← Chapters

လေကိုပဲ ကူညီပေးလိုက်ရတယ်

Vol. 21 Ch. 301

လေကိုပဲ ကူညီပေးလိုက်ရတယ်

Vol. 21 Ch. 301

"မဟုတ်ဘူး၊ အရိုအသေပေးလို့ မရဘူး"

စူးချင်းက ယန်ရူရွှယ်ကို ပြန်ထူပေးရန် အလျင်အမြန် ရှေ့တိုးသွားလိုက်သည်။

သူမ အသက် မတိုချင်သေးပါဘူးနော်....

စူးချင်းက ယခု သူမ ယောက်ျားအသွင်ဆောင်သော အမျိုးသမီးတစ်ဦးဖြစ်နေသည်ကို သူမ မေ့သွားခဲ့သည်။ ယခုခေတ်တွင် ယောက်ျားနှင့် မိန်းမအချင်းချင်း မထိသင့်ပေ။ သူမက ယန်ရူရွှယ်ကို ထူပေးရန် လက်လှမ်းလိုက်ချိန်တွင် ယန်ရူရွှယ်က ကမန်းကတန်း နောက်ပြန်ဆုတ်သွားသည်ကို သူမ တွေ့လိုက်ရသည်။ စူးချင်းတစ်ယောက် လေကိုသာ ကူညီပေးလိုက်ရသည်။

"ကျေးဇူးရှင်ကြီး၊ မင်းက အရမ်းတော်တယ်!"

ရှောင်ချန်က သူ့အမေအနားတွင် ရပ်နေပြီး စူးချင်းကို ကြည့်နေကာ သူ့မျက်လုံးလေးများက တောက်ပနေလေသည်။ သူ့၏ကလေးဆန်သောအသံလေးတွင် သဘောကျမှုများ ပြည့်လှသည်။

"ဟုတ်လား? ငါတို့ ရှောင်ချန်လည်း အရမ်း တော်တယ်။ အမေ့ကိုတောင် ကာကွယ်ပေးနိုင်နေပြီ။ ရှောင်ချန်က လူကြီးလေး ဖြစ်လာပြီ"

သူမ၏မောင်ငယ်လေးကို မြင်လိုက်ရချိန်တွင် စူးချင်း၏တင်းမာသောမျက်နှာပေါ်တွင် နွေးထွေးသောအပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမက အောက်သို့ ငုံ့လိုက်ပြီး ရှောင်ချန်ကို ကောက်ချီလိုက်ပြီး သူ့၏မျက်နှာလေးဖောင်းဖောင်းလေးကို နမ်းလိုက်သည်။ သင်းပျံ့သောရနံ့က သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာပြီး နို့နံ့သင်းသင်းလေးက သူမ၏စိတ်ကို ကြည်နူးစေနိုင်ခဲ့သည်။

စူးချင်းတစ်ယောက် စိတ်မထိန်းနိုင်တော့ဘဲ သူမမောင်လေး၏မေးစေ့လေးနှင့် လည်ပင်းကို သူမ၏နှာခေါင်းဖြင့် ပွတ်သပ်လိုက်မိသည်။ ရှောင်ချန်က ရုတ်တရက် လန့်သွားပြီး သူ့လည်ပင်းလေးကို ကျုံကာ တခစ်ခစ် ရယ်မောနေလေသည်။ သူ၏ အနက်ရောင် မျက်လုံးကြီးများက ပျော်ရွှင်ရိပ်များဖြင့် ရွှမ်းစိုတောက်ပနေခဲ့သည်။

တစ်ဖက်တွင်မူ သီလရှင်လေးများက နတ်ဆိုးများ၏လက်ထဲသို့ ကျရောက်လုနီးပါး ဖြစ်ခဲ့ရသည်။ သူမတို့၏၀တ်ရုံများ စုတ်ပြဲသွားကာ နှင်းဖြူရောင်နွေဦးနှင့်တူသော ဖွံ့ထွားသည့်နေရာများကို ထုတ်ဖော်ပြသမိသွားကြသည်။ သူမတို့က ပူဆွေးသောကရောက်ခြင်းနှင့်အတူ ဒေါသလည်း ထွက်နေကြပြီး သူမတို့ သီလပျက်သွားပြီဟု ယူဆသောကြောင့် ဤလောက၌ အသက်ရှင်ရန် မျက်နှာမရှိဟု ခံစားနေကြရသည်။

