← Chapters

စစ်ဆေးမေးမြန်းခြင်း

Vol. 20 Ch. 290

စစ်ဆေးမေးမြန်းခြင်း

Vol. 20 Ch. 290

“အင်း”

စူးချင်းက ခေါင်းညိတ်လိုက်သည်။ သူမက သူတို့ကို သူမကိုယ်တိုင် စစ်ဆေးမေးမြန်းချင်နေခဲ့သည်။

သူလျှိုတစ်ယောက်ရဲ့မျက်လုံးတွေက သာမန်လူတွေနဲ့ မတူဘူး။ သူတို့က လူတွေကို ကြည့်ရင် လျှို့လျှို့ဝှက်ဝှက် ကြည့်တက်ပြီး သူတို့ရဲ့ အကြည့်တွေမှာ လိမ္မာပါးနပ်တဲ့ အမူအရာတွေ ရှိနေတက်တယ်။ ပြီးတော့ သူတို့က မတူညီတဲ့အရာတွေကို အာရုံစိုက်ကြတယ်။ တကယ့်သူတောင်းစားအစစ်တွေ အနားကနေ လူတစ်ယောက် ဖြတ်လျှောက်သွားမယ်ဆိုရင် သူတို့က အဲ့လူကိုပဲ အာရုံစိုက်ပြီး တောင်းရမ်းဖို့ ကြိုးစားနေကြပေမယ့် ဒီလူနှစ်ယောက်က ရုံးတော်ကိုပဲ ဆက်တိုက် စောင့်ကြည့်နေကြတယ်။

"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် သခင်မလေးစူး"

ချန်ယွိက စူးချင်းကို အလွန်သဘောကျနေခဲ့သည်။

သူလျှိုတွေကို တူးထုတ်ဖို့ အဲ့လောက်လွယ်မှာ မဟုတ်ဘူးလို့ သူ ထင်ခဲ့မိတယ်။ နောက်ဆုံး သူလျှိုတွေကို ဘယ်လိုမှ မရှာနိုင်ရင် ရှုပ်ထွေးခါမှ ရှုပ်ထွေးရော သူ အိမ်တိုင်းကို လိုက်ရှာဖို့တောင် တွေးထားပြီးပြီ။ ခိုတွေကို မွေးမြူထားတဲ့ လူမှန်သမျှကိုလည်း ဖမ်းဆီးအကျဥ်းချဖို့ သူ တွေးထားပြီးပြီ။

မော့ချန်က ကိစ္စတွေ မြို့တော်အထိ ပေါက်ကြားသွားလို့ လုံးဝ မရဘူး။ အခုအချိန်မှာ သူတို့က အားနည်းနေတုန်းပဲ။ ဝမ်မိသားစုစစ်တပ်တွေ ရောက်လာရင် သူတို့ ခုခံနိုင်မှာ မဟုတ်ဘူး။

စူးချင်းက အကျဥ်းထောင်ထဲသို့ ၀င်သွားခဲ့သည်။ မော့ချန်၏အကျဉ်းထောင် တော်တော်လေး ကျဥ်းမြောင်းပြီး အကျဥ်းခန်းသုံးခုသာ ရှိနေလေသည်။ လက်ရှိခေတ်ကာလတွင် အကျဥ်းခန်းများကို ကွန်ကရစ်များဖြင့် အားဖြည့်နိုင်ခြင်း မရှိသေးပေ။ သစ်သားလက်ရန်းများဖြင့်သာ တည်ဆောက်ထားကြသည်။

မော့ချန်၏စီရင်စုအမတ် ထွက်ပြေးသွားပြီးနောက် ဤအကျဉ်းထောင်တွင် အကျဉ်းကျနေသောလူများအားလုံးက ရိုးသားသည့် လူများဖြစ်နေကြောင်း ချန်ယွိ စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့် သူက သူတို့အားလုံးကို လွှတ်ပေးရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့မဟုတ်လျှင် ထိုအကျဉ်းသားများအတွက် စားစရာရှိလည်း ပေနိုင်မည် မဟုတ်ပေ။ သူတို့ကို အစာငတ်သေသည်အထိ ဖမ်းချုပ်ထားခြင်းက ရက်စက်လွန်းလှသည်။

