← Chapters

တစ်လမ်းလုံး လိုက်သွားကြခြင်း

Vol. 20 Ch. 291

တစ်လမ်းလုံး လိုက်သွားကြခြင်း

Vol. 20 Ch. 291

ထောင်ချောက်ထဲတွင် ချွန်ထက်သောဝါးများ ပြည့်နေပြီး ထိုအထဲသို့ ပြုတ်ကျသွားပါက အူများထဲအထိ ထိုးဖောက်ခံရပေလိမ့်မည်။ သို့သော် ကျိရွှေရှန့်က အလျင်အမြန် တုံ့ပြန်နိုင်ခဲ့သည်။ သူ့၏ခန္ဓာကိုယ် ပြုတ်ကျသွားသည်နှင့် တပြိုင်နက် သူက သူ့၏ ရတနာဓားကို ဆွဲထုတ်ပြီး မြေပြင်သို့ ဓားဖြင့် လှမ်းထောက်လိုက်သည်။ သူက လွမ်တောင်၏ဓားသွားကို ခွန်အားပြုကာ အပေါ်သို့ ပြန်ခုန်တက်လိုက်ပြီး တည်ငြိမ်စွာ ပြန်ရပ်တည်နိုင်ခဲ့သည်။ သို့သော်လည်း ထိုနေရာတွင် တဲအလွတ်ကိုသာ သူ တွေ့ခဲ့ရပြီး ကလေးငယ်များကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။

သူက ပေါ့ပါးသောခြေလှမ်းများဖြင့် ထိုတဲထဲမှ ထွက်လာပြီး စခန်းထဲရှိ တဲအားလုံးကို လိုက်လံရှာဖွေခဲ့သော်လည်း ကလေးများကို ရှာမတွေ့ခဲ့ပေ။

အန်းမိသားစုစစ်တပ်က လူတွေက ကလေးတွေကို ဘယ်ကို ခေါ်သွားကြတာလဲ?

ကျိရွှေရှန့် စိုးရိမ်ပူပန်နေပြီး သူ့နှလုံးသားတစ်ခုလုံး ပူပင်သောကဖြင့် ပူလောင်နေစဥ်တွင် ကင်းလှည့်တပ်သားအချို့က စကားပြောရင်း လမ်းလျှောက်လာကြသည်။ ကျိရွှေရှန့်က သူတို့ကို အလျင်အမြန် ရှောင်တိမ်းလိုက်ပြီး အရိပ်ထဲတွင် ပုန်းနေလိုက်သည်။

“အဲဒီကလေးတွေကြောင့် ငါတို့ အသတ်ခံရလုနီးပါးပဲ။ ကံကောင်းထောက်မစွာနဲ့ စစ်သူကြီးအန်းက သူတို့ကို အဝေးကို ခေါ်ထုတ်သွားခဲ့တယ်”

“ဝန်ကြီးချုပ်ဝမ်က ကလေးတွေကို‌ ဘာကြောင့် ဖမ်းတယ်လို့ မင်း ထင်လဲ?”

"စားဖို့တော့ မဟုတ်ဘူးမလား? ဝန်ကြီးချုပ်ဝမ်က သူ့အတွက် နေ့တိုင်းနေ့တိုင်း မသေဆေးတွေ ဖော်ပေးဖို့ သူ့ရဲ့အိမ်တော်မှာ တာအိုဘုန်းကြီးတွေ အများကြီးကို ထောက်ပံ့ပေးထားတယ်လို့ ပြောကြတယ်။ အဲ့ဒီဂုဏ်သိက္ခာမဲ့တဲ့ တာအိုဘုန်းတော်ကြီးတွေက သက်ရှည်နုပျိုဆေးတွေ ပြုလုပ်ဖို့ ငယ်ရွယ်တဲ့ ကောင်လေးတွေ ကောင်မလေးတွေကို အသုံးပြုရတာ ကြိုက်ကြတယ်”

"ဒါက အရမ်းဆိုးသွမ်းလွမ်းတာ မဟုတ်ဘူးလား?"