ထို့ကြောင့် သူမတို့၏မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေခဲ့ပြီး သူမတို့၏အဝတ်အစားအများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကြသည်။ ထို့နောက် သူမတို့က သူမတို့၏စုတ်ပြတ်နေသည့် သင်္ကန်းကို အရှက်လုံရုံ ဖုံးအုပ်ပြီး ထရပ်လိုက်ကြသည်။ နောက်ဆုံးတွင် သူမတို့က မြေပြင်ပေါ်ရှိ ဓားများကို ကောက်ကိုင်ကာ သူမတို့၏ဝင်သက်ကို အဆုံးသတ်ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည်။

စူးချင်းက သူမ၏မျက်လုံးထောင့်မှ သီလရှင်များ၏ လှုပ်ရှားမှုများကို မြင်နေရပြီး သူမက ထိုနေရာသို့ သွားကာ ဓားများကို ပုတ်ထုတ်လိုက်ပြီး အေးစက်စက်မျက်နှာဖြင့် အမိန့်ပေးလိုက်သည်။

“သေစရာ မလိုဘူး”

သူမ အလွန်ကြမ်းတမ်းရက်စက်သည်ကို မြင်ဖူးသော သီလရှင်လေးများက အလွန်ထိတ်လန့်နေကြသည်။ စူးချင်းက အမျိုးသားတစ်ဦးကဲ့သို့ ၀တ်ဆင်ထားသောကြောင့် သူမတို့အားလုံးက သူမတို့၏အဝတ်စလွတ်နေသော အရေပြားများကို လိုက်လံကာကွယ်နေကြသည်။ သူမတို့၏ တုန်တုန်ယင်ယင်နှင့် ကူကယ်ရာမဲ့နေသော အသွင်အပြင်များက သနားစရာကောင်းလွန်းသောကြောင့် စူးချင်း၏စိတ်နှလုံးက ပျော့ပျောင်းလာကာ သူမတို့ကို နှစ်သိမ့်ပေးလိုက်သည်။

“မင်းတို့ကို နာကျင်စေတဲ့ လူတွေအားလုံးက သေကုန်ပြီ။ ဒီနေ့ ဖြစ်ပျက်ခဲ့တာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။ ပြီးတော့ ငါကလည်း မိန်းမပဲ၊ မင်းတို့ ဘာမှ မဆုံးရှုံးဘူး"

"မင်းက မိန်းမလား?"

စူးချင်းက သူမ မိန်းက‌လေးဟု ပြောလိုက်သည်ကို ကြားလိုက်ရချိန်တွင် သီလရှင်တစ်ပါးက အံ့သြစွာ ပြန်မေးလာခဲ့သည်။ သူတို့ကိုယ့်သူတို့ ကာကွယ်နေကြသည့် သီလရှင်လေးများကလည်း စူးချင်းကို မယုံနိုင်သလို လှမ်းကြည့်နေကြသည်။

အခုန သူမ လူတွေကို ရက်ရက်စက်စက် သတ်နေခဲ့တာ မဟုတ်ဘူးလား? ဒါပေမယ့် သူမက မိန်းမတဲ့လား?

"ဟုတ်တယ်၊ အဲ့ဒါကြောင့် မင်းတို့ သေစရာ မလိုဘူး"

စူးချင်းက သူမတို့ ယုံအောင် ထပ်ဝန်ခံလိုက်ပြီး သူမ၏အမျိုးသမီးအသံအစစ်ကို အသုံးပြုလိုက်သည်။

"ရှီအာ?"

စူးချင်း၏အသံကို ကြားလိုက်ချိန်တွင် ယန်ရူရွှယ်၏ခန္ဓာကိုယ်က ချက်ချင်း တုန်ယင်လာခဲ့သည်။ သူမတို့ တစ်ကြိမ်သာ တွေ့ဆုံဖူးပြီး လမ်းခွဲလိုက်ရသော်လည်း သူမက မိခင်တစ်ယောက်အနေဖြင့် သူမသမီး၏အသံကို သူမ၏နှလုံးသားထဲတွင် အခိုင်အမာ ထွင်းထုထားခဲ့သည်။ သူမက စူးချင်း၏အမည်ကို ခေါ်ရန် ကြိုးစားနေရင်း သူမ၏မျက်လုံးများထဲတွင် မျက်ရည်များ ပြည့်လျှံလာခဲ့သည်။

