← Chapters

အခန်း (၃၀၇)

Vol. 21 Ch. 307

အခန်း (၃၀၇)

Vol. 21 Ch. 307

စူးချင်းက မြို့ရိုးအလယ်တွင် ရောက်ရှိနေကာ မြှားတစ်စင်းသာ ကျန်နေတော့သည်။ သူမက တပ်သားတစ်ဦးကို မြှားဖြင့် ပစ်သတ်လိုက်ပြီး ကျန်တစ်ဦးက လှည့်ထွက်ပြေးရန် ပြန်လိုက်သည်။

လွမ်ဟုန်က သူမ၏သတ္တိကို ဘယ်ကရလာမှန်းမသိဘဲ မြေပြင်ပေါ်မှ ဓားကို ကောက်ကိုင်ကာ ထိုတပ်သားနောက်သို့ ပြေးလိုက်သွားခဲ့သည်။ ယန်ရုပင်း၏ သူမ၏ခြေထောက်များ အားနည်းသွားသလို ခံစားလိုက်ရပြီး သူ့သမီးကို တားရန် ပြင်လိုက်ချိန်တွင် သူမ အလွန်နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

“ရဲမက်…”

ထွက်ပြေးသွားသည့်တပ်သားက တခြားသူများကို အော်ခေါ်ရန် ပြင်လိုက်ချိန်တွင် လွမ်ဟုန်က သူ့ကို ဓားဖြင့် လှမ်းထိုးလိုက်သည်။ ဓားကိုင်ထားသည့် သူမ၏လက်က တုန်ခါနေပြီး သူမ၏သွားများကလည်း တဂတ်ဂတ် အသံမြည်နေခဲ့သည်။ သူမ ကြောက်ရွံ့နေသော်လည်း ထိုတပ်သား လုံးဝ မသေသွားမည်ကို ပိုကြောက်နေသောကြောင့် ဓားကို ပြန်ဆွဲထုတ်လိုက်ပြီး သူ့ကို နောက်တစ်ကြိမ် ဓားဖြင့် ထပ်ထိုးလိုက်ပြန်သည်။ ထိုတပ်သား အသက်ထွက်သွားကြောင်း သေချာသွားမှ သူမလည်း မြေပြင်ပေါ်သို့ ပျော့ခွေကျသွားခဲ့သည်။

စူးချင်းက မြို့ရိုးပေါ်မှ ရပ်ကာ အောက်သို့ ပြန်ငုံ့ကြည့်နေခဲ့သည်။ ထို့နောက် သူမက သူမလက်ထဲမှ ဓားကို ပစ်ချလိုက်ပြီး ကလေးများကို မြို့ရိုးပေါ်သို့ ဆက်သယ်သွားလိုက်သည်။

ထိုအဖြစ်အပျက်အပြီးတွင် စူးချင်းက အလျင်အမြန် လှုပ်ရှားနေခဲ့ပြီး ကျန်ကလေးများအားလုံးကို မြို့ရိုးပေါ်သို့ သယ်ဆောင်သွားခဲ့သည်။

"အပေါ်တက်ခဲ့တော့"

စူးချင်းက လွမ်ဟုန်ကို လှမ်းခေါ်လိုက်သည်။ လွမ်ဟုန်က နာနာခံခံ ရောက်လာခဲ့သော်လည်း လှေကားပေါ်သို့ မတက်ဝံ့ဘဲ လှေကားကိုသာ မော့ကြည့်လိုက်သည်။

သူမက အမြင့်ကို အနည်းငယ်ကြောက်တတ်ပြီး မြင့်မားသော မြို့ရိုးကို လှမ်းကြည့်နေရင်း သူမ၏ခြေထောက်များက ကြောက်လန့်မှုကြောင့် တုန်ယင်နေခဲ့သည်။ သို့သော် သူမက လူတိုင်းအား ဆွဲချမိမည်ကို ကြောက်ရွံသောကြောင့် အံကြိတ်ပြီး မြို့ရိုးပေါ်ကို တက်လာခဲ့သည်။

စူးချင်းက လှေကားကို ပြန်ယူလိုက်ပြီး မြို့ရိုးအပြင်ဘက်သို့ ပြန်ချကာ ယန်ရုပင်းနှင့် လွမ်ချင်းရှန်တို့ကို အရင်ဆင်းခွင့်ပြုလိုက်သည်။

