← Chapters

ကမ္ဘာသစ် ဥပဒေသစ်

Vol. 6 Ch. 577

ကမ္ဘာသစ် ဥပဒေသစ်

Vol. 6 Ch. 577

"အမှောင်ခုံရုံး ပျက်စီးသွားပြီ ..."

ထိုသတင်းက အမှောင်ကမ္ဘာ တစ်ခုလုံးအား ဆွံ့အ သွားစေသည်။

အမှောင်ကမ္ဘာရှိ အဖွဲ့အစည်းများ၊ အဓိက မိသားစုကြီးများ၊ ကြေးစား အုပ်စုကြီးများ ... မည်သည့် အဖွဲ့အစည်းကမှ ထိုသတင်းအား မယုံကြည်နိုင်ကြချေ။

အမှောင်ခုံရုံးကားက ကမ္ဘာကြီးကို ရာစုနှစ်များစွာ စိုးမိုးနိုင်ခဲ့သော အဖွဲ့အစည်းကြီး ဖြစ်သည်။

မြောက်အာရိက၊ အရှေ့အလယ်ပိုင်း၊ တောင် အာရှ၊ အရှေ့အာရှ...။

သူတို့၏ အာဏာက တစ်ကမ္ဘာလုံးကို ဖြန့်ကြက် နိုင်ခဲ့သည်။ ဆန့်ကျင်ဝံ့သည့် မည်သည့် တန်ခိုးရှင် မဆို သူတို့ လက်အောက်၌ အသက်သေ ခဲ့ရသည်။

"နတ်ဘုရား သတ်မှတ်ချက်" ပင်လျှင် အမှောင် မြို့စား ဖန်တီးထားသော သတ်မှတ်ချက် တစ်ခု ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့သော အဖွဲ့အစည်းကြီးကား ပျက်စီးခဲ့ရချေပြီ ဖြစ်သည်။ အမှောင်သခင်ကြီး ငါးယောက် အနက် လေးယောက်ပင်လျှင် ချန်းပေ့ရွှမ်းထံ၌ အသတ်ခံ ခဲ့ရသည်။

"တကယ့်ကို မယုံကြည်နိုင်စရာပဲ ... ချန်းပေ့ရွှမ်းက ဘယ်လောက်တောင် အစွမ်းထက် နေတာလဲ ..."

တိုက်ပဲဘုရင် ဆိုသော တစ်ယောက်က စီအိုင်အေ၏ သီးသန့် ဖိုရမ်တွင် ပို့စ် တစ်ခု တင်၏။

ထိုတိုက်ပွဲဘုရင် ဆိုသော တစ်ယောက်မှာ စစ်နတ်ဘုရား ဆိုသော ကြေးစား အဖွဲ့ကြီး၏ ကပ္ပတိန် ဖြစ်သည်။ သူ၏ စစ်နတ်ဘုရား ကြေးစား အဖွဲ့သည် တတိယမြောက် ကမ္ဘာ့ အစွမ်း အထက်ဆုံး ကြေးစား အဖွဲ့ ဖြစ်သည်။ ကြေးစားလောက၌ သူ၏ အထက်တွင် သွေးတောင်ပံ အဖွဲ့နှင့် ဒိုင်ယာဘလို နှစ်ဖွဲ့သာ ရှိတော့သည်။

"အမှောင်ခုံရုံးရဲ့ ခုံသမာဓိကြီး ငါးယောက်က ဥရောပရဲ့ မြေအောက်လောကကို နှစ်ရာချီပြီး အုပ်စိုးနိုင်ခဲ့တယ် ... အန်တိုနီယို စစ်ဝံပုလွေ ဘုရင် ဓမ္မရာဇာ စက္ကတို့တောင် သူ့တို့ကို အနိုင် မယူနိုင်ခဲ့ဘူး ... နောက်ပြီး အမှောင် သခင်ကြီး ငါးယောက် စလုံးက အရှေ့တိုင်းရဲ့ သေမျိုး နတ်ဘုရားတွေလောက် အစွမ်း ထက်တယ် ... ဒါပေမဲ့ ချန်းပေ့ရွှမ်းက သူတို့ ငါးယောက်ကို အနိုင်တိုက်ခဲ့တယ် ..."

