← Chapters

သူမ ထွက်သွားပြီ

Vol. 22 Ch. 323

သူမ ထွက်သွားပြီ

Vol. 22 Ch. 323

ကျိ‌ရွှေရှန့် အိမ်ပြန်လာချိန်တွင် စူးချင်းအတွက် စားစရာများ ပို့ပေးရန် မုန့်ပေါင်းပူပူများ ထည့်ထားသည့် ပန်းကန်ပြားနှင့် ငံပြာရည်နှင့်ပေါင်းထားသည့် သိုးသားများ ယူဆောင်လာသော ကျိရှောင်ယင်အား တွေ့လိုက်ရသည်။ ကျိရှောင်ယင်ကလည်း သူမ၏အစ်ကို ပြန်လာသည်ကို မြင်သွားပြီး အပြုံးလေးဖြင့် အော်ခေါ်လိုက်သည်။

“အစ်ကိုကြီး”

"ရှောင်ယင်၊ မင်းတို့ တာ့ထန်မှာ ဘာဖြစ်ခဲ့ကြတာလဲ?"

ကျိ‌ရွှေရှန့်က သူ့ညီမကို တွေ့တွေ့ချင်း လှမ်းမေးလိုက်သည်။ ကျိရှောင်ယင်က သူမ၏ ရွှမ်းလဲ့နေသော မျက်လုံးလေးများကို ပြူးကျယ်လိုက်ပြီး အစ်ကိုဖြစ်သူအား ချဲ့ကား ပြောပြလိုက်သည်။

“ညီမလေးတို့ ပြန်မလာနိုင်လုနီးပါး ဖြစ်ခဲ့တာ။ ဘယ်လောက်တောင် ဆိုးဝါးလိုက်သလဲ? လုပ်ကြံသတ်ဖြတ်မှုတွေရော ပုန်ကန်မှုတွေပါ ဖြစ်ခဲ့တာ၊ အခြေအနေကို ပြောင်းပြန်လှန်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့ အစ်မစူးချင်းရဲ့အားထုတ်မှုတွေကြောင့်သာ မဟုတ်ရင် တာ့ထန်က ဧကရာဇ်တောင် ပြောင်းနေလောက်ပြီ”

"ဘာတွေ ဖြစ်ခဲ့လို့လဲ?"

အခြေအနေ ဆိုးရွားသည်ဟု ကြားလိုက်ရသောကြောင့် ကျိ‌ရွှေရှန့်က သူ့ညီမလေးကို ထပ်မေးလိုက်သည်။ ထို့နောက် ကျိရှောင်ယင်က ဧကရီ၏ပုန်ကန်မှုအကြောင်းကို ပြောပြခဲ့ပြီး အစ်မစူးချင်း၏ခမ်းနားမှုကို အလေးပေးဖော်ပြခဲ့သည်။

“အစ်ကိုကြီး၊ အစ်ကို မမြင်လိုက်ရဘူး။ အစ်မစူးချင်းက သူမရဲ့ လှံရှည်ကြီးကို ဝှေ့ယမ်းပြီး 'စစ်နတ်ဘုရားရဲ့စွမ်းရည်'လို့ အော်လိုက်တာနဲ့ တာ့ထန်စစ်သည်တွေအားလုံး တန်းစီပြီး လဲကျသွားတာ။ ကြည့်ရှုရတာ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်”

ကျိရှောင်ယင်က ပြောနေရင်းဖြင့် ပြန်တက်ကြွလာပြီး ရွှင်မြူးနေသော်လည်း ကျိ‌ရွှေရှန့်က ထိတ်လန့်နေခဲ့သည်။

စူးချင်းမှာသာ အဲ့လိုစွမ်းရည်မျိုး မရှိခဲ့ရင် တာ့ထန်ခရီးက သူမတို့အတွက် မပြန်လမ်းတောင် ဖြစ်သွားနိုင်တယ်။

သူမရဲ့ စိတ်အခြေအနေ အေးစက်နေတာ မထူးဆန်းတော့ဘူး။ သူမ ထိတ်လန့်နေတာပဲ ဖြစ်ရမယ်။

ကျိ‌ရွှေရှန့်က စူးချင်းအတွက် စိတ်မကောင်း ဖြစ်သွားမိသည်။ သူက သူ့ညီမလေးလက်ထဲမှ မုန့်ပေါင်းပန်းကန်ကို တချက်ကြည့်လိုက်ပြီး လှမ်းတောင်းလိုက်သည်။

