← Chapters

ဖိတ်ကြားမထားတဲ့ ဧည့်သည်တွေ (အပိုင်း ၃)

Vol. 20 Ch. 288

ဖိတ်ကြားမထားတဲ့ ဧည့်သည်တွေ (အပိုင်း ၃)

Vol. 20 Ch. 288

"ဟမ့် ချန်ယွိ၊ ဝန်ကြီးချုပ်က မြို့တော်မှာ ရှိနေလို့ မော့ချန်အကြောင်းကို မသိဘူးလို့ မင်း မထင်လိုက်နဲ့၊ လူသတ်လက်နက်ကြီးကို လုပ်တဲ့သူက မထွက်သွားဘဲ မော့ချန်မှာ အခြေချနေထိုင်နေတာကို ငါတို့ သိပြီးသား။ မင်း ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ဝန်ကြီးချုပ်ရဲ့လက်အောက်ကို ခိုလှုံဖို့ ငါ အကြံပေးချင်တယ်”

အခန်းတွင်းရှိ အစိမ်းရောင်ဘရိုကိတ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချန်ယွိကို ညို့မှိုင်းမှိုင်းမျက်နှာဖြင့် စိုက်ကြည့်နေရင်း သူ့လက်ချောင်းများက သူ့လက်မပေါ်ရှိ ကျောက်စိမ်းလက်စွပ်ကို ဆက်တိုက် ပွတ်သပ်နေခဲ့သည်။

ချန်ယွိက ကုလားထိုင်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး ရန်လိုမှုများ၊ မောက်မာမှုများ မရှိသလို နှိမ်ချခြင်းလည်း မရှိသည့်ပုံစံဖြင့် ငြင်းဆန်နေခဲ့သည်။

“ဒီချန်မျိုးရိုးက နယ်စပ်ဒေသတွေမှာ နေထိုင်ရတာကို ကျင့်သားရနေပြီး ဒီလူရဲ့ ပင်ကိုယ်စရိုက်ကလည်း ကြမ်းတမ်းလွန်းပါတယ်၊ ဝန်ကြီးချုပ်ရဲ့ မျက်နှာသာပေးမှုနဲ့ မထိုက်တန်ပါဘူး။ ပြီးတော့ လူသတ်လက်နက်ကြီးကို လုပ်တဲ့သူကလည်း ထွက်သွားပြီးပါပြီ၊ အကြီးအကဲကျူးက ကျုပ်ကို မယုံရင်တောင် ကျုပ် ဘာမှ လုပ်ပေးလို့ မရတော့ဘူး”

“ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းကောင်းတယ်….”

“လူသတ်လက်နက်ကြီးတွေကို လုပ်တဲ့သူက အစိုးရရုံးတော်မှာ နေထိုင်ခဲ့တဲ့သူတွေပဲ မဟုတ်ဘူးလား? မင်းက ငါမသိဘူးလို့ ထင်နေတာလား?"

အကြီးအကဲကျူးက 'ကောင်းတယ်' ဟု သုံးကြိမ်ဆက်တိုက် ပြောပြီးမှ ရက်စက်သော အပြုံးကို ထုတ်ဖော်လိုက်သည်။ ထို့နောက် သူက “ကြင်နာမှုကို ဘယ်လိုတန်ဖိုးထားရမှန်း မသိတဲ့အတွက် မင်းရဲ့ဆရာ ဘာဖြစ်သွားလဲဆိုတာ မင်း တွေးကြည့်စမ်းပါ။ ဝန်ကြီးချုပ်က မင်းကို စိတ်ပျက်သွားရင် မင်းကို မြင်းငါးကောင်နဲ့ ဆွဲစေပြီး အပိုင်းပိုင်း ဖြတ်ပစ်မယ်၊ စစ်သည်တို့ ဝင်လာကြစမ်း၊ ဒီသစ္စာဖောက်ချန်ယွိကို ဖမ်းလိုက်ကြ"

ထိုလူ၏အမိန့်သံကို ကြားသည်နှင့် အပြင်မှ စစ်သည်များက အိမ်ထဲသို့ ပြေးဝင်လာကြသည်။ ချန်ယွိက လက်နက်ချရန် ငြင်းဆန်နေပြီး သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်နေခဲ့သည်။

