← Chapters

အဖေနှင့်သမီးကြားက နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာ

Vol. 21 Ch. 303

အဖေနှင့်သမီးကြားက နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာ

Vol. 21 Ch. 303

"သူတို့ ဘယ်မှာလဲ?"

စူးဟန်ရွှမ်၏စိုးရိမ်ပူပန်နေသံက စာဖတ်င်ခန်းထဲသို့ ဝင်လာသည်။ စူးချင်းက သူမ၏မြှားအိမ်များကို စားပွဲပေါ်တင်ပြီး မတ်တပ်ထရပ်လိုက်ကာ တံခါးဝတွင် သွားစောင့်နေလိုက်သည်။

“အဖေ”

စူးဟန်ရွှမ်အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်သည်နှင့်တပြိုင်နက် စူးချင်းက အသံထွက်ကာ သူ့ကို လှမ်းခေါ်လိုက်သည်။ စူးဟန်ရွှမ်က စူးချင်းကို မြင်သွားပြီး ထိတ်လန့်သွားခဲ့သည်။

သူ့သမီးက သီလရှင်ကျောင်းကို မသွားဘူးလား? သူမ ဘာလို့ ပြန်လာတာလဲ? ရှောင်ချန် တစ်ခုခု ဖြစ်သွားပြီလား?

သူ့သား တစ်ခုခုဖြစ်သွားနိုင်သည်ဟု တွေးလိုက်မိသောကြောင့် စူးဟန်ရွှမ်က ချက်ချင်းပင် စိုးရိမ်သွားပြီး သူ့သမီးကို အလောတကြီး မေးလိုက်သည်။

"မင်းအမေနဲ့ ရှောင်ချန် တစ်ခုခုဖြစ်ခဲ့ကြတာလား?"

“ဟုတ်တယ်၊ သီလရှင်ကျောင်းကို ဓားပြတွေ ရောက်လာကြတယ်။ အမေနဲ့ ရှောင်ချန်က အသတ်ခံရလုနီးပါးပဲ”

စူးချင်းက ဘာမှ ဖုံးကွယ်မထားခဲ့ပေ။ သူမ၏အဖေက အေးဆေးတည်ငြိမ်သည့် စရိုက်ရှိပြီး ကိစ္စများက မည်မျှလေးနက်သည်ကို သူ မသိမချင်း သူမ၏ဖခင်က ဤနေရာမှ ထွက်ခွာသွားမည် မဟုတ်ကြောင်း သူမ နားလည်နေခဲ့သည်။

“သူတို့… အဆင်ပြေရဲ့လား?”

ထိုမေးခွန်းကို မေးနေရင်းဖြင့် စူးဟန်ရွှမ်၏လက်ဖျားများက အေးစက်လာပြီး သမီးဖြစ်သူကို စိုးရိမ်တကြီး ကြည့်နေကာ သူ့အသံကလည်း တုန်ယင်နေလေသည်။

“လောလောဆယ်တော့ အန္တရာယ်ကင်းတယ်။ ဒါပေမယ့် အမေက ထိတ်လန့်နေပြီး အားကိုးရာမဲ့သလို ခံစားနေရတဲ့အတွက် အဖေ့ကို လိုက်လာစေချင်နေတယ်”

စူးချင်းက သူမ၏ပစ်ချက် ထိမှန်လုနီးပါးဖြစ်သွားသည်ကို မြင်နေရပြီး သူမက သူမ၏ဖခင်ကို သီလရှင်ကျောင်းသို့ သွားရန် တိုက်တွန်းလိုက်သည်။

"ငါ?"

စူးဟန်ရွှမ်ကလည်း အကျပ်ရိုက်နေပြန်သည်။

သူ ထွက်သွားရင် လွမ်ချင်းရှန်ကို ဘယ်သူမှ ကယ်ပေးမှာ မဟုတ်ဘူး။ သူသာ ရုရွှယ်ဆီကို မလိုက်သွားခဲ့ဘူးဆိုရင်လည်း သူမရဲ့ရောဂါကနေ ပြန်လည်သက်သာလာစဖြစ်တဲ့ သူ့ဇနီးက ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲဆိုတာ မမှန်းဆနိုင်ဘူး။

"အဖေ ဦးလေးက အမေနဲ့ ရှောင်ချန်ထက် ပိုအရေးတာလား?"