သူမ အမေ၏ ထိုကဲ့သို့ အသွင်အပြင်ကို မြင်လိုက်ရခြင်းက စူးချင်းအတွက် သူမ၏လည်ပင်းကို အညှစ်ခံလိုက်ရသလို ခံစားရစေသည်။ သူမ၏နှာ​ခေါင်းများက ချဥ်လာပြီး မျက်​လုံးများက စပ်လာကာ သူမ၏အမြင်အာရုံက အနည်းငယ် မှုန်မှိုင်းသွားခဲ့သည်​။

ထို့နောက် စူးချင်းက အပြစ်မကင်းသည့်လေသံလေးဖြင့် သူမ၏အမေကို တောင်းပန်လိုက်သည်။

“အမေ၊ သမီးပါ၊ သမီး နောက်ကျသွားတဲ့အတွက် အမေ့ကို ဒုက္ခရောက်စေမိတယ်"

“အမေရဲ့သမီးလိမ္မာလေး”

သူမ ရှေ့မှ လူက သူမ၏ရှီအာဖြစ်ကြောင်း အတည်ပြုပြီးနောက် ယန်ရူရွှယ်က ငိုနေရင်း စူးချင်းဆီသို့ ပြေးလာကာ စူးချင်းကို သူမ၏ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်သည်။ မည်သည့်အရာများ ဖြစ်ပျက်နေစေကာမူ သူမက စူးချင်းကို ပြန်လွှတ်ပေးရန် ရည်ရွယ်ချက် မရှိပုံရသည်။

"အစ်မလား?"

ရှောင်ချန်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်သည်။ သူ၏ကြီးမားပြီး ကြည်လင်သော မျက်လုံးလေးများက စူးချင်းကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

အစ်မက ဘယ်ကနေ ရောက်လာတာလဲ? ဒါက သူ့အစ်ကို မဟုတ်ဘူးလား?

"ရှောင်ချန်က အရမ်းတော်တယ်"

စူးချင်းက သူမ၏မောင်လေး မည်မျှ ချစ်စရာကောင်းသည်ကို မြင်နေရသောကြောင့် သူမ စိတ်မထိန်းနိုင်ဘဲ သူ့ကို ထပ်နမ်းလိုက်ပြီး သူမ၏အသံတွင်လည်း ရွှင်မြူးမှုများ ပြည့်နေခဲ့သည်။

သီလရှင်များက စူးချင်း အမျိုးသမီးတစ်ဦးဖြစ်ကြောင်းနှင့် စူးမိသားစုမှ စူးသခင်မ၏သမီးအရင်းဖြစ်ကြောင်း သိသွားကြသည်။ သီလရှင်ကြီးများက သနားစရာကောင်းသည့် သီလရှင်လေးများကို မသတ်သေရန် နှစ်သိမ့်ပေးပြီး စူးချင်းကို ကျေးဇူးတင်စကားပြောရန် ခေါ်လာခဲ့ကြသည်။

"ကျွန်မတို့ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ် သခင်မလေးစူး"

“ရပါတယ်”

စူးချင်းက သူတို့၏အရိုအသေပေးမှုကို တားဆီးလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

“အဝတ်အစားလဲဖို့ အထဲကို မြန်မြန်ဝင်သွားကြတော့"

ယန်ရူရွှယ်က သူမ၏သမီးကို လွှတ်ပေးရန် ငြင်းဆန်နေခဲ့ပြီး သူမ၏သမီးက နောက်တစ်ကြိမ် ထွက်ပြေးသွားမည်ကို ကြောက်ရွံသောကြောင့် သမီးဖြစ်သူကို သူမ၏အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

