ထောက်ထားစာနာ နားလည်ပေးမှု
Vol. 21 Ch. 311
ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့က အိမ်တော်ကြီးများ၏ သခင်မများ ဖြစ်ကြပြီး မိသားစု၏ အုပ်ထိန်းသူများ ဖြစ်သောကြောင့် သူမတို့ကိုယ်တိုင်လည်း စည်းကမ်းများကို လိုက်နာလေ့ရှိကြသည်။ သူမတို့ ထွက်ပြေးလာခဲ့သည့် လမ်းတွင်ပင် သစ်ကိုင်းများကို ရှာဖွေကာ တူဖြစ်အောင် ခုတ်ထွင်ပြီး စားသောက်ခဲ့ကြရင်း လက်ဖြင့် အစားစားရန် ငြင်းဆန်ခဲ့ကြသည်။ ယခုအချိန်တွင် အဓိကအားဖြင့် အိမ်ထဲတွင် လူများရှိနေသောကြောင့် လက်ဖြင့် စားရန် မသင့်တော်ဟု သူမတို့ တွေးနေကြသည်။
ကျိရှောင်ယင်က သူမတို့ အကျပ်အတည်းဖြစ်နေကြောင်း သတိပြုမိသွားပြီး စားပွဲပေါ်တွင် ပန်းကန်နှင့် တူများ မရှိသည်ကိုလည်း သူမ တွေးမိသွားခဲ့သည်။ ထို့ကြောင့် သူမက ပန်းကန်နှင့် တူများ ယူရန် အမြန် ပြန်ထွက်သွားခဲ့သည်။ ထိုမှသာ ယန်ရူရွှယ်နှင့် ယန်ရုပင်းတို့ စိတ်သက်သာရာရသွားခဲ့ကြသည်။
ယန်ရူရွှယ်က ကျိရှောင်ယင်၏နားလည်ပေးနိုင်မှုကို သဘောကျနေခဲ့သည်။
ဒီကလေးက အရမ်းထက်မြက်ပြီး သဘောကျစရာကောင်းတယ်၊ သူမရဲ့မျက်လုံးလေးတွေကလည်း တောက်ပနေတာပဲ။
လွမ်ဟုန်က မူလကတည်းက ဘာမှ လုပ်စရာမရှိလျှင် ယောက်ျားလေးတစ်ယောက်ကဲ့သို့ ၀တ်ဆင်ပြီး အိမ်အပြင်သို့ ပြေးသွားလေ့ရှိသူ ဖြစ်သည်။ သူမက မြက်ခင်းပြင်မှ မိန်းကလေးများကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ဖိအားမရှိဘဲ လွတ်လွတ်လပ်လပ် နေတက်သူ ဖြစ်သည်။ ထို့ကြောင့် သူမက အသေးအဖွဲများကို ဂရုမစိုက်မိဘဲ သူမ အမေနှင့် ဒုတိယအဒေါ်တို့ကဲသို့ စိုးရိမ်နေခြင်းမျိုး မရှိပေ။ သူမက မုန့်ပေါင်းများကို လက်ဖြင့် တိုက်ရိုက် လှမ်းယူလိုက်ပြီး စတင်စားသောက်နေတော့သည်။
မုန့်ပေါင်းကို ကိုက်လိုက်သည်နှင့် သိုးသား၏ရနံ့နှင့် အဆီဓာတ်က သူမ၏ပါးစပ်ကို ပွင့်ဟသွားစေသည်။ လွမ်ဟုန်၏ လှပသော မျက်လုံးကြီးများက ရုတ်တရက် ပြူးကျယ်သွားပြီး သူမက အားတက်သရော အော်ဟစ်လိုက်သည်။
"သိုးသားနဲ့ အစာသွပ်ထားတာလား?"