"ငါ့ကိုပေး၊ ငါ သွားပို့ပေး လိုက်မယ်"

"အင်း၊ အဲ့ဒါဆို ညီမလေး အိမ်ပြန်ပြီး ညစာ သွားစားတော့မယ်။ အနောက်မြောက်လေကို ဗိုက်ပြည့်အောင် သောက်နေရလို့ အရမ်း အေးနေပြီ"

ကျိရှောင်ယင်က သူမကိုယ်တိုင် အလွန်မောပန်းပြီး ဆာလောင်နေသော်လည်း စူးချင်းထံသို့ အစားအစာများ ယူသွားပေးရန် သူမကိုယ်သူမ တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ စူးချင်းကို သူမ မည်မျှ ဂရုစိုက်ကြောင်း သိသာထင်ရှားနေသည်။

သူမ၏အစ်ကိုက သူမကိုယ်စား သွားပို့ပေးလျှင် အကောင်းဆုံးသာ ဖြစ်သည်။ သူမလည်း ဗိုက်ဗလာ ဖြစ်နေသောကြောင့် မုန့်ပေါင်းနံ့သင်းသင်းလေးကို ရှူမိပြီး ဆာလောင်နေခဲ့သည်။

ကျိ‌ရွှေရှန့်က မုန့်ပေါင်းများနှင့်အတူ အရက်ချက်ရုံသို့ ပြန်ရောက်လာခဲ့ပြီး စူးချင်းက အရက်ကို ပေါင်းခံရန် သူမ၏ဘောင်းဘီနှင့် အင်္ကျီများအား လှိမ့်တင်ထားသည်ကို တွေ့လိုက်ရသည်။ သူမက အလုပ်ကို အလွန်အာရုံစိုက်နေခဲ့ပြီး သူ အိမ်ထဲသို့ ပြန်ဝင်သွားသည်ကိုပင် သတိမထားမိခဲ့ပေ။

"စူးချင်း... ကိုယ် လုပ်ပေးမယ်၊ မုန့်စားလိုက်ဦး"

ကျိ‌ရွှေရှန့်၏နှလုံးသားက စူးချင်းအတွက် နာကျင်နေမိသည်။

သူမ ဘာကြောင့် ဒီလောက် ခေါင်းမာနေတာလဲ? အခုမှ ပြန်ရောက်တာကို သူမက ဘာလို့ အနားမယူနိုင်ရတာလဲ?

သူက သူမ၏လက်ထဲမှ သစ်သားဂေါ်ပြားကို လှမ်းကိုင်လိုက်ပြီး မုန့်ပေါင်းနှင့် သိုးသားတုံးကို စူးချင်းအား ပေးလိုက်သည်။

"မလိုဘူး"

စူးချင်းက သစ်သားဂေါ်ပြားကို နောက်ပြန်ဆုတ်လိုက်ပြီး ခေါင်းပင်မမော့ဘဲ အလုပ်ဆက်လုပ်နေခဲ့သည်။ သူမက အလွန်သန်မာလွန်းပြီး အထူးပြုလုပ်ထားသည့် သစ်သားဂေါ်ပြားက မီတာဝက်ခန့်ရှည်လှားသည်။ စိုစွတ်နေသေ အရက်ဆီများ ဖြင့် ထိတွေ့နေရသောကြောင့် အလွန်လေးလံသော်လည်း သူမက အားစိုက်ထုတ်နိုင်ပြီး အလွန်အလျင်အမြန် အလုပ်လုပ်နေခဲ့သည်။

"ကိုယ့်ကိုပေး... သွားပြီး အနားယူလိုက်”

သူမ နာခံမှု မရှိသည်ကို မြင်လိုက်ရသောကြောင့် ကျိ‌ရွှေရှန့်က မျက်မှောင်ကြုတ်ပြီး အမိန့်ပေးလိုက်သည်။ စူးချင်းက သူမ လုပ်နေသည့်အလုပ်ကို ရပ်လိုက်ပြီး ကျိ‌ရွှေရှန့်ကို အေးစက်စွာ ပြန်ကြည့်လိုက်သည်။ သူမ၏အသံက သူမ၏အမူအရာထက်ပင် ပို အေးစက်နေခဲ့ပြီး “ကျွန်မက ရှင့်ရဲ့လက်အောက်ငယ်သား မဟုတ်ဘူး။ ရှင့်မှာ ကျွန်မကို အမိန့်ပေးပိုင်ခွင့် မရှိဘူး"