လွမ်ချင်းရှန်၏ဒဏ်ရာများက ပိုပြင်းထန်သည်ကို မြင်လိုက်ရသောကြောင့် စူးချင်းက သူ့ကို ဆေးတစ်လုံး ပေးလိုက်သည်။

"ဆေးသောက်လိုက်ပါ"

လွမ်ချင်းရှန်က ဆေးကို လှမ်းယူလိုက်ပြီး ဘာအတွက်လဲဟု မေးချင်နေသေးသည်။ သို့သော် စူးချင်း၏အေးစက်သော မျက်နှာကို မြင်လိုက်ရချိန်တွင် သူ မမေးဝံ့တော့ဘဲ ဆေးကို နာနာခံခံ ယူသောက်လိုက်သည်။ ဆေးသောက်ပြီးသည်နှင့် သူ ပိုအဆင်ပြေလာပြီး သူ့ဒဏ်ရာက သိပ်မနာတော့ပေ။

လွမ်ချင်းရှန်က အလွန်ဝမ်းသာသွားခဲ့သည်။ ယခုအချိန်တွင် သူက သူ့မိန်းမနှင့် သမီးအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မနေနတော့ပေ။ မြို့တံတိုင်းပေါ်မှ ဆင်းသွားချိန်တွင် သူက သူ့မိန်းမကိုပင် ပြန်ကူညီပေးနိုင်ခဲ့သည်။

"ကျေးဇူးရှင်က ရှင့်ကို နတ်ဆေးတစ်လုံး ပေးခဲ့တာ မဟုတ်လား?"

ယန်ရုပင်းက အောက်သို့ ဆင်းနေရင်း ခင်ပွန်းဖြစ်သူကို အသံတိုးတိုးဖြင့် မေးလိုက်သည်။

လွမ်ချင်းရှန် မဖြေခင်မှာ ယန်ကျစ်က လင်မယားနှစ်ယောက်ကို ကူညီရန် လှေကားပေါ်သို့ တက်လာပြီး သူတို့ ချောချောမွေ့မွေ့ ဆင်းလာနိုင်ခဲ့ကြသည်။

စူးချင်းကတော့ တက်လာစဥ်ကကဲ့သို့ပင် ကလေးတစ်ယောက်ကို ချီပြီး တစ်ယောက်ကို ကျောပိုးကာ သယ်ဆောင်သွားခဲ့သည်။ ယန်ကျစ်က ကလေးများကို လှေကားအလယ်မှ ဆီးကြိုပေးခဲ့ပြီး လွမ်ချင်းရှန်ဆီကို အပ်ထားလိုက်သည်။ မြို့ရိုးပေါ်မှ လွမ်ဟုန်က ကလေးများကို စူးချင်းထံသို့ ပိုဆောင်ပေးနေခဲ့သည်။ သူတို့လေးယောက် အတူတူ အလုပ်လုပ်ခဲ့ကြပြီး ကလေးများအားလုံးကို အမြန် အောက်ချပေးနိုင်ခဲ့သည်။

“ရထားလုံးက တောထဲမှာ”

ယန်ကျစ်က စူးချင်းကို သဘောကျစွာ ကြည့်နေခဲ့သည်။

ကလေးမလေးက လူတိုင်းကို သူမဘာသာ ကယ်တင်နိုင်ခဲ့တာလား?

စူးချင်း၏စာကို လက်ခံရရှိစဥ်က ဤအရာက အလုပ်ဖြစ်မည်ဟု သူ မယုံနိုင်ဘဲ တုံ့ဆိုင်းနေမိသေးသည်။

သို့သော် ဤကိစ္စက အန္တရာယ်များသည်ဟု သူ တွေးခဲ့ပြီး ဤမိန်းကလေးကို တစ်ယောက်တည်း သေခွင့်မပေးနိုင်သောကြောင့် သူက အန္တရာယ်ရှိမှန်း သိသိနှင့် စူးချင်း၏သူ့အပေါ် ယုံကြည်မှုကြောင့် ကူညီပေးရန် ရောက်လာခဲ့ခြင်း ဖြစ်သည်။

“အစ်ကိုယန်၊ ကျေးဇူးပြုပြီး သူတို့ကို ခေါ်သွားပေးပါ။ ကျွန်မမှာ လုပ်စရာတွေ ရှိနေသေးတယ်"

စူးချင်းက သူမ၏အသံကို လျှော့ချလိုက်ပြီး ယန်ကျစ်အား တိုးတိုးလေး ပြောလိုက်သည်။ ယန်ကျစ်က စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလိုက်သည်။

“မင်း သူတို့ကို ကယ်ပြီးပြီလေ။ ဘာလုပ်စရာ ရှိသေးလို့လဲ?"