လွမ်ဟုန်က အမဲသားနှင့် သိုးသားကို အကြိုက်ဆုံးဖြစ်သည်။ သိုးသားအစာသွပ်မုန့်ပေါင်းက လော့ချန်တွင် အဖိုးတန်ပစ္စည်းများဖြစ်သည်။ တာ့ရှားပြည်ထောင်မှ လူများက အဓိကအားဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကြောင်း ပြုလေ့ရှိကြပြီး စိုက်ပျိုးမြေ များကာ စားကျက်မြေ အလွန်နည်းပါးသောကြောင့် သိုးမွေးမြူသူ အလွန်နည်းပါးပါသည်။ တာ့တန်မှ တင်သွင်းသော သိုးသားက အရသာရှိသော်လည်း ခရီးအကွာအဝေးကြောင့် သယ်ယူစရိတ် ကြီးမားပြီး ကြာရှည်ထိန်သိမ်းလာခဲ့ရသောကြောင့် လတ်ဆတ်ရန် ခက်ခဲသည်။
ဝေးလံခေါင်သီသောနယ်စပ်သို့ ပြေးလာပြီးနောက် လတ်ဆတ်သော တာ့တန်သိုးသားစစ်စစ်ကို စားနိုင်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
“ငါတို့အိမ်မှာ သိုးတွေ အများကြီး ရှိတယ်။ ကြိုက်ရင် နေ့တိုင်း စားလို့ ရတယ်"
အရသာရှိသော အစားအစာကို စားပြီးနောက် စိတ်လှုပ်ရှားနေသည့် ဝမ်းကွဲညီမ၏ အမူအရာကို မြင်လိုက်ရသောကြောင့် စူးချင်းက အပြုံးဖြင့် ဝင်ပြောလိုက်သည်။
ကလေးမလေးဖြစ်နေတဲ့ အချိန်က အကောင်းဆုံးဖြစ်နေတုန်းပဲ။ ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ အရသာရှိတဲ့ အစားအစာကို စားလိုက်ရတာနဲ့ ပျော်နိုင်သွားပြီ။
မော့ချန်တွင် သိုးများက အပေါများဆုံး စားစရာ ဖြစ်သည်။ စူးချင်း ခရီးထွက်နေသည့် ရက်များအတွင်းမှာပင် သိုးများ တစ်သုတ်ပြီး တစ်သုတ်ရောက်လာပြီး လက်ရှိတွင် သိုးအကောင်နှစ်ရာကျော် ရှိနေခဲ့သည်။ ထို့ကြောင့် သူမတို့ သိုးသား စိတ်ကြိုက် စားနိုင်တော့မည် ဖြစ်သည်။
ကျိရှောင်ယင်က မုန့်ပေါင်း တစ်ပန်းကန်သာ ယူလာခဲ့ပြီး လူများစွာ ရှိနေသောကြောင့် ဝေမျှစားရန် မလုံလောက်သေးပေ။ သူမက အမြန်ပြန်ပြေးသွားပြီး ကျန်ရှိသော မုန့်ပေါင်းအိုးတစ်ဝက်ကို ယူလာခဲ့သည်။
သခင်မလီက စူးချင်း ပြန်ရောက်လာသည်ကို သိသွားခဲ့ပြီး သူမကို တွေ့ရန် ကျိရှောင်ယင်နှင့်အတူ လိုက်သွားခဲ့သည်။ သူမက ယနေ့ သတ်ခဲ့သည်သိုး၏ ခြေထောက်လေးချောင်းကိုလည်း ယူဆောင်လာခဲ့သည်။ သူမက ၎င်းတို့ကို ငံပြာရည်ဖြင့် ပြုတ်ကာ မွှေးကြိုင်သော သိုးခြေထောက်သားဖြစ်သည်အထိ ချက်ပြုတ်ထားခဲ့သည်။