စူးချင်းက ဆွေမျိုးသားချင်းများ၏ဆက်ဆံရေးကို နားမလည်ခဲ့ပေ။ သူမထံတွင် ရင်းနှီးသည့်ဆွေမျိုး မရှိသောကြောင့် သူ့အဖေက ဘာကြောင့် ဤမျှလောက် လွန်ဆွဲနေမှန်း သူမ နားမလည်နိုင်ပေ။ သူမ၏နှလုံးသားထဲတွင် ရှောင်ချန်နှင့် သူမ၏အမေထက် မည်သူကမျှ ပိုအရေးမကြီးပေ။

"မင်းရဲ့ဦးလေးက ရှောင်ချန်နဲ့ တခြားကလေးတွေအတွက် ၀န်ကြီးချုပ်ဝမ်ကို အပြစ်ပြုခဲ့မိတာလေ။ အဖေ သူ့ကို မကယ်ရင် အဖေ ကျေးဇူးကန်းရာ ရောက်လိမ့်မယ်။ အဲ့ဒါအပြင် မင်းအဒေါ်နဲ့ လွမ်ဟုန်လည်း ရှိသေးတယ်”

စူးဟန်ရွှမ်က သက်ပြင်းချလိုက်သည်။ သူက ခင်မင်ရင်းနှီးမှုနှင့် ဖြောင့်မတ်ခြင်းကို အလေးထားသူ ဖြစ်သည်။ လွမ်ချင်းရှန်က ကလေးများကို ကာကွယ်ရန် သူတို့၏ မွေးဇာတာများကို ပြောင်းလဲခဲ့သောကြောင့် သခင်ကြီးချင်က သူ့ကို လိမ်လည်မှုဖြင့် စွပ်စွဲရန် အခွင့်အရေး ရသွားခြင်း ဖြစ်သည်။ လွမ်ချင်းရှန်က ထိုကဲ့သို့ မလုပ်ဘဲ ဘာမှ မသိဟန်ဆောင်ကာ ကလေးများ၏မွေးဇာတာများအား အမှန်အတိုင်း အစီရင်ခံခဲ့ပါက သူ့အတွက် ယခုကဲ့သို့ ဘေးဥပဒ်များ ကျရောက်လာမည် မဟုတ်ပေ။

"ဒါဆို အဖေ သူတို့ကို ကယ်တင်ဖို့ ကြိုးစားနေတာ အခြေအနေ ဘယ်လိုရှိလဲ?"

ရှောင်ချန်ကြောင့် လွမ်ချင်းရှန် ဒုက္ခရောက်ခဲ့ရသည်ဟု ကြားလိုက်ချိန်တွင် စူးချင်းက ထိုဦးလေးအပေါ် လေးစားသွားပြီး သဘောကျသွားခဲ့သည်။

“အဖေက ဝမ်မိသားစုရဲ့စစ်သည်တွေကို ချဥ်းကပ်ဖို့ သခင်ကြီးချူကို တောင်းဆိုထားပြီးပြီ။ မင်းဦးလေးရဲ့ အသက်ကို ကာကွယ်ဖို့ လျန်ငွေတစ်သိန်း လက်ဆောင်ပေးမယ်လို့ အဖေ ညှိနှိုင်းထားတယ်၊ မင်းရဲ့အဒေါ်နဲ့ ဝမ်းကွဲကိုလည်း ကျွန်အဖြစ်ရောင်းချခြင်းကနေ ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုထားတယ်။ အခု သခင်ကြီးချူက အဖေ့အတွက် သွားဆွေးနွေးပေး‌နေတယ်။ အဖေက ပြန်လာခဲ့ပြီး သတင်းကို စောင့်နေတာ"

ထိုစကားများကို ပြောနေခဲ့သော်လည်း စူးဟန်ရွှမ်ကိုယ်တိုင်လည်း သိပ်ယုံကြည်မှု မရှိခဲ့ပေ။ လျန်ငွေတစ်သိန်းက သေးငယ်သည့်ပမာဏ မဟုတ်သော်လည်း ဝန်ကြီးချု ဝမ်၏ ချမ်းသာကြွယ်ဝမှုက တိုင်းပြည်တစ်ခုနှင့်ပင် ယှဉ်ပြိုင်နိုင်သောကြောင့် သူက ထိုငွေပမာဏကို စိတ်ဝင်စားမည် မဟုတ်ပေ။

လက်ရှိ ဧကရာဇ်မင်းမြတ် နန်းတက်ချိန်မှ ယခုအချိန်အထိ ဝန်ကြီးချုပ်ဝမ်ကို စော်ကားမိခဲ့သူများအားလုံး ကြေကွဲဖွယ်အဆုံးသတ်များနှင့်သာ ကြုံတွေ့ခဲ့ရသည်။ ၎င်းတို့အားလုံးက သုတ်သင်ရှင်းလင်းခံရခြင်း သို့မဟုတ် ကျင့်ရှီလျိုမြောင်သို့ ပြည်နှင်ဒဏ်ပေးခြင်း ခံခဲ့ကြရသည်။ သူတို့၏မိသားစုများလည်း နေ့ချင်းညချင်း ပျက်စီးသွားခဲ့ကြရသည်။

"လျန်ငွေတစ်သိန်းလား?"