“မမေးနဲ့တော့... သူတို့ကိုပဲ ခေါ်သွားလိုက်ပါ”

စူးချင်းက ရှင်းပြရသည်ကို မကြိုက်ဘဲ ယန်ကျစ်ကို မြန်မြန်ထွက်သွားရန်သာ တိုက်တွန်းလိုက်သည်။ ယန်ကျစ်ကလည်း သူမ၏စကားကို သဘောတူရန်မှတပါး ရွေးချယ်စရာ မရှိပေ။

လွမ်ဟုန်က ရထားလုံးပေါ်သို့ မတက်သေးဘဲ စူးချင်းကို လှမ်းမေးလိုက်သည်။

"ကျေးဇူရှင်ကြီး၊ ရှင် ကျွန်မတို့နဲ့ မလိုက်ဘူးလား?"

“အင်း”

စူးချင်းက ခေါင်းညိတ်ပြပြီး လှေခါးပေါ် ပြန်တက်ရန် မော့ကြည့်လိုက်သည်။ လွမ်ဟုန်က ခြေလှမ်းသုံးလှမ်း လှမ်းပြီးတိုင်းကို တစ်ခါပြန်လှည့်ကြည့်နေလေသည်။ နောက်ဆုံးတွင် သူမက စိတ်ပူလွန်းသောကြောင့် သူမ၏ဘက်ကို သူမ၏ပါးရှေ့တွင် ကန်‌တော့ပုံလုပ်ကာ စူးချင်းအား အော်ပြောလိုက်သည်။

"ကျေးဇူးရှင်ကြီး၊ ဂရုစိုက်နော်"

စူးချင်းက မြို့ရိုးပေါ်သို့ မတက်မီ သူမကို ပြန်ကြည့်လိုက်သည်။ ထို့နောက် သူမက လှေကားပေါ်သို့ တက်သွားခဲ့သည်။

သဲလွန်စများ ကျန်နေခဲ့ခြင်းမှ ကာကွယ်ရန် ထိုလှေကားကို မချန်ထားခဲ့နိုင်သောကြောင့် စူးချင်းက ထိုလှေကားကို စနစ်ထဲသို့ ထည့်လိုက်သည်။

မြို့ရိုးပေါ်မှ ပြန်ဆင်းလာပြီးနောက်တွင် စူးချင်းက ရထားလုံးကို နားနေတည်းခိုဆောင်သို့ မောင်းနှင်လာခဲ့သည်။ သူမ လော့ချန်သို့ နောက်ဆုံးအကြိမ် ရောက်ခဲ့စဥ်က ထိုတည်းခိုဆောင်၏တည်နေရာကို သူမ သိထားပြီး ဖြစ်သောကြောင့် ရှာရလွယ်ကူသည်။ ထို့အပြင် ရထားလုံးကလည်း မြန်ဆန်သောကြောင့် အရုဏ်မတက်မီ တည်းခိုဆောင်သို့ သူမ ရောက်ရှိလာခဲ့သည်။

ပထမဦးစွာ သူမက ကင်းစောင့်နေသော ဝမ်မိသားစု၏စစ်သည်များကို အရင် ကိုင်တွယ်လိုက်သည်။ ထိုနောက်မှ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသသည့် ဝမ်မိသားစု၏ ကျန်စစ်သည်များကို ဆေးခပ်ကာ သူမ၏ ဓားဖြင့် ငရဲဘုရင်ထံ ပို့ဆောင်ပေးလိုက်သည်။ အထောက်အထားများကို ဖျက်ဆီးရန်အတွက် အလောင်းများအားလုံးကို အလောင်းပျော်ဆေးမှုန့် ဖြူးချပေးလိုက်သည်။