စူးချင်းက အလွန် အလုပ်ကြိုးစားပြီး သူမက လူတိုင်းအတွက် အလွန်ကြိုးစားခဲ့ရသောကြောင့် သခင်မလီက စူးချင်းအတွက် စိတ်မကောင်းဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမက စူးချင်း အာဟာရ ဖြည့်တင်းနိုင်ရန် သိုးခြေထောက်များကို စားစေချင်ပြီး ထိုသိုးခြေထောက်များကို ချက်ပြုတ်ရန် သူမ အများကြီး အားထုတ်ခဲ့ရသည်။
“မွေးစားအမေ၊ မွေးစားအမေက အစ်မစူးချင်းရဲ့အမေကို မတွေ့ဖူးသေးဘူး။ အစ်မစူးချင်းရဲ့အမေက ရေလိုမျိုး နူးညံ့သိမ်မွေ့တယ်။ သူ(မ)ရဲ့ စကားသံကလည်း အရမ်းနားထောင်လို့ ကောင်းတယ်။ အစ်မစူးချင်းရဲ့မောင်လေးကလည်း ချစ်စရာကောင်းတယ်။ သူက နို့ဘောလုံးလေးလိုပဲ။ သူ့မျက်လုံးလေးတွေက ဝိုင်းနေပြီး သူ့နှုတ်ခမ်းလေတွေက ပန်းဖူးလေးတွေလို လှတယ်"
ကျိရှောင်ယင်က သိုးသားမုန့်ပေါင်း ပန်းကန်ကို ကိုင်ထားရင်း သူမ၏နောက်မှ သူမ၏မွေးစားအမေကို ပြောပြနေခဲ့သည်။ သူမ အလွန်စိတ်လှုပ်ရှားနေပုံရသော်လည်း သူမ၏ ကြီးမားပြီး ရွှမ်းစိုနေသော မျက်လုံးများတွင် မနာလိုမှုနှင့် အထီးကျန်မှုတို့ ရှိနေခဲ့သည်။
သူမရဲ့အမေ ဘယ်လိုပုံစံလဲဆိုတာ သူမ သိချင်တယ်။ သူမရဲ့အမေက အစ်မစူးချင်းရဲ့အမေလို နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့သူလား? ဒါမှမဟုတ် မွေးစားအမေလို့ သူမကို ကြင်ကြင်နာနာ ဆက်ဆံမှာလား?
ကံမကောင်းစွာဖြင့် သူမက ဤဘဝတွင် မိခင်မဲ့ကလေးဖြစ်ရန် သတ်မှတ်ထားခံခဲ့ရသည်။
"ဟုတ်လား? အဲဒီတော့ မင်းရဲ့အစ်မစူးချင်းက ချမ်းသာတဲ့ မိသားစုက ကလေးတစ်ယောက်ပေါ့။ သူ(မ)က ဘာကြောင့် အပြင်မှာ လျှောက်သွားနေရတာလဲ? သူ(မ)ရဲ့အမေက သူ(မ) ဘယ်လောက်ထိ ခံစားခဲ့ရတယ်ဆိုတာ သိသွားရင် သူ(မ)ရဲ့နှလုံးသားတွေ ဘယ်လောက်ထိ နာကျင်သွားလိမ့်မလဲ?”
ကျိရှောင်ယင်၏စကားကို ကြားလိုက်ချိန်တွင် သခင်မလီက သက်ပြင်းချရင်း ပြန်မေးလိုက်သည်။
စူးချင်း.... သူမက ပုလဲလေးတစ်လုံးဖြစ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ ငါးမျက်လုံးအဖြစ် ကြီးပြင်းလာခဲ့ရတယ်၊ ဒီကလေးက သူမရဲ့နှလုံးသားကို တကယ်နာကျင်စေခဲ့တယ်။
သူမက စူးချင်းနဲ့ သွေးသား မတော်စပ်ပေမယ့် သူမရဲ့နှလုံးသားက စူးချင်းအတွက် အရမ်းနာကျင်နေသေးတယ်။ စူးချင်းရဲ့မိဘတွေ ဆိုင်တော့ ပြောနေဖို့တောင် လိုမှာ မဟုတ်ဘူး။ စူးချင်းကို ပြန်မရှာနိုင်ခဲ့တဲ့ ဒီနှစ်တွေတစ်လျှောက်လုံး သူမတို့ ဘယ်လို နှိပ်စက်မှုမျိုးကို ခံစားနေခဲ့ရမလဲ?
"အမေ၊ အမေ၊ ကျွန်တော် ဗိုက်ဆာနေပြီ!"
