← Chapters

ဝန်ကြီးချုပ်ဝမ်

Vol. 20 Ch. 292

ဝန်ကြီးချုပ်ဝမ်

Vol. 20 Ch. 292

“ငါတို့ ဘာမှ မလုပ်ပါဘူး၊ တပ်မှူးအန်းက ဒီကလေးတွေ ဒုက္ခပေးမှာကို ကြောက်လို့ အိပ်ဆေး တိုက်ခိုင်းထားခဲ့တာပါ”

ကျိရွှေရှန့်၏ဓားဦးထိပ်က ရထားထိန်း၏ လည်ပင်းကို ဖိထားပြီး သူ့၏အေးစက်သောဓားဖျားက ရထားထိန်း၏လည်ပင်းဆီသို့ တိုးဝင်နေပြီဖြစ်သည်။ သူ ရှေ့သို့ အနည်းငယ် တိုးလိုက်လျှင်ပင် ရထားထိန်း၏အသက်ကို နှုတ်ယူနိုင်တော့မည် ဖြစ်သည်။ ကျိရွှေရှန့်၏လူသတ်ပုံကို မြင်တွေ့ခဲ့ဖူးသော ရထားထိန်းကလည်း အလွန်ကြောက်လန့်နေပြီး တုန်တုန်ယင်ယင်ဖြင့် သူ့၏သံသယအတွက် အမြန်ရှင်းပြလိုက်သည်။

ကျိရွှေရှန့်က ဓားကို ပစ်ချလိုက်ပြီး ကလေးများ၏ သွေးခုန်နှုန်းကို သွားစစ်ဆေးလိုက်သည်။ ထိုမှသာလျှင် ရထားထိန်းက လိမ်ညာနေခြင်းမဟုတ်ကြောင်း သူ အတည်ပြုနိုင်ခဲ့သည်။ ထိုကလေးများ အားလုံး အိပ်ဆေးအရှိန်ဖြင့် အိပ်ပျော်နေကြခြင်း ဖြစ်သည်။

သို့သော် ကလေးတစ်ဦးစီကို တိုက်ထားသော ဆေးပမာဏက အလွန်များလွန်းနေပြီး ကလေးများ၏ခန္ဓာကိုယ်သေးသေးလေးများကို အန္တရာယ်ဖြစ်စေနိုင်သည်။ သူတို့က သုံးရက်လောက် အိပ်ရာမှ ထနိုင်ကြတော့မည် မဟုတ်ပေ။

ကျိရွှေရှန့်တစ်ယောက် ဒေါသထွက်သွားရပြန်သည်။

ဘာလို့ ကလေးတွေကို ဒီလောက်အိပ်ဆေးတွေ အများကြီး တိုက်ထားရတာလဲ? ဒီလူတွေကလည်း လူကောင်းတွေ မဟုတ်ကြဘူး။

"သူတို့ကို ဘာလုပ်သင့်လဲ?"

ယန်ကျစ်ကလည်း အတွေ့အကြုံရင့်သူတစ်ဦး ဖြစ်သည်။ သူက ကျိရွှေရှန့်၏အမည်ကို မခေါ်ဘဲ ထိုလူများအား မည်သို့ဖြေရှင်းရမည်ကိုသာ မေးမြန်းလိုက်သည်။

ကျိရွှေရှန့်က ချည်နှောင်ထားသော စစ်သည်များကို ကြည့်လိုက်ပြီး ထိုစစ်သည်များက သူ့ကို ကြောက်လန့်တကြား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျိရွှေရှန့်က သူတို့ကို ငုံ့ကြည့်ရင်း တစ်ချက်စဥ်းစားလိုက်သည်။

ပြန်မတိုက်ခိုက်ဘဲ လက်နက်ချလိုက်တဲ့ စစ်သည်တွေကို ဒီအတိုင်း သတ်ပစ်လိုက်ဖို့ မသင့်တော်ဘူး။

ဘာပဲဖြစ်ဖြစ် သူတို့ရဲ့အပြစ်ကလည်း သေဒဏ်ပေးရလောက်တဲ့အထိ မပြင်းထန်ဘူး။ ဒါပေမယ့် သူတို့က လူကောင်းတွေလဲ မဟုတ်ဘူး။ အဲ့ဒါအပြင် သူကလည်း သူရဲ့စကားကို တည်ချင်သေးတယ်။ သူက သူတို့အသက်ကို ချမ်းသာပေးမယ်လို့ ပြောခဲ့ပေမယ့် လုံးဝလည်း လွှတ်မပေးနိုင်ဘူး။ အဲ့တော့ သူတို့ အသက်ရှင်နိုင်မလားဆိုတာက သူတို့ရဲ့ ကံတရားပေါ်မှာပဲ မူတည်တော့တယ်။