"ကျစ်... ဝန်ကြီးချုပ်ဝမ်က လူဆိုးလို့ မင်း ဘယ်လိုတောင် ပြောရဲရတာလဲ? မင်းရဲ့ခေါင်းကို မလိုချင်တော့ဘူးလား?"

"ဟုတ်... ဟုတ်တယ်... ငါ မပြောတော့ဘူး"

“ကလေးတွေကတော့ အရမ်းသနားစရာကောင်းတယ်၊ နောက်ဆုံးမှာ သူတို့ရဲ့ကံကြမ္မာက ဘယ်လို ဖြစ်လာမလဲဆိုတာ မသိနိုင်သေးဘူး”

ကင်းလှည့်နေသည့် စစ်သည်များက လမ်းလျှောက်ရင်း စကားစမြည် ပြောသွားကြသည်။ ကျိရွှေရှန့်က ထိုစကားများကို ကြားနေရပြီး သူက ကလေးများကို ရှာရန် ပို၍ပင် စိတ်စောလာမိသည်။

သူက စစ်သည်တစ်ယောက်လောက်ကို ဖမ်းပြီး ကလေးများ ရှိနိုင်မည့်နေရာကို စစ်မေးချင်သော်လည်း ထိုစစ်သည်များက အုပ်စုလိုက် လမ်းလျှောက်နေကြခြင်း ဖြစ်သည်။ အကယ်၍ သူ ဝင်ရောက်တိုက်ခိုက်လိုက်ပါက စခန်းတွင်ရှိနေသည့် တခြားစစ်သည်များကို သတိပေးသလို ဖြစ်သွားပြီး တိုက်ခိုက်ရင်း အချိန်ကြန့်ကြာမည်ဖြစ်ကာ သတင်းအချက်အလက် ရနိုင်ရန် အာမခံချက်လည်း မရှိပေ။

ကျိရွှေရှန့် တွေးတောနေစဥ်မှာပင် ကင်းလှည့်နေသည့် အဖွဲ့ထဲမှ စစ်သည်တစ်ဦး၏ အသံက သူ့အာရုံကို ဖမ်းစားလိုက်သည်။

“မင်းတို့ အရင်သွားကြ၊ ငါ ဗိုက်နာလို့"

"ကျောက်ဆုံပေါ်က ပျင်းရိတဲ့မြည်းမှာ မစင်နဲ့ ဆီးတွေ အများကြီး ရှိတယ်"

အခြားစစ်သည်များက နောက်ပြောင်ပြောဆိုနေချိန်တွင် ထိုစစ်သည်က သူ့ဗိုက်ကို ဆုပ်ကိုင်ထားရင်း တဲနောက်သို့ ပြေးဝင်သွားခဲ့သည်။

တောထဲတွင် တပ်စွဲထားသည့် ထိုကဲ့သို့သော စခန်းမျိုးတွင် အိမ်သာမရှိဘဲ ပြဿနာကို ဖြေရှင်းရန် ချုံတိုးရုံသာ တက်နိုင်ကြသည်။

ကျိရွှေရှန့်က သူ့နောက်သို့ တိတ်တဆိတ် လိုက်သွားပြီး ထိုစစ်သည်လေးက သူ့ဘောင်းဘီ ကြိုးကို ဖြုတ်လိုက်ချိန်တွင် သူ့၏ဆွံ့အစေမည့် အပ်စိုက်မှတ်ကို ဖိနှိပ်ခံလိုက်ရသည်။ ထို့နောက် သူ့ကို စခန်းထဲမှ သယ်ထုတ်ခံသွားရပြီး ဆိတ်ငြိမ်သော တောအုပ်တစ်ခုထဲသို့ ရောက်သွားကာ ထိုကြောက်လန့်နေရှာသည့် စစ်သည်လေးက မြေပြင်ပေါ်သို့ ပစ်ချခံလိုက်ရသည်။