သူမ ထိုအရာများအားလုံးကို စနစ်တကျ စီမံပြီးသွားချိန်တွင် နောက်တစ်နေ့ မိုးလင်းခါနီးနေပြီ ဖြစ်သည်။ စူးချင်းက ထိုနားနေတည်းခိုဆောင်တွင်ပင် ရေချိုးပြီး မီးဖိုချောင်မှ အစားအစာနှင့် လိုအပ်သည့် ပစ္စည်းများအားလုံးကို စနစ်ထဲသို့ ရွှေ့ပြောင်းလိုက်ပြီး အနောက်တံခါးမှ ပြန်ထွက်ခွာလာခဲ့သည်။

ထိုအချိန်တွင် လူအများအပြား လမ်းပေါ်သို့ ရောက်နေပြီ ဖြစ်ကာ အစားအသောက်များကို ချက်ပြုတ်ရောင်းချသည့် ဈေးသည်များနှင့် လမ်းဘေးဈေးသည်များက စောစောကနိုးပြီး သူတို့၏လုပ်ငန်းကို စတင်ရန် မီးဖိုများ ပြင်ဆင်ထားပြီး ဖြစ်နေကြသည်။

စူးချင်းက ဝမ်တန်ဆိုင်တွင် ဝမ်တန်တစ်ပန်းကန် မှာလိုက်ပြီး ထိုင်စားနေလိုက်သေးသည်။ ဝမ်တန်စားပြီးနောက်တွင် သူမက အနက်ရောင်ရထားလုံးတစ်စီး ဝယ်ရန် သွားခဲ့ပြန်သည်။ လွမ်ချင်းရှန်၏မိသားစုနှင့် သူမ၏ မိဘများအပြင် ကလေးများလည်း ရှိနေသေးသောကြောင့် ရထားလုံးတစ်စင်းက မလုံလောက်ပေ။

လူများ လွန်းသဖြင့် စားစရာလည်း လောက်ငှမည်မဟုတ်ပေ။ တိုက်ဆိုင်စွာပင် လမ်းပေါ်မှ စျေးရောင်းသူတစ်ဦးက မုန့်ပေါင်းတစ်အိုး ပေါင်းပြီးစအချိန် ဖြစ်နေခဲ့သည်။ စူးချင်းက ၎င်းတို့အားလုံးကို ဝယ်ယူခဲ့ပြီး ရထားလုံးထဲသို့ ထည့်ရန် ပြင်လိုက်ပြီးမှ စနစ်ထဲသို့သာ ထည့်လိုက်တော့သည်။

ရထားလုံးနှင့် မုန့်ပေါင်းများ ဝယ်ယူပြီးချိန်တွင် မြို့တံခါး ဖွင့်မည့် အချိန်သို့ ရောက်လာခဲ့သည်။ စူးချင်းက ရထားလုံးကို အေးအေးဆေးဆေး မောင်းနှင်လာခဲ့သည်။

မြို့စောင့်တပ်သားများက ကလေးများကို ရှာဖွေနေဆဲဖြစ်သည်ကို သူမ မြင်လိုက်ရပြီး တည်းခိုဆောင်မှ ဝမ်မိသားစုတပ်ဖွဲ့ဝင်များနှင့် ရုံးတော်မှ စီရင်စုအမတ်ချင်တို့ သေဆုံးသွားသည်ကို မည်သူမျှ မသိသေးကြောင်း စူးချင်း ကောက်ချက်ချနိုင်ခဲ့သည်။

စူးချင်း ထွက်သွားပြီး ရှီးချန်တစ်ဝက်ခန့်(တစ်နာရီခန့်)အကြာတွင် လော့ချန်က ကမောက်ကမ ဖြစ်လာခဲ့သည်။ မနက်မိုးလင်းလာ၍ စီရင်စုရုံးတော်သို့ အလုပ်သွားသည့် ရဲမက်များက အကျဥ်းထောင် ဖောက်ထွင်းခံရသည်ကို တွေ့ရှိသွားခဲ့သည်။ လွမ်ချင်းရှန်၏မိသားစုနှင့် ကလေးများ ပျောက်ကွယ်သွားသောကြောင့် သူတို့ အလွန်ကြောက်သွားပြီး စီရင်စုအမတ်ချင်ကို အလျင်အမြန် သတင်းပို့ရန် သွားရှာကြသည်။ သို့သော် စီရင်စုရုံးတော်တစ်ခုလုံးကို ရှာဖွေကြသည့်တိုင် စီရင်စုအမတ်ကို ရှာမတွေ့တော့ပေ။

