← Chapters

ကယ်တင်ပေးခြင်း (အပိုင်း ၁ )

Vol. 22 Ch. 318

ကယ်တင်ပေးခြင်း (အပိုင်း ၁ )

Vol. 22 Ch. 318

“မယ်တော် ဘာလုပ်မှာလဲ?”

ဧကရီက သူမ၏ယုတ်မာသောအကြံအစည်ကို ဒုတိယမင်းသားအား တိုးတိုးလေး ပြောပြလိုက်ပြီး ဒုတိယမင်းသား၏ မျက်လုံးများက အ‌ရောင်တောက်လာခဲ့သည်။

“ဒီအကြံက အရမ်းကောင်းတယ်၊ ဒီသားတော် အခု သွားစီစဥ်လိုက်မယ်"

ဧကရီ၏မျက်လုံးများထဲမှ ရက်စက်မှုတို့က ချက်ချင်း ပြန်ပျောက်ကွယ်သွားပြီး သူမ၏ လျစ်လျူရှုတက်သော အသွင်အပြင်သို့ ပြန်ရောက်သွားခဲ့သည်။

“သွား၊ ပန်ကုန်းက အဲ့ဆေးဆရာကို ကူညီပေးဖို့ ရတနာ့သုတ္တန် ရွတ်ဆိုပေးမယ်”

ဧကရီနှင့် ဒုတိယမင်းသားတို့က သူမအတွက် မကောင်းသော အကြံအစည်များ ပြင်ဆင်နေကြသည်ကို စူးချင်းကတော့ မသိနိုင်ခဲ့ပေ။

တဖက်မှ တောင်တန်းပြာတွေ့ဆုံပွဲက အလွန်အသက်ဝင်နေပြီး နပန်းပွဲများသာမက သီဆိုကပြဖျော်ဖြေမှုများလည်း ရှိနေခဲ့သည်။ တာ့ထန်ပြည်ထောင်၏ အကများက တာ့ရှားပြည်ထောင်မှ အကများကဲ့သို့ ထူးထူးခြားခြား တင့်တယ်နေခြင်းမျိုး မရှိသော်လည်း ယောက်ျားများက ခွန်အားကြီးမားပြီး ခံ့ညားကာ အမျိုးသမီးများက ရွှင်လန်းတက်ကြွကြသည်။ ထို့ကြောင့် ကြည့်ရှုသူများလည်း ပျော်ရွှင်မှု ကူးစက်ခံကြရသည်။

ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့က ပွဲကြည့်စင်အောက်တွင် အထိန်းအကွပ်မဲ့ ကခုန်နေကြသော အမျိုးသား၊ အမျိုးသမီးများကို ကြည့်နေခဲ့ပြီး ဂီတစည်းချက်အတိုင်း သူမတို့၏ခန္ဓာကိုယ်ကို လိုက်လှုပ်နေကြသည်။ သူမတို့၏လက်များက စည်းချက်ညီညီ လိုက်ပါလှုပ်ရှားနေကြသည်။ တာ့ထန်၏အကက အားစိုက်ထုတ်ရမှု နည်းပါးပြီး လှုပ်ရှားမှုအနည်းငယ်သာ ရှိသောကြောင့် ရိုးရှင်းပြီး သင်ရလွယ်ကူသည်။ သူမတို့က အတူတူ ဝင်ရန်ပင် မျှော်လင့်နေပုံရသည်။

သူမတို့ တွေးတောနေစဉ်မှာပင် တာ့ထန်မှ မိန်းမပျိုလေးတစ်ယောက် ရောက်လာပြီး သူမတို့နှင့်အတူ ကရန် ဖိတ်ခေါ်လာခဲ့သည်။ ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့က တောက်ပသော မျက်လုံးများဖြင့် စူးချင်းကို ကြည့်နေခဲ့သည်။

"အစ်မစူးချင်း၊ ကျွန်မတို့ သွားဝင်ကလို့ ရမလား?"