ကျုံးယုံက ရွာမှ ယောက်ျားလေးများနှင့်အတူ ကျောက်မီးသွေး သွားသယ်ရာမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သူက သူ့အမေကို အဝေးမှ လှမ်းမြင်လိုက်ပြီး အဆုတ်ထိပ်မှ အသံဖြင့် အော်ပြောလိုက်သည်။
သူ့ဗိုက်က ဆာလောင်လွန်းလို့ အသံတွေတောင် မြည်နေပြီ။
“အမေ အခု လုပ်စရာတွေ ရှိသေးတယ်။ အိမ်ပြန်ပြီး ဆေးကြောသန့်စင်လိုက်ဦး။ ခနနေရင် အမေက မင်းအတွက် ချက်ပြုတ်ပေးဖို့ ပြန်လာခဲ့မယ်"
အမျိုးသမီးလီက နောက်သို့ လှည့်ကြည့်လိုက်ပြီး အနက်ရောင်မီးသွေးမှုန့်များ ဖုံးအုပ်နေသည့် သူမသား၏မျက်နှာကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမက သူမ၏သားကို အိမ်ပြန်ပြီး ရေအရင်ချိုးရန် ပြောလိုက်သည်။ စူးချင်းကို တွေ့ပြီးနောက်မှ သူမက အိမ်သို့ပြန်ကာ သူ့အတွက် ချက်ပြုတ်ပေးမည် ဖြစ်သည်။
"မုန့်ပေါင်နဲ့ သိုးခြေထောက်တွေ ရှိနေတာ မဟုတ်ဘူးလား?"
ကျုံးယုံက ကျိရှောင်ယင် သယ်လာသည့် ပေါင်မုန့်ပန်းကန်ကြီးနှင့် သူ့အမေ ယူဆောင်လာသည့် သိုးခြေထောက်ပန်းကန်လုံးကြီးကို လှမ်းကြည့်နေခဲ့သည်။ သူက အသားကို နှစ်သက်ပြီး မည်မျှပင် စားရသည်ဖြစ်စေ တင်းတိမ်သွားခြင်း မရှိခဲ့ပေ။ သူက သနားစရာကောင်းသည့် အမူအရာဖြင့် သူ့လက်ကို သူ့အမေဆီသို့ ဆန့်ထုတ်လိုက်သည်။
“အမေ၊ မြန်မြန် ပေးပါနော်။ ဘာမှ မစားရတာ နှစ်ရက်ရှိပြီ"
သူမသား၏ထိုအမူအရာကို မြင်လိုက်ရသောကြောင့် အမျိုးသမီးလီ၏နှလုံးသားက နာကျင်သွားခဲ့သည်။ သူမက သားဖြစ်သူကို သိုးခြေထောက်တစ်ပိုင်း ပေးလိုက်ပြီး ကလေးလေးတစ်ယောက်ကို ချော့မော့နေသကဲ့သို့ ညင်သာစွာ ချော့မော့လိုက်သည်။
“အရင်ဆုံး ဒါကို စားပြီး ဗိုက်ဖြည့်ထားလိုက်။ အမေ စူးချင်းကို သွားတွေ့ပြီးရင် မင်းအတွက် ထမင်းချက်ပေးဖို့ ပြန်လာခဲ့မယ်"
"ဆရာ ပြန်ရောက်လာပြီလား?"
သူ့ဆရာ၏အမည်ကို ကြားလိုက်သည်နှင့် ကျုံးယုံအတွက် သိုးခြေထောက်က ဆွဲဆောင်မှု မရှိတော့ပေ။
ဘာပဲဖြစ်ဖြစ် သူ့လည်း သူ့ဆရာကို တွေ့ဖို့ လိုက်သွားရမယ်။
“စူးချင်းရဲ့ မိဘတွေက ချမ်းသာတဲ့ မိသားစုရဲ့ သခင်နဲ့ သခင်မတွေ။ မင်းရဲ့ ညစ်ပတ်တဲ့ အသွင်အပြင်နဲ့ သူတို့ဆီကို မလိုက်လာနဲ့”
အမျိုးသမီးလီက သူမ၏သားကို ဖျောင်းဖျလိုက်သည်။ ကျုံးယုံက မူလကတည်းက တုံးအအ ပုံစံဖြစ်ပြီး ယခုမီးသွေးမှုန်များ ဖုံးလွမ်းနေသောကြောင့် စူးချင်း၏မိဘများ စိတ်အနှောက်အယှက် ဖြစ်မည်ကို သူမ စိုးရိမ် နေမိသည်။
“အဲ့ဒါဆို ရေသွားချိုးလိုက်မယ်။ သန့်ရှင်းသွားမှ ဆရာဆီကို ပြန်လာခဲ့မယ်"
ကျုံးယုံက သူ့ဆရာကို တွေ့ချင်နေသောကြောင့် အိမ်သို့ အမြန်ပြေးသွားခဲ့သည်။ သူက စကားပြောနေရင်း တံခါးဝသို့ ရောက်သွားပြီ ဖြစ်သော်လည်း သူ့လက်ထဲမှ သိုးခြေထောက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲပင်။
အသားကလွဲရင် သူ ဘာမဆို စွန့်ပစ်နိုင်တယ်။
အမျိုးသမီးလီက သားဖြစ်သူ၏အသွင်အပြင်ကို စိတ်မကောင်းသည့် အမူအရာဖြင့် ကြည့်နေခဲ့သည်။
သူမသာ သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့ရင် ကလေးက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်လာပါ့မလဲ? သူမ သေဆုံးပြီးရင်တောင် ကျုံးမိသားစုရဲ့ဘိုးဘေးတွေကို သွားတွေ့ရဲမှာ မဟုတ်တော့ဘူး။
“မွေးစားအမေ ဘာဖြစ်လို့လဲ?”
