← Chapters

စွမ်းအား

Vol. 6 Ch. 576

စွမ်းအား

Vol. 6 Ch. 576

"တစ္ဆေမြို့စား ...."

"စစ်နတ်ဘုရား ..."

"သေခြင်းနတ်ဆိုး ..."

"သွေးမူးမတ် ..."

အမှောင်ခုံရုံး၏ ဂန္ထဝင် ပုဂ္ဂိုလ်ကြီးများကား သေဆုံးသွားခဲ့ချေပြီ။

အမှောင်မြို့စား တစ်ယောက်သာ ထွက်ပြေး လွတ်မြောက် သွားခဲ့သည်။ သို့သော်လည်း ချန်းဖန်၏ နောက်ဆုံး လက်သီးချက်က နတ်ဘုရားကြုပ် အကာအကွယ်နှင့်ပင် အမှောင်မြို့စား၏ ခန္ဓာကိုယ် တစ်ဝက်ကို ဖျက်ဆီးပစ်နိုင်ခဲ့သည်။ ထိုလက်သီးချက်တွင် အမှောင်မြို့စား၏ နတ်ဘုရား ဝိညာဉ်ပင် ပျက်စီးလု မတတ် ဖြစ်ခဲ့ရသည်။

"ငါတို့ နိုင်ပြီဟေ့ ..."

အားရှို့နှင့် မြောက်ပိုင်းချုံး၏ ပညာရှင်များက ပျော်ရွှင်စွာဖြင့် အောင်ပွဲခံ လိုက်ကြသည်။

သူတို့နှင့် ဆန့်ကျင်ဘက်ပင် အမှောင်ခုံရုံး၏ ကျန်ရစ်သော စီရင်သူများမှာမူ စိတ်ဓာတ်ကျစွာဖြင့် ခေါင်းများကို ငုံ့ထားခဲ့၏။

မျက်နှာရှိ ငွေရောင် မျက်နှာဖုံးများ မှ လွဲ၍ သူတို့၏ တစ်ကိုယ်လုံးကား ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ် တုန်ရီ နေခဲ့တော့သည်။

"ဆရာ ... သူတို့ကို ဘာလုပ်လိုက်ရ မလဲ ..."

ယူကီရှီရိုဆာက မေးလိုက်သည်။

သူ၏ မေးခွန်းက ငွေရောင်မျက်နှာဖုံးဝတ် လူများအား ပိုမို၍ တုန်လှုပ်သွားစေသည်။

တစ်ခဏမျှ အကြာ၌ ငွေရောင် မျက်နှာဖုံးဝတ် လူအိုကြီး တစ်ယောက် ရှေ့သို့ တက်လာကာ ချန်းဖန်အား ဦးညွှတ်လိုက်၏။

"ဆရာ ... ကျွန်တော်က အမှောင်ခုံရုံးရဲ့ လက်ရှိ ခေါင်းဆောင်ပါ ... ဆရာက အမှောင်သခင်ကြီးတွေကို အနိုင်ယူခဲ့တာ ဆိုတော့ ကျွန်တော်တို့က ဆရာ့ကို ခစားဖို့ ဆန္ဒ ရှိပါတယ် ..."

လူတိုင်းက အသက်ကိုပင် ပြင်းထန်စွာ မရှူရဲပဲ ချန်းဖန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေခဲ့၏။

လွန်ခဲ့သည့် နှစ်သုံးရာ အတွင်း အမှောင်ခုံရုံးသည် အမေရိကန်နှင့် ဆိုဗီယက်တို့မှ လွဲ၍ မည်သည့် လူဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမျှ ဦးမညွှတ်ခဲ့ဖူးချေ။ သို့သော်လည်း ယခုတွင်မူ သူတို့ကား လူငယ်လေး တစ်ယောက်၏ ရှေ့၌ ကြောက်ရွံ့စွာဖြင့် ဦးညွှတ်နေခဲ့ရပြီ ဖြစ်သည်။

"မင်းတို့က ငါ့ကို တိုက်ခိုက်ခဲ့တယ် ... ဒါကြောင့် တန်ဖိုး တစ်ခုခု မပေးရင် မင်းတို့ကို ငါလွှတ်ပေးမှာ မဟုတ်ဘူး ..."

ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း အနည်းငယ် ပြုံးလိုက်သည်။ ထို့နောက် သူက အမိန့်ပေးလိုက်၏။

"သူတို့ကို သတ်လိုက် ..."

"မင်း ... လုပ်ရဲလား ..."

လူအိုကြီး၏ မျက်လုံးများက ဒေါသ၊ ကြောက်လန့်ခြင်းများနှင့် ပြူးကျယ် သွားသည်။

"ငါတို့တွေ အားလုံးက သွေးမျိုးဆက်က ဆင်းသက်လာတဲ့သူတွေ ... မင်းက ဒမွန်နဲ့ သခင်ကြီး လေးယောက်ကို သတ်ပြီးပြီ ... တကယ်လို့ မင်း ငါတို့ကို ဆက်သတ်မယ် ဆိုရင် သွေးသခင်ကြီးက မင်းကို ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး ..."

"ငါ ဒီနေရာမှာပဲ သူရောက်လာမှာကို စောင့်နေမယ် ..."

ချန်းဖန်က ထူးမခြားနားစွာ ဆိုလိုက်သည်။ သူ၏ မျက်နှာကမူ ကျောက်တုံး တစ်ခု အလား အေးစက်နေ၏။

ယခုအချိန်၌ သူသည် ဝိညာဉ်ပင်လယ် နောက်ဆုံး အဆင့်သို့ ရောက်ခဲ့ပြီ ဖြစ်သည်။ မူလဝိညာဉ် အဆင့်သို့ ရောက်ရှိရန်မှာလည်း သိပ်မလိုတော့ချေ။

ထို့ကြောင့် သူ့အနေဖြင့် မြေကမ္ဘာ အဆင့် တစ်ယောက်ကိုပင် လွယ်လွယ်ကူကူ သတ်ပစ်နေနိုင်ပြီ ဖြစ်သည်။ သွေးမျိုးဆက် တစ်ယောက်လောက်က သူ့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ချေ။

"ဒီကနေ ထွက်ပြေးကြတော့ဟေ့ ... ငါတို့ သွေးသခင်ကြီးကို နှိုးပြီး ဒီခွေးကောင်ကို သတ်ခိုင်းရမယ် ..."

လူအိုကြီးက အော်ဟစ်လိုက်၏။ ရုတ်တရက် အမှောင်ခုံရုံး စီရင်သူများက အလင်းတန်းများ အသွင်ပြောင်းကာ နေရာအနှံ့ ထွက်ပြေးကြတော့သည်။

သူတို့၏ အမြန်နှုန်းက အလွန်ပင် မြန်ဆန်ရာ အနက်ရောင် အရိပ်များ အဖြစ်သာ တွေ့မြင်ရ၏။ ယူကီရှီရိုဆာပင်လျှင် သူတို့ အထဲမှ အချို့ကိုသာ သတ်နိုင်ခဲ့သည်။

"သူတို့ လွတ်သွားလို့ မဖြစ်ဘူး ..."

ယူကီရှီရိုဆာက တွေးရင်း ပိုမို လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သို့သော်လည်း သူမ အနေဖြင့် အမှောင်ခုံရုံး၏ စီရင်သူ အားလုံးကို ဖမ်းမိရန်မှာ ခက်ခဲနေတုန်း ဖြစ်သည်။

"ငါသာ ဝိညာဉ်ပင်လယ် အဆင့်ကို မရောက်သေးရင် သူတို့ လွတ်မြောက်ကောင်း လွတ်မြောက်နိုင်ပါတယ် ..."