အကျဉ်းထောင်ကို မပြင်ဆင်သည်မှာ အချိန်အတော်ကြာနေပုံ ရသည်။ ကောက်ရိုးများ ခင်းထားသည့်နေရာမှ အပုပ်နံ့၊ မစင်နံ့နှင့် ဆီးနံ့များ လှိုင်လှိုင်ထွက်နေလေသည်။

အကျဥ်းထောင်ထဲတွင် အကျဉ်းချခံထားရသည့် သူတောင်းစားများက ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေကြသည်။

သို့သော် စူးချင်း သံသယရှိနေသည့်သူနှစ်ဦး၏မျက်လုံးများကတော့ လှည့်ပတ်ကစားနေလေသည်။ သူတို့လည်း ကြောက်ရွံ့နေပုံရသော်လည်း သာမန်သူတောင်းစားများနှင့်တော့ ကွာခြားနေသေးသည်။ သူတို့က သူတို့ကိုယ်သူတို့ မည်သို့ ရှင်းပြကာကွယ်ရမည်၊ မည်သို့ ရုန်းထွက်ရမသည်ကို စဉ်းစားနေကြပုံပေါ်သည်။

"ဒီနှစ်ယောက်ကို ခေါ်လာခဲ့”

စူးချင်းက သူမ သံသယရှိနေသည့် သူတောင်းစားနှစ်ယောက်ကို ညွှန်ပြလိုက်ပြီး သူတို့ကို စစ်ကြောရေးအခန်းထဲသို့ ခေါ်ဆောင်လာရန် ခေါင်းဆောင်ကို အမိန့်ပေးလိုက်သည်။

အကျဉ်းထောင်အတွင်းမှ စစ်ကြောရေးအခန်းများတွင် ညှဉ်းပန်းနှိပ်စက်ရာတွင် အသုံးပြုနိုင်သည့် ကိရိယာမျိုးစုံရှိနေတက်သည်။ အလင်းရောင်မှိန်မှိန်အောက်မှ နံရံပေါ်တွင် စွန်းထင်းနေသော သွေးကွက်များကို မြင်နေရဆဲဖြစ်သည်။ သွေးကွက် အဟောင်းနှင့် အသစ်များ တစ်ခုနှင့်တစ်ခု ထပ်နေကာ ထိုကြောက်စရာကောင်းသော ညှဉ်းပန်းနှိပ်စက်သည့်ကိရိယာများနှင့်အတူ ယှဥ်တွဲမြင်နေရခြင်းက ဝင်လာသည့်လူတိုင်း ထိတ်လန့်နေစေရန် လုံလောက်နေပြီ ဖြစ်သည်။ သူတို့က ညှဉ်းပန်းနှိပ်စက်ခြင်းမခံရမီမှာပင် ကြောက်ရွံ့နေကြမည် ဖြစ်သည်။

စူးချင်းက စစ်ကြောရေးစားပွဲ၏နောက်တွင် ထိုင်နေပြီး စစ်ဆေးမေးမြန်းခန်းထဲသို့ ဆွဲခေါ်ခံလာရသည့် သူတောင်းစားနှစ်ဦးကို အေးအေးဆေးဆေး စိုက်ကြည့်နေခဲ့သည်။

"လူကြီးမင်း၊ ကျွန်​​တော်မျိုးရဲ့​အသက်​ကို ချမ်းသာပေး​ပါ၊ ကျေးဇူးပြုပြီး ကျွန်တော်မျိုးရဲ့အသက်ကို ချမ်းသာပေးပါ”

သူတောင်းစားနှစ်ယောက်က မြေပြင်ပေါ်တွင် ဒူးထောက်နေကြပြီး စူးချင်းက သူ့တို့အပေါ် ကရုဏာသက်လာစေရန် တိုးလျိုးတောင်းပန်နေကြသည်။

"မင်းတို့ရဲ့အသက်ကို ချမ်းသာပေးစေချင်တာလား?"