သို့သော် အခြားတစ်ဖက်တွင် လူဒါဇင်ပေါင်းများစွာ ရှိနေသော်လည်း သူက တစ်ယောက်တည်း ပြန်ခုခံနေခဲ့ရသည်။ ထို့အပြင် ချန်ယွိက လက်နက်မဲ့ဖြစ်ပြီး တစ်ဖက်လူများက လက်နက်များ ကိုင်ဆောင်ထားသည်။ ရလဒ်က မေးရန် မလိုအောင်ပင် သေချာနေပြီး ချန်ယွိ အရေးနိမ့်နေကာ သူ့၏ခန္ဓာကိုယ်တွင် နေရာတော်တော်များများ ဒဏ်ရာရထားပြီး ဖြစ်ကာ သူ့အဝတ်အစားများတွင် အနီရောင်သွေးများ ရွှဲနစ်နေပြီ ဖြစ်သည်။

ချန်ယွိက ခုခံနေကို မြင်လိုက်ရသောကြောင့် အကြီးအကဲကျူးက လက်နောက်ပစ်ရင်း မောက်မာစွာ အမိန့်ပေးလိုက်သည်။

"သူခိုးချန်က ခုခံနေတယ်၊ သူကို ကရုဏာမထားဘဲ သတ်ပစ်လိုက်ကြတော့"

သူ အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် အစည်းအဝေးခန်း၏အပေါ်မှ ခေါင်မိုးကြွေပြားများ ရိုက်ချိုးခံလိုက်ရပြီး အိမ်ခေါင်မိုးပေါ်မှ မြှားတစ်စင်းက လေတိုးသံနှင့်အတူ သူ့ဆီသို့ ပြေးဝင်လာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် စစ်သည်အချို့ ရောက်လာပြီး အကြီးအကဲကို အချိန်မှီကယ်တင်နိုင်ခဲ့သည်။

စူးချင်းက ခေါင်မိုးပေါ်မှ ချက်ချင်း ပြန်ခုန်မဆင်းသွားခဲ့ပေ။ သူမက ဒူးလေးကို ထုတ်ယူလိုက်ပြီး ပထမဆုံးတစ်ကြိမ်စတင် ပစ်ခတ်လိုက်သည်။ သူမက အမြင်တွင် ရှိနေပြီး အခန်းက ကျဉ်းမြောင်းနေသောကြောင့် ချန်ယွိကို အပြင်းအထန် တိုက်ခဲ့နေခဲ့သည့် စစ်သည်များအားလုံး ဝရုန်းသုန်းကားဖြစ်အောင် ပစ်ခတ်ခံနေရတော့သည်။

ဘဏ္ဍာစိုးကျူးက အလွန်ကြောက်လန့်နေပြီး စားပွဲအောက်တွင် ဝင်ပုန်းနေကာ လုံးဝ ထွက်မလာရဲပေ။ သူက စားပွဲအောက်မှ အော်ဟစ်အမိန့်ပေးနေခဲ့သည်။

“စစ်သည်တို့၊ ခေါင်မိုးပေါ်က လူကို ဖမ်းကြစမ်း”

အခန်းအပြင်တွင် စစ်သည်များ ကျန်ရှိနေပြီး ဘဏ္ဍာစိုးကြီး၏အမိန့်ကို ကြားလိုက်ချိန်တွင် သူတို့က စူးချင်းကို ဖမ်းရန် ခေါင်မိုးပေါ်သို့ ခုန်တက်သွားကြသည်။ သို့သော်လည်း စူးချင်းက သူမကိုယ်သူမ မည်သို့မျှ အဖမ်းခံရစေမည် မဟုတ်ပေ။

ခေါင်မိုးပေါ်တွင် ရပ်နေသည့် စူးချင်းက သူတို့ဆီသို့ မြှားတစ်စင်းသာ ပစ်လွှတ်လိုက်သည်။ အကွာအဝေးက နီးကပ်လွန်းနေသည့်အပြင် စူးချင်း၏ပစ်ချက်များက အမြဲတမ်း တိကျနေတက်သောကြောင့် သူမက ရှေ့ဆုံးမှ တက်လာသည့် တစ်ယောက်ကို ချက်ချင်း ပစ်သတ်နိုင်ခဲ့သည်။ သူ့နောက်မှ ခုန်တက်လာသည့် လူနှစ်ယောက်ကလည်း အလားတူ ရလဒ်ကို ရင်ဆိုင်လိုက်ရပြီး နှစ်ဦးလုံးအတွဲလိုက် ပစ်သတ်ခံလိုက်ရသည်။

