ကယ်တင်ပေးခြင်း (အပိုင်း ၂ )
Vol. 22 Ch. 319
သူတို့၏ရည်ရွယ်ချက်က ဧကရာဇ်ကို သတ်ရန်ဖြစ်ကြောင်း ထင်ရှားနေသည်။ သူတို့က ဧကရာဇ်ဆီသို့ ဓားမောက်ရှည် တစ်ဒါဇင်ကျော် ပစ်သွင်းလိုက်ပြီး ထိုဓားများထဲမှ တစ်ချောင်းနှင့် ထိမိလျှင်ပင် ဧကရာဇ်က ချက်ချင်း သေဆုံးသွားပေလိမ့်မည်။
ဧကရာဇ်အိုကြီး၏ သက်တော်စောင့်များက ဧကရာဇ်အိုကြီးကို ကာကွယ်ပေးရန် အလယ်တွင် ဝင်ရပ်လိုက်ကြပြီး ထိုဓားမောက်ရှည်များကို တားဆီးရန် သူတို့၏ဓားများကို ဝှေ့ယမ်းလိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်မင်းကို ကာကွယ်ပေးလိုက်သည့် သက်တော်စောင့်တစ်ယောက်လည်း မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
တော်ဝင်သက်တော်စောင့်များက ဧကရာဇ်ကို အစွမ်းကုန် ကာကွယ်ပေးနေကြသော်လည်း ကြင်ယာတော်လီအား ကာကွယ်ရန် မည်သူမျှမရှိပေ။ သူမ၏လည်ပင်းဆီသို့ ပျံသန်းလာသည့် ဓားတစ်ချောင်းကို မြင်လိုက်ရချိန်တွင် သူမတစ်ကိုယ်လုံး အေးစက်သွားပြီး မလှုပ်ရှားနိုင်လောက်အောင် ထိတ်လန့်သွားခဲ့သည်။
ကြင်ယာတော်လီက သူမ သေရတော့မည်ဟု တွေးနေချိန်မှာပင် စူးချင်းက ကောင်းကင်မှ ဆင်းသက်လာပြီး ထိုဓားကို သူမ၏ခြေဖျားဖြင့် ခတ်ထုတ်ကာ ကြင်ယာတော်လီအား ကာကွယ်ပေးလိုက်သည်။
စူးချင်းက ကျိရှောင်ယင်ကို ကယ်တင်ပေးရန် ပြေးသွားခဲ့သော်လည်း တတိယမင်းသားက ကျိရှောင်ယင်၏ ဘေးတွင် ရှိနေပြီး သူမအား အကာအကွယ်ပေးထားသည်ကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်တွင် ညကောင်းကင်ယံမှ စူးရှသောအသံတစ်ခုထွက်ပေါ်လာပြီး သူမ လှည့်ကြည့်လိုက်ရာ အနက်ရောင်ဝတ် လူဆယ်ယောက်ကျော်က ဧကရာဇ်နှင့် ကြင်ယာတော်လီအား ဝိုင်းရံတိုက်ခိုက်နေသည်ကို သူမ တွေ့လိုက်ရသည်။
ထိုအချိန်တွင် အဆိပ်ခတ်ထားသည့်အရက်က ရန်သူ၏အကြံအစည် ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ ပထမအချက်အနေဖြင့် သူတို့က သူမကို အဆိပ်ခတ်သတ်ပစ်ရန် ကြံရွယ်ထားခြင်း ဖြစ်နိုင်သည်။ ဒုတိယအချက်အနေဖြင့် သူတို့က ပရမ်းပတာအခြေအနေကို ဖန်တီးပြီး ဧကရာဇ်ကို လုပ်ကြံရန် ဤအခွင့်အရေးကို အသုံးပြုချင်နေကြခြင်းပင်။