ထိုစစ်သည်လေးက လုံးဝ မလှုပ်နိုင်တော့ဘဲ မြေပြင်ပေါ်တွင် လဲကျနေကာ ကျိရွှေရှန့်အား ကြောက်စိတ်ပြည့်နေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ ကျိရွှေရှန့်က သူ့၏မျက်နှာကို ဖုံးအုပ်ထားကြောင်း မြင်လိုက်ရချိန်တွင် သူက ပို၍ပင် ကြောက်လန့်လာခဲ့သည်။ သူ၏ဆွံ့အစေမည့် အာရုံကြောကို ဖိနှိပ်ခံထားရပြီး သူ စကားမပြောနိုင်သောကြောင့် သူက ကျိရွှေရှန့်အား မျက်လုံးများဖြင့် တောင်းပန်နေခဲ့သည်။

“ငါ မင်းကို မေးခွန်းတစ်ခု မေးမယ်၊ မင်း ရိုးရိုးသားသား ဖြေရင် မင်းရဲ့အသက်ကို ချမ်းသာပေးမယ်"

ကျိရွှေရှန့်က သူ့၏လွမ်တောင်ကို ထိုစစ်သည်လေး၏လည်ပင်းပေါ်သို့ ဖိကပ်လိုက်သည်။ သနားစရာစစ်သည်လေးက အလွန်ကြောက်လန့်နေပြီး သူ့ဘောင်းဘီပင် စိုသွားခဲ့သည်။ သူက ကျိရွှေရှန့်ကို တုန်တုန်ယင်ယင် မျက်တောင်ခတ်ပြနေပြီး သူ ရိုးရိုးသားသား ဖြေမည့်အကြောင်း အချက်ပြနေလေသည်။ ထိုမှသာ ကျိရွှေရှန့်က သူ့၏အပ်စိုက်မှတ်ကို ပြန်နှိပ်ပေးလိုက်ပြီး အေးစက်စွာ ထပ်မေးလိုက်သည်။

"ကလေးတွေ ဘယ်မှာလဲ?"

"တပ်မှူးအန်းက အချိန်နှောင့်နှေးနေရင် ဒုက္ခရောက်မှာ ကြောက်တဲ့အတွက် အဲဒီကလေးတွေကို မြို့တော်ကို အရင် ပို့ဖို့ လူတွေ စေလွှတ်လိုက်ပါတယ်"

ကျိရွှေရှန့်က ကလေးများအကြောင်းမေးသည်ကို ကြားလိုက်ချိန်တွင် ထိုစစ်သည်လေးက သူကို ဝန်ကြီးချုပ်ဝမ်၏လူဟု ထင်သွားခဲ့သည်။ သူက ဝန်ကြီးချုပ်ဝမ်နှင့် သူ့လူများကို ကြောက်ရွံ့သောကြောင့် မလိမ်ညာရဲဘဲ အမှန်ကိုသာ တိုက်ရိုက် ပြန်ဖြေလိုက်သည်။

"ဘယ်​​လောက်​ကြာသွားပြီလဲ?"

ကလေးများကို မြို့တော်သို့ အရင်ပို့လိုက်ကြောင်း ကြားရချိန်တွင် ကျိရွှေရှန့်က ပို၍ပင် စိုးရိမ်လာခဲ့သည်။ သူက သူ့လက်ထဲမှ လွမ်တောင်ကို မထိန်းနိုင်ဘဲ ထိုစစ်သည်လေး၏လည်ပင်းကို ဓားဖြင့် အနည်းငယ် ဖိလိုက်မိသည်။ ထိုစစ်သည်လေးက နာကျင်​စွာ ​အော်ဟစ်လိုက်ပြီး "အသက်ကို ချမ်းသာပေးပါ၊ ငါ့အသက်ကို ညှာတာပေးပါ"