စူးချင်းက မိန်းကလေးနှစ်ယောက်၏ စိတ်အားထက်သန်သော မျက်လုံးများကို မြင်နေရပြီး အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

"သွား၊ သွားပျော်ကြ"

မော့ချန်က ပျင်းစရာကောင်းလွန်းတယ်။ ဒီလို အသက်ဝင်တဲ့ မြင်ကွင်းမျိုး မရှိဘူး။ ရောက်လာမှတော့ အပန်းဖြေကြပေါ့။ ဒီကိုလာဖို့ ရှားရှားပါးပါး အခွင့်အရေး တစ်ခုပဲ။

စူးချင်းထံမှ ခွင့်ပြုချက်ရသည်နှင့် ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့က ထိုင်ခုံမှ ထလိုက်ကြပြီး အကအဖွဲ့တွင် ပါဝင်ရန် မိန်းကလေးများနောက်သို့ လိုက်သွားကြသည်။ သူမတို့က အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သောကြောင့် ယခု ဂီတ၏စည်းချက်အတိုင်း အလျင်အမြန် ကခုန်နိုင်သွားကြသည်။ သူမတို့က မီးပုံဘေးတွင် လူတိုင်းနှင့်အတူ ကခုန်နေကြပြီး သူမတို့၏လှုပ်ရှားမှုများကလည်း မဆိုးလှပေ။

တတိယမင်းသား၏ မျက်လုံးများက ကျိရှောင်ယင်၏နောက်သို့သာ လိုက်ပါနေခဲ့သည်။ ကျိရှောင်ယင်၏မျက်နှာပေါ်ရှိ တောက်ပသော အပြုံးကို မြင်လိုက်ချိန်တွင် သူ့၏နှုတ်ခမ်းထောင့်များကလည်း အထိန်းအကွပ်မဲ့ တွန့်ကွေးနေခဲ့သည်။

ကျိရှောင်ယင်က အလွန်ပျော်ရွှင်နေပြီး မိန်းခလေးများနှင့်အတူ ကခုန်နေရသောကြောင့် သူမ ပို၍ပင် ပျော်ရွှင်လာခဲ့သည်။ သူမက တာ့ထန်လူမျိုးများ၏သီချင်းကို မဆိုတက်သော်လည်း သူမဘေးနားမှ ကခုန်နေသည့် မိန်းကလေးများနှင့်အတူ လိုက်အော်နေသေးသည်။ လွမ်ဟုန်က မူလကတည်းက ရဲရင့်သောကိုယ်ရည်ကိုယ်သွေးရှိသူ ဖြစ်ပြီး ယခု သူမ ကခုန်နေချိန်တွင် ပို၍ပင် အထိန်းအကွပ် မရှိတော့ပေ။ သူမ၏အသံက ကျိရှောင်ယင်၏အသံထက်ပင် ပိုကျယ်လောင်နေပြီး ပျံသန်းလုနီးပါး ကခုန်နေကာ အလွန်အမင်း ပျော်ရွှင်နေပုံရသည်။

တာ့ထန်မှ မိန်းကလေး နှစ်ယောက်က စူးချင်းကို ခစားရန် ရောက်လာခဲ့ကြသည်။ တစ်ယောက်က မြင်းနို့အရက်အိုးကို ကိုင်ထားပြီး စူးချင်းအတွက် အရက်ငဲ့ပေးနေကာ သူမကို ချီးကျူးဂုဏ်ပြုသည့်သီချင်းမျိုး သီဆိုနေခဲ့သည်။

စူးချင်းက ဤတာ့ထန်၏ ကျင့်ဝတ်များကို သိထားပြီး ဖြစ်သည်။ သူမက မြင်းနို့အရက်ကို လှမ်းယူကာ တာ့ထန်များသောက်သည့်ပုံစံကို အတုယူကာ သောက်ရန် ပြင်လိုက်သည်။ သူမက ၎င်းကို လေထဲသို့ လက်ချောင်းထိပ်များဖြင့် သုံးကြိမ် ပင့်တင်လိုက်ပြီးမှ မော့သောက်ရန် သူမ၏နှုတ်ခမ်းနားသို့ တိုးကပ်လိုက်သည်။

