← Chapters

ကမ္ဘာအား အံ့အားသင့်စေခြင်း

Vol. 6 Ch. 581

ကမ္ဘာအား အံ့အားသင့်စေခြင်း

Vol. 6 Ch. 581

"ဘုန်း ..."

ချန်းဖန် ဒြပ်စင်ငါးမျိုး ကောင်းကင် ချိပ်တံဆိပ်ကို စတင်ကာ သန့်စင်သည်နှင့် မိုးကြိုးအလင်း တစ်ခုက ကောင်းကင်တွင် ဖွဲ့တည်က ဆောင်းရာသီ နန်းတော် အပေါ်သို့ ကျသည်။

ထို့နောက် သိပ်မကြာခင်မှာပင် ကောင်းကင်၌ မိုးကြိုး တိမ်တိုက် တစ်ခု ဖြစ်ပေါ်လာကာ ဆောင်းရာသီ နန်းတော်သို့ အဆက်မပြတ် ပစ်ခတ်တော့သည်။

ယူကီရှီရိုဆာသည် ချန်းဖန်နှင့် အမြဲတမ်း နီးကပ်စွာ နေခဲ့သူ ဖြစ်ရာ ထိုကဲ့သို့ မြင်ကွင်းအား အထူးတလှယ် အံ့ဩခြင်း မဖြစ်မိချေ။

သို့သော်လည်း အခြား မြောင်ပိုင်း ချုံးဂိုဏ်းဝင်များနှင့် လန်ဒန်မြို့သူ မြို့သားများမှာမူ မိုးကြိုးများကြောင့် ကြောက်လန့် နေခဲ့ကြသည်။

ထို့အပြင် နိုင်ငံတကာမှ ရောက်ရှိနေသည့် လျှို့ဝှက် အေးဂျင့်များသည်လည်း ထို အဖြစ်အပျက်ကို နားမလည်နိုင်အောင် ဖြစ်နေတော့၏။

"ချန်းပေ့ရွှမ်း ဘာလုပ်နေတာများလဲ ..."

"သူ မြေကမ္ဘာ အဆင့်ကို တက်နေတာ ဖြစ်မယ် ထင်တယ် ..."

"ဒီမြင်ကွင်းကို မြင်ရတာ နိုင်ငံတကာ လျှို့ဝှက် စာကြည့်တိုက်ထဲက ဉာဏ်ကြီးရှင်ရဲ့ အတွေ့အကြုံများ ဆိုတဲ့ စာအုပ်ကို သတိရ မိတယ်"

မကြာခင်မှာပင် ထိုသတင်းမှာ အေးဂျင့်များမှ တစ်ဆင့် အမှောင်ကမ္ဘာနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးသို့ ပျံ့နှံ့သွား၏။

အမှောင်ခုံရုံးနှင့် တိုက်ပွဲ အပြီးမှစ၍ များစွာသော အဖွဲ့အစည်းများသည်  ချန်းဖန်အား စောင့်ကြည့် နေကြပြီး ယခုကဲ့သို့ ချန်းဖန် နေထိုင်ရာ နေရာ၌ မိုးကြိုးများ ဖြစ်ပေါ်လာခြင်းက သူတို့၏ စိတ်ဝင်စားမှုကို ပိုမို တိုးပွားစေသည်။

နောက်ရက်များ အတွင်း၌ အင်္ဂလိပ် အစိုးရက ချန်းဖန်နှင့် တွေ့ဆုံရန် ကိုယ်စားလှယ်များ စေလွှတ်ခဲ့သော်လည်း ယူကီရှီရိုဆာနှင့်သာ တွေ့ဆုံခွင့် ရခဲ့သည်။

ယူကီရှီရိုဆာက ထိုလူများအား ချန်းဖန်မှာ လက်နက် သန့်စင်နေခြင်း ဖြစ်ကြောင်းနှင့် လန်ဒန်မြို့သားများ၏ လုံခြုံရေးကို အာမခံကြောင်း ပြောပြကာ ပြန်လည် စေလွှတ်ခဲ့သည်။

မကြာခင်မှာပင် ချန်းဖန် လက်နက် သန့်စင်နေသည် ဆိုသော သတင်းက ကမ္ဘာ အရပ်ရပ်သို့ ပျံ့နှံ့သွားပြန်၏။

"သန့်စင်တဲ့ အချိန်မှာတောင် မိုးကြိုးတွေ ဖြစ်ပေါ်လာတယ် ဆိုတော့ ... ချန်းပေ့ရွှမ်း သန့်စင်နေတာက ဘယ်လို လက်နက်မျိုးလဲ ... အဲဒါက အရမ်း အစွမ်းထက်မှာတော့ သေချာတယ်"

"လန်ဒန်မှာ ရှိတဲ့ အေးဂျင့် အရေအတွက်ကို နှစ်ဆတိုးမှ ဖြစ်မယ် ... ငါတို့အတွက် သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ဒီထက် ပိုပြီး လိုအပ်တယ် ..."