ချန်းဖန်ကမူ ထွက်ပြေးသွားသော လူများ အတွက် စိတ်ပူပုံ မရချေ။ သူက အေးဆေးစွာပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။

"ဟူး ..."

မြေပြင်၌ ခြောက်သွေ့စ ပြုနေသော သွေးမူးမတ်၏ သွေးများက အသက်ဝင်လာကာ သွေးလုံး တစ်ခု ဖြစ်လာသည်။ ထိုသွေးလုံး အတွင်းတွင်မူ အမှောင်စွမ်းအားများက အကန့်အသတ်မဲ့ စီးဆင်းနေ၏။

သွေးမူးမတ်၊ တစ္ဆေမြို့စား ... သူတို့ အားလုံးကား မူလဝိညာဉ် သားရဲ သွေးရောများ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်နှင့် သွေးများကို ထူးကဲ အဆင့် ဆေးလုံးများ အဖြစ် သန့်စင်၍ ရသည်။

သို့သော်လည်း ချန်းဖန်မှာမူ ထိုအရာကို အခြား ရည်ရွယ်ချက် တစ်ခုအတွက် သုံးတော့မည့်ပုံပင်။

"သွေးမိစ္ဆာက ငါ့အဖေကို ကျိန်စာ တိုက်ခဲ့တယ် ... အဲဒီ အပြစ်အတွက် ဒီနေ့မှာ သွေးမျိုးဆက် တစ်ခုလုံးကို ငါရှင်းပစ်မယ် ..."

ချန်းဖန်က ပြောလိုက်သည်။ ရုတ်တရက် သူ၏ မျက်လုံး၌ မီးတောက် နှစ်ခု ပေါ်လာ၏။

"ရွှေရောင်လီ မျက်လုံး ..."

"သွေးမူလ ကျိန်စာ ..."

ချန်းဖန်က လေထဲ၌ လက်များကို လျင်မြန်စွာ လှုပ်ရှားရင်း သင်္ကေတများအား ရေးဆွဲလိုက်သည်။ တစ်ချိန်တည်းတွင်ပင် သူ၏ ဘယ်ဘက် မျက်လုံးရှိ မီးတောက်က သွေးလုံးအတွင်း တိုးဝင်သည်။

ချန်းဖန်သည် လွန်ခဲ့သည့် သုံးနှစ်ကျော်ခန့်က ရှန်းမိသားစု တစ်ခုလုံးကို ရှင်းလင်းရန် "သွေးမျိုးဆက် ကျိန်စာ" အား အသုံးပြုခဲ့ဖူးသည်။ ထိုကျိန်စာမှာ အမှောင် သွေးမျိုးဆက် သွေးမူးလကျိန်စာ၏ အဆင့်နိမ့် ပညာရပ်ဟု ဆိုနိုင်သည်။

ယခု ချန်းဖန်မှာ ပိုမို အဆင့်မြင့်လာပြီ ဖြစ်ရာ သူ အသုံးပြုနိုင်သော ပညာရပ်သည်လည်း ပိုမို အဆင့်မြင့် လာခဲ့ပြီ ဖြစ်သည်။

အားလုံး၏ အကြည့်များ အောက်တွင်ပင် ကြိုးမျှင်များက ထွက်ပြေးနေသော လူများ၏ နောက်ကျောသို့ တိုးဝင်သွားသည်။ ထို ကြိုးမျှင်များထဲမှ အထူဆုံးဟု ဆိုနိုင်သည့် ကြိုးက အမှောင်မြို့စား၏ နောက်သို့ လိုက်သည်။

"နိုးထ ..."