ကျိရှောင်ယင်က သူမ၏ မွေးစားအမေ ရုတ်တရက် ဝမ်းနည်းသွားသည်ကို မြင်လိုက်ပြီး စိုးရိမ်စိတ်ဖြင့် အလောတကြီး မေးလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး။ မျက်လုံးထဲကို အမှုန်ဝင်သွားလို့ပါ"
အမျိုးသမီးလီက သူမမျက်ရည်များကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး မရှိသည့် အမှုန်အမွှားကို အကြောင်းပြချက်အဖြစ်သုံးကာ ခါးခါးသီးသီး ပြုံးလိုက်သည်။
"ကျွန်မ မှုတ်ပေးရမလား?"
မွေးစားအမေ ဖြစ်သူ၏ မျက်လုံးများ နီရဲလာသည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်၏ နှလုံးသားက နာကျင်သွားရသည်။ သူမက သူမ လက်ထဲမှ မုန့်ပေါင်းပန်ကန်ကို အမျိုးသမီးလီ၏လက်ထဲရှိ ပန်ကန်လုံးပေါ်သို့ ထပ်တင်လိုက်ပြီး အမျိုးသမီးလီ၏မျက်လုံးများကို မှုတ်ပေးရန် ခြေဖျားထောက်လိုက်သည်။
ကျိရှောင်ယင်က အလွန်ထောက်ထား စာနာပေးနိုင်သည်ကို မြင်လိုက်ရချိန်တွင် အမျိုးသမီးလီက ပို၍ပင် ဝမ်းနည်းလာခဲ့သည်။
သူမရဲ့သားလေးမှာ ဒီလိုရောဂါမျိုး မရှိရင် ဘယ်လောက်ကောင်းလိမ့်မလဲ?
ယခုတော့ သူမ သူမရဲ့လောဘတွေကို မျိုသိပ်ထားဖို့ပဲ တက်နိုင်ပြီး သူတို့ရဲ့စေ့စပ်ကြောင်းလမ်းမှုကို ထုတ်ဖော်ပြောပြခွင့် မရှိတော့ဘူး။
ကျိရှောင်ယင်က ငယ်ငယ်ကတည်းက မိခင်မရှိသောကြောင့် မိဘမဲ့ကလေးတစ်ယောက်၏ ခံစားချက်သာရှိနိုင်သူ ဖြစ်သည်။ ထို့ကြောင့် သူမက သူမ၏မွေးစားမိခင် ဘာတွေတွေးနေမှန်း မသိနိုင်ခဲ့ပေ။ သူမက သူမ၏ပါးစပ်လေးကို လေဖောင်းလိုက်ပြီး မွေးစားအမေ၏မျက်လုံးများကို လေမှုတ်ပေးလိုက်သည်။ ထို့နောက် သူမက အမျိုးသမီးလီ၏ မျက်လုံးထောင့်များကို သူမ၏အင်္ကျီလက်ဖြင့် သေသေချာချာ သုတ်ပေးလိုက်သည်။ သူမ၏ ဂရုစိုက်မှု ပြုမူနေသည့် အသွင်အပြင်လေးက အမျိုးသမီးလီ၏ မျက်လုံးများကို နောက်တကြိမ် နီရဲလာစေပြန်သည်။
ဒီလောက်ကောင်းတဲ့ ချွေးမကို စွန့်လွှတ်ဖို့ ဆိုတာက... သူမ တကယ်ကို သည်းမခံနိုင်ဘူး။
ကျိရှောင်ယင်က အမျိုးသမီးလီ၏မျက်လုံးများတွင် မျက်ရည်များပြည့်နေသည်ကို မြင်သွားခဲ့ပြီး သူမလည်း နာကျင်ရသောကြောင့် ထပ်မေးလိုက်သည်။
“မွေးစားအမေ၊ အရမ်း နာနေလို့လား?”