စူးချင်းက သူမ၏အမေကို မငြင်းဆန်နိုင်ဘဲ ဧည့်သည်များတည်းခိုသည့်အဆောင်သို့ လိုက်သွားခဲ့သည်။ အခန်းထဲမှ ပရိဘောဂများက ရိုးရှင်းလွန်းနေပြီး သူမ ဝင်လိုက်သည်နှင့် တပြိုင်နက် နံ့သာဖြူစားပွဲရှည်ကြီးနှင့် သစ်သားကုလားထိုင်နှစ်လုံးကို တွေ့လိုက်ရသည်။ ဘယ်ဘက်တွင် သစ်သားဖြင့်ပြုလုပ်ထားသော ကုတင်ကြီးတစ်လုံး ရှိပြီး အခန်းတစ်ခုလုံး စန္ဒကူးရနံ့များ သင့်ပျံ့နေသောကြောင့် ရိုးရှင်းသော်လည်း သေသပ်ကောင်းမွန်သည်ဟု ဆိုနိုင်‌ပေသည်။

"ကြောင်ကြီး၊ ငါ မင်း စားဖို့ အရသာရှိတဲ့ တစ်ခုခု ပေးမယ်နော်"

ရှောင်ချန်က ဝတုတ်တုတ်ရှောင်ချီဆီမှ အဆွဲဆောင်ခံထားရပြီး သူက ရှောင်ချီကို အခန်းထဲသို့ ပွေ့ချီလာသည်။ ရှောင်ချီကတော့ သခင်ငယ်လေးဆီမှ အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကဲ့သို့ ဆက်ဆံခံနေရပြီး ကူကယ်ရာမဲ့နေလေသည်။

စူးချင်း မော့ကြည့်လိုက်ချိန်တွင် ရှောင်ချီက သူမကို သနားစဖွယ် လှမ်းကြည့်နေသည်ကို သူမ တွေ့လိုက်ရသည်။ သူမ၏ အကူအညီတောင်းနေသည့် မျက်လုံးလေးများက စူးချင်းကို ရယ်မောစေခဲ့သည်။

"အစ်ကိုကြီး၊ သူ့ကို ပေးလို့ရမလား...?”.

ရှောင်ချန်က ငယ်ရွယ်သေးပြီး သူ့၏အသိဥာဏ်ထဲတွင် ယောက်ျားလေး အဝတ်အစား ဝတ်ထားသူကို ယောက်ျားလေးဟုသာ သိထားသောကြောင့် စူးချင်းက သူမကိုယ်သူမ အစ်မဟု ပြောနေသော်လည်း ရှောင်ချန်ကတော့ အစ်ကိုကြီးဟု ဇွတ်ခေါ်နေသေးသည်။

ရှောင်ချီက ကြောက်စိတ်ဖြင့် မျက်လုံးပြူးသွားတော့သည်။ သူမ၏မျက်လုံးလေးများက နဂို ပြူးကျယ်နေသောကြောင့် သူမ ထိတ်လန့်သွားသည့်အခါ သူမ၏မျက်လုံးလေးများက တောက်ပနေသည့် မီးပုံးလေးနှစ်လုံးကဲ့သို့ ဖြစ်လာခဲ့သည်။ သူမ မည်မျှထိတ်လန့်နေသည်ကို အထင်အရှား မြင်နေရသည်။

“အင်း ဒီရက်ပိုင်းတွေအတွက်တော့ အဆင်ပြေတယ်။ အစ်မက မင်းကို ကာကွယ်ပေးဖို့ ရှောင်ချီကို ပေးထားမယ်"

စူးချင်းက ရှောင်ချီ၏ ကြောက်လန့်နေသော မျက်ဝန်းလေးများကို စိုက်ကြည့်နေရင်း သူ့မောင်လေးကို အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဟေး! ကောင်းလိုက်တာ"

ရှောင်ချန်က ဝမ်းသာအားရ ထခုန်လိုက်ပြီး ပန်းတစ်ပွင့်ကဲ့သို့ လှပစွာ ပြုံးနေလေသည်။

ရှောင်ချီကတော့ နှုတ်ခမ်းစူထားပြီး စွန့်ပစ်ခံလိုက်ရသော ကလေးတစ်ယောက်ကဲ့သို့ သူမ၏သခင်ကို သနားစဖွယ်လှမ်းကြည့်နေခဲ့သည်။

"မော့ချန်ကို ရောက်ရင်တော့ ရှောင်ချီကို ပြန်ပေးရမယ်"

စူးချင်းက ရှောင်ချီကို တမင်တကာ မကြည့်ဘဲ ပြုံးနေကာ သူမမောင်လေး၏နှာခေါင်းလေးကို ညှစ်လိုက်ပြီး ပန်းရောင်ကတိတောင်းလိုက်သည်။