ကျိ‌ရွှေရှန့်တစ်ယောက် ထိုနေရာတွင် တောင့်တင်းသွားခဲ့ရသည်။ စူးချင်း၏ ရေခဲကဲ့သို့ အေးစက်နေသည့်အကြည့်များကို ကြည့်နေရင်း သူနှင့်စူးချင်း အကြားတွင် ရှည်လျားသော ရေခဲမြစ်တစ်စင်း ရှိနေသလို သူ ခံစားလိုက်ရသည်။

အချိန်အတော်ကြာပြီးနောက် နောက်ဆုံးတွင် သူက "ကိုယ်... မင်းအတွက် ကိုယ့်နှလုံးသားထဲကနေ နာကျင်နေရတယ်"

"မလိုပါဘူး"

စူးချင်း၏အသံက ပိုအေးစက်လာပြီး သူမက သူ့ကို မကြည့်တော့ဘဲ အလုပ်ဆက်လုပ်နေပြန်သည်။

"မင်းတို့ တာ့ထန်မှာ အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ရှောင်ယင်ဆီကနေ ကိုယ်ကြားခဲ့တယ်။ မင်းနဲ့အတူ မလိုက်နိုင်ခဲ့တာက ကိုယ့်အပြစ်ပါ"

ကျိ‌ရွှေရှန့်က သူ သူမနှင့်အတူ တာ့ထန်သို့ မလိုက်သွားခဲ့သည့်အတွက် စူးချင်း ဒေါသထွက်နေသည်ဟု တွေးကာ သူ့ဘက်မှ အရင် တောင်းပန်လိုက်သည်။

“.....”

စူးချင်းက သူမ လုပ်နေသမျှကို ရုတ်တရက် ရပ်တန့်လိုက်ပြီး ကျိ‌ရွှေရှန့်ကို မီးတောက်နေသည့်မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ပြီး သူမ၏စိတ်ထဲတွင် ဒေါသတကြီး တွေးနေခဲ့သည်။

'ရှင့်ရဲ့ဇနီးလောင်းကို သွားရှာတော့မှာ မဟုတ်ဘူးလား? ဘာလို့ ကျွန်မရဲ့ငြိမ်းချမ်းမှုကို နှောင့်ယှက်ဖို့ ဒီနေရာကို ရောက်လာရတာလဲ? ရှင်က လှေနံနှစ်ဘက်နှင်းပြီး ငါးရံနှစ်ကောင်ဖမ်းချင်တာလား?'

စူးချင်းက ထိုစကားများကို အော်ဟစ်မေးလိုက်ချင်သော်လည်း သူမ၏မာနက သူမကို ခွင့်မပြုခဲ့ပေ။

ကျိ‌ရွှေရှန့်က သူမ ဘာဖြစ်နေမှန်းမသိဘဲ သူမကို စိတ်ရှုပ်ထွေးစွာ ပြန်ကြည့်နေခဲ့သည်။

စူးချင်းက ဘာလို့ စိတ်ဆိုးနေပြန်တာလဲ? သူ့မျက်ခုံးတွေတောင် လှုပ်လာပြီ။ သူ ပြောတဲ့အထဲမှာ မှားသွားတာလဲ မရှိဘူးလေ... ဟုတ်တယ်မလား?

“ကျေးဇူးပြုပြီး ထွက်သွားပေး”

စူးချင်းက ကျိ‌ရွှေရှန့်ကို မကြည့်တော့ဘဲ အေးစက်သော မျက်နှာဖြင့် ထွက်သွားရန် အမိန့်ပေးလိုက်သည်။ သူမက သူ့ကို ငဲ့ညှာမှု မရှိသလို ရှင်းလင်းချက်လည်း မပေးဘဲ ထပ်နှင်ထုတ်လိုက်သည်။

စူးချင်းက ကျိ‌ရွှေရှန့်ကို နောက်တစ်ကြိမ် ထပ်နှင်ထုတ်လိုက်ပြီး သူ ယူလာခဲ့သည့် မုန့်ပေါင်းများကိုပင် မယူထားခဲ့ပေ။