စူးချင်းက သူတို့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့ပြီး သူမ၏အကြည့်များက သူတို့၏ အတွေးများအားလုံးကို မြင်နိုင်သလို စူးရှလွန်းလှသည်။

“ဟုတ်ပါတယ်… လူကြီးမင်း၊ ကျွန်တော်မျိုးရဲ့အသက်ကို ချမ်းသာပေးပါ”

စူးချင်းက သူတို့ကို ထိုကဲ့သို့ ကြည့်လိုက်ချိန်တွင် သူတောင်းစားနှစ်ယောက်က သူတို့၏ကျောရိုးအောက်မှ အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ စူးချင်း၏အကြည့်များက သူတို့ကို အပိုင်းပိုင်းဖြတ်နေသလို သူတို့ ခံစားနေကြရသည်။

“ကောင်းပြီလေ၊ မင်းတို့ ဝန်ကြီးချုပ်ဝမ်ကို ဘယ်လို ဆက်သွယ်ရမယ်ဆိုတာကို ရိုးရိုးသားသား ပြောပြနေသရွေ့ပေါ့၊ ပြီးတော့ မင်းတို့ သူ့ဆီကို ဘယ်နှစ်ကြိမ် အစီရင်ခံခဲ့လဲဆိုတာရယ်၊ လျှို့ဝှက်စာတို ပေးပို့ဖို့ ဘယ်နည်းလမ်းကို အသုံးပြုခဲ့တယ်ဆိုတာတွေရယ်ကို ငါ့ကို ပြောပြ၊ ငါ မင်းတို့ရဲ့အသက်တွေကို ချမ်းသာပေးမယ်"

စူးချင်းက သူမ၏မျက်လုံးများကို ပေါ့ပါးသော အကြည့်အဖြစ်သို့ ပြောင်းလဲလိုက်ပြီး သူတို့ကို ခပ်အေးအေး ထပ်ပြောလိုက်သည်။

"လူကြီးမင်... လူကြီးမင်း ပြောတာကို ကျွန်တော်မျိုးတို့ နားမလည်ပါဘူး"

အစပိုင်းတွင် ထိုသူတောင်းစားနှစ်ယောက်၏မျက်လုံးများမှ တုန်လှုပ်ချောက်ချားရိပ်များ ထွက်ပေါ်လာပြီး ခဏအကြာတွင် သူတို့က အသည်းအသန် ငြင်းဆန်နေကြတော့သည်။

"မင်းတို့ နားမလည်ဘူးလား? ကောင်းပြီလေ၊ ရဲမက်တို့ လာကြစမ်း၊ သူတို့ကို နှိပ်စက်လိုက်ကြ။ သူတို့ ဒီညှဉ်းပန်းနှိပ်စက်တဲ့ ပစ္စည်းတွေ အားလုံးရဲ့အရသာကို အသေအချာ ခံစားမိအောင် လုပ်ပေးလိုက်”

စူးချင်းက ဝန်ကြီးချုပ်ဝမ်၏အရိုးများ မည်မျှ တောင့်တင်းသည်ကို မြင်ချင်နေမိသည်။ ထို့ကြောင့် သူမက အရိုးကွဲဆေးကို ချက်ချင်း မသုံးဘဲ စစ်ကြောရေးစားပွဲ၏နောက်တွင် အေးအေးဆေးဆေး ထိုင်နေကာ စစ်ကြောရေးပစ္စည်းများကြောင့် သူတို့ နာကျင်စွာ အော်ဟစ်နေသည်ကို အေးအေးဆေးဆေး ကြည့်ရှုနေခဲ့သည်။

ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာအစုံအလင်ကို အသုံးပြုပြီးနောက် ထိုလူနှစ်ယောက်က အရိုးများ ထုတ်ယူခံလိုက်ရသော ခွေးသေကောင်များကဲ့သို့ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူတို့၏ခန္ဓာကိုယ်များ သွေးနှင့် ချွေးများ ဖုံးလွှမ်းနေပြီး အသက်ရှင်ရန် ရုန်းကန်နေကြရသည်။ သို့သော်လည်း သူတို့က စကားတစ်ခွန်းမှ မပြောလာကြသေးပေ။

"သခင်မလေးစူး၊ မင်း အမှားလုပ်မိပြီလား?"