“ပြော”

ကျိရွှေရှန့်က သူ့ကို နှစ်သိမ့်ပေးရန် စိတ်မ၀င်စားဘဲ ခပ်တင်းတင်း အမိန့်ထပ်ပေးလိုက်သည်။

“ငါ ပြောမယ်၊ ငါ ပြောပြပါ့မယ်။ နေ့ဘက်ဆိုရင် ပစ်မှတ်က ထင်ရှားနေမှာကို ကြောက်တဲ့အတွက် တပ်မှူးအန်းက သူတို့ကို ညဘက်မှာ သွားခိုင်းလိုက်တာပါ၊ သူတို့သွားတာ တစ်ရှီးချန်တောင် မပြည့်သေးပါဘူး”

ထိုစစ်သည်လေးက တုန်တုန်ယင်ယင်ဖြင့် ကျိရွှေရှန့်ကို သူ သိသမျှကို ပြောပြပြီး ထပ်တောင်းပန်လိုက်သည်။

"ငါ သိသမျှ မင်းကို ပြောပြပြီးပြီ၊ ငါ့အသက်ကို ချမ်းသာပေးပါ!"

ကျိရွှေရှန့်က အေးစက်သောမျက်နှာဖြင့် သူ့ကို မူးမေ့သွားစေမည့်အကြောဆုံမှတ်ကို ထပ်နှိပ်လိုက်သည်။ ထိုအကြောက နှစ်ရှီးချန်အတွင်း အလိုအလျောက် ပြန်ပွင့်မည် ဖြစ်သည်။ သူက ထိုစစ်သည်လေး ဝံပုလွေတွေ အစားခံရမည်ကို စိုးရိမ်သောကြောင့် သစ်ပင်ပေါ်သို့ တင်ထားပေးခဲ့သည်။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ဒီလူငယ်လေးက အရမ်းကို ပူးပေါင်းဆောင်ရွက်ပေးခဲ့တယ်။ တကယ်လို့ ကလေးတွေကို ကယ်တင်နိုင်ခဲ့ရင် ဒီကောင်းလေးက ကောင်းတဲ့အရာကို လုပ်ခဲ့တယ်လို့ သတ်မှတ်ခံရလိမ့်မယ်။

ကလေးများ မည့်သည့်နေရာသို့ ဦးတည်နေကြောင်း သူ သိလိုက်ရသည့်အတွက် ကျိ‌ရွှေရှန့်၏စိတ်ပူမှုက အနည်းငယ် လျော့နည်းသွားခဲ့သည်။ ထို့နောက် သူက ယန်ကျစ်တို့နှင့် တွေ့ဆုံနိုင်မည့်နေရာသို့ အမြန်ပြန်သွားခဲ့သည်။

ယန်ကျစ်က ကျိရွှေရှန့်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့ပြီး သူ လက်ဗလာဖြင့် ပြန်လာသည်ကို မြင်လိုက်ရသောကြောင့် သူ့ဆီသို့ အမြန်ပြေးသွားလိုက်သည်။

"ရွှေရှန့်၊ ကလေးတွေ ဘယ်မှာလဲ?"

“တပ်မှူးအန်းက သူတို့ကို မြို့တော် အရင် ပို့ပြီးပြီ။ နောက်ကနေ လိုက်ကြရအောင်"

ကျိရွှေရှန့်က စကားပြောနေရင်း သူ့၏လှည်းမှ မြင်းကို ဖြုတ်ကာ မြို့တော်ဆီသို့ မြင်းကို အပြေးနှင်လိုက်တော့သည်။ ယန်ကျစ်နှင့် သူ့လူများကလည်း ကျိ‌ရွှေရှန့်နောက်သို့ လိုက်ရန် ၎င်းတို့၏မြင်းများပေါ်သို့ အလျင်အမြန် ခုန်တက်လိုက်ကြပြီး သူ့နောက်သို့ လိုက်သွားကြသည်။

