← Chapters

ဒြပ်စင်ငါးမျိုး ကောင်းကင် ချိပ်တံဆိပ်

Vol. 6 Ch. 580

ဒြပ်စင်ငါးမျိုး ကောင်းကင် ချိပ်တံဆိပ်

Vol. 6 Ch. 580

ချန်းဖန်တွင် အဓိက လက်နက် သုံးခုရှိပြီး ၎င်းတို့မှာ "နတ်ဆိုးဆင့်ခေါ် ပုလွေ" ၊ "မိုးကြိုး တံဆိပ်တုံး" နှင့် "အမတေ ဖြည့်တင်းခြင်းဓား" တို့ ဖြစ်သည်။

နတ်ဆိုးဆင့်ခေါ် ပလွေမှ ဆင့်ခေါ်နိုင်သော တန်ခိုးရှင် အစောင့်အရှောက်များမှာ အစွမ်းထက်သည် ဆိုသော်လည်း သေမျိုး နတ်ဘုရားနှင့် မယှဉ်နိုင်သေးချေ။

အခြား တစ်ဖက်၌ အမတေ ဖြည့်တင်းခြင်း ဓားသည် ချမ်းဖန်၏ လက်နက်များထဲ၌ အန္တရာယ် အများဆုံး လက်နက် ဖြစ်ကာ မိုးကြိုးတံဆိပ်တုံး သည်လည်း ၎င်းထက် အားနည်းခြင်း မရှိချေ။

ထိုလက်နက်များမှာ အရှေ့တိုင်း၏ မြေကမ္ဘာ အဆင့်များမှ ဖန်တီးထားခြင်း ဖြစ်ပြီး ထိုအရာများကို ချန်းဖန် အနေဖြင့် ရင်းနှီး ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။

သို့သော်လည်း အမှောင်ခုံရုံး၏ စုဆောင်းထားသော လက်နက်များမှာမူ  ထူးထူးဆန်းဆန်းများ ဖြစ်သည့် အပြင် ချန်းဖန်၏ တိုက်ခိုက်ရေး နည်းစနစ်များနှင့်လည်း ကိုက်ညီမှု မရှိလှချေ။

"ဒီလက်နက်တွေက ငါနဲ့ မကိုက်ညီဘူး ဆိုပေမဲ့လည်း ကုန်ကြမ်း အနေနဲ့တော့ သုံးလို့ ရပါသေးတယ်"

ချန်းဖန်က တွေးလိုက်မိသည်။

"ကောင်းကင်သလင်းရွှေ  နတ်ဘုရားအရိုး သူတော်စင်နှလုံးသား ကောင်းကင်ဦးခေါင်းခွံ ဖီးနစ်ငှက်တောင် နဂါးအရိုး ..."

ချန်းဖန်က ဓားအားဖြည့် ကျောက်မျက် အတွင်းမှ ပစ္စည်းများအား တစ်ခုချင်း ထုတ်ယူကာ စစ်ဆေးလိုက်သည်။

"ဒီ မူလဝိညာဉ်အဆင့်နဲ့ ရွှေအမြုတေ အဆင့် ကုန်ကြမ်းတွေနဲ့ ဆိုရင် ငါ့ အနေနဲ့ နောက်ထပ် အလယ်ဆင့် ဝိညာဉ်လက်နက် ဒါမှမဟုတ် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုတော့ ဖန်တီးလို့ ရနိုင်တယ်"

ချန်းဖန်က မေးစေ့ကို ပွတ်သပ်ရင်း ခေါင်းညိတ်လိုက်သည်။

အကယ်၍ ချန်းဖန်သာ ဝိညာဉ်လက်နက် တစ်ခု ဖန်တီးပါက ထိုလက်နက်မှာ မိုးကြိုး တံဆိပ်တုံး၊ အမေတေ ဖြည့်တင်းခြင်းဓား တို့ထက် ပိုမို၍ အစွမ်းထက်လိမ့်မည် ဖြစ်သည်။

ချန်းဖန်၏ ဉာဏ်အလင်းမှာ ကမ္ဘာပေါ်ရှိ မည်သည့် ပုဂ္ဂိုလ်ထက်မဆို သာလွန်ရာ သူ ဖန်တီးလိုက်သော အလယ်ဆင့် ဝိညာဉ် လက်နက်ပင်လျှင် ကမ္ဘာပေါ်ရှိ အဆင့်မြင့် ဝိညာဉ်လက်နက်များထက် ပိုမို အစွမ်းထက်လိမ့်မည် ဖြစ်သည်။

"ငါ့မှာက ရွှေရောင် မီးတောက် သံချပ်ကာ ရှိနေပြီ ဆိုတော့ ခံစစ် အကာအကွယ် အတွက် စိတ်ပူစရာ မလိုတော့ဘူး ..."