စစ်သည်ခေါင်းဆောင်က စတင်သဘောထားကွဲလွဲလာပြီ ဖြစ်သည်။ သာမန်လူများကို ညှဉ်းပန်းနှိပ်စက်ခြင်းအတွက် အပြစ်ရှိသည်ဟု သူ ခံစားနေရပြီး ထိုနှစ်ယောက်အတွက် အသနားခံရန် ရောက်လာခဲ့သည်။

“.....”

စူးချင်းက သူ့ကို ခပ်တည်တည် ပြန်စိုက်ကြည့်လိုက်ပြီး စစ်သည်ခေါင်းဆောင်က အလွန်ထိတ်လန့်သွားကာ ချက်ချင်း နောက်ပြန်ဆုတ်သွားခဲ့သည်။

သခင်မလေးစူးမှာ ပြင်းထန်တဲ့ ကိုယ်ရောင်ကိုယ်ဝါ ရှိတယ်။ သူမရဲ့အကြည့်တွေက ဖိနှိပ်နိုင်လွန်းပြီး ကြောက်စရာကောင်းလွန်းတယ်။ ဒါက အရမ်းကို သြဇာအာဏာကြီးမားတဲ့ အထက်လူကြီးတစ်ယောက်ရဲ့အကြည့်တွေဆိုတာကို ယုံမှားသံသယ ဖြစ်နေဖို့တောင် မလိုတော့ဘူး။

“မင်းတို့ရဲ့အရိုးတွေက တော်တော် မာတာပဲ၊ ကောင်းပြီလေ.... ဒါဆို ငါက မင်းတို့အတွက် ဆေးနှစ်လုံး ပေးမယ်!"

စူးချင်းက စစ်ကြောရေးစားပွဲ၏နောက်မှ မတ်တပ်ထရပ်လိုက်ပြီး လက်နှစ်ဖက်နောက်ပစ်ကာ သူတို့ဆီသို့ လျှောက်သွားလိုက်သည်။ သူမ၏တည်ငြိမ်သော အသံက လူနှစ်ယောက်ကို ကျောရိုးထိအောင် အေးစိမ့်သွားစေခဲ့သည်။ စူးချင်း၏ နက်မှောင်သော မျက်လုံးများက သူတို့ကို ချောက်နက်ကြီးထဲသို့ ကျသွားသလို ခံစားရစေပြီး သူမ၏စူးရှသည့်မျက်လုံးများကို ရင်ဆိုင်လိုက်ရချိန်တွင် နှစ်ယောက်သား တောင့်မခံနိုင်ဘဲ ဘောလုံးတစ်လုံးထဲသို့ ကျုံ့ဝင်ကွေးထားကာ သူတို့၏ပါးစပ်များကို ကာထားလိုက်ကြသည်။

သူတို့အပေါ် အသုံးပြုခဲ့သည့် နှိပ်စက်ကိရိယာများ အားလုံးထက် ဤဆေးနှစ်လုံးက ပိုကြောက်စရာကောင်းနေကြောင်း သူတို့၏ ပင်ကိုအသိစိတ်က သူတို့ကို ပြောပြနေခဲ့သည်။

“သူတို့ကို ဆေးတိုက်လိုက်”

စူးချင်းက ဆေးနှစ်လုံးကို စစ်သည်ခေါင်းဆောင်ထံ လွှဲပေးလိုက်သည်။ ဤလူငယ်လေးက စစ်ပွဲအတွင်း ရဲရင့်ပြီး အမြဲတမ်း ရှေ့သို့ အပြေးအလွှား တိုးဝင်တိုက်ခိုက်တက်သော်လည်း ယခုအချိန်တွင် သူ့၏အတွင်းစိတ်က အနည်းငယ် ပျော့ပျောင်းနေခဲ့သည်။

ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ သူ့စိတ်ထဲမှာ ဒီလူနှစ်ယောက်က သာမန်လူတွေလို့ ယုံကြည်နေတာလေ။ သာမန်ပြည်သူတွေကို မနှိပ်စက်ရဘူးဆိုတဲ့ အသိစိတ်က သူတို့ရဲ့အရိုးတွေထဲမှာ တံဆိပ်ရိုက်ထားသလို သူတို့ စွဲမြဲနေတဲ့ အလေ့အကျင့်ပဲ။