နောက်ဆုံးတွင် ကျိ‌ရွှေရှန့်က ယန်ကျစ်ကို ပြောလိုက်သည်။

"သူတို့ကို အခုလို ကြိုးချည်ထားတဲ့အတိုင်း တောထဲမှာ ပစ်ထားခဲ့လိုက်"

ယန်ကျစ်က ကျိရွှေရှန့်၏စကားအတိုင်း သူ့လူများနှင့်အတူ ထိုစစ်သည်များကို လမ်းဘေးမှ တောအုပ်ထဲသို့ ဆွဲခေါ်သွားပြီး ပစ်ထားလိုက်ကြသည်။

"အစ်ကိုယန်၊ ဒုတိယသခင်ကြီးစူးရဲ့သား ရထားလုံးထဲမှာ ရှိ၊ မရှိ သွားကြည့်လိုက်ပါ"

ကျိရွှေရှန့်က သူနှင့် ယန်ကျစ်နှစ်ယောက်တည်းသာ ကြားနိုင်လောက်မည့် လေသံဖြင့် ပြောလိုက်သည်။ ယန်ကျစ်က ခေါင်းညိတ်ပြလိုက်ပြီး အနက်ရောင်အဝတ်များ အုပ်ထားသော ရထားလုံးဆီသို့ လျှောက်သွားကာ ကန့်လန့်ကာကို ဖွင့်လိုက်သည်။ ထို့နောက် ကလေးများကို ခွဲခွဲခြားခြား မြင်နိုင်ရန် မီးထွန်းပြီးမှ သေသေချာချာ ကြည့်ရှုလိုက်သည်။

ပထမရထားလုံးတွင် ရှောင်ချန် မရှိပေ။ ယန်ကျစ်၏နှလုံးကလည်း ခုန်ပေါက်နေလွန်းသောကြောင့် လည်ချောင်းထဲသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူက ဒုတိယရထားလုံးဆီသို့ အမြန်သွားလိုက်ပြီး ကန့်လန့်ကာကို ဖွင့်ကာ အတွင်းဘက်သို့ လှမ်းကြည့်လိုက်သည်။ ဖျော့‌တော့နေသည့် မီးစာတိုင်၏အလင်းရောင်အောက်တွင် အိပ်ပျော်နေသည့် ရှောင်ချန်ကို သူ မြင်လိုက်ရသည်။

ယန်ကျစ်က သက်ပြင်းချလိုက်ပြီး ကျိရွှေရှန့်ကို လှမ်းခေါ်လိုက်သည်။

"ရွှေရှန့်၊ ကလေးက ဒီမှာ ရှိတယ်။ သူ့ကို ကြည့်ပေးလို့ရလား?"

ကလေးကို ရှာတွေ့သွားပြီဟု ကြားလိုက်ရသောကြောင့် ကျိရွှေရှန့်လည်း စိတ်သက်သာရာရသွားခဲ့သည်။ သူက ရှောင်ချန်၏သွေးခုန်နှုန်းကို စစ်ဆေးရန် သွားလိုက်ပြီး ကလေးငယ်များကြားတွင် ရှောင်ချန်က ဆေးအနည်းဆုံးသောက်ခဲ့ကြောင်း သူ သိလိုက်ရသည်။

သူက ယန်ကျစ်ကို ခပ်တိုးတိုး ပြောပြလိုက်သည်။

“အဆင်ပြေပါတယ်၊ တစ်ရက်လောက် အိပ်ပြီးရင် သူ ပြန်နိုးလာလိမ့်မယ်"

"တော်သေးတာပေါ့"

ထိုအချိန်မှသာ ယန်ကျစ်လည်း စိတ်သက်သာရာ ရသွားခဲ့သည်။

အဲ့လိုမဟုတ်ဘဲ ရှောင်ချန် တစ်ခုခု ဖြစ်သွားခဲ့ရင် အစ်ကိုစူးက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

ကလေးငယ်များကို ရှာတွေ့ခဲ့ပြီး စစ်သည်များကို ဖြေရှင်းခဲ့သော်လည်း စစ်မြင်းအကောင် နှစ်ဆယ်ကျော် ကျန်နေသေးသည်။