ထိုအချိန်အတောအတွင်းတွင် စူးချင်းက အိမ်ထဲသို့ မြှားနှစ်စင်း ပစ်လွှတ်ရန်ပင် အချိန်ရခဲ့သေးသည်။ စနစ်အတွင်းရှိ ရှောင်ချီကလည်း မြှားခေါင်းများပေါ်တွင် အဆိပ်များ သုတ်လိမ်းရင်း အလုပ်ရှုပ်နေလေသည်။ သူမ၏ သခင်ထံတွင် အဆိပ်လူးမြှားများ အလုံအလောက်ရှိနေရန် သူမက သူမ အဆိပ်သုတ်လိမ်းပြီးသောမြှားများကို သခင်၏မြှားကျည်တောက်ထဲသို့ တိုက်ရိုက် ပို့ပေးနေခဲ့သည်။

ထိုအဆိပ်ပြင်းသော မြှားများဖြင့် ထိမှန်ခံရသူတိုင်းက သွေးထွက်ရုံဖြင့် သေဆုံးသံားကြသည်။ မြှားဖြင့် အပစ်ခံရသူတိုင်း မျက်နှာများ ချက်ချင်း ဖြူဖျော့သွားပြီး အကြောဆွဲကာ တွန့်လိမ်ကောက်ကွေးရင်း သေဆုံးသွားသည်ကို တွေ့လိုက်ရသောကောင့် မသေသေးဘဲ ကျန်နေသည့် စစ်သည်များလည်း ကြောက်လန့်လာကြသည်။

ဒီအဆိပ်က ပြင်းလွန်းတယ်။ မသေခင်မှာ အဆိပ်ဖြေဆေးသောက်ဖို့ အချိန်‌လေးတောင် မရှိဘူး။

စူးချင်း၏အကူအညီရသွားသောကြောင့် ချန်ယွိက အတောင်ရှိသည့် ကျားတစ်ကောင် ဖြစ်သွားခဲ့သည်။ သူက ကြမ်းပြင်ပေါ်ရှိ ဓားတစ်ချောင်းကို သူ့ခြေဖျားဖြင့် ခတ်တင်လိုက်ပြီး သူ့လက်ဖြင့် ဖမ်းယူကာ သူ့‌ရှေ့မှ လူကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။

သူက စစ်မြေပြင်တွင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူဖြစ်ပြီး တိုက်ပွဲပေါင်းများစွာတွင် သူ့အသက်ကို ကြိုးတန်းပေါ်တင်ကာ ‌ရှေ့တန်းနေရာသို့ စွန်းစွန်းတမံ တိုးဝင်လာခဲ့သူ ဖြစ်သည်။ ဘဏ္ဍာစိုးခေါင်းဆောင်ကျူးက ခေါ်ဆောင်လာသည့် စစ်သည်များက လူအင်အား များပြားသော်လည်း ချန်ယွိကို တိုက်ခိုက်နေရင်း စူးချင်း၏မြှားများကို ရှောင်တိမ်းနေရသောကြောင့် သိပ်မကြာခင်မှာပင် သူတို့ဘက်မှ ပြန်အရေးနိမ့်လာခဲ့သည်။

ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကက စားပွဲအောက်တွင် ပုန်းနေရင်း အံသြတကြီး အံ့ကြိတ်ထားမိသည်။

သူ သတိလက်လွတ် ဖြစ်သွားခဲ့တယ်။ ချန်ယွိရဲ့လက်အောက်ငယ်သားတွေကို မောင်းထုတ်လိုက်ရင် အားလုံးအဆင်ပြေသွားမယ်လို့ သူ ထင်ထားခဲ့တာလေ။ လူလေးဆယ်ကျော်နဲ့ ချန်ယွိတစ်ယောက်တည်းကို မသတ်နိုင်ဘူးဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒါပေမယ့် နောက်ဆုံးမှာ သေမင်းနတ်ဘုရားမတစ်ပါး ဆင်းသက်လာတယ်။ အဓိက ပြသနာက သူမက ခေါင်မိုးပေါ်မှာ ရပ်နေပြီး သူမဆီကနေ ဘယ်သူမှ ဖုံးကွယ်နေဖို့ မဖြစ်နိုင်ဘူး။ ပြီးတော့ သူမရဲ့မြှားတွေက အဆိပ်ပြင်းလွန်းနေပြီး သူမအနီးကို ချဉ်းကပ်သွားတဲ့သူတိုင်း သေနေကြတယ်။