ကျိရှောင်ယင်က တတိယမင်းသား၏ အကာအကွယ်ကို ရရှိထားပြီး လွမ်ဟုန်ကိုလည်း အခြားအမျိုးသားတစ်ဦးက ကာကွယ်ပေးထားသောကြောင့် စူးချင်းက ဧကရာဇ်နှင့် ကြင်ယာတော်လီကို ကယ်တင်ရန် ပြတ်ပြတ်သားသား ပြန်လှည့်လာခဲ့သည်။
စူးချင်း ရောက်လာချိန်တွင် သာမာန်အစောင့်များနှင့် အစေခံများက ကြင်ယာတော်လီ ဧကရာဇ်မင်း၏အနားတွင် ပုန်းအောင်းနေနိုင်ရန် ကာကွယ်ပေးလိုက်ကြသည်။ သို့သော်လည်း ဧကရာဇ်၏ တော်ဝင်သက်တော်စောင့်များက ထိုအနက်ရောင်ဝတ်လူများ၏တိုက်ခိုက်မှုကို မခုခံနိုင်ဘဲ လစ်ဟင်းလာပြီဖြစ်ရာ ဧကရာဇ်ကိုယ်တိုင်ပင် အန္တရာယ်ရှိနေခဲ့သည်။
“ဧကရာဇ်ကို သွားကာကွယ်ကြတော့”
စူးချင်းက မြေပြင်မှ သံမဏိဓားတစ်ချောင်းကို ခြေဖြင့်ခတ်တင်လိုက်ပြီး တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူမ ရောက်ရှိလာခြင်းက ကောင်းကင်ပေါ်မှ နတ်ဘုရားတစ်ပါး ရောက်ရှိလာခြင်း ဖြစ်ပြီး သူမက တော်ဝင်အစောင့်များ၏ အကူအညီကိုပင် မလိုအပ်ပေ။ ထို့ကြောင့် ရှိသမျှ လူအားလုံးက ဧကရာဇ်ကို ကာကွယ်နိုင်ရန် အစွမ်းကုန် အာရုံကြိုးစားစိုက်နိုင်သွားခဲ့သည်။
ထို့ကြောင့် စူးချင်း၏ဝင်ရောက်လာမှုနှင့်အတူ အနက်ရောင်၀တ်စုံဝတ်လူများက ဧကရာဇ်မင်းထံသို့ မချဉ်းကပ်နိုင်တော့ပေ။ ထို့အပြင် အေးစက်နေသည့် ဓားတစ်ချောင်းက ပိုတောက်ပလာပြီး အနက်ရောင်၀တ်စုံဝတ်လူများ၏ ဦးခေါင်းများကို ဖရဲသီးများကဲ့သို့ ခုတ်ဖြတ်နေခဲ့သည်။ ထိုဓား ဖြတ်ကျော်သွားသည့်အရှိန်က အလွန်မြန်ဆန်လှပြီး အားလုံးကို တုန်လှုပ်ချောက်ချားသွားစေခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဧကရာဇ်ကလည်း တိုင်းပြည်၏အုပ်စိုးရှင်သာ ဖြစ်ပြီး ခဏတာ ထိတ်လန့်သွားပြီးနောက် သူက ချက်ချင်း တည်ငြိမ်မှု ပြန်ရလာခဲ့သည်။ ထိုအချိန်တွင် သူက စူးချင်းကို လှမ်းအော်လိုက်သည်။
"သခင်မလေးစူး၊ သူ့ကို အသက်ရှင်လျက် ချန်ထားပေးပါ"
စူးချင်းကလည်း ထိုသို့ တွေးမိပြီးသား ဖြစ်သသည်။