ယန်ကျစ်က ကျိရွှေရှန့်ကိုသာ ထပ်မေးလိုက်သည် ။

"ဒီစစ်မြင်းတွေက‌ရော"

စစ်မြင်းများက တခြားအရာများနှင့် ကွဲပြားသည်။ ၎င်းတို့အားလုံးတွင် အမှတ်စဉ် နံပါတ်များ ရှိနေသောကြောင့် ၎င်းတို့ကို ကျင့်ချန်သို့ ပြန်မခေါ်ဝံ့ကြပေ။ သူတို့အတွက် ဒုက္ခဖြစ်စေလိမ့်မည် ဖြစ်သည်။ သို့သော် စစ်မြင်းနှစ်ဆယ်ကို ထားခဲ့ရမည်ကလည်း နှမြောစရာ ကောင်းလွန်းလှသည်။

"ကျွန်တော် ဒီမြင်းတွေကို ပြန်ယူသွားမယ်"

ကျိရွှေရှန့်ထံတွင်လည်း အလားတူ အတွေးမျိုး ရှိနေခဲ့သည်။ ဤစစ်မြင်းများကို သတ်လိုက်ရခြင်းက နှမြောစရာ ကောင်းလွန်လှပြီး သူက ချန်ယွိ၏စစ်တပ်အတွက် ထိုစစ်မြင်းများကို ပြန်သိမ်းသွားရန် ဆန္ဒရှိနေခဲ့သည်။ သူတို့၏စစ်တပ်က ထိုကဲ့သို့သော စစ်မြင်းများကို အရေးပေါ် လိုအပ်နေခဲ့သည်။

"မြင်းတွေ အများကြီးကို မင်းတစ်ယောက်တည်း ခေါ်သွားနိုင်လို့လား?"

ယန်ကျစ်က အနည်းငယ် မယုံနိုင်သလို ခံစားလိုက်ရသည်။ ဤနေရာတွင် စစ်မြင်းက တစ်ကောင်၊ နှစ်ကောင် မဟုတ်ဘဲ နှစ်ဆယ်ကျော်ရှိနေပြီး စစ်မြင်းများက အလွန်ထူးခြားသော ကိုယ်ရည်ကိုယ်သွေးရှိသည်။ သူတို့က သူတို့၏သခင်များကိုသာ အသိအမှတ်ပြုကြသည်။ ထို့ကြောင့် သူတို့က မည်သည့်နည်းနှင့်မျှ ကျိရွှေရှန့်၏နောက်သို့ နာနာခံခံ လိုက်ကြမည် မဟုတ်ပေ။

"ဟုတ်​တယ်​ ကျွန်​​တော်​ မြင်းတွေကို ​လေ့ကျင့်ပေး​နိုင်​တယ်​"

ကျိရွှေရှန့်၏ကြယ်ရောင်မျက်လုံးများက ယုံကြည်မှုအပြည့်ဖြင့် တောက်ပနေလေသည်။

မြင်းတစ်ကောင်က ဘယ်လောက်ပဲ ရိုင်းနေပါစေ၊ သူ့လက်ထဲရောက်လာရင် နာခံမှုအပြည့်နဲ့ ယဥ်ပါးသွားစေရမယ်။

"ကောင်းပြီလေ၊ ဒါဆို ငါ ဒီကလေးတွေကို ပြန်ခေါ်သွားလိုက်မယ်"

ကျိရွှေရှန့်က အလွန်ယုံကြည်မှုရှိနေသောကြောင့် ယန်ကျစ်က သူ့အတွက် စိတ်မပူတော့ပေ။ သူက ရထားလုံးများကို မောင်းနှင်ရန် သူ့လူနှစ်ယောက်ကို အမိန့်ပေးလိုက်ပြီး မြင်းအကောင်နှစ်ဆယ်ကို ဆွဲလာသည့် ကျိရွှေရှန့်နှင့်အတူ လော့ချန်သို့ ပြန်လာခဲ့ကြသည်။

ကျိရွှေရှန့်က ကလေးများကို ကယ်တင်ပေးရန် အလျင်လိုနေခဲ့ပြီး သူက စူးချင်း၏မြင်းမှ လွဲ၍ ကျန်လှည်းသုံးစီးနှင့် မြင်းများကို လမ်းဘေးတွင် ပစ်ထားခဲ့ခြင်း ဖြစ်သည်။