"နောက်ပြီး အပယ်ခံ ဓားကိုးချောင်းနဲ့ အမတေ ဖြည့်တင်းခြင်း ဓားတွေ ရှိနေပြီ ဆိုတော့ ဓားပျံလည်း မလိုပြန်ဘူး ..."

"ငါ တကယ် လိုနေတာက ပြည့်စုံတဲ့ လက်နက်မျိုးပဲ"

ချန်းဖန်က တွက်ချက်ရင်း သူ အမှန်တကယ် လိုအပ်သည့် အရာကို လျင်မြန်စွာပင် ဆုံးဖြတ်လိုက်သည်။

ပြည့်စုံသော လက်နက် ဆိုသည်မှာ ခုခံမှု၊ တိုက်ခိုက်မှု စသဖြင့် များစွာသော လုပ်ဆောင်ချက်များကို ထုတ်ဖော်နိုင်သည့် လက်နက်မျိုး ဖြစ်သည်။

ချီရင်းမြစ် ရှားပါးမှုကြောင့် ကမ္ဘာပေါ်တွင် ပြုလုပ်ထားခဲ့သော လက်နက် အများစုမှာ လုပ်ဆောင်ချက် တစ်ခုတည်းကိုသာ ထုတ်ဖော် နိုင်သော လက်နက်များ ဖြစ်ကြသည်။

ချန်းဖန် ပိုင်ဆိုင်ထားသည့် လက်နက်များတွင် ဓားပျံများသည် တိုက်ခိုက်မှု တစ်ခုတည်းကိုသာ လုပ်ဆောင်နိုင်ကြသည်။ မိုးကြိုး တံဆိပ်တုံးမှာလည်း မိုးကြိုး အစီအရင် တစ်မျိုးကိုသာ ခင်းကျင်းနိုင်သည်။ ခံစစ်၊ တိုက်စစ်ကို တစ်ချိန်တည်း၌ ပုံဖော်နိုင်သည့် လက်နက်မျိုး ချန်းဖန်တွင် မရှိချေ။

"ကမ္ဘာပေါ်မှာ လက်နက် လုပ်တဲ့သူတွေက ဒီလို လက်နက်တွေကိုပဲ ဖန်တီးနိုင်တာ ဖြစ်ရမယ် ... သူတို့ရဲ့ လက်နက် ဖန်တီးတဲ့ နည်းစနစ်တွေက ကျင့်ကြံခြင်း လောကနဲ့ ယှဉ်ရင် နှစ်တစ်သောင်းလောက် အထိ နောက်ကျ နေတာပဲ"

ချန်းဖန်က ခေါင်းကို ခါလိုက်မိသည်။

လက်နက် ပြုလုပ်ခြင်းက ချန်းဖန် အတွက်ပင် မလွယ်ကူရာ အခြားလူများ အတွက်ဆိုလျှင် အလွန်ပင် ခက်ခဲပေလိမ့်မည်။

ချန်းဖန်တွင် ဝိညာဉ်လက်နက် ဖန်တီးသည့် နည်းလမ်းများစွာ ရှိသော်လည်း ကုန်ကြမ်း မရှိပဲ မလုပ်ဆောင်နိုင်ပေ။

ယခုတွင်မူ သူ့၌ ကုန်ကြမ်းများ ရှိနေပြီ ဖြစ်ရာ ဝိညာဉ် လက်နက် တစ်ခု ဖန်တီးရန် အတွက် အဆင်သင့် ဖြစ်နေပြီဟု ဆိုနိုင်သည်။

"ငါ ဘယ်လို လက်နက်မျိုး ဖန်တီးရင် ကောင်းမလဲ ..."