ရုံးတော်မှ တစ်စုံတစ်ယောက်က စီရင်စုအမတ်၏အိမ်ကို တံခါးသွားခေါက်ချိန်တွင်လည်း သူ့ဇနီးနှင့် ကလေးများ သတိလစ်နေကြသည်ကို တွေ့လိုက်ရသည်။ သူမတို့ကို နှိုးရန် ကြိုးစားခဲ့ကြသော်လည်း အဆုံးတွင် သူမလည်း ဘာမှ မသိခဲ့ပေ။

ရဲမက်များက ဝမ်မိသားစုစစ်တပ်မှ စစ်သည်များကို သတင်းပို့ရန် ပြေးသွားကြသော်လည်း ဝမ်မိသားစုစစ်တပ်မှလူများက လေထုထဲတွင် ပျောက်ကွယ်သွားသလို ပျောက်သွားသည်ကိုသာ သိလိုက်ကြရသည်။ စီရင်စုရုံးတော်ရှိ ဝမ်မိသားစုစစ်သည်များ ပျောက်ကွယ်သွားသည်သာမက တည်းခိုဆောင်ရှိ ဝမ်မိသားစုစစ်တပ်မှ အရာရှိနှင့် စစ်သည်များလည်း ပျောက်ကွယ်သွားခဲ့သည်။ သို့သော် သူတို့၏မြင်းများက ထိုနေရာတွင် ရှိနေဆဲဖြစ်ကာ ၎င်းတို့ ဘယ်ရောက်သွားသည်ကိုတော့ မည်သူမျှ မသိခဲ့ကြပေ။ ဒါဇင်နှင့်ချီသော လူများက လေထုထဲတွင် ပျောက်ကွယ်သွားသလို ဖြစ်နေလေသည်။

ထိုအရာက ထူးဆန်းလွန်းပြီး အခြေအနေက ပြင်းထန်လွန်းသည်ဟု ခံစားမိသောကြောင့် ရဲမက်များက မြို့စောင့်တပ်သားများဆီသို့ ပြေးသွားခဲ့ကြသည်။ မြို့စောင့်တပ်ဖွဲ့က တစ်မြို့လုံးကို ချက်ချင်း ပိတ်ချလိုက်ပြီး အိမ်တိုင်းကို ရှာဖွေစစ်ဆေးကြတော့သည်။

လူအများ ဖြစ်ပျက်နေသည့်အကြောင်းအရာကို သိရှိသွားပြီး မြို့တံခါးကို ပိတ်ချလိုက်ချိန်တွင် စူးချင်းက သူမ၏မိဘများနှင့် တွေ့ဆုံရန် သီလရှင်ကျောင်းသို့ သွားနေပြီ ဖြစ်သည်။

စူးဟန်ရွှမ်က သူ့သမီး လွမ်ချင်းရှန်၏မိသားစုနှင့် ကလေးများစွာကို သွားကယ်တင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

မနေ့ည၌ ယန်ကျစ်က လွမ်ချင်းရှန်၏မိသားစုကို တောင်ပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။ စူးဟန်ရွှမ်ကို ပထမဆုံး မြင်လိုက်ရချိန်တွင် လွမ်ချင်းရှန်က သူ့ကို အိမ်တော်ထိန်းဟု ထင်နေခဲ့သည်။

စူးဟန်ရွှမ် စကားပြောလိုက်မှ လွမ်ချင်းရှန်က သူ့ကို မှတ်မိသွားပြီး သူ့မျက်လုံးများ ချက်ချင်း နီရဲလာခဲ့သည်။ စူးဟန်ရွှမ်က သူ့ကို ကယ်တင်ရန် တစ်ယောက်ယောက်ကို စေလွှတ်လိုက်သည်ဟု သူ တွေးလိုက်ခြင်း ဖြစ်သည်။ သူက နီရဲသောမျက်လုံးများဖြင့် စူးဟန်ရွှမ်၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး "ဟန်ရွှမ်၊ ငါတို့မိသားစုကို ကယ်တင်ဖို့ လူလွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