သို့သော်လည်း သူမ၏နှုတ်ခမ်းနားသို့ အရက်ရောက်လာသည်နှင့် စူးချင်းက အရက်၏ရနံ့နှင့် မဆိုင်သော ဆေးရနံ့တစ်ခုကို အနံ့ခံလိုက်မိသည်။ စူးချင်းက ပန်းကန်လုံးထဲရှိ မြင်းနို့အရက်ကို ငုံ့ကြည့်လိုက်သည်။ မြင်းနို့အရက်က နို့ဖြူရောင်ရှိသောကြောင့် စူးချင်းက ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘဲ သဲလွန်စကို မရှာနိုင်ခဲ့ပေ။

စူးချင်းကို ခစားနေသည့် မိန်းခလေးက အစွမ်းကုန် ချီးမွမ်းသီဆိုနေပြီး တက်ကြွသောလူအုပ်ထဲမှ မျက်လုံးတစ်စုံက စူးချင်းကို အရက်သောက်မည့်အချိန်ကို စိတ်အားထက်သန်စွာ စောင့်မျှော်ရင်း သူမကို စိုက်ကြည့်နေခဲ့သည်။

စူးချင်း၏ အမူအရာက အေးစက်သွားပြီး သူမက ပလ္လင်ပေါ်တွင်ထိုင်နေသည့် ဧကရာဇ်ကို ကြည့်ရန် ခေါင်းမော့လိုက်သည်။ ဧကရာဇ်အိုကြီးက သူမကို ပြန်ပြုံးပြလာပြီး သူ့အရက်ခွက်ကို မြှောက်ကာ သူမကို ဂုဏ်ပြုလိုက်သည်။

စူးချင်းက မတ်တပ်ထရပ်ပြီး အစွမ်းကုန် သီချင်းဆိုနေသည့် မိန်းကလေးကို ဖမ်းဆွဲလိုက်သည်။ ထိုနောက် သူမက ထိုမိန်းခလေး၏အထိတ်တလန့် အကြည့်အောက်မှာပင် ထိုမိန်းကလေး၏ပါးစပ်ကို ဖွင့်ပြီး မြင်းနို့အရက်ပန်းကန်ကို သူမ၏ပါးစပ်ထဲကို လောင်းထည့်လိုက်သည်။ ထိုမိန်းကလေး သူမ အင်အားရှိသမျှ အစွမ်းကုန် ရုန်းကန်ခဲ့သော်လည်း စူးချင်း၏ လက်များက သံညှပ်များကဲ့သို့ ဖြစ်နေပြီး သူမ မလွတ်မြောက်နိုင်ပေ။ အရက်တစ်ပန်လုံး သူမ၏ပါးစပ်ထဲသို့ လောင်းထည့်ခံလိုက်ရသည်။

စူးချင်း၏ လုပ်ရပ်က ဧကရာဇ်မင်းမြတ်နှင့် တတိယမင်းသား အပါအဝင် ကြွရောက်လာသည့် အရာရှိများအားလုံးကို အံ့အားသင့်စေခဲ့သည်။

ဘာတွေဖြစ်နေတာလဲ? ဒီမိန်းခလေးက အံ့ဖွယ်သမားတော်ကို စော်ကားခဲ့မိတာလား?

တာ့ထန်တွင် ဂုဏ်ပြုအရက်ကို မသောက်ပါက အိမ်ရှင်ကို မထီမဲ့မြင်ပြုရာ ရောက်ပေလိမ့်မည်။ စူးချင်းက အရက်ကို မသောက်ရုံသာမကဘဲ သူမကို ဧည့်ခံ ခံစားပေးနေသည့်သူကိုပင် အရက်များ လောင်းထည့်နေခဲ့သည်။ ထိုအရာက အိမ်ရှင်အတွက် စိန်ခေါ်မှုတစ်ခုဟု မြင်နိုင်စေပြီး ဧကရာဇ်အိုကြီး၏မျက်နှာက ချက်ချင်း မည်းမှောင်သွားခဲ့သည်။