ချန်းဖန်က သူ၏ နတ်ဘုရား စွမ်းအားကို ဆင့်ခေါ်လိုက်သည်။

သွေးလုံးအတွင်းရှိ ရွှေရောင်မီးတောက်များက ကြိုးမျှင်များ တစ်လျှောက် စီးဆင်းကာ စီရင်သူများထံ မျက်စိတစ်မှိတ် အတွင်း တိုးဝင်၏။

ထို့နောက် မီးတောက်များက သူတို့အား အညှာအတာမဲ့စွာ လောင်ကျွမ်း တိုက်စားသည်။ အားနည်းသော လူများ ဆိုလျှင် မျက်တောင် တစ်ခတ်အတွင်း အသတ်ခံရကာ အမှောင်ခုံရုံး၏ စီနီယာ အချို့သာ စက္ကန့်ပိုင်းခန့် တောင့်ခံ နိုင်ခဲ့သည်။

"ချန်းပေ့ရွှမ်း ... သခင်ကြီး နိုးလာတာနဲ့ သေရမယ်လို့ ငါ ကျိန်တယ် ..."

စီရင်သူများက နာကြည်းစွာ အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့၏ ခြိမ်းခြောက်မှုများက ချန်းဖန် အပေါ် မည်သည့် အကျိုး သက်ရောက်မှုမှ မရှိချေ။

ချန်းဖန်က သွေးလုံးမှ တစ်ဆင့် အထူးဆုံး ကြိုးမျှင်ကိုသာ စူးစိုက် ကြည့်နေခဲ့သည်။ ထိုကြိုးမျှင်သည် အမှောင်မြို့စားနှင့် တိုက်ရိုက် ဆက်သွယ်ထားသည်။

အမှောင်မြို့စားသည် သွေးရော တစ်ယောက် ဖြစ်ရာ သတ်ရန် အလွန် ခက်ခဲ့၏။ သို့သော်လည်း သူကား အစော ကတည်းက ချန်းဖန်ထံတွင် ဒဏ်ရာရခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် သွေးမူးလ ကျိန်စာမှ တစ်ဆင့် သူ့ကို သတ်ရန် ဖြစ်နိုင်ချေ ရှိသည်။

"ဘာလဲဟ ..."

ရုတ်တရက် ချန်းဖန်၏ မျက်လုံးများ အနည်းငယ် မှေးစင်းသွား၏။

သူ၏ အမှောင်မြို့စားနှင့် ချိတ်ဆက်ထားသော ကြိုးမျှင်မှာ တဖြည်းဖြည်း ပါးလွှာလာကြောင်း ချန်းဖန် ခံစားလိုက်မိသည်။ ချန်းဖန်က နတ်ဘုရား စိတ်အာရုံကို ဖြန့်ကြက်ကာ ကြိုးမျှင်၏ အဆုံးသတ်အား ကြည့်လိုက်၏။ ထိုနေရာ၌ အလွန်အားကောင်းသော အမှောင် စွမ်းအား တစ်ခု ရှိနေသည်ကို ချန်းဖန် တွေ့လိုက်ရသည်။

ထိုစွမ်းအားမှာ အမှောင်မြို့စား၊ သွေးမူးမတ်တို့ထက် များစွာ ပိုမို၍ အစွမ်းထက်သည်။ ထိုစွမ်းအားက ချန်းဖန် သိရှိထားသည့် တစ်ခုခုကို သတိရစေသည်။

"အမှောင်သွေးမျိုးဆက် ... ကမ္ဘာပေါ်မှာ အမှောင် သွေးမျိုးဆက်တွေ ရှိနေတာလား ..."

ချန်းဖန် မျက်မှောင်ကြုတ် လိုက်မိသည်။ အကယ်၍ ထိုအမှောင်သွေးမျိုးဆက်သာ မူလဝိညာဉ် သက်ရှိ တစ်ယောက် ဖြစ်ပါက ချန်းဖန် အတွက် ကိုင်တွယ်ရန် ခက်ခဲလိမ့်မည် ဖြစ်သည်။

"အဲဒါက နိုးလာရင်တောင် ကိစ္စ သိပ်မရှိပါဘူး ..."