သူ့၏အသက်အန္တရာယ် ထိခိုက်တော့မည်ကို မြင်လိုက်ချိန်တွင် ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကက ထွက်ပြေးရန် စိတ်ကူးလိုက်တော့သည်။ ထိုသို့မဟုတ်ဘဲ ထိုအမျိုးသမီးအား နောက်တစ်ကြိမ် ပစ်ခွင့်ပေးခဲ့လျှင် သူတို့အားလုံး ပျောက်ကွယ်သွားပေလိမ့်မည်။

"ငါ့ကို ကာကွယ်ပေးပြီး မြန်မြန် ပြန်ဆုတ်ကြ”

သူက မော့ချန်မှ ဦးစွာ ထွက်ခွာသွားပြီး ဝန်ကြီးချုပ်ထံ သတင်းပို့ကာ မော့ချန်ကို နှိမ်နင်းရန် အကြီးဆုံးသခင်လေး၏တပ်များကို အကူအညီတောင်းမည်ဟု ဆုံးဖြတ်လိုက်သည်။

သို့သော် စူးချင်းထံတွင် သူတို့ကို မော့ချန်မှ အသက်ရှင်လျက်ပြန်လွှတ်ပေးရန် ရည်ရွယ်ချက် မရှိတော့ပေ။

ကျားကို တောင်ပေါ်ပြန်တက်ခွင့် ပြုလိုက်ရင် နောင်အနာဂတ်အတွက် ဒုက္ခတွေကို ချန်ထားမိမှာ မဟုတ်ဘူးလား?

စူးချင်း၏မြှားကျည်တောက်ထဲမှ မြှားအရေအတွက်က အကန့်အသတ် ရှိမည်ဟု ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကက သတ်မှတ်ထားခဲ့သည်။

အများအားဖြင့်တော့ မြှားကျည်တောက်တစ်ခုမှာ အများဆုံး မြှားအချောင်းနှစ်ဆယ်လောက်ပဲ ရှိတယ်၊ သူမ အဲ့တာတွေကို အကုန်ပစ်ပြီးတာနဲ့ သူတို့ ထွက်ပြေးလို့ရပြီ။

သို့သော် ယခုတကြိမ်တွင်လည်း သူ၏တွက်ချက်မှု မှားယွင်းနေခဲ့ပြီး ရှောင်ချီ၏အစွမ်းကြောင့် စူးချင်းထံတွင် အဆုံးမဲ့မြှားများ ရှိနေသည်ကို သူ စိတ်ကူးနှင့်ပင် တွေးကြည့်နိုင်ခဲ့မည် မဟုတ်ပေ။

ဤမြှားများအားလုံးကို စနစ်ထဲမှ ရှောင်ချီ ပြုလုပ်ထားခြင်း ဖြစ်ပြီး သူမ၏သခင် ဒူးလေးများ စတင်ပြလုပ်ပြီးကတည်းက သူမက သူမ၏သခင်အတွက် မြှားများ စတင်ပြုလုပ်ပေးခဲ့သည်။ မြှားများ ရာပေါင်းများစွာ ရှိနေသည်ကို သူမ၏သခင်အား သူမ မပြောရဲခဲ့ပေ။

အကယ်၍ တစ်စုံတစ်ယောက်က ရုံးတော်ဝန်းအပြင်သို့ ထွက်ပြေးရန် ကြိုးစားနေသရွေ့ စူးချင်းက ထိုလူ့ကို အသေပစ်သတ်မည် ဖြစ်သည်။ နောက်ပိုင်းတွင် ရှောင်ချီလည်း ပြေးထွက်လာပြီး ခြံတံခါးကို စောင့်ကြပ်နေခဲ့သည်။ တံခါးဝသို့ ပြေးလာသူတိုင်း သူမ၏ထိပ်တန်း လှည့်ပတ်ခြင်းနည်းပညာဖြင့် ဝင်တိုက်မိကာ လဲကျသွားစေရန် သူမ၏ ခန္ဓာကိုယ်တုတ်တုတ်လေးကို အသုံးပြုမည် ဖြစ်သည်။ သူမ၏ ထိုနည်းလမ်းက လူတစ်သောင်းကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိသည်။

ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကက စူးချင်း၏မြှားများကို ပိတ်ဆို့ကာကွယ်ရန် စားပွဲခုံကို သူ့ခေါင်းပေါ် တင်ထားပြီး တံခါးအပြင်ဘက်သို့ ပြေးထွက်လာခဲ့သည်။ နောက်ဆုံးတွင် သူက အိမ်ထဲမှ ထွက်ခွာလာနိုင်ခဲ့သည်။ သို့သော်လည်း ရှောင်ချီက တံခါးကို ပိတ်ဆို့ထားပြီး ခွေးကို ‌ချောင်ပိတ်ရိုက်မည့်အမူအရာဖြင့် တံခါးနားတွင် ရှိနေဲဖြစ်သည်။

ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကကတော့ ရူးသွပ်လုနီးပါး ကြောက်လန့်နေလေသည်။

သေမင်းနတ်ဘုရားမကတောင် ကိုင်တွယ်ဖို့ ခက်ခဲနေပြီလေ၊ ဘာလို့ နောက်ထပ် မှင်စာလေးတစ်ကောင် ရောက်လာရတာလဲ?

စူးချင်းက မြားတစ်စင်းပြီး တစ်စင်းကို အရှိန်ပြင်းပြင်းဖြင့် ပစ်လွှတ်နေပြီး သူမက အိမ်ခေါင်မိုးပေါ်တွင် ရပ်နေသောကြောင့် ချန်ယွိ၏ လက်အောက်မှ စစ်သည်များက သူမ မြှားများ ပစ်လွှတ်နေသည်ကို တွေ့မြင်သွားကြသည်။

"မကောင်းတော့ဘူး၊ တစ်ခုခု ဖြစ်သွားပြီ"

ဤစစ်သည်များအားလုံးက စစ်သူကြီးရှောင်းဟမ်လက်ထက်ကတည်းက စစ်သည်ဟောင်းကြီးများ ဖြစ်ကြသည်။ သူတို့အားလုံးက နန်းတွင်းနှင့် တော်ဝင်ရုံးတော်အပေါ် မကျေနပ်သူများဖြစ်ပြီး မသိမသာ ဆန့်ကျင်ခဲ့ကြသည်။ ဘဏ္ဍာစိုးခေါင်းဆောင်ကျူးက ရောက်ရှိလာသည်နှင့်တပြိုင်နက် ထိုလူက သူတို့အားလုံးကို မောင်းထုတ်လိုက်သောကြောင့် လူတိုင်းက သံသယဖြစ်နေခဲ့ကြသည်။ ထို့ကြောင့် သူတို့က ဝေးဝေးမသွားဘဲ စီရင်စုရုံးတော်၏အနီးပတ်ဝန်းကျင်တွင်သာ ပုန်းခို စောင့်ဆိုင်းနေခဲ့ကြသည်။

စူးချင်းတစ်ယောက် ရုံးတော်ခေါင်မိုးပေါ်တွင် ရပ်နေပြီး အထဲသို့ မြှားများပစ်လွှတ်နေသည်ကို မြင်လိုက်သည်နှင့် ထိုစစ်သည်ဟောင်းများက ချန်ယွိ အန္တရာယ်ရှိနေကြောင်း ချက်ချင်း သဘောပေါက်သွားကြသည်။ သူတို့အားလုံးက ချက်ချင်း တုံ့ပြန်လိုက်ပြပြီး သူတို့၏လက်နက်များကို ဆွဲထုတ်ကာ စီရင်စုရုံးတော်ဆီသို့ ပြေးလာကြတော့သည်။

ထိုစစ်သည်များ အပြေးအလွှား ဝင်ရောက်လာသည်ကို မြင်လိုက်ချိန်တွင် ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကက သူ၏ကယ်တင်ရှင်ကို မြင်လိုက်ရပုံဖြင့် စားပွဲခုံ၏အကာအကွယ်ကို ယူထားရင်း အော်ဟစ်လိုက်သည်။