ဒီတစ်ကြိမ် လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုက ထူးဆန်းလွန်းတယ်။ လူသတ်သမားကို အရှင် ဖမ်းမိမှသာ နောက်ကွယ်က ဘယ်သူလဲဆိုတာ သိနိုင်မှာပေါ့။
ထိုကြောင့် သူမက ဓားသွားကို သုံးမည့်အစား လက်ကျန်လူသတ်သမားကို ဓားနှောက်ဖြင့် သတိလစ်အောင် ရိုက်ချလိုက်သည်။
လူသတ်သမားများအာလုံး သတိလစ်သွားအောင် ရိုက်ချပြီးနောက်တွင် စူးချင်းက သူတို့၏ပါးစပ်များ ဆွဲဖြဲကာ လိုက်လံစစ်ဆေး နေခဲ့သည်။ သူမ တွေးထားသည့်အတိုင်း သူတို့၏အံသွားများထဲတွင် ဝှက်ထားသည့် သေစေနိုင်သော အဆိပ်တစ်မျိုး ရှိနေခဲ့သည်။
ဒီကိစ္စကို စစ်မေးတာနဲ့ သူတို့က အဆိပ်ကိုသုံးပြီး သူတို့ကိုယ်သူတို့ သတ်သေသွားကြလိမ့်မယ်။
စူးချင်းက သက်တော်စောင့်များအား သူတို့၏ပါးစပ်ထဲမှ အဆိပ်များကို ထုတ်ခိုင်းလိုက်သည်။ သက်တော်စောင့်များက သူမကို အံ့သြတကြီး ငေးကြည့်နေကြသည်။
ဒီအမျိုးသမီးက အစွမ်းထက်လွန်းတယ်။ သူမက သေမင်းနတ်ဘုရားနဲ့တောင် တူနေသေးတယ်။ သူမသာ ဧကရာဇ်ကို လာလုပ်ကြံတဲ့ လူသတ်သမားဖြစ်ခဲ့ရင် သူတို့ထဲက ဘယ်သူမှ သူမကို တားဆီးနိုင်မှာ မဟုတ်ဘူး။
စူးချင်း ဧကရာဇ်နှင့် ကြင်ယာတော်လီကို ကယ်တင်ပေးပြီးချိန်တွင် တတိယမင်းသားက ကျိရှောင်ယင်ကို ကာကွယ်ပေးရင်း လူအုပ်ထဲမှ ရုန်းထွက်လာခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူများနှင့် ပြည့်နေသည့် မြင်ကွင်းကို မြင်လိုက်ရချိန်တွင် သူ့နောက်ကျောမှ ချွေးအေးများ တစိမ့်စိမ့် စီးကျလာခဲ့သည်။
ကံကောင်းထောက်မစွာနဲ့ သခင်မလေးစူး ဒီနေရာမှာ ရှိနေခဲ့လို့ပေါ့။ မဟုတ်ရင် ခမည်းတော်ဧကရာဇ် ဆုံးပါးသွားလောက်ပြီ။
တတိယမင်းသား ကြောက်ရွံ့နေစဥ်မှာပင် စစ်တပ်တစ်တပ်က တောင်တန်းပြာတွေ့ဆုံပွဲကို ဝိုင်းထားလိုက်သည်။ ဧကရီက ချပ်ဝတ်တန်ဆာ ၀တ်ဆင်ထားပြီး ဒုတိယမင်းသားနှင့်အတူ မြင်းပေါ်တွင် ထိုင်နေခဲ့သည်။ သူမတို့၏နောက်တွင် ဓားမောက်ရှည်များနှင့် လှံရှည်များကို ကိုင်ဆောင်ထားသော စစ်သည်များ ရှိနေခဲ့သည်။ ထိုစစ်သည်များက သူတို့၏ လကမောင်းတွင် အနီရောင်အဝတ်စများ ချည်နှောင်ထားကြပြီး ဧကရာဇ်၏စစ်တပ်နှင့် ရင်ဆိုင်ရန် ပြင်ဆင်နေကြသည်။
"ဧကရီ၊ မင်း ပုန်ကန်နေတာလား?"