ကမ္ဘာ တစ်ဝန်းရှိ နိုင်ငံများစွာ စိတ်ဝင်တစား စောင့်ကြည့် နေကြချိန်တွင်ပင် ယူကီရှီရိုဆာတို့သည် ဆောင်းရာသီ နန်းတော်သို့ ချဉ်းကပ်ရန် ကြိုးစားနေသော ထိပ်တန်း လုပ်ကြံသူများ၊ နင်ဂျာများနှင့် ရင်ဆိုင်နေကြရသည်။

သို့သော်လည်း ဆောင်းရာသီ နန်းတော်မှာ ယုဝမ်ကျင်း၊ ယူကီရှီရိုဆာနှင့် မြောက်ပိုင်းချုံး ပညာရှင်များစွာ၏ ကာကွယ်မှု အောက်တွင် တည်ရှိရာ မည်သူမျှ ထိုးဖောက် မဝင်ရောက်နိုင်ချေ။

"ကလန့် ..."

ယူကီရှီရိုဆာက ဆောင်းရာသီ နန်းတော်သို့ ပုန်းလျှိုးကွယ်လျှိုး ဝင်လာသည့် ကြေးစား တစ်ယောက်ကို ဓားဖြင့် ပိုင်းဖြတ်လိုက်သည်။

"သူတို့က မထိန်းချုပ် နိုင်လောက်အောင် ဖြစ်နေပြီ ..."

အားရှို့က ခေါင်းကို ခါရင်း ပြောလိုက်သည်။

"ဆရာ ပိုင်ဆိုင်ထားတဲ့ စွမ်းအားက နားမလည် နိုင်လောက်အောင်ပဲ ... မိုးကြိုး တိမ်တိုက်ထဲမှာ ရှိတဲ့ စွမ်းအားတွေ ဆိုရင် မြို့တစ်မြို့လုံးကိုတောင် ဖျက်ဆီး ပစ်နိုင်လောက်တယ် ... ကမ္ဘာ တစ်ခုလုံးမှာ ရှိတဲ့ အဖွဲ့အစည်းတွေ ဆရာ့အကြောင်း အသည်းအသန် သိချင်နေကြတာ မထူးဆန်းတော့ဘူး ..."

လန်ဒန်သည် ကမ္ဘာ့အကြီးဆုံး မြို့တော်များ အနက် တစ်ခု အပါအဝင် ဖြစ်သည်။

ပျမ်းမျှအားဖြင့် အထွတ်အထိပ် အဆင့် တစ်ယောက်သည် တစ်ချိန်တည်း၌ သံချပ်ကာ ကားတစ်စီးကို ဖျက်ဆီးနိုင်ရာ မြို့တစ်မြို့ကို  ဖျက်ဆီးရန် အတွက်မူ ဆယ်စုနှစ် တစ်ခုခန့် အချိန်ယူရလိမ့်မည် ဖြစ်သည်။

တန်ခိုးရှင်များသည် တစ်ချိန်တည်း၌ အဆောက်အဦ တစ်ခုအား ဖျက်ဆီးနိုင်သည် ဆိုသော်လည်း မြို့အတွင်း၌ ရှိသည့် အဆောက်အဦ အရေအတွက်က သိန်းဂဏန်း အထိပင် ရှိလေသည်။

ထို့အတူ ခေတ်မီ လက်နက်များတွင်လည်း ကန့်သတ်ချက်များ ရှိသည်။ အမေရိကန်နှင့် ရုရှား၏ ခေတ်မီဗုံးများသည် အလွန် အစွမ်းထက်သည် ဆိုသော်လည်း မြို့တစ်မြို့ကို ဖျက်ဆီးရန် အတွက် ဗုံးပေါင်း လေးသောင်းခန့် လိုအပ်သည်။

