← Chapters

သူ နောက်တခါ ထွက်ပြေးသွားပြန်ပြီ

Vol. 19 Ch. 283

သူ နောက်တခါ ထွက်ပြေးသွားပြန်ပြီ

Vol. 19 Ch. 283

ဒုတိယသခင်ကြီးစူး၏မိသားစုတွင် မကောင်းသည့်အရာတစ်ခု ဖြစ်သွားသည်ကို ကြားလိုက်ရသောကြောင့် ကျိရွှေရှန့်က အံ့အားသင့်သွားပြီး အမြန် ပြန်မေးလိုက်သည်။

"ဒုတိယသခင်ကြီးစူးရဲ့မိသားစုမှာ ဘာဖြစ်သွားတာလဲ?"

သူတို့ တစ်ကြိမ်သာ တွေ့ခဲ့ဖူးသော်လည်း ကျိရွှေရှန့်က ဒုတိယသခင်ကြီးစူးကို အလွန်လေးစားခဲ့သည်။ ထို့အပြင် သူတို့နှစ်ဦးက စီးပွားဖက်များ ဖြစ်သည်။ ထို့ကြောင့် သူ မသိခဲ့ရလျှင် အဆင်ပြေသော်လည်း သူ သိပြီးပြီဖြစ်သောကြောင့် ဘာမှ မလုပ်ပေးဘဲ ဘေးထွက် မနေနိုင်တော့ပေ။

“တစ်စုံတစ်ယောက် ဒုတိယသခင်ကြီးစူးရဲ့သားကို ပြန်ပြေးဆွဲသွားတယ်။ ဒုတိယသခင်ကြီးစူးက သူ့သားကို ရှာဖွေဖို့ နေရာတိုင်းကို ပြေးလွှားနေပြီး အရူးတပိုင်း ဖြစ်နေပြီ။ စီရင်စုအမတ်ကလည်း ကလေးကို ရှာဖွေဖို့ ကူညီပေးနေတယ်လို့ ငါ သိခဲ့ရတယ်။ နောက်တော့ ကလေးကို ဆွဲခေါ်သွာတဲ့သူတွေက မြို့တော်ကို သွားနေကြတယ်လို့ ကြားခဲ့ရတယ်။ အဲ့တာကြောင့် ငါက အဲ့လူတွေ နောက်ကို လိုက်ဖို့ ငါ့လူတွေကို ခေါ်ပြီး အပြေးအလွှား ခရီးနှင်နေတာ”

ယန်ကျစ်က အလွန်အလောတကြီး ရှင်းပြနေခဲ့သည်။

ကလေးကို ခေါ်သွားတာ ရက်အနည်းငယ် ကြာနေပြီ။ ခြေတစ်လှမ်း နောက်ကျသွားတာနဲ့ သူ့ညီအစ်ကိုရဲ့ မိသားစုက ကလေးလေးကို ဘယ်တော့မှ ရှာမတွေ့နိုင်မှာကို သူ ကြောက်နေမိတယ်။

ပြီးတော့ သူတို့မိသားစုမှာ ကလေးတစ်ယောက် ဆုံးရှုံးခဲ့ဖူးတယ်ဆိုတာက သူ ဒုတိယသခင်ကြီးစူးဆီကနေ ကြားထားဖူးတယ်။ စူးသခင်မကလည်း ပျောက်သွားတဲ့ ကလေးကြောင့် နေမကောင်းဖြစ်ခဲ့ရတယ်။ အခု နောက်ကလေးတစ်ယောက်ကို ထပ်ဆုံးရှုံးလိုက်ရရင် အခြေအနေက ပိုဆိုးသွားလိမ့်မယ်။ စူးသခင်မက အသက်တောင်ရှင်နိုင်ပါတော့မလား?

"ကလေးတွေလား? လူတစ်စုလား?"