"ချန်ယွိက ပုန်ကန်နေပြီ၊ သူ့ကို ဖမ်းမိတဲ့သူကို အဆင့်သုံးဆင့် ရာထူးတိုးပေးပြီး လျန်ငွေတထောင် ချီးမြှင့်မယ်”

သူ့၏ ကိုယ်ပိုင်အတွေးအခေါ်အရ ရဲရင့်သောအမျိုးသားများက ကြွယ်ဝသည့် ချီးမြှင့်မှုအောက်တွင် ရပ်တည်ကြသည်။ သို့သော် ရှောင်းဟမ်၏စစ်သည်များကို အာဏာဖြင့် မနှိမ့်ချနိုင်သလို စည်းစိမ်ဥစ္စာဖြင့်လည်း မဆွဲဆောင်နိုင် ဖြစ်လိမ့်မည်ဟုတော့ သူ မမျှော်လင့်ထားခဲ့ပေ။

သူတို့ကို ငွေကြေးနဲ့ ရာထူးကတောင် မသိမ်းသွင်းနိုင်ဘူးတဲ့လား?

အကျိုးဆက်အနေဖြင့် သူ့စကားက လူတိုင်းကို ဒေါသထွက်စေခဲ့သည်။ သူတို့က တစ်ချိန်က သူတို့စစ်သူကြီး၏ ကြေကွဲဖွယ်သေခြင်းကိုသာ တွေးတောနေကြပြီး ကျူးမျိုးရိုး၏စကားများကို ဂရုမစိုက်နိုင်ကြတော့ပေ။ သူတို့က ရှေ့သို့ ပြေးလာကြပြီး ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကကို ဖမ်းချုပ်ကာ မြေကြီးပေါ်တွင် ဖိနှိပ်ထားရင်း ခုတ်ပိုင်းလိုက်ကြသည်။

​​သူမတို့ဘက်မှလူများ ပြေးဝင်လာသည့်အတွက် စူးချင်းက လူမှားမပစ်မိစေရန် သူမ၏မြှားများကို ထပ်မပစ်တော့ပေ။ သို့သော်လည်း သူမက စစ်တပ်ကြီးသုံးတပ်ကို ကွပ်ကဲသော စစ်သူကြီးတစ်ဦးကဲ့သို့ ခေါင်မိုးပေါ်တွင် ခန့်ထည်စွာ ရပ်နေကာ အမိန့်ပေးလိုက်သည်။

"ဘယ်သူ့ကိုမှ အသက်ရှင်လျက် ထွက်မသွားစေနဲ့"

စူးချင်းက အိမ်ခေါင်မိုးပေါ်တွင် ရပ်နေပြီး သူမ၏ နူးညံ့ပုံရသည့် သွယ်လျလျ ခန္ဓာကိုယ်လေးမှ အဆုံးမရှိသော ခွန်အားများ လျှံထွက်နေပုံရသည်။ စစ်သည်တိုင်းက သူမ၏အမိန့်ကို ချွင်းချက်မရှိ လိုက်နာကြသည်။

အစပိုင်းတွင် ဝန်ကြီးချုပ်ဝမ်၏စစ်သည်များက အသက်ရှင်ရန် ကြိုးစားရုန်းကန်ခုခံနေခဲ့ကြသော်လည်း ‌နောက်ဆုံးတွင် ဒေါသများ လွှမ်းမိုးနေသည့် ရှောင်းမိသားစုစစ်တပ်မှ စစ်သည်များက သူတို့ကို ခဏတာအတွင်း သတ်ပစ်ခဲ့ကြသည်။

မည်သူမျှ မလွတ်သွားသည်ကို မြင်လိုက်ရမှ စူးချင်းက ခေါင်မိုးပေါ်မှ ခုန်ဆင်းကာ ချန်ယွိ၏ဒဏ်ရာကို ပတ်တီးစည်းပေးရန် ဆေးအချို့ကို ထုတ်ယူလိုက်သည်။