"နည်းနည်းပဲ နာတာပါ၊ အခု အဆင်ပြေသွားပါပြီ"
အမျိုးသမီးလီက အသက်ကို ပြင်းပြင်းရှိုက်လိုက်ရင်း အပြုံးဖြင့် ခေါင်းခါလိုက်သည်။ ထို့နောက် သူမက “မြန်မြန်သွားရအောင်၊ ငါတို့ ကြာနေရင် မုန့်ပေါင်းတွေ အေးကုန်လိမ့်မယ်"
ကျိရှောင်ယင်က သူမ၏မွေးစားအမေ နာကျင်နေမည်ကို စိုးရိမ်သောကြောင့် သိုးခြေထောက်ပန်းကန်နှင့် မုန့်ပေါင်းများ အားလုံးကို လွှဲယူလိုက်သည်။
"ရှောင်ယင်"
ချိုးယုံခန်းက စာရင်းများ ပြုလုပ်ပြီး ပြန်လာစဉ် ကျိရှောင်ယင်ကို အဝေးမှ လှမ်းမြင်လိုက်သည်။ သူက သူမ၏ အမည်ကို သဘောကျစွာ ခေါ်ကာ နောက်မှ အမြန်လိုက်လာခဲ့သည်။
"အစ်ကိုယုံခန်း"
ကျိရှောင်ယင်ကလည်း ချိုးယုံခန်းကို တွေ့ရသောကြောင့် ပျော်နေခဲ့ပြီး သူမ၏အသံက ပျားရည်ကဲ့သို့ ချိုမြိန်နေလေသည်။
"ငါ ဝိုင်းသယ်ပေးမယ်!"
ချိုးယုံခန်းက ကျိရှောင်ယင်တစ်ယောက် ပန်းကလေးလို ပြုံးနေသည်ကို မြင်နေရသောကြောင့် ပိုပျော်သွားပြီး ကျိရှောင်ယင်၏လက်ထဲမှ ပန်းကန်လုံးကြီးများကို ကူသယ်ပေးရန် သူ့လက်ကို ဆန့်တန်းလိုက်သည်။ သူ့၏နူးညံ့သိမ်မွေ့သော မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ချိတ်ဆွဲထားခဲ့သည်။
“ကောင်းပြီ!”
ကျိရှောင်ယင်က အားနာမနေခဲ့ပေ။ သူမက သိုးခြေထောက်ပန်ကန်းလုံးနှင့် မုန့်ပေါင်းများကို ချိုးယုံခန်းအား ပေးလိုက်ပြီး တစာစာ အော်မြည်နေသည့် စာငှက်ကလေးကဲသို့ စူးချင်း၏မိဘများအကြောင်း ပျော်ပျော်ရွှင်ရွှင် ပြောပြနေခဲ့သည်။
“အစ်ကိုယုံခန်းက အစ်မစူးချင်းရဲ့အမေက အရမ်းကြော့ရှင်းပြီး နတ်သမီးလေးလို လှတယ်"
ကျိရှောင်ယင်က ယန်ရူရွှယ်ကို ပြန်မြင်ယောင်ရင်း ချီးမွမ်းလိုက်သည်။
“သူ(မ)က အစ်မစူးချင်း လုံးဝတူတယ်။ အထူးသဖြင့် ငယ်တုန်းကဆိုရင် ပိုတောင်တူနေဦးမယ်”
ချိုးယုံခန်းက သူ့မျက်ခုံးကို အနည်းငယ် ပင့်တင်လိုက်သည်။
စူးချင်းရဲ့မိဘတွေက သူမဆီကို အလည်လာတာလား? ဒါမှမဟုတ် ဒီနေရာမှာ အဖြေချနေထိုင်ဖို့ မော့ချန်ကို ရောက်လာကြတာလား?