ညက မဲမှောင်နေပြီး လရောင်က မှိန်မှိန်လေးသာ ရှိနေသည်။ တောထဲမှာ လေက ကျိရွှေရှန့်၏ဆံပင်ရှည်များကို လွင့်ပျံနေစေပြီး သူ့၏တင်းမာသော မျက်နှာပေါ်မှ သူ၏ထူထဲသော မျက်ခုံးများက စုကျုံနေလေသည်။ သူ့လက်ထဲမှ ကြာပွတ်က လေထဲတွင် အရှိန်ပြင်းပြင်းဖြင့် ယမ်းခါနေကာ တရွှီရွှီ မြည်နေခဲ့သည်။

“သွားစမ်း…”

သန်းခေါင်ယံအချိန်၌ သူတို့၏ ခပ်လှမ်းလှမ်းနေရာမှ အနက်ရောင်အဝတ်များ ဖုံးအုပ်ထားသည့် ရထားလုံးနှစ်စီးကို လှမ်းမြင်လိုက်ကြရသည်။ ထိုရထားလုံးနှစ်စီးလုံး၏ ဘေးဘယ်ညာတွင် ရိုးရိုးအဝတ်အစားများ ဝတ်ဆင်ထားပြီး မြင်းစီးနေသည့် ဓားကိုင်အမျိုးသားဆယ်ဦးကျော် ရှိနေလေသည်။

သူတို့နောက်မှ တဟုန်ထိုး ပြေးလာနေသည့် မြင်းခွာသံများကို ကြားလိုက်ရချိန်တွင် ထိုလူများကလည်း ချက်ချင်း သတိအနေအထား ဖြစ်သွားကြသည်။ ရထားလုံးများပေါ်ရှိ ရထားထိန်းများက မြင်းများကို ကြာပွတ်ဖြင့် ရိုက်ပြီး အမြန်မောင်းနှင်နေကြသည်။ ဓားကိုင်ထားတဲ့ အရပ်ဝတ်အမျိုးသားတစ်ဝက်လောက်က ရထားလုံးများကို ကာကွယ်ရန် ကျန်နေခဲ့ကြပြီး ကျန်တစ်ဝက်က ကျိရွှေရှန့်ကို ဝန်းရံရန် ရောက်လာခဲ့ကြသည်။

ကျိရွှေရှန့်က စူးချင်း၏ ရှောင်ဟေးကို စီးခဲ့လာခြင်းဖြစ်ပြီး ဤမြင်းနက်ကြီးက အလွန်လျင်မြန်လှသည့်အပြင် လူလိုသိတက်နားလည်နေပြီ ဖြစ်သည်။ သူ့ကို ဝိုင်းရံလိုက်သည့်လူများကို မြင်လိုက်ချိန်တွင် ရှောင်ဟေးက ပတပ်ထရပ်ကာ ဒေါသတကြီး မြည်ဟီးလိုက်သည်။ ထိုနောက် မြင်းနက်ကြီးက ၎င်း၏ခွာလေးချောင်းဖြင့် သေသေချာချာ ပြန်ရပ်ကာ သူတို့ဆီသို့ လျှပ်စီးလက်သလို အလျင်အမြန် ပြေးဝင်သွားတော့သည်။

ကျိရွှေရှန့်က သူ့လမ်းကို ပိတ်ဆို့နေသည့်လူများအား ကြာပွတ်ဖြင့် ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။ သူက တစ်ဖက်လူ၏လက်ကောက်ဝတ်ကို တိုက်ရိုက် လှမ်းရိုက်လိုက်ပြီး ဓားကို လုယူလိုက်သည်။ သူက အခြားသူများ၏ဓားများကို ပိတ်ဆို့ကာကွယ်ရန် ထိုဓားကို အသုံးပြုနေပြီး ရှေ့သို့ ချောချောမွေ့မွေ့ တိုးဝင်သွားနိုင်ခဲ့သည်။