ရှောင်ချန်က ဝမ်းသာအားရ သဘောတူလိုက်သည်။ သူ အလွယ်တကူ စိတ်ကျေနပ်တတ်ပြီး ရက်အနည်းငယ်ကြာအောင် ပျော်ရွှင်နေလိမ့်မည်။ သူက စူးချင်းကို ချိုသာသောအသံလေးဖြင့် ကတိပြန်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ”

"အမေ၊ ပစ္စည်းတွေကို ထုပ်ပိုးတော့၊ သမီး အမေနဲ့ ရှောင်ချန်တို့ကို ခေါ်သွားပေးမယ်"

စူးချင်းက သူမ၏မောင်လေးကို အပြုံးဖြင့် စကားပြောနေခဲ့ပြီး သူမ၏အမေနှင့် စကားပြောရန် လှည့်ကြည့်လိုက်ချိန်တွင်လည်း သူမ၏မျက်နှာပေါ်ရှိ အပြုံးက ပျောက်ကွယ်မသွားခဲ့ပေ။

"အမေက မင်းနဲ့ ရှောင်ချန်အတွက် ဆုတောင်းပေးဖို့ ဒီကို လာခဲ့တာ။ အမေ ဒီမှာ လေးဆယ့်ကိုးရက်ပြည့်အောင် နေရမယ်”

ယန်ရူရွှယ်က သူမ၏သမီးလေးနှင့် မိနစ်တိုင်းစက္ကန့်တိုင်း အတူကုန်ဆုံးစေလိုသော်လည်း သူမ၏ခင်ပွန်းသည်က သူမတို့၏ကလေးနှစ်ဦးလုံးဆက်တိုက် လုယူခံခြင်းမှာ သူမတို့၏မကောင်းမှုကံများ ပြင်းထန်လွန်းသောကြောင့်ဟု ပြောခဲ့သည်။ ထို့ကြောင့် သူမက သက်သတ်လွတ်စားရန် သီလရှင်ကျောင်းသို့ လာခဲ့ခြင်းဖြစ်ပြီး မကောင်းမှုကံများကို ချေမှုန်းရန် နှလုံးသန့်စင်သုတ္တန်နှင့် ရတနာ့သုတ္တန်တို့ကို နေ့စဉ်ရွတ်ဆိုနေခဲ့သည်။

သူမ၏ကလေးနှစ်ယောက်နှင့် ပတ်သတ်နေသောကြောင့် ယန်ရူရွှယ်က သတိမလွတ်ဝံ့ပေ။ ဤရက်အနည်းငယ်အတွင်းတွင် သူမက သီလရှင်ကျောင်းတွင် နေထိုင်ကာ တရားစာများကို ရွတ်ဖတ်ရင်း မြတ်စွာဘုရားအား ပူဇော်နေခဲ့သည်။ သူမက မနက်ခင်းနှင့် ညနေခင်းများတွင်ပင် မလစ်လပ်စေဘဲ အဆက်မပြတ် ရွတ်ဖတ်ပူဇော်နေခဲ့သည်။

“ပြန်သွားပြီးမှ ကျမ်းဂန်တွေကို ရွတ်ဖတ်လို့လဲ ရပါတယ်”

စူးချင်းက သူမကို ဖျောင်းဖျရန် ကြိုးစားလိုက်သော်လည်း ယန်ရူရွှယ်က ဇွတ်ငြင်းနေခဲ့သည်။

“အခု ဆယ်ရက်ပဲ ​​ရွတ်ဆိုပြီးတာတောင် ဘုရားက သမီးကို အမေ့ဆီ ပြန်ပို့လိုက်တယ်။ အမေ ပေးထားခဲ့တဲ့ကတိကို ပြန်ဖျက်ဖို့ မဖြစ်နိုင်ဘူး၊ အဲ့လိုမှမဟုတ်ရင် သမီးနဲ့ရှောင်ချန် ဘေးဒုက္ခကြုံလိမ့်မယ်"