တတိယမင်းသားက မတ်တပ်ထရပ်လိုက်ပြီး စူးချင်းကို ဘေးဒုက္ခမှ ကယ်တင်ရန် သူ့၏ခမည်းတော်အား ဦးညွှတ်လိုက်ကာ “ခမည်းတော်၊ သခင်မလေးစူးက အရက်မူးနေတဲ့အပြင် သားတော်တို့ရဲ့ကျင့်ဝတ်တွေကိုလည်း နားမလည်ပါဘူး။ ခမည်းတော်က ကျေးဇူးပြုပြီး သူမကို အပြစ်မတင်ပါနဲ့"

သူ့သားတော်၏စကားကို ကြားလိုက်ရချိန်တွင် ဧကရာဇ်အိုကြီး၏အမူအရာက အနည်းငယ် တိုးတက်လာခဲ့သည်။ သူမက မိန်းကလေး တစ်ယောက် ဖြစ်နေသည့်အပြင် တာ့ရှားပြည်ထောင်မှ ယောကျာ်းများပင် သူတို့၏ ဧည့်ခံဂုဏ်ပြုခြင်းနှင့် ဆိုင်သည့် စည်းမျဉ်းများကို မသိကြောင်း သူ ပြန်သတိရသွားခဲ့သည်။

သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ပျက်လာခဲ့သည် အဖြစ်အပျက်က သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။ စူးချင်း အတင်းသောက်ခိုင်းခဲ့သည့် မိန်းကလေး၏ ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျလာပြီး သူမ၏ လက်ချောင်းများက ကြောင်ခြေသည်းများကဲ့သို့ ကုတ်ကွေးသွားကာ မြေပြင်ပေါ်သို့ လဲကျသွားချိန်တွင် သူမ၏ ခန္ဓာကိုယ်က တောင့်တင်းနေပြီ ဖြစ်သည်။

စူးချင်းက တတိယမင်းသားနှင့် ဧကရာဇ်ကို အေးတိအေးစက် ကြည့်နေပြီး သူမ၏မျက်လုံးများတွင် သတ်ဖြတ်ရိပ်များ ပြည့်နှက်နေခဲ့သည်။ သူမ၏အေးစက်လေသံသံ ခပ်တိုးတိုး ဖြစ်သော်လည်း အေးစက်သည့် လေပြင်းများ တိုက်ခတ်လာသလို ခံစားရစေသည်။

"ဒါက ဧည့်သည်တွေကို ဧည့်ခံတဲ့ ပုံစံလား? နောက်ဆုံးတော့ အဆိပ်ခတ်ထားတဲ့ အရက်ကို သောက်ခိုင်းဖို့ ဖိတ်ခေါ်ခဲ့တာလား?"

တတိယမင်းသားနှင့် ဧကရာဇ်တို့ နှစ်ယောက်လုံး တုန်လှုပ်သွားကြသည်။ တတိယမင်းသားက အလျင်အမြန် လျှောက်လာခဲ့ပြီး အဆိပ်မိကာ သေဆုံးသွားသည့်မိန်းခလေးကို စစ်ဆေးရန် ဂရုတစိုက် ဆွဲလှန်လိုက်သည်။

သူမက အမှန်ပင် အဆိပ်သင့် သေဆုံးသွားခဲ့ပြီး ၎င်းက သူမကို ချက်ချင်း သေစေနိုင်အောင် ပြင်းထန်လွန်းသည့် အဆိပ် ဖြစ်သည်။

"လာကြစမ်း၊ သူ(မ)ကို ဆွဲထုတ်သွားလိုက်"

တတိယမင်းသားက ထိုမိန်းကလေးကို ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။

အခြားမိန်းခလေးတစ်ယောက်က သူမ၏လက်ကို ထပ်ခါတလဲလဲ ဝှေ့ယမ်းပြနေပြီး သူမ အဆိပ်မထည့်ကြောင်း ရှင်းပြနေသည်။ သူမက ဧည့်သည်တော်များအား ချီးကျူးဂုဏ်ပြုဧည့်ခံရန်သာ ဤနေရာတွင် ရှိနေခြင်း ဖြစ်ကြောင်း ရှင်းပြနေခဲ့သည်။