ထိုလူများက သူ့နောက်သို့ ထပ်လိုက်ရန် ပြင်လိုက်ကြသော်လည်း နောက်မှ ရောက်လာသည့် ယန်ကျစ်နှင့် သူ့လူများက သူတို့ကို ထိန်းထားနိုင်ခဲ့သည်။

ကျိရွှေရှန့်ကလည်း ရထားလုံးများပေါ်တွင် ကလေးများ ရှိ၊ မရှိ မသေချာသေးပေ။ နောက်ပြဿနာတစ်ခုက ကလေးများကို ကယ်တင်နိုင်သော်လည်း သူတို့ ဘေးကင်းမှု မရှိမည်ကို သူ စိုးရိမ်နေခဲ့သည်။

ကျိရွှေရှန့်က မြင်းစီးနေရင်း အကြံကောင်းတစ်ခုကို တွေးမိခဲ့သည်။ သူက ရထားလုံးများပေါ်သို့ ခုန်မတက်သေးဘဲ မြင်းပေါ်မှ အော်ဟစ်အမိန့်ပေးလိုက်သည်။

“ငါတို့က ဝမ်မိသားစုစစ်တပ်ကပဲ။ ကလေးတွေကို ရထားလုံးပေါ်မှာ ထားခဲ့လိုက်၊ ငါတို့ မင်းတို့ရဲ့အသက်တွေကို ချမ်းသာပေးမယ်။ မဟုတ်ရင် ဝန်ကြီးချုပ်က မင်းတို့ကို အပြစ်တင်ပြီး မင်းတို့မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်လိမ့်မယ်”

သူ့၏စကားများက အလွန်မောက်မာပုံပေါ်နေသော်လည်း ထိုအရာက ဝမ်မိသားစုစစ်တပ်၏ပုံစံပင် ဖြစ်သည်။ ဝမ်မိသားစုစစ်တပ်က တော်ဝင်ရုံးတော်၏စည်းကမ်းများကိုပင် မျက်လုံးထဲထည့်သူများ မဟုတ်ကြပေ။

သူတို့က ဝန်ကြီးချုပ်ဝမ်နှင့် စစ်သူကြီးဝမ်တို့၏ အမိန့်ကိုသာ နားထောင်ကြပြီး သူတို့အတွက် ဝန်ကြီးချုပ်နှင့် စစ်သူကြီးဝမ်တို့၏ စကားများကသာ တော်ဝင်အမိန့်ပြန်တမ်း ဖြစ်သည်။ ဧကရာဇ်ပင်လျှင် တံဆိပ်တုံးမရှိဘဲ ဝမ်မိသားစုစစ်တပ်ကို အမိန့်မပေးနိုင်ပေ။

ဝမ်မိသားစုတပ်မတော်က သူတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တိုင်းပြည်တစ်ဝှမ်း လူသိများလှသည်။ 'ဝမ်မိသားစုစစ်တပ်' နှင့် 'ဝန်ကြီးချုပ်ဝမ်' ဟူသော စကားလုံးများကို ကြားလိုက်ချိန်တွင် အန်းမိသားစုစစ်တပ်မှ လူများထိတ်လန့်သွားကြသည်။ လုံးဝ လက်နက်မချဘဲ ပြန်ခုခံသူနှစ်ဦးမှ လွဲ၍ ကျန်လူများအားလုံးက သူတို့၏လက်နက်များကို ပစ်ချကာ အညံ့ခံခဲ့ကြသည်။

၎င်းတို့ကို ခြိမ်းခြောက်ပြီးနောက် နောက်ပိုင်းကိစ္စများ ပိုချောမွေ့သွားစေရန် ကျိရွှေရှန့်က ထိုခုခံသူနှစ်ဦးကို သတ်ပစ်လိုကသည်။

ကျိရွှေရှန့်က ထိုစစ်သည်နှစ်ယောက်ကို ချက်ချင်း သတ်လိုက်သည်ကို မြင်လိုက်ရချိန်တွင် တခြားသူများက ပို၍ပင် ကြောက်လန့်တုန်လှုပ်လာကြသည်။ သူတို့အားလုံးက မြင်းများပေါ်မှ ခုန်ဆင်းပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ သနားညှာတာပေးရန် တောင်းပန်နေကြသည်။

"ရထားလုံးပေါ်မှာ ကလေးတွေ ရှိလား?"