သို့သော်လည်း နျူကလိယ လက်နက်များမှာမူ ခြားနား၏။ သေးငယ်သော နျူကလိယ လက်နက် တစ်ခုပင်လျှင် မြို့ငယ် တစ်မြို့ကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ ပိုမို ကြီးမားသော နျူကလိယ လက်နက်များ ဆိုလျှင် လန်ဒန်၊ နယူးယော့ခ် စသည့် ကမ္ဘာ့မြို့ကြီးများကိုပင် မြေပုံမှ ဖျောက်ဖျက် ပစ်နိုင်စွမ်း ရှိသည်။

ထို့ကြောင့်ပင် နျူကလိယ ပိုင်ဆိုင်သည့် နိုင်ငံကြီးများသည် တန်ခိုးရှင် အဆင့်များကို သိပ်ဂရုမစိုက်ကြခြင်း ဖြစ်သည်။ သို့သော်လည်း ချန်းဖန်ကိုမူ သူတို့ ဂရုမစိုက်ပဲ မနေဝံ့ကြချေ။

ယခု သူလက်နက် လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော မိုးကြိုးစွမ်းအင်များ ပင်လျှင် လန်ဒန် တစ်မြို့လုံးကို ဖျက်ဆီးပစ်နိုင်သည် မဟုတ်ပါလော။

"ဆရာ လက်နက် သန့်စင်တာ မြန်မြန်ပြီးပါစေ ... ဆရာသာရှိရင် ဗြိတိသျှ စစ်တပ် ရောက်လာတောင် ငါ မကြောက်တော့ဘူး"

ယူကီရှီရိုဆာက ကျိတ်၍ ဆုတောင်းလိုက်မိသည်။

အင်္ဂလန်သည် နျူကလိယ ပိုင်ဆိုင်သော နိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ ဆောင်းရာသီ နန်းတော်သည် လန်ဒန်မြို့ အတွင်း တည်ရှိသော်လည်း အင်္ဂလန် အနေဖြင့် နျူကလိယ လက်နက်ကို ကျိန်းသေ မသုံးဟု မဆိုနိုင်ချေ။

"ဆရာလုပ်နေတာက ဘယ်လို လက်နက်မျိုးလဲ မသိဘူး ..."

ယူကီရှီရိုဆာ စိတ်ပူနေချိန်တွက်ပင် အားရှို့ကလည်း ငြိမ်သက်စွာ တွေးတော နေခဲ့၏။

တစ်ရက် ...

နှစ်ရက် ...

သုံးရက် ...

ဆောင်းရာသီ နန်းတော် အပေါ်၌ တိမ်တိုက်များက စုဝေး နေတုန်းပင်။

သို့သော် ထိုတိမ်တိုက်များ၏ အရောင်သည် အဇူရာ၊ အဖြူ၊ အနက်၊ အနီ၊ အဝါ ဟူ၍ ငါးမျိုးကွဲထွက် နေခဲ့၏။

ထိုမြင်ကွင်းအား များစွာသော လန်ဒန်မြို့သူ၊ မြို့သားများက ဖုန်းများ၊ ကင်မရာများဖြင့် မှတ်တမ်းတင်ကာ ... ခေါင်းစဉ် အမျိုးမျိုးဖြင့် အင်တာနက် ပေါ်သို့ တင်ကြသည်။

"အဲဒါက ရတနာ တစ်မျိုးမျိုး ပေါ်တော့မယ့် လက္ခဏာ ဖြစ်ရမယ် ... ဒါမှမဟုတ် ကျင့်ကြံသူ တစ်ယောက် ကောင်းကင် သန့်စင်ခြင်းကို ကျော်ဖြတ်နေတာလည်း ဖြစ်နိုင်တာပဲ ..."

"ငါ့ဆွေမျိုး တစ်ယောက်ရဲ့ မိတ်ဆွေရဲ့ အိမ်နီးချင်းမှာ အေဂျင်စီ အတွက် အလုပ်လုပ်ပေးနေတဲ့ အတန်းဖော် တစ်ယောက် ရှိတယ် ... သူ့ စကား အရဆိုရင် အစိုးရက ယောက်ျားလေးတွေကို ဂေးစိတ်ဝင်အောင် လုပ်နိုင်တဲ့ အထူး ဓာတုဆေးဝါး တစ်မျိုးကို ဖြန့်နေတာတဲ့"

လူအမျိုးမျိုးက ယူဆချက် အမျိုးမျိုးဖြင့် ရောင်စုံတိမ်တိုက် အပေါ် သီအိုရီများ ထုတ်ကြသည်။