ချန်းဖန်က ကုန်ကြမ်း ဝိညာဉ်လက်နက်များကို ကြည့်ရင်း ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

ယခု သူ့ထံတွင် ရှိနေသော ရတနာများမှာ သူတော်စင် နှလုံးသား၊ ဖီးနစ် ငှက်တောင် ... စသည်ဖြင့် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားသော  ရတနာများ ဖြစ်သည်။ ထို့အတွက်ကြောင့် မည်သည့် ဝိညာဉ် လက်နက်ကို ဖန်တီးရမည်က ချန်းဖန်အား ခေါင်းကိုက်စေသည်။

နောက်ဆုံး၌ ချန်းဖန်က မိုးကြိုး တံဆိပ်တုံးကို ကြည့်ရင်း အကြံတစ်ခု ရလာခဲ့သည်။

"မိုးကြိုးတံဆိပ်တုံးကို ဗဟိုချက် အနေနဲ့ သုံးပြီး ဒြပ်စင်ငါးမျိုး ကောင်းကင် ချိပ်တံဆိပ် ဖန်တီးရင်ရော ..."

ကျင့်ကြံခြင်း လောကတွင် ဒြပ်စင်ငါးမျိုးဂိုဏ်း၏ တပည့်များသည် ဒြပ်စင် ငါးမျိုး ကောင်းကင် ချိပ်တံဆိပ်ကို လက်နက် အဖြစ် အသုံးပြုတတ်ကြသည်။ ကောင်းကင်ငါးမျိုး ချိပ်တံဆိပ်မှာ ဒြပ်စင် ငါးမျိုး၏ စွမ်းအားများအား ထုတ်ဖော်နိုင်သည့် အပြင် ခုခံမှု၊ တိုက်ခိုက်မှု စသည်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်သေးသည်။

"လေနဲ့ မိုးကြိုး နှစ်ခုစလုံးက သစ်သားဒြပ်စင် ဆိုတော့ ... မိုးကြိုးတံဆိပ်တုံးကလည်း အတူတူပဲ ... ဒီတော့ သစ်သားဒြပ်စင်ကို ကောင်းကင် ချိပ်တံဆိပ်ရဲ့ အဓိက ဗဟို အနေနဲ့ အသုံးပြုရမယ် ..."

"ပြီးတော့ အခြားဒြပ်စင် လေးမျိုးကိုသာ ထပ်ပြီး ဝန်းရံလိုက်မယ် ဆိုရင် အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုလောက် အထိ အစွမ်းထက် လာလိမ့်မယ်"

ချန်းဖန်က စိတ်လှုပ်ရှားစွာဖြင့် ပေါင်ကို ပုတ်လိုက်မိသည်။

ထို့အပြင် ဒြပ်စင်ငါးမျိုး ကောင်းကင်ချိပ်တံဆိပ်သည် အသုံးပြုသူ၏ စွမ်းအား တိုးတက်လာသည်နှင့် အမျှ ပိုမို၍ အဆင့်မြင့်လာမည် ဖြစ်သည်။

ချန်းဖန်တွင် ရှိနေသည့် ကုန်ကြမ်းများမှာ ဒြပ်စင်ငါးမျိုးဂိုဏ်းမှ ကောင်းကင်သဲပွင့်၊ ခုနစ်ကြိမ်မြောက်ရွှေ စသည့် အရာများနှင့် မနှိုင်းယှဉ် နိုင်သော်လည်း ယခု အခိုက်အတန့် အတွက်မူ လုံလောက်သည်ဟု ဆိုနိုင်သည်။

"ကောင်းကင် ချိပ်တံဆိပ်" ပြုလုပ်ရန် ဆုံးဖြတ်ပြီးနောက် ချန်းဖန်က တပည့်များအား တံခါးပိတ် ကျင့်ကြံရန် အတွက်ဟု မှာကြားကာ အမှောင်ဘဏ္ဍာတိုက် အတွင်းသို့ ဆင်းလာခဲ့သည်။

ထိုနေရာသည် မြေအောက်တွင် တည်ရှိရာ လက်နက် သန့်စင် ပြုလုပ်ရန် အတွက် အသင့်လျော်ဆုံး ဖြစ်သည်။

"လက်နက် သန့်စင်ဖို့ ဆိုရင် ... အစစ်အမှန် မီးတောက် လိုအပ်တယ် ... ဒါပေမဲ့ ငါ့ရဲ့ ရွှေရောင်လီ မီးတောက်နဲ့ ဆိုလည်း အဆင်ပြေပါတယ်"

ချန်းဖန်က တွေးရင်း မိုးကြိုးတံဆိပ်တုံးကို လက်ဖြင့် မလိုက်သည်။

တစ်ချိန်တည်းတွင်ပင် သူ၏ မျက်လုံးမှ မီးတောက်များ ထွက်ပေါ်လာကာ တံဆိပ်တုံး အပေါ်သို့ တိုက်စားသည်။

မီးတောက်များ၏ တိုက်စားမှုတွင် မိုးကြိုးတံဆိပ်တုံးမှာ တဆတ်ဆတ် တုန်ရီ လာ၏။ သို့သော်လည်း ချန်းဖန်က မီးတောက်ကို နှစ်ဆ အထိ တိုးမြှင့်လိုက်သည်။

တစ်နာရီ ...