ဤအဓိကစကားလုံးများကို ကြားလိုက်ချိန်တွင် ကျိရွှေရှန့်၏နှလုံးခုန်သံက မြန်ဆန်လာပြန်သည်။

"အဲ့ကလေးတွေ ဘယ်မှာ ရှိတယ်ဆိုတာ ကျွန်တော် အကြမ်းဖျင်း သိတယ်"

ကျိရွှေရှန့်က ဒုတိယသခင်ကြီးစူး၏မိသားစုကို ကလေးငယ်ကို ရှာဖွေရန် စတင်ကူညီပေးနေချိန်တွင် မော့ချန်မှ စူးချင်းကလည်း ဘာမှမလုပ်ဘဲ ငြိမ်နေခွင့် မရခဲ့ပေ။ မော့ချန်တွင် သူမက ချန်ယွိနှင့်ပူးပေါင်းကာ မြို့၏လုံခြုံရေးအတွက် ပြင်ဆင်နေခဲ့သည်။ ချန်ယွိက အလွယ်တကူ ရုန်းမထွက်နိုင်မည့် ပိုက်ကွန်တစ်ခု ပြင်ဆင်ရန် သူ့လူများကို ဦးဆောင်ခဲ့သည်။ သူမက ယဇ်ပလ္လင် ရှာတွေ့ခဲ့သည့်နေရာတွင် ပုန်းနေခဲ့ပြီး သားကောင်အလာကို စောင့်ဆိုင်းနေခဲ့သည်။

ယနေ့ညတွင် လရောင်က လင်းလင်းရှင်းရှင်း မရှိဘဲ မှောင်မိုက်နေကာ လေကလည်း ပြင်းထန်လွန်းလှသည်။ ကောင်းကင်တွင် လခြမ်းသေးသေးလေးတစ်ခု တွဲလောင်းကျနေသော်လည်း အလင်းရောင်က မှိန်ပျပျသာ ဖြစ်ပေါ်နေလေသည်။ တိုင်းပြည်နှစ်ခုအကြားမှ နယ်နိမိတ်က ဟာလာဟင်းလင်းဖြစ်နေပြီး အနီးနားတွင် မည်သူမျှ မရှိသည့်အတွက် ပိုမိုအုံ့မှိုင်းနေကာ ကြောက်မက်ဖွယ်ကောင်းသည်ဟု ထင်ရစေသည်။ စူးချင်း၏မျက်လုံးများကတော့ စူးရှရှ အလင်းရောင်များ တောက်ပနေကာ သူမက သားကောင်ကို ချောင်းနေသည့် မုဆိုးတစ်ယောက်ကဲ့သို့ ငြိမ်သက်နေရင်း တာ့ထန်ကို စိုက်ကြည့်နေခဲ့သည်။

မိုးကောင်းကင်က အလုပ်ကြိုးစားသူများကို စိတ်မပျက်စေခဲ့ပေ။ သန်းခေါင်ကျော်လောက်တွင် တာ့ထန်ဘက်မှ မော့ချန်ဆီသို့ ပြေးလွှားလာနေသည့် အနက်ရောင်အရိပ်တချို့ကို တွေ့လိုက်ရသောကြောင့် စူးချင်းက သူမ၏မျက်ခုံးကို ပင့်တင်လိုက်သည်။

အိုး...နောက်ဆုံးတော့ ရောက်လာပြီပေါ့...

နှစ်ပြည်ထောင်ကြားမှ တံတားကို ဖြတ်ကျော်ပြီးနောက်တွင် ထိုအနက်ရောင် အရိပ်များက ယဇ်ပလ္လင်ဆီသို့ လျှောက်လာကြသည်။ အရှေ့ဆုံးမှ လျှောက်လှမ်းလာသူက ပိန်ပိန်ပါးပါး ဖြစ်ကာ သူကလည်း အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ့၏ခေါင်းနှင့် မျက်နှာကိုပါ အနက်ရောင်အ၀တ်များ ဖုံးအုပ်ထားကာ တောက်ပပြီး ကြောက်စရာကောင်းသည့် မျက်လုံးများသာ ဖော်ထားခဲ့သည်။ ထိုမျက်လုံးများက အလွန်မှိုင်းမှုန်ရီဝေနေကာ လူများကို ထိတ်လန့်စရာကောင်းသည့် ခံစားချက်မျိုး ပေးစွမ်းနိုင်သည်။