စူးချင်းက လေးလေးနက်နက် နားထောင်နေရင်း မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

စူးဟန်ရွှမ်က သူမကို ခေါင်းညိတ်ပြလိုက်ပြီး “ငွေကို သုံးပြီး ဘေးဥပဒ်ကို ရှောင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ပိုက်ဆံက ပြန်ရှာနိုင်ပေမယ့် အသက်ကို ဆုံးရှုံးလိုက်ရရင် ဘာမှ မကျန်နိုင်တော့ဘူး”

“ဦးလေးနဲ့ အဒေါ်တို့ကို ဘယ်မှာ ချုပ်နှောင်ထားတာလဲ?”

စူးချင်းက သူမ၏အဖေကို မေးလိုက်သည်။

ဘာပဲ ဖြစ်ဖြစ် သူမ သူတို့ကို ကယ်တင်ပေးနိုင်တယ်။ ကလေးတွေကို သွားကယ်တင်တာပဲ ဖြစ်ဖြစ် သူတို့ကို သွားကယ်တာပဲ ဖြစ်ဖြစ် လူကယ်တာက လူကယ်တာပဲ။ သူမအတွက်တော့ အတူတူပဲ။

"စီရင်စုအကျဥ်းထောင်"

စူးဟန်ရွှမ်၏ မျက်လုံးများတွင် စိုးရိမ်ပူပန်ရိပ်များ ပြည့်နှက်နေခဲ့သည်။

သူ အရင်က စီရင်စုအကျဥ်းထောင်ကို ရောက်ခဲ့ဖူးတယ်။ အဲ‌နေရာက မဲမှောင်ပြီး စိုစွတ်နေတာလေ။ သူ့မရီးနဲ့ ရှောင်ဟုန်တို့က နူးညံ့သိမ်မွေ့တဲ့အပြင် တစ်သက်လုံးဇိမ်ကျကျ နေထိုင်ခဲ့ကြတယ်။ သူမတို့က အဲ့လို ဒုက္ခတွေကို ဘယ်လို ခံနိုင်ရည်ရှိကြမှာလဲ?

ထိုစကားကို ပြောပြီးနောက် စူးဟန်ရွှမ်က တစ်ခုခု မှားနေပြီဟု ခံစားမိသောကြောင့် စူးချင်းကို အလောတကြီး ပြန်မေးလိုက်သည်။

"ရှီအာ မင်း ဘာလို့ ဒီလို မေးရတာလဲ"

“သမီး သူတို့ကို သွားတွေ့ချင်တယ်”

စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

တကယ်တော့ သူမက သူတို့ကို တွေ့ချင်ရုံသာမက အကျဥ်းထောင်ကိုပါ ဖောက်ချင်နေတာပါ။

စူးဟန်ရွှမ်က စူးချင်း လွမ်ချင်းရှန်နှင့် အခြားသူများကို တွေ့လိုကြောင်း ကြားလိုက်ရသောကြောင့် ခါးခါးသီးသီးဖြင့် မပြုံးချင် ပြုံးချင် ပြုံးလိုက်သည်။

“မင်းရဲ့ဦးလေးက တော်ဝင်ရုံးတော်ရဲ့ ရာဇ၀တ်သားဖြစ်နေပြီ၊ ဧည့်သည်တွေကို တွေ့ခွင့်မပြုထားဘူး။ အဖေတောင် သူကို မတွေ့နိုင်တာ သမီးလည်း သူ့ကို တွေ့နိုင်မှာ မဟုတ်ဘူး”

သူက လော့ချန်၏အချမ်းသာဆုံးသူ ဖြစ်ပြီး ရဲမက်များနှင့်လည်း သိကျွမ်းသူ ဖြစ်သည်။ အကယ်၍ သူက ၎င်းတို့နှင့် မတွေ့ဆုံနိုင်ခဲ့ပါက နေရာနှင့် မရင်းနှီးသော စူးချင်းအတွက် ပို၍ပင် မဖြစ်နိုင်ပေ။