ကျိရွှေရှန့်က သွေးစွန်းနေသော ဓားဖျားဖြင့် သူတို့ကို ချိန်ရွယ်ရင်း မေးလိုက်သည်။ ထိုစစ်သည်များက တုန်တုန်ယင်ယင် ခေါင်းညိတ်ပြလာကြသည်။

“တပ်မှူးကို သတင်းပို့ပါတယ်၊ ရထားလုံးပေါ်က လူတွေက ကလေးတွေပါ”

"သူတို့အားလုံး ဒီမှာလား?”

ကျိရွှေရှန့်က ဒုတိယသခင်ကြီးစူး၏သားလေး ရထားလုံးပေါ်တွင် ရှိမနေမည်ကို စိုးရိမ်သောကြောင့် ထပ်မေးလိုက်သည်။

"သူတို့အားလုံး ရထားလုံးထဲမှာ ရှိပါတယ်"

ယန်ကျစ်က တိုက်ခိုက်နေဆဲဖြစ်သော်လည်း ကျိရွှေရှန့် အော်ဟစ်လိုက်ချိန်တွင် အန်းမိသားစုစစ်တပ်မှ လူများက သူတို့၏ခုခံမှုကို ရပ်တန့်ကာ ဓားများကို ပစ်ချပြီး မြေပြင်ပေါ် ဒူးထောက်လိုက်ကြသည်။ ကျိရွှေရှန့်က ဉာဏ်ကောင်းလွန်းသည်ဟု ယန်ကျစ် ခံစားနေရသည်။ ထိုသို့မဟုတ်လျှင် သူတို့ အပြင်းအထန် တိုက်ပွဲဝင်ရတော့မည် ဖြစ်သည်။

ကျိရွှေရှန့်က ယန်ကျစ်ရောက်လာသည်ကကို မြင်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

“သူတို့ကို ကြိုးချည်ထားပေး”

သူတို့အားလုံးကို မျက်နှာဖုံးများ စွပ်ထားကြပြီး ကျိရွှေရှန့်က သူ့ကို ကာကွယ်ပေးရန် အစ်ကိုယန်ဟုပင် မခေါ်ခဲ့ပေ။

“ကောင်းပြီ”

ယန်ကျစ်က ထိုလူများကို ချည်နှောင်ရန် သူ့လူများကိုပါ လှမ်းခေါ်ဆောင်လိုက်သည်။ သူတို့ထံတွင် ကြိုးများ မရှိသောကြောင့် ခါးပတ်များကို ချွတ်ပြီး ကြိုးအဖြစ် အသုံးပြုလိုက်ရသည်။

ကျိရွှေရှန့်က ရထားလုံးဆီသို့ လျှောက်သွားပြီး ကန့်လန့်ကာကို ဆွဲဖွင့်လိုက်သည်။ ရထားလုံးပေါ်ရှိ ကလေးငယ်များအားလုံး သတိလစ်နေသည်ကို သူ မြင်လိုက်ရပြီး သူ့ဒေါသက ငယ်ထိပ်သို့ ရောက်လာပြန်သည်။ သူက ရှေ့တိုးသွားပြီး ရထားထိန်းကို ရထားလုံးပေါ်မှ ဆွဲချကာ ဒေါသတကြီး စစ်ဆေးမေးမြန်းလိုက်သည်။

"က​လေး​တွေကို ဘာ​တွေ လုပ်ထားကြတာလဲ?"

All Chapters