စစ်သည်ခေါင်းဆောင်က အနည်းငယ် သဘောထားကွဲလွဲနေခဲ့သော်လည်း သူတို့စစ်သူကြီး၏အမိန့်ကို သတိရသွားပြီး ဆေးကို လှမ်းယူကာ သူတောင်းစားနှစ်ယောက်ဆီသို့ လှမ်းသွားလိုက်သည်။

"ငါတို့ကို ချမ်းသာပေးပါ၊ ငါတို့ကို ညှာတာပေးပါ"

သူတောင်းစားနှစ်ယောက်က ကြောက်လန့်တကြား တွားသွားရင်း နောက်သို့ တဖြည်းဖြည်း ဆုတ်နေကာ အသံကျယ်ကျယ်ဖြင့် တောင်းပန်နေခဲ့သည်။ စစ်သည်ခေါင်းဆောင်က အံကြိတ်ကာ သူ့စိတ်ကို ထိန်းလိုက်ပြီး ထိုလူများ၏ပါးစပ်ကို ဖိညှစ်ပြီး ဆေးများကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

"အား... ဝူး... ဝူး!"

နှစ်ယောက်သား သူတို့ပါးစပ်ထဲတွင် ဆေးများ အရည်ပျော်ပြီး လည်ချောင်းမှတဆင့် ဗိုက်ထဲကို ထိုးကျသွားသလို ခံစားလိုက်ရသည်။ သူတို့က အလွန်ကြောက်လန့်သွားပြီး သူတို့၏လည်ချောင်းများကိုကိုင်ကာ အော့အန်လိုက်ကြသော်လည်း နောက်ဆုံးတွင် ဆေးကို ပြန်မထွေးနိုင်ခဲ့ပေ။

စူးချင်းက သူတို့ကို အေးတိအေးစက်သာ စိုက်ကြည့်နေခဲ့သည်။ သူမက သူမ၏ရန်သူများအပေါ် ရက်စက်ကြမ်းကြုတ်စွာသာ ပြုမူတက်ပြီး ရန်သူများအပေါ် သနားညှာတာခြင်းက သူမကို ဒုက္ခရောက်စေလိမ့်မည်။

ခဏတာအတွင်းမှာပင် ထိုသူတောင်းစားနှစ်ယောက်လုံး ပိုးတုံးလုံးများကဲ့သို့ မြေပြင်ပေါ်တွင် တွန့်လိမ်နေကြတော့သည်။ သူတို့၏ခန္ဓာကိုယ်အစိတ်အပိုင်းများ အားလုံးမှ သည်းမခံနိုင်သော ဝေဒနာကို သူတို့ ခံစားနေကြရသည်။ သူတို့၏ခန္ဓာကိုယ်ထဲမှ အရိုးများအားလုံး အပိုင်းပိုင်း ကွဲအက်သွားသလို ခံစားနေရပြီး သူတို့၏အရေပြားပင် ကွဲအက်တော့မည့်ဟု ထင်နေမိကြသည်။ သူတို့၏ အကြောများထဲတွင် မရေမတွက်နိုင်သော ပိုးကောင်များ ရှိနေပြီး သူတို့၏ခန္ဓာကိုယ်အတွင်း တွားသွားနေကာ သူတို့ကို ကိုက်ခဲနေသလို ခံစားနေကြရသည်။ ထိုနာကျင်မှုက ရိုးရိုးရှင်းရှင်း သည်းခံနိုင်မည့်အရာ မဟုတ်ပေ။

သူတို့နှစ်ဦး၏ခန္ဓာကိုယ်များက မြေပြင်ပေါ်တွင် အစွမ်းကုန် တွန့်လိမ်နေကြပြီး မြေပြင်ကို ကုတ်ခြစ်နေကြသည်။ နာကျင်မှုကြောင့် သူတို့၏မျက်လုံးများထဲမှ မျက်ဆံများ ထွက်ပေါ်လာတော့မယောင် ဖြစ်နေပြီး သူတို့၏မျက်နှာပြင်များက ဝက်အသည်းအရောင်သို့ ပြောင်းလဲသွားခဲ့သည်။