ဖြူမည်း နတ်ဆိုး အမဲလိုက်သူ ဆိုသော အသုံးပြုသူကလည်း ရေး၏။

ဖြူမည်း နတ်ဆိုး အမဲလိုက်သူသည် ဆိုက်ဘေးရီးယားတွင် နျူကလိယဗုံးကြောင့် သေသွားခဲ့သည့် ဆံပင်ဖြူ စီရင်သူ၏ ဆက်ခံသူ ဖြစ်သည်။ သူသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် အထွတ်အထိပ် တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။

မိနစ်ပိုင်း အချိန်အတွင်းမှာပင် ကျော်ကြားသော ပညာရှင်များစွာမှာ အင်တာနက် ဖိုရမ်တွက် ပို့စ်များ တင်ကြသည်။

"သွေးနဂါး ဝီလျံ ... ခင်ဗျားလည်း ရောက်လာတာလား ..."

တစ်ယောက်က "သွေးနဂါး" အကောင့် ပိုင်ရှင်ကို ချက်ချင်းပင် မှတ်မိလိုက်သည်။

သွေးနဂါးဝီလျံမှာ ဥရောပမြောက်ပိုင်း သွေးနဂါး မိသားစု၏ သခင်ကြီး ဖြစ်သည်။

ကောလာဟလများ အရ သွေးနဂါး မိသားစု၏ ဘိုးဘေးမှာ နဂါးသွေးဖြင့် ရေချိုးခဲ့ရသည်ဟု ဆိုသည်။ ထို့ကြောင့်ပင် သူ၏ မျိုးဆက်များ၌ မွေးရာပါ စွမ်းအားများ ပျော်ဝင်နေခြင်း ဖြစ်သည်။ ဥရောပ ယူနီယံနှင့် အမေရိကန်တို့က သူတို့၏ သွေးများကို ဓာတ်ခွဲ စစ်ဆေးရာတွင် ထိုသွေးများ၌ နဂါး သွေးများ ရောဝင် စီးဆင်းနေကြောင်း တွေ့ခဲ့ရသည်။

"ဒါပေါ့ ... ဘယ်လိုလုပ်ပြီး လွဲချော်လို့ ဖြစ်မှာလဲ ... အမှောင်ခုံရုံး ပျက်စီးသွားပြီ ဆိုတော့ ကမ္ဘာကြီးက အပြောင်းအလဲတွေ ဖြစ်တော့မယ်လေ ..."

သွေးနဂါး ဝီလျံက ပြန်ဖြေလိုက်သည်။

"ချန်းပေ့ရွှမ်း ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ တစ်ယောက်ယောက်များ မသိကြဘူးလား ... နောက်ပြီး အဲဒီ တိုက်ပွဲ ဗီဒီယို မှတ်တမ်းရော မရှိကြဘူးလား ..."

တိုက်ပွဲဘုရင်က မေးလိုက်သည်။

"အဲဒီနေ့က မိုးတွေ အရမ်းရွာနေတာ ... ဒါကြောင့် ဘယ်လိုမှ ဗီဒီယို ရိုက်လို့ မရဘူး ... ဒါပေမဲ့ ကြားရတဲ့ အချက်အလက်တွေ အရဆို ချန်းပေ့ရွှမ်းက တိုက်ပွဲ အတွင်း အဆင့်တက်ပြီး အနိုင်ယူခဲ့တာတဲ့ ..."

ဖြူမည်း နတ်ဆိုး အမဲလိုက်သူက ဖြေသည်။

"အဆင့်တက်တာ ... ချန်းပေ့ရွှမ်းက မြေကမ္ဘာ အဆင့်ကို တက်သွားတာလား ..."

"မြေကမ္ဘာ အဆင့်" ဟူသော စကားလုံးက လူ အများ၏ အာရုံကို ဖမ်းစားသွားသည်။

"မြေကမ္ဘာ အဆင့်" ကား ဒဏ္ဍာရီလာ အဆင့် တစ်ခု ဖြစ်သည်။ အရှေ့တိုင်းတွင်ပင် မြေကမ္ဘာ အဆင့်များ မပေါ်ခဲ့သည်က နှစ်ပေါင်း ထောင်ချီခဲ့ပြီ ဖြစ်သည်။ အနောက်တိုင်း၏ နောက်ဆုံး မြေကမ္ဘာ အဆင့်မှာ သူတော်စင် ဩဂတ်စတင်း ဖြစ်ပြီး သူ သေဆုံးသွားသည်မှာလည်း အလွန်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အကယ်၍ ချန်းပေ့ရွှမ်းသာ မြေကမ္ဘာ အဆင့်ကို ရောက်သွားပါက ကမ္ဘာ၏ အစွမ်း အထက်ဆုံး လူ ဖြစ်သွားလိမ့်မည် ဖြစ်သည်။ နျူကလိယ ပိုင်ဆိုင်သော နိုင်ငံများပင် သူ့ကို စိန်ခေါ်နိုင်တော့မည် မဟုတ်ပေ။