“သခင်မလေးစူး တောင်းပန်ပါတယ်။ ငါတို့ လုံခြုံရေးကို ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့ဘူး”

တတိယမင်းသားက ထိုမိန်းခလေး၏ရှင်းပြသံကို နားမထောင်ဘဲ လက်သီးအုပ်ကာ စူးချင်းကို တောင်းပန်လိုက်သည်။

စူးချင်းက သူ့မျက်လုံးများကို သေသေချာချာ ကြည့်နေခဲ့ပြီး တတိယမင်းသား၏မျက်လုံးများက ရှင်းလင်းနေကာ လိမ်နေပုံမရသည်ကို သူမ တွေ့လိုက်ရသည်။ ဧကရာဇ်က ရောက်လာသည့်သူတိုင်းကို စောင့်ကြပ်ရန် သူ့လူများကို အမိန့်ပေးလိုက်ပြီး တစ်ယောက်ကိုမျှ ပြန်မလွှတ်ပေးတော့ပေ။

ပျော်ရွှင်နေသော လူအုပ်ကြီးက ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့ကို လူအုပ်အလယ်တွင် ပိတ်မိနေပြီး အပြင်သို့ ပြန်မထွက်နိုင်တော့ပေ။

ထိုအချိန်တွင် လူတစ်ယောက်က ပရမ်းပတာ အခြေအနေကို အခွင့်ကောင်းယူကာ ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့ဆီသို့ ချဥ်းကပ်သွားခဲ့သည်။ သူ့၏အင်္ကျီလက်ထဲတွင် ချွန်ထက်သောဓားတစ်ချောင်း ဝှက်ထားခဲ့သည်။

တတိယမင်းသားက ကျိရှောင်ယင် အလယ်တွင် ပိတ်မိနေသည်ကို မြင်သွားပြီး စူးချင်းကိုပင် ဆက်မတောင်းပန်နိုင်တော့ပေ။ သူက ကျိရှောင်ယင်ဆီသို့ ပြေးထွက်သွားတော့သည်။

ဤအခိုက်အတန့်တွင် တတိယမင်းသားက မကောင်းသောရည်ရွယ်ချက်ဖြင့် ကျိရှောင်ယင်ထံ ချဥ်းကပ်နေသည့်လူကိုပါ သတိပြုမိသွားခဲ့သည်။

"ရှောင်ယင်၊ မြန်မြန် ရှောင်လိုက်၊ မြန်မြန် ထွက်လာခဲ့"

တတိယမင်းသားက ကျိရှောင်ယင်ကို လှမ်းအော်လိုက်သည်။ ကျိရှောင်ယင်က သူ့အော်သံကို ကြားနေရသော်လည်း လူအုပ်ကြီးကြောင့် သူမ မလှုပ်ရှားနိုင်တော့ပေ။

"အဲဒီလူကို သတိထား"

တတိယမင်းသားက သူမကို မရွေ့လျားနိုင်တော့မှန်း သိလိုက်သောကြောင့် လူအုပ်ကြားထဲသို့ တိုးဝင်သွားရင်း တစ်ချိန်တည်းမှာပင် သူက ကျိရှောင်ယင်ကို အသံကျယ်ကျယ်ဖြင့် ‌အော်ဟစ်သတိပေးလိုက်သည်။ ကျိရှောင်ယင်က ထိုစကားကို ကြားသွားပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူမကို စူးစူးရဲရဲ ကြည့်နေရင်း လူအုပ်ထဲသို့ တိုးဝင်နေသည်ကို သူမ တွေ့လိုက်ရသည်။