ကျန်နေသည့် အနက်ရောင် အရိပ်များက သူနှင့် ဆင်တူ ၀တ်ဆင်ထားကြသော်လည်း သူတို့၏လှုပ်ရှားမှုများက အလွန်တောင့်တင်းနေပြီး စက်ရုပ်များသဖွယ် ဖြစ်နေကြသည်။ သူတို့မျက်လုံးများတွင် အလင်းရောင် မရှိဘဲ ရှေ့တည့်တည့်ကို စိုက်ကြည့်နေကြသည်။

၎င်းတို့က လူသားနတ်ဆိုးများဖြစ်ကြောင်း စူးချင်းက အကဲခတ်နိုင်ခဲ့သည်။

သူမက လှုပ်ရှားရန် အလျင်စလို မလုပ်ခဲ့ပေ။ သူမ၏လက်ရှိသိုင်းစွမ်းရည်အရ သူမအတွက် ဤလူသားနတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းရန် မခက်ခဲသော်လည်း ၎င်းတို့ကို ကြိုးကိုင်နေသူအတွက် ထွက်ပြေးရန် အခွင့်အရေး ရသွားမည်ကို သူမ စိုးရွံ့နေခဲ့သည်။

ထိုလူ အလုပ်ပြီးမြောက်ပြီး လူသားနတ်ဆိုးများ ထွက်ခွာသွားမှ သူမက ထိူလူကို ထွက်ဖမ်းရန် ကြံစည်ထားခဲ့သည်။ ထိုလူနှင့် ယဇ်ပလ္လင်သာ ကျန်နေခဲ့လျှင် သူမက ယဇ်ပလ္လင်ကို ဖျက်ဆီးမည်ဖြစ်ပြီး ထိုလူသားနတ်ဆိုးများက စိုးရိမ်စရာ မဟုတ်တော့ပေ။

သို့သော်လည်း ထိုလူက ဤမျှလောက်ထိ ထိလွယ်ရှလွယ်ဖြစ်နေပြီး အာရုံခံနိုင်စွမ်း မြင့်မားမည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။

ထိုလူက ယဇ်ပလ္လင်သို့ ရောက်လာပြီး နံ့သာတိုင်များ ထိုးစိုက်လိုက်သည်။ ထို့နောက် သူက ပူဇော်ပစ္စည်းများ ကပ်လှူပူဇော်ပြီး ရွတ်ဆိုနေလေသည်။ သူ၏ အသံကို စတင်ကြားလိုက်သည်နှင့် လူသားနတ်ဆိုးများကလည်း စတင်လှုပ်ရှားလာခဲ့သည်။ သို့သော် ၎င်းတို့က စူးချင်းတွေးထားသည့်အတိုင်း မော့ချင်သို့ မသွားကြပေ။ ယင်းအစား သူတို့အားလုံးက သူမ ပုန်းအောင်းနေသည့်နေရာသို့ ပြေးလာကြသည်။

သူတို့က သူမကို ဘယ်လို ရှာတွေ့သွားကြတာလဲ? သူမ ဒီလောက် သေသေချာချာ ပုန်းနေတာကို သူတို့ ဘယ်လို သိသွားတာလဲ?

စူးချင်းက အံ့သြနေခဲ့သည်။ ဒီလူမှာ မှော်အစွမ်းရှိတာလား? မဟုတ်ရင် သူမကို ဘယ်လို ရှာတွေ့ခဲ့တာလဲ?

သို့သော်လည်း သူမထံတွင် တွေးတောရန် အချိန်မရှိတော့ပေ။ ထိုလူသားနတ်ဆိုးများက သူမကို ဝိုင်းထားလိုက်ပြီး စတင်တိုက်ခိုက်နေသောကြောင့် စူးချင်းတစ်ယောက် ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်လိုက်ရတော့သည်။ သူမက စနစ်ထဲမှ ဓားတစ်ချောင်း ထုတ်ယူလိုက်သော်လည်း သူမ၏ဓားက အလွန်သာမာန်ဆန်လှသည်။ သူမ၏ဓား သံကို ရွှံ့ကဲ့သို့ဖြတ်နိုင်သော ကျိရွှေရှန့်၏ အဖိုးတန်ဓားနှင့်မတူသောကြောင့် လူ့သားနတ်ဆိုးများကို ပိုင်းဖြတ်ချိန်တွင် အလုပ် မဖြစ်တော့ပေ။