"ရွှေရှန့်"

ချိုးယုံခန်းက လမ်းလျှောက်လာရင်း ကျိ‌ရွှေရှန့်တစ်ယောက် အရက်ချက်ရုံ၏အဝင်ဝတွင် ကြောင်တက်တက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက အပြုံးဖြင့် ကျိ‌ရွှေရှန့်ကို လှမ်းခေါ်လိုက်သည်။

"ယုံခန်း၊ မင်းက အချိန်ကိုက် ရောက်လာတာပဲ။ နောက်ဆိုရင် အရက်နဲ့ ဆေးဝါးရောင်းချလို့ရတဲ့ ဝင်ငွေက စူးချင်းအပိုင် ဖြစ်လာလိမ့်မယ်။ မင်း အခု ပြန်သွားပြီး စာရင်း တွက်လိုက်တော့၊ ပြီးရင် စူးချင်းကို ပိုက်ဆံတွေ ခွဲပေးလိုက်ပါ"

ကျိ‌ရွှေရှန့်က ချိုးယုံခန်းကို မြင်သွားပြီး စူးချင်း၏စကားများကို ပြန်တွေးလိုက်မိသည်။

စူးချင်းက သူ လောဘကြီးပြီး သူမရဲ့ပိုက်ဆံတွေကို ယူချင်နေတယ်လို့ ထင်နေတာလား?

အရင်တုန်းက လမ်းတလျှောက်လုံး လူတိုင်းရဲ့၀င်ငွေကို အများပိုင်ငွေအဖြစ် ထည့်တွက်ထားတာကြောင့် သူက အဲ့ဒါကို အများကြီး မတွေးခဲ့မိဘူး။ သူကိုယ်တိုင်လည်း အခုထိ ဝေစု မယူခဲ့တာကြောင့် သူ ပေါ့ဆမိသွားပုံရတယ်။ စူးချင်းက ဒေါသထွက်တာကို အပြစ်တင်ဖို့ မဖြစ်နိုင်ဘူး။

နောက်ဆိုရင် အရက်ချက်ရုံရဲ့၀င်ငွေက ပိုကောင်းလာပြီး ဆေးအဆီလုပ်ငန်းကလည်း အမြတ်အစွန်း အများကြီး ရလာလိမ့်မယ်။ သူတို့ တကယ်ကို ခွဲခွာသင့်တယ်။

"ဘာလဲ? ခွဲထွက်မှာလား?"

ချိုးယုံခန်းက အံ့သြတကြီး ပြန်မေးလိုက်သည်။ ကျိရွှေရှန့်နှင့် စူးချင်းတို့ စာရင်းများ ခွဲထွက်ကြမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ဟုတ်တယ်၊ ခွဲထွက်မှာ၊ မင်း ပြန်သွားပြီး ငွေစာရင်းတွက်လိုက်ပါ။ စူးချင်း ရသင့်တာကို သူ(မ)ကို အကုန်ပေးလိုက်တော့”

ကျိ‌ရွှေရှန့်က ထပ်အတည်ပြုလိုက်သည်။ သူလည်း စိတ်မကောင်း ဖြစ်နေသောကြောင့် သူက ချိုးယုံခန်းကို ဘာမှထပ်မပြောတော့ဘဲ မုန့်ပေါင်းပန်းကန်ကို ကိုင်ကာ ပြန်ထွက်သွားခဲ့သည်။ သူ မထွက်သွားခင်တွင် သူက စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်သေးသည်။

ချိုးယုံခန်းက ကျိ‌ရွှေရှန့် ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့ပြီး အရက်ချက်ရုံကို လှမ်းကြည့်လိုက်ပြီးမှသာ သူလည်း ပြန်ထွက်သွားခဲ့သည်။

စူးချင်းက သူမ လုံးဝ မောပန်းသွားသည့်အချိန်မှသာ အလုပ်ကို ရပ်တန့်လိုက်သည်။

သူမ ကျိ‌ရွှေရှန့်ကို ဘယ်လိုရင်ဆိုင်ရမှန်း မသိတော့ဘူး။ သူမ ထွက်ခွာသွားဖို့ အချိန်တန်နေပြီ။ မဟုတ်ရင် သူမက သူ လက်ထပ်တာကို စောင့်ကြည့်နေရမှာလား?