ထိုစစ်သူကြီးအိုကြီးက အလွန်သန်မာနေဆဲဖြစ်သည်။ သူ့၏ခန္ဓာကိုယ်တွင် သွေးများစိုရွှဲနေသော်လည်း သူက လုံးဝ မညည်းညူဘဲ ထင်းရှူးပင်ကဲ့သို့ တည့်မတ်စွာ ထိုင်နေကာ သူ့အမူအရာကလည်း စိုးစိမျှ ပြောင်းလဲမသွားခဲ့ပေ။

စူးချင်းက ချန်ယွိကို သဘောကျနေခဲ့သည်။

သူလိုလူကပဲ စစ်သည်လို့ ခေါ်ထိုက်တယ်။

စူးချင်းက ချန်ယွိ၏ဒဏ်ရာများကို ဆေးကြောသန့်စင်ပြီး ဆေးလိမ်းပေးလိုက်ကာ ပတ်တီးစည်းပေးလိုက်သည်။ သူမက အလျင်အမြန် လှုပ်ရှားခဲ့ပြီး ချန်ယွိ၏နာကျင်မှုကို လျှော့ချပေးနိုင်ရန် အကောင်းဆုံး ကြိုးစားပေးခဲ့သည်။

ချန်ယွိ၏မျက်လုံးများတွင် စိုးရိမ်ပူပန်စိတ်များ ရှိနေပုံရကာ သူက သူ့မျက်ခုံးထူထူများကို အလွန်အမင်း စုကျုံထားခဲ့သည်။ သူက သူ့ဒဏ်ရာများကို ဂရုစိုက်နေခြင်း မဟုတ်ဘဲ သူ့၏သခင်လေးနှင့် စူးချင်းတို့၏ လုံခြုံရေးအတွက် စိတ်ပူနေခြင်းပင်။

“သခင်မလေးစူး၊ ဝန်ကြီးချုပ်ဝမ်က လူသတ်လက်နက်ကြီးတွေ ရှိနေတာကို သိသွားပြီ။ သူ့ရဲ့ပင်ကိုယ်စရိုက်အရတော့ သူက အဲ့လက်နက်‌တွေကို မရမချင်း ရပ်တန့်မှာ မဟုတ်ဘူး။ မင်းနဲ့ သခင်းလေးတို့အတွက် မော့ချန်က အန္တရာယ်ရှိတဲ့ အခြေအနေကို ဖြစ်စေလိမ့်မယ်”

“ဒီတခေါက် ငါတို့က ဘဏ္ဍာစိုးခေါင်းဆောင်ကျူးကို သတ်လိုက်ပေမယ့် နောက်လာမယ့်သူက ဝမ်မိသားစုစစ်တပ်တောင် ဖြစ်လာနိုင်တယ်။ သူတို့က တိုက်ခိုက်ရေး အတွေ့အကြုံမရှိတဲ့ မြို့တော်က စစ်သည်တွေလို မဟုတ်ကြဘူး။ သူတို့ကို တန်ခိုးရှင်တွေလို့တောင် တင်စားကြပြီး သူတို့ ဘယ်သွားသွား ဘယ်သူ့မှ အသက်ရှင်လျက် ကျန်မနေနိုင်ကြဘူး။ မင်းနဲ့ သခင်လေး စောစောထွက်သွားပြီး ရန်သူကို ရှောင်တိမ်းမယ်ဆိုရင်ရော ဘယ်လိုလဲ?"

စူးချင်းက ချန်ယွိ၏ ဒဏ်ရာကို ပတ်တီးစည်းပေးနေခဲ့ပြီး သူ့စကားကို ကြားလိုက်ချိန်တွင် သူမ၏လက်များကို ရပ်တန့်လိုက်သည်။ ထို့နောက် သူမ၏မျက်လုံးများတွင် ဝမ်မိသားစုစစ်တပ်အပေါ် အထင်အမြင်သေးနေသည့် အရိပ်အယောင်များ တောက်ပနေခဲ့ပြီး ယုံကြည်မှုအပြည့်ဖြင့် တုံ့ပြန်လိုက်သည်။

"ကျွန်မတို့ အဲ့ကျူးမျိုးရိုးကို သတ်လိုက်ပြီလို့ သူတို့ မသိသေးရင် သူတို့ ဘာ ဆက်လုပ်မယ်ထင်လဲ? သူတို့ မော့ချန်ကို တိုက်ခိုက်ဖို့ စစ်တပ်ကို စည်းရုံးနိုင်ပါဦးမလား?”

All Chapters