ဧကရာဇ်က အလွန်ဒေါသထွက်နေခဲ့ပြီး ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဧကရီကို မြင်လိုက်ရချိန်တွင် သူ၏မျက်နှာက ဖြူဖျော့သွားခဲ့သည်။
အကြင်လင်မယားအဖြစ် တစ်ညတာ ပေါင်းသင်းပြီးရင် အချစ်က နှစ်တစ်ရာတိုင် ခိုင်မြဲတယ်တဲ့။ သူက သူ့ရဲ့ဧကရီကို ကောင်းကောင်းဆက်ဆံပေးခဲ့ပြီး မြင့်မြတ်တဲ့အဆင့်အတန်းကိုလည်း ပေးခဲ့တယ်။ သူမမှာ ရက်စက်ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ရှိနေတာကို ရှာဖွေတွေ့ရှိတဲ့အချိန်မှာတောင် သူက ခင်ပွန်းနဲ့ ဇနီးကြားက ဆက်ဆံရေးကို ထည့်သွင်းစဉ်းစားပေးပြီး သူမကို မသတ်ခဲ့ဘူး။ သူက သူမကို သေးငယ်တဲ့ ပြစ်ဒဏ်ပဲပေးပြီး အကျယ်ချုပ်ပဲ ချထားခဲ့တယ်။
မမျှော်လင့်ဘဲ သူမက နောင်တမရတဲ့အပြင် ပုန်ကန်ဖို့ စစ်တပ်ကို အမှန်တကယ် ဦးဆောင်လာခဲ့ပြီ။
"ပုန်ကန်တာလား? အရှင်မင်းမြတ်က ချန်ချဲ့ကို အထင်လွဲနေပါပြီ။ ချန်ချဲ့က အရှင်မင်းမြတ်ကို ကာကွယ်ပေးဖို့ ရောက်လာတာပါ။ တတိယမင်းသားနဲ့ လီဖေးက ရိုင်းစိုင်းတဲ့ ရည်မှန်းချက်တွေ ရှိနေပြီး အရှင်မင်းမြတ်ကို လုပ်ကြံရန် ဟန်လူမျိုးသူလျှိုတွေကို ခေါ်ဆောင်လာခဲ့တယ်။ ချန်ချဲ့က သတင်းကို လက်ခံရရှိခဲ့လို့ အရှင်မင်းမြတ်ကို ကယ်တင်ဖို့ တပ်ဖွဲ့ဝင်တွေကို ခေါ်ဆောင်လာခဲ့တာပါ"
ဧကရီက မြင်းပေါ်တွင် ထိုင်နေရင်း သက်တော်စောင့်များ၏ အကာအကွယ် နောက်တွင် ရှိနေသည့် ဧကရာဇ်ကို ငုံ့ကြည့်နေခဲ့သည်။ သူမ၏ ဖီးနစ်မျက်လုံးများက အေးစက်နေပြီး လင်နှင့်မယားကြားမှ ချစ်ခြင်းမေတ္တာမျိုး မရှိနေခဲ့ပေ။ သူမက ဧကရာဇ်ကို ကဘ်တင်ရန် ရောက်လာခဲ့သည်ဟု ပြောခဲ့သော်လည်း သူမ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည့်အသံက "သတ်ကြစမ်း၊ ဘယ်သူကိုမှ အရှင်မထားကြနဲ့"
ထိုသို့ပြောပြီးနောက် သူမက သူမ၏မျက်နှာကို အဝတ်ဖြင့် ဖုံးအုပ်လိုက်ပြီး သူမ ခေါ်ဆောင်လာသည့် လူများကလည်း ထိုသို့ အတူတူ ပြုမူလိုက်ကြသည်။ ထို့နောက် ဧကရီနှင့် ဒုတိယမင်းသားက မီးပုံထဲသို့ ဘာပစ်ထည့်လိုက်သည်ကို မသိလိုက်ရသော်လည်း အနက်ရောင်မီးခိုးတိမ်များ လုံးတက်လာပြီး တောင်တန်းပြာတွေ့ဆုံပွဲကျင်းပရာ နေရာတစ်ခုလုံး ပုပ်ပွနေသော အလောင်းကောင်အနံ့များ ပြည့်နှက်လာတော့သည်။