သူ ပြန်ရောက်သွားချိန်တွင် ထိုလှည်းများကို ရှာတွေ့တော့မည်မဟုတ်ဟု သူ ထင်ထားခဲ့သော်လည်း သူ့၏လှည်းများက ထိုနေရာမှ ရွေ့ပင်မရွေ့သွားဘဲ သူထားခဲ့သည့်အတိုင်း ရှိနေမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ကျိရွှေရှန့်က ထိုလှည်းသုံးစီးအတွက် ယန်ကျစ်ကိုသာ အကူအညီတောင်းရတော့သည်။

"အစ်ကိုယန်၊ ဒီလှည်းသုံးစီးအပြည့် ရိက္ခာတွေဖြည့်ပေးပါဦး"

ကျိရွှေရှန့်က ယန်ကျစ်ကို လက်ခုပ်အုပ် နှုတ်ဆက်လိုက်သည်။ အစပိုင်းတွင် သူက ထိုလှည်းသုံးစီးကို စားနပ်ရိက္ခာများ တင်ပြီး ယန်ကျစ်၏အဖွဲ့နှင့်အတူ မော့ချန်သို့ ပြန်ရန် တွေးထားခဲ့သည်။ သို့သော်လည်း လက်ရှိအခြေအနေက ထိုသို့ လုပ်ရန် မဖြစ်နိုင်တော့ပေ။ သူက ဤစစ်မြင်းများကို စောင့်ရှောက်ရမည် ဖြစ်ကာ မြို့ထဲသို့ လိုက်သွားနိုင်မည် မဟုတ်တော့ပေ။ သူအစား အစေ့အဆန်များ ဝယ်ပေးပြီး ထိုလှည်းများကို မော့ချန် ပြန်ပို့ပေးရန် ယန်ကျစ်ကိုသာ တောင်းဆိုရတော့သည်။

“ရပါတယ်၊ ဒါက ကိစ္စမရှိပါဘူး”

ယန်ကျစ်က မဆိုင်းမတွ သဘောတူလိုက်သည်။ သူက မူလကတည်းက မော့ချန်သို့ အစေ့အဆန်များ ပို့ဆောင်ရန် စီစဥ်နေသောကြောင့် နောက်ထပ်လှည်းသုံးစီးက ဘာမှ မဖြစ်တော့ပေ။ ထို့အပြင် ကျိရွှေရှန့်ကလည်း သူတို့ကို အများကြီး အကူအညီ ပေးခဲ့သည်။

ယန်ကျစ်ကို အကူအညီ တောင်းပြီးနောက် ကျိရွှေရှန့်က စစ်မြင်းကို မော့ချန်သို့ ပြန်မောင်းယူလာခဲ့သည်။

စစ်မြင်းများက ထင်ရှားလွန်နေသဖြင့် အလင်းရောင်ရှိချိန်တွင် လမ်းမကြီးများပေါ် သူ မသွားရဲပေ။ ထို့ကြောင့် ကျိရွှေရှန့်က စစ်မြင်းများကို တောနက်ထဲသို့ မောင်းသွင်းသွားပြီး ခရီးမဆက်မီ ညအချိန်အထိ စောင့်ဆိုင်းနေခဲ့ရသည်။

သူ တောထဲသို့ ဝင်သွားပြီး သိပ်မကြာခင်မှာပင် လူတစ်စုက မြင်းများကို အမြန်စီးနှင်ကာ ကျင့်ချန်ဆီကို အပြေးအလွှား သွားနေသည်ကို သူ တွေ့လိုက်ရသည်။ မြင်းများ၏နောက်ကျောတွင် အနက်ရောင် အဝတ်အိတ်များ ရှိနေပြီး ထိုအိတ်များ၏ပုံသဏ္ဍာန်အရ လူများကို ထည့်ထားပုံပေါ်သည်။

မြင်းခွာသံကို နားထောင်နေရင်း ကျိရွှေရှန့်က တပ်မှူးအန်း သူတို့ကို ဖမ်းမိသွားသည်ဟု ထင်ခဲ့သည်။ သူက မြင်းများကို ကြိုးချည်ပြီး အခြေအနေကြည့်ရန် တောစပ်သို့ ပြန်ထွက်လာခဲ့သည်။ သူ မည်သူ့ကိုမျှ မတွေ့ရသော်လည်း သတိကို လုံးဝ မလျော့ချရဲပဲ ညဘက် ခရီးဆက်နိုင်မည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

******

မော့ချန်.....