"ချန်းပေ့ရွှမ်းက ပြောတယ် ... သူက မြေကမ္ဘာ အဆင့် မဟုတ်ဘူး တဲ့ ... ဒါပေမဲ့ မြေကမ္ဘာ အဆင့်ကို သူ လွယ်လွယ်ကူကူ သတ်နိုင်တယ်တဲ့ ..."

မီးတောက် တမန်တော် ဟူသော အကောင့်ပိုင်ရှင်က ဝင်ရေးလိုက်သည်။

"သူက သွေးတောင်ပံ အဖွဲ့ရဲ့ ကပ္ပတိန် မလား ..."

တစ်ယောက်က အံ့ဩတကြီး ရေးလိုက်၏။

"ဗိုလ်ချုပ် ဟက်တမ် ... ခင်ဗျားက တိုက်ပွဲကို မျက်မြင် တွေ့ခဲ့တယ် မလား ... ချန်းပေ့ရွှမ်း ဘယ်လောက် အစွမ်းထက်လဲ ခန့်မှန်း ပေးပါဦး ..."

တစ်ယောက်က သိချင်စိတ် ပြင်းပြစွာ မေးလိုက်သည်။

"ချန်းပေ့ရွှမ်း တိုက်ခိုက်တာကို မျက်မြင် မတွေ့ရရင် သူရဲ့ အစွမ်းကို မင်းတို့ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး ..."

ဟက်တမ်က ခဏမျှ ရပ်ရင်း ဆက်ရေးလိုက်၏။

"မြေကမ္ဘာ အဆင့်တွေ သူတော်စင်တွေ တကယ် ရှိမရှိ ငါမသိပေမဲ့ ချန်းပေ့ရွှမ်းက သူတို့ထင် ပို အစွမ်းထက်တာတော့ သေချာတယ် ..."

သူ၏ စကားက များစွာသော အသုံးပြုသူများကို ဆွံ့အ သွားစေ၏။ ဂျိမ်းဟက်တမ်ကား သွေးတောင်ပံ အဖွဲ့၏ ကပ္ပတိန် ဖြစ်ကာ အမှောင် သတ်မှတ်ချက် နံပါတ် ၁၇ ဖြစ်သည်။ သို့သော်လည်း သူက ချန်းပေ့ရွှမ်းမှာ မြေကမ္ဘာ အဆင့်ထက်ပင် ပို၍ အစွမ်းထက်သည်ဟု ဝန်ခံခဲ့သည်။

***

ထိုအချိန်၌ ချန်းဖန်နှင့် မြောက်ပိုင်းချုံးဂိုဏ်းမှာမူ အမှောင်ခုံရုံး၏ ကျန်ရှိနေသေးသော အဖွဲ့ဝင်များကို တိုက်ခိုက် နေခဲ့သည်။

တိုက်ပွဲအပြီး နောက်တစ်နေ့၌ ချန်းဖန်နှင့် မြောက်ပိုင်းချုံးဂိုဏ်းမှာ လန်ဒန်ရှိ အမှောင်ခုံရုံး ဌာနချုပ်သို့ ရောက်ရှိလာခဲ့သည်။ အမှောင်ခုံရုံး၏ အဖွဲ့ဝင်များမှာ ချန်းဖန်တို့ကို ခုခံ တိုက်ခိုက်ရန် ကြိုးစားသော်လည်း အဆုံးသတ်၌ ဂိတ်တံခါးကိုသာ ဖွင့်ပေးခဲ့ရသည်။

နောက်ရက်များ အတွင်းတွင်မူ မြောက်ပိုင်းချုံး ဂိုဏ်းသားများမှာ ဥရောပ အနှံ့အပြားသို့ ဖြန့်ကြက်ရင်း အမှောင်ခုံရုံး ဌာနခွဲများကို ရှင်းလင်းခဲ့သည်။

ထိုရက်များ အတွင်း၌ ချန်းဖန်ကမူ လန်ဒန်ရှိ ကြီးမားသော နန်းတော်ကြီး တစ်ခု အတွင်း၌ ရှိနေခဲ့သည်။

"ဆရာ ... ကျေးဇူးပြုပြီး ရပ်ပေးပါ ... ဥရောပရဲ့ ခေါင်းဆောင်တွေ အားလုံး စိတ်တို နေကြပြီ ..."