ထိုအတောအတွင်း လန်ဒန် အတွင်းရှိ ဘာသာမဲ့ လူများပင်လျှင် နတ်ဘုရားများ၊ နတ်ဆိုးများ တည်ရှိမှုကို စတင်ကာ ယုံကြည်လာကြသည်။

"မစ္စတာ ချန်းပေ့ရွှမ်းကို သူ ဘာပဲလုပ်နေပါစေ အဲဒါကို ချက်ချင်း ရပ်တန့်ဖို့ သတင်းပို့ လိုက်ပါ ... သူ့ရဲ့လုပ်ရပ်က လန်ဒန်နဲ့ အင်္ဂလန် ပြည်သူ ပြည်သားတွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေ သလို ဖြစ်နေတယ် ... တကယ်လို့ သူသာ မရပ်ဘူး ဆိုရင် အင်္ဂလန် အနေနဲ့ အရင်းအနှီး ဘယ်လောက်ပဲ များပါစေ  ရအောင် တားရလိမ့်မယ် ..."

ဗြိတိန် အစိုးရက ကြေညာချက် တစ်ခု ထုတ်သည်။

ဥရောပ ယူနီယံသည် မြေထဲပင်လယ် ရေတပ်ကို ချန်းဖန် ဖျက်ဆီးစဉ်ကပင် ယခုကဲ့သို့ မစိုးရိမ် ခဲ့ကြပေ။ မည်သို့ပင်ဆိုစေ ... ထိုအချိန်က  သူတို့တွင် ချန်းဖန်ထက် သာသည့် နျူကလိယ လက်နက်ကို ပိုင်ဆိုင်ထားသေးသည်။

သို့သော်လည်း ယခု ချန်းဖန် ဖန်တီးနေသော လက်နက်၏ စွမ်းအားက နျူကလိယနှင့်ပင် နှိုင်းယှဉ် နိုင်လောက်သည်။

ထိုလက်နက်သာ အောင်မြင်ပါက ဥရောပ ယူနီယံ အတွက် အမေရိကန်၊ ရုရှားတို့ ကဲ့သို့ ခြိမ်းခြောက်မှု တစ်ခု တိုးလာပေလိမ့်မည်။

***

"မစ္စတာခရစ် ... ရှင့်ရဲ့ စကားလုံးတွေကို  ဆင်ခြင်စေချင်တယ် ... အခု ရှင် ပြောနေတဲ့ ပုံစံက ဂန္ထဝင် ပုဂ္ဂိုလ်ကြီးကို ခြိမ်းခြောက်ရာ ကျနေပြီ"

ယူကီရှီရိုဆာက ဆောင်းရာသီ နန်းတော်သို့ ရောက်လာသည့် ကိုယ်စားလှယ်အား အေးစက်စွာဖြင့် တုံ့ပြန်လိုက်သည်။

"မစ္စတာ ချန်းပေ့ရွှမ်းဘက်က UK ရဲ့ လုံခြုံရေးကို အရင်ဆုံး ခြိမ်းခြောက် နေတယ် ဆိုတာ နားလည်ဖို့ မျှော်လင့်ပါတယ် ... ဒါက ကျွန်တော်တို့ သည်းခံနိုင်တဲ့ အတိုင်းအတာကို ရောက်နေပါပြီ"

ခရစ်က တည်ငြိမ်စွာ ဆိုလိုက်၏။

ခရစ်ဘောသည် (UK) အင်္ဂလန်၏ နိုင်ငံခြားရေး ဝန်ကြီး  ဖြစ်သည်။ သူသည် သူ၏ဘဝ တစ်ခုလုံးကို ဗြိတိသျှ အစိုးရ အတွက်သာ မြှုပ်နှံထားခဲ့သူ ဖြစ်သည်။

"ကျွန်တော် နောက်တစ်ကြိမ် ထပ်ပြောပါမယ် ... ချန်းပေ့ရွှမ်းရဲ့ လုပ်ဆောင်ချက်တွေက အင်္ဂလန်ရဲ့ တည်ရှိမှုကို ခြိမ်းခြောက် နေပါတယ် ... တကယ်လို့ သူ့ဘက်ကသာ ရပ်ဖို့ ဆန္ဒ မရှိရင် အင်္ဂလန်ဘက်ကလည်း ဘယ်လောက်ပဲ ရင်းနှီးရပါစေ ... ရအောင် တားဆီးဖို့ ရှိပါတယ်"