"သမီး နားလည်ပါပြီ"

ထိုစကားကို ပြန်ဖြေပြီးနောက် စူးချင်းက သူမလုပ်ထားသည့် လျှို့ဝှက်မြှားအိမ်ကို ကောက်ယူပြီး ခလုတ်ကို နှိပ်ကြည့်လိုက်သည်။ မြှားသေးသေးလေးတစ်စင်း ထွက်လာပြီး တံခါးဘောင်ပေါ်သို့ သံမှိုစွဲသလို စိုက်ဝင်သွားပြီး ပြင်းအားက မဆိုးလှပေ။

"အဲ့ဒါက ဘာလဲ?"

စူးဟန်ရွှမ်က ဤမျှအဆင့်မြင့်သော လျှို့ဝှက်လက်နက်ကို တွေ့လိုက်ရသည့်အတွက် အလွန်အံ့သြသွားခဲ့သည်။

ဒီနှစ်တွေအတွင်းမှာ သူ့သမီး အပြင်မှာ ဘာတွေ ကြုံတွေ့ခဲ့ရတာလဲ?

“အဖေ၊ ဒီမြှားအိမ်ကို လက်မှာ ပတ်ထားလိုက်။ အထဲမှာ မြှားတံ ၃ ချောင်း ရှိတယ်၊ အရေးကြီးတဲ့ အခိုက်အတန့်မှာ အဖေရဲ့အသက်ကို ကယ်တင်ဖို့ သုံးနိုင်လိမ့်မယ်"

စူးချင်းက မြှားအိမ်ကို သူမဖခင်၏လက်တွင် ချည်နှောင်ပေးလိုက်သည်။ ရှေးခတ်မှ လူချမ်းသာများ ဝတ်ဆင်သောအဝတ်များက လက်ရှည်အကျီရှည်များဖြစ်ပြီး မြှားအိမ်ကို ဖုန်ကွယ်ထားနိုင်ခဲ့သည်။

"ဒီနေရာကို နှိပ်ကြည့်ပါဦး"

စူးချင်းက သူ့အဖေကို မြှားအိမ်သုံးနည်း သင်ပေးလိုက်ပြီး ဤအရာက အလွန်ဆန်းသစ်လွန်းသည်ဟု စူးဟန်ရွှမ်က ခံစားနေရသည်။ သို့သော် သူက ၎င်းကို အလွန်အလေးအနက် သင်ယူခဲ့သည်။ အရေးကြီးဆုံးအချက်မှာ အရေးကြီးသောအချိန်များတွင် သူ၏အသက်ကို ကယ်တင်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

သူက လိမ္မာပါးနပ်သည့် စီးပွားရေးသမားဖြစ်ပြီး ထက်မြက်သောကြောင့် စူးချင်း တစ်ကြိမ်သင်ပေးပြီးနောက် သူ့ဘာသာ ဆက်လက် သင်ယူနိုင်ခဲ့သည်။

စူးချင်းက မြှားတိုလေးများကို မြှားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ သူမက ထိုမြှားတိုလေးများတွင် အဆိပ် သုတ်လိမ်းထားချင်သော်လည်း သူမ၏ဖခင်အား မတော်တဆ ထိခိုက်မိမည်ကို စိုးရိမ်သောကြောင့် အဆိပ်မသုံးတော့ချေ။

"သခင်ကြီး၊ သခင်ကြီးချူ ရောက်လာပါပြီ"

သားအဖနှစ်ယောက် မြှားပစ်လေ့ကျင့်နေစဉ် အစေခံတစ်ဦးက သတင်းပို့ရန် ပြေးလာခဲ့သည်။

"ဖိတ်ခေါ်လာခဲ့"

သခင်ကြီးချူ ရောက်လာသည်ဟု ကြားလိုက်ချိန်တွင် စူးဟန်ရွှမ်က သူ့ကို ဖိတ်ခေါ်ရန် တစ်စုံတစ်ယောက်အား အလျင်အမြန် အမိန့်ပေးခဲ့သည်။ ထို့နောက် သူက စူးချင်းကို အတွင်းခန်းထဲမှ သွားစောင့်ခိုင်းလိုက်သည်။

“ရှီအာ ခဏလောက် စောင့်နေဦးနော်"

“ကောင်းပြီ”