ရှောင်ချီက စနစ်ထဲမှ ခုန်ထွက်လာပြီး သူမ၏သခင်နှင့်အတူ တိုက်ခိုက်နေခဲ့သည်။ ထိုကောင်မလေးက စူးချင်း၏ရှေ့တွင် ချစ်စရာကောင်းအောင် နေထိုင်တက်သော်လည်း ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါတွင် ကြမ်းတမ်းရက်စက်လှသည်။ သူမ၏ ခန္ဓာကိုယ်တုတ်တုတ်လေးက လည်နေသော ဂျင်လုံးလေးကဲသို့ မြေပြင်ပေါ်တွင် လှည့်ပတ်သွားလာနေခဲ့သည်။ သူမ၏ထိုခန္ဓာကိုယ်လေးဖြင့် တိုက်မိသွားလျှင် မိုးကြိုးကဲ့သို့ အလွန်အားကောင်းသည့် ခွန်အားတစ်ခု ထွက်ပေါ်လာကာ အတိုက်ခံလိုက်ရသူက အဝေးသို့ ပျံတက်သွားပြီး မြေပြင်ပေါ်သို့ အရှိန်ပြင်းပြင်းဖြင့် ပြန်ပြုတ်ကျလာမည် ဖြစ်သည်။

သို့သော် ဤလူ့နတ်ဆိုးများက နာကျင်မှုကို မခံစားနိုင်ကြပေ။ ပြုတ်ကျပြီးနောက် သူတို့က ချက်ချင်း ပြန်ထကာ စူးချင်းကို တိုက်ခိုက်ကြပြန်သည်။ စူးချင်းက ဤအရာများ၏ အားနည်းချက်များ မည်သည့်နေရာတွင် ရှိနေသည်ကို သိထာပြီး ဖြစ်သည်။ သူတို့၏ နှလုံးသားများ ကြေမွသွားလျှင် သူတို့က ဗလာဖြစ်သွားပြီး အသုံးမဝင်တော့ပေ။ ထို့ကြောင့် သူမက သူတို့၏ ရင်ဘတ်များကို ဓားဖြင့် လှမ်းထိုးလိုက်သည်။

သူမ လူသားနတ်ဆိုးနှစ်ကောင်ကို ဆက်တိုက် အနိုင်ယူပြီးနောက် ကြိုးကိုင်နေသူက ကြောက်လန့်သွားပုံရသည်။ သူက သူ့၏လူသားနတ်ဆိုးများကို ပြန်ခေါ်ရန် လေစချွန်လိုက်သည်။ စူးချင်းက သူ့ကို ထိုအခွင့်အရေးမျိုး လုံးဝ မပေးခဲ့ပေ။ သူမက အခြားလူသားနတ်ဆိုးတစ်ကောင်ကို သူမ၏ဓားဖြင့်ထိုးသတ်ကာ သူမ၏ဓားဖြင့် ထိုလူ့ဆီသို့ ပြေးသွားလိုက်သည်။

သူမက ကျန်လူသားနတ်ဆိုးများကို ရှောင်ချီထံ အပ်ထားခဲ့လိုက်သည်။

သူမ ကြိုးကိုင်တဲ့သူကို မဖြစ်မနေ ဖမ်းရမယ်။ အဲ့ဒီလူက အနာဂတ်အတွက် ပြသနာ ဖြစ်လာလိမ်မ့ယ်။

စူးချင်း သူ့ဆီသို့ ပြေးလာမြင်သည်ကို မြင်လိုက်ချိန်တွင် ထိုလူက ပို၍ ထိတ်လန့်သွားပုံရသည်။ သူက ကျန်လူသားနတ်ဆိုးများကို ဂရုမစိုက်တော့ဘဲ မြေပြင်ပေါ်သို့ တစ်ခုခု ပစ်ချလိုက်သည်။ သူ ဘာကို ပစ်ချလိုက်သည် မသိသော်လည်း ထိုနေရာတွင် အပြာရောင် အခိုးအငွေ့များ ထွက်ပေါ်လာခဲ့သည်။ စူးချင်းက အသက်ရှုအောင့်လိုက်ပြီး သူမ၏ဓားကို ထိုအပြာရောင်အခိုးအ‌ငွေ့များထဲသို့ အမြန် လှမ်းပစ်လိုက်သည်။

အခိုးအငွေ့များ လွင့်ပြယ်သွားချိန်တွင် ထိုကြိုးကိုင်သူက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

သူ ထွက်ပြေးသွားပြန်ပြီ!