နှစ်နာရီ ...

သုံးနာရီ ...

အချိန်များကို ဖြတ်သန်း၍ မိုးကြိုး တံဆိပ်တုံး၏ မျက်နှာပြင်က တဖြည်းဖြည်း အရည်ပျော် နေခဲ့သည်။

နောက်ဆုံး၌ မိုးကြိုး တံဆိပ်တုံး၏ အသွင်အပြင် ကွယ်ပျောက်ကာ အစီအရင်များနှင့် မိုးကြိုးစွမ်အားများ စီးဆင်းနေသည့် သတ္တုရေ အဖြစ်သာ ကျန်ရှိတော့၏။

ချန်းဖန်က အစီအရင်များကို ဖယ်ရှားပစ်ကာ မိုးကြိုး တံဆိပ်တုံး၏ အမတေကို ထုတ်ယူလိုက်သည်။ ထိုအမတေမှာ ဒြင်စင်ငါးမျိုး ကောင်းကင် ချိပ်တံဆိပ်၏ အခြေခံ ဖြစ်လာပေလိမ့်မည် ဖြစ်သည်။

"ဒြပ်စင်တွေ ထပ်ပေါင်းထည့်ရမယ့် အချိန်ရောက်ပြီ ..."

ချန်းဖန်က လက်တစ်ဖက်ကို ဝှေ့ယမ်းရင်း အနီရောင် အလင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။

ထိုအလင်းမှာ ဓားတစ်ချောင်း၏ အရွယ်အစားခန့် ရှိကာ ထိပ်ပိုင်းက ချွန်မြနေ၏။

အလင်း၏ ကိုယ်ထည်တွင်မူ ရှေးဟောင်း သင်္ကေတများ ရှိနေပြီး အလွန် ပူပြင်းသော လှိုင်းတစ်ခုက ဖြတ်ပြေးနေသည်။

"ဖီးနစ် ငှက်တောင် ..."

ဒဏ္ဍာရီများ အရဆိုလျှင် အင်္ဂလန်၏ မဟာကဝေသည် ဖီးနစ်ငှက် တစ်ကောင်ကို အိမ်မွေး သတ္တဝါ အဖြစ် မွေးခဲ့ဖူးပြီး ယခု ချန်းဖန်လက် အတွင်းရှိ ငှက်တောင်မှာ ထို ဖီးနစ်ငှက်  သေဆုံးသော အချိန်၌ ကျန်ရစ်ခဲ့သည့် ငှက်တောင်ဟု ဆိုကြသည်။

"ဒီငှက်တောင်က ဖီးနစ်ငှက် အစစ်ရဲ့အတောင် မဟုတ်ဘူး ... ဝိညာဉ်သားရဲငှက် တစ်ကောင်ရဲ့ အတောင်ပဲ ဖြစ်ရမယ် ... ဘာပဲဖြစ်ဖြစ် ခုအချိန်မှာ ဒါက အသုံးဝင်ပါတယ်လေ ..."

ချန်းဖန်က ပြောရင်း ရွှေရောင်လီ မီးတောက်ဖြင့် ငှက်တောင်ကို လောင်ကျွမ်းစေလိုက်သည်။

အစစ်အမှန် နဂါးများနှင့် ဖီးနစ်များသည် တာအိုရရှိခြင်း အဆင့် သက်ရှိများ ဖြစ်ရာ သူတို့၏ အကြေးခွံ၊ အမွေးအတောင်များမှာ အလွန် မာကျောသည်။ ထိုငှက်တောင်ကသာ ဖီးနစ်ငှက် အစစ်၏ အတောင် ဖြစ်ပါက ရွှေရောင်လီမီးတောက်ဖြင့် လောင်ကျွမ်း နိုင်လိမ့်မည် မဟုတ်ချေ။

"ဟူး ... ဟူး ..."