စူးချင်းက ခို၏ခြေထောက်တွင် လျှို့ဝှက်စာတိုတစ်စောင် ချိတ်ဆွဲလိုက်ပြီး သူမ၏လက်ကို မြှောက်တင်လိုက်ရာ ထိုခိုက ၎င်း၏အတောင်ပံများကို ခတ်ပြီး နန်းမြို့တော်ရှိနေသည့် ဦးတည်ရာအတိုင်း ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။

*****

လေးရက်ကြာပြီးနောက်....

ဝန်ကြီးချုပ်နေအိမ်တွင် ဆံပင်များ ဖြူနေသည့်တိုင် နုပျိုနေဆဲဖြစ်သော ဝန်ကြီးချုပ်ဝမ်က ကျားအရေဖုံးအုပ်ထားသည့် လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေလေသည်။ သူ၏ ဝမ်းဗိုက်ကြီးက ခန္ဓာကိုယ် ဖွံ့ဖြိုးသော ဗုဒ္ဓရုပ်ပွားတော်၏ ဝမ်းဗိုက်ကြီးကဲ့သို့ ဆူထွက်နေသည်။ သူ့ရှေ့မှ စားပွဲပေါ်တွင် သစ်သီးများ မုန့်မျိုးစုံ ရှိနေခဲ့သည်။

လှပသော ကချေသည်အဖွဲ့တစ်ဖွဲ့က သူမတို့၏ ခါးသွယ်လေးများကို ယိမ်းနွဲ့နေပြီး ငြိမ့်ညောင်းသော ဂီတစည်းချက်အတိုင်း လှုပ်ရှားနေကြသည်။ သူမတို့အားလုံးက လှလှပပ ယိမ်းနွဲ့နေကြပြီး သူမတို့၏မျက်လုံးလေးများက ပိုးသားကဲ့သို့ နူးညံ့ကာ ဆွဲဆောင်မှု ရှိနေသောကြောင့် အသက် ၆၀ နီးပါးရှိနေသည့် ဝန်ကြီးချုပ်က ဝမ်းသာပီတိ ဖြစ်နေလေသည်။ သူ့၏ဘေးတစ်ဖက်စီတွင် ရင်သပ်ရှုမောဖွယ်လှပသော မိန်းမပျိုလေးနှစ်ယောက် ရှိနေသေးသည်။ အဝါရောင်ဝတ်ထားသော လှပျိုဖြူလေးက သူ့ကို အဖြူရောင်မှိုဟင်းချို ခွံ့ကျွေးနေပြီး အနီရောင်ဝတ်ထားသော လှပျိုဖြူလေး၏ သွယ်လျသော လက်ထဲတွင် ကြည်လင်သောစပျစ်သီးလေးများ ကိုင်ဆောင်ထားပြီး ဝန်ကြီးချုပ်၏ပါးစပ်ထဲသို့ သေသေချာချာ ခွံ့ကျွေးနေလေသည်။

"လူကြီးမင်း...ချိုလား?"

အနီရောင်ဝတ်စုံဝတ်ထားသည့် ချစ်စရာမိန်းမပျိုလေးက သူမ၏အသံကို သံရှည်ဆွဲလိုက်ပြီး ချွဲချွဲနွဲ့နွဲ့ ပြောဆိုလိုက်သောကြောင့် ထိုအသံလေးက ဝန်ကြီးချုပ်အိုကြီး၏ နှလုံးသားကို ငှက်မွှေးလေးဖြင့် ကုတ်ခြစ်နေသလို ခံစားရစေသည်။ ထိုလေသံက သူ့ကို သီဆိုကခုန်ခြင်းအား စိတ်မ၀င်စားတော့လောက်အောင် ဖြစ်စေပြီး သူက ထိုမိန်းမပျိုလေးကို သူ့လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ သူ့ပါးစပ်ထဲမှ စပျစ်သီးကို သူမပါးစပ်ထဲသို့ တိုက်ရိုက်ထည့်ပေးလိုက်သည်။

“ချိုလားဆိုတာက အရသာကို မြည်းစမ်းကြည့်မှ သိရလိမ့်မယ်”

အနီရောင်ဝတ်စုံဝတ်ထားသည့် မိန်းမပျိုလေး၏အပြုံးက ပို၍ပင် တောက်ပလာခဲ့ပြီး ပန်းရောင်ကျောက်စိမ်းသွယ် နှုတ်ခမ်းလေးတစ်စုံက ဝန်ကြီးချုပ်ကို ပို၍ စွဲလန်းစေခဲ့သည်။