ဒါပေမယ့် သူမ ဘယ်ကို သွားရမလဲ?

သူမရဲ့မိဘတွေနဲ့ မောင်ငယ်လေးက မော့ချန်မှာ ရှိနေကြတယ်။ သူတို့ကို သူမနဲ့အတူ အအေးဒဏ်ခံခိုင်းဖို့တော့ မဖြစ်နိုင်ဘူး။

စူးချင်းက အလွန်စိတ်ရှုပ်နေပြီး လောလောဆယ်တွင် သူမက ကျိ‌ရွှေရှန့်ကို မမြင်ချင်သေးပေ။

ထွက်သွားလို့ မရသေးရင် အပြင်ထွက်ပြီး စီးပွားရေး လုပ်ရမယ်။ အဲ့ဒါဆိုရင် အရက်ချက်ရုံမှာ အရက်ရောစပ်နည်းကို ကိုယ်တွယ်ဖို့ ယုံကြည်စိတ်ချရတဲ့သူတစ်ဦးရှာပြီး သင်ကြားပေးရတော့မယ်။

အလုပ်သမားတွေအနေနဲ့ကတော့ အသစ်ရောက်လာတဲ့ ကပ်ဘေးဒုက္ခသည်တွေဆီကနေ လူ စုဆောင်းနိုင်ပြီး လစဉ် လုပ်ခလစာ ပေးလို့ရတယ်။ အခုအချိန်မှာ လူတော်တော်များများက အလုပ်လုပ်ချင်စိတ် ရှိနေကြတယ်။

ဒါဆို အရက်ရောစပ်ဖို့ ဘယ်သူကို ရွေးချယ်သင့်လဲ?

စူးချင်းတစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေပြန်သည်။ သူမအတွက် ကျိရှောင်ယင်က အယုံကြည်ရဆုံးဖြစ်သော်လည်း ကျိရှောင်ယင်ကို အလုပ်လုပ်ခွင့်ပေးလိုက်ပါက ကျိ‌ရွှေရှန့်နှင့် ဆက်ဆံရမည်ဖြစ်သောကြောင့် ကျိရှောင်ယင်ကလည်း ပယ်ချခံလိုက်ရသည်။

"ဝမ်းကွဲအစ်မ ထမင်းစားဖို့ အချိန်ရောက်ပြီ"

လွမ်ဟုန်က စူးချင်းကအး ထမင်းစားခေါ်ရန် အပြေးရောက်လာခဲ့သည်။ သူမတို့ သုံးယောက် မော့ချန်သို့ အတူတူ ပြန်လာခဲ့ကြပြီး စူးချင်းက ချန်ယွိအတွက် မြင်းများ ပေးရန် ထွက်သွားခဲ့သည်။ ကျိရှောင်ယင်နှင့် လွမ်ဟုန်တို့က အရင်အိမ်ပြန်လာခဲ့ကြသည်။ သူမတို့ ပြန်လာသည်ကို မြင်လိုက်သည်နှင့် ယန်ရူရွှယ်က ဟင်းနှစ်မျိုး ထပ်ချက်ခိုင်းလိုက်သည်။

စူးချင်းက သူမ၏အမေအတွက် ထမင်းချက်ပေးရန် အဘွားကြီးကိုတစ်ယောက် ငှားရမ်းပေးခဲ့သည်။ သူမ၏အမေက အရင်က တစ်ခါမှ အလုပ်မလုပ်ဖူးသလို သူမကလည်း သူမအမေ၏အနားတွင် အမြဲမရှိနေနိုင်ပေ။ ထို့ကြောင့် သူမ၏အမေ လော့ချန်တွင် နေထိုင်ရသလို နေနိုင်စေရန် စူးချင်းက သူမ၏အမေအတွက် အိမ်အကူများ တယောက်ပြီး တယောက် ထည့်ပေးရန် ဆုံးဖြတ်ထားခဲ့သည်။

လွမ်ဟုန်ကို တွေ့လိုက်ရချိန်တွင် စူးချင်း၏မျက်လုံးများက တောက်ပလာခဲ့သည်။

ဒါက အရမ်းကို အဆင်သင့်နေတာ မဟုတ်ဘူးလား?

"လွမ်ဟုန်၊ မင်း ငါ့ဆီကနေ အရက်ရောစပ်နည်း သင်ချင်လား?"