ချားလ်က ချန်းဖန်အား တောင်းပန် လိုက်သည်။

ထိုအချိန်၌ ချားလ်၏ မျက်နှာပေါ်ရှိ မောက်မာမှုနှင့် မာနများကား လွင့်စဉ် ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သူကား ချန်းဖန်နှင့် တွေ့ရသည်ကိုပင် ကြောက်လန့် နေခဲ့၏။

ချန်းဖန်ကား ဥရောပ၌ များစွာသော လူများကို သတ်ဖြတ်ခဲ့သည်။ သူသတ်သည့် လူများမှာ အမှောင်ခုံရုံးနှင့် ပတ်သက်သည့် လူများဟုသာ ဆိုသော်လည်း အမှောင် ခုံရုံးကား ဥရောပ တစ်ခုလုံးနှင့် ချိတ်ဆက်ထားသော အဖွဲ့အစည်းကြီး ဖြစ်သည်။

"ငါရပ်ချင်တဲ့ အချိန်မှ ရပ်မယ် ..."

ချန်းဖန်က ပြင်သစ် စတိုင် ကုလားထိုင်ကြီးတွင် မှီကာ ထိုင်ရင်း ဆိုလိုက်၏။ ကုလားထိုင်၏ နောက်တွင်မူ လီရှင်းရုက ရပ်ကာ ချန်းဖန်၏ ပခုံးများအား နှိပ်ပေးနေခဲ့သည်။

"ဆရာ ... ခင်ဗျားက လူ တစ်ထောင်ကျော်နဲ့ တော်ဝင် မိသားစု ဆယ့်ခုနစ်ခုကို သတ်ပြီးပြီ ... အခုဆိုရင် စပိန်နဲ့ အီတလီ ရဲတွေက ခင်ဗျားရဲ့ ဂိုဏ်းနောက်ကို လိုက်နေပြီ ... တကယ်လို့ ခုအချိန်မှာ မရပ်ရင် ပြဿနာတွေ ပိုပြီး ကြီးထွားလာလိမ့်မယ်"

ချားလ်က တုန်ရီစွာ ဆိုလိုက်သည်။

"ဟုတ်လား ..."

ချန်းဖန်က မတုန်မလှုပ် ပြန်လည် ပြောလိုက်၏။

"ဒီပုံစံ အတိုင်းဆို အမှောင်ခုံရုံးက ဥရောပ ယူနီယံ အစိုးရပိုင်းအထိ အမြစ်တွယ် နေတယ် ထင်တယ် ... ငါတော့ လူပိုသတ်ရဦးမှာပဲ ..."

"ဘယ်လို ... ပိုပြီး သတ် ..."

ချားလ်မှာ ကုလားတိုင်မှ ပြုတ်ကျ မလိုပင် ဖြစ်သွားခဲ့သည်။ ထို့နောက် သူက ချန်းဖန်အား အလေးအနက် အမူအရာဖြင့် ဦးညွှတ်လိုက်၏။

"ဆရာ ... ကျေးဇူးပြုပြီး ရပ်တန့်ပေးပါ ... ဆရာသာ ဆက်ပြီး တိုက်ခိုက်နေမယ် ဆိုရင် ဥရောပ ယူနီယံ ပျက်စီးရပါလိမ့်မယ်"

ချားလ်က အံကို တင်းတင်း ကြိတ်လိုက်၏။

"ဆရာ ... ဆရာ ရပ်တန့်ဖို့ အတွက် ကျွန်တော်တို့ ဘာလုပ် ပေးရမလဲ ..."

ထိုစကားအား ကြားသည်နှင့် ချန်းဖန်က ကျေနပ်စွာ ပြုံးလိုက်၏။ ယခု အချိန်ကား သူ ဈေးသတ်မှတ်ရမည့် အချိန်ပင် မဟုတ်ပါလား။

***

All Chapters