စူးချင်းက နောက်ထပ် မြှားအိမ်တစ်ခု ပြုလုပ်ချင်နေပြီး ထိုမြှားအိမ်အတွက် မြှားတံများကို အဆိပ် သုတ်လိမ်းမည် ဖြစ်သည်။

ရှောင်ချီ မရှိလျှင် သူမက အဆိပ်နှင့် ဆေးမှုန့်ကို အချိန်မရွေး နေရာမရွေး မရနိုင်ပေ။ ထို့ကြောင့် စူးချင်းက ဤဆေးနှစ်မျိုးကို ဖော်စပ်ရန် သူမတို့မိသားစုပိုင်သည့် ဆေးသိုလှောင်ခန်းသို့ သွားလိုက်သည်။

စူးမိသားစု၏ ဆေးသိုလှောင်ခန်းတွင် ဆေးဝါးများ အစုံအလင်ရှိသော်လည်း ဆေးပမာဏက မများလှပေ။ အမှန်တကယ်တွင် ထိုဆေးများက ယန်ရူရွှယ်၏ရောဂါကို ကုသရာမှာ အဆင်ပြေရန် သိုလှောင်ထားခြင်း ဖြစ်ပြီး သူမအတွက် သုံးလိုက်သည့်ဆေးမှန်သမျှကို ပြန်ဝယ်ပြီး ပြန်ဖြည့်ထားလေ့ရှိသည်။ ထို့ကြောင့် ပမာဏ မများလျှင်ပင် အဆင်ပြေနေသေးသည်။

ဆေးဖက်ဝင်အပင် အနည်းငယ်သာ ရှိသော်လည်း ၎င်းတို့အားလုံးက ပထမတန်းစားဆေးပင်များ ဖြစ်သည်။ ဆေးမြစ်များနှင့် ဆေးဥများကို ကြိတ်ချေရန် ကြိတ်ဆုံများနှင့် ကျည်ပွေ့များ ရှိနေပြီး ပစ္စည်းကိရိယာလည်း အစုံအလင် ရှိနေခဲ့သည်။

စူးချင်းက အရိုးပျော့ဆေးနှင့် အဆိပ်များ ပြုလုပ်ရန် အလုပ်များနေခဲ့ပြီး အချိန်ကို မေ့သွားသည်။ သူမ ဆေးဖော်မပြီးခင်မှာပင် သူမ၏အဖေက လေးနက်သည့် မျက်နှာအမူအရာဖြင့် ဆေးသိုလှောင်ခန်းထဲကို လျှောက်ဝင်လာခဲ့သည်။

စူးချင်းက သူ့အဖေ၏အမူအရာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မြင်နေရသည်။

ဘာမှ မပြောဘဲနဲ့တောင် အဆင်မပြေဘူးဆိုတာ သိနိုင်တယ်။

"အဆင်မပြေဘူးလား?"

“ဝမ်မျိုးနွယ်က ဆိုးသွမ်းလွန်းတယ်။ သူတို့ မကောင်းမှုတွေ အများကြီးလုပ်ခဲ့တာတောင် ဘာလို့ အခုထိ လက်စားချေမခံရတာလဲ?”

စူးဟန်ရွှမ်၏ပြေပြစ်သော မျက်နှာတွင် ဒေါသရိပ်များ ပြည့်နှက်နေပြီး သူက နံရံကို လက်သီးဖြင့် ထိုးနေကာ သူ့မျက်လုံးများတွင် ဒေါသမီးတောက်များ တောက်လောင်နေလေသည်။

"ဘာဖြစ်လို့လဲ?"

စူးချင်းက အလောတကြီး မေးမြန်းလိုက်သည်။

သူမရဲ့အဖေက အရမ်းယဉ်ကျေးတဲ့လူပဲ။ သူ့ကို ဒေါသထွက်အောင် လုပ်ဖို့ဆိုတာက ဝမ်မိသားစုစစ်တပ်က သူ့ရဲ့ဆံပင်မွှေးတွေကို အဆုံးထိထောင်စေလောက်မယ့် တောင်းဆိုမှုကို လုပ်ခဲ့တာပဲ ဖြစ်နိုင်တယ်။

"သူတို့က မင်းရဲ့ဦးလေးကို လွှတ်ပေးလို့ ရတယ်လို့ ပြောတယ်၊ ဒါပေမယ့် ရှောင်ချန်ကို လွှဲပေးရမယ်။ မဟုတ်ရင်…”

စူးဟန်ရွှမ်က အလွန်ဒေါသထွက်နေပြီး သူ့တစ်ကိုယ်လုံး တုန်ယင်နေသည်။ သူက စကားကိုပင် ဆက်မပြောနိုင်တော့ဘဲ လက်သီးများကို ဆုတ်ထားကာ သူ့မျက်လုံးများတွင် ဝမ်းနည်းဒေါသရိပ်များ ပြည့်နှက်လာပြန်သည်။

"မဟုတ်ရင် ဘာဖြစ်လဲ?"