ဝန်ကြီးချုပ်က အသက်ခြောက်ဆယ်နီးပါး ရှိနေပြီဖြစ်သော်လည်း သူက အမျိုးသားနှင့် အမျိုးသမီးကြားမှ ကိစ္စများကို သဘောကျနှစ်သက်နေဆဲဖြစ်သည်။ သူ့ထံတွင် တစ်ချိန်က အမျိုးသမီးငါးဦးကို တညတည်း ထိန်းချုပ်နိုင်ခဲ့သော အထင်ကြီးစရာ မှတ်တမ်းတစ်ခုပင် ရှိခဲ့ဖူးသည်။ သူက ဖြူဖွေးနေသည့် လှပျိုဖြူလေးကို ပွေ့ဖက်ကာ အိပ်ခန်းထဲသို့ ဝင်သွားတော့သည်။

"ဝန်ကြီးချုပ်ကို သတင်းပို့ပါတယ်၊ မော့ချန်က စာတစ်စောင် ပို့လိုက်ပါတယ်"

ဝန်ကြီးချုပ်က အနီရောင်ဝတ်မိန်းမပျိုလေးနှင့်အတူ ကောင်းကင်ဘုံနှင့် လူသားကြားမှ တိုက်ပွဲကို စတင်တော့မည့်အချိန်တွင် အိမ်တော်ထိန်းတစ်ယောက် ပြေးဝင်လာပြီး ဝန်ကြီးချုပ်ထံ အသံတိုးတိုးဖြင့် သတင်းပို့လိုက်သည်။

“မင်း အရင်ဆင်းလိုက်”

မော့ချန်မှ စာဟု ကြားလိုက်ချိန်တွင် ဝန်ကြီးချုပ်က အနီရောင်၀တ်စုံနှင့် မိန်းမပျိုလေးကို တွန်းဖယ်ကာ ကချေသည်များ အားလုံးကိုလည်း ထွက်သွားခိုင်းလိုက်သည်။ သူက ထိုအိမ်တော်ထိန်း တစ်ယောက်တည်းကိုသာ ကျန်နေခွင့်ပေးထားခဲ့သည်။

အားလုံး ထွက်ခွာသွားပြီးနောက် ဝန်ကြီးချုပ်က ထိုအိမ်တော်ထိန်းကို အသံနက်ကြီးဖြင့် လှမ်းမေးလိုက်သည်။

"စာက ဘာပြောထားလဲ?"

ထိုအိမ်တော်ထိန်း စာကို အလျင်အမြန် ဖွင့်လိုက်ပြီး ဝန်ကြီးချုပ်ကို အသံတိုးတိုးဖြင့် ဖတ်ပြလိုက်သည်။

“လျှို့ဝှက်စာက ဘာဖြစ်လို့ ကျွန်တော်မျိုးတို့ရဲ့လူတွေ ရောက်မလာသေးတာလဲလို့ မေးထားပါတယ်။ လူသတ်လက်နက်ကြီးကို ဖန်တီးတဲ့ သူက ထွက်ခွာသွားပါပြီတဲ့”

ထိုအိမ်တော်ထိန်း၏စကားကို ကြားလိုက်ချိန်တွင် အမြဲတမ်း ပြုံးနေတက်သော ဝန်ကြီးချုပ်ဝမ်၏မျက်နှာကြီးက ရုတ်တရက် မည်းမှောင်သွားသည်။ သူက လက်နောက်ပစ်ရင်း အခန်းထဲတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေခဲ့သည်။ သူက မျက်မှောင်ကြုတ်ကာ သူ့မျက်လုံးများကို မှေးကျဥ်းထားပြီး တစ်ခုခုကို နက်နက်နဲနဲ စဥ်းစားနေပုံဖြင့် သူ့မျက်ဆံများက စူးစူးဝါးဝါး လည့်ပတ်နေလေသည်။

အိမ်တော်ထိန်းက သူ့ကို မနှောင့်ယှက်ဝံ့ဘဲ ဝန်ကြီးချုပ် ပြောလာမည့်စကားကို စောင့်ဆိုင်းလျက် ဘေးတွင် ငြိမ်သက်စွာ ရပ်နေလေသည်။

ဝန်ကြီးချုပ်ဝမ်က အခန်းကို ခြောက်ကြိမ်တိုင်တိုင် လှည့်ပတ်လမ်းလျှောက်ပြီးမှ အိမ်တော်ထိန်းကို အသံနက်ကြီးဖြင့် ထပ်မေးလိုက်သည်။

"လောင်ကျူးနဲ့ သူ့လူတွေ ထွက်သွားတာ ဘယ်နှစ်ရက်ရှိပြီလဲ?"

All Chapters