သူမက တည်တည်ငြိမ်ငြိမ်ဖြင့် သူမ၏လက်ကို မြှောက်လိုက်ပြီး ထိုလူကို သူမ၏လျှို့ဝှက်မြှားဖြင့် ပစ်ချလိုက်သည်။ သူမတို့ တာ့ထန်သို့ ရောက်လာစဥ်ကတည်းက စူးချင်းက သူမနှင့် လွမ်ဟုန်တို့အတွက် လျှို့ဝှက်မြှားအိမ်တစ်ခုစီ ပေးထားခဲ့သော်လည်း အမှန်တကယ် သုံးရမည်ဟုတော့ သူမ မမျှော်လင့်ထားခဲ့ပေ။

ထိုမျှနီးကပ်နေသည့် အကွာအဝေးမှ ပစ်လိုက်သော မြှားက အရှိန်ပြင်းထန်လွန်းလှပြီး ထိုလူ၏နဖူးထဲသို့ နက်နဲစွာ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ တစ်စုံတစ်ယောက် သေဆုံးသွားသည်ကို တွေ့လိုက်ရချိန်တွင် လူအုပ်ကြီးက ပို၍ပင် ရှုပ်ထွေးလာခဲ့သည်။ ကျိရှောင်ယင်ကိုယ်တိုင်ပင် နောက်သို့ ပြန်အတွန်းခံလိုက်ရပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

ကျိရှောင်ယင် မြေပြင်ပေါ်သို့ အမှတ်တကယ် လဲကျသွားပါက သူမ အနင်းခံရပြီး သေနိုင်သည်။ ထိုသို့မဟုတ်လျှင်ပင် အပြင်းအထန် ဒဏ်ရာရသွားမည် ဖြစ်သည်။

လွမ်ဟုန်၏အခြေအနေကလည်း ပိုကောင်းမနေခဲ့ပေ။ သူမကို ဓားဖြင့် ထိုးသည့်လူလည်း ရှိနေခဲ့ပြီး ကံကောင်းစွာဖြင့် ထိုဓားရောက်လာချိန်တွင် တစ်စုံတစ်ယောက်က လွမ်ဟုန်ကို တွန်းထုတ်လိုက်သည်။ လွမ်ဟုန်ကို တွန်းဖယ်လိုက်သူက သူမအတွက် ဓါးကို ပိတ်ဆို့ပေးခဲ့ပြီး သူမ၏ဘေးမှ ကာကွယ်ပေးခဲ့သည်။

လွမ်ဟုန်က အလွန်ကြောက်လန့်နေပြီး သူမတစ်ကိုယ်လုံး တောင့်တင်းနေခဲ့သည်။ သူမ သူ့မျက်နှာကို မမြင်နိုင်သော်လည်း သူ့၏ခန္ဓာကိုယ်ထဲမှ ပြင်းထန်သည့် အမျိုးသားဟော်မုန်းကို အနံ့ခံနိုင်ပြီး သူ့၏ပြင်းထန်သော နှလုံးခုန်သံကို ကြားနေရသည်။ အမျိုးသားနှင့် အမျိုးသမီးကြားမှ ကွာခြားမှုကြောင့် သူမ ရုန်းထွက်ချင်နေသော်လည်း ထိုယောက်ျား၏လက်များက ခိုင်ခံ့လွန်းလှပြီး သူမကို ဆက်ကာကွယ်ပေးနေခဲ့သည်။

စူးချင်းက ကျိရှောင်ယင်၏အန္တရာယ် ရှိနေသည်ကို မြင်သွားပြီး သူမက အပေါ်သို့ခုန်တက်ကာ လူအုပ်ထဲမှ လူများ၏ပခုံးများပေါ် နင်းတက်ပြီး ကျိရှောင်ယင်ဆီသို့ ပြေးသွားခဲ့သည်။

အရာအားလုံး ရှုပ်သွားနေချိန်တွင် အနက်ရောင်၀တ်စုံ ဝတ်စုံ ဝတ်ဆင်ထားသည့် လူဆယ်ဦးကျော်က ကောင်းကင်မှ ဆင်းသက်လာကြပြီး ဓားရှည်များကို ကိုင်ဆောင်ကာ ဧကရာဇ်အိုကြီးထံ ပြေးဝင်သွားကြသည်။

All Chapters