စူးချင်းက သူတို့ကို ငုံ့ကြည့်နေရင်း အချိန်ကို တိတ်တိတ်လေး ရေတွက်နေခဲ့သည်။ ထိုလူနှစ်ယောက်က သန်မာလွန်းပြီး တစ်မိနစ်လောက်အထိ တောင့်ခံနိုင်ကြသည်။

"ငါ ပြောမယ်... ငါ အားလုံး ပြောပြပါ့မယ်"

နှစ်ယောက်သား သေသည်ထက် ဆိုးဝါးသော ဝေဒနာကို ခံစားနေကြရပြီး သည်းမခံနိုင်တော့ဘဲ သေချင်နေကြပြီ ဖြစ်သည်။ နောက်ဆုံးတော့တွင် သူတို့ လုံးဝ သည်းမခံနိုင်တော့ဘဲ လက်မြှောက်အရှုံးပေးလိုက်ကြရတော့သည်။

စူးချင်းက ‌မော့ချန်တွင် ချန်ယွိအတွက် ဝန်ကြီးချုပ်ဝမ်၏သူလျှိုကို ရှာဖွေပေးရန် ကူညီပေးနေစဉ်တွင် ကျိရွှေရှန့်နှင့် ယန်ကျစ်တို့က ကလေးငယ်အား ကယ်တင်ရန် ကျင့်ချန်သို့ သွားနေခဲ့ကြသည်။

ကလေးများက အန်းမိသားစုစစ်တပ်၏စခန်းတွင် ရှိနေသော်လည်း သူတို့ အပြည့်အဝ လုံခြုံနေသည်ဟုတော့ မဆိုလိုနိုင်ပေ။

မူလတွင် ကျိရွှေရှန့်က ထိုကလေးများကို မထိခိုက်စေရန်နှင့် ဝမ်မိသားစုကို နှိမ့်ချရန် အန်းမိသားစုကို အသုံးချနိုင်မည်ဟု တွေးထားခဲ့သည်။

သို့သော် ယခု သူ စဉ်းစားကြည့်လိုက်ရာ လျှို့ဝှက်အန္တရာယ်တစ်ခု ရှိနေကြောင်း သတိပြုမိသွားခဲ့သည်။

အန်းမိသားစုက ဧကရာဇ်ကို အစီရင်ခံပြီး ဧကရာဇ်က ဝမ်မိသားစုကို အပြစ်ပေးချင်ရင်တောင် ဝမ်မိသားစုက လက်နက်ချနိုင်ပါ့မလား?

ဒီကိစ္စကို ဖော်ထုတ်ခံလိုက်ရရင် ဝမ်မိသားစုက သက်သေမကျန်အောင် လမ်းကနေ ဟန့်တာပြီး ကလေးတွေကို ရက်ရက်စက်စက်သတ်လိုက်တာကြောင့် ကလေးတွေက ဘာသဲလွန်စမရှိဘဲ ပျောက်သွားလိမ့်မယ်။ ကလေးတွေက အန်းမိသားစုနဲ့ ဝမ်မိသားစုကြားက တိုက်ပွဲမှာ သားကောင်လေးတွေ ဖြစ်သွားကြလိမ့်မယ်။

လမ်းတစ်လျှောက်တွင် ကျိရွှေရှန့်တစ်ယောက် စိုးရိမ်စိတ်ဖြင့် ပူလောင်နေခဲ့သည်။

ကလေးတွေ မြို့တော်ကို မရောက်ခင် သူတို့ အချိန်မီ လိုက်သွားနိုင်သရွေ့တော့ အစ်ကိုယန်နဲ့ သူ့ညီအစ်ကိုတွေရဲ့ အကူအညီနဲ့ဆိုရင် ကလေးတွေကို ဘေးဘေးကင်းနဲ့ ကယ်တင်နိုင်လိမ့်မယ်။