"အသက်အောင့်ထားကြ"
စူးချင်းက သူတို့ အဆိပ်ချလိုက်မှန်း သိသွားပြီး သတိပေးလိုက်သော်လည်း သူမ ခြေတစ်လှမ်း နောက်ကျနေသေးသည်။ လူများစွာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ဧကရာဇ်နှင့် ကြင်ယာတော်လီပင် သတိလစ်သွားခဲ့ပြီ ဖြစ်သည်။
ဧကရီက သူမ၏မျက်နှာကို အုပ်လိုက်စဥ်ကတည်းက တတိယမင်းသားက သတိအနေအထားဖြစ်နေခဲ့သည်။ စူးချင်း၏အော်သံကို ကြားလိုက်သည်နှင့် သူက ချက်ချင်း အသက်ရှုအောင့်ထားလိုက်သည်။ ကျိရှောင်ယင်က စူးချင်း၏အနားတွင် အချိန်အတော် ကြာနေခဲ့ပြီးပြီ ဖြစ်သောကြောင့် သူမလည်း အလျင်အမြန် တုံ့ပြန်နိုင်ခဲ့သည်။ ထို့ကြောင့် သူမလည်း အနံ့ကြောင့် မေ့မျောသွားခြင်း မရှိပေ။
လွမ်ဟုန်ကတော့ အဆိပ်ပြင်းသည့် မီးခိုးငွေ့များကို ရှူရှိုက်မိသွားပြီး သူမကို ကယ်တင်ပေးခဲ့သူ၏ ရင်ခွင်ထဲတွင် မော့မျောနေလေသည်။ ထိုလူကလည်း မီးခိုးငွေ့မျာကို ရှောင်ကြဉ်ရန် သူ့၏ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားနိုင်ခဲ့သည်။
တော်ဝင်သက်တော်စောင့်တချို့ကလည်း အလျင်အမြန် တုံ့ပြန်နိုင်ခဲ့ကြပြီး အသက်အောင့်ကာ သူတို့၏ပါးစပ်နှင့် နှာခေါင်းများကို အုပ်ထားနိုင်ခဲ့ကြသည်။ ဧကရီ၏ အုံ့မှိုင်းသောအကြည့်များက တတိယမင်းသား၊ စူးချင်းနှင့် လူငယ်လေးအပေါ် လွှမ်းခြုံသွားပြီး သူမ၏ရယ်မောသံတွင် ရှုတ်ချကဲ့ရဲ့ခြင်းများဖြင့် ပြည့်နှက်နေလေသည်။
"မင်းတို့က တော်တော် ဉာဏ်ကောင်းတာပဲ"
အဆိပ်ပြင်းတဲ့ မီးခိုးငွေ့တွေကို ရှောင်တိမ်းနိုင်ပေမယ့် စစ်တပ်ရဲ့သတ်ဖြတ်မှုကို ရှောင်ရှားနိုင်မယ် ထင်နေကြတာလား?
သူမက သူမ၏နောက်မှ စစ်တပ်ကို ရှေ့တိုးရန် လက်ဟန်ဖြင့် ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။
“သူတို့ကို တိုက်လိုက်”
စူးချင်းက တတိယမင်းသားနှင့် ကျိရှောင်ယင်တို့အား အဆိပ်ဖြေဆေးများ ပစ်ပေးလိုက်ပြီး ဧကရာဇ်မင်းအား ကာကွယ်နိုင်ရန် သက်တော်စောင့်များအား ဆေးတိုက်ခိုင်း လိုက်သည်။
စူးချင်း ဆေးများ ပစ်ပေးပြီးချိန်တွင် စစ်တပ်က ရောက်လာပြီ ဖြစ်သည်။ သူကည် အပေါ်သို့ ပျံတက်သွားပြီး အရှေ့ဆုံးမှ မြင်းပေါ်တွင် ထိုင်နေသည့် စစ်သည်ထံမှ မြင်းနှင့် လှံကို လုယူလိုက်သည်။ ထို့နောက် သူမက မြင်းကို ပြန်လှည့်ကာ ဧကရီ၏စစ်တပ်ကို ရင်ဆိုင်လိုက်သည်။