သိပ်မကြာခင်မှာပင် ချန်းဖန် ဖန်တီးထားသော ကောင်းကင် ချိပ်တံဆိပ်၌ အလင်းတန်း နှစ်ခု လင်းလက် လာခဲ့သည်။

တစ်ခုမှာ အဇူရာရောင် ဖြစ်၍ အခြား တစ်ခုမှာ အနီရောင် ဖြစ်သည်။

သို့သော်လည်း ထိုအရာက အစသာ ဖြစ်၏။

"ပင်လယ်နတ်ဘုရား သုံးခွမှိန်း ..."

"ကမ္ဘာ့ဂိုလန် နှလုံးသား ..."

"ဖျက်ဆီးခြင်း ဓား ..."

ချန်းဖန်က ဓမ္မရတနာ အားလုံးကို မီးတောက် အတွင်းသို့ ပစ်ထည့်လိုက်သည်။

ထိုရတနာများမှာ အမှောင်ခုံရုံး နှစ်ပေါင်းများစွာ စုစည်းထားသော တန်ဖိုးကြီး ရတနာများ ဖြစ်သည်။

သို့သော်လည်း ချန်းဖန်ကမူ ထိုအရာများကို မီးတောက် အတွင်း ထည့်ကာ အရည်ဖျော် ပစ်နေခဲ့သည်။ အကယ်၍ အမှောင်မြို့စားသာ ထိုမြင်ကွင်းကို မြင်ပါက ရင်နာကာ သွေးအန်မိလိမ့်မည် ဖြစ်သည်။

မကြာခင်မှာပင် လက်နက်မှ မတူညီသော အလင်းရောင် ငါးမျိုး တောက်ပလာခဲ့သည်။

"အားလုံး ပေါင်းထည့်ပြီးပြီ ဆိုတော့ ... အခု စပြီးတော့ သန့်စင်ရတော့မယ်"

ချန်းဖန်က နဖူးမှ ချွေးများကို သုတ်လိုက်၏။

ချန်းဖန်သည် ဝိညာဉ်ပင်လယ် အဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ရွှေရောင်လီ မီးတောက်မျက်လုံးကို သုံးရက်တိုင်တိုင် သုံးရခြင်းက သူ့အား ပင်ပန်းစေသည်။

"ဒြပ်စင်ငါးမျိုး အမိန့်နာခံ ... ကောင်းကင် ကိုးခုရဲ့ မိုးကြိုးတွေ စုစည်း ..."

ချန်းဖန်က ကျင့်စဉ်ကို အသက်သွင်းရင်း ဓမ္မ အစီအရင်များကို ဖန်တီးလိုက်သည်။

ပတ်ဝန်းကျင် မိုင်ပေါင်းများစွာ အတွင်းရှိ ဒြပ်စင်များမှာ ချန်းဖန် ရှိရာသို့ စုစည်းလာကာ အစီအရင်များထံ ပေါင်းစပ်ကြသည်။

ထို့နောက် တစ်ဖန် ဒြပ်စင်စွမ်းအားများ ပြည့်ဝနေသည့် သင်္ကေတများက ကောင်းကင် ချိပ်တံဆိပ်ဆီသို့ ပျော်ဝင်သည်။

များစွာသော အဆင့်နိမ့် ဝိညာဉ် လက်နက်များတွင် အစီအရင် ငါးခုခန့် ပါရှိပြီး အလယ် အလတ်အဆင့် ဝိညာဉ် လက်နက်များတွင်မူ ဆယ်ခုခန့် ပါရှိသည်။

နတ်ဘုရားကျိန်စာ  ဆယ့်သုံးခု ဓားတွင်မူ အစီအရင် ဆယ့်သုံးခု ပါရှိပြီး အစွမ်း အထက်ဆုံး ဝိညာဉ် လက်နက် တစ်ခု အဖြစ် သတ်မှတ်နိုင်သည်။

သို့သော်လည်း ယခု ချန်းဖန် ဖန်တီးနေသည့် ဒြပ်စင်ငါးမျိုး ကောင်းကင်ချိပ်တံဆိပ် တွင်မူ ဓမ္မ အစီအရင် နှစ်ဆယ့်ငါးခု အထိ ပါဝင်လိမ့်မည် ဖြစ်သည်။

ရွှေအမြုတေ အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ထိုအရာကို တွေ့ပါက အံ့ဩ သွားလောက်ပေသည်။

ချန်းဖန် ကဲ့သို့သော ပြန်လည် မွေးဖွားလာသည့် ကောင်းကင် အရှင်သခင်မှ လွဲ၍ မည်သူမျှ ထိုသို့သော လက်နက်ကို ဖန်တီးနိုင်လိမ့်မည် မဟုတ်ပေ။

***

All Chapters