သူတို့ ကျင့်ချန်သို့ ရောက်သွားချိန်တွင် ကောင်းကင်က မည်းမှောင်နေပြီဖြစ်သည်။ ကျိရွှေရှန့်က လှည်းပေါ်မှ ဆင်းလာပြီး ယန်ကျစ်ကို လှမ်းပြောလိုက်သည်။

"အစ်ကိုယန်၊ ကလေးတွေရဲ့တည်နေရာ အတိအကျကို ရှာဖို့ မြိုစောင့်တပ်စစ်စခန်းကို အရင် သွားရမယ်၊ ခင်ဗျားတို့က ကျွန်တော်ကို အပြင်မှာ ခဏစောင့်နေပေးဦး"

"ငါတို့ တယောက်ကို တယောက် ကူညီနိုင်ဖို့ ငါ မင်းနဲ့အတူ လိုက်ခဲ့မယ်"

ယန်ကျစ်က စိတ်ပူနေခဲ့သည်။

အစောင့်အကြပ်ထူထပ်တဲ့ စစ်စခန်းထဲကို ရွှေရှန့် တစ်ယောက်တည်း ဝင်သွားပြီး အန္တရာယ်ရှိလာရင် သူ့ကို ကူညီမယ့်သူ ဘယ်သူမှ ရှိတော့မှာ မဟုတ်ဘူး။

“ကျွန်တော်တို့ လူများလေ၊ ပိုသိသာလေ ဖြစ်သွားလိမ့်မယ်၊ အပြင်ကပဲ စိတ်ချလက်ချ စောင့်နေလိုက်ပါ”

ကျိရွှေရှန့်က သဘောမတူခဲ့ပေ။ သူ တစ်ယောက်တည်း လွတ်လွတ်လပ်လပ် ဝင်ထွက်သွားလာနိုင်မည်ဟု သူ့ကိုယ်သူ ယုံကြည်သော်လည်း ယန်ကျစ်ကို ခေါ်ဆောင်သွားပါက သေချာပေါက် လုံခြုံမည်ဟု သူ အာမမခံနိုင်ပေ။ ထို့အပြင် လူနှစ်ဦးဖြစ်လာလျှင် ကြီးမားသောပစ်မှတ် ဖြစ်လာပြီး အလွယ်တကူ ရှာဖွေတွေ့ရှိခံရမည် ဖြစ်သည်။

"ကောင်းပြီလေ၊ မင်း သေသေချာချာ သတိထားရမယ်"

ယန်ကျစ်က သဘောတူလိုက်ပြီး ကျိရွှေရှန့်ကို ဂရုစိုက်ရန် သတိပေးရုံမှတပါး သူ ဘာမှ မတက်နိုင်တော့ပေ။

အန်းမိသားစု၏စစ်စခန်းက လုံခြုံရေး တင်းကြပ်ပုံပေါက်သော်လည်း လစ်ဟာနေသည့်နေရာများ ရှိနေသေးသည်။ သူတို့၏စစ်စည်းကမ်းက မတင်းကျပ်ပေ။ အစောင့်များ အများအပြား ရှိနေသော်လည်း အားလုံးက လျော့တိလျောရဲနှင့် စကားစမြည်ပြောဖို့သာ အာရုံစိုက်နေကြသည်။ သူတို့က သူတို့၏အလုပ်အပေါ် တာဝန်သိစိတ် မရှိကြပေ။

ကျိရွှေရှန့်က စစ်စခန်းထဲသို့ ခိုးဝင်ရန် အခွင့်အရေးတစ်ခု ရှာတွေ့သွားခဲ့ပြီး သူက သူမှတ်မိနေသေးသည့် ကလေးများနေထိုင်ရာ တဲဆီသို့ တည့်တည့်သွားလိုက်သည်။ လှည့်ကင်းတစ်ဖွဲ့ ထွက်ခွာသွားပြီးနောက်တွင် ကျိရွှေရှန့်က ထိုတဲထဲသို့ ခိုးဝင်သွားခဲ့သည်။ သူ တဲထဲသို့ ဝင်လိုက်သည်နှင့် ထောင်ချောက်တစ်ခုကို နင်းမိသွားပြီး တွင်းထဲသို့ ရုတ်တရတ် ပြုတ်ကျသွားခဲ့သည်။

All Chapters