“ယောက်ဖ၊ ကျွန်တော် ခင်ဗျားကို ကယ်တင်ချင်ပေမယ့် ခင်ဗျားကို ကယ်ခဲ့တဲ့သူက ကျွန်တော် မဟုတ်ဘူး။ အဲ့ဒါ ကျွန်တော့်သမီးပါ"

စူးဟန်ရွှမ်က သူ့သမီး၏အောင်မြင်မှုကို လုမယူချင်ခဲ့ပေ။ သူက ယောက်ဖနှင့် မရီးကို ဂုဏ်ယူစွာ ပြောပြနေပြီး သူ့အမူအရာတွင် အဖေအိုကြီးတစ်ယောက်၏ဂုဏ်ယူမှုများ ပြည့်နေခဲ့သည်။

"သမီး? ငါတို့ကို ကယ်တင်ခဲ့တဲ့လူကလေ... ရှီအာ ပြန်လာပြီလား?"

စူးဟန်ရွှမ်၏စကားကို ကြားလိုက်ချိန်တွင် လွမ်ချင်းရှန်၏မျက်လုံးများထဲမှ ရှုပ်ထွေးမှုများ ထွက်ပေါ်လာခဲ့သည်။

သူတို့ရဲ့ကျေးဇူးရှင်က ရှီအာဆိုတာကို သူ မရိပ်မိခဲ့ဘူး။ သူကတော့ တကယ့်လူမိုက်ပဲ။

"ရှီအာက ယောက်ျားလေး ဟန်ဆောင်ထားတာ၊ ခင်ဗျား တွေ့ခဲ့တဲ့လူက သူပဲ"

စူးဟန်ရွှမ်က အပြုံးဖြင့် သူ့မျက်နှာကို လွမ်ချင်းရှန်အား ပြလိုက်ပြီး "ကျွန်တော် လော့ချန်ကနေ အောင်အောင်မြင်မြင် ထွက်လာနိုင်ဖို့ ရှီအာရဲ့ရုပ်ဖျက်စွမ်းရည်ကို အားကိုးခဲ့ရတာလေ"

“ငါ့တူမလေးက အံ့သြစရာပဲ။ ရုရွှယ်၊ မင်း အများကြီး ခံစားခဲ့ရပေမယ့် ရှီအာက အရမ်း ထူးချွန်နေပြီ"

ယန်ရုပင်းက ညီမ၏လက်ကို ဆုပ်ကိုင်ထားရင်း သက်ပြင်းချလိုက်သည်။ အကျဥ်းထောင်ထဲတွင် ရှိနေစဥ် တူမဖြစ်သူကို ပထမဆုံးအကြိမ်တွေ့ဆုံရန် သူမ မမျှော်လင့်ထားဘဲ သူမတို့မိသားစုကို ကယ်တင်ခဲ့သူမှာ နှစ်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့သော ရှီအာ ဖြစ်သည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ယန်ကျစ်ကလည်း စူးချင်းက စူးဟန်ရွှမ်၏သမီးဖြစ်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူက အချိန်အကြာကြီး စကားမပြောနိုင်လောက်အောင် ထိတ်လန့်နေခဲ့သည်။

“အစ်ကိုစူး၊ ဂုဏ်ယူပါတယ်။ ဒီလိုသမီးမျိုးနဲ့ ရှိနေမှတော့ ဘာလုပ်ဖို့ သားယောက်ျားလေးကို တောင်းဆိုနေတော့မှာလဲ?”

"ဘာလို့ ရှီအာ ပြန်မလာတာလဲ?"

စူးဟန်ရွှမ်က သူတို့နောက်သို့ လှမ်းကြည့်ရင်း မေးလိုက်သည်။

သူတို့ စကားတွေ ပြောနေတာ ကြာနေပြီ သူ့သမီးက ဘာလို့ အထဲကို ၀င်မလာသေးတာလဲ?

သူ့စိတ်က ချက်ချင်း တင်းကျပ်လာပြီး ယန်ကျစ်ကို အလောတကြီး လှမ်းမေးလိုက်သည်။

ယန်ကျစ်မဖြေခင်မှာ လွမ်ဟုန်၏အော်သံကို ကြားလိုက်ရပြီး သူတို့အားလုံး အသံလာရာဆီသို့ ပြေးသွားလိုက်ကြသည်။

All Chapters