ချန်းဖန်က ခေါင်းခါလိုက်သည်။

သူသည် ဝိညာဉ်ပင်လယ် နောက်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်သည့် အပြင် မြင့်မားသော ဉာဏ်အလင်းကိုလည်း ပိုင်ဆိုင်ထားသေးသည်။ သူ့အနေဖြင့် ကမ္ဘာပေါ်မှ မည်သူ့ကိုမဆို အနိုင်ယူရန် ယုံကြည်ချက် ရှိသည်။

ထို့နောက် ချန်းဖန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း တွေးလိုက်သည်။

"အမှောင်မြို့စားက လွဲ၍ အမှောင်ခုံရုံးရဲ့ လူတွေ အားလုံး သေပြီလို့ ငါထင်တယ် ... အိမ်ကို ပြန်ဖို့ အချိန်ရောက်ပြီ ..."

ချန်းဖန်၏ စိတ်တွင်မူ ကြီးမားသော ဖိအားများ ရုတ်တရက် ပျောက်ကွယ်သွားသလို ခံစားနေရသည်။

ထိုဖိအားများမှာ ဒမွန်ကို သတ်ချင်စိတ်ဖြင့် အခြေတည်ကာ ဖြစ်တည်လာသော ဖိအားများ ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ အရာ အားလုံးကို ရှင်းလင်းပြီး ဖြစ်ရာ သူ၏ စိတ်သည်လည်း ပေါ့ပါးလာခဲ့သည်။

"ဆရာ ..."

ယူကီရှီရိုဆာနှင့် အားရှို့တို့က ချန်းဖန်ဆီသို့ လျှောက်လာကြ၏။ သူမတို့၏ မျက်နှာတွင်မူ ပျော်ရွှင်မှုများ၊ စိတ်လှုပ်ရှားမှုများက အထင်းသား ပေါ်လွင်နေသည်။

"ဒီနေရာကို မြန်မြန် ရှင်းခိုင်းလိုက် ... နောက်ပြီး ငါတို့ အမှောင်ခုံရုံးကို သွားကြမယ် ... အဲဒီ နေရာမှာ ငါတို့ကို စောင့်နေတဲ့ ရတနာတွေ အများကြီးပဲ ..."

ချန်းဖန်က ပြောလိုက်၏။

ချန်းဖန်သည် တိုက်ပွဲ နောက်တစ်ဆင့်ကို ချိုးဖျက် ခဲ့ရသော်လည်း ထိုအရာက ထိုက်တန်သည်ဟု ဆိုနိုင်၏။ ယခု အချိန်၌ သူ့တွင် အမှောင်သခင်ကြီးများ၏ ရတနာများကို ပိုင်ဆိုင်ထားပြီး ဖြစ်သည်။

ထို့အပြင် သွေးမျိုးဆက် တစ်ခုလုံးကို ရှင်းလင်းပြီး ဖြစ်ရာ အမှောင်ခုံရုံးမှာ အလွတ် ဖြစ်နေလောက်ပြီ ဖြစ်သည်။ ထိုနေရာ၌ ရတနာများစွာ ရှိနေမည်မှာ သေချာပြီး ထို ရတနာများက ချန်းဖန်နှင့် မြောက်ပိုင်းချုံး ဂိုဏ်းတို့ အတွက် အလွန် အကျိုးရှိနိုင်သည်။

သေဆုံးနေသည့် ခန္ဓာကိုယ်များမှ လက်နက်များကို ရှာဖွေ ယူဆောင်နေသည့် မြောက်ပိုင်းချုံး ဂိုဏ်းသားများကို ကြည့်၍ အခြားလူများမှာ ကြောက်ရွံ့နေကြတော့သည်။

"အမှောင်ခုံရုံး တိုက်ပွဲမှာ ရှုံးနိမ့်ပြီး အမှောင် မြို့စား တစ်ယောက်ပဲ လွတ်မြောက် သွားခဲ့တယ် ..."

ထိုသတင်းက ပျံ့နှံ့သွားသည်နှင့် တစ်ကမ္ဘာလုံး တုန်လှုပ်သွားကြတော့သည်။

***

All Chapters