"စစ်နတ်ဘုရားရဲ့စွမ်းအား"
စူးချင်းက အော်ဟစ်မာန်သွင်းလိုက်ပြီး သူမ လက်ထဲမှ လှံကို လေထဲတွင် စက်ဝိုင်းပုံသဏ္ဍန် ဝှေ့ယမ်းလိုက်ရာ ရှေ့တန်းများ စစ်သည်များအားလုံး လေထဲသို့ လွင့်ပျံသွားပြီး အရှိန်ဖြင့် ပြန်ပြုတ်ကျလာကြသည်။ နောက်ဘက်ရှိ စစ်သည်များကလည်း ထိုပြင်းထန်သော ရိုက်ခတ်မှုကြောင့် မြင်းများပေါ်မှ ပြုတ်ကျကုန်ကြပြီး သူတို့၏နောက်ဘက်မှ စစ်သည်များ၏မြင်းများက အချိန်မီ မရပ်တန့်နိုင်ဘဲ သူတို့ကို နင်းမိသွားခဲ့သည်။
စူးချင်းက သူမ၏လှံကို နောက်တစ်ကြိမ် ထပ်မံ ဝှေ့ယမ်းလိုက်ရာ ယခုတစ်ကြိမ်တွင် လေဆင်နှာမောင်း တိုက်ခတ်သလို ဖြစ်နေခဲ့ပြီး တစ်ဖက်ကမ်းကို လုံးဝ ပြိုလဲသွားစေခဲ့သည်။ သူမက စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေခဲ့ပြီး ရန်သူတစ်သောင်းကိုပင် သူမတစ်ယောက်တည်း ထိန်းထားနိုင်ပုံရသည်။
ဧကရီတစ်ယောက်တည်း တုန်လှုပ်သွားခြင်း မဟုတ်ဘဲ အဆိပ်ဖြေဆေးသောက်ပြီး ပြန်သတိရလာခဲ့သည့် ဧကရာဇ်အိုကြီးလည်း ထပ်တူထပ်မျှ တုန်လှုပ်နေခဲ့သည်။
ဒီသခင်မလေးစူးက လုံးဝကို စစ်နတ်ဘုရားတစ်ပါးပဲ။ ထောင်ပေါင်းများစွာသော တပ်ဖွဲ့ဝင်တွေကို သူမတစ်ယောက်တည်း ခုခံကာကွယ်နိုင်တယ်။
တာ့ရှားမှာ အမှန်တကယ် ဝပ်နေတဲ့ကျားတွေနဲ့ ပုန်းအောင်းနေတဲ့ နဂါးတွေ ပြည့်နှက်နေတာပဲ။ သူမကို ရန်သူ လုပ်တဲ့သူတွေက ကျောက်တောင်ကို ကြက်ဥနဲ့ ပစ်ပေါက်သလို ဖြစ်နေမှာပဲ။ ကံကောင်းထောက်မစွာနဲ့ သူက အမြဲတမ်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ချင်ခဲ့ပြီး စစ်သူကြီးရှောင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကို မချိုးဖောက်ခဲ့မိဘူး။
ဧကရီက သူမ၏အကြံအစည်ဖြင့် သေချာပေါက် အောင်ပွဲနိုင်ရန် တွေးထားခဲ့သည်။ ဧကရာဇ်မင်းက အံ့ဖွယ်သမားတော်ကို ဂုဏ်ပြုဧည့်ခံနေပြီး ကြိုတင်ပြင်ဆင်မှု မရှိသည့်အခြေအနေကို အခွင့်ကောင်းယူကာ တော်ဝင်သက်တော်စောင့်များအား တစ်ရှိန်ထိုး ချေမှုန်းပစ်ပြီး သူမ၏သားတော် ထီးနန်း သိမ်းပိုက်နိုင်စေရန် စီမံထားခဲ့သည်။