ခရစ်က ပြတ်သားစွာ ဆိုလိုက်၏။

မဟာအင်အားကြီး နိုင်ငံတစ်ခု၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရချိန်၌ မြောက်ပိုင်းချုံး၏ တပည့်များပင်လျှင် တည်ငြိမ်မှု မရှိတော့ချေ။

UK သည် ကမ္ဘာ့ မဟာအင်အားကြီး နိုင်ငံကြီး ငါးနိုင်ငံ အနက် အားအနည်းဆုံး နိုင်ငံဟု ဆိုနိုင်သည့်တိုင် နျူကလိယကို ပိုင်ဆိုင်ထားသည့် နိုင်ငံ ဖြစ်သည်။ ထို့အပြင် သူတို့နှင့် အမေရိကန်၏ ဆက်ဆံရေးမှာလည်း အလွန် နီးကပ်မှု ရှိနေသည်။

မြောက်ပိုင်းချုံးဂိုဏ်းသည် အင်အားကြီး ဂိုဏ်းကြီးတစ်ခု ဖြစ်သော်လည်း UK နှင့်မူ ယှဉ်နိုင်ခြင်း မရှိသေးချေ။

"ဆရာက ... ဘယ်အချိန်မှ ပြီးမလဲ မသိဘူး"

အားရှို့က စိတ်ပူစွာ တွေးလိုက်မိ၏။

"ဘုန်း ..."

ရုတ်တရက် ကောင်းကင်တွင် အလင်းရောင် တစ်ခုက မျက်စိကန်းလောက်အောင် လင်းလက်သွားကာ မြေကြီးကလည်း တဆတ်ဆတ် တုန်ရီသွား၏။

တစ်ချိန်တည်းတွင်ပင် ကောင်းကင်ရှိ တိမ်တိုက်မှ အရောင် ငါးမျိုးကလည်း ပိုမို လင်းလက်လာကာ အရွယ်အစားလည်း ပိုမို ကြီးမားလာ၏။

"ဒါက ..."

ခရစ်၏ မျက်နှာက မည်းမှောင်သွား၏။

"ဒါက ဘယ်လို အဓိပ္ပာယ်များလဲ ... ချန်းပေ့ရွှမ်းက သူ့လက်နက် အသစ်နဲ့ လန်ဒန်ကို စမ်းသပ်တော့မှာလား"

ထိုအတွေးက ခရစ်အား ကြက်သီးထ သွားစေသည်။

လန်ဒန်မြို့အတွင်း နေထိုင်သော လူဦးရေမှာ ဆယ်သန်းခန့် အထိ ရှိသည်။ အကယ်၍ ချန်းဖန်ကသာ လန်ဒန်ကို တိုက်ခိုက်ပါက UK အစိုးရ အနေဖြင့်လည်း ရွေးချယ်စရာ တစ်ခုသာ ကျန်ရှိတော့မည် ဖြစ်သည်။ ထိုအရာက နျူကလိယ လက်နက်ကို သုံးပြီး ချန်းဖန်အား သုတ်သင်ရန်ပင်။

"ဆရာ ပြီးသွားပြီ ထင်တယ် ..."

ယုဝမ်ကျင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

"ပြီးတာ ... ဘာပြီးတာလဲ ..."

ခရစ်က သူ၏စိတ်များကို ကြိုးစား၍ စုစည်း နေစဉ်မှာပင် ကောင်းကင်၌ လူရိပ် တစ်ခု ရုတ်တရက် ပေါ်လာခဲ့၏။ ထိုလူရိပ်က အရောင်ငါးမျိုး ပါဝင်နေသည့် အလင်းလုံး တစ်ခုကို စွဲကိုင်ထားသည်။

ထိုခဏတွင်ပင် ထိုလူရိပ်က ကောင်းကင်သို့ ပျံတက်ရင်း တိမ်များ အကြား တိုးဝင် ပျောက်ကွယ်သွား၏။

"ငါ့ရဲ့ ဓမ္မ ရတနာက ကမ္ဘာကြီးကို အံ့အားသင့်စေမှာ ကျိန်းသေတယ် ..."

ရုတ်တရက် နက်ရှိုင်းသော အသံတစ်ခုက တိမ်များ အကြားမှ ထွက်ပေါ်လာကာ မိုးကုပ်စက်ဝိုင်း အထိ ဖုံးလွှမ်းသွားတော့သည်။

***

All Chapters