်းပေ့ရွှမ်းက သူ့ကို သတ်ဖို့ လက်သီး တစ်ချက်ပဲ လိုတာလား ... သူက ခန္ဓာကိုယ်ကိုတောင် ပြန်ပြီး မဖွဲ့စည်းနိုင်ခဲ့ဘူး ..."

"ချန်းပေ့ရွှမ်းက ဘယ်သူလဲ ... သူက သေမျိုး တစ်ယောက်လား ဒါမှမဟုတ် နတ်ဘုရားများလား ... သူက ဘာလို့ ဒီလောက် အထိ အစွမ်းထက်ရတာလဲ ..."

အမှောင်ခုံရုံး၏ စီရင်သူများမှာ တစ္တေမြို့စား သေဆုံးချိန် ကတည်းကပင် တုန်လှုပ် နေကြခြင်း ဖြစ်သည်။ ယခု ဘား၏ ထပ်မံ သေဆုံးမှုက သူတို့၏ စိတ်များကို ဆောက်တည်ရာ မရ ဖြစ်စေသည်။

"မင်း ... မင်းက မြေကမ္ဘာ အဆင့် ဖြစ်သွားပြီလား ..."

အမှောင်မြို့စားက နတ်ဘုရားကြုတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း ချန်းဖန်အား မေးလိုက်သည်။

"မြေကမ္ဘာ အဆင့်လား ... မရောက်သေးပါဘူး ..."

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အဖြေပေးလိုက်သည်။

"ဒါပေမဲ့ အဲဒီ မြေကမ္ဘာ အဆင့်ကို ငါက တစ်ချက်တည်းနဲ့ သတ်နိုင်တယ်လေ ..."

ချန်းဖန်သည် ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်သို့ ရောက်နေသူ ဖြစ်သည်။

ထို့အပြင် သူတွင် နှစ်ဘဝ ဉာဏ်အလင်းများ၊ နတ်ဘုရား စွမ်းအားများ၊ အဇူရာ သက်ရှည် ခန္ဓာကိုယ် စသည်တို့ကို ပိုင်ဆိုင်ထားသေးရာ မြေကမ္ဘာ အဆင့်ကို မသတ်နိုင်စရာ အကြောင်း မရှိချေ။

"သွားကြမယ် ..."

အမှောင်မြို့စားနှင့် အခြား အမှောင်သခင်ကြီး နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ်ပြလိုက်ကြသည်။

ထို့နောက် သူတို့၏ ခန္ဓာကိုယ်များက အသံ၏ အမြန်နှုန်းကို ချိုးဖောက်၍ မတူညီသော အရပ်မျက်နှာ သုံးခုသို့ ထွက်ပြေး၏။

"မင်းတို့က လွတ်ချင်တာလား ..."

ချန်းဖန်က နှုတ်ခမ်းကို အနည်းငယ် တွန့်ရင်း လှောင်ပြုံး ပြုံးလိုက်သည်။

ထို့နောက် သူက အနက်ရောင် အရိပ် တစ်ခုအသွင် ပြောင်းလဲကာ လေဟာနယ်ကို ဖောက်ထွက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ချန်းဖန်၏ ခန္ဓာကိုယ်မှာ သေခြင်းနတ်ဆိုး၏ အရှေ့၌ ပြန်လည် ပေါ်လာခဲ့သည်။

"အား ..."

သေခြင်းနတ်ဆိုးက အော်ငိုကာ ကျိန်စာ တစ်ခုကို ရွတ်ရင်း ဓားမြှောင်ကို ဝှေ့ယမ်းလိုက်သည်။

နတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ်က သေခြင်း နတ်ဆိုး၏ စွမ်းအား အလုံးစုံကို စုပ်ယူကာ အသက်ဝင်လာသည်။ ကျိန်စာ ဆယ့်သုံးခုက လင်းလက် တောက်ပကာ ချန်းဖန်အား တားဆီး၏။

သို့သော်လည်း ချန်းဖန်က လက်ကို မြှောက်ကာ နတ်ဘုရားကျိန်စာ ဆယ့်သုံးပုဒ်ကို ဖမ်းဆွဲလိုက်၏။ သူ၏ လက်အတွင်း ရောက်သည်နှင့် နတ်ဘုရား ကျိန်စာ ဆယ့်သုံးပိုဒ်မှာ အရောင်များ မှေးမှိန်ကာ ငြိမ်သက် သွားတော့သည်။

"မဆိုးပါဘူး ... ဒါပေမဲ့ မင်းက ငါ့အတွက် အားနည်းလွန်းတယ် ..."

ချန်းဖန်က ပြောရင်း အခြား လက်တစ်ဖက်ဖြင့် သေခြင်းနတ်ဆိုး ရှိရာသို့ ညွှန်ကာ ဆုပ်ခြေဟန် ပြုလိုက်သည်။

"ဘုန်း ..."

လူတိုင်း၏ အကြည်များ အောက်တွင်ပင် အဇူရာရောင် လက်ဝါးကြီး တစ်ခု ပေါ်လာကာ သေခြင်းနတ်ဆိုးအား ဖရဲသီး ကဲ့သို့ ဆုပ်ခြေ ပျက်စီး ပစ်လိုက်၏။

"ဘုန်း ..."

သေခြင်းနတ်ဆိုး၏ ခန္ဓာကိုယ်က ပေါက်ကွဲကာ သူ၏ အသက်ဓာတ်များသည်လည်း တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ် သွားတော့သည်။

သေခြင်းနတ်ဆိုးကို သတ်ဖြတ်ပြီးသည်နှင့် ချန်းဖန်သည် လေဟာနယ်ကို ဖြတ်ကာ သွေးမူးမတ် နောက်သို့ လိုက်၏။ ထို့နောက် သွေးမူးမတ်ကို ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး တစ်ခုပင် မပေးပဲ လက်သီးဖြင့် ထိုးကာ သတ်ပစ်လိုက်သည်။

အမှောင်ခုံရုံး၏ အမှောင်သခင်ကြီး ငါးယောက် အနက် အမှောင်မြို့စား တစ်ယောက်သာ သွေးမြစ် အားကိုးဖြင့် သေခြင်းတရားမှ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။

ချန်းဖန် "ဝှစ်စတယ်ရီယာ စံအိမ်ကြီး" ဆီသို့ ပျံသန်းကာ ပြန်လည် ရောက်ရှလာသည့် အချိန်၌ တိတ်ဆိတ်မှုက သူ့အား ဆီးကြို နေခဲ့သည်။

သူသည် အမှောင်သခင်ကြီး လေးယောက်ကို လက်ဝါးနှစ်ချက် လက်သီး နှစ်ချက်တည်းနှင့် သတ်ဖြတ်ခဲ့သည်။

"အမှောင်ကမ္ဘာတော့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ ဖြစ်တော့မယ် ထင်တယ် ..."

သွေးတောင်ပံ ဂိုဏ်း၏ ကပ္ပတိန်က ခေါင်းကို ငုံ့ရင်း တီးတိုး ရေရွတ်လိုက်မိတော့သည်။

***

All Chapters