သူမ၏သားတော် နန်းတက်နိုင်သရွေ့ အပြင်ဘက်တွင် ရှိနေသည့် ဧကရာဇ်၏စစ်တပ်က အမှန်တရားကို လက်ခံရတော့မည်ဖြစ်ပြီး ကန့်ကွက်နိုင်တော့မည် မဟုတ်ပေ။
သူမက ၎င်းကို သေသေချာချာ တွေးတောပြင်ဆင်ထားခဲ့ပြီး သူမ၏ အစီအစဥ်က စေ့စပ်ပြည့်စုံလှသည်။ လှုပ်ရှားမှုတစ်ခုတည်းဖြင့် အနိုင်ရရန် ဗျူဟာမြောက်များစွာကို အသုံးပြုထားခဲ့သည်။ ပထမဆုံးအနေဖြင့် သူမက အံ့ဖွယ်သမားတော်ကို အဆိပ်ခတ်ရန် လူစေလွှတ်လိုက်ပြီး အားလုံး ပရမ်းပတာဖြစ်အောင် ဖန်တီးစေခဲ့သည်။ ထို့နောက်မှ ဧကရာဇ်ကို လုပ်ကြံရန် လုပ်ကြံသူများ စေလွှတ်ထားခဲ့သည်။
သူမက ဧကရာဇ်ကို ကာကွယ်ရန်ဟူသော အကြောင်းပြချက်ကို အသုံးပြုကာ ဧကရာဇ်မင်း၏အနားမှ လူယုံများအားလုံးကို ရှင်းလင်းရန် သူမ၏တပ်ကို ခေါ်ဆောင်လာခဲ့သည်။ ဧကရာဇ်မင်းကို ဖြုတ်ချပြီးနောက်တွင် သူမက တတိယမင်းသားကို ပုန်ကန်မှုဖြင့် စွဲချက်တင်မည် ဖြစ်သည်။ တော်ဝင်သက်တော်စောင့်များအား ချောချောမွေ့မွေ့ မထိန်းချုပ်နိုင်မည်ကို စိုးရိမ်သောကြောင့် ဧကရီက အဆိပ်ကိုပင် အသုံးပြုခဲ့သည်။ ၎င်းက ငှက်သုံးကောင်ကို ကျောက်ခဲတစ်လုံးနှင့် သတ်ဖြတ်ရန် ပြင်ဆင်ထားခြင်း ဖြစ်ပြီး အစီအစဥ်က လုံးဝ ပြီးပြည့်စုံသည်ဟု ဆိုနိုင်သည်။ သို့သော် ချန်ယောင်ကျင်းက လမ်းတစ်ဝက်တွင် ပေါ်လာခဲ့ပြီး စူးချင်းကို ရင်ဆိုင်လိုက်ရခြင်းက သူမ ကျရှုံးရန် သတ်မှတ်ထားပြီးသား ဖြစ်ပုံရသည်။
(ချန်ယောင်ကျင်း ဆိုတာက တင်စားတာပါ။ သူက ထန်မင်းဆက်က စစ်သူကြီးတစ်ယောက်ပါတဲ့)
သူမ ခေါ်ဆောင်လာသည့် စစ်သည်များ စူးချင်းထံတွင် အသတ်ခံနေရသည်ကို မြင်လိုက်သောကြောင့် ဧကရီက မယုံနိုင်စွာဖြင့် ထပ်ခါထပ်ခါ ရေရွတ်နေခဲ့သည်။
“မဖြစ်နိုင်ဘူး၊ ဒီလောက် အစွမ်းထက်တဲ့လူက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ?”
တာတာလူမျိုးများက သူရဲကောင်းများကို ကိုးကွယ်ကြပြီး စူးချင်း၏ရဲစွမ်းသတ္တိက ပုန်ကန်နေသည့် စစ်သည်များကို သူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့ထိတ်လန့်စေခဲ့သည်။ ကြောက်နေသရွေ့ သေခြင်းက မဝေးကွာတော့ပဲ အလျင်အမြန် ရောက်လာဲ့သည်။ ထိုအရာက စစ်ပွဲ၏နိယာမသာ ဖြစ်နေပြန်သည်။
နောက်ဆုံးတွင် ဧကရီ၏စစ်တပ်က ကစင်ကလျား ထွက်ပြေးသွားကြပြီး အခြေအနေ ပိုဆိုးလာခဲ့သည်။