စူးချင်းက စိတ်ပျက်လက်ပျက်ဖြင့် အံ့ကြိတ်လိုက်သည်။

ဘုန်းကြီးက ပြေးနိုင်ပေမယ့် ဘုန်းကြီးကျောင်းက မထွက်ပြေးနိုင်ဘူး။ ပြီးတော့ သူ ထွက်ပြေးသွားတဲ့ ဦးတည်ရာက တာ့ထန်ပဲ။

စူးချင်းက ယဇ်ပလ္လင်ဆီသို့ လျှောက်သွားလိုက်ပြီး မြေပြင်ပေါ်တွင် သွေးများ ကျန်နေခဲ့သည် တွေ့လိုက်ရသည်။

သူမ လှမ်းပစ်လိုက်တဲ့ဓားက သူ့ကို ထိသွားခဲ့တာလား?

စူးချင်းက သွေးကို ခြေရာခံပြီး ထိုလူကို လိုက်ဖမ်းချင်ခဲ့သော်လည်း ယဇ်ပလ္လင်၏ရှေ့တွင်သာ သွေးများ ရှိနေပြီး တခြားနေရာများတွင် သွေးတစ်စက်ပင် ရှာမတွေ့နိုင်ခဲ့ပေ။

ရှောင်ချီက နောက်ဆုံးကျန်နေသည့် လူသားနတ်ဆိုးကို မြေပြင်ပေါ်သို့ ကိုင်ပေါက်လိုက်သည်။ စူးချင်းက ထိုနေရာသို့ ခုန်ဝင်သွားပြီး လူ့သားနတ်ဆိုး၏ နှလုံးသားကို ချေမှုန်းဖျက်ဆီးပစ်လိုက်သည်။ ထိုနောက်ဆုံးကျန်‌နေသည့် လူသားနတ်ဆိုးကလည်း ၎င်း၏တိုက်ခိုက်နိုင်စွမ်းကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။

စူးချင်းက ရှောင်ချီကို မစောင့်ဘဲ တာ့ထန်ဘက်သို့ ဦးတည်လိုက်သည်။ ရှောင်ချီ၏ ဖြူစင်ချောမွေ့သောနောက်ကျောမှ မျက်လုံးဖြင့် မြင်သာသောအရှိန်ဖြင့် အတောင်ပံတစ်စုံ ပေါ်ထွက်လာပြီး ချစ်စရာနတ်သမီးလေးကဲ့သို့ သူမ၏သခင်နောက်သို့ အနီးကပ် လိုက်ပါသွားခဲ့သည်။

စူးချင်းက မိုးလင်းသည်အထိ တာ့ထန်သို့ လိုက်လာခဲ့သော်လည်း ထိုကြိုးကိုင်သူကို လိုက်မမီနိုင်သေးပေ။

လမ်းတွေပေါ်မှာ လမ်းသွားလမ်းလာများ ရှိနေသောကြောင့် ရှောင်ချီက စနစ်ထဲသို့ ပြန်ဝင်သွားခဲ့သည်။ ထို့နောက် သူမက စူးချင်းအတွက် တာ့ထန်အမျိုးသားဝတ်စုံကို ထုတ်ပေးလိုက်သည်။ စူးချင်းက သူမကိုယ်သူမ ရုပ်ဖျက်လိုက်ပြီး တာ့ချန်၏လမ်းမများပေါ်တွင် လမ်းလျှောက်နေကာ သူမကို ရှာတွေ့သွားမည်ကို မကြောက်ပုံဖြင့် အေးအေးဆေးဆေး သွားလာနေခဲ့သည်။