စူးချင်း၏အမူအရာသည် သံကဲ့သို့ လေးလံနေပြီး သူမ၏ အသံကလည်း မြောက်လေကဲ့သို့ အေးစက်နေသည်။

“သူတို့ တစ်မိသားစုလုံးကို သေဒဏ်ပေးခံရလိမ့်မယ်”

စူးဟန်ရွှမ်က ဝမ်မိသားစု ထိန်းချုပ်ထားသည့် တော်ဝင်ရုံးတော်ကို မုန်းတီးလှသည်။

သာမာန်လူတွေရဲ့ဘဝက သူတို့အတွက် စာရွက်တစ်ရွက်လောက်တောင် တန်ဖိုး မရှိတော့ဘူးလား?

"အဖေ၊ အဖေ ထုပ်ပိုးပြီး အခုချက်ခြင်း ထွက်သွားတော့"

စူးချင်းက သူမ၏ နှလုံးသားထဲမှ လျှံတက်လာသည့် လူသတ်ချင်စိတ်ကို မျိုသိပ်နိုင်ရန် အသက်ကို ပြင်းပြင်းရှူကာ သူမ၏စိတ်ကို ထိန်းထားလိုက်သည်။ သူမက အခု ချက်ခြင်း ထွက်သွားရန် သူမ၏ဖခင်ကို တောင်းဆိုလိုက်သည်။

သူမရဲ့အဖေ၊ အမေနဲ့ မောင်လေးတို့ ဘေးကင်းကြောင်း အတည်ပြုပြီး သူမ စိတ်အေးနိုင်မှာလေ။

"မဟုတ်ဘူး၊ အဖေ ထွက်သွားလို့ မရဘူး"

စူးဟန်ရွှမ်က ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်။ ထိုလူများက ရှောင်ချန်ကို မဖြစ်မနေ ခေါ်ယူသွားရန် ဆုံးဖြတ်ထားကြပုံရပြီး စူးအိမ်တော်၏ ပတ်ဝန်းကျင်တွင် သူလျှိုများ ရှိနေနိုင်သည်။ သူ ထွက်သွားလျှင် ထိုလူများက သူ့နောက်သို့ လိုက်လာကြပေလိမ့်မည်။ ထို့ကြောင့် သူ ထွက်သွားမည့်အစား ဤနေရာတွင် နေကာ ထိုလူများကို မြှားခေါ်ထားခြင်းက ပိုကောင်းပေလိမ့်မည်။

စူးဟန်ရွှမ်က သူ့၏သမီးလေးကို တုံ့ဆိုင်းစွာ ကြည့်နေပြန်သည်။

သူတို့ အဖေနဲ့သမီးက အခုမှ ပြန်ဆုံနိုင်ပေမယ့် အခု ခွဲခွာကြရပြန်ဦးမယ်။ ပြီးတော့ ဒီတစ်ခါက အသက်နဲ့ သေခြင်းတရားကို ခြားနားလိုက်တာမျိုးတောင် ဖြစ်နိုင်သေးတယ်။ ဒီဘဝမှာ ဘယ်တော့မှ ပြန်မဆုံနိုင်လောက်တော့ဘူး။

သူက မျက်ရည်များ ဝဲလာပြီး သမီးဖြစ်သူကို ထပ်ပြောလိုက်သည်။

“သူတို့ကို အချိန်ဆွဲဖို့ အဖေ ဒီမှာ နေခဲ့မှ ဖြစ်မယ်။ သမီးက သမီးရဲ့အမေနဲ့ ရှောင်ချန်ကို သွားခေါ်ပြီး မြန်မြန်ထွက်သွားကြတော့"

"မဟုတ်ဘူး၊ အဖေ ဘေးကင်းကင်းနဲ့ ထွက်သွားနိုင်မယ့် နည်းလမ်း သမီးမှာ ရှိတယ်။ အဖေက သမီးရဲ့စကားကို နား​ထောင်မှ ဖြစ်မယ်​”

All Chapters