စူးချင်းက သူမကို မည်သို့ ဆွဲဆောင်ရမှန်း မသိတော့ပေ။

သူမ ဒီနေ့ သူမရဲ့အမေ့ကို အတင်းအကြပ် ခေါ်သွားခဲ့ရင် နောင်အနာဂတ်မှာ အသေးအမွှားကိစ္စလေးတွေ ရှိလာတာနဲ့ သူမရဲအမေက လေးဆယ်ကိုးရက်ပြည့်အောင် ကျမ်းဂန်တွေ မရွတ်ဆိုခဲ့ရတာကို ပြန်တွေးပြီး သူမကိုယ်သူမ အပြစ်တင်နေလိမ့်မယ်။ ရှေးလူကြီးတွေက သရဲနဲ့ နတ်တွေကို အကြောက်ဆုံးပဲ။

ဒါပေမယ့် ဝမ်မိသားစုရဲ့စစ်တပ်က ရှောင်ချန်နဲ့ တခြားကလေးတွေအတွက် ဒီကို ရောက်နေကြပြီ။ ပြီးတော့ အခု သူမရဲ့အမေက အန္တရာယ်မဖြစ်ခဲ့ဘူးဆိုပေမယ့် နောင်မှာ ဒီနေ့လိုမျိုး ထပ်ဖြစ် မဖြစ်က ဘယ်သူသိနိုင်မှာလဲ?

အခုလို အရာအားလုံး ဖရိုဖရဲဖြစ်နေပြီး ကျပ်တည်းနေတဲ့ ကာလမှာ ဓားပြတွေ အများကြီး ရှိတယ်။ ငြိမ်းချမ်းတဲ့ ကာလတွေမှာ ဘုန်းကြီးကျောင်းတွေနဲ့ သီလရှင်ကျောင်းတွေကို မကောင်းမှုတွေ လာမလုပ်ရဲရင်တောင် ယခုလို ဒုက္ခရောက်နေတဲ့ ကာလမှာတော့ အကျင့်စာရိတ္တဆိုတာ မရှိကြတော့ဘူး။

သီလရှင်ကျောင်းမှာ သူမရဲ့အမေကို ထားခဲ့ဖို့က ဒီဓားပြတွေမှာ ကြံရာပါတွေ ရှိနေရင် ဒီမှာ ရှိနေတဲ့သူတွေအကုန်လုံး ခက်ခဲတဲ့အခြေအနေကို ရောက်ရှိသွားလိမ့်မယ်။

“အမေ၊ ဒီနေ့ အဖြစ်အပျက်ကို အမေလည်း မြင်ပါတယ်။ သမီးသာ အချိန်မီရောက်မလာခဲ့ရင် အမေနဲ့ သီလရှင်တွေအကုန်လုံး အသတ်ခံရမှာ သေချာတယ်။ အမေ မကြောက်ဘူးလား?"

စူးချင်းက ယန်ရူရွှယ်ကို သွေးဆောင်ရန် ဓားပြများကို အသုံးချလိုက်သည်။ ယန်ရူရွှယ်က သူမကို ချစ်စဖွယ်ကြည့်နေရင်း ပြုံးလိုက်ကာ ခေါင်းခါပြလိုက်သည်။

“အမေက ဘုရားကို ယုံကြည်တယ်။ ဘုရားက လူဆိုးတွေကို အပြစ်ပေးလိမ့်မယ်။ သမီးလည်း အမေနဲ့အတူ ဒီမှာ နေပါ။ နောက်သုံးဆယ့်ကိုးရက်ကြာပြီးရင် အမေတို့အတူ ထွက်သွားကြမယ်"

ထိုစကားက စူးချင်း၏မျက်နှာကို မည်းမှောင်သွားစေသည်။

သူမက သီလရှင်ကျောင်းမှာ တစ်လကျော်လောက် နေရမှဦလား? သူမလို ဖြတ်ချင်ဖြတ်ချင်စိတ် အပြည့်နဲ့လူက မြတ်စွာဘုရားကို ဘယ်လို စိတ်အခြေအနေနဲ့ ကိုးကွယ်ဆည်းကပ်နိုင်မှာလဲ?

ယန်ရူရွှယ်က သူမ၏သမီးကို စောင့်ရှောက်ရန် စိတ်ပိုင်းဖြတ်ထားပြီး သမီးဖြစ်သူ၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ လွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။

သူမ လူတွေကို မကယ်တင်နိုင်ဘဲ သီလရှင်ကျောင်းမှာ ပိတ်မိနေတော့မှာလား?

All Chapters