သူမ အကြိမ်ပေါင်းများစွာ ရှာဖွေခဲ့သော်လည်း ထိုကြိုးကိုင်သူနှင့် ဆင်တူသည့်မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူမ ရှာမတွေ့ခဲ့ပေ။ ထိုလူက သမုဒ္ဒရာထဲသို့ နစ်မြုပ်သွားသော ကျောက်တုံးကဲ့သို့ ပျောက်ကွယ်သွားပုံရသည်။

စူးချင်းက သူမ ထိုလူကို ရှာမတွေ့သောကြောင့် ဤနေရာသို့ ရောက်လာရခြင်းကို အချည်းနှီးအဖြစ်မခံနိုင်ပေ။ ထို့ကြောင့် သူမက တတိယမင်းသားကို သွားရှာပြီး ကုန်ပစ္စည်းများ လဲလှယ်မည့် အချိန်နှင့်နေရာကို ပြန်လည်သတ်မှတ်ရန် ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူမက တတိယမင်းသား၏မိခင်ကိုလည်း အပ်စိုက်ကုသပေးရဦးမည် ဖြစ်သည်။

နောက်ဆုံးတွင် စူးချင်းက တတိယမင်းသား၏စခန်းသို့ ရောက်ရှိလာပြီး တတိယမင်းသား သူမအတွက် ပေးထားခဲ့သည့် ခါးချိတ်တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။ ထိုခါးချိတ်တံဆိပ်ကို တွေ့ချိန်တွင် အစောင့်များက သူမကို ချက်ချင်း ဝင်ခွင့်ပေးလိုက်သည်။

တတိယမင်းသားကို စောင့်ကြည့်ရန် အမှောင်ထဲတွင် ပုန်းအောင်းနေသူက စူးချင်း ဝင်လာသည်ကို မြင်သွားပြီး တစ်နေရာသို့ သတင်းပို့ရန် တစ်စုံတစ်ဦးကို စေလွှတ်လိုက်သည်။ သူက ထိုနေရာကို ဆက်လက်စောင့်ကြည့်ရန် သူ ပုန်းအောင်းနေသည့်နေရာတွင်သာ ဆက်လက် ခိုအောင်းနေခဲ့သည်။

အစောင့်များက စူးချင်းကို တတိယမင်းသား၏တဲနန်းထဲသို့ ခေါ်ဆောင်သွားကြသည်။ သူမ အထဲသို့ ဝင်လိုက်သည်နှင့် သူမ၏မျက်နှာကို လေပူများ တိုက်ခတ်လာသလို ခံစားလိုက်ရသည်။ တဲနန်း၏အတွင်းပိုင်းက နွေဦးကဲ့သို့ နွေးထွေးနေသောကြောင့် စူးချင်းက တစ်ချက်လိုက်ကြည့်လိုက်ရာ တံခါးနားရှိ မီးဖိုထဲတွင် လောင်ကျွမ်းနေသော အနီရောင်ကျောက်မီးသွေးများကို လှမ်းမြင်လိုက်ရသည်။

"သခင်မလေးစူး ကျေးဇူးပြုပြီး ထိုင်ပါ"

ယဲ့လွီချွမ်းက ကိုယ်တိုင်ကိုယ်ကျ တံခါးဝသို့ ရောက်လာခဲ့ပြီး စူးချင်းကို အထဲသို့ ဖိတ်ခေါ်လာခဲ့သည်။ အပြင်ဘက်မှ လေအေးများက အရိုးဖောက်လုနီးပါး အေးစက်နေသော်လည်း တဲနန်းထဲတွင်မူ နွေရာသီအဝတ်အစားများ ဝတ်ဆင်ရသည်အထိ ပူနွေးနေခဲ့သည်။

“အဲ့တာတွေကို သုံးနေပြီလား?”

စူးချင်း မီးဖိုထဲမှ ကျောက်မီးသွေးကို လက်ညှိုးထိုးပြရင်း မေးလိုက်သောကြောင့် ယဲ့လွီချွမ်းက အပြုံးဖြင့် “ဟုတ်တယ်၊ မရောင်းခင် စမ်းကြည့်လိုက်တာဆိုပေမယ့် ဒီလောက်နွေးထွေးမယ်လို့ မမျှော်လင့်ထားမိဘူး။ အခု မယ်တော်နဲ့ ငါက မီးသွေး မသုံးတော့ဘူး။ ဒါတွေက အကြာကြီး လောင်ကျွမ်းနိုင်ပြီး ငွေကုန်လည်း သက်သာတယ်”

"ရှင် လုံးဝ မရောင်းတော့ဘူးလား?"