စူးချင်းက လွမ်ဟုန်ကို လှမ်းမေးလိုက်သည်။ လွမ်ဟုန်က နူးညံ့သိမ်မွေ့သော မိန်းမပျိုလေးတစ်ဦးဖြစ်သောကြောင့် ဤအလုပ်အား မလုပ်ချင်မည်ကိုလည်း စူးချင်း စိုးရိမ်နေမိသည်။

“သင်ချင်တာပေါ့”

လွမ်ဟုန်က ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ ‌မော့ချန်မှာ လူတိုင်းလုပ်စရာ ရှိတယ်။ သူမ တစ်ဦးတည်း ပျင်းရိနေတဲ့သူလေည်။ သူမလည်း ဝမ်းကွဲအစ်မလို အရည်အချင်း ရှိချင်တယ်။

"ဒါဆို အိမ်​ပြန်​ပြီး အရင် ထမင်းစားကြမယ်​။ ညစာ စားပြီးမှ သင်ပေးမယ်"

လွမ်ဟုန် သဘောတူလိုက်သောကြောင့် စူးချင်းလည်း စိတ်သက်သာရာရသွားခဲ့သည်။

ညီအစ်မနှစ်ယောက် အရက်ချက်ရုံမှ ထွက်လာခဲ့ပြီး ဝင်ပေါက်တွင် စောင့်ဆိုင်းနေသော ချိုးယုံခန်းကို တွေ့လိုက်ရသည်။ စူးချင်းက သူ့ကို ဘာသိဘာသာ တစ်ချက်ကြည့်လိုက်သည်။ သူမ စိတ်​မ​ကောင်းဖြစ်နေသောကြောင့် သူကိုလည်း စကားမပြောချင်သေးပေ။

“စူးချင်း၊ ရွှေရှန့်က ငါ့ကို ငွေစာရင်းတွေ ခွဲဝေခိုင်းတယ်။ ဘယ်အချိန်က စာရင်းတွေကို စပြီး ရှင်းမလဲလို့ ငါ မေးချင်တယ်”

ချိုးယုံခန်းကလည်း သူမတို့ကို တွေ့သွားပြီး စူးချင်းကို လှမ်းမေးလိုက်သည်။

"ဒီခရီးကနေ စပြီး ခွဲမယ်၊ အရင်ကဟာတွေကိုတော့ ထားလိုက်တော့"

စူးချင်းက ဘာပြသနာမှ ထပ်မရှာချင်တော့ပေ။ ယခင်က သူမ ပေးခဲ့သော ပိုက်ဆံနှင့် ပစ္စည်းများကို သူမအတွက် လင်ဇီးမှိုရှာပေးခဲ့သည့် ကျိ‌ရွှေရှန့်အတွက် ပြန်ကျေးဇူးဆပ်သည့်အရာများအဖြစ် သူမ သတ်မှတ်လိုက်သည်။

“ကောင်းပြီလေ”

ချိုးယုံခန်းက အပြုံးဖြင့် သဘောတူလိုက်သည်။ သူက သူ ပြန်မထွက်သွားခင် စူးချင်း ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့သေးသည်။

ထိုညတွင် ကျိ‌ရွှေရှန့်က စူးချင်းနှင့် စကားပြောရန် သွားချင်နေခဲ့သော်လည်း ချိုးယုံခန်း၊ လီတာနျိုနှင့် ကျန်းလောင်ချီတို့က အရက်နှစ်အိုးနှင့်အတူ ရောက်လာခဲ့ကြသည်။

သူတို့ ညီအကိုများ အတူတူ မဆုံနိုင်သည်မှာ ကြာနေပြီ ဖြစ်သောကြောင့် ကျိ‌ရွှေရှန့်က သူတို့နှင့်အတူတူ သောက်ရုံသာ တက်နိုင်တော့သည်။ သူလည်း ဝမ်းနည်းနေသောကြောင့် အရက်ကို အလွန်အကျွံ သောက်မိသွားပြီး နောက်တစ်နေ့မှ ပြန်နိုးလာခဲ့သည်။

သူ နိုးလာချိန်တွင် ပထမဆုံးလုပ်ခဲ့သည့်အလုပ်က စူးချင်းကို သွားရှာခဲ့ခြင်းဖြစ်သော်လည်း သူမက မော့ချန်မှ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

All Chapters