စူးချင်းက သူတစ်ဦးတည်းကို ရောင်းချင်နေခြင်း မဟုတ်ဘဲ သူမက တာ့ထန်၏စျေးကွက်တစ်ခုလုံးကို အလိုရှိနေခြင်း ဖြစ်သည်။

“ငါ ရောင်းပြီးပါပြီ။ သားရေကို ကျောက်မီးသွေးနဲ့ လဲလှယ်လို့ရတယ်လို့ ကြားတာနဲ့ လူတွေ အများကြီးက လာလဲလှယ်ကြတယ်။ မင်း လာပို့ခဲ့တဲ့ ကျောက်မီးသွေးတွေက ရောင်းကုန်သွားပြီ၊ တစ်ချို့လူတွေက ကျောက်မီးသွေး ရဖို့ အလျင်လိုနေတော့ သားရေတွေတောင် ကြိုပို့ထားကြသေးတယ်”

ယဲ့လွီချွမ်းက ဝမ်းသာအားရ ပြုံးနေခဲ့သည်။

သူ ဒီကျောက်မီးသွေးလှည်းအနည်းငယ်ကို သားရေ၊ ကျွဲ၊နွား၊ သိုးတွေနဲ့ လဲလှယ်ခဲ့ပြီး အမြတ်အစွန်း အများကြီး ရခဲ့တယ်လေ။

“နောက်ပိုင်းမှာ ကုန်စည်လဲလှယ်မယ့်နေရာကို နယ်စပ်ကို ရွှေ့ပြောင်းပြီး သုံးရက်တစ်ကြိမ် ကုန်သွယ်မှုပြုလုပ်တာက အကောင်းဆုံးဖြစ်လိမ့်မယ်”

စူးချင်းက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး သူမ ရောက်လာရသည့် ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။ ထိုအရာက သူမတို့အတွက် အချိန်ကုန်သက်သာစေပြီး ပိုမိုလုံခြုံစေမည် ဖြစ်သည်။

“ကောင်းပါပြီ၊ အဲ့ဒါက အဆင်ပြေပါတယ်။ ဒါပေမယ့် နောက်ဆုံးအခေါက်က သခင်မလေးစူး ချန်ထားပေးခဲ့တဲ့ လိမ်းဆေးဆီက အရမ်းထိရောက်တယ်။ နောက်ထပ်ရနိုင်မလား?"

ယဲ့လွီချွမ်းက စူးချင်း၏ အကြံပြုချက်ကို သဘောတူလိုက်ပြီး နောက်ဆုံးအကြိမ်တွင် စူးချင်း ချန်ထားခဲ့သည့် လမ်းဆေးအဆီကို တောင်းဆိုခဲ့သည်။

“ကျွန်မ ဒီတခေါက် အလျင်စလို ရောက်လာမိတယ်၊ ဆေးအဆီတွေ အများကြီး မယူလာမိဘူး။ နောက်တစ်ခေါက် လှည်းတန်းနဲ့အတူ ထည့်ပေးလိုက်မယ်။ ဆေးအဆီဆယ်ဗူးကို သိုးနှစ်ကောင်၊ အဲ့စျေးက အဆင်ပြေတယ်လို့ ရှင်ထင်လား?”

သူမ ယဲ့လွီချွမ်းကို နောက်ဆုံးအကြိမ် ပေးခဲ့စဥ်က လူအများကြီးကို အစမ်းပေးသုံးရန် တောင်းဆိုထားခဲ့သည်။ အကယ်၍ သူ သူမဆီမှ ဆေးထပ်ယူချင်လျှင် ပိုက်ဆံပေးရတော့မည် ဖြစ်သည်။

"တတိယမင်းသား၊ ဧကရီက တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ပါတယ်"

All Chapters